25 November 2018

မြန်မာ မှန်ရင် မဖြစ်မနေသိရမယ့် အချက်လေးတွေ



မြန်မာ မှန်ရင် မဖြစ်မနေသိရမယ့် အချက်လေးတွေ ကို ရေးထားပါတယ်။ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။သူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ပါ။

ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း) ပုဒ်မ(၇) ဘာသာရေးကို အခြေမခံသောနိုင်ငံ ..

(က) ဖက်ဒရယ် ပြည်ထောင်စုသည် နိုင်ငံရေးနှင့်ဘာသာရေး ရောစပ်ခြင်း မရှိ စေပဲ ဘာသာရေးကို အခြေမခံသော နိုင်ငံ ဖြစ်စေရမည်။


( ခ ) မည်သည့် ဘာသာ အယူဝါဒကိုမျှ နိုင်ငံ တော်ဘာသာ အဖြစ် ပြဌာန်းခြင်း မရှိစေရ။

ဒီပုဒ်မနဲ့ ပတ်သက်လို့ ပြောလိုရင်းပါ။
ဥပဒေ ဆိုတာ ရေးဆွဲချင်တိုင်း ရေးဆွဲလို့ ရပေမယ့် သမိုင်းကိုတော့ ဖျောက်ဖျက်လို့ မရပါ။

တတိယ သမ္မတ ဦးဝင်းမောင် လက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အတည်ပြု လက်မှတ် ရေးထိုး ပြဋ္ဌာန်းခဲ့တာကို ခေတ်အခြေအနေရ ပယ်ချချင်တယ် ဆိုရင်လည်း သမိုင်းကိုတော့ အားနာဖို့ ကောင်းပါတယ်။

မြန်မာပြည် အာဏာကို ရယူပြီး မြန်မာသမိုင်း ကို ဖျောက်ဖျက်ချင်သူများ သတိထားရမယ့် အချက် ကလေးတွေပါ။ ကလေးက အစ နားလည် သဘောပေါက်နိုင်အောင် လိုရင်းတိုရှင်းပဲ ထောက်ပြမှာပါ။

မြန်မာ့ သမိုင်းမှာ ဗုဒ္ဓဘာသာ ဟာ နိုင်ငံ့ ဂုဏ်ဆောင် ဘာသာ ဆိုတာ ငြင်းပယ်မရတဲ့ သမိုင်းသက်သေ
တွေပါ။

 ၁။ မြန်မာ သက္ကရာဇ်


မြန်မာ သက္ကရာဇ်ကို သာသနာ သက္ကရာဇ်နှင့် စတင်သတ်မှတ် ရေတွက်ခဲ့ပါတယ်။
တစ်ကယ်ဆိုရင် မြန်မာ သက္ကရာဇ်ဟာ သာသနာ သက္ကရာဇ် အရေအတွက်နှင့် တန်းတူပါပဲ။


ဒါပေမယ့် သရေခေတ္တရာခေတ် သုမုန္ဒြီမင်း လက်ထက် ၆၂၂-နှစ်မှာ တစ်ကြိမ်၊

ပုဂံခေတ် ပုဗ္ဗစောရဟန်းမင်း လက်ထက် ၅၆၀ ခုနှစ်မှာ တစ်ကြိမ်နဲ့
နှစ်ကြိမ်ပေါင်း သက္ကရာဇ် ၁၁၈၂ နှစ်ကို ဖြိုခွင်း ခဲ့လို့ မြန်မာသက္ကရာဇ်ဟာ ၁၃၇၈ ခုပဲဖြစ်နေတာပါ။


21 November 2018

တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့



© ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။
 
“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း ၏ အကျိုး ကိုဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များ နေ့”ဟု ခေါ်ဆို လျှင်လည်း ရနိုင်သည်။
 
© သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊ သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။ သာမညဖလ သုတ်တော်သည် ရဟန်းသံဃာတော်များအတွက်ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့် သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည် လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။
 
© မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။အဇာတသတ်မင်းသားလေးသည် အသိဉာဏ်နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကိုခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိလေသည်။
 
ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်ဘုရင် ဗိမ္ဗိသာရ ကို သတ်မိသည်အထိ အမှားကြီးမှားမိတော့သည်။
 
© ဆင်းတု၊ စေတီ၊ ဟောတရား စသည့် ကိုးကွယ်မှုတွေ များပြားဖောင်းပွလွန်းသော ယခုလိုခေတ်ကြီး ထဲမှာ ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်ကို သတိပြုရမည်ဖြစ်သည်။
 
အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော ရောဂါ ဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်းခံရသလို ဝေဒနာ ခံစားရသည်။
 
ထို ဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်း နိုင်ဖြစ်နေသည်။

သန့်စင်တဲ့ ရွှေ ဆိုတာ




ကမ္ဘာ့ ရွှေဈေးကွက်မှာ စံသတ်မှတ်ချက်အရ 24-karat gold ၂၄ ကာရက် ရွှေကို သန့်စင်တဲ့ရွှေ
(Pure gold) အဖြစ် သတ်မှတ် လက်ခံထားပါတယ်။


ရာနှုန်းပြည့် (100%) သန့်စင်တဲ့ရွှေ ဆိုတာ မရနိုင်ပါဘူး။ ဒါကြောင့် ကုန်သွယ် ရောင်းဝယ်ရာမှာ ၉၉.၉၅%
သန့်စင်မှု ရှိတဲ့ ရွှေကိုပင်လျင် သန့်စင်တဲ့ရွှေ အဖြစ် ရွေးချယ်သတ်မှတ် ခွင့်ပြုချက် ပေးထားပါတယ်။


အောက်ပါ ကမ္ဘာ့ရွှေသန့်စင်မှု အသိအမှတ်ပြု စံနှုန်းအရ ရွှေသန့်စင်မှု ၉၅.၈၃% ပါဝင်တဲ့ ရွှေကိုပင်လျင်
၂၃ ကာရက် ရွှေ အဖြစ် သတ်မှတ်ထားတာကို တွေ့ရပါတယ်။
95.83–99.95% = 23K (acclaimed 95.83%)
 
ရွှေတိဂုံ စေတီတော်ကြီးမှာ ကပ်လှူပူဇော်ထားခဲ့တဲ့ ရွှေတွေကို ခွာယူ စစ်ဆေးခဲ့ရာမှာ ရွှေပါဝင်မှု ၉၈.၉၁%
ရှိကြောင်းသိရပါတယ်။
 
Gold coating လုပ်တဲ့နေရာမှာ ပြဒါး (Mercury) များ ပါဝင်နေတယ်လို့ ဆိုပေမယ့် ရွှေ ဆိုတာ ပြဒါး နဲ့ မကင်းနိုင်ဘူး ဆိုတာ ရွှေလုပ်ငန်း လုပ်ဖူးသူတိုင်း သိနားလည်ပြီးသား ကိစ္စတစ်ခုပါ။ ထူးဆန်းတဲ့ ကိစ္စရပ် တစ်ခု မဟုတ်ပါဘူး။
 
ဘယ်လိုပဲဖြစ်ဖြစ် စေတီတော်ကြီးက နမူနာရွှေပြားတွေ ကို ပြန်လည်သန့်စင်ရာမှာ ရွှေသန့်စင်မှု ၉၈.၉၁%
ရှိတယ်ဆိုတဲ့အချက်ဟာ" ရွှေတိဂုံစေတီတော်ကြီးမှာ ကပ်လှူပူဇော်ထားခဲ့တဲ့ ရွှေတွေဟာ အစစ်အမှန်တွေ
ဖြစ်တယ်" လို့ အတည်ပြုနိုင်ပါလိမ့်မယ်။