29 December 2015

အစောင့်တွေတောင် အထဲ မ၀င်ရဲတဲ့ ကြောက်စရာ အကောင်းဆုံး ကမ္ဘာ့ အကျဉ်းထောင်


 အစောင့်တွေတောင် အထဲ မ၀င်ရဲတဲ့ ကြောက်စရာအကောင်းဆုံး ကမ္ဘာ့အကျဉ်းထောင်

ပီနက်စ်ဆီရူဒက်ဘာရီရို့စ်လို့ ခေါ်တဲ့ အကျဉ်းထောင် ဟာ အယ်ဆာဗေဒိုးနိုင်ငံက မာရာဆယ်ဗာထရူချာ လူဆိုး ဂိုဏ်းသားတွေချည်း ပဲ နေထိုင်တဲ့ ကမ္ဘာပေါ် က အန္တရာယ် အရှိဆုံး အကျဉ်းထောင် တစ်ခု ဖြစ်ပါ တယ်။

ဒီထောင် ကို ထောင်သား ၈၀၀ လောက် နေထိုင်ဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပေမယ့် ခုချိန် မှာတော့ အကျဉ်းသား ပေါင်း ၂၅၀၀ လောက်နေထိုင်နေကြပြီး သူတို့ ဘာသာ ဆေးရုံတွေ၊ ပေါင်မုန့်ဖုတ် လုပ်ငန်းတွေနဲ့ သီးသန့်နေထိုင် နေတာမို့ ဘယ်အစောင့်မှ အထဲ ကို မ၀င် ရဲဘူးလို့ သိရပါတယ်။

အယ်ဆာဗေဒိုးနိုင်ငံ မှာ ၁၂ နှစ်ကြာ ဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းစစ် ၁၉၉၂ မှာ ရပ်တန့် သွားပြီးတဲ့နောက် နိုင်ငံတွင်း က လူသတ်မှုဖြစ်ပွားမှု ရာခိုင်နူန်း က မြင့်တက်လာ ခဲ့ပါတယ်။

ပီနက်စ်ထောင်ထဲ မှာ နေထိုင်နေကြတဲ့ မာရာ ဂိုဏ်းသားတွေ ဟာ မျက်နှာ နဲ့ ခန္ဓာကိုယ် မှာ တက်တူးတွေ အပြည့် ထိုးထားပြီး ဒီ တက်တူးတွေ ကို ကြည့်ရင် သူတို့ ဘာ အလုပ် လုပ်သလဲ ဆိုတာ နဲ့ ဘယ်လို ပြစ်မှုတွေ ကျူးလွန်ခဲ့လဲ ဆိုတာ သိနိုင်တယ်လို့ ဆိုပါတယ်။ 

ဒီထောင်ထဲက မာရာ ဂိုဏ်းသားတွေ ဟာ သူတို့ဘာ သူတို့ သီးသန့်ဒေသလေးတစ်ခုအဖြစ် ဖန်တီးထားပြီး ပေါင်မုန့်ဖို၊ ဆေးရုံ၊ ၀ပ်ရှော့တွေ နဲ့ ပြန်လည်ထူထောင်ရေး စခန်းတွေ ကိုလည်း ကိုယ်ပိုင် အဖြစ် ဖန်တီး ထားကြတာ ဖြစ်ပါတယ်။

သင် မွေးခဲ့သော လ ကို ကြည့်၍ မည်သည့်ရောဂါဖြစ်မည်ကို ပြောနိုင်ဟုဆို


 သင် မွေးခဲ့သောလကို ကြည့်၍ မည်သည့်ရောဂါဖြစ်မည်ကို ပြောနိုင်ဟုဆို


ကျွမ်းကျင်သူတွေ ရဲ့လေ့လာတွေ့ရှိချက် တစ်ခုအရ လူတစ်ယောက် ရဲ့ မွေးတဲ့လ ကို ကြည့်ပြီး သူဖြစ် မယ့် ရောဂါ ကို သိနိုင်တယ် လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေ က နယူးယော့ခ်မှာ ရှိတဲ့ လူပေါင်း ၁.၇  သန်း ဟာ ရောဂါ အမျိုး အစားပေါင်း ၁၆၈၈ မျိုး ဖြစ်ပွားနေပြီး ရောဂါပေါင်း ၅၅ မျိုး ဟာ လူတွေ မွေးဖွား ခဲ့တဲ့ လတွေနဲ့  ဆက်စပ်နေတာ ကို တွေ့ရှိခဲ့ပါ တယ်။

 ဧပြီလ မှာ မွေးဖွားတဲ့ ကလေးတွေ ဟာ နှလုံးခုန် မမှန်တဲ့ ရင်ဘတ်အောင့် ရောဂါဖြစ်ပွားဖို့ ရာခိုင်နူန်း များပြီး


နိုဝင်ဘာလ ဖွားတွေ ကတော့ အဆုတ်ပွရောဂါ ဖြစ်ပွားဖို့ ရာခိုင်နူန်း များတယ် လို့ သိရပါတယ်။

ဒီလို မွေးတဲ့ လ နဲ့ ဖြစ်ပွားတဲ့ရောဂါ တို့ ဆက်စပ်နေမှုကို ကိုလံဘီယာ တက္ကသိုလ်က စစ်တမ်း ပြုလုပ်ပြီး လေ့လာ ခဲ့တာ ဖြစ်ပါတယ်။


26 December 2015

အာဏာပိုင်တွေရဲ့ သိက္ခာ အတွက် အလုပ်သမားလေး ၂ ဦး ကို သေဒဏ်ပေးတာ - (စီအက်စ်အိုင်အယ်လ်အေ)

Nan Aye Kyi's photo.


လိပ်ကျွန်း လူသတ်မှု မှာ သက်သေ အထောက်အထား ခိုင်လုံမှု မရှိဘဲ... မြန်မာ အလုပ်သမား လူငယ် ၂ ဦး ကို သေဒဏ်ပေးလိုက်တဲ့ စီရင်ချက်ဟာ ဒေသခံ အာဏာပိုင် နဲ့ ဒေသတွင်း သြဇာညောင်းသူတွေ ရဲ့ သိက္ခာ အတွက် ဆုံးဖြတ်လိုက်တာ လို့ လူမှုကွန်ရက် က စီအက်စ်အိုင်အယ်လ်အေ အကောင့် ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါ က ဒီဗွီဘီကို ပြောပါတယ်။

စီအက်စ်အိုင်အယ်လ်အေ ဟာ လိပ်ကျွန်း လူသတ်မှု နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ဆွဲထုတ်ရင်း လူသိ များ လာတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တစ်ခုဖြစ်ပြီး လက်ရှိ ကြည်ရှုသူ ပရိသတ်ပေါင်း ၆ သိန်းကျော် ရှိနေ ပါတယ်။

စီအက်စ်အိုင်အယ်လ်အေ အကောင့် ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါ ကို ဒီဗွီဘီ က ဆက်သွယ်မေး မြန်း ထားပါတယ်။

ကော့စမွီခရိုင် တရားရုံး ရဲ့ ဆုံးဖြတ်ချက်ပေါ် ဘယ်လိုမြင်ပါသလဲ။
“ကျနော့်အနေနဲ့ ကတော့ ဘာမှ မအံ့သြမိပါဘူး၊ အောက်ခြေ တရားရုံးတွေ က ဒီလိုပဲ လုပ်နေကျ၊ ဒေသ တွင်း အာဏာပိုင်တွေ၊ သြဇာ ကြီးမားသူတွေ က အောက်ခြေ တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို ၀င်ရောက် စွက်ဖက်နိုင်တော့ သေချာတယ် မှားဖမ်းထားတဲ့ လူငယ် ၂ ယောက် ကို လွှတ်ပေးမှာမဟုတ်ဘူး၊

 လွှတ်ပေးလိုက်ရင် ရဲတပ်ဖွဲ့ရော၊ ခရိုင် တည်ငြိမ်အေး ချမ်းရေးကောင်စီ (လက်ရှိ အစိုးရ) ကိုရော၊ အာဏာ ပိုင် အဖွဲ့တွေရော မျက်နှာပျက် စရာတွေ ဖြစ်နေတယ်။ တစ်ဘက် မှာ ခရိုင်တည်ငြိမ်အေးချမ်းရေးကောင် စီမှာ လည်း တခြားပြဿ နာတွေ ဖြေရှင်းရမှာတွေ အများကြီးရှိသေးတယ်၊

25 December 2015

အချိန်မီသေးတယ် Thailand {It's time to recover THAILAND} { คู่ทันเวลาประเทศไทย }

ဦးမြင့်ခိုင်'s photo.
 
 
မတရား အကွက်ဆင်ပြီး သေဒဏ်ပေးနိုင်ခဲ့လို့ 
မင်းတို့ နိုင်သွားပြီ လို့  ထင်သလား ?

...
မြန်မာနိုင်ငံကို သိက္ခာချလိုက်တယ် ဆိုပြီး
မင်းတို့ ပျော်နေလား ?

 
မှားသွားပြီ....
ဗုဒ္ဓက သိက္ခာ ဆိုတာ ချတဲ့သူသာ ကျတာ တဲ. ။့
 
တစ်ကယ်တော့......
မင်းတို့ နိုင်ငံသာ သိက္ခာ ကျသွားတာပါ ။

 
မင်းတို့ လည်း ဗုဒ္ဓ ဘာသာဝင် နိုင်ငံပါ ။
ုမြန်မာ ဆိုတာလည်း ဗုဒ္ဓဘာသာဝင်နိုင်ငံ ပါ ။

ဗုဒ္ဓ အယူ ကို ယူလို့  ဗုဒ္ဓဘာသာ လို့  ခေါ်ကြတာလေ ။

မေးကြည့်မယ်
ဗုဒ္ဓ က  ဆိတ်ကွယ်ရာ မရှိလို့ ဟောထားတာ မဟုတ်ဘူးလား ။
မမှန်တဲ့ အမှု့တခု ကို လူတွေကို သာ ဖုံးကွယ်လို့ ရမယ် မင်းတို့ ဖုံးကွယ် လို့ မရတာတွေ အများကြီး ရှိပါတယ် ။

 ပြီးတော့ အမှန်တရား ဆိုတာ ရေ ရှည်ဖုံးကွယ်လို့ ရမယ်ထင်ရင် မင်တို့  မှားသွား လိမ့်မယ်  ။
တစ်ကမ္ဘာလုံး က အာရုံစိုက်နေ တဲ့ ဒီ အမှု့ကို သက်သေမခိုင်လုံပဲ မတရား စီရင်ချက် ချခဲ့ရင်
Thailand ဆိုတဲ့ မင်းတို့ နိုင်ငံ ရဲ့ ဂုဏ်သိက္ဓာ ကမ္ဘာ ကို ဘယ်လို မျက်နှာပြမလဲ
ဂုဏ်သိက္ခာ နဲ့  ရုပ်ဝတ္တု
ဘာက အရေးကြီးတာလည်း ?


သတိပြု၇မည့် အိမ်နီးချင်းများ



၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ (၂၄) ရက်နေ့  ညနေ ၃နာရီ လောက်မှာ နမ့်စန် လေတပ်စခန်း ရဲ့ ပြေးလမ်း ထိပ် မှာ အသင့်ဖြစ်နေတဲ့ တပ်မတော်(လေ) ရဲ့ ..Super Galeb G4 အမျိုးအစား တိုက်လေ...ယာဉ် အုပ်စုဟာ လက်နက်အပြည့်အစုံ နဲ့ လေထဲ ကို တဟုန်ထိုး ပျံတက်သွားပါတယ်။

ဒီ တိုက်လေယာဉ်အုပ်စု ဟာ လွန်ခဲ့တဲ့ မိနစ်ပိုင်း ကပဲ …ကက (ကြည်း) ရဲ့  တိုက်ပွဲဝင် အသင့် အမိန့် ကို လက်ခံရရှိ ခဲ့ပြီး ထပ်ဆင့် ဆိုသလိုကက (လေ) ရဲ့ စစ်ဆင်ရေး အမိန့် ကိုပါ ရရှိခဲ့ပါတယ်။ လေသူရဲ အားလုံး ဟာ ….မြေပုံခန်း က အထွက် မှာတော့ သူတို့ တိုက်ခိုက် ရမယ့် ပစ်မှတ် ကို ရှင်းရှင်းလင်းလင်း သိခဲ့ပြီးပါပြီ။

သူတို့ဟာ ယိုးဒယား- မြန်မာ နယ်စပ်  အို 7 တောင်ကုန်း တစ်ဝိုက်မှာ …..ရှေ့ တန်း အမှတ် ၃၅၉ ခြေလျင် တပ်ရင်း နဲ့ …..တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေတဲ့ ယိုးဒယား တင့်ကားတွေ ကို.လေကြောင်း ပစ်ကူ နဲ့ ၀င်ရောက် တိုက်ခိုက်ရတော့ မှာပါ။ ဒါဟာ ၂၀၀၁ ဖေဖော်ဝါရီ(၇) ရက်နေ့မှာ စခဲ့တဲ့ ယိုးဒယား-မြန်မာ နယ်စပ် တင်းမာမှု အရေးပေါက် ကွဲသွားတာ လည်းဖြစ်ပါတယ်။

 


အို 7 တောင်ကုန်း ဟာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ရဲ့ အရှေ့တောင်ဘက်.ယိုးဒယားနိုင်ငံမယ်ဆိုင်မြို့နဲ့ ကိုက် ၂၅၀၀ အကွာလောက်မှာ တည်ရှိ တဲ့ တောင်ကုန်းဖြစ်ပြီး၊ ၁၉၉၅ မှာ MTA အဖွဲ့ တွေ ကတောင် ကုန်းပေါ် ကနေ လက်နက်ကြီး နဲ့ တာချီလိတ်မြို့ ကို လှမ်းပစ်ပြီး ကတည်းက တပ်မတော်က တပ်စုတစ်စု ဟာ တောင်ကုန်းပေါ်မှာ အမြဲတန်း တပ်စွဲနေခဲ့ပါတယ်.။

အဲဒီ တပ်စုရြဲ့ ငိမ်းချမ်းမှု ဟာတော့ ဖေဖော်ဝါရီလ (၇) ရက်နေ့မှာပျောက်ဆုံး သွားခဲ့ရပါပြီ။ ခလရ ၃၅၉ က တပ်စုမှူး ဒုအရာခံဗိုလ်ကျော်ဌေး ဟာ ကွပ်ကဲမှု စစ်ကြောင်းထံဆက်သွယ်ရေး စက်နဲ့  အခြေအနေ အား လုံး သတင်းပို့ နေပါတယ်။

အိပ်ထ မတင်ဟာ မလုပ်သင့်သော အားကစားဖြစ်

Yoyarlay's photo.
 

အမေရိကန် စစ်တပ်မှနေပြီးတော့ ၎င်းတို့ ရဲ့ စစ်သား များကို အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းအား စတင် တားမြစ်လိုက်ပါပြီ။ သူ့ကို Si...t-up လို့ အင်္ဂလိပ် လို ခေါ်ပါတယ်။ ယင်း အားကစားနည်း ဟာ ကြောရိုး နဲ့ ကြောရိုး တစ်လျှောက် အာရုံကျော အပေါ် ဆိုးကျိုး သက်ရောက်စေတာကို လေလာ တွေ့ရှိပြီးတဲ့နောက်မှာ တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။

ယင်း အားကစားနည်း ဟာ ဗိုက်ကြွက်သား၊ ပေါင်ကြွက်သားများ အတွက် အဓိက ဖြစ်ပြီး ကစားလာကြရာ တကယ်တန်းကျတော့ သူဟာ ထင်မှတ်မထားနဲ့ ဘေးထွက် ဆိုးကျိုးရှိစေကြောင်း ဆိုပါတယ်။

အမေရိကန် စစ်သားပေါင်း အယောက် တစ်သောင်း ကို စောင့်ကြည့် လေ့ကျင့်စေခဲ့ပြီး ၎င်းတို့ရဲ့ ကျော ရိုးအောင့်ခြင်း၊ ခါးနာခြင်း တို့ရဲ့ အဓိက တရားခံဟာ ယင်း အားကစားနည်း ဖြစ်နေတာကို လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ ကျောရိုး ကို ပရက်ရှာဖြင့် ဖိတဲ့ သဘောသက်ရောက်ပြီး အာရုံကြောကိုပါ ထိခိုက်ပါတယ်။

18 December 2015

ဖုတ် (သရဲ) ဝင်ပူး ခံရသူ (ဖြစ်ရပ်မှန်)





တစ်နေ့သ၌ ရွာ ၏ နေညိုချိန် ထန်းတဲ တစ်ခုတွင် လူ တစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့ အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။ 

ကိုလူကြီး မှာ လွန်စွာ လူကောင် ကြီးမားသူ တစ်ဦး ဖြစ် သည့် အပြင် မည်သည်ကို မျှ မကြောက်တတ်၊ မည် သူ့ကိုမျှ မကြောက်တတ် သူ တစ်ဦး လည်း ဖြစ်ပေသည်။ ၎င်းတို့ ၏ ထန်းရည်ဝိုင်း အရှိန် ရလာချိန်တွင် လူပုလေး ဆိုသူ က ကိုလူကြီး အား ဤသို့ စကားစလေသည်။

“ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ”
“ဘာများလဲ … ဘယ်ကောင် က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး”
“ဘယ်ကောင်က မှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ် ဆိုတာက မင်း အမေ ဒေါ်စိန်ထွား ကို ပြောတာ”
 

“မင်းကလည်း အမေ က အိပ်ယာထဲ လဲနေတာဖြင့် ကြာလှပြီ။ ဒီနေ့မဟုတ် နက်ဖြန် သေချင်သေမှာ ပါပဲကွာ …”
“ငါ ပြောချင်တာ အဲဒါ ပြောတာ မဟုတ်ဘူးကွ၊ မင်း အမေ ပုံစံက မရိုးဘူး လို့ ကြားရလို့ မင်းကို သတိပေး ချင် တာ”
 

“ဘာမရိုး တာလဲ၊ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ငပုရာ …”
“အေး … မင်း အမေ ဖုတ်ဝင်နေတာ လို့ ကြားတယ်”
“ငါ့ အမေ ဖုတ်ဝင်နေတယ် … ဟုတ်စ”
 


“အေး… ရွာထဲ က လူတွေ ကတော့ အဲဒီ အတိုင်း ပြောနေကြတာပဲ၊ မင်း ကလည်း အိမ်ကပ်တဲ့ အကောင် မဟုတ်တော့ ဘာမှ သိတာ မဟုတ်ဘူး မဟုတ်လား၊ မင်း အိမ်က ကလေးတွေတောင် မှ မင်းအိမ် မှာ မရှိရင် မင်း အမေနား မကပ်ဘူး တဲ့ကွ”
 


အလုပ် ထွက်ပြီး ကိုယ်ပိုင်စီးပွား လုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်


Yoyarlay's photo.
စွန့်ဦး စီးပွား တီထွင်သူများ အနေနဲ့ ကိုယ်ပိုင် စီးပွားရေး စတင် ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါ တယ်။ 

အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ် မှာပေးထား တဲ့ အချိန်ကို လျော့လိုက် ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့ အတွက် အကောင်းဆုံး နည်းလမ်းက အလုပ် ထွက်လိုက်ခြင်း ပါ။ 

ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်တော့မယ် ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့် ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။

၁။ ပိုမို ပျော်ရွှင်စေမှာလား
ကိုယ်က ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင် မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့ စလိုက်မယ်သာ ဆို တယ်။ တကယ်ကော လုပ်ပျော် မှာလား ဆိုတာကို သေချာ မေးဖို့ လိုအပ်ပါတယ်။ အချို့ က ငွေ အရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ် ဆိုပြီး လုပ်ငန်း စပါတယ်။ သို့ပေမယ့် သူပျော် တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ် ထွက်ပြီး မှ ပျော်စရာ မကောင်းတဲ့ လုပ်ငန်း တစ်ခု စမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေ ပါတယ်။

၂။ အချိန်တန်ပြီလား
ကိုယ်ပိုင် စီးပွားရေး ဆိုပြီးတော့သာ အလုပ် ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီ မှာ ကိုယ်ဝန်သည် ဇနီးရှိနေ မယ်။ မနာ မကျန်း မိဘ ရှိနေမယ် ဆိုရင်လည်း အဆင် မပြေပြန်ဘူးလေ။ 

အလုပ် ထွက်ရင် ဝင်ငွေက မရှိတော့ ဘူး။ ဝင်ငွေ မရှိတော့ ပဲနဲ့ အဲဒီ တာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင် စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာ ကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့် မျှတတဲ့ အချိန်ကာလ တစ်ခုကို ရောက်ပြီလား ဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။


မိရိုးဖလာ စီးပွားရေး လုပ်ငန်းတွေ ကို ဘယ်လို ကယ်တင်ကြမလဲ


 မိရိုးဖလာ, စီးပွားရေး, မန္တလေး
 မန္တလေးမြို့လည် က စီးပွားရေးကြော်ငြာ ဆိုင်းပုဒ်များ (ဓာတ်ပုံ – တေဇလှိုင်/ဧရာဝတီ)

 

မြန်မာ့ စီးပွားရေးလောက အတွင်း က မိရိုးဖလာ စီးပွားရေး လုပ်ငန်းတွေ ရေရှည် တည်တံ့ ဖွံ့ဖြိုးဖို့ ၀ိုင်းဝန်း လုပ်ဆောင်ကြရတော့မယ့် အချိန်ရောက်လာပါပြီ။
 
မိရိုးဖလာ လုပ်ငန်းတွေ ထဲမှာ စားသောက်ကုန် လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ ၀န်ဆောင်မှု လုပ်ငန်းတွေ ပါဝင်တယ်။ လက်ရှိ အခြေအနေ မှာ လုပ်ငန်းအများစု က တိုးချဲ့နိုင်ဖို့ အသာထား လုပ်ငန်း မပြိုလဲအောင် ကျားကန်နေကြရတယ်။

မန္တလေးမြို့ မှာ အထင်ကရ ရှိတဲ့ မလိုင်ပေါက်စီဆိုင် ဟာ တမြို့လုံးပေါင်း လို့ လက်တစ်ဖက် (၅ဆိုင်) မပြည့်တော့ ဘူး။ ကား ပစ္စည်း၊ ဆိုင်ကယ် ပစ္စည်း ပြုလုပ်ပေးတဲ့ တွင်ခုံ ဆရာ အချို့ ဈေးထည် ပစ္စည်း ပြောင်း လုပ်နေကြရတယ်။ 

အိမ်တော်ရာ ထီး လုပ်ငန်း ပျောက်ကွယ် သွားတာ ကာလ အတော်ကြာပြီ။ မြို့ မျက်နှာဖုံး အဖြစ် ဂုဏ်သိက္ခာ ရှိရှိ တလျှောက်လုံး ရပ်တည် ခဲ့တဲ့ ကုန်စည်ဒိုင် က ပွဲစားကြီး အချို့ ခေတ်ကာလ အလိုက် ရောင်းရေးဝယ် တာ ပုံစံပြောင်းသွားလို့ လုပ်ငန်း နားထားရတယ်။
 
နည်းပညာ လှိုင်းလုံးတွေ တ၀ုန်းဝုန်းအောက်မှာ အချို့ လုပ်ငန်းတွေ ၀ါးမျို  ခံလိုက်ကြရတယ်။ နည်းပညာက ကမ္ဘာကြီးကို ရွာကြီး တစ်ရွာ ဖြစ်စေခဲ့တယ်။

 မြန်မာနိုင်ငံ လို တတိယ ကမ္ဘာက နိုင်ငံ မဆို ထားနဲ့။ စက်မှု ထိပ်သီးနိုင်ငံတွေသည်ပင် နည်း ပညာစက် ကွင်း က မလွတ် ခဲ့ဘူး။ ကက်ဆက်တွေ ဗီဒီယိုပြစက်တွေ အပြိုင် အဆိုင် ထုတ်လုပ်ရောင်းချ လို့ ကောင်းနေ ဆဲမှာ ပဲ စီဒီ ဖွင့်စက်တွေ ဒီဗီဒီ ဖွင့်စက်တွေ ပေါ်လာတော့ ဂျပန်နိုင်ငံ က ဧရာမ အီလက်ထရောနစ် ကုမ္မဏီတွေ လည်း ခွက်ခွက်လန် အရှုံးပေါ်ကုန်တယ်။ 

16 December 2015

အသည်း ကိုဆေးခြင်း






တစ်ပတ် တစ်ကြိမ် အဆိပ် အပုပ် ထုတ်တဲ့ အစီအစဥ်အရ အခု အပတ်မှာ အလှည့် ကျတာကတော့ အသည်း က်ုဆေးဖို့ပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ် မှာ အသည်း ဟာ အရေးကြီးတဲ့ အင်္ဂါ တစ်ခုဖြစ်သလိုအလုပ် အများဆုံးသော ကလီစာ လည်းဖြစ်ပါတယ်။

စားအမျှ အစာတွေက အဆိပ်တွေကိုဖြေပေးရ ပါတယ်။နေ့စဥ်စားနေတဲ့ အစာတွေထဲမှာ အဆိပ်တွေက အများကြီးပဲ။ ဒါကြောင့် အသည်းကောင်းဖို့ သိပ်အရေးကြီးပါတယ်။
     
အသည်း ကိုဆေးဖို့ အကောင်းဆုံး ကတော့ မန်ကျည်းဖျော်ရည်ဖြစ်ပါတယ်။ မန်ကျည်းသီး ဟာ အသည်း အတွက် သဘာဝ ကပေးထားတဲ့ဆေး လည်း ဖြစ်ပါတယ်။  အသည်း ကို နုပျိုစေပါတယ်။

အုန်းနို့ က နို့ပြီးရင် နောက် အကောင်းဆုံး ဖြစ်နိုင်ဖွယ်ရှိနေ



အုန်းနို့ ကို နို့ပြီးရင် နောက် အကောင်းဆုံး အဖြစ် အာဟာရဗေဒ ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖြစ် လူသိ များတဲ့ Dr Josh Axe မှ သက်သေပြခဲ့ပါတယ်။

ဒါကို  ကျန်းမာရေးအ တွက် သောက်သုံးခြင်း အပြင် ချက်ပြုတ်ခြင်း အတွက် ပါဝင် ပစ္စည်း တစ်ခုအဖြစ် တိုးမြင့်ဆောင်ရွက်ဖို့ အုန်း ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ Coconut  Development Board ကို ဖွဲ့စည်းခဲ့ပါတယ်။

သဘာဝ ကျန်းမာရေးဖျော်ရည် တစ်မျိုး အဖြစ် အုန်းရည်/နို့ ကို သဘာဝဆေး အဖြစ် ဖြစ်စေမယ့် လုပ်ငန်း ကို ဆောင်ရွက်ခဲ့ပါတယ်။

ထုတ်လုပ်သည့် စက်ရုံ မှာ အနံ့အရသာ မျိုးစုံဖြင့် ထုတ်လုပ်ခဲ့ပါတယ်။

လ့လာမှုများ အရ နွားနို့မှာ လူတွေ အတွက် အစာချေဖို့ ခက်ခဲစေတဲ့ သကြား တစ်မျိုးဖြစ်တဲ့ lactose ပါဝင်ပါတယ်။ ဒီအရာ က အုန်းနို့ မှာ မပါဝင်ပါဘူး။

15 December 2015

သူတစ်ပါး ကို ကွဲအောင် လုပ်ခဲ့သော မှားယွင်း တဲ့ လုပ်ရပ် ၏ ဝဋ်ကြွေး ဆိုးကျိုး

 


အဲဒီ ကိုယ်တော်ရဲ့ “ဝဋ်ကြွေး”က ဘယ်လောက်ကြောက်စရာ ကောင်းတုန်း ဆိုတော့ လူ့ ဘဝနေတုန်း က ဘာမှ မဖြစ်ဘူး။  ရဟန်း ဝတ်လိုက်တဲ့ အခါက စပြီးတော့ သူ့နောက်မှာ “အရိပ်” ပေါ်နေတယ်။ “အမျိုးသမီး” တစ်ယောက် က အမြဲလိုက်နေတယ်။

 သူက မမြင်ရဘူး။ ပတ်ဝန်းကျင်က လူတွေက အကုန်မြင်ရတယ်နော်။ အဲဒီကိုယ်တော်ရဲ့ နောက်က အမျိုး သမီးငယ်တစ်ယောက်က အမြဲတမ်းပါတယ်။


ဆွမ်းလောင်းတဲ့ ဒကာ၊ ဒကာမတွေက ပြောတယ်။“ဒါက ကိုယ်တော့် အတွက်၊ ဒါက ကိုယ်တော့်ရဲ့ဒကာမ အတွက်” ဆိုပြီးတော့ တချို့ ကလည်း ပြောင်ပြောင် လှောင်လှောင် လောင်းလှူ လိုက်ကြတယ်။
သူကတော့ နားမလည် ဘူးပေါ့။ သူ့နောက် က အမျိုးသမီး တစ်ယောက် ပါနေတာ သူမသိဘူး၊ မြင် လည်း မမြင်ရဘူး။

သို့သော် မကောင်း သတင်း ဟိုးလေး တကျော် ဖြစ်နေရတယ်။ ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာ ဖြစ်လာတယ် ။နောက်ဆုံး မှာ ဘုရင့် နန်းတော် ထိအောင်ဒီ သတင်း ပေါက်သွားတယ်။ ပေါက်သွားတော့ “ကောသလ မင်းကြီး”ကိုယ်တိုင် လာရောက်စုံစမ်းတယ်။

13 December 2015

ရဲလိုက်လို့ ရေကန်ထဲဝင်ပုန်းရင်း မိချောင်းစားတာ ခံလိုက်ရတဲ့ ဖောက်ထွင်း ၀ိဇ္ဖာ





ဖောက်ထွင်းဝိဇ္ဖာ တစ်ယောက်အဖြစ် သံသယ ရှိခံရသူဟာ သူ့နောက်ကို ရဲတွေ လိုက်ဖမ်းလို့ ထွက်ပြေး ရင်း ရေကန် တစ်ကန်ထဲမှာ ၀င်ရောက် ပုန်းနေရာ ကနေ ကန်ထဲမှာ ရှိတဲ့ မိချောင်း စားတာ ခံလိုက်ရ ပါတယ်။

အသက် ၂၂ နှစ်အရွယ် Matthew Riggins ဟာ ဖလော်ရီဒါ ပြည်နယ် Palm Bay ဆိုတဲ့ ရေကန်ထဲမှာ ရှိတဲ့ မိချောင်း တစ်ကောင် ကိုက်ချီ စားသောက်လိုက်ခြင်း ကို ခံခဲ့ ရသူပဲဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေး အရာရှိတွေ ဟာ Riggins ကို ရှာဖွေရင်းပဲ သူ့ရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေဟာ မိချောင်း ရဲ့ အစာအိမ်ထဲရောက်နေတာ ကို တွေ့ခဲ့ ရတာဖြစ်တယ်လို့ Brevard ခရိုင် ရဲတပ်ဖွဲ့ရုံးရဲ့ တရားဝင်ပြောကြားချက် အရသိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ က Barefoot Bay ဆိုတဲ့ ရပ်ကွက် ထဲမှာ ရှိတဲ့ နေထိုင် သူတွေ ဟာ အိမ်တွေရဲ့ အနောက်ဖက် မှာ လူ ၂ ယောက် လမ်းလျှောက်နေတာတွေ့တဲ့ အတွက် ရဲစခန်းကို အကြောင်း ကြားခဲ့တာဖြစ်ပြီး ရဲဝန်ထမ်းတွေဟာ ခွေးတွေ နဲ့ ဟယ်လီကော်ပတာ တွေကို အသုံးပြုပြီး Riggins နဲ့ အခြား သံသယ ရှိသူတွေကို ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

12 December 2015

အပါယ်ရောက်ကြောင်း အလှူ ဒါန(၁၀)ပါး


10805732_348370045334986_8954189822872201106_n
 



၁။ သမဇ္ဇ ဒါန- ကချေသည် အလှူ ( အငြိမ့်ဇာတ်ပွဲ )
၂။ မဇ္ဇ ဒါန- သေရည်သေရက် အလှူ
၃။ ဣတ္ထိ ဒါန- မိန်းမ အလှူ
၎။ ဥသဘ ဒါန- နွားလား၊ မြင်းလား အလှူ
၅။ စိတ္တကမ္မ ဒါန- ကာမဂုဏ် ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ
၆။ သတ္ထ ဒါန- လက်နက် ခဲယမ်း မီးကျောက် အလှူ
၇။ ၀ိသ ဒါန- အဆိပ် အလှူ
၈။ သင်္ခလိက ဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ
၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင် အလှူ
၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်း လဲ၊ တင်းစဉ်း လဲ အလှူ  တို့ဖြစ်ပါတယ်။


၁။ သမဇ္ဇ ဒါန လို့ခေါ်တဲ့ ကချေ အလှူ  (အငြိမ့်ဇာတ်ပွဲ အလှူ) ကတော့ ယခုခေတ် ရှင်ပြု  ရဟန်းခံ ပွဲတွေမှာ များစွာ မှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေ ထည့်သွင်းပြီး ကျင်းပကြပါတယ်။ 

ရင်နှီးသူ အချင်းချင်း လည်း “သူငယ်ချင်း’’ မင်းရဲ့ ရှင်ပြု  ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ် ပွဲလေး ဆိုင်းလေးတော့ ထည့်ဝင် လှူဒါန်းပါရစေဆိုပြီး” အပြစ်ကင်းတဲ့ အလှူဟု ထင်မှတ်ပြီး အပြစ် မကင်းသော အပ္ပါယ်လေး ပါးရောက်စေ တတ်သော မကောင်းသော အလှူကိုပေးလှူတ တ်ကြပါတယ်။

အဲဒီ အလှူ  ဒါန သည် ကုသိုလ် မရသည့် အပြင် အပါယ်လေးပါး ကိုရောက်စေတတ်ပါ
သောကြောင့် အား လုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကို မပေးလှူမိဖို့ သတိပေးလိုပါတယ်။


ဘုရားရှင် မကယ်နိုင်တဲ့ မိသားစု




အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောင်ဘက် ကြွနေစဉ် လမ်းမှာပြိတ္တာလေးယောက် ကို တွေ့ လိုက်တော့ တအံ့ တသြနဲ့ မေးလိုက်မိတယ်။

“ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာ လိုက်တာ။ 

တစ်ယောက် က ရဲရဲတောက်နေတဲ့ သလေး စပါး ဖျင်းတွေ ကို ခေါင်းပေါ် မှာ ဖြန့်ကြဲပြီး ပူလောင်တဲ့ ဒဏ်ကို မပြတ် ခံစားနေရတယ်။ 
တစ်ယောက် ကတော့ တင်းပုတ် နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေတယ်။ 
တစ်ယောက် ကတော့ ကိုယ့် အသားအသွေး ကို ပြန်ဖဲ့ စားနေတယ်။ 

နင် ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေတယ်။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာ လဲ ပြော ပါဦး”

မှန်ပါဘုရား။ ဒါ တပည့်တော် တို့ အရင်က မိသားစုတွေ ပါ။ ရဲရဲတောက်လောင်နေတဲ့ သလေး စပါးဖျင်းတွေ ကြဲနေတဲ့ သူ က သားပါ ဘုရား။ လူ့ဘ၀ တုန်းက အမေ ကို ညဉ်းဆဲ ခဲ့လို့ပါ။ 

တင်းပုတ် နဲ့ပြန်ထုနေတဲ့ ကောင် က လင်ပါ။ ကောက်ကျစ်စဉ်း လဲ တဲ့ ကုန်သည်ပေါ့ဘုရား။ 
ကိုယ့်အသား ကို ဖဲ့စားနေတာက ချွေးမ ပါဘုရား။ သူမ ကတော့ အိမ်မှာ အသား ချက်တော့ မသိအောင် အသားတွေ ခိုးစား ခဲ့တယ်။ မေးတော့ မစားဘူး လို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေတာပါ။ 

တပည့်တော်မ ကတော့ အဲဒီတုန်း က တစ်အိမ်လုံး ကို ဦးစီးတဲ့ အိမ်ရှင်မ ပါ။ အရမ်း ကပ်စေးနဲခဲ့တယ်။ ဥစ္စာ ရှိသား နဲ့ မရှိဘူးလို့ လိမ်ခဲ့တယ်။ ၀ှက်ခဲ့တယ်။ သူများကို ပေးကမ်း ကူညီခြင်းမရှိခဲ့ဘူး။ 

“ငါ့အိမ် မှာ ဘာ ပစ္စည်းမှ မရှိဘူး။ ရှိရဲ့သားနဲ့ လှို့ဝှက် ခဲ့ရင် မစင် စားရပါစေသား” လို့လိမ်ခဲ့တယ်။ အဲဒီ မကောင်းတဲ့ ကံတွေကြောင့် တပည့်တော် မ ခုလို ပိုးလောက်ပြည့်နေတဲ့ မစင်တွေ စားနေရပါတယ်ဘုရား။


သူဌေးလက် ပိုင်ရှင် က ဘယ်သူဖြစ်မလဲ



 

သူဌေးလက် ပိုင်ရှင် ဆိုတာ ဟုတ်လား မဟုတ်လား ဆိုတာကို ဆမ်းစစ်ကြည့်လိုက်ကြရအောင် ။


၀၁. ခက်ရင်း ပုံသဏ္ဍာန် လက္ခဏာပိုင်ရှင် ကတော့ သူဌေးဖြစ်မည့် လက်ပိုင်ရှင်ဖြစ်ပါတယ်။




06 December 2015

ခေါင်းပြတ် အရိုးစုတွေ ပါတဲ့ မြောက်ကိုရီးယား ‘ တစ္ဆေသဘောင်္အုပ် ’ လှိုင်းပုတ်ပြီး ဂျပန် ကမ်းခြေ မှာ တင်နေ



 


သဘောင်္ကုန်းပတ်ပေါ် မှာ အစာငတ်သေခဲ့ ရတဲ့ မြောက်ကိုရီးယားနိုင်ငံသား အလောင်းတွေပြည့်နေတဲ့ ‘တစေ ၦသေဘာၤအုပ္စု’ ဟာ ဂျပန် ကမ်းခြေမှာ လှိုင်းပုတ် ကာ တင်လျက်ရှိပါတယ်။

ခနော်နီ ခနော် နဲ့ ငါးဖမ်း သဘောင်္ တစ်ဒါဇင်ကျော် မှာ အလောင်းပေါင်း အနည်းဆုံး ၂၂ လောင်း ပါရှိပြီး အောက်တိုဘာလ ကတည်းက ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့ က တွေ့ ရှိခဲ့တာဖြစ်ပါတယ်။ 

တစ်ချို့  အလောင်းတွေဟာ ခေါင်းပြတ်နေပြီး ဦးခေါင်းခွံခြောက်ခု ကို အလောင်း နဲ့ တခြားစီနေရာ မှာ ပြန်တွေ့  ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရေး နဲ့ ရေးထားတဲ့ ဆိုင်းဘုတ် အမှတ်အသား တစ်ခု အရ ထိုလှေ အုပ်စု ထဲက တစ်စီး ဟာ မြောက်ကိုရီးယား စစ်တပ် တစ်ဖွဲ့  ရဲ့လှေ တစ်စီးဖြစ်တယ်လို့ သိရပါတယ်။ 

ထို့ အပြင်သဘောင်္ပေါ် က စုတ်ဖွာနေတဲ့ အ၀တ်စ တစ်ခု ကလည်း ကွန်မြုနစ်နိုင်ငံ ရဲ့ အလံ လို့ ယူဆရဖွယ် ရှိတာကို  ဗီဒီယို မှတ်တမ်းမှာ တွေ့ ရပါတယ်။ 

03 December 2015

တန်ဘိုး

 သကျသီဟ အရှင်အရိယာလင်္ကာရ's photo.


 တစ်ခါတုန်းက သူဋ္ဌေးကြီး တစ်ဦးဟာ သူ ပိုင်ဆိုင်တဲ့ အဖိုးတန် စိန် ရတနာတစ်ပွင့် ကို ယူပြီး သူရဲ့လူယုံ တစ်ယောက် ကို ဈေးထဲမှာ သွားရောင်းခိုင်းခဲ့ ပါတယ်။ 

ဒီ စိန်ရတနာ ကို ဈေးထဲ က ဈေးသည် တစ်ယောက်ယောက် ထံမှာ သူတို့ပေးနိုင် တဲ့ ဈေးထက် နည်းနည်း ပါး ပါး ပိုတောင်းပြီး ရောင်းခဲ့ပါ လို့ မှာလိုက်တယ်။ ပြီးရင် သူတို့ ဘာပြောလဲ ငါ့ထံပြန်ပြီး သတင်းပို့ပါ လို့ လည်း မှာလိုက်တယ်။ 

လူယုံလည်း သူဋ္ဌေးကြီး မှာလိုက်တဲ့ အတိုင်းပဲ ဈေးထဲသွားကာ ပထမဆုံးတွေ့တဲ့ ဖရဲသီးသည် ထံမှာ သွား ပြီးရောင်းလိုက်ပါတယ်။

ဖရဲသီး သည် က သူမှာ ပိုက်ဆံ မရှိလို့ ဒီ ဖရဲသီးများ နဲ့ လဲမယ် ဆိုရင်တော့ လဲနိုင်ပါတယ်၊ ခင်ဗျား စိန်ကို ဖရဲသီး ၉လုံးထိ ကျွန်တော်ပေးနိုင်ပါတယ်ပြောတယ်။ လူယုံ ကတော့ ၁၀ လုံးပေးရင် ကျွန်တော်ရောင်းမယ် လို့  ဆိုပြီး သူပေးတာထက် နည်းနည်း ပိုပြီးတောင်လိုက်တယ်။ 

အဲဒီ အခါဖရဲသီးသည် က ၁၀ လုံးတော့ မပေးနိုင်ဘူး ခင်းဗျားကျောက် က သေးသေးလေး၊ စားလို့လဲ ရတာ မဟုတ်ဘူး၊ ခင်းဗျားရောင်းချင်ရောင်း မရောင်းချင်နေလို့ ပြောလိုက်တယ်။ လူယုံ လည်း သူဋ္ဌေးကြီးထံပြန် လာပြီး အကျိုး အကြောင်းပြောပြတယ်။ 

01 December 2015

သာသနာပြု အဓိပ္ပါယ်...

 ငှက်ပျောတော ဓမ္မစကူးလ် ပင်းတယ's photo.


 သာသနာပြု ဆိုင်းဘုတ် က ဒီကနေ့ မြန်မာပြည် မှာ သိပ်ြ ပီး ထွန်းကားနေတယ်။ ဟိုကလည်း သာသနာပြု  ဒီကလည်း သာသပြု နဲ့ ဒီနေ့ခေတ် မှာ အဲ့ဒါ ကို  လေ့လာကြည့်ကြ ရအောင်....။

သာသနာ ဆိုတာ . ဘယ်လိုလဲ ...???
ဘယ်လိုပြုတာကို သာသနာပြုတယ်ခေါ်သလဲ...???
 

ဒါ စဉ်းစားဖို့ အချိန်က ရောက်လာပြီ...။
ဘုရားပြင်တဲ့  ပုဂ္ဂိုလ်တွေ ကလည်း  သာသနာပြုတယ်ပြောတာပဲ...။
 

အ၀တ်ဖြူကြီးတွေ ၀တ်ထားတဲ့ ပုဂ္ဂိုလ်တွေ ကလည်း သာသနာပြုတယ်ပြောတာပဲ...။
မုတ်ဆိတ်မွှေးရှည်ကြီး နဲ့ လူ တောင်ဝှေး နဲ့ ထိုးတဲ့သူ ကလည်း သာသနာပြုတယ် ပြောတာပဲလေ...။
တော်တော်လေးတော့ ခတ်နေပြီလေ....။


ဘုန်းကြီးတို့ စာချနေတဲ့ ရဟန်းတော်တွေ က သာသနာပြု ဆိုင်းဘုတ် တင်ခွင့်ကို မရတော့ဘူး။ ဒီလိုဖြစ်နေတယ်။ အဲ့ဒီလို သာ သာသနာပြု  ဆိုင်းဘုတ် ကို တွင်တွင်ကြီး တပ်လာပြီ ဆိုရင် ဒို့ ဒကာ ဒကာမ  တွေက အုံပြီးတော့ ပါသွားကြပြီ...။

စာသင်တိုက်တွေ မှာ အငတ်ငတ် အပြတ်ပြတ် နဲ့ ဆွမ်းမှ မ၀ရေစာ သင်္ကန်းမှ ရှားရှား ပါးပါး စာသင် စာချ လုပ်နေကြ တဲ့ ကိုယ်တော်တွေ အပေါ်ကျ တော့ အဲ့ဒါပြုတယ် လို့ မြင်တဲ့သူ က တဖြည်းဖြည်း နည်းလာ တယ်...။

ဘာဖြစ်လို့ နည်းလာသလဲ ဆိုတော့ ပရိပ်သတ် နဲ့ အထိ အတွေ့ နည်းလာလို့တဲ့။ ကျောင်းထဲ မှာ ကုတ်ပြီးနေ ကြတဲ့ ကိုယ် တော်တွေ.အဲ့ဒါရေသောက်မြစ် ဆိုတာ ဘုန်းကြီးတို့ ပရိတ်သတ် သိပြီးထားကြ။
 

25 November 2015

ရေစက်ချ ၍ လှူခြင်းနှင့် မချဘဲ လှူခြင်း ၏ အကျိုး ကွာခြားပုံ

Ko Tun's photo.


ရေစက်မချဘဲ လှူခြင်းကို ဒါန
ရေစက်ချ၍ လှူခြင်းကို ပတ္တိဒါန လို့ခေါ်ပါတယ်။ အဲဒီတော့ ရေစက် မချဘဲ လှူမယ် ဆိုရင် ဒါန အကျိုး တစ်မျိုးပဲ ရပါမယ်။
 

 ရေစက်ချ၍ လှူမယ် ဆိုရင်တော့ ဒါန အကျိုးရော ပတ္တိဒါန အကျိုးရော နှစ်မျိုးလုံး ရနိုင်မှာပါ။ အချို့ လူတွေ က ပတ္တိဒါန အကြောင်း သိပ်မသိကြဘူး။ 

ပတ္တိဒါန နဲ့ ပတ်သက်ပြီး အဘိဓမ္မတ္ထ ဝိဘာဝိနီဋီကာ မှာ....
"အတ္တနော သန္တာနေ နိဗ္ဗတ္တဿ        ပုညဿ         ပရေဟိ သာဓာရဏဘာဝံ ပစ္စာသီသနစေတနာ ပတ္တိဒါနံ နာမ"။
(မိမိ ၏ သန္တာန် မှာ ဖြစ်တဲ့ ကုသိုလ်ကောင်းမှု ကို သူတပါးတို့နှင့် ဆက်ဆံခြင်း အဖြစ် ကို တောင့် တကြောင်းစေတနာ သည် ပတ္တိဒါန မည်၏) လို့ ဆိုထားတယ် ရှိတယ်ပေါ့။


ပတ္တိ+ဒါန ဆိုတဲ့ နေရာမှာ
ပတ္တိ ဆိုတာက မိမိ ထံပါးသို့ ကုသိုလ်ရောက်လာတာ ကို ပတ္တိ လို့ခေါ်တယ်။


ဒါန ဆိုတာ က သိကြပြီးတဲ့ အတိုင်း ပေးလှူခြင်းပေါ့။
အဲဒါကြောင့် မိမိထံ ရောက်လာတဲ့ ကုသိုလ် ကို သူတပါးထံ အမျှပေးဝေခြင်း ကို ပတ္တိဒါန လို့ခေါ်တယ်။
တစ်စုံ တစ်ခုဖြစ်တဲ့ ပစ္စည်း ဝတ္ထုကို လှူတဲ့ အတွက် ရောက်လာတဲ့ ဒါနစေတနာ ကို ပတ္တိ လို့ခေါ်တယ်။ 


22 November 2015

Detox Water

Nay Min's photo.

My Detox Water
အိမ်မှာနေ့တိုင်း လုပ်သောက်ဖြစ်တဲ့ Detox Water ပါ။ သောက်တာ တစ်ပတ်လောက် ရှိပါပြီ။ သိသိသာသာ လန်းဆန်းပေါ့ပါး လာပါတယ်။ အသားအရေ လည်း အရင်ထက် ပိုကြည်လာတယ်လို့ ထင်ရတယ်။ 

သူငယ်ချင်း တို့ ကိုလဲ  သောက်စေချင်လို့ လုပ်နည်း မျှဝေလိုက်ပါတယ်။

လိုအပ်တဲ့ ပစ္စည်း

၁။ သံပရာသီး (Lime)
၂။ သခွားသီး (Cucumber)
၃။ တရုတ်နံနံ (Celery)
၎။ ပူစီနံ (Mint)
၅။ ရှောက်ရွက် (Lemon leaf)
၆။ သစ်ကြမ်းပိုးခေါက် (Cinnamon)
၇။ စပါးလင် (Lemongrass)
၈။ ပျားရည် (Honey)
၉။ ဂျင်း (Ginger)
၁၀။ ရေသန့် (Purified Drinking Water)


သင့် မွေးသက္ကရာဇ် နောက်ကွယ် က လျှို့ဝှက်ချက်များ




ကိုယ်မွေးတဲ့ ရက်၊လ၊နှစ်တွေ က ကိုယ့်အရည်အသွေး နဲ့စိတ်နေ စိတ်ထား ကို ပြောပြနေ ပါတယ်။ မွေး သက္က၇ာဇ် ကပြောတဲ့ အသံတွေကို တစ်ခါလောက် နားစွင့်ကြည့်ရအောင်။

တွက်နည်း က လွယ်ပါတယ်။ မွေးနေ့၊ မွေးလ၊ မွေးနှစ်ကို ဂဏန်း တစ်ခုတည်း ရအောင် ပေါင်းရ မှာပါ။ ဥပမာ အနေနဲ့ ပြပါမယ်။

မတ် ၂၀ ၁၉၅၀
၃+၂၀+၁၉၅၀ = ၁၉၇၃
၁+၉+၇+၃ = ၂၀
၂+၀= ၂
သည်တော့ ၂ ကို သွားကြည့်ရမှာပါ။


အခု ဖွင့်ဆို ရှင်းလင်းချက်တွေ ကို ကြည့်ရအောင်။

၁ ဂဏန်းသမား မူလ ရင်းမြစ်
၂ ဂဏန်းသမား ငြိမ်းချမ်းရေး အကျိုးတော်ဆောင်
၃ ဂဏန်းသမား ပျော်ရွှင်မြူး ထူးတဲ့သူ
၎ ဂဏန်းသမား ရှေးရိုး စဉ်လာသမား
၅ ဂဏန်းသမား ရွေ့လျားနေတတ်သူ
၆ ဂဏန်းသမား ရိုမန်တစ်ဖြစ်တဲ့ သူ
၇ ဂဏန်းသမား စူးစမ်းသူ
၈ ဂဏန်းသမား ပြသနာ ရှင်းတတ်သူ
၉ ဂဏန်းသမား အနုပညာရှင်

၁ မူလရင်းမြစ်
၁ တွေဟာ အခြေခံကျတဲ့ သူတွေဖြစ်တယ်။ သူတို့ ဆီက အိုင်ဒီယာ အသစ်တွေ အမြဲထွက်လာလေ့ ရှိတယ် ။ ခေါင်းလည်း မာကြတယ်။ သိပ်လည်း ရိုးသားတယ်။ လိုချင်တာ ရှိရင် ရအောင် ညှိနှိုင်းနိုင်ကြတယ်။ ကိစ္စ တစ်ခု ကို ဦးဆောင်ဖို့ ၀န်မလေးဘူး။ ခေါင်းဆောင်လည်း ဖြစ်တတ်ကြတယ်။ သတိထား ရမှာက သူများ ရဲ့ စိတ်ကူး ကလည်း သူ့နေရာနဲ့သူကောင်းတယ် ဆိုတာပါပဲ။ 

နာမည်ကြီး ၁ ဂဏန်းသမားတွေ - တွမ်ဟန့်၊ ကာရိုးဘားနက်၊ နန်စီရေဂင်

၂ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်
၂ တွေ  ဟာ သံတမန်ဖြစ်ဖို့ မွေးလာသူတွေပါ။ တခြားသူတွေ ရဲ့ လိုအပ်ချက်၊ ခံစားချက်တွေကို သူတို့သိ တယ် ။ သူတပါး ကို ဦးစားပေး စဉ်းစားတတ်တယ်။ သူတို့ဟာ တစ်ယောက်တည်းမနေချင်ကြ ဘူး။ ပေါင်း သင်း  ဆက်ဆံရေးနဲ့ သူငယ်ချင်းတွေဟာ သူတို့ အတွက် သိပ် အရေးကြီးပြီး သည် ဆက်ဆံရေးကြောင့် ဘ၀မှာ အောင်မြင်ကြတယ်။ 


21 November 2015

စလုံး


Look before you leap!!!

၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် ဖြစ်ပေါ်နေတဲ့ စင်္ကာပူနိုင်ငံ မှာ နေထိုင် ကုန်ကျ စရိတ် (the cost of living in Singapore) ကို တင်ပြပါရစေ။

စင်္ကာပူနိုင်ငံ ဟာ ရေပတ်လည် ဝန်း ရံနေတဲ့ ကျွန်းနိုင်ငံလေး တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နေထိုင် စား ရိတ်မြင့်မား တဲ့မြို့များ စာရင်းမှာ စင်္ကာပူ လည်း ပါဝင်ပါတယ်။

ဒါဆိုရင် တစ်လ မှာ လူ တစ်ကိုယ်စာ ကုန်ကျ စားရိတ် ဘယ်လောက်ရှိမှာလဲ။

(က) အိမ်ခန်း ဌားရမ်းခ ကုန်ကျစရိတ်
စင်္ကာပူ မှာ အိမ်ခန်း ဌားရမ်းခ ကုန်ကျစရိတ်ဟာ အဆောက်အဦး ရဲ့တည်နေရာ၊အခန်း ရဲ့အမျိုး အစား၊ သုံးစွဲရန် ထည့်သွင်းပေးထားသော ပစ္စည်း များနဲ့ လူ ဘယ်နှစ်ယောက်ပေါင်းပြီးနေမလဲပေါ်မှာ မူတည်ပါတယ်။ တစ်လ ကို စင်္ကာပူဒေါ်လာ ၄၅၀ ကနေ ၁၅၀၀ ကြား မှာ ရှိပါတယ်။

(ခ) ရေဖိုး/ မီးဖိုး ကုန်ကျစရိတ်
ရေပျက်တာ၊ မီးပျက်တာ မရှိသလောက် ပါပဲ။ တစ်လ လူ တစ်ကိုယ်စာ ကုန်ကျ စရိတ်က စင်္ကာပူဒေါ်လာ ၅၀ ကနေ ၁၀၀ ကြားမှာ ရှိပါတယ်။

(ဂ) အစားအသောက် အတွက် ကုန်ကျစရိတ်
လူ တစ်ယောက်စာ အတွက် စားသောက် ကုန်ကျစရိတ်က အကြမ်းအားဖြင့် စင်္ကာပူဒေါ်လာ ၃၅၀ ကနေ ၄၅၀ ကြားမှာ ရှိပါတယ်။

17 November 2015

ကျောခိုင်း သွားဖို့ အချိန်ရောက်လာရင်

ဘုရား တရား သံဃာ အဆုံးမများ's photo.


ဘုရားရှင် လက်ထက်က ဘုရားရှင် ကို သူတို့သား အရင်းတစ်ယောက်လို သဘောထားပြီး သိပ်ချစ်ကြတဲ့ နကုလပိတာ သူကြွယ် လင်မယားနှစ်ယောက် အကြောင်းကို ပိဋကတ် စာပေလေ့လာ ဖူးကြတဲ့သူတွေဆို ရင်းရင်းနှီးနှီး ကို သိကြမှာပါ။ 

ဒီ သူကြွယ်ကြီး အတွက် ရည်ရွယ်ပြီး ဘုရားရှင်ဟော ခဲ့တဲ့ “ကိုယ် သာ နာပါစေ၊ စိတ် မနာပါစေနဲ့” ဆိုတဲ့ တရား ဆိုရင် ၀ိပဿ       နာ   တရားအားထုတ်နေကြတဲ့ ယောဂီတွေ အကြိမ်ပေါင်း များစွာ၊ ထပ်ခါထပ်ခါ ကြား ဖူး၊ နာဖူး၊ ဖတ်ဖူးပြီးသား တရား တစ်ပုဒ်လို့ ပြောမယ် ဆိုရင် မလွဲနိုင်ပါဘူး။

ဒီ သူကြွယ် လင်မယားကို အကြောင်းပြုပြီး မြတ်စွာ ဘုရားရှင်ဟော ခဲ့တဲ့ သုတ်တော်တွေ ထဲက အိမ်ထောင် ရှင် လင်မယားတွေ ရဲ့ ကြားမှာ အတုယူ အားကျပြီး ကြိုးစားပြုလုပ်သင့် တဲ့ အချက်တွေ ပါတဲ့၊ လူအများကြား သိပ်ကြားဖူးနေကျ မဟုတ်တဲ့ သုတ်တော် တစ်ခုကို အိမ်ထောင်သည် ဓမ္မမိတ်ဆွေတွေ အတွက် ဝေမျှပြောပြ ချင် ပါတယ်။ 

ကိုယ့် ရဲ့  ဇနီး ခင်ပွန်းသည် လုပ်သူဟာ တစ်ချိန်ချိန် မှာ အနာရောဂါနှိပ်စက် လာလို့ လူ့လောက ကို ကျော ခိုင်း စွန့်ခွာ ထွက်သွား ရတော့မယ့် အချိန် တစ်ခုဟာ အိမ်ထောင် သည်တိုင်း တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မဖြစ် မနေရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ 

များသော အားဖြင့်တော့ ဘေးနားကပြုစုပေးနေ တဲ့ ဇနီး ခင်ပွန်းသည် ဟာ အဲဒီ အချိန်မျိုးမှာ ပရိဒေ၀သောက မီးတွေ တောက်လောင်နေတတ် ကြပြီး မကြာမီ အားလုံး ကို စွန့်ခွာ သွားတော့မယ့် ချစ်ခင်သူ အတွက် အသိ ဉာဏ်နှင့် ယှဉ်တဲ့ လိုအပ်တဲ့ပြင်ဆင် တည့်မတ်ပေးမှုမျိုး ကို လုပ်မပေးလိုက်နိုင်ကြတာများပါတယ်။ 

16 November 2015

ကွက်လပ်

မှတ်စုကြမ်း's photo.


 ဒီကောင်လေး ရဲ့ အမူအရာ ကို အစရောက်ကတည်း က ကျွန်တော် ထူးထူးခြားခြား သတိထားမိသည်။ (၇)နှစ်ကျော်ကျော် အရွယ် ရှိ ကောင်လေး ရဲ့ မျက်နှာကျပုံက ချစ်မွှေး ပါသလောက် ဂျစ်ကန်ကန် နိုင် လှ သည်။ 

ကျွန်တော်နှင့်  အရွယ်တူလောက် ရှိမည့် ကောင်လေး ရဲ့ ဦးလေး ဆိုသူက ဂုတ်ကို ဆွဲပြီး ခေါ်လာ ကာ ကောင်လေး က ဒရွတ်တိုက် လိုက်ပါလာခြင်း ဖြစ်သည်။ ထို့နေ့က ကျွန်တော့် အိမ်ရှေ့ တံခါးဝ ကို ရုတ် တရက် တွန်းဖွင့် လိုက်ခြင်းကြောင့် ကျွန်တော်ပင် အလန့်တကြား ဖြစ်သွားခဲ့ ရသည်။ 

မျက်နှာထား တင်းတင်းဖြင့် ဝင်လာသည့် ကောင်လေး ရဲ့ ဦးလေး က အိမ်ထဲ ၀င်ဝင် လာခြင်းပင် “ ဆရာရေ … ကျူရှင် ကို သတိထား မိတာ ကြာပါပြီ။ ဒီကောင် ဂျစ်တိုက်ပြီး မလာဘူး လုပ်နေတာ နဲ့ မအပ်ဖြစ်ဘဲ ကြာနေ တာ။ ပြောမရရင်တော့ ဆော်သာဆော်ပစ်။ ကျွန်တော်တို့ကို ဘာမှ အကြောင်း ကြား နေစရာမလို ဘူး။”

ပြောပြောဆိုဆို နဲ့ ကောင်လေး ရဲ့ ဦးလေး တော်စပ်သူ အဖြစ် သူ့ကိုယ် သူရော၊ ကောင်လေး နဲ့ရော စတင် မိတ်ဆက်ရင်း ကောင်လေးနှင့် ကျွန်တော် ရေစက် စဆုံ ခဲ့ကြသည်။

“Stars & Sky မူလတန်း တန်းစုံ စာသင်ဝိုင်း”
အဖြူရောင် သင်္ဘောဆေး သုတ်လိမ်းထားသော နောက်ခံ သစ်သားပြားပေါ်တွင် အပြာရောင် စာလုံး များဖြင့် ဖောက် ထားသော ကျွန်တော် ရဲ့ ကျူရှင် ဆိုင်းပုဒ် ကလေးသည် ဒီ ရပ်ကွက် ကလေး အတွင်းတွင် လူမသိ သူမသိ ရှိနေခဲ့ရာ မှ တစ်လခန့် အကြာတွင် ပထမ ဆုံး ဈေးဦးပေါက် ကလေး တစ်ယောက် ရောက် ရှိလာခြင်းဖြစ်သည်။

15 November 2015

ဒီလို အချိန်မျိုး မှာ ကလေး ကို မဆုံးမပါနဲ့





မိဘများ ဟာ ကလေး ကို ပေါက်မြောက်စေချင် လွန်းတော့ နည်းမျိုးစုံ နဲ့ သွန်သင်တာမျိုး၊ ဆိုဆုံးမ တာ မျိုး ပြုလုပ် တတ်ပါတယ်။ ဒါပေမဲ့ အောက်ပါ အချိန်အခါ နဲ့ အခြေအနေ ကို ရှောင်ရှားတတ် ဖို့လိုပါတယ်။

၁။ သတိရမှ သွန်သင်ဆုံးမ တာမျိုး
ကလေး ကို သွန်သင်တယ်။ လမ်းညွန်တယ်။ ဆိုဆုံးမတယ် ဆိုတာ စိတ်ရှည်ရှည် နဲ့ ရေ ရှည်ပြုလုပ်ရမဲ့ ၀တ္တရား တစ်ခုပါ။ မိဘ များ အလုပ်ရူပ်တယ် ဆိုပြီးတော့မှ သတိရခါ မှ ကောက်ကာ ငင်ကာ ဆုံး မလိုက်တာ မျိုး မလုပ်သင့်ပါဘူး။ အဲလိုပြုလုပ်လိုက် ရင် ကလေးရဲ့ နုနယ်တဲ့ စိတ်ထဲ မှာ အူတူတူ နဲ့ အနာတရ ရသွား တတ် ပါတယ်။

၂။ စိတ်ဆိုး မှ သွန်သင်ဆုံးမ တာမျိုး
ဘယ်သူပဲဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ၊ ဒေါသ ထွက်တဲ့ အခါကျရင် သွေးပူနေတတ် ပါတယ်။ သွေးပူ ခေါင်းပူနေ တဲ့ အချိန် မှာ တစ်ခုခု ကို ပြောချင် ရင်တောင်မှ ကိုယ့်စိတ် ကို ခဏ ထိန်းသိမ်းပြီး စိတ်ပြေသွားမှ ပြောဆို သင့် ပါတယ်။ တစ်ခါ တစ်လေ မှာ ကလေး မှားတာက ဘာမှ မပြောပ စလောက်လေး၊ ကိုယ်ဘ၀င်မကျတာ က များများ၊ အဲလို အချိန်မျိုး မှာ ကိုယ်က စိတ်ဆိုးနေတတ်ပြီး ဆိုဆုံးမ လိုက်ရင် ဆိုးကျိုးဘက် ကို ဦးတည် သွားစေတတ် ပါတယ်။

၃။ လူရှေ့သူရှေ့ မှာ ကလေး ကို ဆိုဆုံးမတာမျိုး
ကလေး ဘယ်လောက်ပဲ မှားနေမှားနေ၊ ကလေး ကို အိမ်ခေါ်ပါ။ အိမ်ရောက်မှ အကြောင်းအရာ ကို သေသေ ချာချာ မေးမြန်းပြီး ဆိုဆုံးမ စရာ ရှိက ဆုံးမပါ။ လူရှေ့ သူရှေ့ မှာ ဆိုဆုံးမ မိရင် ကလေး ရဲ့ အတွင်းစိတ်ကို အလွန် ထိခိုက် တတ်ပြီး ကလေးရဲ့ ရှေ့ရေး ကို ထိခိုက်နိုင် တဲ့ အထိဖြစ်တတ်ပါတယ်။


13 November 2015

ငြိမ်းငြိမ်းချမ်းချမ်း ၊ ညီညီညွတ်ညွတ်...

MOI Webportal Myanmar's photo.

၁၉၆ဝ ကျော်ဝန်းကျင် က ကမ္ဘာ မှာ စစ်အေး တိုက်ပွဲ အရှိန်အဟုန် ကောင်းနေဆဲ ကာလဖြစ်တယ်။ ကမ္ဘာ့ လက်နက်နိုင်ငံကြီးတွေ သူ့ထက်ငါ အပြိုင်အဆိုင် ထုတ် လုပ်ကြ၊ အပြိုင်အဆိုင် ဖောက်ခွဲစမ်းသပ်ကြတဲ့ ကာလ လည်းဖြစ်တယ်။

တတိယ ကမ္ဘာစစ် ဆိုတာ လက်တစ်ကမ်း အကွာမှာ ပဲရောက်နေပြီး နေ့လား ညလား ဆိုတာ တစ် ကမ္ဘာလုံး ရင် တမမနဲ့ဖြစ်နေကြတဲ့ ကာလပါပဲ။ ဒါကြောင့် လည်း လက်နက်လျှော့ပေါ့ရေး၊ အဏုမြူဗုံး ပိတ်ပင်ရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက်လည်း စစ်အာဏာရှင်တွေ က လွဲလို့ တစ်ကမ္ဘာလုံး လိုလားနေကြတဲ့ အချိန်ဖြစ် တယ်။ 

ကမ္ဘာပေါ်မှာ ရှိတဲ့ ပညာရှင်ကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ အဖိနှိပ်ခံ ပြည်သူတွေ က ငြိမ်းချမ်းရေး အသံတွေ စီစီညံ လို့ပေါ့....။ အနုပညာရှင်ကြီး ပီကာဆို ရဲ့ ကမ္ဘာကျော် ချိုးငှက် ဒီဇိုင်း ဟာ ငြိမ်းချမ်းရေး အမှတ်အသား အဖြစ် တစ်ကမ္ဘာလုံး ဝဲပျံနေတယ်။

မြန်မာပြည်မှာ လည်း လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်း စစ်မီးက ဟုန်းဟုန်းတောက်လို့ ကောင်းနေ တယ်။ မန္တလေး ရတနာပုံနေပြည်တော် မဏိရတနာရာမ မြတောင်ရွှေကျောင်းတော်ကြီးပေါ်က အရှင်နှစ်ပါး ပါတော် မူတာမြင်တွေ့ပြီး ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြ ငှန်းနဲ့ လွတ်လပ်စွာနေထိုင်နိုင်ရေး ဇာတိမာန်တွေ တစ်ဟုန် ထိုးဖြစ်ပေါ်ခဲ့ရတဲ့ ဆယ်နှစ်သား အရွယ် မောင်လွန်းလေး ဟာ တစ်လျှောက်လုံး အမျိုးသား လွတ်လပ်ရေး အတွက် ကိုယ်ကျိုး မငဲ့ဘဲ ဆောင်ရွက်ခဲ့ရပြီ။


တိုင်းပြည် လွတ်လပ်ရေး မရခင်ကတည်း က လက်တွဲ လုပ်ဖော် ကိုင်ဖက် တပည့် တပန်းတွေ သဘောထား လွဲခဲ့ ကြတယ်။ အာဏာ လိုသူ အရူးအမူး ငမိုက်သားတွေကြောင့် တပည့် လက်ရင်း သခင်အောင်ဆန်း နဲ့ ဝန်ကြီး အချို့ သွေးမြေကျခဲ့ရပြီ။ 

အခုလည်း လွတ်လပ်ရေး အတွက် အခက်အခဲပေါင်းစုံ ကို အသက်ပေးကျော်ဖြတ်ပြီး လက် တွဲခဲ့ကြတဲ့ တပည့်သားမြေးတွေ ကွဲကြပြဲကြပြီး လက် နက်ဆွဲ ကိုင်ကာ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဖြစ် ပျက် နေ ကြလေတော့ အိုကြီး အိုမ အရွယ် ဆရာကြီးသခင် ကိုယ်တော်မှိုင်းလည်း စိတ်လက်မချမ်း မသာဖြစ် ရတာ ပေါ့။

11 November 2015

မြန်မာ ပြက္ခဒိန် (ခရစ် ၁၁ ရာစုနှစ်)



ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.






မြန်မာ တို့သည် တောင်သူ လယ်သမား များ ဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အတွင်း ဝင်ရောက် နေထိုင်ပြီးနောက် ၄င်းတို့ အသုံးပြုသော ပြက္ခဒိန်သည် စိုက်ပျိုးရေးကို အခြေခံသည့်၊ စိုက် ပျိုးရေးနှင့် ပတ်သက်သော ပြက္ခဒိန် ဖြစ်သည်။ 


ထို့အပြင် ကိုးကွယ်  ကြည်မှုနှင့် လည်း ဆက်ယှက်ပေါင်းစပ် ထားသော ပြက္ခဒိန် လည်းဖြစ်လာသည်။ စိုက်ပျိုးရေးနှင့် ကိုးကွယ် ယုံကြည်မှု တို့သည် ရှေးခေတ်ဦးမြန်မာ တို့ နေ့စဉ် ကြုံတွေ့နေရသည့် ကိစ္စများဖြစ် သည်မှာ မှန်ကန်ကြောင်းသက်သေ အားဖြင့် တဆယ့်နှစ်လ အမည်များ အား ကြည့်လျှင် သိသာထင်ရှား ပါသည်။

တန်ခူးလ (တန်ခူးလ)

နှစ်သစ် ကို တန်ခူ (တန်ခူးလ) လမှ စတင်ပါသည်။ ခြောက်သွေ့ဒေသများ တွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာ တို့အတွက် တန်ခူလ ဆိုသည့်ဝေါဟာရ မှာ “ထန်းသီး ခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သော အမည် ဖြစ်သည်။ 


ထို့ကြောင့် အဆိုပါ ထန်းပင် သည် အိန္ဒိယ မှ မြန်မာနိုင်ငံ အတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက် ကပင် ရောက် ရှိခဲ့သည့် အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း၏ ရာသီ ဥတုနှင့် ကိုက် ညီပြီး၊ ခန်းခြောက်ဒေသ မှာပင် ကောင်းမွန် စွာပေါက်ရောက်နိုင်စွမ်း ရှိသည်။

 ဘုန်းကြီးကျောင်း၊ ရေကန်၊ လယ်ကွင်း ဝန်းကျင် တို့တွင် ထန်းပင် များအား အတန်းလိုက် စီပြီး စိုက်ထားလေ့ ရှိသည်။ ထန်းမှ ထွက်ရှိ သည့် ထန်းလျက်ဖြင့် မုန့် အချိုပွဲ များကို ပြုလုပ်ကြ သကဲ့သို့ ယမကာ အဖျော် ကို ထန်း ရည်ဖြင့် ပြုလုပ်ရသည်။

 ရှေးမြန်မာ တို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့် အခါတွင်လည်းကောင်း၊ သားသမီးများ အိမ်ထောင်ချ သည့် အခါ အခမ်းအနား တွင်လည်းကောင်း အများ သိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက် နဲ့ သေရည် ပါ တဲ့ စားသောက်ပွဲကြီး ပေးလေ့ ရှိကြောင်း ပုဂံခေတ် ဆိုင်ရာ ကျောက်စာ အထောက်အထားများ အရ သိရှိ ရသည်။

09 November 2015

ခံတွင်း (အပူကန်) နာ များအတွက် အိမ်တွင်းသုံး ကုထုံး

Lwin Pyin's photo.
အထူးသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ် များသူတွေနဲ့  ၀မ်းချုပ်/၀မ်းပုပ် ရှိသူများ အဖို့  ယခုလို မိုး အကုန်ဆောင်း ဦးစ ရာသီဥတု အကူးအပြောင်း မှာ အပြင်က အပူ အအေးနဲ့ ခန္ဓာကိုယ်တွင်းက အပူ အအေး တို့ တိုက်ပွဲဖြစ်လေ့ ရှိပါတယ်။ 

ထို့ နောက်မှာတော့ နှုတ်ခမ်း အတွင်းသာ အောက်ခြေ၊ လျှာအောက်ခြေ၊ နဲ့  နှုတ်ခမ်း အပေါ်တို့ မှာ ခံတွင်း (အပူကန်) နာတွေ ထွက်လာပါတော့တယ်။

ခံတွင်း (အပူကန်) နာတွေ ကို ယေဘုယျ အားဖြင့် အဆင့် (၃)ဆင့် ခွဲခြားထားပါတယ်။ 
(၁) အသေးစား အပူကန်နာ က ရာသီဥတု အ ပြောင်းအလဲမှာ ဖြစ်လေ့ရှိပြီး၊ ၁-ပတ် (သို့ မဟုတ်) ၁၀-ရက်လောက် အကြာမှာ သူ့ အလိုလိုပျောက်သွားတတ် ပါတယ်။ 

(၂) အကြီးစား အပူကန်နာ က ရံဖန် ရံခါမှဖြစ်တတ်ပြီး၊ သူက အသေးစား အနာထက် ပိုကြီးကာ ပိုလည်း နာကျင်လေ့ ရှိပြီး ဆေးသိပ္ပံနည်း အရ stomatis အနာ လို့ ခေါ်ကြပါတယ်။ 

(၃) herpetiform ulcers (ခေါ်)ရေယုန်နာ တမျိုးကတော့ ကူးစက်ရောဂါပိုး ကြောင့်ဖြစ်လာကာ အလွန် နာကျင် ယားယံလေ့ ရှိပါတယ်။


ခံတွင်း (အပူကန်) နာရဲ့ ရောဂါ လက္ခဏာများ မှာ ခံတွင်းထဲ ယားယံခြင်း၊ နီရဲရောင် ကိုင်းလာခြင်း၊ သွား တိုက် တဲ့ အခါ (သို့ မဟုတ်) အစာ ၀ါးတဲ့အခါ နာကျင်ခြင်း၊ အစား စားချင်စိတ် မရှိခြင်း တို့ ဖြစ်ပါတယ်။

 ရောဂါဖြစ်ရတဲ့ အဓိက အကြောင်းရင်း ကတော့ ရာသီ ဥတု ရုတ်တရက်ပြောင်းလဲ လာ ခြင်းကြောင့် ခန္ဓာကိုယ် တွင်း အပူ အအေးဓာတ်ဖောက်ပြန် လာခြင်းဖြစ်၍ ရာသီနာဖြစ်လို့ မစိုးရိမ် ရဘဲ ရေ ၀၀သောက် ၀မ်းနှုတ်ဆေး စားလိုက်ရုံနဲ့  အနာပျောက်ကင်းသွားပါတယ်။ 

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်

 Momolay's photo.



သင်  ဒါတွေ သိပါသလား။ ဖတ်ရှုပြီး လိုက်နာဆင်ခြင်ပါ။ မိမိ ကိုယ်တိုင်ရော၊ မိသားစု နှင့် သူငယ်ချင်း မိတ်ဆွေများ အားလုံး ကို လည်း လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါ …. ။


(၁) ဆေးလိပ် မသောက်ပါနှင့်။
ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။



(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက  လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။ 


ထို့ ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ခန့်  ကြာမှ သာ သစ်သီး စားသင့်သည်။
(ကျမ္မာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့ မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)


(၃) လ္ဘက်ရည် မသောက်ပါနှင့်။
လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတို့ က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့် တားစေပါသည်။




04 November 2015

အနီးဆုံးမှာ ရှိနေတဲ့ အဝေးဆုံးလူ

 Kyaw Zin Tun's photo.


တရုတ် အစိုးရ ဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ကို နှောင့်နှေးအောင် ကြားဝင် နှောက်ယှက် ခဲ့ ကြောင်း “ငြိမ်းချမ်းရေးဆွေးနွေး ပွဲ တရုတ်စွက် ဖက်နေကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူ စွပ်စွဲ” ဆိုတဲ့ခေါင်းစဉ် နဲ့ သတင်း တစ်ပုဒ်ကို အောက်တိုဘာ ၁၀ ရက်နေ့ထုတ် 7DAY DAILY မှာ ဖတ်လိုက်ရပါတယ်။

တရုတ် အထူး သံတမန် ဆွန်ကောက်ရှန်း ရဲ့ ကြားဝင်နှောက် ယှက်မှုကြောင့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့ မှာ  ၈ ဖွဲ့ က သာ NCA လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့တာ ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာ (MPC) က ဦးဆောင် ညှိနှိုင်းဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ဒေါက်တာ မင်းဇော်ဦး ကပြော
ပါတယ်။


 မြန်မာ အစိုးရဘက် က MNDAA ခေါ် ကိုးကန့် အဖွဲ့ ကို ငြိမ်းချမ်းရေး ဆွေး နွေးဖို့ ဖိတ်ခေါ်မှု မလုပ်မချင်း လက်နက်ကို င် တပ်ဖွဲ့အချို့ ကို စာချုပ် လက်မှတ် မထိုးဖို့ ဆွန်ကောက်ရှန်း က ပြောကြားခဲ့တယ် လို့ သိရ ပါတယ်။ 

အထူးသဖြင့် UWSA နဲ့ KIA ကို စာချုပ် လက်မှတ် မထိုး ဖို့တွန်းအားပေးခဲ့တယ် လို့ ဆိုပါတယ်။ ဒေါက်တာ မင်းဇော်ဦး ရဲ့ ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့် ရ ပုဂ္ဂိုလ်ဟောင်လီ က ငြင်းဆို လိုက်ပြီး တရုတ် အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်  လာ ဖို့ ထောက် ခံ အားပေးခဲ့တယ် လို့ ပြန်လည်ပြောဆို ခဲ့ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ အနောက် အုပ်စုနဲ့ မပြေလည်တဲ့ အခါ အနောက် အုပ်စုရဲ့  မဟာမိတ်ဖြစ် တဲ့ ထိုင်းနိုင်ငံ နဲ ကပ်နေတဲ့ နယ်စပ် တစ်လျှောက်မှာ ရှိတဲ့ တိုင်းရင်း သား လက်နက်ကိုင်တွေ အရေးကို ကိုင် တွယ် ရတာခက်ခဲ သလို အရှေ့အုပ်စု  အထူးသဖြင့် အိမ်နီး ချင်း တရုတ်နိုင်ငံ နဲ့ အဆင်မပြေဖြစ်တဲ့ အချိန်မှာ တရုတ်နယ် စပ် တစ်လျှောက်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အရေးပြေ လည်အောင် ဖြေရှင်းရေး ဟာ မလွယ်ကူကြောင်း အရိုးရှင်း ဆုံးသော သာမန် အတွေးနဲ့တွေးမယ် ဆိုရင်တောင် သိနိုင် ပါတယ်။

01 November 2015

ငါသေရင် သပိတ်မသွတ်နဲ့ 

Dhamma Wizaya's photo.



(၁၃၂၄-ခု၊ သီတင်းကျွတ်လပြည့်နေ့  ၁၃.၁၀.၆၂ တွင်  မိုးကုတ် ဆရာတော် ဘုရားကြီး ခန္ဓာဝန် မချမီ၊၄ ရက် အလို၌ ဟောကြားခဲ့သော တရားတော်....)


သီတင်းကျွတ်ပြီ ဆိုတာ လ ၏ အထိမ်းအမှတ်သာ ဖြစ်တယ်၊ တကာ တကာမ တွေက ဘယ်လိုများ ထင်နေကြ ပါသလဲ၊ ၀မ်းနည်း စရာပဲလား၊ ၀မ်းသာ စရာပဲ လားလို့ မေးရင်ဖြင့်၊ သြော်..သေခါနီး သွားတာ ပဲဟေ့ လို့ မှတ်ပါ။ 

သီတင်းကျွတ်တာ ကို တကာ တကာမတွေက ဆရာသမား ကန်တော့ရလို့  မီးတွေ ထွန်း ရလို့  ၀မ်းသာ ရတယ်  ဆိုတာ ကတော့ ကောင်းတဲ့ စေတနာတွေ အမှန်ပါပဲ၊ ခန္ဓာ ကတော့ သီတင်းမကျွတ် ခင် ၀ါဆိုဦး ကထက် ယခု သီတင်း ကျွတ်က သေဖို့ ရာ ပိုနီးသွားတယ်၊ သေဖို့ ရာပိုနီး သွားတဲ့ ပုဂ္ဂိုလ်သည် မသေရာ ရှာ ဖို့ ရာ အလုပ်သည် ခရီးရောက်ထားဖို့  အရေးကြီးတယ်။

ဒီ ဘ၀တော့ အတိတ်က ဆုတောင်းကြောင့် အတိတ် က အ၀ိဇ္ဇာ သင်္ခါရတွေ ကျုပ်တို့  မကျော်လွှားနိုင်ခဲ့ လို့ အခု ဘ၀ မှာ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊         ဝေဒနာ ဆိုတဲ့ ဒုတိယ အကွက်ရောက်ပြီး သကာလ နေတော့ ဇာတိ၊ ဇရာ၊ မရဏ ကလည်းလာရတော့မှာပဲ....။
 

ထိုကဲ့သို့ လာရငြားသော်လည်း တဲ့ မသေရာ ရှာတဲ့ အလုပ် ကိုဖြင့် တွေ့ ရလို့  ၀မ်းသာကြပါလို့ လည်း သတိပေး လိုက်ပါတယ်။

ကဲ ... ဒီနေ့ ဟောတဲ့ တရားက အင်္ဂုတ္ထိုရ်ပါဠိတော်ကြီးမှာ ဘုရား ကိုယ်တိုင်  ဟောလို့  သစ္စာ သိပြီးသေ တဲ့ ပုဂ္ဂိုလ် များမှာ ဘာမှ ပူစရာ မရှိပုံ ပြန်လည်ဟော ကြားခြင်း ဖြစ်တယ်။ တကာ တကာမ တို့  အတိတ်ဘ၀က သစ္စာလေးပါးမသိ တော့ အ၀ိဇ္ဇာနဲ့  နေခဲ့ကြတယ်။

ဗုဒ္ဒဘာသာ ဆိုပေမယ့် သစ္စာ ကို မသိပဲ အကုသိုလ် အလုပ်တွေ လည်း လုပ်ခဲ့ကြပါတယ် ဆိုတော့ သင်္ခါရပေါ့ ဗျာ။ တကာ တကာမတွေ ကုသိုလ် ရိုးရိုး လုပ်တာလား နောက် ဘ၀ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင် လို့ လုပ် တာလားလို့ မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ.. (လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်လို့ ပါဘုရား)။


31 October 2015

ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင် ၁၀၀ ထဲ ပါတဲ့ မြန်မာ လူမျိုး နာနို သိပ္ဖံပညာရှင် ပရော်ဖက်ဆာ ဒေါက်တာစောဝေလှ အကြောင်း

 Htike Aung's photo.


 မောင်ဗြိ ဘ၀ မှာ ဒေါက်တာစော နဲ့ စကားပြောခွင့် ရခဲ့တာဟာ ဂုဏ်အယူဆုံး ကိစ္စတွေထဲ က တစ်ခုပဲဗျို့
...................................................
ဓာတ်ခွဲခန်း ထဲ က ဘေ့စ် ဂစ်တာ (သို့) ကမ္ဘာ့ အတော်ဆုံး သိပ္ဖံပညာရှင် (၁၀၀) ထဲမှ မြန်မာ လူမျိုး နာနို သိပ္ဖံ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာစောဝေလှ
(Real Lives Real Stories)
……………………………………………………………………………
(၁)
Saw Wai Hla, Ph.D.
Professor,Physics and Astronomy Department
Nanoscale and Quantum Phenomena Institute
Ohio University , USA
 

(၂)
“တစ်နေ့နေ့ တစ်ချိန်ချိန် ကျ ဘ၀ မှာ နိုင်ငံတကာ က သိတဲ့ ဂစ်တာ သမား တစ်ယောက်ဖြစ်ရမယ်”
၁၉၈၂ ခုနှစ် စိန်သြဂတ်စတင်းကျောင်းသား ၊ လီယိုဟေမာန် တီးဝိုင်း ရဲ့ (၁၆)နှစ်သား ဘေ့စ် ဂစ်တာ သမားလေး စောဝေလှ ရဲ့ တစ်ချိန် က ရည်မှန်းချက် ။
 

 စောဝေလှ အဖေ က မဆလ အစိုးရ လက်ထက် စက်မှု (၂) ၀န်ကြီးဌာန မှာ ဒုဝန်ကြီး တာဝန် ယူခဲ့ဖူးသည် ။
မိခင်ဖြစ်သူ ကျောင်းဆရာမ ။
 

စစ်တွေ ဇာတိ မိဘနှစ်ပါး ကနေ မွေးလာ တဲ့ ရန်ကုန် သား ရခိုင် လူမျိုးလေး စောဝေလှ ရဲ့ ဂစ်တာ သမား ဘ၀ က အောင်မြင်ခဲ့သည် ။

အချိန်တို အတွင်း မာလာဆောင်ရှေ့ အုတ်ခုံ မှသည် မြန်မာ့ အသံတွင် သီချင်း သုံးပုဒ် လွှင့်ခွင့် ရခဲ့သည် ။
သင်္ကြန် စင်မြင့်များ ထက်တွင် လီယို နှင့် အတူ ဘေ့စ်သမား ဘ၀ကို အောင်မြင်စွာကျော်ဖြတ်နေခဲ့ပြီ ။
ဂစ်တာသည်သာ ဘ၀ ၊ ဂစ်တာ သည် သာ ရည်မှန်းချက် ။
 

စာသင်နှစ်များ မှာလည်း အတန်းမှန်မှန် မတက် ၊ ဂစ်တာ ကို စာအုပ်တွေ ထက် ပို ဖက်တွယ် မိခဲ့သည့် စောဝေလှ ။ သို့သော်လည်း ဘုရားပေး သည့် ဥာဏ်ပညာ ကား စောဝေလှဘက် မှာ ရှိသည် ။
 

ဂစ်တာ တီးရင်း တစ်နှစ် တစ်တန်း မှန်မှန်တက် ကာ တက္ကသိုလ်နေ့စွဲများ ကို အလွယ် တကူဖြတ်ကျော်နိုင် ခဲ့၏။ ၁၉၈၅ ရူပဗေဖြင့် ဘွဲ့ရခဲ့ပြီ ။



26 October 2015

ရွှေဆိုင်ကြီးများ က တရားဝင်ရောင်းနေတဲ့ ပေါင်မရ ရောင်းမရ ရွှေထည် များနှင့် လုပ်စား ခံနေရ သူများ




မြန်မာနိုင်ငံတွင် ခိုင်မာသည့် ရင်းနှီးမြုပ်နှံမှု စီးပွားရေး ဈေးကွက် မရှိသည့် အတွက် ၂၀၁၅ ခုနှစ် အစောပိုင်း မှ စတင်ပြီး၊ ပြိုဆင်း လာသော အိမ်ခြံမြေဈေးကွက်ကြောင့် ရင်းနှီးမြုပ်နှံသူ များ အနေဖြင့် နိုင်ငံခြားငွေကြေး ဒေါ်လာဈေးကွက် အတွင်း သို့ ၀င်ရောက် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လာကြသည်။

ထိုသို့ ရင်းနှီးမြုပ်နှံမှု များကြောင့် ဒေါ်လာဈေးနှုန်း များ တရိပ်ရိပ် တက်လာ ခဲ့၍ အစိုးရ အနေဖြင့် ထိန်းချုပ်မှု များ ပြုလုပ် လာခဲ့သောကြောင့် ရင်းနှီးမြုပ်နှံ သူများ အနေဖြင့် အခြားဈေးကွက် တစ်ခုဖြစ်သော ရွှေဈေးကွက်သို့ မြှားဦးလှည့်လာပြန်သည်။ 

ယင်း အတွက်ကြောင့် ရက်သတ္တပတ် နှစ်ပတ်ခန့် အတွင်း ရွှေတစ်ကျပ်သား လျှင် ငါးသောင်းခန့် အထိ ဈေးနှုန်း များ မြင့်တက် လာခဲ့သည်။

ဈေးတက်လည်း ရှုံး၊ ဈေးကျ လည်း ရှုံး၊ ရွှေ ဆိုတာ အရှုံးပဲလား….
ရွှေ စုဆောင်းသူများ အနေဖြင့်လည်း ရွှေ စုဆောင်းရန် ၀ယ်ယူခြင်း များကြောင့် ရွှေဈေး များ တတ်လာခဲ့ချိန် တွင် အခြေခံ လူတန်းစား တစ်ချို့ မှာ ယခင် စုဆောင်း ၀ယ်ယူ ထားသော ရွှေလေးများ အား ထုခွဲရောင်း ချဖြင်းဖြင့် အမြတ် ရလိုရငှား ပြန်လည် ရောင်းချခြင်းများ ရှိလာ ခဲ့သည်။

သို့သော် ယင်း ကဲ့သို့ ပြန်လည်ရောင်းချ ရာတွင် ယခင် ၀ယ်ယူထားသော ရွှေဆိုင် မှာ မူလဆိုင် နေရာတွင် မရှိတော့ သဖြင့် နီးစပ်ရာ ရွှေဆိုင် များတွင် ၀င်ရောက် ရောင်းချခဲ့ ရာမှ ပြဿ         နာပေါင်းစုံ စတင်လာ ခဲ့တော့ သည်။

ရွှေများ မှာ ရွှေရည် မပြည့်မှီခြင်းနှင့် အရောင် အဆင်း မွဲနေခြင်း များကြောင့် မည်သည့် ရွှေဆိုင် ကမျှ လက်ခံ လိုခြင်း မရှိ သလို ပေါင်နှံ ရာတွင်ပင် အပေါင်ဆိုင် မှ အဆမတန် ဈေးနှိမ်ခြင်းများ ကို ချိုးချိုး ဖဲ့ဖဲ့ ခံလိုက်ရသော အခါ ရွှေ ၀ယ်ခဲ့ မိသည် မှာ မှားနေပြီလားဟု ပင် ထင်မြင်ဖွယ်ရာ ရှိနေသည်။

23 October 2015

ဝက်သား တုတ်ထိုး ကို ဆိုင်မှာ ဝယ်မစားပဲ အိမ်မှာ လုပ်စား ရအောင် မျှဝေပေးလိုက်ပါတယ်

 

တုတ်ထိုး လုပ်နည်း

****************

အချင်းတိုင် ၂၅ သား
 

အူချို ၂၀ သား
 

အူမကြီး ၂၅ သား
 

 နို့အုံသား ၄၀ သား
 

အူပိတ် ၂၅ သား
 

နားရွက် တစ်ဖက်
 

လျှာ တစ်ချောင်း
 

 နှလုံး တစ်ခု
 

သုံးထပ်သား ၂၀ သား
 

အသဲ ၁၀ သား
 

ဘဲဥ ၃ လုံး ................... ကြိုက်နှစ်သက်ရာ ထည့်ပါ။



ဝက် ကလီစာ များကို ရေ စင်စင်ဆေးပါ။
အူချို/ အချင်းတိုင်/ နလုံး/ လျှာ /နို့အုံသား/ နားရွက်/ အသဲ/ သုံး ထပ်သား တို့ကို မကျည်းသီး ဆား နှင့်ဆေးပါ။ 


အရမ်း မဆေးပဲ စင်ရုံဆေးပါနော်။
 

အူမကြီး ကို ရေဆေးပါ။ ဒယ်အိုး ပူပူမှာ အိုးကင် ပူကပ်ပါ။ အချွဲ များ ကုန်အောင်မွှေပါ။ ပြီးမှ ဆား သံပုရာသီး မကျည်းသီးနှင့် ဆေးပါ။
 

မုန့်ဟင်းခါး ရောင်းမှာလား ပုလွေ မှုတ်မှာလား



တစ်ခါက မုန့်ဟင်းခါး သည် တစ်ယောက် ရှိသည်။ ဆိုင်းထမ်း ကလေးနှင့် လာရောင်း တတ်၍ မုန့်ဟင်းခါး အချက် ကောင်း သောကြောင့် လက် မလည်အောင် ရောင်းရလေ့ ရှိပြီး တစ် မနက်ခင်း ကလေးမျှ နှင့်ပင် ကုန်သွားမြဲဖြစ် သဖြင့် ခပ်စောစော အိမ်သို့ ပြန်ရလေ့ရှိသော ဆိုင်းထမ်း မုန့်ဟင်းခါး သည် ကလေးဟု ဆိုပါသည်။

အသက် ခပ်ရွယ်ရွယ် လုလင်ငယ်လေး တစ်ယောက်ဖြစ်သော ထို မုန့်ဟင်းခါးသည် ကလေး က ခေတ် လူငယ် တို့ ဘာသာ ဘာဝ ဂီတ ကို စိတ်ဝင်စားသူဖြစ်ရာ ပလွေ ကလေး တစ်ချောင်း ကို အမြဲဆောင် လာလေ့ ရှိသူ လည်းဖြစ်သည်။

တစ်ရက် တွင် မုန့်ဟင်းခါး က ပုံမှန်စောစော ကုန်သည်ထက် ကိုပဲ ပို၍စောစွာ ကုန်သွားသည်။ အချိန်တော်တော် များများ ပိုနေသူ မုန့်ဟင်းခါး သည် ကလေးက မုန့်ရောင်းကောင်း၍ ပျော်နေသည် ဖြစ်ရာ ခါးတွင် ထိုးထားသည့် ပလွေကလေးကို အသာဖြတ်ယူပြီး ပလွေမှုတ် ပါလေ တော့သည်။

ပညာရှင် အဆင့် ပလွေ ဆရာ မဟုတ်စေကာ မူ သင့်တင့် လျှောက် ပတ်စွာ မှုတ်တတ် သူဖြစ်သဖြင့် နားထောင် ၍ သင့်မြတ် လှပေရာ တစ်ခဏနှင့် ပင် ဟိုနား သည်နားက လူ အချို့ ဝိုင်းအုံ လာကြ ပါတော့ သည်။ 

ထို့နောက် ဟို သီချင်းလေး မှုတ်ပါအုံး သည် သီချင်း လေးမှုတ်ပါအုံး နှင့်တောင်းဆို လာကြပါတော့သည်။
ဤတွင်မှ စ၍ မုန့်ဟင်းခါး သည် ကလေးသည် မုန့်ဟင်းခါး အပေါ် အာရုံ သိပ် မရှိပါလေတော့။ 

 တော်စွလျှော်စွ ကလေး သင့်တင့်ရုံ အားစိုက် ချက်ကာ ပလွေဖြင့် သီချင်း အသစ် များ ကိုလေ့ကျင့် ပါလေတော့ သည်။ တစ်ပုဒ်ပြီး တစ်ပုဒ်။ နောက် တစ်နေ့ မနက် မှုတ်ပြဖို့။ သို့ဖြင့် လာလတံ္တသော ရက်များ တွင်လည်း သီချင်း အသစ် ကလေးတွေ လေ့ကျင့်လိုက်၊ လာရောက်အားပေးသူမျာကို မှုတ်ပြ လိုက်၊ လက်ခုပ် ဩဘာသံ များကြားမှာ ပီတိ ဖြစ်လိုက်၊ မုန်ဟင်းခါး အိုးကြီးတော်စွ လျော်စွ ပစ်ထားလိုက်။

 နောက်တော့ သူ့ မုန့်ဟင်းခါး နာမည်ပျက် သွားခဲ့ပါသည်။ ပလွေ ကမူ ဆရာ တစ်ဆူ ပါရဂူ လောက် အထိ ကလည်း မထွန်းပေါက်၊ သာမန် ထက် လည်း မကဖြင့် ခွကျကျ လူတစ်ယောက် အဖြစ် ချာလပတ်လည် သွား ခဲ့ပါလေတော့သည်။



သီတင်းကျွတ် လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့


ငွေတာရီ's photo.

★ မင်္ဂလာပါ ရှင် ★
သတင်းကျွတ် လပြည့် နေ့ ဗုဒ္ဓသမိုင်းလေး သိချင်ပါတယ်ရှင်.ကျေးဇူးတင်ပါတယ် (Candy Cho)
-------------------------------------------------------------------------------
 


★ သီတင်းကျွတ် လပြည့်နေ့ ဆိုတာ မြတ်စွာဘုရားရှင် ၀ါတွင်း သုံးလ ကာလ ပတ်လုံး တာဝတိံသာ နတ်ပြည် မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော် မူပြီး လူ့ပြည် ကို ပြန်လည် ဆင်းသက် ကြွရောက်တော် မူတဲ့ နေ့ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီနေ့ ကို ဗုဒ္ဓဘာသာ မြန်မာ များက အဘိဓမ္မာ အခါတော်နေ့ လို့ ထူးထူးခြားခြား အမည် ထား ကြခြင်း ဖြစ်ပါတယ်။
 

 မြန်မာပြည် မှာ ဆိုရင်တော့ အခု လို သီတင်းကျွတ် လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်း နီးပါး ဆီးမီး ဖယောင်း တိုင်လေးတွင် ထွန်းညှိ ထားတတ်ကြပါတယ်။ ဒီ အလေ့အထ ဟာ နတ်ပြည် က ဆင်းသက်တော် မူလာ တဲ့ ဗုဒ္ဓမြတ်စွာ ကို ကြိုဆို တဲ့ အနေ နဲ့ ဆီးမီး ဖယောင်းတိုင် စသဖြင့် ထွန်းညှိ ကာ ပူဇော်ကြတဲ့ အလေ့ အထပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ဘုရားဖြစ်တော် မူပြီးနောက် ခုနှစ်ဝါမြောက် ၀ါကို တာဝတိံသာ နတ်ပြည်မှာ ကပ် ဆိုတော် မူပါတယ်။ ၀ါဆို ရတဲ့ အကြောင်းရင်း ကတော့ မယ်တော်ဖြစ်ခဲ့ ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောတော် မူလို တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။


 ဘုရားရှင် ရဲ့ မယ်တော် အရင်းဖြစ်တဲ့ မယ်တော် မာယာ ဟာ ဘုရားလောင်း ကို မွေးဖွားပြီး (၇) ရက်မြောက် မှာ နတ်ရွာ စံကာ တာဝတိံသာ နတ်ပြည် မှာ သန္တုသိတ အမည် ရတဲ့ နတ်သား တစ်ပါး အဖြစ် ပြန်လည်မွေးဖွား ခဲ့ပါတယ်။ 

အကြမ်းဖက် များ၏ မွန့်တည့်ချိန် မှာ ဝင်သည့်နေ



8th October 2015
ခရုဇ် ဒုံးပျံတင် သင်္ဘော ကို အရန် သင်္ဘောငယ် သုံးစင်း နဲ့ ခြံရံ လာပြီး ကက်စပီယံ ပင်လယ်ပြင် ကနေ ရေပြင် မှ မြေပြင်ပစ် ဒုံးပျံ (၂၆) စင်း ကို ရုရှားတွေ ပစ်လွှတ် လိုက်ခဲ့တယ်၊ မြေပြင် ကို ရှပ်ပျံပြီး သီးခြား မှတ်တမ်း တင်ထားတဲ့ ပစ်မှတ် (၂၆) ခု ကို တိတိ ကျကျ ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ခဲ့တယ်။ 

မိုင်ပေါင်း (၁ဝဝဝ) နီးပါး အကွာ ပင်လယ်ထဲ က ပစ်လွှတ် လိုက်တဲ့ ဒုံးပျံတွေ ဟာ အီရန်၊ အီရတ်နိုင်ငံတွေ ကို ဖြတ်ကျော်ပြီး ဆီးရီးယား မှာ သောင်းကြမ်းနေတဲ့ ကမ္ဘာ့ အကြီးဆုံး အကြမ်းဖက် အဖွဲ့ IS ရဲ့ အဓိက ပစ်မှတ် (၁၁) ခု ကို တစ်ပြိုင်နက် ချေမှုန်း လိုက်ခဲ့တယ်၊

ပစ်မှတ် ကို ဒတ်ထိ ကျ ပစ်ခတ်နိုင်ပြီး၊ ကြီးကြီး မားမား လည်း ပျက်စီးစေ ခဲ့တယ်၊ အရပ်သားတွေ ထိခိုက်သေကြေ မှုလည်း မရှိခဲ့ပါဘူး၊ အကြမ်းဖက် သမားတွေရဲ့ခေါင်း ကို မိုးကြိုး ထိမှန်သလို ခံစားစေ ခဲ့တာ တွေ့ရတယ်၊ 

အကြမ်းဖက် သမားတွေသာ အတော် တုန်လှုပ် သွားတာ မဟုတ်ဘဲ ပဲ့ထိန်းကောင်းမှု၊ ပစ်မှတ် ကို တိတိ ကျကျ ပစ်ခတ်နိုင်ခဲ့ မှုတွေကြောင့် အမေရိကန် ကပါ ရုရှား ကို အတော် တုန်လှုပ်သွားခဲ့တယ် လို့ သတင်းတွေ က ဆိုလာခဲ့ပါတယ်။


အကြမ်းဖက် နဲ့နောက်ကွယ်က လူ
**************************


အစ္စလာမ် ကမ္ဘာ ထူထောင်ရေး ဆိုတဲ့ ကြွေးကြော်သံ နဲ့ IS တွေ သောင်းကြမ်း လာတာ အတော် ကြာနေပါပြီ၊ အာဖဂန်နစ္စတန် မှာ ရုရှား-အာဖဂန် စစ်ပွဲ အတော်ဖြစ်လိုက်ခဲ့ ပါတယ်၊ အမေရိကန်တွေ က အာဖဂန်တွေ ကို အကြီး အကျယ် ပံ့ပိုးပေးခဲ့တယ်၊ ငွေအား၊ လူအား၊ နည်းပညာ အားတွေအပြင် အကြမ်းဖက် ပညာတွေ ကိုပါ သင်တန်းတွေပေးခဲ့တယ်။ 



ဦးထွန်းမြင့် ပြောပြသည့် ညီဖြစ်သူ နိုင်ငံတော် သမ္မတ (ဗိုလ်ချုပ်ကြီး) ဦးသိန်းစိန် ၏ ဘ၀ကောက်ကြောင်း

သမ္မတကြီး ဦးသိန်းစိန် ကို ချစ်ကြသူများ's photo.
သမ္မတ ဦးသိန်းစိန် ၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့် က ဂျပန် သတင်းစာ မအီနီချီ ရှင်ဘွန်းနှင့် ပြုလုပ်သည့် အင်တာဗျူး တွင် ၎င်း၏ ညီမှာ ကျန်းမာရေး အခြေအနေကြောင့် သမ္မတ ရာထူး ထပ်မံရွေးကောက်ခံမည် မဟုတ် ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

ငပုတောမြို့ နေအိမ်၌ပြုလုပ် ခဲ့သည့် အင်တာဗျူး တွင် အသက် ၇၅ နှစ် အရွယ် ရှိပြီဖြစ်သည့် ဦးထွန်းမြင့် က သမ္မတ မှာ အသက်အရွယ် အရ ဘာသာရေး အလုပ်များ လုပ်ရန် အချိန် အနည်းငယ်သာ ရှိတော့သည်ဟု ဆိုသည်။

ယခုနှစ်ကုန် ၌ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ က ရွေးချယ်မည့် လွှတ်တော် က မြန်မာနိုင်ငံ၏ သမ္မတ သစ် အား ရွေးချယ် တင်မြှောက် မည်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် က ထပ်မံရွေးချယ်ခံခြင်းပြု/ မပြု ရှင်းရှင်း လင်းလင်းပြောကြားခြင်း မရှိသေးသော်လည်း အစိုးရ အဖွဲ့ တည်ငြိမ်ရေး အတွက် သမ္မတ ထပ်မံရွေးချယ် ခံရန် စီးပွားရေးသမား များနှင့် အချို့ အဖွဲ့အစည်း များက တောင်းဆိုထားသည်။

သမ္မတ အတွက် သမီး ၃ ဦးမှ လွဲလျှင် ဦးထွန်းမြင့် မှာ အသက်ရှင်လျက် ရှိသည့် တစ်ဦး တည်းသော သွေးရင်း သားရင်းဖြစ်သည်။ နိုင်ငံခြား မီဒီယာများ နှင့် ပထမဆုံး အင်တာဗျူးဖြစ်သည့် မာအီနီချီနှင့် အင်တာဗျူးပြု လုပ် ချိန် တွင် မြန်မာ စစ်တပ်နှင့် ပြည်ထဲရေး ၀န် ကြီးဌာနမှ ထောက်လှမ်းရေး အရာရှိ များ က စောင့်ကြည့် ခဲ့ကြ သည်။