27 July 2019

ပကတိ အမြင်




စာပေနဲ့ စီမံခန့်ခွဲရေး ပညာရပ်မှာ အားလုံးနီးပါးလောက်က အကောင်းမြင် Optimistic ဖြစ်ဖို့ ရေးကြသားကြပြီး Pessimistic ဆိုတဲ့ အဆိုးမြင်ကို ရှောင်လေ့ရှိကြတယ် ။

မနေ့က လုပ်ငန်းရှင်ကြီးဖြစ်နေတဲ့ တပည့်တစ်ယောက်နဲ့ ဖုန်းပြောဖြစ်ကြတယ် ။ဘယ်အဖွဲ့က ပညာတော်တဲ့ လူငယ် အရေအတွက် ဘယ်လောက်ကို စုထားတယ်လို့ဆိုတယ် ။

လူငယ်တွေကိုပြုစုပျိုးထောင်ရာမှာ စာတွေ့ Education တစ်ခုထဲနဲ့ မပြည့်စုံဘူး၊ ၁၉၅၀ ဝန်းကျင်မှာ အမေရိကန်တွေ ကြုံခဲ့တဲ့ အမှားမျိုး ....
Knowledge = Education. + Experiences
ပညာ = စာတွေ့ + လက်တွေ့



Education ဆိုတာ General ပဲ၊ Local context ထဲ့ပေးရတဲ့ အပြင် လက်တွေ့နဲ့ စာတွေ့ ကွာတာတွေ အများကြီးပဲ ။

" မင်းကိုယ်တိုင် MBA ရပြီးပြီလေ၊ လက်တွေ့နဲ့ ဘာကွာသလဲ ဆိုတာ မြင်မှာပေါ့ "
" ဒါတော့ ဟုတ်တယ်ဆရာ "


လုပ်ငန်းကြီးလာရင် CEO တစ်ဦးဟာ သူ့လက်အောက်က Admin, Finance, Trade, Manufacturing, HR စတဲ့ ဌာနတွေ များရင်များသလောက် ကိုင်တွယ် ဆက်ဆံရပုံခြင်းမတူပါ၊
အရပ် စကား နဲ့မြင်အောင်ပြောရရင်...


* အင်္ဂျင်နီယာ၊ ဆရာဝန်၊ အနုပညာရှင် စတာတွေကို တစ်သမတ်ထဲ
ဆက်ဆံလို့ မရသလို၊


* သာမန်ဝန်ထမ်း၊ မန်နေဂျာ၊ CEO တို့တွေးတာခြင်း မတူသလိုပါ ။


ဒါကြောင့် လူငယ်တွေနဲ့ ပညာရှင်တွေကို ပြုစု ပျိုးထောင်ရာမှာ ပညာရေးဆိုတဲ့ Education ဟာ အခြေခံကျတာ မှန်ပေမဲ့ လုပ်ငန်းခွင်အတွေ့အကြုံမျိုးကို ထဲ့ပေါင်းနိုင်ပါမှ တော်ရုံ ကျပါလိမ့်မယ်။