20 April 2016

ခေတ်ပေါ် စကြာဝဠာ အစ ယူဆချက်များ


ပရလောကမှ ရှားပါးမှတ်တမ်းများ's photo.


 ခေတ်ပေါ် ကော်စမိုလော်ဂျီ ပညာရပ်တွင်  စကြ၀ဠာကြီး စတင်ဖြစ် ပေါ်လာပုံ သီအိုရီ တစ်ရပ် မှာလည်း ထင်ထင် ရှားရှား ပင်တည်ရှိနေသည်။ ယင်း သီအိုရီ သည်ကား ဘစ်ဂ်ဘန်း (Big Bang) ခေါ် ပြန့် ကားနေသော စကြ၀ဠာ သီအိုရီ ပင်ဖြစ် သည်။ 

ယင်း သီအိုရီသည် အက်ဒွင် ပိုးဝယ်ဟတ်ဘယ်လ် (Edwin Powell Hubble) ၏လေ့လာမှုများမှ ဖြစ် ပေါ် လာခြင်း ဖြစ်သည်။ ဟတ်ဘယ် ၏ လေ့လာမှုများမှ ယခုမြင်တွေ့ နေရသော ကြယ်များ၊ ကြယ်စုကြီး များ သည် တစ်ခုနှင့် တစ်ခုခွဲဖြာကာ ဝေးရာဘက်ဆီ များသို့ အလွန် ကြီးမား သော အလျှင် များဖြင့် ပြန့် ကားရွေ့ လျား နေကြသည်ဆိုသည်။ 

ယင်း အချက် မှ မူတည်လျက် ပြန့်ကားနေသော စကြ၀ဠာ သီအိုရီပေါ် ပေါက်လာခြင်း ဖြစ်သည်။ ယင်း သီအိုရီ အရ စကြ ၀ဠာကြီး သည် လွန်ခဲ့သည့် (၁၅) ဘီလီယံ မှ အစပြုခဲ့သည် ဆိုသည်။ စကြ၀ဠာကြီး ၏ မူလ အစတွင် အချိန်နှင့် အာကာသ ဟင်းလင်းပြင် တို့သည် လည်း တည်ရှိ မနေပေ။ 

ထိုစဉ် တွင် အလွန့်အလွန်သေးငယ် (အက်တမ် တစ်လုံးထက် အဆပေါင်းမြောက်မြား စွာသေးငယ်သည်) ပြီးဒြပ်ထု အားဖြင့် အနန္တ ရှိကာ အနန္တ စကြာဝဠာ အတွင်းရှိ အရာ အားလုံး ပါဝင်သည့် မီးလုံးငယ် (Fire Ball) တစ်ခု သည် ပြင်းထန်စွာပေါက်ကွဲခဲ့သည်ဆိုသည်။ 

ယင်း သီအိုရီ အရ စကြာဝဠာ သည် မည်သည့် အတွက်ဖြစ်ပေါ်လာ သည်ကို လည်းကောင်း၊ စကြာဝဠာ မဖြစ်ပေါ်ခင် က မည်သို့ တည်ရှိနေခဲ့သည်ကို လည်းကောင်း၊ ရှင်းပြနိုင်ခြင်း မရှိပါ။ သို့သော် စကြ၀ဠာကြီး မည်သို့ စတင်ဖြစ်ပေါ်လာသည် ကို အတိုင်း အတာ တစ်ခု ရှင်းပြနိုင်ခြင်းရှိပါသည်။ 


သားစား စုန်း



ပရလောကမှ ရှားပါးမှတ်တမ်းများ's photo. 



ကျွန်တော့ မိန်းခလေး နာမယ် က ခင်လေး တဲ့။ သူရဲ့ ထူးဆန်း တဲ့ အပြု အမူကြောင့် ထင် တယ် သူကို ကျွန်တော် မြင်မြင်ချင်း စိတ် ဝင်စားမိ တာ။ သူက အသားဖြူဖြူ ၊ မျက်နာသွယ် သွယ် နဲ့ အရပ် ၅ပေ ၅ လက် မလောက် ရှိတဲ့ လှပ တဲ့ ကချင်မလေး ပါ ။ 

သူ့ကို ကျွန်တော် ချစ်လွန်း လို့ ခင်လေး လို့တောင် မခေါ် ရက် ပဲ "ခင်" လို့ အဖျားဆွတ် ခေါ် ပါတယ်။ သူကလဲ ကျွန်တော့ကို "ကို" တဲ့ သူ့ ထက် အသက် ၃နှစ်လောက် ငယ်ပေမယ့် လူကြီး ဆန်လွန်းတဲ့ ကျွန်တော့ကို "ကို" လို့ ခေါ်တာ မဆန်းပါဘူး။ 

ကျွန်တော်က ဆရာဝန် ပါ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ တဲ့ နယ်မြို့လေးတွေ မှာ တာဝန် ထမ်းဆောင် ရတဲ့ ဆရာဝန်ပေါ့။ 

ခင်လေး နဲ့ ကျွန်တော် ရည်းစား သက်တန်း ၁ နှစ်လောက် ကြာပြီးတော့ ကျွန်တော့တို့ မဂ်လာဆောင်ခဲ့ကြ တယ်။ လင်မယား၂ ယောက် သိပ်ချစ်ကြတာပေါ့ ။ လက်ထပ်ပြီးမကြာပါဘူး ကျွန်တော် ကချင်ပြည်နယ် ပူတာအို ဘက်က အရမ်းခေါင်တဲ့ကျေးရွာလေး မှာ တာဝန်ကျ ပါတယ် ။
 


တရုပ် ဆည် အလွဲများနှင့် မြန်မာပြည်‬

ပရလောကမှ ရှားပါးမှတ်တမ်းများ's photo.


ဇီပင်ပူး ဆည်ဟာ တရုပ်ပြည် မင်မြစ်ပေါ်မှာ ၂၀၀၁ လောက် က စဆောက်ပါတယ်။ ငလျင် ကြော နဲ့တစ်မိုင် သာ ကွာတဲ့ အနေအထား မှာ ရှိလို့ တရုပ် ငလျင်စောင့်ကြည့်လေ့လာရေး ဗျူရို က သတိ ပေးပါသေး တယ်။

၂၀၀၇၊ ၂၀၀၈ မှ ဆည်ဆောက်ပြီး လို့ရေလဲဖြည့်ရော ဆည်အောက်ပိုင်း ငါးကီလို အကွာမှာ ဗဟိုပြုပြီး ၇.၉ အင်အား ရှိတဲ့ Wenchuan ဝင်န်ချောင်း ငလျင် ၂၀၀၈ ခု မြန်မာပြည် နာဂစ် ဖြစ်တဲ့ အချိန်နဲ့ သိပ်မကွာ ဘဲ မေလ ထဲမှာ လှုပ်ပါရောလား ။

စီချွမ်ပြည်နယ် မှာ လူပေါင်း ရှစ်သောင်းလောက် သေကြေ ပျက်ဆီးခဲ့ပါတယ်။ ငလျင်ကြီးတွေ လှုပ်ပြီး နောက် ဆက် တွဲ ငလျင် တွေ ထပ်လှုပ်လေ့ ရှိတာမို့ ငလျင် တိုင်းတာရေး စခန်းတွေက နောက်ထပ် ငလျင် ၅၀လောက် အဲ့ဒီ ငလျင်ကြော တစ်လျောက်မှာ ထပ်လှုပ်တာ တိုင်းတာမိခဲ့ကြပါတယ်။

 ငါးနှစ်လောက် ကြာတဲ့အခါ အထွတ်အထိပ် ကိုရောက်လာပြီး ၂၀၁၃ ဧပြီ ၂၀ ရက် မှာ ပြင်းအား ခုနှစ် ရှိတဲ့ Ya’an ငလျင် ဟာ အဲ့ဒီ ငလျင်ကြောမှာဘဲ ထပ်လှုပ်လို့ လူတွေသေကြေ ပျက်စီးခဲ့ရ ပါသေးတယ်။ 

အထပ် ငါးဆယ်တိုက် လောက်ရှိမဲ့ ဆည်ကြီး ထဲက ရေထု ဟာ မြင့်လာလိုက် နိမ့် လာလိုက် လှုပ်ရှားနေတာ မို့ သူ့ရဲ့ရေ အလေးချိန်ဟာ ငလျင်ကြောမှာ ရှိတဲ့ ပြတ်ရွေ့ကျောက် တွေ အပေါ်နှဲ့နေသလို ဖိအားတွေ  ဖြစ်စေပြီး အဆုံး မတော့ အောက်ခံကျောက်တွေ ကျိုးပျက်ရွေ့လျားတာ ကနေ ငလျင်တွေ ဖြစ် ပေါ်စေခဲ့တာ ပါ။ (မြန်မာပြည် က မြစ်ဆုံ က သူ့ထက် ပိုမြင့်တယ်နော်)



ဆည်တွေ ဟာ ရေ လွှမ်းမိုးမှု နဲ့ မိုးခေါင်ရေရှားမှု ကို အကာ အကွယ်ပေး ဘို့ ဆောက်ရတယ် ဆိုပြီး ကြော်ငြာ ထိုး လေ့ ရှိပါတယ်။ ဒီကြော်ငြာကရော မှန်ရဲ့လား၊ အတိုင်း အတာ တစ်ခု အထိတော့ မှန်ပါလိမ့်မယ်။ ပုံမှန် မိုးလေဝသ အခြေအနေ မှာ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး ဆိုသလိုပေါ့၊ 

မြန်မာနိုင်ငံသားများ အတွက် Visa အကြောင်း သိမှတ်ဖွယ်


 Easy Ticketing Myanmar's photo.


(1) ဗီဇာ မလိုသော နိုင်ငံများ (Visa not required)
(2) ဆိုက်ရောက် ဗီဇာ (Visa on arrival)
(3) ဗီဇာလျှောက်ထားရန် လိုသော နိုင်ငံများ (Visa required) များ ကိုပါ ဖော်ပြပေးလိုက်ပါတယ်။

 

ဗီဇာ မလိုသော (Visa not required) နိုင်ငံများ
-------------------------------------------------
1. ထိုင်း (Thailand) (14 Days)
2. လာအို (Laos) (14 Days)
3. ကမ္ဘောဒီးယား (Cambodia) (14 Days)
4. ဗီယက်နမ် (Vietnam) (14 Days)
5. ဘရုနိုင်း (Brunei) (14 Days)
6. ဖိလစ်ပိုင် (Philippine) (30 Days)
7. အင်ဒိုနီးရှား (Indonesia) (30 Days)
8. မောလ်ဒိုက်ဗ် (Maldives) (30 Days)
9. Dominica (21 Days)
10. Saint Vincent and the Grenadines (1 Month)
11. Micronesia (30 Days)
12. Ecuador (90 Days)
13. Haiti (90 Days)





19 April 2016

နေ့စဉ် အလုပ်၊ နေစဉ် လုပ်

Thein Wai's photo.

“နေ့စဉ် အလုပ်၊ နေစဉ်လုပ်၊ အဟုတ် ၀ိပဿ         နာ ဖြစ်တော့တယ်”။ 

(၁)။ မနက်တိုင်း ၊ နေ့ လယ်တိုင်း၊ ညဥ့်တိုင်း လို့ အချိန် ကို သတ်မှတ်ပြီးတော့ လုပ်ကိုင်လေ့ ရှိတဲ့ တရား အားထုတ်ချိန် သတ်မှတ်ပြီး အားထုတ်တဲ့ နေ့စဉ် အလုပ်နဲ့ 

(၂)။ သွားနေစဉ်၊ လာနေစဉ်၊ ထိုင်နေစဉ်၊ လမ်း လျှောက်နေစဉ်၊ စားနေစဉ်၊ လှုပ်နေစဉ်၊ ငြိမ်နေစဉ်၊ ကြည့်နေ စဉ် စတဲ့ အချိန်တိုင်း အချိန်တိုင်း မှာ တရား အားထုတ်မှု  အလုပ်ဖြစ်အောင် လုပ်ရတဲ့ နေစဉ် အလုပ်လို့ဆိုပြီး တရားအားထုတ်နည်း နှစ်မျိုး ရှိပါတယ်။
 

ဝိပဿ          နာ  အလုပ်ဖြစ်ဖို့အတွက် နေစဉ် အလုပ်က ပိုပြီး အရေးကြီးပါတယ်။ နေ့စဉ် နံနက်၊ ည တရား ထိုင်ချိန် ကို အချိန်ပေးပြီး လုပ်နိုင်လို့ နေ့စဉ် တရား အလုပ် အားထုတ်ရင်လည်း ကောင်းပါ တယ်။ ခါတိုင်း ခါတိုင်းက (၁) နေ့စဉ် အလုပ် လုပ်မိနေတာလား၊ (၂) နေစဉ် အလုပ် လုပ်နေမိတာလားဆိုတာ ခွဲခြားပြီးသိဖို့ လိုပါတယ်။


(၁) စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်၊ ရေချိုးလိုက် ဆိုတဲ့ ပုံမှန် အလုပ် လုပ်တဲ့ နေ့စဉ် အလုပ်မျိုး ကို လုပ်နေကြ တာ များပါတယ်။ 


(၂) သွားနေစဉ်၊ လာနေစဉ်၊ ရုံးတက်နေစဉ်၊ ဈေး ရောင်းနေစဉ် သတိဉာဏ် နဲ့ လုပ်ရတဲ့ နေစဉ် အလုပ် လုပ်ကြတာ က နည်းပါးကြပါတယ်။
 

 နေ့စဉ် အလုပ်တွေကို ကြည့်လိုက်ရင် ထိုင်တယ်၊ ရပ်တယ်၊ သွားတယ်၊ လျောင်းတယ်
(အိပ်တယ်) စတဲ့ ပြုနေ ကျ အမူအရာ ဆိုတာတွေကို တွေ့နိုင်ပါတယ်။ အဲဒီ အလုပ်တွေက နေ စဉ် အလုပ် မဟုတ်ပါ။ နေ့စဉ် အလုပ်တွေသာ ဖြစ်ပါတယ်။
 

တရား အားထုတ်နေကြသူတွေလည်း နေ့စဉ် အလုပ်တွေ လုပ်နေကြတယ်။ တရား အားမ ထုတ်တဲ့ လူတွေ ကလည်း နေ့စဉ် အလုပ်တွေ လုပ်နေကြပါတယ်။ ၀ိပဿ        နာ တရားသမား နဲ့ သူလို ကိုယ်လို လူတွေ ဆိုတာ ကွာခြားမှု   ရှိပါတယ်။
 

ကင်ဆာပျောက်ပြီ မြန်မာပြည်

အရှင် ဥဇ္ဇယ's photo.


မြန်မာပြည် မှ ထူးခြားသော အပင် ........  သူ့ အရွက်ထိပ်မှာ ဆူး တစ်ချောင်း ထွက်၍နေသည် ။ ၄င်းကို
အရွက် အစိမ်း အတိုင်း ရေနွေး ဆူဆူ ထဲ ထည့်ပြီး သုံးမိနစ်လောက် အကြာ မှာ ပူပူလေး မှုတ်သောက်ပါ။


အပူ အကြိတ် မြစ်ပွားနာ အသည်းရောဂါ သားအိမ် ကင်ဆာ ကိုယ်တွင်း ကိုယ်ပ အနာကင်ဆာ များ မဖြစ်အောင် ကာကွယ်ပေးသော ဆေးကောင်းဖြစ်ပါသည်။

အကယ်၍ ထို ကင်ဆာရောဂါ များဖြစ်နေပါက အမြန်ဆုံး ထိထိရောက်ရောက် လျင်မြန်စွာ သက်သာစေ ပါသည်။

စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည်သောက်သုံး လျင် ကင်ဆာနှင့် အသည်းရောဂါ  ပျောက်ကင်း သွားစေပါလိမ့်မည်။
အပူပိုင်းဒေသ အထူး သဖြင့် ပုဂံမြို့ဟောင်း ၏ ထုထည် အကြီးဆုံး ဓမ္မံရံကြီးစေတီ အရှေ့ဖက် မြေနီ လမ်းမဘေး ၌ များစွာတွေ့မြင်နိုင်ပါသည်။

ခြေဖနောင့် ကွဲအက်ခြင်း မဖြစ်ရလေအောင်

U Than Win's photo.

 ဆောင်း ရာသီ တွင် ဖြစ်တက်သည့် ခြေဖနောင့် ကွဲအက်ခြင်း ........
ခြေဖနောင့် ကွဲအက်ခြင်း သည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရ တဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ အက်ကွဲကြောင်းတွေ ဟာ ပိုပြီး အရာထင်မှု နက်ရှိုင်း လာခဲ့ရင် အခြေအနေ ပိုဆိုး လာ ပြီ ဖြစ် ပါတယ်။ လူ အတော်များများ ဟာ အခြေအနေ ဆိုးတဲ့ အခါရောက်မှ သာလျှင် ကုသမှု ခံယူဖို့ ပြုလုပ် လာလေ့ရှိပါတယ်။ 

 တော်ရုံအက်ကွဲမှု ဖနောင့် ကိုတော့ ဘောက်ဆတ်ဆတ် နင်းပြီး လျှောက်လှမ်း လို့ နေလေ့ ရှိပါတယ်။ ဘာမှ မဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ် ဆိုပြီး လမ်း ဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။ 

စတင်ဖြစ်ပေါ်လာခြင်း …. 
 ခြောက်သွေ့မှု များခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှု များခြင်း၊ ဖနောင့် ရှိ အရေပြား မာမာ ထူထူ များဟာ အချိန် ရှိ သရွေ့ ပွတ်တိုက်မှု ခံနေရခြင်း၊ ဖိအား ခံနေရခြင်း၊ ဆီးချို  ရှိနေခြင်း၊ ယားနာ ရှိနေခြင်း၊ လမ်းလျှောက် ပုံ၊ လမ်းလျှောက် နည်း မှန်ကန်မှု မရှိခြင်း၊ ဝန်ပို ပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ ရှိခြင်း၊ ဖုန်မှုန့် သဲများနှင့် ထိတွေ့မှု များခြင်း၊ သွေး လည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင် မှာ ပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။ 

လွဲမှားစွာ လုပ်ဆောင်ခြင်း ……
လွဲမှားစွာလုပ်ဆောင်ချက်တွေ လည်း တွေ့ ရှိနေရပါတယ် ရေချိုးသည့် အခါ ကွဲနေသော ခြေဖနောင့်နေရာ ကို ကြမ်းတမ်းသော ကြမ်းပြင် ၊ အုတ်ခဲကျိုး တို့ ဖြင့် ပွတ်တိုက်ခြင်း ကို ပြုလုပ်ကြပါတယ် ။ ဒီလို လုပ်ဆောင် ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ် ။ အခုလို လုပ်ဆောင်ပါက ကွဲနေသော နေရာ တွင် သွေးစိမ်း များ စိမ့်ထွက် လာပြီး ပိုး ကို အလွယ် တစ်ကူ ဝင်ရောက် ရောင်ရမ်း လာနိုင်ပါစေတယ် ။

15 April 2016

ထမင်းကောင်း တစ်အိုး ရဲ့ လျို့ဝှက်ချက်များ

 Lwin Pyin's photo.


 ၁ ။ ရှာလကာရည်
 

ထမင်း ချက်ရာတွင်ရှာလကာရည် တစ်စက်နှစ်စက် ထည့်ပေးရုံဖြင့် အနံ့ အရသာ ကို
ပိုမို ထင်ပေါ်မွှေးပျံ့စေ သည့် အပြင်ရာသီဥတု အလွန် ပူပြင်း၍ ထမင်း သိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
 

၂ ။ ဘီယာ
 
ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ် ရာမှာ အနံ့ အရသာ ဆန်သစ်လောက် မကောင်းတဲ့ ချိန်မှာ
စိတ်ပူစရာ မလိုပါဘူး ၊ ထမင်း ချက်ချိန်မှာ ဘီယာ အနည်းငယ်သာ ထည့်ပေးလိုက်ပါ ပေါ်ဆန်းမွှေး ကဲ့ သို့မွှေးပျံ့ တဲ့ ထမင်း ကို ရရှိမှာဖြစ်ပါတယ်။
 

၃ ။ မြေပဲဆီ
ထမင်း ချက်ရာမှာ ဆား အနည်းငယ် နဲ့မြေပဲဆီ အနည်းငယ် ထည့်ပြီး အသာမွှေပေး လိုက်ပါ
ဆန် ဖွာခြင်း မရှိပဲ ခံတွင်းတွေ့စေမယ့် ထမင်း ကိုရရှိ မှာဖြစ်ပါတယ်။
 


၎ ။ ဆား
လက်ကျန် ထမင်း ကိုပြန်နွှေးရာတွင် ဆား အနည်းငယ် ထည့်ပေးခြင်းဖြင့် အနံ့ ဆိုးများကို ပျောက်စေ မည့် အပြင် ထမင်း ကိုလည်းနူး ညံ့စေပါတယ်။
 

၅ ။ ဆန် အရက် ( အရက်ဖြူ )
ထမင်းကြော်ရာတွင် အရက်သုံးလေးစက် အနည်းငယ် ထည့်ကြော်ပေးပါက နတ်သုဒ္ဒါ ပမာ ထမင်း အရသာ ကို ရရှိစေမှာဖြစ်ပါတယ် ။



မုဒိမ်းမှု ကို ဘာသာရေး အစိတ်အပိုင်း တစ်ခု အဖြစ် ပြဌာန်းနေသော အစ္စလမ္မစ်စတိတ်

ဒေါက်တာဒီမိုဆိတ်ဖွား's photo.

 
 အသက် ၁၂ နှစ် အရွယ် မိန်းကလေးငယ် ကို မုဒိမ်း မကျင့်မီ အခိုက်အတန့်လေးမှာပင် အစ္စလမ္မစ် တိုက် ခိုက်ရေး သမား က ၎င်းမှ မုဒိမ်းကျင့်မည့် လုပ်ရပ်မှာ အပြစ်တစ်ခု မဟုတ်ကြောင်း အချိန်ယူ ရှင်းပြလိုက်သေး သည်။ 

ဆယ်ကျော်သက် အရွယ်ပင် မရှိသေးသော မိန်းကလေး သည် အစ္စလာမ် မဟုတ်ဘဲ အခြား ဘာသာတစ်ခု ကို ကိုးကွယ်သည့် အတွက် ကုရ်အာန် ၌ ၎င်းကို မိန်းကလေးအား မုဒိမ်းကျင့်ခွင့်ပေးယုံသာ မက ထို အပြုအမူ ကို လက်လည်းခံ၊ အားလည်းပေးသည် ဟု ထိုသူက အတင်း အကြပ်ပြောကြားသည်။

ထိုသူက မိန်းကလေး ၏ လက်များ ကို ကြိုးတုတ်ပြီး ပါးစပ် ကို အဝတ် တစ်ခုဖြင့် ပိတ်စည်း ထားသည်။ ထို့နောက် ကုတင်ဘေးတွင် ဒူးထောက် ကာ နဖူးကြမ်းထိအောင် အလ္လာဟ် အရှင်မြတ်အား ဝပ်ပြု ဆုတောင်း သည်။ 

ထို့နောက်တွင် မိန်းကလေး ကို ဗလက္ကာယပြုကျင့် လိုက်တော့သည်။ ထို ကိစ္စပြီးသည်နှင့် ထို သူမှ ယခင် ပုံစံ အတိုင်း ဒူးထောက် ဝတ်ပြုဆုတောင်းပြန်သည်။ ဘာသာရေးကြည်ညိုမှုနှင့် မုဒိမ်းမှု ကို ယှဉ်တွဲနေသည့် သဘောပြုမူ လိုက်ခြင်းပင်။ 



"သူက သမီး ကို ပြောပါတယ်။ အစ္စလာမ် အရ သူက ကာဖိရ်တစ်ယောက် ကို မုဒိမ်းကျင့်ခွင့် ရှိပါတယ် တဲ့။ သူကပြောသေးတယ်။ မုဒိမ်း ကျင့်လိုက်ခြင်း အားဖြင့် သူက အလ္လာဟ်အရှင်နှင့် ပိုပို နီးနီးသွားပါတယ် တဲ့" ဟု ၁၁ လ ကြာ ဖမ်းဆီး ခံထားရာမှ လွတ်မြောက်လာပြီး ဒုက္ခသည် စခန်းတစ်ခု၌ နေထိုင်လျက်ရှိသော မိန်းကလေး က သူမ ၏ မိသားစုနှင့် အတူ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားသည်။ 
 
အစ္စလမ္မစ် စတိတ် အဖွဲ့ အတွင်း ကျွန်ပြုမှုကို ပြန်လည် အသက်သွင်းပြီ ဟု အစွန်းရောက် ဘာသာရေး အယူ ဝါဒ စွဲ အစ္စလမ္မစ် စတိတ် အဖွဲ့မှ ယမန်နှစ်က ကြေငြာခဲ့ပြီးသည့်နောက်ပိုင်း လူနည်း စု ယာဇီဒီ ဘာသာဝင် အမျိုး သမီးများ နှင့် မိန်းကလေးများမှာ အစ္စလမ္မစ် စတိတ် အဖွဲ့သားများ၏ စနစ်တကျကြိုတင် စီမံပြီး မုဒိမ်း ကျင့်မှုများကို ခံနေရကာ ၎င်းတို့ ၏ လက်မှ ရုန်းမထွက်နိုင်ဖြစ်နေရသည်။ 

10 April 2016

facebook မှာ သူငယ်ချင်း အဖြစ် လက်မခံ သင့်တဲ့ လူ ( ၈ ) မျိုး


 

လူမှု ကွန်ယက် Facebook မှာ တစ်ချို့ သူငယ်ချင်းတွေ ကို လက်ခံလိုက်မိ တာနဲ့ ကိုယ့်ပေါင် ကိုယ် လှန်ထောင်း သလို ဖြစ်တတ် ပါတယ်။ တစ်ခါ တစ်လေ မှာ လက်မခံသင့်တဲ့ သူကို လက်ခံမိ တာကြောင့် မလိုလား အပ်တဲ့ ပြဿ နာတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ သင် facebook မှာ သူငယ်ချင်း အဖြစ် လက်မခံ သင့်တဲ့ လူ ( ၈ ) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. မိဘ

ကိုယ့် သူငယ်ချင်း စာရင်း ထဲမှာ မိဘတွေ က ပါနေပြီ ဆိုတော့ လူမှု ကွန်ယက်မှာ သင့်ကို တစ်ခုခု နဲ့ ချုပ်နှောင် ထားသလို ဖြစ်စေ မှာပါ။ ခေတ် ကို နားလည် လှပါပြီ ဆိုတဲ့ မိဘတွေတောင် သင့်ရဲ့ အမြင် မတော် စရာ Post တစ်ခုအောက် မှာ ကန့်ကွက် တဲ့ Comment မျိုး ၀င်ရေးမှာ မဟုတ်သော်လည်း အပြင် မှာ “ ဒီလို Post မျိုး မတင်ရဘူး … နောက်တင်ရင် တွေ့မယ် ”ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ခံရနိုင်ပါတယ်။

2. ရည်စားဟောင်း


ကိုယ် ကတော့ စိတ်ကောင်းနှလုံးကောင်းလေး နဲ့ ရည်းစားဟောင်း ကို လက်ခံမိပါတယ်။ ဒါပေမယ့် ညောင်မြစ် တူးရင်း ပုတ်သင်ညို ဥလည်း ပေါ်တတ်ပါတယ်။ တစ်ခါ တစ်လေ tag တွဲပြီး သူနဲ့သင် ဟာ အရင် က ပတ်သက် ခဲ့ဖူးပါတယ် ဆိုပြီး ချေးခြောက်ရေနှူး လုပ်တာ ခံရနိုင်ပါတယ် ။

3. အမျိုးတွေ

အမျိုးတွေ ဆိုတာလည်း ဒီလိုပါဘဲ။ ကောင်းတဲ့ အမျိုး ရှိသလို တို့မီး ရှို့မီး လုပ်ချင်တဲ့ သူတွေ ရှိပါတယ်။ သင် တင်သမျှ ကို ရပ်ကွက် ထဲ သန်းတုပ်ရင်း အတင်းပြန်ဖွ တဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ သင့် အားနည်းချက် ကို သူများတွေ ပြန်လည် ဖြန့်ဝေတဲ့ သူလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးတွေ ကိုလည်း မထားပါနဲ့။
 
 

အရာရာတိုင်း ကို အပေါ်ယံဘဲ ကြည့်ပြီး အလွယ် တစ်ကူ ဝေဖန် ပိုင်းခြားလို့ မရပါဘူး

 သက်တန့်လင်း's photo.


လင်မယား စုံတွဲ တစ်တွဲ ပါလာတဲ့ သင်္ဘော တစ်စင်း နစ်မြှုပ်သွားတယ်… အချိန်တော်တော်ကြာမှ အသက် ကယ်လှေ တစ်စင်းရောက်လာတယ်…

အသက်ကယ်လှေပေါ်မှာ နေရာ ဆိုလို့ တစ်နေရာဘဲ ကျန်တော့တယ်… အဲဒီ အချိန်မှာ ယောက်ျားဖြစ်သူ က သူ့မိန်းမ ကို သူ့ အနောက် ဆွဲချလိုက်ပြီး သူ ကိုယ်တိုင် အသက်ကယ်လှေပေါ် ခုန်တက် လိုက်တယ်…

အဲဒီ အမျိုးသမီး ကတော့ တစ်ဖြည်းဖြည်း ချင်း နစ်မြှုပ်နေတဲ့ သင်္ဘောပေါ်မှာ ရပ်ပြီး သူ့ယောက်ျား ကို စကား တစ်ခွန်းအော်ပြောလိုက်တယ်…

ဒီနေရာ အထိပြောပြီးတော့ ဆရာမ က ကျောင်းသားတွေကို မေးလိုက်တယ်… “မင်း တို့ ခန့်မှန်းကြည့်…
အမျိုးသမီး က ဘာအော်ပြောလိုက်သလဲ?” ကျောင်းသားတွေ ကတော့ အလုအယက် ဒေါနဲ့ မော နဲ့ အော်ပြော ကြတယ်…
 

“ငါ နင့်ကို မုန်းတယ်… ငါကို ထားပစ်ရစ် ခဲ့တယ်… ”

အဲဒီ အချိန်မှာ ဆရာမ က ကျောင်းသူလေး တစ်ယောက်ကို ဘာမှ မပြောတာကို သတိထား မိတော့
ဆရာမ က သူ့ကိုမေးလိုက်တယ်… အဲဒီကျောင်းသူလေး က ပြန်ဖြေလိုက်တယ်…
 

“ဆရာမ… သမီး ထင်တယ်…
အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာ က …
ငါတို့ ကလေး ကို ကောင်းကောင်း ဂရုစိုက်ပေးပါ လို့”…


ဆရာမ က အံ့သြသွားတယ်… သူ့ကို ပြန်မေးလိုက်တယ်…
“အဲဒီ ပုံပြင်ကို နားထောင်ဖူး လို့လား?”


 ကျောင်းသူလေး က ခေါင်းကို ခါပြီး ပြောလိုက်တယ်…
“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး ဆုံးခါနီး မှာ ဒီ စကားဟာ သူ ဖေဖေ့ ကို ပြောခဲ့တဲ့စကားပါ…”



မှဲ့ ၏ ကောင်းကျိုး ဆိုးပြစ် များ




မှဲ့ တည်နေရာနှင့် အဟောတွေပါ။
ဗဟုသုတ အနေ နဲ့ မျှဝေတာပါ။ အမှန်ကြီးပဲ လို့ မပြောနိုင်သလို၊ အမှားတွေပါ လို့လဲ မဆိုသာပါဘူး။ ကိုယ့်မှာ ပါတာလေးတွေ နဲ့ တိုက်ကြည်ပေါ့။ ကြိုက်လျှင်ယူ၊ မကြိုက်လျှင် ပယ်လိုက်ပါ။


 ယောက်ျားတို့ ၏ မှဲ့ တည်နေရာနှင့် အဟော
***********************************
( ၁ ) နဖူးပြင် တည့်တည့် တွင် မှဲ့ ရှိလျှင် ငွေကြေးနှင့် ပတ်သက် ၍ အစွပ်အစွဲ ခံရတတ်၏။ အပူသောက များ လိမ့်မည်။ မိမိ တွင် ရှိသည်ထက် ပို၍ လူ အများက ချမ်းသာသည် ဟု ထင်မြင် တတ်ခြင်းကြောင့် ဒုက္ခတွေ့ရ တတ် ပါသည်။ 


( ၂ ) ညာဘက် မျက်ခုံးမွေးပေါ်တွင် ရှိလျှင် ချမ်းသာ တတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံ လိမ့်မည်။ လောကီ စည်းစိမ် အဝဝ ကို သုံးဆောင် ခံစားရတတ်သည်။ 

( ၃ ) ဘယ်ဘက် မျက်ခုံးမွေးပေါ်တွင် မှဲ့ ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစား သမား ဖြစ် တတ် သည်။ လောင်းကစားမှု ကို ဇနီးမယား ထက်ပင် ပိုမို ၍ ချစ်ချင် စွဲလမ်းနှစ်သက်ပါသည်။ 

( ၄ ) နှာခေါင်း တည့်တည့် (နှာသီး ထိပ်ဖျား) တွင် မှဲ့ ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာ ရပ် များဖြင့် ထင်ရှား ၍ အောင်မြင်ကျော်ကြား တတ်ပါသည်။

( ၅ ) ညာဘက် မျက်ခမ်းအောက် တွင် မှဲ့ ရှိလျှင် မျက်နှာပွင့်လန်း တတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံ ကြား သနားစေ- ဟူသော ဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ ချစ်ခင်ခြင်း ခံရတတ်သည်။

( ၆ ) ဘယ်ဘက် မျက်ခမ်းအောက်နား တွင် မှဲ့ ရှိလျှင် လူမုန်း များတတ်သည်။ အလုပ် လုပ်ကိုင် ရာတွင် အတိုက် အခံနှင့် ကြုံရ တတ်သည်။ ငယ်စဉ် အခါက ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။ အချစ်ရေးတွင် စွန့်စား တတ်သည်။ တဇွတ်ထိုး လုပ်တတ်သည်။ ဇနီးမယား ကို ချစ်ခင်သူဖြစ်မည်။ ဇနီးသည် ၏ သြဇာ လွှမ်းမိုး မှုကို ခံရတတ်ပါသည်။

06 April 2016

ဖြစ်လာနှိုင်တာကို မဖြစ်ရလေအောင် သတိပေးနေတာ

Nay Zin Latt's photo.

Issue နဲ့ Event ရောထွေးနေပြီး လှုပ်လှုပ် ရမ်းရမ်းတွေဖြစ်နေကြ တယ်။

(၁) Event ကိုမြင်ပြီး တပ်မတော်သား (၂၅) % ကန်ကွက်မှု့ကိုထောက်ခံသူ တစ်ဖက် ကန့်ကွက်သူ တစ်ဖက် အကွဲအပြားဖြစ်စေတာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလို့ ဦးဆုံးပြောချင်တယ်။
.
(၂) Issue ကြောင့် event ဖြစ်လာရတာ၊ မတွေးနိုင်ကြတဲ့ သူတွေက event အပေါ် စိတ်ခံစားမှု့လွန်ကဲ သွားကြ တယ်။
.
(၃) Issue ကိုကြည့်ရင်..
"နိုင်ငံတော် အတိုင်ပင်ခံ နဲ့"
"သမ္မတ အတိုင်ပင်ခံ" ကွဲပြားမှု့


(၄) ဒီနေရာမှာ ထပ်ပြီး သရုပ်ခွဲရရင်..
" Spirit of Law ". နဲ့
" Letter of Law "


( ဥပဒေ ရဲ့အခြေခံ မှာ ဥပဒေရဲ့အနှစ်သာရ ဆိုတဲ့ Spirit of Law ကို ဦးစားပေးဖို့ ဖွင့်ဆို ထားတာ ဥပဒေ ရဲ့အခြေခံ အကျဆုံး)

(၅) အတိုင်ပင်ခံကို အကြံပေးထက်မြင့်တယ် လို့ status အရ သတ်မှတ်ချင်တာ အထိ လက်ခံတယ်၊ အဓိက function ကဘာလဲ ?
 

နား ထဲသို့..ရေ၀င်ပြီး ပြန်မထွက်ခဲ့ရင်


မြနန်းဆရာတော်'s photo.


★ မျက်စိ မှာ - - - ရေ
★ နား မှာ - - - ဆီ
★ ဒန္တီ မှာ - - - ဆား
★ ၀မ်း မှာ - - - ခါး   ...... ဆိုသည့် အတိုင်း နား အတွင်း တစ်စုံတစ်ခု ၀င်လျှင် ဆီ ထည့်ပေးရပါသည်။
.
စာရေးသူ ကိုယ်တိုင် သင်္ကြန်တွင်း ရေပူပေါင်းကြောင့် ညာဘက် နားထင် ထိပြီး..နားထဲ ရေ၀င်ကာ
နားအုံရောင်ပြီး.နားကိုက်ခဲ့သည်။

မိတ်ဆွေတစ်ဦး ၏ နည်းလမ်း အတိုင်း...

မုန်ညင်းဆီ စစ်စစ်..သို့ နှမ်းဆီ စစ်စစ်ကို သုံးပါ ။

 ကြေးဇွန်း တစ်ချောင်း တွင် ဆီ တစ်ဇွန်း ခန့် ခပ်ပါ...။
.
အောက်ခြေ မှ ဖယောင်းတိုင် မီးဖြင့် အပူပေးပါ။ တစ်မိနစ် အတွင်း ဆီများ ဆူပွက် လာပါမည်။
ပူနေသောဆီ ကို အအေး ခံပြီး..ခပ်နွေးနွေး အနေ အထား တွင် နား အတွင်း သို့လောင်းထည့်ပါ...။
.
ခဏကြာရင်..ပြန်စောင်းပြီး နားထဲမှ ဆီ ပြန်ထွက်အောင်ပြုလုပ်ပါ..။
.
 

မြနန်းဆရာတော်'s photo.

စကားကြီး (၃) ခွန်း




 မြစ်ကြီးလဲ မခမ်း ပါစေနဲ့။
သစ်ပင်ကြီးလဲ မလဲ ပါစေနဲ့။
ထုံးအိုးကြီးလဲ မကွဲပါစေနဲ့။



မြစ်ကြီးလဲ မခမ်းပါစေ နဲ့ ဆိုတာ အေးမြတဲ့ စမ်းရေလို ကြည်ကြည် လင်လင် တစ်သွင်သွင် စီးဆင်းနေ တဲ့ မေတ္တာမြစ်ကြီး ကို ဆိုလိုတာလေ။ လူလူ ချင်း မေတ္တာ ထားကြ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ ဆိုတဲ့ အဓိပ္ပါယ်ပဲ။


သစ်ပင်ကြီးလဲ မလဲပါစေနဲ့ တဲ့။ သစ်ပင်ကြီး ဟာ အခက်အလက် အရွက်တွေ ဝေေ၀ဆာဆာ နဲ့ အရိပ် အာဝါသ ကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါး ရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံ ရလို့လည်း ကြီးပွား ချမ်းသာခြင်းကို ရတယ်။ 

ဒီ အရိပ် အာဝါသတွေ ကို အမိ အရ ခိုလှုံဖို့ လိုသလို၊ အရိပ် အာဝါသတွေ ကို မဖျက်ဆီး မိဖို့ ကျေးဇူး မကန်း မိဖို့ သတိထားရလိမ့်မယ်။
 

သစ်ပင်ကြီး ကို ခုတ်လှဲ ပစ်ခြင်းဟာ အရိပ်အာဝါသ ကို ဖျက်ဆီးရာ ရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီး မလဲအောင် ကြိုးစား ထိန်းသိမ်းကြပါ။

မလေးရှား အလည် ဗီဇာ အတွက် (အဲဗားဖိုင်း) သို့ပေးရသော (၅၇) ဒေါ်လာ အတွက် သက်ဆိုင်ရာ အေးဂျင့်နှင့် တာဝန်ရှိ သူများ သိစေလို...

U CHIT KAUNG's photo.
ယနေ့ ၅.၄.၂၀၁၆ မြန်မာပြည် မှ နံက် (၈း၃၀) အဲယားအေးရှ လေယာဉ်ဖြင့် အလည် လာရောက်ကြသော ရဟန်းတော် (၃) ပါး အား မလေးရှား (KILA 2) လေဆိပ် အင်မီဂရေးရှင်း အရာရှိများ မှ စာရွတ်၊ စာတမ်း အချက် အလက် အားလုံး ပြနိုင်ပါသော်လည်း (အဲဗားဖိုင်း) အေးဂျင့် မှ တစ်ဆင့် ထုတ်ပေးလိုက်သော ပြည်ဝင်ခွင့် ဗီဇာ များအား (အတု) ဟု သံသယဖြစ်၍ ရုံးခန်း ထဲတွင် (၄) နာရီကျော်မျှ ဖြေရှင်းခွင့် မပြုပဲ ထိုင်ခိုင်း ထားကာ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားခြင်း ခံခဲ့ရပါသည်။

မလေးရှား အရာရှိများ အား စပွန်ဆာ ပို့ပေးသော နိုင်ငံသားနှင့် ဖုံးပြောပေးပါဟု တောင်းပန်သော်လည်း လက်မခံ ပဲ၊ အတူ လာသူ ရဟန်း (၃) ပါး ထဲမှ (၁) ပါး ကို လေဆိပ် အချုပ်ခန်း ထဲ ထည့်လိုက်ပါသည်။ ကျန် (၂) ပါး အားလည်း အချုပ်ခန်း ထဲ ထည့်ကာနီး မှ အတိုက်အခံ လုပ်၍ စပွန်ဆာပေးသော သူ့တို့နိုင်ငံ သားနှင့် ပေးပြော ပါသည်။ 

ရုံးခန်း အတွင်း (အဲဗားဖိုင်း) အေးဂျင့် မှ တစ်ဆင့် (၅၇) ဒေါ်လာပေးရသော ဗီဇာ အား အပြန်ပြန် အလှန်လှန် လက်သဲ များဖြင့် ကုတ်ခြစ်လိုက် အင်တာနက် ကနေ ပြန်စစ်လိုက် လုပ်ပြီး နောက်ဆုံး အချုပ်ခန်းထဲ ထည့်ထား ရန် စီစဉ်နေချိန် မှ နိုင်ငံသား တရုတ် (၂) ဦး မှ ကွန်ပလိန်း တက်လိုက်၍ (၃) ပါးလုံး အား နေ့ခင်း (၁) နာရီ မှ ထိုင်ခိုင်း ထားကာ ညနေ (၆) နာရီကျော်မှ သာ ထွတ်ခွင့် ပေးလိုက်ပါသည်။

 နောက်နောင် အမှန်အကန် အလည် လာကြမည့် မြန်မာများ အတွက် စိုးရိမ်မိ ပါသည်။ (အဲဗားဖိုင်း) အေးဂျင့် အား (၅၇) ဒေါ်လာ သေချာပေါက် ပေးရမည်ဖြစ်သော်လည်း မလေးရှား လေဆိပ် လူဝန်မှုကြီးကြပ်ရေး အရာရှိ များမှ ယနေ့လို မယုံ သင်္ကာဖြင့် အစစ်ဆေး ခံရလျှင် မည်သို့ ဖြေရှင်းပေးနိုင်ပါမည်နည်း၊ 

(၅၇) ဒေါ်လာပေး ရပြီး ကိုယ်ဖြစ် ကိုယ်ခံ ဆိုရင်တော့ အလွန် မတရား လွန်းရာ ကျပါသည်။ (အဲဗားဖိုင်း) အေးဂျင့် အနေဖြင့် ယခု ကိစ္စ အတွက် မလေးရှား သံရုံး မြန်မာပြည် သို့ အသိပေးသင့်ပါသည်။ ယင်းသို့ မလုပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများ မှ တာဝန်ယူမှု  တာဝန်ခံမှု ရှိအောင် ကြားဝင်ဖြေ ရှင်း ပေးစေ ချင်ပါသည်။


လိပ်ခေါင်း ရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်း

သတင်းဘုရင်'s photo.


တစ်ကယ်ကောင်းတဲ့ဆေးစွမ်းကောင်း တစ်လက်ပါ ။ ကျနော် လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ ။ ဝမ်းသွားရင် သွေးပါ တာ ညောင်းတာ မအီ မလယ် နဲ့နေရတာ အရမ်းခက်ခဲ့တာ အခုဆို အရမ်းကောင်း သွားပါပြီ ။

 ရှားစောင်း လက်ပက် အစိမ်း ကို မီးဖုတ်ပြီး အတိုင်း ဝါးစား လိုက်ပါ ။  တစ်ကြိမ်ပဲ စားလိုက် သိသာပါတယ် ။ ၂ ခါဘဲ စားလိုက်တာ လုံးဝပျောက်ကင်း သွားပါပြီ ။


ဘုရားရှင်တွေ ရဲ့ ဂုဏ်ကျေးဇူး ကွာတဲ့ အတွက် စော်ကားသူကို အကျိုး ပေးတာ လည်း ကွာခြားလိမ့်မယ်။

 ခင် မြတ်သူ's photo.


အမေရိကန် သမ္မတ ဘုရှ် ကို ဘာ့ကြောင့် ဘုရားကျောင်း မသွားတာလဲ ဆိုတော့ ငါ အလုပ်မအား လို့  မသွားနိုင် ဘူးတဲ့ ။ အဲဒီ ဘာသာရေးနဲ့ ပတ်သတ်တဲ့ စကားကို ပြောခဲ့ပေမဲ့ သူ ဘာမှ မဖြစ်ဘူး။

သခင် သန်းထွန်း ဟာ နိုင်ငံရေးသမားကောင်း တစ်ဦး ပဲ ။ ဒါပေမဲ့ ငါသာနိုင်ငံ့ခေါင်းဆောင်ဖြစ် ခဲ့ရင် ရွှေတိဂုံ ဘုရား ကရွှေတွေ ကိုခွါပြီုးပြည်သူလူထု အတွက် အသုံးချမယ် တဲ့ ။ အဲဒီ စကားတစ်ခွန်း က သူ့ ကို ကျရှုံးစေခဲ့ပြီး ပြည်သူလူထု ရဲ့ မုန်းတီးမှု ကို ရရှိစေခဲ့တယ်။

မိုးသီးဇွန် ဟာ မြန်မာနိုင်ငံ ပညာရေး နိမ့်ပါးတာဟာ ဗုဒ္ဓဘာသာတွေ ရဲ့ စာပေတွေ ကြောင့်လို့ ပြော ခဲ့တယ်။ သူ အခု မြန်မာ့ နိုင်ငံရေးလောက မှာ မဝင် ဆန့် တော့ဘူး ။

ဘင်လာဒင် ဟာ အာဖဂန်နစ္စတန် က ဗုဒ္ဓ ဆင်းတုတော်တွေ ကို ဖျက် စီးတော့  ဆင်းတုတော် ရဲ့နောက်ကျော နံရံမှာ  ဤ ဆင်းတုတော်ကို ဖျက်ဆီး သူသည် တစ်လ အတွင်း သေပွဲဝင်ပါစေ ဆိုတဲ့ စာတမ်း ကိုတွေ့ ရှိ ခဲ့ တယ် ။ ဒါပေမဲ့ သူ ဖျက်ဆီးခဲ့တယ် ။ ဆင်းတုတော် ဖျက်ဆီးပြီး တစ်လပြည့်တဲ့နေ့ မှာ သူ အသတ် ခံခဲ့ရတယ်။


မြွေဆိပ်၊ ကင်းဆိပ် နဲ့ ဝမ်းရောဂါ၊ ပလိပ်ရောဂါ အတွက် လွယ်ကူသော ကြက်သွန်နီ အဆိပ်ဖြေဆေး




Lwin Pyin's photo.
( ဒီနည်းလေးကို ရေးဘေးသင့် သူတွေ အတွက် ရည်ရွယ်ပြီး Shre ပေးခြင်းဖြင့် ကုသိုလ် ယူပါ။ )


 မြွေ၊ ကင်း၊ ကင်းခြေများ၊ ပိတုန်း စသည့် အကောင် များ၏ အကိုက် ခံရလျှင် ချက်ခြင်း အဆိပ် တက်သလို အဆိပ်ပြင်း သည့် သတ္တဝါဖြစ်ပါက အသက် ဆုံးရသည် အထိ ဖြစ်ရလေသည်။ ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေး ကုသမှုပြုရန် အခက်အခဲ ရှိနေလျှင် ယခုဖော်ပြမည့် နည်းများ ကို အသုံးပြုနိုင်ပါ သည်။ 

 ဆေးမြီးတို ဟု ဆိုရာတွင် သဘာဝ ပစ္စည်းဖြစ်သော ကြက်သွန်နီနှင့် ကြက်သွန်ဖြူ  ကို အခြေခံထားသော နည်းဖြစ်သည်။ အလွယ်တစ်ကူ ရနိုင်သလို ကုသရသည်လည်း မြန်ဆန်ပြီး ထိရောက်မှုလည်း ရှိပါသည်။ 

ယခုဖော်ပြမည့် နည်းများ သည် "ရောဂါတိုင်း အတွက် အာနိသင် ထူးတဲ့ ကြက်သွန်ဖြူ  ၏ စွမ်းဆောင် ချက်၊ ဝေဒနာရှင် များ အတွက် အစွမ်းထက် တဲ့ ကြက်သွန်နီ ရဲ့ စွမ်းဆောင်ချက်" အမည် ရှိ စာအုပ်တို့ မှ ကောက်နှုတ် ၍ ဆီလျော်အောင်ပြန်လည်ရေးသား တင်ဆက်ခြင်း ဖြစ်သည်။

* ကြက်သွန်နီ အဆိပ်ဖြေဆေး
- ကင်းကိုက်ခြင်း အတွက်
 

၁။ ကြက်သွန်နီ တစ်လုံး ကို နှစ်ပိုင်း ပိုင်းလိုက်ပါ။ ယင်းကြက်သွန် အပေါ် ဖောက်ပြီးသား ထုံးကို လူး၍ အကောင် ကိုက် ထားသည့်နေရာတွင် သုတ်လိမ်းပေးပါ။ သက်သာမှု ရမည်။
 

၂။ ကြက်သွန်နီ ကို ထုထောင်း ၍ အကောင်ကိုက် ထားသည့် ဒဏ်ရာပေါ်တွင် အုံ ၍ ချည်နှောင် ထားလိုက် ပါ။ သက်သာမှု ရ၍ အဆိပ်ပြေမည်။
 

ကိုယ့် ဘ၀ ခဏ ဘယ်သူ ယူပါ့မယ်

Nguyen Mo Wan's photo.


ကျွန်မ ငယ်ငယ်တုန်း က မေမေ က ဈေးဝယ်ခိုင်းသည့် အခါ ဘဲဥ အလတ်ကွဲလေး နှစ်လုံး၊ သုံးလုံးလောက် ၀ယ်ခဲ့ ဟု ပြောတာ မှတ်မိနေပါသည်။ အလတ်ကွဲ ဆိုသည်မှာ ဘဲဥ က အက်နေပြီ။ တစ်နေရာ တွင် ချိုင့်နေ ပြီ။ သို့သော် အလတ်ကြီး ရှိသေးသည် ဆိုသည့် အဓိပ္ပာယ်ဖြစ်မည် ထင်သည်။ 

ထို ဘဲဥက တစ်ခြား ဘဲဥ အကောင်းတွေ ထက် ပိုပြီးဈေးလျော့သည်။ ကွဲပြီး သားကိုး။ ကျွန်မတို့ အတွက်တော့ ဈေးသက်သာတာ ကို ရှာဝယ် မှ ကျန်သည့်နေရာတွေမှာ သုံးစွဲ စရာ ငွေလောက်ငမည်။ ဒါက ကျွန်မတို့ ကိုယ်တိုင် ၏ ဈေးနှုန်း ကိုကြည့်ပြီး ရွေးချယ်မှုဖြစ်သည်။ 

အိမ်ရောက်သည့် အခါ ထို ဘဲဥ အလတ်ကွဲတွေ ကို ချက်ချင်း ကြော်စားကြရသည်။ အလတ်ကွဲ သည် ကြော် ရုံ ထက် ပိုပြီး ဘာမှ လုပ်လို့ မရနိုင်။ ပြုတ်ကြည့် ပါလား။ အကွဲ အချိုင့် ထဲကနေ အထဲက အကာတွေ ယိုစိမ့် ထွက်လာမှာပေါ့။ ဘဲဥ ကို ခွဲပစ်ပြီး ချက်ကြော် မှ ဖြစ်မှာ။

တစ်ကယ်တော့ ထို ဘဲဥ အကွဲသည် ကျန်းမာရေး အတွက် ဘယ်လောက်ထိ အန္တရာယ်ဖြစ်စေ မလဲ။ မေမေ လည်း မသိခဲ့။ ကျွန်မ တို့လည်း မသိခဲ့ပေ။ အရွယ် နည်းနည်းရောက်လာလို့ စာဖတ်တာတွေ များလာ လို့ နောက်ပြီးဆေးတက္ကသိုလ် ကျောင်းသူ လေးဖြစ်လာတော့ မှ ဘဲဥ အခွံတွင် ကပ်နေလေ့ ရှိသော ရောဂါ ပိုးများ အကြောင်း သိလာသည်။ 

ဘဲဥ၊ ကြက်ဥ ကို မခွဲခင် ရေစင်စင် ဆေးပစ်ရမည်။ ဒါမှသာ အခွံမှာ ရှိနေသော အညစ် အကြေးတွေက ခွဲ လိုက် သည့် အအက် ထဲမှ တစ်ဆင့် အတွင်း က အကာ အနှစ် တွေထဲသို့ စိမ့်ဝင်ခြင်း မရှိမှာ။ 


အမယ် ...ဒါတောင် ဆယ်လ်မိုနဲလား ခေါ်သည့် ရောဂါပိုး ဆိုလျှင် ဘဲဥ၊ ကြက်ဥ အခွံ ကို ဖောက်ထွင်း ပြီး အတွင်းသို့ စိမ့်ဝင်နိုင်သည် တဲ့။ ကြောက်စရာကောင်းလိုက်တာ။ 

ဒီလို ဆိုတော့ ငယ်ငယ် က ကျွန်မ တို့ စားခဲ့ ရသည့် အလတ်ကွဲ ဆိုလျှင် အကွဲကြီး အချိုင့်ကြီး ကနေ တစ်ဆင့် အပြင်က အညစ်အကြေးတွေ ၀င်နေပြီး သားတောင် ဖြစ်မည်။ နောက်ပြီး ဘဲဥ က အကွဲ မို့ ရေစင်စင်ဆေး ပစ် ဖို့ မဖြစ်နိုင်တော့။ ဒီ အတိုင်း ပဲ အ၀တ်လေးနှင့် သုတ်ပြီး ခွဲကာ ကြော်လိုက်ကြရသည်။

03 April 2016

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုတွေ ဆက်ထားသင့်၊ မထားသင့် ပြန်လည် သုံးသပ်ရမယ့် အမေရိကန် အစိုးရ




မြန်မာနိုင်ငံ မှာ  လွတ်လွတ် လပ်လပ် ရင်းနှီးမြှုပ်နှံခွင့် ရဖို့ အမေရိကန် ကုမ္ပဏီကြီးတွေ က သမ္မတ ဘာရက် အိုဘားမား အစိုးရ ကို ဖိအားပေးတောင်းဆိုမှုတွေ ရှိလာပါပြီ။ လက်ရှိ အချိန်မှာတော့ အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒပိုင်း ကို ပြောင်းလဲဖို့ အလေးအနက် စဉ်းစားနေရပြီဖြစ် ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က စပြီး အမေရိကန် က မြန်မာနိုင်ငံ အပေါ် သတ်မှတ် ထားတဲ့ အရေးယူပိတ် ဆို့မှုတွေကို တဖြည်းဖြည်းလျှော့ ချပေးလာခဲ့ပါတယ်။ ဒါပေမဲ့ အလုံးစုံ ပယ်ဖျက်ပေးလိုက်တာ တော့ မဟုတ်ဘူး။ 

လက်ကျန် ရှိနေဆဲ ပိတ်ဆို့မှု သတ်မှတ်ချက်တွေ က အမေရိကန် ကုမ္ပဏီကြီးတွေ၊ စီးပွားရေး လုပ်ငန်း ကြီးတွေ အနေ နဲ့ မြန်မာနိုင်ငံ မှာ လာရောက် ရင်း နှီးမြှုပ်နှံဖို့ အကန့်အသတ်တွေ ဆက်ပြီး ကြုံတွေ့နေစေ ပါတယ်။ 

အခုတော့ မြန်မာနိုင်ငံ မှာ ရာစုနှစ် ထက်ဝက်ကျော်လောက် ကာလ အတွင်း ပထမဆုံး အကြိမ် အဖြစ် ဒီမိုကရေစီ နည်းလမ်း တစ်ကျ ရွေးချယ် တင်မြှောက်ထားတဲ့ သမ္မတ တစ်ဦး တက်လာပါတော့မယ်။ အမေရိကန် ကုမ္ပဏီကြီးတွေ အ နေနဲ့လည်း အခြေအနေ အပြောင်း အလဲတွေကို ပိုပြီးအလေး အနက် မျှော် လင့်လာပါပြီ။
 
လတ်တလောမှာတော့ အမေရိကန် အမှတ်တံဆိပ် အနည်း အကျဉ်းလောက် ပဲ မြန်မာနိုင်ငံ ထဲကို ခြေ ဆန့် ဝင်ရောက်လာ နိုင်ပါသေးတယ်။ အဲဒီ အမှတ် တံဆိပ်တွေ ထဲမှာ ကြက်ကြော် အ ရောင်းဆိုင် KFC လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ တောက်တောက်ပပ နဲ့ ရန်ကုန်လေဆိပ် သစ်ကြီး ရဲ့ ဧရိယာ ထဲမှာ KFC က ပထမဆုံး ဆိုင်ခွဲ တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ 

အဲဒီလေဆိပ်သစ်ကြီး ကိုတော့ အမေရိကန် က နာမည်ပျက် စာရင်း သွင်းထားတဲ့ ကုမ္ပဏီတစ်ခု က ဆောက် လုပ်ထားတာပါ။ အမေရိကန် စီးပွားရေးလုပ် ငန်း အမြောက်အမြား ဟာ မြန်မာ နိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှုတွေ အစပြု လာဖို့ စိတ်အား ထက်ထက်သန်သန်ရှိနေကြောင်း အရိပ်အယောင်တွေ ပြသနေပါတယ်။