12 March 2019

သူများတွေ သိကုန်ပြီ ကိုယ်သိဖို့ပဲ လိုတော့တယ်




ဒီနေ့ ဘီဘီစီ သတင်း ဖတ်ရင်း က စိတ်ဝင်စား စရာ သတင်းလေးတစ်ပုဒ် ဖတ်ဖြစ် ပါတယ်။
အင်္ဂလန် မှာ ဒုတိယ ကမ္ဘာ စစ် နောက်ပိုင်း ခေတ် စား တဲ့ ဘဏ်ချေးငွေနဲ့ အိမ်ကြီးကြီး ကားကောင်းကောင်း တွေ ဝယ်ပြီး နေ တဲ့လူနေမှုပုံ စံက နေ တော်သင့် သလောက် အိမ်လေး ရယ် မရှိမဖြစ်လို မှ ဝယ် တဲ့ ဂျပန် ကားလေး ကိုစီး ပြီး အကြွေးမထူ လူ မပူရဘဲ ခပ်အေးအေး နေ တဲ့ပုံစံ ကို ပြောင်း လဲလာပါတယ်တဲ့။
အဲ့ဒီလို ကြွားဝါ ရမဲ့ကိစ္စ တွေ မှာ ငွေမသုံးဘဲ မရှိမဖြစ်တာ လေး ကို စီစစ်ပြီး သုံး တာ ကို အင်္ဂလိပ် လို Frugal Living လို့ ခေါ်ပါတယ်။
စားစရာ ဝတ်စရာ စတာ တွေမှာ ငွေကုန် ကြေးကျ များ တဲ့ ဇိမ်ခံပ စ္စည်းတွေ မလို အပ်ပဲ ဝါသနာ အရ ဝယ်တာ ကို လျှြော့ပီး သင့်တင့် မျှတအောင် နေ တာပါ။
အရင်းရှင် စနစ် ရဲ့ကျောရိုး ဖြစ်တဲ့ လောဘ အလျှောက် အလွန်အကျွှံ ဝယ်ယူ သုံးစွဲ တဲ့ အကျင့် ကနေ ရှိတာလေး နဲ့ လှအောင် ဆင် ပြီးရိုးရိုး ရှင်းရှင်း နဲ့ နေ လာကြပါတယ်။
ဒီလို နေ ကြည့်တော့ ဘာသွားတွေ့ သလဲ ဆို တော့ ဘဏ်တွေက နေ အကြွေး ယူ ရတာ အတိုးပေးရတာ နည်း သွားပြီး သူ တို့ နိုင်ငံ ကလူတွေ အတွက် ဆို အသက် ၄၀ လောက်မှာ ငွေကြေးစုမိဆောင်း မိဖြစ်သွား ပြီး ပင်စင်ယူ ကိုယ်ဝါသနာ ပါရာ လုပ် နေ နိုင်သွား ပါတယ်။


09 March 2019

စအို က အကောင် အရှင်လေးတွေ



ဆရာဝန် ညီလေးတစ်ယောက်ရဲ့ဆေးခန်းကို လာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့ စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ ) အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက် ပျောက်လိုက်နဲ့ ၃-၄ နှစ်လောက် ရှိပြီတဲ့…။
သတိထားမိတာတော့ အဲဒီ မတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ပြောတယ်။ အဲဒီ အကောင်လေးတွေသာ အသည်းထဲမှာ တွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။
ဒီ လပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်း မကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင် လူနာ တွေ အစာအိမ် ကင်ဆာ အူမကြီး ကင်ဆာတွေနဲ့၊ တစ်ချို့ ဆိုရင် ခွဲလို့ မရနိုင်တော့တဲ့ အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ ဘဝတွေကိုဖြစ်လို့။
အဲဒီလို လူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တစ်ကျက်ပြုတ်တွေ ထိုင်စားနေတဲ့ တုတ်ထိုး ဆိုင်တွေ ၊ မကျက်တစ်ကျက် ကင်တဲ့ အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါ ရိုက်ထားတဲ့ အကင် ဆိုင်တွေနဲ့ တစ်ခါတစ်လေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေတောင် ထွက်လာတတ်သေးတဲ့ ငါးကင်တွေ…
နောက်တစ်ခါ ဆိုင်ကြီး ကနားကြီးတွေနဲ့ ရောင်းပြီး ဈေးကြီး ပေးစားရတဲ့ ဆိုင်တွေက ပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ပြီး ကျက်မှန်း မသိ မကျက်မှန်း မသိ ဆယ်စားနေကြတဲ့ အသား ငါး ပုစွန်တွေနဲ့ readymade အသင့်စား အစားအစာ လို့ခေါ်တဲ့ ခေါက်ဆွဲခြောက် ကြာဇံခြောက် ကော်ဖီမစ် တီးမစ်တွေကို မျက်စိ ထဲမှာပြေးမြင်မိတယ်။


သေတဲ့ အထိ လေမဖြတ်ဘူး




၁။ ဆင်တုံးမနွယ် အစို လက်တစ်ညိုး တစ်ဆစ်ဖြတ် (ငါးကျပ်သားခန့်) ကို ၄ ခြမ်းခွဲပြီး ထည့်ပါ။
၂။ ရေကျက်အေး သို့ သောက်ရေသန့် (ငှက်ပျောဖူး ပုလင်း ၂ ပုလင်း) (1.5 L)
၃။ ဆား တစ်ဇွန်း (လက်ဖက်ရည်ဇွန်း အသေး) (ဆားများပါက သွေးတိုးသမားများအတွက် မကောင်းပါ။)
၎။ ထန်းလျက် (ငါးကျပ်သား) (ထန်းလျက် မပါပါက ကြာကြာထားမခံပါ။ ပုတ်လွယ်သည်။)
၅။ ရှောက်နူသီး ခေါ် ရှောက်ဘီလူးသီး ၂ လုံး (ရှောက်တွတ်သီး ဟုလည်းခေါ်သည်။ )
ထို ၅ မျိုးကို ရော၍ အဖုံးလုံသော ဖန်ပုလင်း သို့ ကိုကာကိုလာဗူး အမာ များတွင် (ရေဗူး အပျော့ တွင် ပေါက်ထွက်နိုင်) တစ်ပတ်တိတိ ပိတ်ထားပြီး (ခပ်ကြာကြာ ထားနိုင်ရင် ပိုကောင်းသည် ) 

ရက်ပြည့်က တစ်နေ့ကို ညအိပ်ယာ မဝင်မှီ စတီးဇွန်း ၃ ဇွန်းစာ ညစဉ်သောက်ပါ။ ဗူးအဖုံး ဖွင့်စဉ် gas ရှိသောကြောင့် လှုပ်၍ မဖွင့်ရ။


စာဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံ ရှာဖို့ အတွေး အခေါ်တွေ ရပါလိမ့်မယ်




အလုပ် မရှိရင် စာဖတ်ပါ၊ စာဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံ ရှာဖို့ အတွေး အခေါ်တွေရပါလိမ့်မယ် ။
ဆယ်နှစ်စာ အတွေ့အကြုံကို ကြို ရချင် ရင်အတွေး အခေါ်ရှိတဲ့ လူကြီး စကား နားထောင်ပါ။
ဘဝမှာ အောင်မြင်ချင် ရင် ရူံးနိမ့်ခဲ့ဖူး သူ ဆီက သင်ယူ လေ့လာပါ။
တစ်သက်လုံး လိပ်ပြာ လုံချင်ရင် ကိုယ်ကျင့်တရား ကိုလုံခြုံစွာထိမ်းနိုင် အောင်ကြိုးစားပါ။
အသိပညာ ၊ အတတ်ပညာ ကို ပြည့်စုံ ရင့်ကျက် စေချင်ရင်လက်တွေ့ လုပ်ဆောင်ပါ။
ကြီးမားတဲ့”နောင်တ” ဆိုတာ မရှိ စေချင်ရင်ရွှေထက် တန်ဖိုးကြီးသော “အချိန် “ကိုလေးစားပါ။


08 March 2019

လက်နက်၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်းများမှ ငွေအသပြာများ အလျှံပယ်ဖြစ်နေသည့် မြို့




တရုတ်ပြည် သို့ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် မူဆယ်မြို့၏ ညစ်ပတ် ပေရေနေသော လမ်းမများပေါ်တွင် ‘ပန်ဆေး’ ပြည်သူ့စစ် အဖွဲ့မှ တိုက်ခိုက်ရေးသမားများ ဥဒဟို သွားလာနေကြသည်။

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့တွင် လက်နက်များ၊လောင်းကစား ရုံ များ၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်း များ မှ ပေါ်ထွက်လာသည့် ငွေကြေးများ အလျှံပယ်ဖြစ်နေသည်။

တရုတ်ပြည်နှင့် မြန်မာနိုင်ငံ အကြား ၎င်းတို့ နယ်စပ် တစ်လျှောက် တပ်ဖွဲ့များ ဖြန့်ချမှု မပြုရန် သဘောတူညီ ချက် တစ်ရပ်ရှိသည်။ သို့ဖြစ်၍ KIA နှင် TNLA အပါအဝင် ယင်းဒေသ၌ လှုပ်ရှားနေ ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဗဟိုအစိုးရ အကြားနှစ်ရှည် လများပဋိပက တစ်ခုတွင် မြန်မာ့တပ်မတော်သည် ဌာနေပြည်သူ့စစ်အဖွဲ့များကို ကိုယ်စားလှယ်များအဖြစ် အသုံးပြုခဲ့ သည်။

ရှမ်းပြည်နယ်၏ နယ်စပ်မြို့ မူဆယ်ကို လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့က အုပ်စီးထားသည်ဟု ဆိုသည်။ ယင်းတို့ အနက် ‘ပန်ဆေး’ အဖွဲ့ သည် မူဆယ်မြို့၏ အင်အား အကြီးဆုံးပြည်သူ့စစ် အဖွဲ့များအနက် တဖွဲ့ ဖြစ်သည်။

ပန်ဆေး အဖွဲ့တွင် အဖွဲ့ဝင် ရာပေါင်းများစွာ ရှိပြီး အမ်-၁၆ ရိုင်ဖယ် များ၊ ကာလက်ရှ်နီကော့ဗ် ရိုင်ဖယ်များ စသည်ဖြင့် ခေတ်မီ လက်နက် များ ကိုင်ဆောင် ထားကြသည်။

ပန်ဆေးပြည်သူ့စစ် အဖွဲ့တွင် ကိုယ်ပိုင် ကျောက်စိမ်းတွင်းများ၊ စီးကရက် စက်ရုံများ၊ ကာရာအိုကေ ဘားများရှိသည်။ စီနီယာ ပန်ဆေး အဖွဲ့ဝင် တစ်ဦးက ၎င်းတို့ အဖွဲ့သည် မူးယစ်ဆေးဝါးနှင့် အခြားဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ်များတွင် ပါဝင်ပတ် သက်ခြင်း မရှိဟု ပြောကြားသည်။

မူဆယ် ရှိ အခြားပြည်သူ့စစ် အဖွဲ့များနည်းတူ ပန်ဆေး အဖွဲ့သည် တပ်မတော်၏ အုပ်ချုပ်မှုအောက်၌ ရှိသည်။ အပြန်အလှန် အနေနှင့် တစ်စုံ တစ်ခုသော အတိုင်းအတာအထိ လွတ်လပ် စွာလှုပ်ကိုင်ခွင့် ရသည်။ ပြည်သူ့စစ် အဖွဲ့ဝင်များက သူတို့ကိုယ် သူတို့ ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ အဖြစ် ညွှန်းဆိုကြသည်။

၎င်းတို့သည် ပြည်သူလူထု အပေါ် အနိုင်ကျင့် ဗိုလ်ကျ ဥပဒေနှင့် မညီသည့် လုပ်ငန်းများ လုပ်ကိုင်နေကြ သော သူပုန် အုပ်စုများကို တိုက်ခိုက်နေသည် ဟုလည်း ပြောကြသည်။

သို့ရာတွင် နိုင်ငံရေးလေ့လာ စိစစ်သူ ဒေးဗစ် မက်သီဆန် က မူဆယ်မြို့၏ တရားမဝင် စီးပွားရေး လုပ်ငန်း နောက်ကွယ်၌ ပြည်သူ့စစ် အဖွဲ့များရော၊ သူပုန်များပါ ပါဝင် ပတ်သက်နေသည်ဟု ပြောသည်။

” သူတို့ဟာ သေနတ်တွေ ကိုင်ဆောင်ပြီး မြို့ပတ်ကာ ကားမောင်း နေကြတယ်။ လောင်းကစားရုံတွေကို ဖွင့် ထားကြတယ်။ ယာဘ မူးယစ်ဆေးတွေ ရောင်းနေကြတယ်”ဟု ၎င်းက ပြောသည်။

မြန်မာ ကုန်သည်များသည် မူဆယ်မြို့မှ တစ်ဆင့် တရုတ်ပြည်သို့ ဆန်၊ ငါး၊ သစ်သီးများ တင်ပို့သည်။ တရုတ် ပြည်မှ လျှပ်စစ် ပစ္စည်း များ၊ လူသုံးကုန် ပစ္စည်းများ တင်သွင်းသည်။ အောက်တိုဘာနှင့် ဒီဇင်ဘာ အကြား တရားဝင်ကုန် သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ခန့်ရှိသည်။

သို့သော် တရားဝင် ကုန်သွယ်မှုထက် စိတ်ကြွဆေး၊ ဘိန်း၊ တိရစ္ဆာန် အစိတ်အပိုင်းများ၊ ကျောက်စိမ်း စသည့် တရားမဝင် ကုန်သွယ်မှုက မူဆယ်တွင် အဆမတန် ကြီးထွားလျက်ရှိသည်။

မြန်မာနိုင်ငံသည် ယခုအခါ ကမ္ဘာပေါ်တွင် စိတ်ကြွဆေးပြား အများ ဆုံးထုတ်လုပ်သည့် နိုင်ငံများအနက် တနိုင်ငံဖြစ်နေသည်။





အမှားကြာ အမှန်လို့ ယူဆတတ်တယ်




အလောင်းတော်ကဿ       ပ ဟု ဆိုလိုက်လျှင် အများစုက မြတ်ဗုဒ္ဓ လက်ထက် အရှင်မဟာ ကဿ ပ ကိုပြေးမြင် တတ်ကြပါ သည်။ အမှန်လည်း အလောင်းတော် ကဿ ပ ကို အရှင်မဟာ ကဿ ပအဖြစ် ယုံကြည်ကြသည်။
အင်တာနက် သမိုင်း စာမျက်နှာများက အစ အရှင်မဟာ ကဿ ပ ကို ရေးသား ပုံဖော်နေကြသည်ကိုတွေ့ရ၏။

ကလေးတွေ ဖတ်ရှုလေ့လာဖို့ အတွက် ဘုရားသမိုင်း စာအုပ်များ ဝယ်ပေးဖြစ်သည်။ အချို့သမိုင်း များက တိကျရေရာသော သမိုင်း မဟုတ်ပေ။ ထိုးဇာတ်တွေက များနေ၏။ ဒဏ္ဍာရီ ပုံပြင်ဆန်လှ သည်။ လူကြီးသူမ များက အဟုတ်ထင် သ ဖြင့် သမိုင်းမှတ်တမ်း စာအုပ် များရေးသား ထုတ်ဝေပြီးရောင်းချကြသည်။ ကလေး သူငယ်များက လည်း အဟုတ်ဟု မှတ်ထင်နေကြ လိမ့်မည်။ အမှတ်မှားပါက သမိုင်း အမှန်များပျောက်တော့ မည်။

" အမှားကြာလျှင် အမှန်ဖြစ် အမှန်စင်စစ် အမှားထင် ဘုရားရှင် ပင် ဟော၍ မရ" ဟူသကဲ့သို့ အမှားကြာ လာသည့် အခါ အမှန် ဟု ယူ ဆ တတ်ကြသည်။ အမှန် ဖြစ်လာခြင်းတော့ မဟုတ်ပေ။ အမှန်ဟု ထင်မြင် ယူဆလာခြင်းသာဖြစ်သည်။

အလောင်းတော်ကဿ         ပ ကို သွားရောက် ဖူးမြော်ကြသူတွေများ လှသည်။ မြန်မာ အများစုသည် ပင် နယ်လှည့် ဘုရားဖူးခြင်းဖြင့်သာ အချိန်ကုန်နေတတ်ကြသည်။ စာပေ ဖတ်ရှုလေ့လာခြင်းကား နည်း
ပါး လှ၏။

မရောက်ဘူးသည့် အရပ်ဒေသ သို့ ဒေသန္တရ ဗဟုသုတဖြစ်စေခြင်း ငှါ သွားသင့်၏။ မိမိသွားရောက် လေ့လာ သောအခါ၌လည်း ဓာတ်ပုံ ရိုက်ခြင်းနှင့် အချိန်မကုန်စေပဲ စနစ်တစ်ကျလေ့လာထားသင့်၏။

မိမိစီးသောမြင်း အထီး အမ ကွဲ သင့်သည် မဟုတ်လော့။ အများစုက ဘုရားဖူးခရီး ဟူ၍သာ သွားလိုက်ကြ သည်။ ပါရမီမြောက် ဘုရားဖူး သွားခြင်းမျိုး မဟုတ်ပဲ ပျားရည်ဆမ်း ခရီး ( ဟန်းနီးမွန်း ခရီး) သာဖြစ် ခဲ့ ကြသည်က များ၏။