25 December 2021

စိတ်ကိုပြင်သင့်ပြီ


ဆင်းရဲတာမှ ဒုက္ခရောက်တယ် မထင်နဲ့

ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ ။


မုန်းမှ စိတ်ပူလောင်ရတာ မဟုတ်ဘူး 

ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ ။


လောကဓံတရား ရှစ်ပါး ဆိုတာ   ဆန့်ကျင်ဘက် တရားတွေပဲ  အပြန်အလှန် ဒုက္ခ ရောက်နေကြတာ ။ လောကဓံ မုန်တိုင်းနဲ့ ကြံ့ခိုင်သည့် စိတ်ထား  ဘယ်လို ထားမလဲဆိုတာပဲ အရေးကြီးတယ် ။

သက်ဆိုး ရှည်တယ် ဆိုတာ  လောဘ ဒေါသ မောဟ အကုသိုလ် မကင်းပဲနဲ့ အသက်ရှင်နေတာ ။

သက်ကောင်း ရှည်တယ် ဆိုတာ ကုသိုလ်ကောင်းမှုတွေ များများလုပ်ရင်းနဲ့ အသက် ရှင်နေတာ ။


ငွေ ဂုဏ် ရာထူး စည်းစိမ်  နောက်လိုက်ရင်းနဲ့  မိသားစုနဲ့ ဝေးသထက်  ဝေးနေ ကြရတယ် ။ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့ အတူ မနေရတဲ့ နေ့တွေ ပိုများလာတယ် ။

ကိုယ့်ဇာတိ ကိုယ့်အိမ်ယာမှာ နေရတဲ့ ရက်တွေ မရှိသလောက် ရှားလာတယ် ။ကုသိုလ် ကောင်းမှုတွေ လုပ်ဖို့ အချိန်မရှိသလောက် ဖြစ်လာတယ် ။


သာသနာ ထွန်းကားတယ် ဆိုတာ အမှန်တရားကို သိရှိတာ လက်ခံတာ လိုက်နာ ကျင့်သုံးတာ ၊ သာသနာ ကွယ်တယ် ဆိုတာ အမှန်တရားကို မသိတာ လက်မခံတာ မလိုက်နာ မကျင့်သုံးတာ ကြောက်တဲ့ စိတ်နဲ့ ကြည့်ရင် တစ်လောကလုံးက ကြောက်စရာချည်းပဲ ။