28 April 2017

တန်ဖိုးသိသူ အတွက်သာ တန်ဖိုး ရှိတယ်



တာဝတိံသာ နတ်ပြည် မှာ . . .
မာလာဘာရီ လို့ အမည်ရတဲ့ နတ်သား တစ်ပါးရှိတယ်။ သူ့မှာ ဇနီးမယား နတ်သမီး တစ်ထောင် ရှိတယ်။ တစ်နေ့ ဥယျာဉ်ထဲ ကစားနေတုန်း နတ်သမီး တစ်ပါးဟာ စုတိစိတ် ကျပြီး သေသွားတယ်။ သာဝတ္ထိမြို့ မှာ မိန်းကလေး တစ်ယောက်ပဲ သွားဖြစ်တယ်။


သူမဟာ နောက်ဘဝကို ပြန် အမှတ်ရတဲ့ ဇာတိဿရ ဉာဏ် ပါလာတယ်။ နတ်သမီး ဘဝကို ပြန် အမှတ်ရတယ်။ ဒါကြောင့် ကုသိုလ်ပြုတိုင်း မာလာဘာရီ နတ်သား ၏ မယား နတ်သမီး ဖြစ်ရပါလို၏ လို့ အမြဲဆုတောင်းတယ်။


ထုံးစံအတိုင်း အရွယ်ရောက် အိမ်ထောင်ကျ သားသမီး ငါးယောက် ရပြီးချိန်မှာ သေသွားတယ်။ သူ့ ဆုတောင်း အတိုင်း သာဝတိံသာနတ်ပြည် ပြန်ရောက်တယ်။ ဒါက အံ့သြစရာ မဟုတ်သေးဘူး။ တစ်ကယ် အံ့သြစရာက မာလာဘာရီ နတ်သား နဲ့ ဇနီးမယားတွေဟာ အခုချိန်ထိ ဥယျာဉ်ထဲမှာ ပျောပါးဆော့ကစားတုန်းပဲ။
ပတိပူဇိကာ နတ်သမီး  ကိုတွေ့တော့ မာလာဘာရီ နတ်သား ကမေးတယ်။


နတ်သား = သင်စောစောက ဘယ်သွားလဲ ?
နတ်သမီး= စောစောက မဟုတ်ဘူး။ နတ်သက်ကြွေ သေသွားပြီး သာဝတ္ထိမှာ မိန်းကလေး သွားဖြစ်တယ်။ အသင် နတ်သား ကို သတိရတဲ့ အတွက် ကုသိုလ် များများပြုပြီး ဒီနေရာ ပြန်ရောက်ဖို့ ဆုတောင်းခဲ့ရတယ်။ အရွယ်ရောက် အိမ်ထောင်ကျတော့ ကလေးငါးယောက် ရပြီး သေဆုံးခဲ့လို့ အခုလို နတ်ပြည်ကို ပြန်ရောက်လာတာပါ။


နတ်သားဟာ အလွန်အံ့သြသွားတယ်။ လူ့ဘဝ သက်တမ်း တစ်ခုဟာ သူတို့ နတ်တွေ ဥယျာဉ် မှာ တစ်ခါပျော် ချိန်လောက်မှ မကြာဘဲကိုး။ မြစ်တွေချောင်းတွေက ရေကို မတွေ့ဖူးတဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်ဟာ သူ့ခြေရာခွက်ထဲက ရေကိုသာ အများကြီးလို့ ထင်နေသလို . . . နတ်တွေ , ဗြဟ္မာတွေ ရဲ့ သက်တမ်းကို မသိကြတဲ့ လူတွေဟာလည်း ကိုယ့် လူ့ဘဝ သက်တမ်းလေး တစ်ရာကို အရှည်ကြီးလို့ ထင်နေကြတာပါ။


နတ်သား က ဆက်မေးတယ်။
နတ်သား= ဒီလောက် သက်တမ်း တိုတိုနဲ့ နေကြရတဲ့ သူတွေဟာ ရသမျှ အချိန်လေးမှာ ကုသိုလ် ပါရမီများများ ဆည်းပူးကြရဲ့လား ?


နတ်သမီး= ဘဝတန်ဖိုး သိပြီး ကုသိုလ် ပါရမီ ဆည်းပူးကြတဲ့ လူသားဟာ တစ်ရာ မှာ တစ်ယောက်ခန့်သာ အနည်းငယ် ရှိပါတယ်။


ကျန် လူသားများကတော့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ရှာဖွေ ခံစားရင်း အချိန်ကုန်ကြပါတယ်။
နတ်သား ဟာ ပိုအံ့သြသွားတယ်။ လူ့သက်နှစ်တစ်ရာဟာ နတ်သက် တစ်ရက်သာ ရှိလို့ ပထမ အံ့သြစရာပေါ့။


အချိန်တိုလှတဲ့ လူ့ဘဝလေးကို ကုသိုလ် ပါရမီ ဆည်းပူးဖို့ အသုံးမချဘဲ ကာမဂုဏ် ခံစားဖို့ချည်း အသုံးချတာဟာ ဒုတိယမြောက် အံ့သြစရာပေါ့။



၁၀၀ တန်တွေကို ဦးနေဝင်း ဘာကြောင့်သိမ်းခဲ့ရသလဲ



ne-win-large


၁၉၈၅ နိုဝင်ဘာလ ၃ ရက်နေ့
နံနက် ၁၁း၁၅ မြန်မာ့အသံမှ အရေးပေါ်ကြေညာချက် ထွက်ပေါ်လာတယ်။ 

သတင်း ကြေညာသူက ဦးကျော် စိုးဦး၊ သတင်းကို ယူလာပေးသူက ပြန်ကြားရေးဝန်ကြီး၊ သတင်းက ချိတ် ပိတ်စာအိပ်၊ စာအိပ်ပေးသူက လမ်းစဉ်ပါတီ ဥက္ကဌကြီး သမ္မတကြီး ဦးနေဝင်း၊ ကြားဖြတ် အရေးပေါ် ကြေညာချက်ဖြစ်၍ တစ်နိုင်ငံလုံး နားစွင့်နေကြတယ်။ 

TV ကလည်း တိုက်ရိုက် ထုတ်လွှင့်နေတယ် ။ သတင်းကြေညာဖို့ စာအိတ် ဖောက်လိုက်ပြီးချိန်မှာ သတင်းကြေ ညာသူဟာ လက်တွေ တုန်နေတယ်။ အသံ ကလည်း တုန်ရီ အက်ကွဲနေတယ်။

အားလုံး ကြားလိုက်ရတာကတော့..........
“၁၀၀ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေကြေး အဖြစ်မှ ယခုအချိန်မှ စတင်၍ ရပ်ဆိုင်းလိုက်ပါကြောင်း”

တစ်နိုင်ငံလုံး ဟင်၊ ဟာ၊ ကျွတ်၊ တောက် အသံတွေ မိုးမွှန် လျှံထွက်လာတယ်။
တစ်ချို့တွေက ငို၊ တစ်ချို့တွေက အရူး တစ်ပိုင်းဖြစ်၊ တစ်ချို့တွေ နှလုံးရပ်ပြီး သေကြ ။ အစိုးရ ငွေကြေး  လက်ထဲမှာ ထားမိတဲ့ အရာရှိကြီးငယ်တွေလည်း ထိုင်မရ၊ ထမရ နဲ့ပေါ့။


ဒီလောက် ပြည်သူတွေ ထိခိုက် နစ်နာနိုင်မယ့် အရေးကို ဘာကြောင့် ဆောင်ရွက်လိုက်ရကြောင်း ကိုတော့ သိသူ နည်းသလို သိအောင်လည်း မလုပ်ခဲ့ကြပါဘူး။ 


ဒီအချိန်အထိ ဒီအချက်ကို အညှိုးတစ်ကြီး ထားပြီး တိုက်ခိုက် စရာ အာခီးလီး ဖနောင့်ကြော အဖြစ် မှတ်ယူနေ ကြဆဲ။

သိသူတွေ သေလို့ ကြားသူတွေ ရှားလာချိန် ဖြစ်လာပြီ။ သမိုင်း အမှားတွေနဲ့ ကျုပ်တို့ လူငယ်တွေ ခရီး ဆက်နေ ကြလို့ မရတော့ ။ သမိုင်းအမှားတွေက အမြင်အမှားတွေ မွေးပေးနေပြီး အသိ အမှားတွေနဲ့ ခရီး ဆက်ကြရင် မြန်မာ ရာဇဝင် အရိုင်းတွေ ထပ်တိုးပေတော့မည်။ 


ဒါကြောင့် သိမှီသူတွေ ရှာဖွေမေးမြန်းရင်း ကွက်လပ်ဖြည့် အမှားကို ပြင်ဆင်လိုက်ပါသည်။

၁၉၈၅ ခုနှစ် မြန်မာ့ စီးပွားရေးသည် ဆုတ်ယုတ်နေပြီ။ လက်ရှိ တစ်ခါးပိတ် စီးပွားရေး စနစ် နဲ့ သွားလို့ မရ မှန်း သိခဲ့ပြီး စီးပွားရေး စနစ်ပြောင်းလဲရေး အတွက် စီစဉ်ဆောင်ရွက် ခဲ့ကြတယ်။


ဒီအချိန်မှာ မြန်မာ့ တပ်မတော် အတွက် အသုံးစားရိတ်တွေကိုလည်း လျော့ချ ခဲ့ရတယ်။ ဒါပေမယ့် စစ်ဆင်ရေး ကတော့ လျော့မသွားခဲ့ဘူး။ တပ်ရိက္ခာတောင် ပုံမှန် မထောက်နိုင်တဲ့ အခြေအနေ အထိ ရင်ဆိုင် လာရ ပြီ။


ရန်သူ့နယ်မြေရောက် ရှေ့တန်းထွက် တပ်တွေမှာ မီးကျိုးမောင်းပျက်တွေနဲ့ ကျည် မပါတဲ့ ဘက်ကပ်ခွံတွေနဲ့၊ ဟန်သာ ရှိတော့တဲ့ အခြေအနေ။


ဒီအချိန်မှာ KNU ဟာ တန်ခိုး ထွားနေချိန်၊ မြန်မာ့ လည်ပတ်ငွေကြေးရဲ့ ၃၀% ကျော်ဟာ KNU လက်ထဲမှာ ရှိနေခဲ့တယ်။


ငွေမဲ မကြေညာမီ လတ်တစ်လောကာလတွင် KNU လက်ထဲမှာ သတ္ထုရိုင်းနှင့် ကျွန်းသစ် ရောင်းရငွေဟာ ကျပ်ငွေ ၇ ဘီလီယံလောက် အထိ ရှိနေတယ်။ ဒီအထဲမှာ အမြင့်ဆုံး ငွေစက္ကူ ၁၀၀ တန် က ၅ ဘီလီယံကျော် ပါဝင်နေတယ်။ 


ဒီငွေတွေနဲ့ ထိုင်း စစ်တပ်ကနေ တစ်ဆင့် အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူဖို့ လုပ်ဆောင်နေတာဟာ ငွေပေးချေဖို့ အခြေအနေထိ ရောက်နေပြီဖြစ်ကြောင်း ပြည်တွင်းပြည်ပ ထောက်လှမ်းရေး သတင်းတွေ ရရှိနေပြီ။

အဲဒီ လက်နက်တွေသာ KNU လက်ထဲ ရောက်သွားခဲ့ရင် မြန်မာ့ သမိုင်း တစ်မျိုးဖြစ်ဖြစ်သွားမှာ သေချာ တယ်။ ဒီအချိန်မှာ သမ္မတကြီး ဦးနေဝင်း ဟာ ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်တယ်။ အဂ္ဂဗျူဟာဖြစ်လို့ အသိပေးသင့်တယ် ထင်တဲ့သူ ဝန်ကြီး ၇ ပါး ကို အိမ်တော်ကို ခေါ်ပြီး ရှင်းပြလိုက်တယ်။ 



22 April 2017

ကြို့ထိုးတာ အမြန်ဆုံး ပျောက်ကင်းဖို့



လူတိုင်း ကြို့ထိုး တာ ခံစားဖူးကြမယ် ထင်ပါတယ်။ နာလိုခံခက် ဖြစ်လွန်းတဲ့ ကြို့ထိုး တာ ပျောက်ကင်းအောင် နည်းလမ်း တစ်ချို့ တင်ပြပေးမှာပါမယ်။ ကိုယ်တိုင်လည်း တစ်အွတ်အွတ်နဲ့ အခံရခက်သလို၊ ဒီအသံကို ကြားရတဲ့ ပတ်ဝန်းကျင်က လူတွေကိုလည်း တစ်စုံ တစ်ရာ အနှောင့်အယှက် ဖြစ်စေတဲ့ ကြိ့ထိုးခြင်း ဘာကြောင့် ဖြစ်တာလဲ ဆိုတဲ့ အကြောင်းက စပြောပါမယ်။
ဘာကြောင့် ကြို့ထိုး တာလဲ
ကြို့ထိုး အောင် ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများအပြား ရှိပါတယ်။ အစား အသောက် အဆ မတန်များပြီး ရင်ပြည့်လွန်တဲ့ အခါမှာ ကြို့ထိုး တတ်သလို အပူအစပ် အစားများရင်လည်း ကြို့ ထိုးတတ်ပါတယ်။ ပြီးတော့ ဆေးလိပ် အလွန် အကျွံသောက်တာတွေ၊ အရက် အလွန် အကျွံသောက်တာတွေ ၊ အပူ သို့မဟုတ် အအေးကို အလွန်အကျွံ သောက်တာတွေကြောင့်လည်း ကြို့ထိုး တတ်ပါတယ်။

အဲဒီလို အလွန်အကျွံ သုံးစွဲ သောက်သုံးတဲ့ အခါ အစာအိမ် အတွင်း / အပြင်၊ ခန္ဓာကိုယ် အတွင်း/အပြင် အပူချိန် ကွာခြားချက် ရုတ်တစ်ရက် များလာပြီး အသက်ရှူ လမ်းကြောင်းနဲ့ အစား အစာ ကြိတ်ချေ ဝါးမျိုရာ လမ်းကြောင်း တစ်လျှောက်မှာ ရှိတဲ့  နာဗ်ကြောတွေရဲ့ တုံ့ပြန်လှုပ်ရှားမှု စနစ်ကို ပျက်ယွင်းစေရာ ကနေ ကြို့ ထိုးရတာ ဖြစ်ပါတယ်။
ပြီးတော့ စိတ်လှုပ်ရှားတာတွေ၊ စိတ် ဖိစီးမှုတွေ၊ ကိုယ်တွင်း ဇီဝကမ္မ ဆိုင်ရာရောဂါတွေ၊ အာရုံကြောမကြီးနဲ့ ဆိုင်တဲ့ ရောဂါတွေ စတာတွေ ခံစားရသူတွေလည်း မကြာခဏ ကြို့ထိုးတတ်ပါတယ်။ တစ်ချို့သော ဆီးချိုသမားများ၊ ကျောက်ကပ် အားနည်းသူတွေဟာလည်း ၄၈ နာရီထက် ကြာအောင် ကြို့ထိုးတတ်ပါတယ်။
ကြို့ထိုး တာ ပျောက်အောင်
ကြို့ထိုး တာဟာ ဘာမှ လုပ်ပေးစရာ မလိုဘဲ သူ့ အလိုလို ပျောက်သွားတတ် ပါတယ်။ အချိန် အရမ်းကြာလို့ သိပ်မောပန်းလာမယ် ဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေ အတိုင်း လုပ်ဆောင်ပါ။ ကြို့ထိုး တာ ပျောက်ကင်းသွားပါ လိမ့်မယ်။

၁။ အသက်အောင့်ပါ
သင့် အဆုတ် အတွင်း အပြည့် နောက်ထပ် လေတစ်စက်မှ ဝင်စရာ မရှိအောင် နှာခေါင်း နဲ့ တစ်ဖြည်ဖြည်းချင်း အသက် ရှူသွင်းပြီး အသက်အောင့်နိုင်သမျှ အသက်အောင့်ပါ။ ပြီးရင် ပါးစပ် ကနေ တစ်ဖြည်းဖြည်း ရှူထုတ်ပါ။ နောက်တစ်ခါ သင့် အဆုတ် အတွင်းမှာ လေတစ်စက်မှ မကျန်အောင် အသက် ရှူထုတ်ပြီး အ သက် အောင့်နိုင်သမျှ အောင့်ပါ။ 

အဲဒီလို ၃ ခါလောက် တစ်ဆက်တည်း လုပ်ပါ။ ကြို့ထိုးတာ မကြာခင် သက်သာပျောက်ကင်း သွားပါလိမ့် မယ်။ တစ်ကယ်တော့ လေထဲမှာ ပါတဲ့ အောက်စီဂျင် က သင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့ အပြင် အဆိပ်အတောက်တွေပါ ဖယ်ရှားပေးပါတယ်။


အတိတ်က ပြုခဲ့သော (၃ ဘဝ) ဝဋ်ကြွေး အကြောင်း သိကောင်းစရာများ



အတိတ် ဘဝ က ပြုခဲ့သောကံ ၊ လက်ရှိ ဘဝမှာ ပြုလုပ်ရမယ့် ကုသိုလ် နှင့် အနာဂတ် အတွက် ကုသိုလ်များအကြောင်း ရေးသားထားခြင်းဖြစ်သည်။ ဘာသာပြန်ထားသည့်အတွက် အမှားများ ပါခဲ့သည် ရှိသော်
ကြိုတင် တောင်းပန်ပါရစေ။
** လင် နဲ့ မယား ရယ်လို့ လက်ရှိ ဘဝမှာ ဖြစ်လာခဲ့မယ် ဆိုရင်ဖြင့် အတိတ် ဘဝကပြုခဲ့သော မိမိ ကုသိုလ် ကံ ကြောင့်သော်လည်းကောင်း ၊ အကုသိုလ် ကံ ကြောင့်သော်လည်းကောင်း အတူတူ မပြုမူ ခဲ့လျှင် အိမ် တစ်အိမ်ထဲတွင် မိသားစု အဖြစ်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

သား/သမီး ကြတော့ “ အကြွေး ” ပေါ့။ တစ်နည်းအားဖြင့် ကျေးဇူးဆပ်ခြင်းနှင့် အကြွေးတောင်းခြင်း ဟူ ၍ နှစ်မျိုး ကွဲပြားသွားလိမ့်မယ်။ ဝဋ်ကြွေး မရှိခဲ့လျှင် အဖေ ၊ အမေ နှင့် သား/သမီး ဆိုပြီး ပေါ်လာမှာ မဟုတ်ပါဘူးး။


* ဒါ့ကြောင့်မို့လို့ ကောင်းမှု ကုသိုလ်တွေ အတူတစ်ကွ ပြုလာကြတဲ့ လင်မယားတွေကြတော့ နေနဲ့လ  ရွှေနဲ့မြ လို့ ဆိုသလို သက်ဆုံးတိုင် ရွှေလက်တွဲသွားကြသလို ၊ အကုသိုလ်တွေ အတူတစ်ကွပြုလုပ်လာခဲ့ကြတဲ့ အတွဲတွေ ကျပြန်တော့လည်း အိမ်ပူ ၊ ရန်ဖြစ် ၊ စိတ်ဆင်းရဲပြီး သေကွဲ မကွဲတောင် ရှင်ကွဲ ကွဲနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်တယ်လို့ ပြောထားပါတယ်။


* အကြွေးလာတောင်းတဲ့ သား/သမီး ကြပြန်တော့လည်း ဘယ်နေရာမှ အသုံးမကြဘူး ။ မိဘ စိတ် ဆင်း ရဲအောင် အမြဲ လုပ်နေတဲ့သူတစ်ယောက်ဖြစ်တယ်။


အကြွေး လာဆပ်တဲ့ သား/သမီးကြတော့ မိဘဝတ္တရားကို နားလည်ပြီး မျက်နှာ ပျက်ရမဲ့ အဖြစ်မျိုးတွေကို ရှောင်ကျဉ်လေ့ ရှိတယ်။


လူရယ်လို့ မွေးဖွားလာပြီဆို တွေ့ ဆုံ ၊ လမ်းခွဲ ၊ ပျှော်ရွှင်မှု ၊ ဝေဒနာ ခံစားရမှု ၊ စိတ်ဆင်းရဲခြင်း ၊ ခွင့်လွှတ်ပေးခြင်း ၊ အငြိုတေးထားခြင်း ၊ ချစ်ခြင်း ၊ မုန်းခြင်း စတဲ့ အချက်တွေက ကိုယ်ပြုခဲ့တဲ့ အတိတ်က ကံကြောင့် လက်ရှိ ဘဝမှာ ကိုယ့်ဆီပြန်လာမဲ့ တန်ပြန် ဝဋ်ကြွေး ဆိုရင်လည်း မမှားပေနိုင်ဘူးလေ။
၁. ကျေးဇူး လာဆပ်သော သား/သမီးများ
အတိတ် ဘဝက ကောင်းမှု ကုသိုလ်များဖြင့် အတူတစ်ကွပြုလုပ်လာခဲ့ကြသော သူများသည် လက်ရှိ ဘဝတွင် အဖေ ၊ အမေ နှင့် သား/ သမီးများ အဖြစ်သို့ ရောက်ရှိကြရမည်ဟု ဆိုထားသည်။ တစ်နည်း အားဖြင့် ထိုသူတို့ကို “ ကျေးဇူး သိတတ်သော သူများ ” ဟု ခေါ်ကြသည်။ မိဘ စကားကို အစဉ်အမြဲ နားထောင်ပြီး သိတတ်သောသူ၊ လိမ္မာရေးခြား ရှိပြီး မိဘများ စိတ်သောကရောက်ရမည့် အဖြစ်များမှ ရှောင်ရှားနိုင်သူတစ်ဦးလည်း ဖြစ်သည်။


၂. ကလဲ့စား လာချေသော သား/သမီးများ
အတိတ်ကံ က ပြုခဲ့သော အကုသိုလ် အကျိုးဆက်ကြောင့် လက်ရှိ ဘဝမှာ မိသားစု အဖြစ် ရောက်ကြရ သည် ဟုလည်း ဆိုထားပြန်သည်။ ထိုသူတို့ အရွယ်ရောက်လာကြသောအခါ မိသားစု စည်းစိမ် များ ကို သုံးဖြုန်းခြင်း ၊ စိတ် ဆင်းရဲအောင်ပြုလုပ်ခြင်းများနှင့် အိမ်ထောင်စု တစ်ခုပြိုကွဲသွားသည် အထိ ဖြစ်တတ်သည်ဟု ဖော်ပြထားသည်။ 


အဲ့ဒီလို လူမျိုးကို “ ကျေးဇူးကန်းသော သူ ” ဟု ခေါ်တွင်စေသည်။ သူတို့လေးတွေနဲ့ ဝဋ်ကြွေးတွေ ထပ်မပြုလုပ်မိစေရန် ရှောင်ကျဉ်ကြပါ။ သူစိမ်းလူတွေဖြစ်ခဲ့လျှင် ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်လိမ့်မည်။ ခုဟာက အိမ်က ကိုယ့်သား/သမီးများဖြစ်သောကြောင့် အခက်ရပေမည်။ ထို့ကြောင့် လူတို့သည် မည်သူ မဆို ကိုယ့်ကို ချစ်ကြသည်။ သေရမှာကိုလည်း ကြောက်သောကြောင့် ဘယ်နည်းနဲ့မှ အကုသိုလ်တွေ မလုပ် မိကြ ဖို့နှင့် သူတစ်ပါး အသက်ကို မသတ်မိစေရန် ဆင်ခြင်နိုင်ကြပါစေ။

၃. အကြွေး လာတောင်းသော သား/ သမီးများ
အတိတ်ဘဝတွင် မိဘ များက ပေးရန် ကျန်ခဲ့သောကြောင့် လက်ရှိ ဘဝတွင် သား / သမီး က လာရောက်တောင်းရမ်းခြင်းဖြစ်သည်။ အသက်ကြွေး မဟုတ်ဘဲ ငွေကြေး ဟုလည်း ဆိုထားပြန်သည်။ တစ်နည်းအားဖြင့် ကိုယ် သူ့အပေါ် ပေးဆပ်ရမည့် အကြွေး နှင့် သက်ဆိုင်သွားသည်။  ဥပမာ အားဖြင့် ကိုယ်ပေးရမည့် အကြွေး က နည်းလျှင် ကိုယ့်ဆီမှာ တစ်နှစ် နှစ်နှစ်လောက်သာ နေပြီး သေဆုံးသွားကြသည်။ 



11 April 2017

ဆရာဝန် တွေ ဘယ်တော့မှ ထုတ်မပြောတဲ့ ရေချိုးရင်း ရှူးပေါက်ချရင် ရလာမယ့် ကျန်းမာရေး အကျိုးရလာဒ်



ကျွန်ုပ်တို့တွေ တော်တော်များများကတော့ ရေချိုးခန်း တဲ့ဝင်တဲ့အချိန်၊ ရေချိုးတဲ့အချိန်တွေမှာ ရှူးရှူးပေါက်ချလေ့ရှိကြတယ်ဆိုတာ လိမ် ပြောလို့မရပါဘူး။ 

အနည်းဆုံးတော့ ရေချိုးနေစဉ်အတွင်း တစ် ကြိမ်တော့ ရှူးပေါက်ချလေ့ ရှိပါတယ်။ ဒီလိုမျိုး ရေချိုးနေစဉ် အတွင်း ဆီးသွားခြင်းကနေ မယုံကြည်နိုင်လောက်တဲ့ အံ့သြစရာ အကျိုး တွေအကြောင်းကို ဘယ်ဆရာဝန်ကမှ မပြောပြကြပါဘူး။ 

ဒါပေမဲ့ ရေချိုး ခန်းထဲ ရှူးပေါက်ချခြင်း ကနေ ကျွန်ုပ်တို့တွေ အတွက် ထူးခြား တဲ့ ကောင်းကျိုးတွေကတော့ အမှန်တစ်ကယ်ရှိနေပါတယ်….

  ၁။ ရေချိုးခန်း ထဲ ရှူးပေါက်ချခြင်း က သဘာဝ ပတ်ဝန်းကျင်နဲ့ ကမ္ဘာ ကြီးကို ထိန်းသိမ်းရာရောက်တယ်လို့ အမေရိကန် ပတ်ဝန်းကျင်ဆိုင် ရာ ထိန်းသိမ်းရေး အဖွဲ့အစည်းက ဆိုထားပါတယ်။ အဓိကကတော့ ရေအရင်းမြစ်ကို ထိန်းသိမ်းရာ ရောက်တာပါပဲ။

 ရေချိုးရင်း ဆီးသွား တာ မဟုတ်ပဲ အိမ်သာ၊ သန့်စင်ခန်းမှာ သီးခြား ဆီးသွားတာမျိုး အ တွက် ရေပမာဏကုန်ကျမယ့် အစား ရေချိုး လိုက်ချိန်မှာ တစ်ခါ တည်း သုံးစွဲမယ့် ရေ က ၂၇ ရာခိုင်နှုန်းချွေတာ အသုံးပြုပြီးသား ဖြစ်သွားတာမို့လို့ပါပဲ။

  ၂။ မိမိ ရဲ့ဆီးတွေက ခြေလက် နဲ့ ကိုယ်တွင်းတွေမှာ ပေါက်နေတဲ့ အ နာတွေကို ပိုးသတ်ပေး စေနိုင်ပါသတဲ့။ ကုတ်ခြစ်ရာလေးတွေ၊ ပိုးကောင် ကိုက်ထားတဲ့ အနာလေးတွေရဲ့ ပိုး၊ ဘက်တီးရီးယား တွေ ကို ဆီး၊ ကျင်ငယ်ရည် ကနေ ပိုးသတ်ပေးနိုင်ပါတယ်။ 

အကယ်၍ အနာကြီးကြီးမားမား ဆိုရင်တော့လည်း ဆေးကုသမှုနဲ့ ဆရာဝန် သွားရောက်ပြသသင့်ပါတယ်။