23 June 2017
လက်ဝဲ - လက်ယာ နိုင်ငံရေး ဆိုတာ
ဒီအကြောင်းကို အစက မရေးဘူးလို့နေနေတာပါ။ လူတွေလည်း သိမှာပဲလို့ထင်တာ၊ တစ်ကယ်တော့ တစ်ချို့ လူငယ်တွေ မပြောနဲ့လူကြီးတွေကြားထဲမှာတောင် လက်ဝဲစွန်း လက်ယာစွန်း သဘောသဘာဝတွေကိုသေသေချာချာ နားမလည်ဘဲ၊ ရမ်းသမ်းပြောဆိုနေတာတွေ တွေ့လာရတဲ့အတွက် အထောက် အကူဖြစ်စေလိုသော ရည်ရွယ်ချက်နဲ့ ဒီစာလေးကိုရေးပါတယ်။
...လက်ဝဲ-လက်ယာနိုင်ငံရေးအမြင်/အယူအဆ ဆိုတာဟာ နိုင်ငံရေးအဆင့်အတန်း သတ်မှတ်ချက်စနစ် တစ်မျိုး၊ ဒါမှမဟုတ်အတွေးအခေါ် ၀ါဒတစ်မျိုး၊ ပါတီ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်ရပ် ရဲ့ ဆန့်ကျင် ဖက် သဘောဆောင်တဲ့ ရပ်တည်ချက်နှစ်မျိုးလို့အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။
...ဒီအခေါ်အဝေါ်တွေဟာပြင်သစ်နိုင်ငံက စတင်ခဲ့ပြီး စတင်ခဲ့တုန်းကတော့ လက်ဝဲရပ်တည်ချက် ဆိုတာပါတီတွေရဲ့ဆောင်ရွက်ချက်လို့ခေါ်ဆိုပြီး၊ လက်ယာရပ်တည်ချက်ဆိုတာ ပါတီရဲ့ အမိန့်အာဏာ လို့ခေါ်ဆို ခဲ့ကြပါတယ်။
...အဲ့ဒီအချိန်တွေတုန်းကနိုင်ငံရေးအမြင်/ အယူအဆ ဆိုတာ၊ လူထုတွေအပေါ် ချမှတ်တဲ့ အမိန့်သြဇာ နဲ့ဒေသတွင်း လက်ရှိ ယဉ်ကျေးမှူတွေအပေါ် အခြေတည်ထားတဲ့ လုပ်ဆောင်ချက်လို့ ရှေးဦးစွာနားလည်ခဲ့ကြပါတယ်။
..အခုလို ဖတ်လိုက်ရင် မရှင်းလင်း နားမလည်နိုင်တဲ့အတွက် လက်ဝဲ-လက်ယာနိုင်ငံရေး အမြင်/အယူအဆစတင်ဖြစ်ပေါ်လာပုံကိုပြန်ပြောပြရမယ်ဆိုရင်တော့။
...၁၇၈၉ ခုနှစ်ပြင်သစ် တော်လှန်ရေးကာလ ကိုပြန်ပြောရမှာဖြစ်ပါတယ်။
...ပြင်သစ်တော်လှန်ရေးမှာဘုရင်စနစ်နဲ့အတူပြည်သူ တင်မြှောက်တဲ့ လွှတ်တော်စနစ်ကို စတင်ခဲ့ပြီး National Assembly ကို စတင် ခဲ့ပါတယ်.။
...ဒီလို စတင်ရာမှာ ဘုရင်နဲ့ သမတကို ထောက်ခံအားပေးသူတွေက လက်ယာဘက်ခြမ်းမှာ ထိုင်ကြရပြီး ၊တော်လှန်ရေးကို ဦးဆောင်တဲ့ပြည်သူ့ကိုယ်စားလှယ်တွေက လက်ဝဲဘက်ခြမ်းမှာ နေရာယူ ထိုင်ကြရပါ တယ်။
....အဲ့ဒီကနေ စပြီး လက်ဝဲစွန်း လက်ယာစွန်း သဘောကို စတင် သတ်မှတ်ကြရာမှာတော့ အဲ့ဒီခေတ် က လက်ယာစွန်း ဆိုတာ ဘာသာတရား နဲ့ယဉ်ကျေးမှူကို ထိမ်းသိမ်း ကာကွယ်သူ ဘုရင်ကို သစ္စာခံသူလို့ဆို လိုပြီး လက်ဝဲစွန်း ဆိုတာပြည်သူ အတွက်တော်လှန်ရေးလုပ်ငန်းတွေဆောင်ရွက်သူလို့အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြပါတယ်။
19 June 2017
မြန်​မာပြည် ​စီးပွား​ရေး ထပ်​မံကျဆင်းနိုင်
တရုတ်နိုင်ငံတွင် ကုန်သွယ်ဆောင်ရွက်ရန် အတွက် ငွေစာရင်း ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများ၏ bank account များကို တရုတ် အစိုးရမှ ထိန်းချုပ်(freeze)လိုက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ ...
၁။ ထိခိုက်မှု ပမာဏ ဘယ်လောက်ရှိသလဲ
နယ်စပ်နေ မြန်မာနိုင်ငံသား(လယ်ယာထွက်ကုန် ပစ္စည်း ဆန်၊ ပဲ၊ပြောင်း ၊နှမ်း၊ သကြား၊ Export လုပ်ကိုင်သူများ နှင့် မြေသြဇာ၊ လယ်ထွန်စက် အစရှိသည့် import လုပ်ကိုင်သူများ) တွေရဲ့တရုတ်ဘဏ် တွင် ဖွင့် လှစ်ထား သည့် ငွေစာရင်း ရာပေါင်း များစွာကို ကြိုတင် အသိပေးခြင်း မရှိပဲ ၂၀၁၇ ခုနှစ် ဇွန်လ ၁၄-၁၅ ရက်တွေမှာ ထိန်းချုပ် ( Freeze) ခံရပြီး ယွမ်ငွေ သိန်းထောင်ကျာ် ခန့် မြန်မာငွေနဲ့ တွက်ရင် ကျပ်ဘီလီယံ ၄၀၀ ကျော် freeze လုပ်ခြင်းခံရပါတယ်။
၂။ တရုတ်နိုင်ငံမှာ ဘာကြောင့် Bank Account ဖွင့်ရတာလဲ
နယ်စပ် ကုန်သွယ်ရေး အရ တရုတ်နိုင်ငံကို ရောင်းဝယ်တဲ့အခါ တရုတ်ပြည်ရှိ bank account သုံးပြီး လုပ် ရပါတယ်။ ဆန်ရောင်းတဲ့ အခါ ဆန်ကို တရုတ်ကုန်သည်ကို အကြွေးပေးလိုက်ပြီး သူ အဆင်ပြေတဲ့အခါ bank account ထဲငွေထည့်တာကိုစောင့်နေရပါတယ်။ ဒါကြောင့် အန္တရာယ်ရှိမှန်း သိသိနဲ့ တရုတ်တွင် bank account ဖွင့်ပြီးလုပ်နေရတာပါ။ မူဆယ်ဖက်မှာ မြန်မာ ဘဏ်တွေ က နိုင်ငံခြားငွေ account ဖွင့်ဖို့ အစည်းအဝေးတွေမှာ တင်ပြဘူးပါတယ်။ အကောင်အထည် မပေါ်သေးပါ။
၃။ အရင်ကော bank account ပိတ်တာရှိပါသလား
အရင်လည်း အခုလို ပိတ်ဘူးပါတယ်။ ဒါပေမဲ့ ၄-၅-၁၀ ဦးလောက်ပါ။ ဒီလောက်တော့ ပမာဏ မများပါဘူး။ လူနည်းတော့ အသံ မထွက်ဘဲကြိတ်ခံ နေကြရပါတယ်။
၎။ Bank Account တွေ ထိန်းချုပ်ခံရခြင်း၏ အခြေခံ အကြောင်းရင်း
မြန်မာ့ ထွက်ကုန်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ တရားဝင် အခွန် ၂% ဆောင်ပြီး တရားဝင် Export ဆိုပြီး ထွက်ပေမဲ့ တရုတ်နိုင်ငံမှာတော့ illegal import ဖြစ်နေပါတယ်။ ဒါကြောင့်ငွေပေးချေမှုမှာ မြန်မာပြည်ကို LC or TT လွှတ်လို့မ ရနိုင်ပါ။ တရုတ် အစိုးရက တရားမဝင် ကုန်သွယ်မှုကို ထိန်းချုပ်ရင်း သူတို့နဲ့ ဆက်နွယ်နေတဲ့ bank account တွေကိုပါ freeze လုပ်လိုက်ခြင်းဖြစ်ပါတယ်။
၅။ လတ်တလော ဘာတွေထိခိုက်နိုင်ပါသလဲ
မူဆယ် ၊မန္တလေး ၊ရန်ကုန် နဲ့ အခြား ဆက်နွယ်နေတဲ့ SME လုပ်ငန်းရှင်တွေ အရင်းပြုတ်မယ်။ Bank account တွေ ပိတ်ခံထားရတော့ လောလောဆယ် နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်မယ်။ ကုန်သွယ်ရေးနဲ့ ဆက်စပ်နေတဲ့ ထောင်ပေါင်းများစွာသော ကားတွေ အလုပ်သမားတွေ အလုပ် မရှိဖြစ်နေမယ် ။ နိုင်ငံတော် ကလည်း Export ကျမယ် အခွန်ဝင်ငွေလျော့မယ်။
အရှေ့တောင်အာရှ မူဆလင် နယ်စွန် ပြဿနာ - [ဒေါက်တာ အေးချမ်း]
ဒီပြဿနာသုံးရပ်ရဲ့ သမိုင်းနောက်ခံကို ကျွန်တော် အင်္ဂလိပ်လို စာတမ်း တစ်စောင်ရေးပြီး ထုတ်ဖူးတယ် ။ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ကျွန်းတောင်ဘက်က အစ္စလာမ် ဘာသာဝင် မိုရို လူမျိုးတွေ နေထိုင်တဲ့ နေ ရာရယ်၊ ထိုင်းတောင်ပိုင်း က ပတာနီ၊ နာရာသီဝတ် နဲ့ ယာလာ ဆိုတဲ့ အစ္စလာမ် ဘာသာဝင် မလေးလူမျိုးတွေနေတဲ့ နယ်သုံးနယ်ရယ်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ လူမျိုးတွေ ၀င်ရောက်နေထိုင်ကြတဲ့ မေယု နယ်ခြားဒေသခေါ် ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေကို နှိုင်းယှဉ်ပြီးရေးခဲ့တာပါ။ 
ဒီနေရာတွေကို ကျွန်တော်က အင်္ဂလိပ်လို “Muslim Enclaves” လို့ ခေါ်လိုက်တယ်။ အခုမြန်မာလို ရေးတဲ့အခါ အစားထိုးဖို့ ဝေါဟာရ ရှာမတွေ့တာနဲ့ 'နယ်စွန်' ဆိုတဲ့ စကားကိုပဲ သုံးလိုက်ပါတယ်။ အရှေ့တောင်အာရှအရေးကို လေ့လာကြတဲ့ ပညာရှင် အတော်များများဟာ ဒီနယ် သုံးနယ်ကို တစ်သဘောတည်း ထား ပြီး နှိုင်းယှဉ်လေ့ရှိကြတယ်။ 
တစ်ကယ်တော့ သမိုင်းနဲ့ ယဉ်ကျေးမှု နောက်ခံ မတူကြဘူးဆိုတာ သဘောပေါက်ဖို့ လိုပါလိမ့်မယ်။ ဒီပြဿနာကို ဆွေးနွေးမယ် ဆိုရင် အရှေ့တောင်အာရှ က စုမားတြား အစ္စလာမ်ဘာသာ ရဲ့သမိုင်းကို အကျဉ်းလောက်သိထားဖို့လိုမယ်။
အရှေ့တောင်အာရှ မှာ အစ္စလာမ်ဘာသာ ဟာ ဂျီဟဒ်ခေါ် ဘာသာရေး စစ်ပွဲကြောင့် ပျံ့နှံ့လာခဲ့ခြင်း မဟုတ်ပါ။ ကုန်သွယ်မှုနဲ့ အတူ ပျံ့နှံ့ လာခဲ့ခြင်းဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာ အစ္စလာမ် ဘာသာ အစောဆုံး အမြစ်တွယ် ခဲ့တာက စုမားတြားကျွန်း မြောက်ဘက် အစွန်က ပါဆိုင်း (Pasai) နဲ့ ပါလက် (Palak) ဆိုတဲ့ နယ်တွေပါ။ 
အိန္ဒိယပြည် ဂူဂျရက် နယ်သား မူဆလင် ကုန်သည်တွေက ဒီနယ်နှစ်နယ်က အုပ်ချုပ်သူ မင်းတွေကို သာ သနာပြုပြီး အစ္စလာမ် ဘာသာထဲ သွတ်သွင်းနိုင်ခဲ့တယ်။ အုပ်ချုပ်သူရဲ့ သြဇာကြောင့် အုပ်ချုပ်ခံတွေလည်း ဘာသာ ကူးပြောင်းလာကြတယ်။ စူမားတြားကျွန်းလုံးသာ မက အနှစ်တရာလောက် အတွင်းမှာ မလေး ကျွန်းဆွယ်၊ ဂျားဗား ကျွန်း တို့ကိုပါ ပျံ့နှံ့သွားတယ်။ 
စူမားတြားမှာ အစ္စလာမ်သာသနာ အမြစ်တွယ်ပုံကို အဲဒီ ကျွန်းမှာ ဥရောပကို ပြန်ဖို့ သင်္ဘောစောင့်နေတဲ့ မာကိုပိုလို က သူ ခရီးသွားမှတ်တမ်းမှာ မှတ်တမ်း တင်သွားပါတယ်။ မာကိုပိုလို ဟာ တရုတ်ပြည်ကနေ ဒီကျွန်းပေါ်ကို အေဒီ ၁၂၉၃ ခုနှစ်မှာ ရောက်လာပါတယ်။ အစ္စလာမ်ဘာသာဟာ ၁၄ နဲ့ ၁၅ ရာစု အတွင်းမှာပဲ အရှေ့တောင်အာရှကို ပျံ့နှံ့သွားလိုက်တာ စပိန်တွေ ဖိလစ်ပိုင်မှာ ကိုလိုနီမထူထောင်ခင်မှာဘဲ မင်ဒါနာအိုတောင်ပိုင်းအထိ ပျံ့နှံ့နေပါပြီ။ 
စပိန်တွေရောက်လာတော့ ဒီလူတွေက မူဆလင်တွေပဲ ဆိုပြီး ခရူးဆိစ် စစ်ပွဲတုန်းက အာရပ်တွေကို ဥရောပ တိုက်သားတွေက ခေါ်သလို မူးရ် (Moor) လို့ ခေါ်ရာက မိုရို ဆိုတာဖြစ်လာတာပါ။ စပိန်တွေက ဖိလစ် ပိုင် မှာ ဘရင်ဂျီ ဘာသာကို သာသနာပြု တယ်။ မူစလင် မဖြစ်သေးတဲ့ တိုင်းရင်းသားတွေ အားလုံး ခရစ်ယာန်ဖြစ်လာတော့ သူတို့က မူဆလင် လူနည်းစုအဖြစ် ကျန်ခဲ့တာပါပဲ။
စပိန် ကိုလိုနီဘ၀ ကတည်းက မိုရိုတွေဟာ ခရစ်ယာန် ဘာသာဝင်တွေ ကြီးစိုးတဲ့ ဖိလစ်ပိုင်နိုင်ငံက ခွဲထွက်ဖို့ ကြိုး ပမ်းလာခဲ့ကြတာပါ။ အရှေ့အလယ်ပိုင်းက အစွန်းရောက် အစ္စလာမ်မစ်လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်ထားကြပါတယ်။ အခုမင်ဒါနာအိုကျွန်း မာရာဝီမြို့မှာ အခိုင်အမာနေရာ ယူထားကြတာကို ဖိလစ်ပိုင် တပ်တွေက အင်အားသုံးပြီး ချေမှုန်းနေရတယ်။ 
သမ္မတဒူတာတေး က ဖိလစ်ပိုင် တပ်သားတွေကို မေလ ၂၆ ရက်နေ့က မိန့်ခွန်းပြောရာမှာ မင်းတို့ မိန်းမ သုံးယောက် အထိ မုဒိမ်းကျင့်လို့ ရတယ်။ ပြဿနာ တက်ရင် ငါက ကျင့်တယ်လို့ပြောပြီး ငါထောင်ကျခံလိုက်မယ်လို့ နောက်သလို လိုပြောသွားတာကိုကြည့်ရင် ဒီစစ်ကို ဖြစ်တဲ့နည်းနဲ့ နိုင်အောင်တိုက်ရမယ်လို့ ပြောလိုက်တာပါပဲ။ 
နိုင်ငံတောင်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာ ထားတယ်။ စစ်သားတွေကို အပြည့်အ၀ ထောက်ပံ့သွားမယ်လို့ ကတိပြုတယ်။ မင်းတို့ လုပ်စရာရှိတာ မင်းတို့ လုပ်ကြ၊ ပြဿနာတွေ အားလုံးငါရှင်းမယ် ဆိုပြီး လူမိုက်စကား လည်း ပြောလိုက်သေးတယ်။ တစ်ဖက် ကလည်း ညှိနှိုင်းဆွေးနွေးဖို့ ပြင်ဆင်ထားတယ်။ ဒါပေ မဲ့ စစ်သွေးကြွတွေက ဖမ်းထားတဲ့ ဓားစာခံတွေကို လွှတ်မပေးရင် တော့ ဘယ်လိုမှအပေးအယူလုပ်လို့ မရနိုင်ပါဘူး။
18 June 2017
ဒစ်ဂျစ်တယ် စီးပွားရေး
*ဒီလို လုပ်နေကျပဲလေ* ဆိုတဲ့ ပြောနေကျ စကားကို ကျနော်တို့ ဆက် ပြောနေဦးမှာလား ။ ဒါဆိုရင်တော့ ဒစ် ဂျစ်တယ် စီးပွားရေး မှာ နောက်က ကျန်နေခဲ့မှာ သေချာနေပါပြီ။
ဒစ်ဂျစ်တယ် စီးပွားရေး (Digital Economy) ဆိုတာ ဘာလဲ
ဒစ်ဂျစ်တယ် စီးပွားရေး ဆိုတာ အလွယ်တော့ Digital Computer Information and Communication Technology ကို အခြေခံတဲ့ စီးပွားရေးလို့ ဆိုပါတယ်။ အလွယ်ပြောရရင်တော့ ဂဏန်းပေါင်းစက်လို ဒစ်ဂျစ်တယ် စက်ကလေးမျိုးတွေက အစ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း များ အလယ်၊ အဲဒါတွေအားလုံးကို ချိတ်ဆက်ပေးတဲ့ အင်တာနက် နဲ့ ဖေ့စ်ဘွတ်လို ဗိုင်ဘာ လို apps တွေ အဆုံး ပါဝင်ပါတယ်။ 
ဒါ့အပြင် ထိတွေ့ လို့ မရတဲ့ ဥပဒေ စည်းမျဉ်းတွေ၊ စံနှုန်းတွေ၊ နည်းပညာတွေပါ ပါဝင်ပါတယ်။ အရင်က ဒစ်ဂျစ်တယ်ဆိုတာ စီးပွားရေးရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပေမယ့် အခုက စလို့ ရှေ့ လျှောက်မှာတော့ အရာရာ ဒီဂျစ်တယ် နဲ့ မလွတ်ကင်းနိုင်တဲ ခေတ်ကြီးမှာ ဒစ်ဂျစ်တယ် ကိုယ်တိုင် က ပင်မ စီးပွားရေး ဖြစ်လာနေပါပြီ။
အပြောင်းအလဲမြန်တဲ့ ဒီကမ္ဘာ
ကျနော်တို့ ရင်းနှီးခဲ့ဘူးတဲ့ Brand တွေဖြစ်တဲ့ Kodak, Nokia, BlackBerry အစရှိတာတွေ မျက်စိရှေ့ မှာတင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြတယ်။ ဖလင်ကူးဆေးတယ် ဆိုတဲ့ ဆိုင်တွေ ပျောက်ကွယ် သွားခဲ့တယ်။ သူတို့ရဲ့ ပစ္စည်းတွေ အရည်အသွေး မမှီလို့ မဟုတ်ခဲ့ဘူး။ အခုကျနော်တို့ သုံးနေကြတဲ့ Brand တွေ၊ ဝန်ဆောင်မှုတွေ၊ အသုံးအဆောင်တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်က မကြားဘူးခဲ့တာတွေ အများစုပဲ။
Facebook, Google, 3G, Viber, Visa, MasterCard, Smart Watch, Drone, YouTube, Uber, Grab, စတာတွေဟာ ကျနော်တို့တွေ အတွက် အသစ်ဖြစ်ယုံတင် မက အတော်များများက ကမ္ဘာကြီး အတွက်တောင် အသစ်တွေပါ။
အရင်က ခေတ်ရေစီးကြောင်း တစ်ခု တစ်နေရာ ကနေ တစ်နေရာ စီးဆင်းသွားဖို့ နှစ်၊ လ ချီအောင်ကြာခဲ့ တယ်။ ရုပ်ရှင်တွေ၊ ဂီတတွေ၊ မဂ္ဂဇင်းတွေ၊ တီဗွီတွေ က တစ်ဆင့် အချိန်တစ်ခု ယူပြီးမှ ပင်မရေစီးကြောင်းထဲ စီးဝင်ကြတယ်။ 
အခုဆို အင်တာနက် လှုမှု ဆက်ဆံရေး ကွန်ယက်တွေက တစ်ဆင့် ချက်ချင်း စီးဆင်းပြန့်နှံ့တယ်။ Dab ဆိုရင် Dab၊ PPAP ဆိုလဲ PPAP၊ စီးဆင်းနှုန်းက အင်မတန်မြန်လာတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှန်း မှာ ပြောင်းလဲနေ တာတွေဟာ ချက်ချင်း ဆိုသလို ကိုယ်ရှေ့ကို ရောက်လာတော့မယ်။ မနေ့က ဆိုတာ တော်တော်ဝေး သွား ပြီး မနက်ဖြန် ဆိုတာ အရမ်းနီးလာတယ်။
ဘာတွေလာမလဲ… ဘယ်အလုပ်တွေ ပျောက်ကွယ်သွားမလဲ......
Drone
အခုလောလောဆယ် အပျော် ပျံသန်းဖို့နဲ့ ကောင်းကင်ဓါတ်ပုံ ရိုက်ဖို့ သုံးနေကြတဲ့ Drone တွေဟာ Logistic အပြင် အခြား မဆုံးနိုင်တဲ့ အသုံးတွေ ရှိနေပါတယ်။ အခု သုံးနေတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယို ရိုက်ကူးရေးမှာတောင် အရင်က နဲ့ မတူတဲ့ Dimension နဲ့ Space ကို ဖေါက်ထွက်လာခဲ့တာ သက်သေ အနေနဲ့ တွေ့ နိုင်ပါတယ်။
 ပျောက် ကွယ်တော့မယ့် အလုပ်က ပစ္စည်း သယ်ပို့ပေးသူ (Delivery Man)
AR (Augmented )
AR ကတော့ အပြင်မှာ ရှိတာနဲ့ ဖန်တီး ထားတာကို ပေါင်းစပ် ထားတာပါ။ ဥပမာ မန္တလေးကျုံးရှေ့ ရောက်လို့ ကိုယ်ရဲ့ စမတ်ဖုန်း ထဲက ကြည့်လိုက်တဲ အခါ ကျုံး ရဲ့ အခေါ်အဝေါ်ဖြစ်တဲ့ ပြအိုး ဆိုတာဘာ ပြစ္စင် ဆိုတာဘာလို့ အပြင်က မြင်ရတာနဲ့ ဖြည့်စွက် ယှဉ်တွဲ ဖေါ်ပြတာပဲ ဖြစ်ပါတယ်။ Pokemon Go ဂိမ်းဟာ အမြင်သာဆုံး AR ပစ္စည်းတစ်ခုပါ။
15 June 2017
သဘောင်္ပေါ်ကနေ စိတ်ညစ်လို့ ခုန်ချသွားကြသူများ
စကာင်္ပူ က အိမ်အကူ မြန်မာမလေး စိတ်ဖိစီးမူ့ဒဏ် မခံနိုင်လို့ တိုက်ပေါ်ကနေ ခုန်ချ သွားတဲ့ သတင်း  HOT ဖြစ်နေလို့ ဒီစာလေးရေးလိုက်မိတာ ။
သဘောင်္ပေါ်မှာလည်း ဘာထူးသတုံး ကိုယ့်စိတ်နဲ့ သူ့ကိုယ် လိုက်လျောညီထွေအောင် အရာရာ သည်းခံပြီးအလုပ်လုပ်နိုင်မှ တော်ကာကြမယ်လေ ။ အဓိက က စိတ် ကိုယ့် အလုပ်မှာ ကိုယ်ဝါသနာပါဖို့ဘဲ ငွေကြေး တစ်ခု ထဲနဲ့တော့ မရဖူးလေ ။
နောက် ကိုယ်ရွေးချယ်တဲ့လမ်း မဟုတ်ခဲ့ရင်တောင် မိသားစုဝင်တွေက အတင်း အကြပ် ဖိအားပေးစေခိုင်း ခဲ့ရင်တောင် ကိုယ် ဝါသနာ မပါရင် အစထဲက ခါးခါးသီးသီးငြင်းလိုက်ပါ ။
ပိုဆိုးတာက စကာင်္ပူမှာ စတက်လာတော့ သဘောင်္ စားနပ် ရိက္ခာ ၃လ စာ လာပို့တာနဲ့ ကြုံပြီး မုန့်ဟင်းခါးစား အများနည်းတူ ဝိုင်းသယ်ပိုးရင်း ဗလ က မရှိတော့ လျာထွက်ပြီး ပင်ပမ်းတာက စပြီ ။ ရန်ကုန်မှာ ထဲက ဘော်ကြော့ နေခဲ့တဲ့သူ ဆိုတော့ပိုဆိုးပေါ့ ။
နောက် သဘောင်္က ဟောင်ကောင်ဖက် ထွက်လာတော့ South china sea ထဲမှာတင် ဟိုလှုပ် ဒီလှုပ် နဲ့ လိုင်း က မူးပြီပေါ့ ။ ဒါပေမဲ့ သဘောင်္သား ဘဝ လိုင်းမူးတာ ကိုယ်လက် ကိုက်ခဲ တာ လာမလုပ်နဲ့ တစ်နေ့ အ လုပ်ချိန် ၁၀ နာရီဘဲ ( တစ်ကယ်ဆို လိုင်းမူးရင် မူးတာကို အာရုံမထား ဘဲ အလုပ်ထဲ စိတ်နှစ် ထားသင့် တယ် ) 
ဒါကို လိုင်း မူးတယ် မလုပ်နိုင်ဖူး လုပ်တော့ ဘိုဆင် က ပညာပေးပြီလေ ။ ဒါဆို paint Store ထဲမှာ သန့်ရှင်းရေးသွားလုပ် စုပ်တံ တွေကို တင်ဒါ နဲ့ ချွတ်ခိုင်းတော့ လေကောင်းလေသန့်လည်း မရ တင်ဒါ အနံ့တွေနဲ့ ပိုမူးဖို့ဘဲ ရှိတော့တာပေါ့ ။
ဒီနေရာမှာ တစ်ခုပြောချင်တာ ကတော့ အရာရှိဘဲဖြစ်ဖြစ် သဘောင်္သားဘဲဖြစ်ဖြစ် တက်တက်ခြင်း ၂ လ ၃ လ လောက်က အရေးသိပ်ကြီးတယ် ။ ကိုယ့် ကို ကပ္ပတိန် အပါအဝင် အားလုံးကစောင့်ကြည့် နေကြတာ ၊ဒါ့ကြောင် အဲ့ဒီ စောင့်ကြည့် ကာလမှာ ပင်ပင်ပမ်းပမ်း ကြိုးစားပြီးသာ လုပ်ပြလိုက် နောက်ပိုင်း အပြစ်ဖြစ် ရင်တောင် အပြစ်မမြင်ဘဲ ခွင့်လွှတ်တတ်ကြတယ် ။
သူက လူသစ် ဆိုတော့ c/o တို့ သူကြီး တို့ကတော့ သဘောထားကြီးစွာနဲ့ စောင့်ကြည့်ကြပါတယ် ။ ဒါပေမဲ့ နဂိုလ်ထဲ ကမှ သဘောင်္လိုက်တာ ဝါသနာမပါဘဲ အိမ်က ဇွတ်လိုက်ခိုင်းလို့ သာလိုက်ခဲ့ ရတော့ ဘာလုပ် လုပ် ဘာမှ အဆင်မပြေတော့ အားလုံးအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်ရပြီလေ ။
07 June 2017
မြန်မာ့စီးပွားရေး လေယာဉ်လို ပျံတက်မည်ဟု ဝန်ကြီးပြောဆိုချက် စီးပွားရေးသမားများဝေဖန် (ရုပ်သံ)
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြောကြားခဲ့တဲ့ မြန်မာ့ စီးပွားရေး လေယာဉ်လို ပျံတက်တော့မယ် ဆိုတဲ့ စကားဟာ စိတ်ကူးယဉ် ဆန်လွန်းတယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။
၂၀၁၇ မှာ မြန်မာ့ စီးပွားရေးဟာ ဂျက်လေယာဉ်ကြီးလို တစ်ရှိန်ထိုး ပျံတက်တော့မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း က ဇွန်လ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပ တဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ ပြောဆိုလိုက်တာပါ။
“ကျနော်တို့ အစိုးရ အဖွဲ့အနေနဲ့ ခံယူထားတဲ့ ခံယူချက်တစ်ခု ရှိပါတယ်။ ပြီးခဲ့တဲ့ ကုန်ဆုံးခဲ့တဲ့ တစ်နှစ်တာကာလမှာ လေယာဉ်တစ်စီး အနေနဲ့ Run Way (ပြေးလမ်း) မှာပြေးတဲ့ အချိန်ကာလလို့ သတ်မှတ်တယ်။ ဒါပေမယ့် ဒီနေ့ ဒီကာလ ကတော့ Run Way ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ Gravity ကို ဆန့်ကျင် တုံ့ပြန် ပြီးတော့ ဂျက်ပါဝါ နဲ့ လေထဲကိုပြေးတဲ့ နှစ်ကာလလို့ သတ်မှတ်ထားတာပါ” လို့ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း က ပြောပါတယ်။
ရှိတဲ့ အစွမ်းအစနဲ့ မီးကုန်ယမ်းကုန် ကြိုးစားပြီးတော့ စီးပွားရေးထောင်တက်နိုင်အောင်၊ ဦးမော့ တက်နိုင်အောင်လို့ ရည်မှန်း ကြိုးစားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ဝန်ကြီးရဲ့ အဲဒီပြောစကားဟာ လက်တွေ့ မြန်မာ့ စီးပွားရေး အခင်းအကျင်းနဲ့ ကိုက်ညီမှု မရှိဘဲ စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ စီးပွားရေး လေ့လာသူတွေက သုံးသပ်ဝေဖန်လိုက်ပါတယ်။
ဝင်းထက် စီးပွားရေးနှင့် ဥပဒေ အကျိုးဆောင်လုပ်ငန်း စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦး က “ဘာမှ မရှိဘူး။ ဘာမှ မရှိတဲ့ System မရှိတဲ့ တိုင်းပြည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာပါလို့ အိပ်မက်ဆန်ဆန် ပြောနေတဲ့ အရေးအသားတွေနဲ့ အပြောအဆိုတွေဟာ လက်တွေ့နဲ့တော့ ကင်းကွာနေတယ်” လို့ ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပေ မယ့် စီးပွားရေး လုပ်ငန်းတွေအပေါ် သိသာ ထင်ရှားတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ စီးပွားရေးသမားတွေ အတွက် လုပ်သာကိုင် သာရှိအောင် ဖြေလျှော့မှုတွေ ရှိမှ စီးပွားရေး တိုးတက်လာမယ်လို့ သုံးသပ်ပြောပါတယ်။
“လုပ်သာ ကိုင်သာ ပိုပြီးတော့ ရှိလာသလား။ နောက်တစ်ခုက ပိုပြီးတော့ ဖြေလျှော့လာတာတွေ များ သလားပေါ့။ ဒီ ၂ ချက်ပေါ့။ ပြည်တွင်း လုပ်ငန်းရှင်ရော၊ ပြည်ပ လုပ်ငန်းရှင်ရော ပိုပြီး လုပ်သာ ကိုင်သာရှိသလား။ ပိုပြီးတော့ ဖြေလျှော့မှုတွေ ရှိသလား။ ဒီ အပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးက တိုးတက်မှာပေါ့” လို့ ပြောပါတယ်။
Sinma Furnising ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က “ဝုန်းဒိုင်းကြဲပြီး Take Out ဖြစ်ဖို့ ဆိုရင် နိုင်ငံခြားချေးငွေနဲ့ ဒီ Infrastructure တွေကို ဝုန်းဒိုင်းကြဲ လုပ်မှာလားပေါ့နော်။ ဥပမာ တံတားတွေ အစင်းပေါင်း ထောင်နဲ့ ချီ ဆောက်မှာလား၊ လမ်းတွေ ဖောက်မှာလား။ ဒီငွေတွေ ကနေပြီးတော့ ပြည်တွင်း ကန်ထ ရိုက်တာတွေရဲ့ အကျိုးစီးပွား အတွက် ဝင်ငွေတွေ ရလာမယ်၊ ပြည်တွင်းမှာ ရှိနေတဲ့ အလုပ်သမားတွေ လုပ်အားခတွေ ရလာမယ်။ ပြည်တွင်း လည်ပတ်ငွေ ရှိလို့ စီးပွားရေးတွေ တက်လာမယ် ဆိုတဲ့ အနေအထားမျိုးပဲ စဉ်းစားစရာရှိတယ်” လို့ ပြောပါတယ်။
စစ်မီး အားကောင်းလာဦးမည့် အရှေ့ အလယ်ပိုင်း (သို့မဟုတ်) ထရမ့် ၏ အရှေ့အလယ်ပိုင်း အခင်းအကျင်းသစ်
( ၅. ၆. ၁၇) နေ့တွင် ကမ္ဘာက စိတ်ဝင်စားသော သတင်းတစ်ခု တက်လာသည်၊ ကာတာ ကို ပစ်မှတ် ထားပြီး ဆော်ဒီအာရေးဗီးယား ဦးဆောင်ကာ ဘာရိန်း၊ အီဂျစ်၊ ယူအေအီး(အာရပ်စော်ဘွားများနိုင်ငံ)၊ ယီမင်၊ လစ်ဗျား၊ မော်လ်ဒိုက် ပါဝင်သော ပင်လယ်ကွေ့ “ဆွန်နီ” နိုင်ငံများက သံတမန် အဆက်အသွယ် ဖြတ်တောက် လိုက်သည်၊ အကြောင်းပြချက်က ကာတာနိုင်ငံသည် Muslim Brotherhood ဟူသော မွတ်စလင်သွေးသောက် အကြမ်းဖက်များကို နောက်ကွယ်က ထောက်ပံ့နေသောကြောင့်ဟု ဆိုသည်။ ဘရားသားဟုဒ်ကြောင့် ဒေသတွင်း မငြိမ်မသက်မှုကို ကြီးမားစွာဖြစ်စေခဲ့သည်ဟု စွပ်စွဲသည်၊
.
တစ်မူး ပိုရှုကြသူများ 
********************
မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုစသော မောင်မွဲနိုင်ငံများ ၏ နိုင်ငံရေးကို “အာဏာရှင်” “ဗဟိုချုပ်ကိုင်မှုကြီးသော” စသဖြင့် ပုဒ်ထီး၊ ပုဒ်မ အမျိုးမျိုး တပ်၍ ပုံကြီးချဲ့ကားကြသော် လည်း များစွာ မရှုပ်ထွေးလှ၊ အီလစ်နိုင်ငံရေး၊ ချမ်းသာသောနိုင်ငံများ ၏ နိုင်ငံရေးက မျက်နှာဖုံးစွပ်၏ နောက်ကွယ်တွင် များစွာရှုပ်ထွေး လှသည်၊ အာဏာရှင်နိုင်ငံရေးထက် ပို၍ကြောက်စရာကောင်းပြီး၊ ပို၍ ရက်စက်တတ်လေ့ရှိသည်၊ ပြည်သူ့ရှေ့က မားမား မတ်မတ် အကျိုးပြု သယောင်နှင့် ကိုယ့်ပြည်သူကို ပြန်၍ စတေးလိုက်သည်များပင် ရှိခဲ့ကြသည် (ယနေ့ ၉/၁၁ အရေးအခင်းသည် ဝိဝါဒကြီးမားစွာ ကွဲပြားနေသော ဖြစ်ရပ်တစ်ခု)။
ကာတာကို Muslim Brotherhood အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်နေသည်ဟု ဆွန်နီ အုပ်စုက စွပ်စွဲခဲ့ကြသည်၊ ဦးဆောင်နိုင်ငံဖြစ်သော ဆော်ဒီက "IS" တို့ကို တစ်နည်း တစ်ဖုံမက၊ နည်းမျိုးစုံဖြင့် ထောက်ပံ့နေပါသည်ဟု ပူတင်က ဖွင့်ချခဲ့ပြီး ဖြစ်သည်၊ "IS" အကြမ်းဖက်ကို အမေရိကန် ဦးဆောင်သော နေတိုး အုပ်စုက တိုက်ခိုက်နှိမ်နင်းသည်ဟု ဆိုသည်၊ လေကြောင်းမှ ဗုံးကြဲသလိုနှင့် လက်နက်၊ ရိက္ခာများ ချပေးခဲ့သောပုံကို ပူတင်က ထုတ်ပြခဲ့သည်။ "IS" တို့၏ အရေးပါသော အမိန့်ပေး စခန်းအချို့တွင် အမေရိကန် တပ်မှူးအချို့ တို့ကို တွေ့ခဲ့ရသည်။
အလိုမကျသောနိုင်ငံများတွင် စစ်တပ်မှ အာဏာသိမ်းလျှင် ပြင်းပြင်း ထန်ထန် ဝေဖန်လေ့ ရှိသော် လည်း၊ အီဂျစ် တွင် မော်စီ ကို ဖြတ်ချ၍ ဗိုလ်ချုပ်ကြီး စီစီ က အာဏာ သိမ်းသောအခါ ဟီလာရီကလင်တန် က “ ဒီမိုကရေစီ ကို ထိန်းသိမ်းတာပါ” ဟု ခပ်တည်တည် ပြောခဲ့သည်၊ မည်သို့ မျက်နှာဖုံးစွပ်ကြစေကာမူ ကိုယ်ကျိုးစီးပွား အပေါ်သာ အခြေခံကြပြီး၊ တစ်ခါတစ်ရံ ဟန်ဆောင်နိုင်ကြကာ၊ တစ်ခါတစ်ရံ ခပ်ပြောင်ပြောင် ဆို တတ် ကြ၊ လုပ်တတ်ကြသော နိုင်ငံရေး ၊ သကာရည်အောက်က အဆိပ်ရည် အပြည့် နိုင်ငံရေးသာဖြစ်၏ ။ (မြန်မာပြည်သူတို့ ဤအချက်ကို ကောင်းစွာ နားလည်ထားနိုင်ကြဖို့ ကောင်းပါသည်)။
.
Muslim Brotherhood ဆိုသည်မှာ
*************************************
မွတ်စလင်သွေးချင်းညီအကို အဖွဲ့ဟု မြန်မာလို ပြန်ဆိုနိုင်မည့် Muslim Brotherhood အဖွဲ့ကို အီဂျစ်တွင် (၁၉၂၈) ခန့်က စတင် သန္ဓေတည်ခဲ့သည်၊ ဆွန်နီ အဓိက အုပ်စုဖြစ်ပြီး တရားဝင် အဖွဲ့အစည်း ဖြစ်လာကာ ထိုမှတစ်ဆင့် နိုင်ငံတစ်ကာတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်ခဲ့ကာ အခြားသော လူမှုရေး၊ ကယ်ဆယ်ရေး စသော ပုံသဏ္ဍာန်များဖြင့်လည်း ဖြန့်ကျက်နိုင်ခဲ့သည်။
ဘရားသားဟုဒ် အဖွဲ့ဝင် တို့သည် ပြင်းထန်သော အယူဝါဒ ရှိကြသူများဟု ဝေဖန်ခံရ၏။ Sharia Law ဟူသော အစ္စလာမ်ဥပဒေ ကို ကျင့်သုံးရန် ကြိုးစားကြသူများ ဖြစ်ကြသည်၊ ဘရားသားဟုဒ် ၏ အယူအဆ သဘော တရားကို အကောင်အထည်ဖော်ခဲ့သော အယ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကို စတင် တည်ထောင်သူတစ်ဦးဖြစ်သည့် အဗ္ဗဒူလာ ယူဆွတ် အက်ဇမ် (Abdullah Yusuf Azzam) မှာ Jordan Muslim Brotherhood မှ ဖြစ်သည်။ မူရင်း Muslim Brotherhood သည် ရောက်ရှိသောနိုင်ငံပေါ် မူတည်၍ အီဂျစ်ဘရားသားဟုဒ်၊ေ၈ျာ်ဒန်ဘရားသားဟုဒ်၊ အီရတ်ဘရားသားဟုဒ် စသဖြင့် အမည် အမျိုးမျိုးဖြင့် တည်ရှိရှင် သန်ခဲ့ကြသည်။
ဘရားသားဟုဒ် တို့သည် အစွန်းရောက် အယူအဆရှိကြသူများ ဖြစ်သဖြင့် တစ်ခါတစ်ရံတွင် အစိုးရများ၏ တရားဝင် ရပ်တည်မှု့ အဖွဲ့အစည်းမှ ဖျက်သိမ်း ခံခဲ့ရသည် မျိုးလည်း ရှိကြသည်။ အီဂျစ်တွင် မူဘာရတ်ပြုတ်ကျပြီး လွတ်လပ်စွာ ရွေးချယ်မဲပေးကြရာမှ အီဂျစ်ဘရားသားဟုဒ် ဖြစ်သော မော်စီ သမ္မတဖြစ်လာသည်၊ အမေရိကန်သည် "IS" တို့ကို နောက်ကွယ်မှ ထောက်ပံ့နေသော် လည်း ဘရားသားဟုဒ်နှင့် အစေးကပ် ဟန်-မတူ၊ ထို့ကြောင့် အီဂျစ်သမ္မတဖြစ်လာသူ မော်စီ သည် သမ္မတ သက်တမ်း (၁) နှစ်ခန့်သာ ကြာလိုက်သည်၊ ဗိုလ်ချုပ်ကြီးစီစီ ၏ အာဏာသိမ်းခြင်းကို ခံလိုက်ရတော့၏။ ဗိုလ်ချုပ်ကြီးစီစီ မှာ အရာရှိငယ် ဘဝတွင် အမေရိကန် စစ်သင်တန်း တက်ခဲ့သူဖြစ်ပြီး၊ အီဂျစ်ဘရားသားဟုဒ် အဖွဲ့အစည်းကို မတရားအသင်း ကြေညာခဲ့လိုက်သည်။
.
သမ္မတ မော်စီ လက်ထက်တွင် အရွေးချယ်ခံဖြစ်သည်ဟု ယုံကြည်မှု ပြင်းထန်ခဲ့ဟန် ရှိသည်၊ ဘရားသား ဟုဒ် ၏ တင်းမာသည့် အယူအဆ သဘောတရားဖြစ်သော ရှရီယာ ဥပဒေကို တည်ဆဲ ဥပဒေများ နှင့် ဖြည်းဖြည်း ချင်း အစားထိုးရန် ကြိုးစားရာတွင် မော်စီ ကို ထောက်ခံသော အုပ်စု/ကန့်ကွက်သောအုပ်စု များကြား ကြီး မားသောပဋိပက္ခများ ဖြစ်လာခဲ့သည် ။
 မော်စီ ကန့်ကွက်သူများကို စီအိုင်အေ က ထောက်ခံ ထားသည်၊ ပဋိပက္ခ တစ်ဖြည်းဖြည်း ကြီးထွားလာရာ မီးရှို့ ဖျက်ဆီးမှုများ၊ အုပ်စုလိုက် တိုက်ခိုက်မှုများ အထိ ကျယ်ပြန့်လာသဖြင့် နောက်ဆုံး အီဂျစ်စစ်တပ် မှ အာဏာ သိမ်းလိုက်တော့သည်။ အီဂျစ် အဓိကရုဏ်းတွင် သေဆုံးသူစုစုပေါင်း (၈၁၇) ဦးမျှ အထိ ရှိခဲ့သည်ဟုဆိုသည်။
အယ်ကိုင်ဒါ ၏ ခေါင်းဆောင်ဟု လူသိများသော “အိုစမာဘင်လာဒင်” ၏ ဂျီဟဒ် သဘောတရား များဆိုင်ရာ ခေါင်းကိုင် ဆရာကြီးမှာ ယူဆွတ်အက်ဇမ် ဖြစ်သည် ။ အိုစမာဘင်လာဒင် သေဆုံးခဲ့ပြီး ဆက်ခံ ခဲ့သော အယ် ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကြီး၏ ခေါင်းဆောင်ဖြစ်သော Ayman Mohammed Rabie al-Zawahiri မှာမူ အီဂျစ် ၈ျီဟဒ် အရေးတော်ပုံအဖွဲ့ကို စတင်ထူထောင်ခဲ့သူ ဖြစ်သည်။ 
အယ်ကိုင်ဒါကို စီအိုင်အေ ၏ သား ဟုတင်စားလျှင် အိုင်အက်(စ) သည် စီအိုင်အေ ၏မြေးဖြစ်လာပါလိမ့်မည် ။ ဘရားသားဟုဒ် သည် အစွန်းရောက်ဖြစ်ပြီး အိုင်အက်(စ)သည် အစွန်းရောက်အကြမ်းဘက်ဖြစ်သည်၊ ကွာခြားသည်က ဘရားသားဟုဒ် အနေဖြင့် အမေရိကန်ဩဇာ မခံခြင်းသာဖြစ်သည်။
04 June 2017
ဒီနေ့ သင်ဘာလုပ်သလဲ.. မနက်ဖြန် သင်ဘာဖြစ်မလဲ
လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ၊ ဒါပေမယ့် အဲဒါက လှေ တည်ဆောက်ခဲ့တဲ့ ရည်ရွယ် ချက် မဟုတ်ဘူး။ လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။
တစ်နေ့ကို မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေး တစ်ကောင်ရှိတယ်၊ သူ့ရဲ့ အရည်အချင်း ကိုဖော် ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။ 
ကုန်သည် လာတယ်၊ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊  `ငါက တစ်နေ့မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ? ´
စစ်သား လာတယ်၊ ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းက ခေါင်းခါပြီးပြောတယ်၊  `ငါက တစ်နေ့ မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို သာမာန် စစ်သား တစ်ယောက်နောက် လိုက်ပြီး တိုက်ပွဲ ဝင်ရမှာလဲကွ? ´
မုဆိုး လာတယ်၊ ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊  `ငါက တစ်နေ့ မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို မုဆိုးနဲ့ အတူတူ ပင်ပန်း ဆင်း ရဲမှုဒဏ် ခံရမှာလဲကွ? ´
ဒီလို နဲ့ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့ တန်သည့် အလုပ် ရှာမတွေ့သေးချေ။တစ်နေ့ ဘုရင်မင်းမြတ် အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများ ကပ်ကာ လိုက်ရှာလေသည်၊
အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ်၊
` ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်းပါ´
စစ်သူကြီးကမေးတယ်၊
` ဒါဆို မင်း ငါတို့ တိုင်းပြည်ရဲ့ တောတောင်ရေမြေ နဲ့ လမ်းတွေကို နှံ့စပ်လား ´  မြင်းက ခေါင်းခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
` ဒါဆို မင်း စစ်ပွဲ ဝင်ဖူးသလား.. စစ်ပွဲ အတွေ့အကြုံ ရှိသလား ´  မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့ အခါ သခင့် အတွက် ရင်ဆိုင် တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´ မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကပြောတယ် ` ဒါဆို မင်း ဘာအသုံးကျသေးသလဲ´
 မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင် သွားနိင်ပြီး ညဘက်ဆို မိုင် ၈ ရာ သွားနိုင်တယ်၊ လေ အဆန်မှာ အစုန် ထက်တောင်မှ အပြေးမြန်သေးတယ်´
  စစ်သူကြီးက မြင်းပေါ် ခွတက်စီးလိုက်တယ်၊
  မြင်းက အားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀ လှမ်းလောက်ပဲပြေးရသေးတယ် ၊ အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်။
ခြင်းတောင်းထဲက ကြက်
ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီး တစ်ခု အကြီးကြီးပဲ ရှိသတဲ့ ။ အဲ့ဒီ ကြက်ခြင်းထဲမှာ ကြက်တွေ အမြောက် အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက် တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရ ခက်လောက်အောင် ဖြစ်ကြတယ်။ 
အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရ ကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်း နဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေ အားလုံးက မဝရေစာ သာ စားထားကြရတာရယ်။ အဲ့ဒီအတွက် မွတ်သိပ်တဲ့ ဝေဒနာ နဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင် နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မ တစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံ လုနေကြပြန်ရော။
ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့ဒီ အချိန် ကြက်သတ် သမား ရောက်လာတယ်။ လက် နဲ့ နီးရာ တစ်ကောင်ချင်း စီ ကို နှိုက်၊ လည် ပင်းကနေ ကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ 
တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေ နပြေပဲ။ ဓား နဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစ သွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။
ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီး ကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ “ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့ ကြက်မ ကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ” ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေ နဲ့ ဆက်ပြီး ခိုက် ရန် ဖြစ်ကြတယ်။ ထိုးကြ ဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေး အလိမ်းလိမ်း နဲ့ အော်ဟစ်ဗြောင်း ဆန် နေကြတယ်။
အဲ့ဒီလိုနဲ့ နောက်ဆုံးမှာ ခြင်းကြီး ထဲက ကြက်တွေ အားလုံးဟာ ကြက်သတ် သမားရဲ့ ဓားစာ ဖြစ်ကုန်ကြ တယ်။ အဲ့အခါ တစ်ကောင် နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူ မဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။ 
အတင်းကာရော အလိုက်ခံ လုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး /ကြက်ဖ တွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေး အလိမ်းလိမ်းသာ ကျန်ခဲ့ တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။
ဒီ ရုရှားပုံပြင်ရဲ့ အမည်က “လောက ” ဖြစ်ပါတယ်။
လောက ဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ 
လောကမှာ ဘယ်အရာတွေ ရှိသလဲ။ 
ဒီမေးခွန်းတွေထက် ကျိန်းသေတာက.......
လောက အတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။ ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် – သေမင်း ရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။
လိပ် ပုံပြင်
ဟိုး..ရှေးရှေးတုန်းက လိပ် မိသားစု တစ်စုဟာ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝ ကို က နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါတယ်တဲ့။
နောက်ဆုံးတော့ လိပ် မိသားစု အိမ်က ထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့ အတွက် အကောင်းဆုံးနေရာ တစ်ခုကို ရှာတွေ့သွားကြပါတယ်။
အဲဒီနေရာကို သန့်ရှင်းရေး လုပ်တာတို့ ပျော်ပွဲစား အတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆ လ အကြာမှာ ပြီးစီး သွားပါတယ် ။ အဲဒီ အခါကျမှ သူတို့ ဆား မေ့ကျန်ခဲ့တာကို သိ လိုက် ရပါတယ်။
ဆား မပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။
အဲဒီ ကိစ္စကို အကြာကြီး ဆွေးနွေး အပြီးမှာတော့ အငယ်ဆုံး လိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ် ပြီး တာဝန်ပေးလိုက်ကြပါတယ်။
မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယို ပါတော့တယ်။ နောက်တော့ ကတိ တစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ 
ကတိကတော့ ဘယ်သူမှ သူပြန် မရောက်မချင်း အစားအသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။
တစ်မိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။
သုံးနှစ်ကြာတဲ့ အထိ လိပ်ကလေး ပြန်ရောက် မလာပါဘူး။ ငါးနှစ်... ခြောက်နှစ်...ခုနစ်နှစ်မြောက် လာတဲ့ အခါ မှာတော့ အသက် အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။
ဒါကြောင့် သူတော့ စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ် ကို ဖွင့်လိုက်ပါတော့တယ်။
အဲဒီ အချိန်မှာပဲ လိပ်ကလေးက သစ်ပင် အနောက်ကနေ ရုတ်တစ်ရက် ထွက်လာပြီး အော်ပြောလိုက်ပါ တယ်။
ဝံပုလွေ ကိုစားတဲ့ သွေး (သို့မဟုတ်) လောဘ ၏ နောက်ဝယ်
အက်စကီးမိုးတွေရဲ့ ဝံပုလွေ သတ်နည်း က အထူးအဆန်းဗျ ။ ဖျံသွေး သုံးပြီး ဖမ်းတာ။ ဖျံတွေ ဆိုတာ အာတိတ်ဒေသမှာ မမြင်ချင်မှ အဆုံး ဆိုတော့ ဒီကောင်တွေက ရှာရလွယ်လို့ သုံးတာလဲ ပါမှာပေါ့လေ။ ထားပါတော့။ ကျွန်တော်ပြောချင်တာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အဲဒီ ဝံပုလွေ ဖမ်း နည်း။
အရင်ဆုံး သူတို့လုပ်တာက ဖျံ ရဲ့ သွေးတွေကို ဇလုံ တစ်ခုထဲ စစ်ထည့် တယ်။ ပြီးတာနဲ့ အမဲဖျက် ဓါးတွေကို ထက်ပြီးတော့ မြနေအောင် သွေးတယ်။
ကျေနပ်အောင် သွေးပြီးချိန်ကျတော့မှ ဒီဓါးကို သွေးဇလုံထဲ နှစ်ပြီး စိမ်လိုက်၊ ပြန်ဆယ်ပြီး အအေးဓာတ်ပေးလိုက်၊ သွေးလေးတွေ ခဲပြီ ဆိုရင် နောက်တစ်ခါ နှစ်လိုက်နဲ့ အထပ်ထပ် လုပ်တယ်။
နာရီဝက် ကျော်လောက် အဲလို လုပ်လာတာ တဖြည်းဖြည်း နဲ့ ရေခဲချောင်း လိုမျိုး သွေးခဲတုံးကြီး ဖြစ်လာတာပေါ့။
ဒါ စီမံပြီးတာနဲ့ ဝံပုလွေတွေ ကျက်စားတဲ့ ရေခဲတောင်ပေါ်တက်။ သွေးခဲ ကို မြဲနေအောင်စိုက်ပြီး အိမ်ပြန်စောင့်နေတယ်။
ဝံပုလွေ လာပြီးလို့ ဒီကောင် သွေးခဲကို မြင်တာနဲ့ အနံ့ခံကြည့်တယ်။ ညှီနံ့လေး ရပြီဆိုရင် ဘာလဲဆိုပြီး လျက်ကြည့်မိ တာပေါ့။
ဒီအခါမှာ လတ်လတ် ဆတ်ဆတ် ဖျံသွေးက ကောင်းတော့ အကြိုက် တွေ့ပြီး တရစပ် လျက်တော့တာပဲ။
ဒီလိုလျက်လာရင်း လျှာက ပတ်ဝန်းကျင် အအေးဓာတ် ကြောင့် ထုံ လာတယ်။ သွေးခဲတွေ နဲ့ ဖုံးနေတဲ့ ဓါးလေး ကလဲ တစ်စ ထက် တစ်စ ပေါ်လာတော့ တစ်ခါ လျက်တိုင်း ဓါးသွားက သူ့လျှာကို တစ်ချက် ချင်းစီ မွှမ်းနေတော့တာပဲ။
ဒါပေမယ့် သနားစရာ ဝံပုလွေ ခမျာ သူ့လျှာကို ဓါးရှနေတယ် ဆိုတာ လုံးဝမသိဘူး။ ထုံနေတာကိုး။
နောက်ဆုံး ဖျံသွေးခဲသာ အကုန်ကုန် သွားတယ်။ သူက လျက်နေ တုန်းဗျာ။ ဘာ့ကြောင့်လဲ သိလား။
သူ့လျှာက ထွက်လာတဲ့ သွေးတွေက ဓါးသွားမှာ လျက်တိုင်း ပေနေပြီး မကုန်တော့ဘူးကိုး။ ဒီအခါမှာ ဘယ်က သွေးလဲ ဆိုတာ ဝံပုလွေ သတိ မထားနိုင် တော့ဘူး။ သူစလျက် ခဲ့တဲ့ သွေး အထင်နဲ့ ကိုယ့် သွေး ကို ကိုယ် အငမ်းမရ စားသုံးနေခဲ့တယ်။