26 May 2016

အနာဂါမ် ဆရာသက်ကြီး




အနာဂါမ် ဆရာသက်ကြီး (လယ်တီဆရာတော် ဘုရားကြီး ၏ တပည့်ရင်း ၀န်ကြီးချုပ်ဟောင်း ဦးနု ။
ဦးသန့် နှင့် ဆရာကြီး ဂိုအင်ကာ ၏ ဆရာ ဦးဘခင် ၏ ဆရာ)


ဆရာသက်ခေါ် ဦးဖိုးသက် မှာ ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလပျော်ဘွယ်ကြီး ရွာသားဖြစ်၏။ ပျော်ဘွယ်ကြီး ရွာနေ ဦးကျော်တုတ်-ဒေါ်ငွေဥ တို့မှ မြန်မာ သက္ကရာဇ် ၁၂၃၅ ခုနှစ် ဝါခေါင်လဆန်း ၃ ရက်၊ သောကြာနေ့ တွင် မောင်ဖိုးသက် ကို ဖွားမြင်ခဲ့လေသည်။ မွေးချင်းလေး ယောက်တို့ တွင် မောင်ဖိုးသက် မှာ အကြီးဆုံး ဖြစ် ၏။

ပျော်ဘွယ်ကြီး ရွာ မှာ ရန်ကုန်မြို့ ၏ တောင်ဖက်  ၇-မိုင်မျှ သာ ကွာ၍ အိမ်ခြေ တစ်ထောင်ကျော် ရှိသော ရွာ ကြီး ဖြစ်၏။ ရွာသူ ရွာသား တို့မှာလည်း များသော အားဖြင့် သမ္မာအာဇီဝဖြစ်သော လယ်ယာ အလုပ်ဖြင့် အသက်မွေး ကြသူများဖြစ်သည်။

 မောင်ဖိုးသက် အသက် (၁၁)နှစ် အရွယ်တွင် ဖခင် ဦးကျော်တုတ် ကွယ်လွန် သွားသဖြင့် မိခင် မုဆိုး မကြီး ဒေါ်ငွေဥ က သားသမီးလေးယောက် အား အကြော်ရောင်း ၍ လုပ်ကျွေးခဲ့ရသည်။
သားကြီးမောင်ဖိုးသက် ကိုလည်း မြန်မာစာခြောက်တန်း အထိ ပညာသင်ပေးခဲ့သည်။

 မောင်ဖိုးသက် ကား ကျောင်း နေဆဲမှာပင် ကျောင်းအားရက်များ ၌ လှည်းဦးစီး၊ သမ္ဗာန်ဦးစီး အဖြစ်ဖြင့် စပါး သယ်ပို့သော လုပ်ငန်း၌ ၀င်ရောက် လုပ်ကိုင်လျက် မိခင်ကြီး  စီးပွားရေးကို ကူညီပံ့ပိုးပေးခဲ့သည်။ ထို့နောက် ရိုးသားကြိုးစားသော မောင်ဖိုးသက် ကို ဆန်စက်ပိုင် တစ်ဦးက သဘောကျ ၍ သူ့  ဆန်စက်၌ တာလီစာရေး ခန့်ထားခဲ့သည်။

တစ်လ ၆ - ကျပ်စား မှ ၂၅ - ကျပ် အထိ လခ တိုးပေးခဲ့သည်။ ထိုအခါ မောင်ဖိုးသက် တို့ မိသားစု စားဝတ်နေရေး ချောင် လည်လာခဲ့သည်။

 မောင်ဖိုးသက် အသက် (၁၆) အရွယ်တွင် ပျော်ဘွယ်ကြီး ရွာမှ လယ်ပိုင်ရှင် တစ်ဦးဖြစ်သော ဦးသိန်း ဒေါ်သူဇာ တို့ ၏ သမီးထွေး မမျှင်နှင့် အိမ်ထောင်ကျလေသည်။ ထိုအခါ သူသည် ယောက္ခမ မိသား စုနှင့် အတူနေထိုင်လျက် လယ်ယာ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ 

စီးပွားရေးပြေလည် ၍ မိသားစု အသိုင်းအဝိုင်း မှာလည်း ပြည့်စုံ သဖြင့် ကာလ အတန်ကြာမျှ ပျော်ရွှင် စွာ နေ ခဲ့ရသည်။ ထိုအချိန်ကာလ အတွင်း ဘာသာရေးနှင့် ပတ်သက်၍လည်း အလှူ  ဒါနပြုခြင်း ဥပုသ် သီလဆောက် တည်ခြင်း စသော ကုသိုလ်ကောင်းမှု တို့ကို ပြုလုပ် ဆည်းပူးနိုင်ခဲ့သည်။ 

အထူးအားဖြင့် ထိုခေတ် က ရဟန္တာဟု ကျော်ကြား သော ဘုန်းတော်ကြီး ဦးသီလနှင့် ပညာနေတ္တိ ဝိပဿ  နာ ကျမ်းပြု  ဖိုဝန်းတောင် ဆရာညွန့်တို့ ဟောပြောသော တရားများ ကို ကြားနာခွင့် ရရှိခဲ့ခြင်း၊ လယ်တီ ဆရာတော် ၏ ဒီပနီ ကျမ်း အချို့ကို ဖတ်ရှု ခဲ့ရခြင်း တို့ကြောင့် မောင်ဖိုး သက်မှာ ဘာသာရေး အခြေခံ အတော် အသင့် ပြည့်စုံလေသည်။



သို့သော်လည်း ထိုသို့ အစစချောမွေ့နေသော အချိန်တွင် မမျှော်လင့်သော ကြမ္မာဆိုး တစ်ခုက မောင်ဖိုးသက် တို့ မိသားစုနှင့် တစ်ကွ ပျော်ဘွယ်ကြီး ရွာ တစ်ရွာလုံးကို ဝင်ရောက်မွှေနှောက် ခဲ့သည်။  ထိုကြမ္မာ ဆိုးမှာ အခြား မဟုတ်။ ကာလဝမ်းရောဂါပင်ဖြစ်၏။ 

25 May 2016

သီတဂူ ဆရာတော်ကြီး ၏ အလွန် ဖတ်သင့်သော ဆုံးမစကား

အရှင် ဇာနေယျ's photo.







မကြာခင်ကလေးက အိန္ဒိယပြည်ကြီး ရဲ့ မြောက်ဘက် ကက်ရှ်မီးယား ရဲ့ အရှေ့မြောက် လာဒက် က ပြန် လာ တယ်။ လာဒက် မှာ ဘုန်းကြီး တရားဟောတယ်။

Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာ အဖွဲ့ ရဲ့ ဌာနချုပ်မြို့ လယ်ခေါင်မှာ ဖွင့်ထားတယ်။ တစ်မြို့ လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာ လိုက်တော့ ဗုဒ္ဓဘာသာ ၀င်ရော ၊ ခရစ်ယာန် စတဲ့ အခြား ဘာသာ ၀င် တွေရော အားလုံး လာပြီးတော့ နားထောင်ကြတယ်။ Tourist တွေ ကလည်း အရမ်းပေါတယ်။ သူတို့ လည်း လာနားထောင်ကြတယ်။

 ခေါင်းစဉ် က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ် မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။ Buddhist and World Peace ဗုဒ္ဓ ဘာသာ တရားတော်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ် ကို ဟောရမှာ။

ကမ္ဘာ ဆိုတာဘာလဲ .......
စင်ပေါ်ရောက်တော့ ဘုန်းကြီး က ဘာဟောသလဲ ဆိုရင် The World ကမ္ဘာ ဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီး က အဲဒီက စတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံး ကို မင်းတို့ က ကမ္ဘာ လို့ ခေါ်ချင်သလား။ မင်းတို့ ခေါ် ချင် လည်း ခေါ်ရပါတယ်။

တို့ ဗုဒ္ဓ ကတော့ ခြေဖျား မှ ဆံပင်ဖျား တိုင်အောင် တစ်လံမျှ ရှိတဲ့ ခန္ဓာကိုယ် ကို “တစ်ကမ္ဘာ” လို့ သတ် မှတ် တယ်။ အဲဒီတော့ ကမ္ဘာ က လူ့ အပြင်ဘက်မှာ ရှိတဲ့ အပြင် ကမ္ဘာ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်း ရဲ့ အတွင်း ကမ္ဘာ ဆိုပြီး ၂ မျိုး ရှိတယ်။


ဘုန်းကြီး က သူတို့ ကို “အပြင် ကမ္ဘာကြီး ရဲ့ ငြိမ်းချမ်းရေး ကို ခဏထားစမ်း ပါအုံး။ အတွင်းကမ္ဘာလို့ ခေါ်တဲ့ Individual World တစ်ယောက်စီ  တစ်ယောက်စီ နှင့်ဆိုင်တဲ့ ကမ္ဘာ ရဲ့ ငြိမ်းချမ်းရေးကို ပဲ မင်းတို့ လုပ်ကြပါကွာ ” လို့ ဘုန်းကြီး ကပြောလိုက်တယ်။

အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေ ကို မင်းတို့ ခဏထား ၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်း ရဲ့ ငြိမ်းချမ်းရေး Individual Peace ကို မှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေး ဆို တာ အဓိပ္ပာယ် မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကို လည်း ငါတော့ မယုံဘူး။

15 May 2016

ကင်ဆာဆဲလ် များ ကို သေစေနိုင်တဲ့ အံသြဖွယ် အစွမ်း နဲ့ ဖျော်ရည်





 
 
 ရှေးကတည်း က အဆင့်ဆင့် လက်ဆင့်ကမ်း ခဲ့တဲ့ အစွမ်းထက်ဖျော်ရည် တစ်မျိုးဖြစ်ပါတယ်။ ယုံကြည် စွာသောက်သုံးကြည့်ပါ။ ခန္ဓာကိုယ် ကို ဘေးမဖြစ်စေပါဘူး။ ကောင်းကျိုးသာ ရစေတဲ့ အစွမ်းထက်ဖျော် ရည်ဖြစ် ပါတယ်။

ဒီဖျော်ရည် ကို အာလူး တစ်လုံး ( တစ်ချိုတွေ ကတော့ Beetroot လို့ခေါ်တဲ့ ဥ တစ်မျိုးနဲ့လည်း အာလူးနေရာမှာ အစားထိုး သုံးပါတယ် )၊ မုန်လာဥနီ တစ်တောင့်၊ ပန်းသီး တစ်လုံးပေါင်းစပ်ပြီး ဖော်စပ်ရတာပါ။

သစ်သီး အားလုံးကိုဆေးကြော သန့်စင်ပါ။ အခွံ ခွာပါ။ ပြီးရင်ဖျော်စက်ထဲ ထည့် ကြိတ်ပြီး သည်နှင့် ချက်ခြင်း သောက်သုံးနိုင် ပါပြီ။ 
 
သံပုရာသီး ၊ ရှောက်သီး ၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင် ထည့်သောက်နိုင်ပါတယ်။ ဒီဖျော်ရည် ရဲ့ အစွမ်း ထက်ပုံတွေ ကတော့................................
 
( ၁ ) ကင်ဆာဆဲလ်တွေ  ကြီးထွားပြန့်ပွားခြင်း ကို တားဆီးပေးပါတယ်။
 
( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊ ကပ့္ပါယ်အိတ်ကြီးထွားခြင်း ကို လည်းတားဆီးပေး ပါတယ်။ ပြည်တည်နာဖြစ်ခြင်းကို လည်း ကုစားနိုင်ပါတယ်။
 
( ၃ ) အဆုတ်ကို အားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ တို့ကိုလည်း ကာကွယ်ပေးပါတယ်။
 
( ၄ ) ခုခံအား စနစ် ကိုလည်း အားကောင်းစေပါတယ်။
 
( ၅ ) မျက်စိအာရုံ ကို ပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊ မျက်စိညောင်းခြင်း တို့ကိုလည်း သက်သာစေ ပါတယ်။
 
( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သား ဒဏ်ဖြစ်ခြင်းကို လည်းပျောက်ကင်းစေပါတယ်။
 
( ၇ ) အသားကို လှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနု ပျိုစေပါတယ်။
 
 

ကဆုန် လပြည့် ဗုဒ္ဓနေ့ အကြောင်း သိကောင်းစရာများ

 ဆန်း ကိုကို's photo.
 
 
 
၁။ ကဆုန် လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင် တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန် လပြည့်နေ့၏ ထူးခြား ချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့် အညီ သုံးလောက ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် စပ်လျဉ်း၍-..............................

ဗျာဒိတ် ခံယူသောနေ့ဖြစ်ခြင်း၊
ဖွားမြင်တော် မူသောနေ့ဖြစ်ခြင်း၊
ဘုရားဖြစ်တော် မူသောနေ့ဖြစ်ခြင်း၊
ပရိနိဗ္ဗာန် စံတော်မူသောနေ့ဖြစ်ခြင်း၊


ဤ ထူးခြားချက်လေးမျိုး တို့နှင့် တိုက်ဆိုင်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ ကို `ကဆုန် လပြည့် ဗုဒ္ဓနေ့´ ဟု အမွှမ်းတင် ခေါ်ဆိုကြပါသည်။


၂။ ဤ ကဆုန်လပြည့်နေ့တွင် မာရ်နတ် ရန်ကို အောင်မြင်တော် မူသောကြောင့် ဤနေ့ ဤရက်ကို `ကဆုန် လပြည့် မာရ်အောင်နေ့´  အဖြစ် ဗုဒ္ဓဘာသာဝင် တို့၏ စိတ် အစဉ်တွင် စွဲမြဲ၍နေကြပါသည်။


၃။ ဝိသာခါ နက္ခတ်နှင့် ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန် စံတော်မူခြင်းများ ကို အကြောင်းပြု၍ ကဆုန် လပြည့်နေ့ ကို `ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေး ဟု ဆိုလိုပါသည်။


၎။ ဗုဒ္ဓ ဘာသာဝင် တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ် ကို အာရုံပြု၍ ကဆုန် လပြည့်နေ့၌ ပရိဘောဂစေတီ ထိုက်သော ဗောဓိပင် ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။


လူသတ် သမား ပန်ကာ


Moe Hein's photo.
 


ပူလွန်းတဲ့ ရာသီ ပါ ဆိုမှ အယ်နီညို က ထပ်ပြီး မီးရှို့တယ်။ ဒီတော့ လူတွေက ပူအိုက်တာ သက် သာအောင် ယပ်တောင် ၊ ပန်ကာ၊  အဲယားကွန်း အသုံးပြုလာကြတော့ တယ်။

ယပ်တောင် နဲ့ အဲကွန်း က ဒီလောက် ပြသ၁နာ မရှိပေမယ့် ပန်ကာကြောင့် လူသေတာတွေ မကြာ ခဏ တွေ့ရတယ်။ မသေတောင် ပါးရွဲ့ လေဖြတ်တာ တော်တော်များတယ်။

ပန်ကာက လူ ဘယ်လို သတ်နိုင်လဲ…..

ပန်ကာရှေ့ အအေး၊ ဘီယာ ပုလင်း တစ်လုံး ရေစို အဝတ်ပ တ်ပြီး ချထားကြည့်ပါ။ တစ်နာရီကျော်လောက် ဆိုရင် တော်တော် အေးမြ သွားတာ တွေ့ပါလိမ့်မယ်။ ရေခဲ သေတ္တာ မရှိတဲ့ နေရာတွေမှာ
အအေးသောက် ချင် သုံး လို့ရပါတယ်။ 


ပန်ကာလေကြောင့် ပတ်ထားတဲ့ ရေစို အဝတ်ဟာ အငွေ့ပျံတယ်။ အငွေ့ပျံ ဖို့ အပူ လိုအပ်ပါတယ် (စာမှာ
တော့ အောင်းပူ လို့ခေါ်ပါတယ်) လိုအပ်တဲ့ အပူ ကို ပုလင်းဆီ က စုတ်ယူ လိုက်တော့ အဝတ် က ခြောက်သွေ့ လာတာ နဲ့အမျှ  ပုလင်းလဲ အေးမြသွားပါတယ်။


လူက အိုက်လို့ ညဘက်ရေထချိုး တယ်။ ခေါင်းလျှော်တယ်။ ပြီးတော့ အိပ်ရာ ထဲ ချွေး မပြန်အောင် ပန်ကာ ဖွင့် အိပ်တတ်ကြတယ်။ ပန်ကာ ဖွင့်တော့ ထုံးစံ အတိုင်း စိုစိစိတွေ က အငွေ့ ထပျံပါတယ်။ လိုအပ်တဲ့ အပူချိန် ကိုတော့ ဦးခေါင်းကနေ ရယူပါတယ်။ 

ဒါကြောင့် ဦးခေါင်း တစ်ဖြေးဖြေး အပူချိန်လျော့ လာတယ်။ အိပ်မပျော်သေးခင်တော့ ခန္ခာကိုယ်က အပူ ထုတ်ပေးနေတော့ သိပ် ပြသ၁နာ မပေးသေးပါဘူး။ အိပ်ပျော်သွားပြီ ဆိုရင် အပူ မထုတ်တော့
ပါဘူး (အပူ ထုတ်တာ အရမ်းနည်းသွားတယ်) 


ဒါကြောင့် ဦးခေါင်း ဟာ အတိုင်း အဆ မရှိ အေးလာတယ်။ အေးလာတော့ ဦးခေါင်း က အရေပြား ကျုံ့လာ ပါတယ်။ ခန္ဓာ အတွင်းပိုင်း ကတော့ အခန်း အပူအချိန် အတိုင်းပဲ ဆက်ရှိနေတယ်။


13 May 2016

ရာမ ခေါ် (မြင်းဆေး) အကြောင်းလေး

San Lai Win Oo's photo.



ဒီလိုမျိုး  ဆေးတွေ‬ ရန်ကုန်တိုင်းဒေသကြီး ရဲ့ လှိုင်သာယာမြို့နယ်‬ ၊ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ အလုံ ၊ကြည်မြင်တိုင်၊ တာမွေ၊ သင်္ဃန်းကျွန်း ၊ကျောက်မြောင်း၊ ပုလဲမြို့သစ် အစရှိနေရာတော်တော် များများ မှာ ရောင်း ဝယ်ဖြန့်ဖြူးနေပါတယ် ။

ဘာရယ် မဟုတ်ပါဘူး ရာဘ (သို့မဟုတ်)  ရာမ ခေါ် (မြင်းဆေး) အကြောင်းလေး နည်းနည်း ပါးပါး ဗဟုသုတ အနေ နဲ့ ဖတ်ကြည့်ကြပေါ့ ။

ရာမ ကို လွယ်သလား ခက်သလား ဆိုပြီး စမ်းသပ်ချင်တဲ့ သူတွေက တစ်ပုံကြီးပေါ့ တစ်ချို့တွေက သုံးဖူး တာကို ဂုဏ်ယူပြီးပြောပြတတ် သလို တစ်ချို့တွေက သုံးဖို့ ဆွဲဆောင်ကြတယ် ။ ဘိန်း မဟုတ်ပါဘူး ဘာညာပေါ့ ။ 

ကဲ..  ဒါဆို လေ့လာကြည့်ရအောင် လွယ်သလား ခက်သလား ဆိုတာကို...... 
     ရာမ ဆိုတာ က အရင် အခေါ်ပါ အခု နောက်ပိုင်းတော့ ရာဘ လို့ ခေါ်ကြပါတယ်  ။မြန်မာပြည် မှာ မြင်းဆေး စိတ်ကြွရူးသွပ်ဆေး ။ ထိုင်း မှာတော့ Chocalee (ချောကလက်) အိန္နိယမှာ bhul bhuliya အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်တွေမှာ shabú  ဘင်္ဂလားဒေ့ရှ်   မှာ Pill, BABA, Gari, Guti, Bori   စသဖြင့် အခေါ် အဝေါ်များစွာ ရှိပါသေးတယ် ။

ရာမ မှာ ပါတာ ကတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်သုံး......
Philopon
Panzerschokolade
Methamphetamine
Pervitin
Dexedrine

 

ဆိုတဲ့ ဆေးတွေ တစ်ဖြစ်လဲ Methamphetamine ကို high dose သုံးပြီး အခြား ဆေးဝါးများ နဲ့ ရောစပ် ထုတ်လုပ် ထားတာဖြစ်ပါတယ်  ။ အစပိုင်း မှာMethamphetamine သီးသန့် ပါတဲ့  R သို့မဟုတ် WY စာတမ်းပါ အနီ အ၀ါ အစိမ်း စတဲ့ ဆေးလုံးလေးတွေ ထုတ်ပါတယ် ။

 နောက်ပိုင်းမှာတော့ ဆေးယဉ်ပါး လာသလို လူတွေမှာ မတိုးတော့တဲ့ အခါကျတော့ တစ်ခြား စိတ်ရောဂါ ပညာရှင်တွေ သုံးတဲ့ စိတ်ကြွဆေးဝါးတွေကို အတိုင်းအဆ မရှိ ရောနှောပေါင်းစပ် လာပါတော့တယ် ။ 

11 May 2016

မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.





တစ်ကယ်လို့..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...
 

တစ်ကယ်လို့..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
 

တစ်ကယ်လို့..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
 

တစ်ကယ်လို့..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
 

တစ်ကယ်လို့..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅)သမား...
 

တစ်ကယ်လို့..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
 

တစ်ကယ်လို့...လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
 

တစ်ကယ်လို့..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
 

တစ်ကယ်လို့..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...



Do You Believe in Numerology?
 
နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကို ရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်.. ခေါင်းမာတယ်.  ရိုးသားတယ်. . တစ်ဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..

လူတွေ အားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တစ်ခါ တစ်ရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတစ်ပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး. မိမိကိုယ်ကို ယုံကြည် တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ် ရွှယ်ရွှယ် နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထပ်ဖြစ်ကြတာများပါတယ်..

အမြင်မတူတဲ့ သူတွေနဲ့ ပြဿ          နာတက်ရတာကို နှစ်သက်တယ်..
အငြိုး အတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတတ်ပါတယ်..
မင်းသာ အမျိုးသား ဆိုရင်..အရမ်း နာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေ မှာဖြစ်ပြီး ..လူတိုင်း က မင်းကို လေးစားနေပါလိမ့်မယ်..

မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တစ်ယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှ သည်.. ဟိုအပေါ် ပါလီမန်တွေထိ ကို မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော် များများ ကို မင်းက တစ်ဖတ်ကန်း ခတ်အောင် သိနေတတ်တယ်လေ..

06 May 2016

ဒေါက်တာ အောင်ထွန်းသက် ပြောတဲ့ မှတ်သားစရာ ဉာဏ်ရည် ထက်မြက်မှု ငါးရပ် (PQ IQ EQ SQ CQ)

Lwin Pyin's photo.
လူတစ်ယောက် ရဲ့ ဉာဏ်ရည်ထက်မြက်မှု ကို သာမန်အားဖြင့် (IQ) နဲ့ တိုင်းထွာလေ့ရှိပါတယ်။ အပြည့် အစုံ ကတော့ Intelligence Quotient (IQ) ဖြစ်တယ်။ 

လူတစ်ဦး ရဲ့ ဉာဏ်ရည် ထက်မြက်မှုကို စနစ်တ ကျတိုင်းထွာပြီး ရလာတဲ့ အဖြေ Quotient ကို ရည်ညွှန်းပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် ဉာဏ်ရည် ထက်မြက်သူ ကို တော်တဲ့သူလို့ သတ်မှတ် ကြ တယ်။ 

IQ မြင့်တဲ့သူဟာ တော်တယ်။ IQ နိမ့်တဲ့ သူဟာ ညံ့တယ် လို့ပဲ ယူဆကြတယ်။ နိုင်ငံခြား မှာတော့ IQ ကို စနစ်တကျ တိုင်း ထွာမှုတွေ လုပ်ကြတယ်။

မြန်မာပြည် မှာတော့ ကျွန်တော် သိသလောက် စနစ်တကျ လုပ်ထားတာမရှိ ဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ IQ ဟာ ပျမ်းမျှခြင်း ၈၀ နဲ့ ၁၂၀ အကြားရှိကြတယ်။ ၁၂၀ ထက် များရင် သိပ်ထူးချွန်တယ် လို့ သတ်မှတ်ပြီး ၈၀ ထက် နည်းရင်တော့ ဉာဏ်ရည် နိမ့်တယ်လို့ ပြောလေ့ရှိကြ တယ်။ IQ ဟာ ဗီဇ အပေါ်အခြေခံတယ်။ တစ်နည်းပြောရရင် မိဘမျိုးရိုး အပေါ် မူတည်ပါတယ်။

IQ ဖွံ့ဖြိုးမှုဟာ မွေးတဲ့အချိန်ကအစပြုပြီး အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်မှာ မြင့်တက်လာပြီး နောက်ပိုင်းမှာ တိုးတက်မှု မရှိတော့တာ တွေ့ရပါတယ်။ တစ်နည်းပြောရင် IQ ဟာ မွေးရာပါ အရည်အချင်း တစ်ရပ် ဖြစ် ပါတယ်။

IQ ကို တစ်ဖက် က Mental Intelligence ဉာဏ်ရည် ထက်မြက်မှု လို့ ဆိုကြတယ်။ သမားရိုးကျ ပညာ ရေး စနစ် ဟာ IQ ကို သာ အာရုံစိုက်တာတွေ့ရတယ်။ ကျောင်းစာ မှာတော်ဖို့ မိဘတွေရော၊ ဆရာ၊ ဆရာမတွေ ပါ တိုက်တွန်းတယ်။ 

စာတော်ခြင်း တစ်ခုတည်း ကိုသာ အလေးထားကြတယ်။ ဒါကြောင့် လည်း အားကစား မလုပ်ဖို့၊ အနုပညာ မလိုက်စားဖို့၊ ပေါင်းသင်း ဆက်ဆံမှု မှာ အာရုံ မစိုက်ဖို့တိုက်တွန်း ပြီး စာတော်ခြင်း ဆိုတဲ့ တစ်လမ်းသွား ဖွံ့ဖြိုးမှု ကို အားပေးခဲ့ကြတယ်။

အခုခေတ် မှာတော့ ဉာဏ်ရည် ထက်မြက်မှု ငါးမျိုး ရှိတယ်လို့ လက်ခံ လာကြတယ်။ လူတစ်ယောက် ဟာ အောင်မြင်တဲ့ သူဖြစ်ဖို့ ဒီ ဉာဏ်ရည် ထက်မြက်မှု ငါးမျိုး ကို ပြုစုဖို့ လိုအပ်တယ်လို့ လက်ခံ လာခဲ့တယ်။

ပထမဆုံး ဉာဏ်ရည် ထက်မြက်မှု ကတော့ Physical Intelligence (PQ) ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်ရင် (PI) ဖြစ်သင့်တယ် လို့ ထင်ကြမှာပါပဲ။ ဒါပေမယ့်စောစောက ကျွန်တော် တင်ပြခဲ့သလို Quotient ဆိုတဲ့ ရလဒ် အဖြေ ကို ရည်ညွှန်းတာပါ။ 

PQ က အမှန်တော့ ကျန်းမာရေးနဲ့ ဆိုင်တယ်။ လူတစ် ယောက်ဟာ ကျန်းမာဖို့ လိုအပ်တယ်။ မကျန်းမာ ရင် ကျန်တာ ဘာမျှလုပ်လို့ ရမှာ မဟုတ်ပါဘူး။ ဒါ ကြောင့်ကျွန်တော် က လူငယ်တွေ အနေ နဲ့ PQ ကို အာရုံ စိုက်စေ ချင်တယ်။ 

မိုးကုတ် ဆရာတော် ဘုရားကြီး မှ ခန္ဓာဝန် ချမည့်နေ့  နံနက်ပိုင်းတွင် ဦးကျော်သိန်း နှင့် ဒေါ်တင်လှ တို့ အား ဆုံးမသြဝါဒပေးပ

HlaToe Oo's photo.
 

မိုးကုတ် ဆရာတော် ဘုရားကြီးသည် ၁၃၂၄ - ခု သီတင်းကျွတ် လပြည့်ကျော် ( ၄ ) ရက် ၊ ( ၁၇. ၁၀. ၁၉၆၂ ) ၊ နေ့ လည် ( ၁ ) နာရီ ( ၂၀ ) မိနစ် တွင် ခန္ဓာဝန် ချတော်မူသည် ။ 

ဦးကျော်သိန်း တို့ အား ယင်းနေ့  မနက် နံနက် ( ၅ ) နာရီ တွင် ဟောကြားတော် မူသော တရား မှာ တိုတိုလေး ဖြစ်ပါသော် လည်း အလွန် အနှစ်သာရ ရှိသော ၊ အလွန် အဘိုးမဖြတ်နိုင်သော တရားဟု ကျွန်တော် အနေ ဖြင့် မှတ်ယူပါ သဖြင့် ယခုကဲ့သို့ ရှာဖွေ၍ တင်ပြလိုက်ရခြင်းဖြစ်ပါသည် ။

*******************************************************************************

ဦးကျော်သိန်း ပြုစုသော မိုးကုတ် ဆရာတော်ဘုရားကြီး ၏  " ထေရုပ္ပတ္တိ နှင့် ကျင့်စဉ် " စာအုပ် ၊ စာမျက်နှာ ( ၃၆၉ ) ပါ  ဆရာတော်ဘုရားကြီးက  ကျောင်းဒကာ ဦးကျော်သိန်း နှင့် ကျောင်းအမ ဒေါ်တင်လှ တို့ အား
ဆုံးမသြဝါဒ ပေးပုံ ။


သီတင်းကျွတ် လပြည့်ကျော် ( ၄ ) ရက် နံနက် ( ၅ ) နာရီ အချိန်တွင်  ဒေါ်တင်လှနှင့် သီလရှင် ဆရာကြီး ဒေါ်ကုမ္မာရ တို့ က ကွေကာအုပ်ဖျော်၍ ၊ သွား ရောက် ကပ်လှူရာ အကပ်ခံပြီး နောက် ၊ ဒေါ်တင်လှ အား " သွား . . . ငါ့အိပ်ယာပြင်ခင်းထား " ဟု ခိုင်းတော် မူရာ ဒေါ်တင်လှ က အချိန် မဟုတ်ဘဲ ခိုင်းသဖြင့်
အံ့အားသင့်နေစဉ် ဘေးမှ တပည့်ရင်းများ က ဒီနေ့  ကထိန် နဲ့ အလှူအတန်း နဲ့ မို့  နေ့  အနား ယူချင်လို့  မိန့် ရှိတာဘဲ ဟု ပြောဆိုပြီး ဝိုင်းဝန်း ကူညီ ခင်းကျင်းပေးကြ ပါသည် ။


အိပ်ရာ အိပ်ခင်းနှင့် အခန်း များ ခင်းကျင်း ရှင်းလင်းပြီး နောက် ၊ အခန်း မှ ပြန်  ထွက်၍ အလာ တွင် ဒေါ်တင်လှ အား " တင်လှကော ယာဂု သောက်ပြီးပြီလား "
 

( သောက်ပြီးပါပြီဘုရား ) ။ အေး . . .ဒါဖြင့် ထိုင်အုံး ၊ ဆုံးမစရာ ရှိသေးတယ် ဟု ပြောသဖြင့် ဒေါ်တင်လှနှင့် အတူ ပါလာသူ သီလရှင်ဒေါ်ကုမ္မာရ နှင့် တစ်ခြား တပည့်များရှေ့ တွင် " တင်လှ မင်း တို့ အသက် ငယ်သေး တယ် ။ လောကဓံ တရား တိုက်ခတ် ခံရဘို့ အများကြီး ရှိသေးတယ် ။ အတိုက် ခံရဘို့ လဲ ငါမြင်တယ် ။ ဒီလောကဓံ လှိုင်းဒါဏ် ခံနိုင်အောင် တရား ကို ကြပ်ကြပ်ရူပါ ။
 

မင်းတို့ က ဘာနဲ့ တူသလဲ ဆိုတော့ အလွန် ကျယ်ဝန်းပြီး ရေစီးသန်လှတဲ့ ရေ အပြင်မှာ ကမ်း မမြင် လမ်း မမြင် မှီတွယ် ရာမဲ့ ကူးခတ်နေရတဲ့ သံသရာ ခရီး သည် နဲ့ တူနေတယ် ။ ဒီ ခရီးသည်ဟာ ကူးရင်းခတ်ရင်း နဲ့ မျော ရင်း နဲ့ ဘဲ တစ်ခုသော ကမ်းနဘေးရောက်သွား ရှာတယ် ။ 

ဒီ ကမ်းနဘေးမှာ လဲ အိုမင်းရင့်ရော်ပြီး ရေစီး ဒါဏ် ကမ်းပါးပြို  စတဲ့ ဒါဏ်တွေ ခံနေရတဲ့ သစ်ပင် အိုကြီး တစ်ပင် ကို သွားတွေ့  ရသတဲ့ ၊ ဒီ သံသရာ ခရီးသည် ဟာ ဝမ်းသာအားရ နဲ့  ဆွဲမိ ဆွဲရာ အဲဒီ သစ်ပင်အိုကြီး က ထွက်နေတဲ့ အမြစ် တစ်ခုကို လှမ်းဆွဲ လိုက်သတဲ့ ။ 

ဒါပေမဲ့ ဒီသစ်ပင်ကြီး ရဲ့ အခြေ အမြစ်တွေကလဲ ရေစီးဒါဏ် ၊ လှိုင်းဒါဏ် ၊ လေဒဏ် ကြောင့် လဲလု လဲခင်
အခြေ မှာရောက်နေတော့ သံသရာ ခရီးသည် ရဲ့ မှီခို အားထား ခြင်းကို မခံနိုင်ရှာဘဲ  မှီခိုသူ သံသရာ ခရီး သည် ရဲ့ အပေါ်ကို လဲပြိုကျသွားတယ် ။ 


03 May 2016

တပ်မတော် ပြိုကွဲစေရန် ခွဲထုတ် ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုးစုံဖြင့် လုပ်နိုင်၍ သတိရှိရန် တပ်ချုပ် သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စကားပြောကြားနေစဉ် (ဓာတ်ပုံ − Senior General Min Aung Hlaing FB)
 
 

တပ်မတော် ပြိုကွဲစေရန် ခွဲထုတ် ဖြိုဖျက်ခြင်းများ နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မ တော်၏ စည်းလုံး ညီညွတ်မှု ပျက် ပြားစေရန် လုပ်ဆောင်လာနိုင် သ ဖြင့် သတိရှိကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် က ပြော ကြားလိုက်သည်။
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က မေလ၂ ရက်တွင် ရန်ကုန် တိုင်း စစ်ဌာနချုပ် အနော်ရထာ ခန်းမ၌ ရန်ကုန် တပ်နယ် ရှိ အရာ ရှိ၊ စစ်သည် မိသားစုများ အားတွေ့ ဆုံ အမှာစကားပြောကြားရာတွင် အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ လျှောက်လှမ်းနေ သည့် နိုင်ငံရေး စနစ် မှန်မှန် ကန် ကန်၊ ခိုင်ခိုင်မာမာ ရှိစေရန် နည်း လမ်း တကျ ပူးပေါင်းဆောင်ရွက် နေသော တပ်မတော် ၏ ရပ်တည် ချက်၊ လုပ်ဆောင်ချက်များ အပေါ် အထင်အမြင် လွဲမှား သုံးသပ်သူ အချို့သည် တပ်မတော် ပြိုကွဲ အောင် ခွဲထုတ်ဖြိုဖျက်ခြင်း နည်း လမ်းမျိုးစုံဖြင့် လုပ်ဆောင် ပြီး တပ်မတော် စည်းလုံး ညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ‘အား’ ပျော့သွားအောင် လုပ် ဆောင် လာနိုင် သဖြင့် သတိတရား ရှိကြရန်နှင့် တပ်တွင်း စည်းလုံး ညီညွတ်မှုကို အလေးထား လုပ် ဆောင်ရ မည်ဖြစ်ကြောင်း တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။


အလောင်းဝတ်တဲ့ အဝတ်အစား မှာ အိတ်ကပ် မရှိလို့ပါ

နည်းစနစ်ကျကျအတွေးအခေါ်'s photo.


လျှို့ဝှက် တဲ့ သန်းကြွယ် သူဌေး
သူ့ကို နယူးဂျာစီ နေ အမေရိကန်အိုင်းရစ် လူမျိုး ခရစ်ယာန် ဘာသာဝင် သာမန် မိသားစုတစ်စု က မွေးဖွား ခဲ့ တာဖြစ်တယ်။ ၂ဝ၁၁ ခုနှစ်မှာ သူ့ အသက်(၈ဝ) ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကို မှာ အိမ်ခန်းနှစ်ခန်း ပါတဲ့ အိမ်လေးမှာ ဇနီး နဲ့ အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။

နာမည်ကြီး တံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူး သလို သူ့ မျက်မှန် ကတည်း ဟောင်းနွမ်းနေခဲ့ ပါ တယ်။ သူ့လက်မှာ ပတ်ထားတဲ့ နာရီ ကလည်း မြေအောက် ဘူတာ တစ်နေရာမှာ ဝယ်ခဲ့တဲ့ နာရီဖြစ်တယ်။ 


အစား အသောက်ကောင်းတွေ ကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့ အစားအစာ က ဈေးချို တဲ့ ခရမ်းချဉ်သီး ချိစ် ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကား မရှိဘူး။ ဘတ်စကား ကိုပဲ သူ အသုံးပြုတယ်။ သူ့ရဲ့ လက်ကိုင်အိတ် ဟာလည်း အဝတ်စနဲ့ ချုပ်ထားတဲ့ အိတ်ပဲဖြစ်တယ်။ 

တစ်ကယ် လို့ သူ နဲ့ အတူ စားသောက် ဆိုင် သွားရင် ဘေလ်တွေ ကို စနစ်တကျ သူ စစ်ဆေးမှာကို သင်တွေ့ ရပါလိမ့်မယ်။ တစ်ကယ် လို့ သူ့ အိမ်မှာ ညအိပ် ညနေ သင် အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါ လို့ သူ  သတိပေး ပါလိမ့်မယ်။


ဒီလောက် ဆင်းရဲတဲ့ အမေရိကန် အဘိုးကြီး တစ်ယောက် အကြောင်း ဘာများပြောစရာရှိသလဲ လို့ သင် အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့ သမျှကို ကျွန်တော် တို့ အရင်ကြည့်ရအောင်.....
 

Cornell University အတွက် သူ လှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ
California University အတွက် သူ လှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ
Stanford University အတွက် သူ လှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း ၆ဝ
အိုင်ယာလန် မှာ တက္ကသိုလ် အသစ် ၇ကျောင်း နဲ့ မြောက် အိုင်ယာလန်မှာ ၂  ကျောင်းဆောက်ဖို့ တစ် ဘီလီယံ ကို သူ လှူဒါန်းခဲ့တယ်။





ပနားမား ငလျင် မြန်မာ ကို ရိုက်ခတ်ခဲ့သလော

Myanmar B2B Management Magazine's photo.
·
မြန်မာ လုပ်ငန်းရှင် အချို့ ပါဝင်နေသည့် ပနားမား စာရွက်စာတမ်း များ(သို့မဟုတ်) နိုင်ငံတစ်ကာ အခွန်ရှောင်မှု အရှုပ်တော်ပုံ.....
ဖြိုးဝေ (မဟာဝိဇ္ဇာ)


***********************************
ပြီးခဲ့သည့် သင်္ကြန် အကျနေ့ (၁၃.၄.၂၀၁၆-ဗုဒ္ဓဟူးနေ့) ည ၈နာရီ ၂၅ မိနစ်ခန့် က လှုပ်ခတ် ခဲ့သည့် အင် အား ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ ငလျင် ကိုမြန်မာနိုင်ငံ အနှံ့အပြားမှ လူအများ ခံစားသိရှိခဲ့ကြ သည်။


သို့သော် ထိုကာလ အတွင်း ငလျင်လှုပ်သည်ထက်ပင်နိုင်ငံ များနှင့် လူအများ ကို အထိနာစေနိုင်သည့် ကမ္ဘာ တစ်ဝှမ်း ကိုင်လှုပ်ခဲ့သည့် ဖြစ်စဉ် တစ်ခုကိုတော့ မြန်မာနိုင်ငံ သိပ်ခံစား သိရှိခဲ့ပုံမရပေ။ 

ထိုဖြစ်စဉ် ကတော့ဧပြီလ ၃ ရက်နေ့က စတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံး အုတ်အော်သောင်းနင်းဖြစ်အောင် ကိုင်လှုပ် ခဲ့သည့် ပနားမား စာရွက်စာတမ်း များ(Panama Papers) ပေါက်ကြားမှု ဟုခေါ်သည့် နိုင်ငံတစ်ကာ အခွန်ရှောင်ငွေကြေး ခဝါချမှု အရှုပ်တော်ပုံပင်ဖြစ်သည်။

ထို စာရွက်စာတမ်း များတွင် ကမ္ဘာတစ်ဝှမ်း မှ လူသိ များသည့် နိုင်ငံခေါင်းဆောင်များ ,နိုင်ငံရေး သမား များနှင့် သူတို့ ၏ဆွေမျိုးများ, Forbes ဘီလျံနာ စာရင်းဝင် နာမည်ကျော် သူဌေးကြီး များနှင့် ကမ္ဘာကျော် အနုပညာရှင် များ၏ အမည်များ ပါဝင်သလို မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် အချို့ ၏ အမည်များလည်း ပါဝင်ခဲ့သည်။

 အဆိုပါမြန်မာ လုပ်ငန်းရှင် များမှာ ရေနံ လုပ်ငန်းရှင် ဦးမိုက်ကယ် မိုးမြင့်,ဒေါက်တာ ဥမ္မာ မိုးမြင့်,ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်,ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်း ၏ သားသမက် ဦးအေးဇော်ဝင်း, ဦးကျော်ဝင်း, ဦးမြင့်ဆွေ,ဦးအောင်ကျော်မြင့်,ဦးမောင်မောင်ဆွေတင်,ဒေါ်မြမြစိုး,ဒေါ်မြသီတာ တင်ဆွေ,ဦးသုတ, ဦးနောမြင့်နှင့် ဦးမျိုးတင် တို့ဖြစ်ကြောင်း ၊ ပြည်တွင်း ပုဂ္ဂလိက မီဒီယာ အချို့တွင် သတင်း အဖြစ် ဖော်ပြ ခဲ့ကြသော်လည်းပြည်သူ အများအကြား ဂယက်ရိုက်ခတ်မှုသိပ်မရှိခဲ့ပေ။

 ဖြစ်နိုင်သည်မှာ ထို သတင်းထွက်ပေါ်သည့် အချိန်ကာလ သည် မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ကာလဖြစ်သလို လူအများ ပါဝင်နွှဲပျော်သည့် နှစ်သစ်ကူး သင်္ကြန် အခါသမယလည်းဖြစ်သည့် အတွက် တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး မြန်မာ လုပ်ငန်းရှင် အချို့လည်း ပါဝင်နေသည့် ပနားမား ငလျင်ကို လူအများအာရုံစိုက်မခံစားမိခြင်းဖြစ်နိုင်သလို ပနားမား စာရွက်စာတမ်း ၏ အရေးပါ မှုနှင့် သက်ရောက်မှု ကို မရိပ်စားမိခြင်း,အခွန် ၏ အရေးပါမှုကို သိရှိမှု အားနည်းခြင်းနှင့် အကျင့်ပျက်ခြစားမှုများ, အခွန်ရှောင်မှုဖြစ်စဉ်များနှင့် ယဉ်ပါးနေခြင်းကြောင့်လည်းဖြစ်နိုင်သည်။ 

01 May 2016

ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူး များ ကောင်းကင်တွင် ဈာန်ပျံခြင်း

 Zaw Win's photo.

 
တစ်ခါက. ကိုဘအောင် . Page.တစ်ခုမှာ နိုင်ငံခြားသားများ ကလေ့လာ ပါတယ် ဆိုတဲ့ ဗုဒ္ဓ ဘာသာ ရဟန်းတော်များ  ကောင်းကင်တွင် သွား ခြင်း( သူတို့ အခေါ် ) သုတေသနပြုလုပ်ထားတယ် ဆိုတာကို ဖတ်လိုက် ရတယ်။ သူငယ်ချ င်းတွေလည်း ဖတ်လိုက်ကြရမှာပါ .။


သူတို့ရဲ့သုတေသန မှတ်ချက် က. ဘာပေးထားသလဲ ဆိုတော့ ၊ ထို ဗုဒ္ဓ ဘာသာ ဘုန်းကြီးများ သည် ဝတ်ရုံ ထားသော အဝတ် ကို လှုပ်ခတ်၍ ကောင်း ကင်တွင် သွားလာကြသည် လို့ ဆိုသကိုးဗျ ( အင်း ... ဒါလောက်လေး နဲ့ များ သုတေသန လုပ်နေသေးတယ်)
 

 အောက်မှာ တစ်ယောက်က ဘာကွန်မန့် ဝင်ရေးလိုက် သလဲ ဆိုတော့ ... " ကောင်းကင် ဈာန်နဲ့ကြွတာ သူ့ကျ မှ ငှက်ဖြစ်ရတော့တယ် " ကိုဘအောင် ဖတ်ပြီး အတော် သဘောကျ မိပါ တယ်.. ဒီ သုတေသန နဲ့ ဒီ ကွန်မန့် ကို နောက်တော့ တွေးပါတယ် ။ ဒါကို လက်ခံနိုင်လောက်တဲ့  ဖြေရှင်း ချက် များပေးနိုင် ပြနိုင်သလား ဆိုတာ....
 

ကိုဘအော င်အခု ရှင်းပြမယ် ဆိုရင်တော့.... လုံးလုံးပြည့်စုံ မှန်ကန်တဲ့ အဖြေ တစ်ခု အဖြစ် လက်မခံ ရင်နေ.. အနောက်တိုင်း သုတေသနပြုချ က်ထက် သာပြီး စာဖတ်သူကျေနပ်နိုင်လောက်တဲ့ အဖြေဖြစ်
မှာပါ....


ကျနော်တို့ ခြေလှမ်း တစ်ခု ကို သတိပဌာန် တရားရှုတဲ့ အခါမှာ ဓမ္မာနုပသ၁နာ ရှု့နည်း အရ မူလ ဘူတဖြစ် တဲ့ ဓာတ်ကြီးလေးပါး ရဲ့သဘောကို ဒီလို မြင်ရပါတယ်....
 

 ခြေ တစ်လှမ်းပေါ့ဗျာ ... အဆင့်တွေ က   ကြွတယ်..ဆွဲတယ်.. လှမ်းတယ်..ချတယ်.. ထိတယ်.. အဲ့ဒီ အဆင့်တွေ မှာ မူလဘူတ ဓာတ်ကြီးလေးပါး ရဲ့ သဘော နဲ့ သတ္တိတွေ ဘဲဗျ ။ ဒါကို မှတ်တဲ့ အခါမှာတော့....
 

လှမ်းမဲ့ခြေ အကြွမှာ  ပေါ့ပြီး ပါလာတယ် ။ ဒါက  တေဇော ဘဲ သူ့မှာ ပေါ့ပါးတဲ့ သတ္တိရှိတယ် ... 


ဂျာမဏီ နဲ့ အမေရိကန် တို့ ဘာသာရေးကြောင့် အမှောင်ချထားခဲ့တဲ့ ဗုဒ္ဓဘာသာဝင် အိုင်းစတိုင်း

Pan Chitthu's photo.


လူ တစ်ယောက် ၏ အသိဥာဏ်နှင့် ယှဉ်၍ ဘာသာ တရား ကိုးကွယ် မှု့ကွဲပြားကြလေသည်။

အဲလ်ဘတ်အိုင်းစတိုင်း ကို ဂျာမဏီ နိုင်ငံ အမ်းမြို့မှာ( 1879 ) ခုနှစ် မတ်လ ( 14 ) ရက်နေ့တွင် ဖွားမြင် ခဲ့ပါ သည်။ သူဧ။် မိဘ များသည် ရဟူဒီ ( ဂျူးလူမျိုး ) နွယ်ဖွားများ ဖြစ်ကြပြီး လျှပ်စစ် ပစ္စည်း အရောင်းဝယ်လုပ်ငန်း လုပ်ကိုင်ခဲ့ကြလေသည်။


အိုင်းစတိုင်း သည် ငယ်စဉ် ကလေးဘ ၀တွင် အလွန် ထုံထိုင်းလေးလံရုံသာ မက စကားလည်း နည်းလှ လေ သည်။ အခြား ကလေးများလို ဆော့ကစားခြင်း မရှိပဲ တစ်ယောက် တည်း တွေးနေ ငေးနေ တက်သည်။ 

မူလတန်း စတက်သည့် အခါတွင် လည်း ဥာဏ်ထိုင်းသည် ဟု ဆရာ များဧ။် မှတ်ချက်ပေး ခြင်းကို ခံရလေ သည်။ သို့သော် သူသည် အသက် ( 6 ) နှစ်သား အရွယ်တွင် တယော ထိုးခြင်း ကို စတင် သင်ကြားနေပြီ ဖြစ်ပြီး ဂီတ ကိုလည်း မြတ်နိုး တန်ဖိုး ထားတက်နေပြီ ဖြစ်သည်။

သူသည် သင်္ချာဘာသာရပ် တွင် အလွန် ညံ့ဖျင်းပြီး ခေါမ နှင့် လက်တင် ဘာသာ သင်ကြားရာမှာ လည်း စိတ်ဝင်စားမှု မရှိခဲ့ချေ။ သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာ သင်္ချာ နှင့် ဂျီသြမေတြီ သဘောတရားများကို နားလည်အောင် ရှင်းပြပေးခဲ့သည့် အတွက် အိုင်းစတိုင်း သည် သင်္ချာ ဘာသာ ကို ဆရာ များ အံ့သြလောက် သည် အထိ ထူးချွန်လာခဲ့ပြီး ပညာ ဆက်လက် သင်ကြား နိုင်ခဲ့လေသည်။

မြန်မာ ကို ဒုက္ခရောက်စေနိုင်တဲ့ တရုတ် အမေရိကန် အားပြိုင်မှု

နေ လင်း အောင်'s photo.
မြန်မာနိုင်ငံ အား ပြန်လည် တိုးတက်စေရေး အတွက် စစ်ဖက်ခေါင်းဆောင်များ ရေးဆွဲ အကောင် အထည်ဖော် ခဲ့သော မဟာဗျူဟာ အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းသည် တန်ဖိုး ကြီးမားကြောင်း သုံးသပ် မိသည် ။  သေမြေကြီး  ရှင်ရွှေထီး ဆိုသလိုပင် .. ။

နိုင်ငံ အတွက် အဖြစ်သင့်ဆုံး အဓိက စီးပွားရေးမှာ စိုက်ပျိုးရေး ကိုသာ အခြေခံရမည် ဆိုသည်ကို စစ်ခေါင်းဆောင် များသိကြသည် ။ သယံဇာတ ဆိုသည်မှာ ဆေးမြီးတို စီးပွားရေး အဖြစ်သာ .. ။

သို့သော်လည်း ရင်းနှီးမှုငွေကြေး မလုံလောက်မှု၊ ပိတ်ဆို့ခံ စီးပွားရေး နှင့် ပြည်တွင်းစစ် တို့ကြောင့် လိုရင်း ကိုမရောက် .. ။ 

စီးပွားရေး ပိတ်ဆို့ခြင်းအား ဖြေလျှော့နိုင်ရန် အတွက် ဒီမိုကရေစီ လမ်းကြောင်းအား ဖောက်လုပ်ခဲ့သည် ။
ပြည်တွင်း စစ်မီးငြိမ်းရန် နှင့် ရင်းနှီးငွေကြေး အတွက် ရန်ဘက်နှစ်နိုင်ငံဖြစ်သော ယိုးဒယား နှင့် တရုတ် ကို ရေနက် ဆိပ်ကမ်း ကမ်းလှမ်းခဲ့သည် ။

သမိုင်း တစ်လျှောက်တွင် မြန်မာနိုင်ငံနှင့် စစ်ပွဲ အကြိမ်ကြိမ်ဖြစ်ခဲ့သော အနှီ ရန်ဘက်နိုင်ငံ နှစ်နိုင်ငံ ၏ ထောက်ပံ့မှုကြောင့် လက်နက်ကိုင် အဖွဲ့ များ တည်ရှိနေမှု ကို အဆိုပါ အပေး အယူဖြင့် အဆုံးသတ်စေ မည် ဟူသော တစ်ချက်ခုတ် သုံးချက်ပြတ် အစီအမံဖြစ်သည် ။

သို့သော် .. စီအိုင်အေ ၏ စနက်ကြောင့် မြစ်ဆုံလို ၊ လက်ပံတောင်းတောင်လို တရုတ် ၏ မြန်မာနိုင်ငံ တွင်း စီးပွားရေး များ ထိခိုက်လာသော အခါ တွင် အနောက်ဖက် ပင်လယ် ထွက်ပေါက်ဖြစ်သော ကျောက်ဖြူရေ နက် ဆိပ်ကမ်းအား လက်မလွှတ်လိုသော တရုတ် ၏ တုန့်ပြန်မှု ကို ကိုးကန့် ကချင် တအောင်း အေအေ အဖြစ် ရင်ဆိုင်ရတော့သည် ။


ဒိဋ္ဌိပြုတ်အောင် ဘယ်လို ရှုမလဲ

Zaw Lin's photo.


(၁) ထွက်လေ ဝင်လေ လေးကို  ရှုနေတာ က ကာယာနုပဿ        နာ။
 

(၂) ဝမ်းနည်းတယ်၊ ဝမ်းသာတယ်၊  ချမ်းသာတယ်၊ ဆင်းရဲတယ် ဆိုတဲ့ ခံစားချက်လေး ကို ရှုနေတာ က ဝေဒနာနုပဿ      နာ။
 

(၃) ကိုယ့် သန္တာန်မှာဖြစ်တဲ့   လောဘနဲ့ ယှဉ်တွဲလာတဲ့ စိတ်၊ ဒေါသ နဲ့ ယှဉ်တွဲလာတဲ့ စိတ်၊ မောဟ နဲ့ ယှဉ်တွဲလာတဲ့ စိတ်  ဒီ စိတ်ကလေး ကို ရှုနေတာက စိတ္တာနုပဿ        နာ။
 

(၄) ကြံတွေးမှု၊ ကြံစည်မှုတွေ၊  ရုပ်ခန္ဓာ ဓာတ် သဘောတွေကို  ရှုနေတာ က ဓမ္မာနုပဿ       နာ။


အဲ့ဒီလို မိမိ သန္တာန်မှာ ရှိတဲ့ သဘာဝ တရားတွေကို  အမှန်မြင်အောင် ကြည့်တတ်ဖို့ လိုအပ်တယ်။
 

၁။ အဲ့ဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ  သမ္မာဒိဋ္ဌိ လို့ ခေါ်ပါတယ်။ သမ္မာဒိဋ္ဌိ ဆိုတဲ့ အမှန်မြင်နိုင်ဖို့ အတွက်...
 

၂။ သမ္မာသင်္ကပ္ပဆိုတဲ့  မှန်မှန် ကန်ကန် စဉ်းစားတတ်ဖို့ လိုတယ်။
 

၃။ အဲ့ဒီလို မှန်မှန် ကန်ကန် စဉ်းစားတတ်ဖို့ အတွက်  သမ္မာဝါယာမ ဆိုတဲ့ ကြိုးစားဖို့ လိုအပ်တယ်။
 

၎။ အဲ့ဒီလို ကြိုးစားဖို့ အတွက်  သမ္မာသတိ ဆိုတဲ့ စိတ်စိုက်ဖို့ လိုတယ်။
 

၅။ အဲ့ဒီ သမ္မာသတိ  ခေါ်တဲ့  အာရုံ တစ်ခုထဲမှာ စိတ်ကို ငြိမ်အောင် ထားတာက သမ္မာသမာဓိ ပါ။
 


ဒီလို ပေါင်းစပ် လိုက်တဲ့ မဂ္ဂင် (၅) ပါး ကို  "ကာရာပက မဂ္ဂင်(သို့) ကာရက မဂ္ဂင်" လို့ ခေါ်တယ်။
တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်တဲ့ အခါ  ဒီ မဂ္ဂင် ငါးခုဟာ ဟန်ချက် ညီညီနဲ့  အလုပ် လုပ်သွားပြီ ဆိုရင်ဖြင့်  သဘာဝတွေ ကို အမှန်အတိုင်း သိနိုင်မှာဖြစ်တယ်။