15 July 2016

သရဲခြောက်တဲ့ ပြင်ဦးလွင် က ဟိုတယ်


ပြင်ဦးလွင် မှာ ဟိုတယ် တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့် မရေးတော့ပါဘူး..။ အင်္ဂလိပ် လက်ထက် ကတည်း က ရှိခဲ့တဲ့ ဟိုတယ် တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက် က မိသားစုလိုက် ခရီးထွက်ရင်း နဲ့ အဲ့ဒီ ဟိုတယ်မှာ ၀င်တည်းခဲ့ဖြစ်ကြတယ်..။


ဟိုတယ်ဝန်း ထဲ ၀င်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာ တာကို သိလိုက် ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီ ဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ် က လူသူ ကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ၀င်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။

"ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…" တဲ့..။
အဖြေက လက်ခံနိုင်စရာ ရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့် လိုက် တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ၀န်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ 


သွားရင်း နဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီ အဆောင်ကြီးကို အင်္ဂလိပ်ခေတ် ထဲက တည်ဆောက် ထားပုံရတယ်..။ သစ်သားတွေ ကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ် မှာ အနည်းငယ် သာ ပြန်မွန်းမံ ထားတယ်လို့ ယူဆရတယ်..။

အဲ့ဒီ အဆောင်ထဲ ၀င်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့် တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ် ၀န်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင် တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ "တကျွီကျွီ" က ကျယ်လှောင်စွာ ထွက်နေ တယ်..။ ဒီလို နဲ့ အဖေ နဲ့အမေ က တစ်ခန်း ကျွန်တော် က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။

"အစ်ကို ဒီအခန်းမှာ နေမလို့လား.."
"ဟုတ်တယ်လေ… ဘာလို့လဲ.."
"သြော်..ဘာမှ မဟုတ်ပါဘူး..ဒီ အခန်းထဲမှာ အခန်း တစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့ လို့ ပြော မလို့ပါ.."


"ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? "
ဟိုတယ်ဝန်ထမ်း က အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်း ကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံး နဲ့လည်း အခန်း ကို အကျအန ခတ်ထား ပါသေးတယ်..။ 





ဘုန်း ကြီး ကျောင်း တစ္ဆေ


ကျွန်တော် တစ်ကယ် ဖြစ်ပျက် ခဲ့တဲ့အဖြစ် အပျက် တစ်ခု ပါ ။ ကျွန်တော် လေးတန်း ကျောင်းသား ဘဝ က ကိုရင် ဝတ် ခဲ့ တဲ့အချိန် က ပေါ့ ။ နေ ရာ က တော့ ယခု တပ် မတော် ချည်မျှင်နှင့် အထည်စက်ရုံ ရှိတဲ့ အင်း တိုင် ( ရန်ကုန်-ပဲခူး ကားလမ်းပေါ် ) က နေ နောက်ထပ် တစ်နာရီလောက်မြင်းလှည်း စီး ရင် ရောက်တဲ့ နေ ရာ ပါ ။  

အဲဒီ တုန်း ကတော့မြင်းလှည်းပေါ့ဗျာ ။ အလံတစ်ဗိုလ် ရွာ ဆို တာ ရှိတယ် ဗျ ။ အဲဒီ ရွာ က နေ နောက် ထပ် နှစ်ရွာ လောက်ဖြတ်သွားရသေးတယ် ၊ နာမည်တော့မမှတ်မိတော့ဘူး ။ အလံတစ် ဗိုလ်ရွာ ကိုတော့ကောင်းကောင်း မှတ်မိတယ် ။ နာမည် လည်း ဆန်း တာ ကိုး ။ 

ကျွန်တော် ကို ရင် ဝတ် တဲ့ ရွာ က တော့ နောက်ထပ် နှစ်ရွာ မြောက်ရွာ ပါ ၊ ထားပါလေ နာမည် က အရေး မကြီးဘူး မဟုတ်လား ဇာတ်လမ်း က အဓိ က လေ နော် ။ ကဲ ကျွန်တော့်ဇာတ်လမ်း ဆက်ရအောင် ။

 လေးတန်း ဆို တော့ ကျွန်တော်လည်း သင်္ကန်းတော့သိပ် မနိုင်သေးဘူး လူ ကောင် က ညှပ် တာကိုး ဗျ ။ အဲဒီ ရွာမှာ က ဘုန်း တော် ကြီး ကျောင်း က ဆောက်လက်စ တန်း လန်း ကြီး ဗျ ၊ ဒါ့အပြင် က ကျောင်း ခပ်ငယ်ငယ် တစ်ဆောင်ပဲ ရှိတယ် ။ အဲဒီမှာ က တော့ ကျောင်းထိုင် ဘုန်း တော်ကြီး နေ တယ် ။ 

ကျွန်တော်တို့ ကို ရင် တွေ က အပါးနှစ်ဆယ် လောက် ရှိပါတယ် ။ ကျွန်တော် တို့က တော့ဆောက် လက်စ တန်း လန်း ကျောင်းဆောင် မှာ အောက်ဘက် က ပျဉ်တွေ ဘာတွေ ခင်းပြီး ပြီ ဆို တော့အိပ် ရ တာပေါ့။ ကျွန်တော် က ကြောက်လည်းကြောက်တတ်တော့ ကျွန်တော့် အဖေ က လိုက်အိပ်ပေးတယ် ။ ကပ္ပိယ ပေါ့ဗျာ ။

ဒါနဲ့ ည ဘက်ကျရင် ကလေး တွေ ဆို တော့ ဘုန်း ကြီး မသိအောင် က မုန့်ခိုးစားချင် ကြတာလေ ။ နောက် တစ်ခု က ကြားဖူး နားဝ လည်း ရှိတော့ ကိုရင် ဝတ် ရင် ည ဘက် အဖတ် မစား ရဘူး ဆိုရင် အရည် သောက်ကြမယ် ဆိုပြီးတော့ ဘုန်း ကြီးကျောင်း ရှေ့ က မုန့်ဆိုင်မှာ ကြံသကာ ခဲတွေ ဝယ် ပြီးတော့ ရေ ဖျော်သောက်ကြတာပေါ့ ။ 


အရည် သောက် ရင် ငရဲ မကြီး ဘူး ထင် လို့ လေ ။  ဒီလို နဲ့ ကျွန်တော် ကိုရင် ဝတ်လို့ လေး ရက်မြောက်နေ့ မှာ ကျွန်တော့် အလှည့် (ကြံသကာ ဝယ် ဖို့ အတွက်) ရောက်ပါလေ ရော ။ ဒါနဲ့ ညနေ ခြောက်ခွဲလောက်တော့ရှိမယ် ။ ကျွန်တော် ဘုန်းကြီးကျောင်း အပြင် ကို ထွက်ပြီးတော့ ကြံသကာ ဝယ် တယ် ။ 


13 July 2016

သေပြီးရင် ဘာဆက်ဖြစ်လဲ ဆိုတာ ပြန်ပြောပြနိုင်ခဲ့တဲ့ သေရွာပြန် (၆) ယောက်

 

လူ့သမိုင်းမှာ သေခြင်းဟာ အရေးပါ ပါတယ်။ သေခြင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ သီအိုရီတွေ ထွက်ခဲ့ ထွက်ခဲ့ အတိအကျ ဖွင့်ဆိုနိုင်ခြင်း မရှိတဲ့ အဓိပ္ပါယ်တွေကြားမှာ လူတွေ ဟာ သို့လောသို့လောနဲ့ ရှုပ်ထွေးနေ ကြ ဆဲ ဖြစ်ပါတယ်။ 

ယခုအခါ မှာတော့ ဆေးဘက် စမ်းသပ်မှုအရ သေဆုံးခဲ့ပြီ လို့ သတ်မှတ် ထားခြင်း ခံရတဲ့လူ (၆)ယောက်က သူတို့ ကံကောင်းထောက်မလို့ သေရွာ ကနေ ပြန်လာခွင့်ရတဲ့ အခါ သေပြီးနောက် ဘာဖြစ်သလဲ ဆိုတာကို သူတို့က တင်ပြ ထားပါတယ်။
(၁) စာအုပ် တစ်အုပ် ဖတ်နေရတဲ့ အတိုင်း ..............................

(ခွဲစိပ်မှု မအောင်မြင်ဘဲ သေဆုံး ခဲ့တဲ့ သေရွာပြန် တစ်ဦး)
သေရတာ က စာအုပ် တစ်အုပ် ဖတ်နေရ သလိုပါဘဲ။ ဒါပေမယ့် ကျွန်တော် အဲဒီ ကမ္ဘာမှာ နိုးလာတော့ ဘာကြယ်တွေ၊ နတ္ခတ်တွေမှ မရှိပါဘူး၊ ခန္ဓာကိုယ်ကြီး က လေထဲ မှာ မျောပါ မနေပါဘူး၊ အဲဒီ ဘက်မှာ ပူခြင်းအေးခြင်း၊ ဆာလောင်ခြင်း မောပန်းခြင်းတို့ မရှိပါဘူး၊ သိပ်ကို ငြိမ်းချမ်းတဲ့ သဘော သဘာဝ ကို ခံစား ရပါတယ် … 


ဒါပေမယ့် အလင်းရောင် မရှိ ပကတိကြီး မို့ အလင်းရှိ မလား ရှာမိတယ် .. နောက်ပြီး ပြီးခဲ့တဲ့ ဘ၀ ရဲ့ ဖြစ် စဉ်တွေကို လည်း မှတ်မိနေပါတယ် … ကျွန်တော်ပြန်လည် နိုးထ လာတော့ ကျွန်တော့် အတွေး အခေါ် တစ်ချို့ ပြောင်းသွားပါတယ် .. ဒါပေမယ့် တစ်ကယ်တမ်း ၀န်ခံရရင် ထပ်သေမှာ ကိုတော့ ကြောက်ပါတယ်။
(၂) တစ်စုံ တစ်ယောက်ဆီ ကို သွားလည် ရသလိုပါဘဲ..................................
 (ဆိုင်ကယ် မတော်တစ်ဆမှုကြောင့် သေဆုံးပြီး ပြန်လည် ရှင်သန်လာသူ တစ်ဦး)

အမှန်တော့ သေခြင်း ဟာ ကိုယ် မသိတဲ့ တစ်နေရာကို သွားလည်ရတဲ့ ခရီးစဉ် တစ်ခုနဲ့ တူပါတယ်၊ ကျွန်တော် သတိရနေတာ ကတော့ လူသွား စင်္ကြန့်ဘေး မှာ ရှိနေတဲ့ အရာတွေဟာ မဲမှောင် တိတ်ဆိတ်နေ တယ်ဆိုတာပါဘဲ။


ကျွန်တော် အိပ်မောကျသွားသလို ခံစားလိုက်ရပြီး နားထဲမှာ ” ဟေ့လူ ထ .. ထ …”ဆိုတဲ့ အသံကို ကြားရ ပါတယ် … တစ်ယောက်ယောက် က ကျွန်တော့် ဆိုင်ကယ် ဦးထုပ်ကို ဖိထားလို့ ကျွန်တော့်ခေါင်းတွေ ကျိန်းစပ် နာကျင်နေတာတော့ အမှန်ပါ .. 

07 July 2016

ကျေးဇူးရှင် ဆားတောင် ဆရာတော် ဘုရားကြီး ၏ သြ၀ါဒတော်များ

မြတ်ဗုဒ္ဓ ၏ သာသနာ's photo.
(၁) ဘယ် ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရား ကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့် ကြုံတုန်း အားထုတ် ကြ။ သာသနာပပြီ ဆိုရင် ၀ိပဿနာ နဲ့ တွေ့ရမှာ မဟုတ်ဘူး။ ဒီတော့ ပိုနစ်နာတယ်။

(၂) တရား အားထုတ်ဖို့တော့ မအားဘူး။ မအားဘူး လို့ ပြောကြတယ်။ သေ ချိန် ကျလာလို့ မသေ ချင်ဘူး လို့ ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူး လို့ ပြောလို့ရတာ မဟုတ်ဘူး။

(၃) တရား အားထုတ်တယ် ဆိုတာ အားနဲ့ မာန်နဲ့ အားထုတ်ရတယ်။ မသေချာ မရေရာ တဲ့ အ လုပ်တွေတောင် မှ ဟုတ်နိုးနိုး၊ တော်နိုးနိုး နဲ့ သက်စွန့်ဆံဖျား လုပ်နေရတာပဲ။ သေချာရေရာတဲ့ အလုပ် ဘာ မလုပ်ရဲစရာ ရှိလဲ။ ဆင်းရဲ တစ်ဘ၀ပေါ့။ တစ်ဘ၀တောင် မှ ခဏလေးပါ။

(၄) ထိတိုင်း ထိတိုင်း သိနေပါစေ။ ကိလေသာ ကြား မခိုစေနဲ့။

(၅) တရား အားထုတ်တယ် ဆိုတာ ထမင်း စားသလိုပဲ။ မဆာလည်း စား၊ ဆာလည်း စား။ စားကောင်းလိမ့် မယ် ထင်ပေမယ့် တစ်ကယ် စားတော့ မြိန်ချင်မှ မြိန်တာ။ မကောင်းဘူး ထင်လို့လည်း တစ်ကယ်စားတော့ မြိန်ချင်မြိန်တာ။ ဒီတော့ အားမထုတ်ချင်လည်း ထုတ်။ ထုတ်ချင် လည်း ထုတ်ပေါ့။

(၆) ၀ိပဿနာ တရား အားထုတ်ရတာ အလွန်ကောင်းပါတယ်။ အ၀တ် လည်း ပြောင်းစရာ မလိုဘူး။ ဂူလည်း အောင်းစရာ မလိုဘူး။ ပုထုဇဉ် စရိုက်မူ ပြောင်းဖို့ လိုတယ်။

(၇) ကိုယ့် ခန္ဓာ ကိုယ်ရှု သူများ အပြစ် သွားရှုမနေနဲ့။ သူများ အပြစ် သွားရှုနေ တော့ အမှုပွေတာပေါ့။

(၈) မိမိ ခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာ ကို သည်းခံ ရှုမှတ်နိုင်မှ ပတ်ဝန်းကျင် ရဲ့လောကဓံတွေ ကိုလည်း ခံနိုင်ရည် ရှိမယ်။

(၉) တရားအားထုတ်တဲ့ အခါ ကိလေသာ ကြား မခိုအောင် နှာသီးဝလေး ကို ထိတိုင်း သိနေပါစေ။ ထိတဲ့ အပေါ် သတိထား။ သတိထားရင် တရားမြင်မယ်။ သတိ မထားရင် အမှားဝင်မယ်။

(၁၀) အရိယာ သူတော်ကောင်းတို့ ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ်၊ ဒီ သုံးဦးနဲ့ ပဲ အဖော်ပြုနေတာ ပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။

(၁၁) လူ သာဓုခေါ် နတ် သာဓုခေါ်လောက်နဲ့ ကျေနပ် တင်းတိမ် မနေကြနဲ့။ ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းတွေ ချီးမွမ်းတဲ့ အထိ ဖြစ်ပါစေ။

(၁၂) ပထမတော့ တရား ကို လူက ဦးဆောင်တယ်။ နောက်တော့ တရား က လူကို ဦးဆောင် တယ်။ အဲဒီ အချိန် လူက တရားနောက် ကို လိုက်ဖို့လိုတယ်။

(၁၃) ခန္ဓာကတော့ သူ့တရား သူ ပြနေတာပဲ။ လောဘ ဒေါသ မောဟ ဖုံးနေ တော့ ဘာမှ မသိလိုက်ရ ဘူး။

(၁၄) အားကိုး မမှားစေနဲ့။ မိမိကိုယ် ကို မိမိ အားကိုးရမယ်။



မိမိ အိမ်တွင်း လာဘ်တိတ်စေသော အချက်များ

ငွေတာရီ's photo.

( ၁ ) မီးဖို အား စလောင်းဖုံးအုပ်ခြင်း ၊

( ၂ ) အိမ်ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင်ထားခြင်း ၊


( ၃ ) မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း ၊

( ၄ ) စားသောက်သော အိုးခွက်ပန်းကန်များ အား လွှင့် ပြစ်ခြင်း ၊


( ၅ ) ထမင်း ဟင်း ချက်ရင်း သီချင်း ဆိုခြင်း ၊


( ၆ ) နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း ၊


( ၇ ) နေဝင် မိုးချုပ် လေချွန်ခြင်း ၊


( ၈ ) နေမထွက်ခင် ကြွေးပေး ကြွေးယူ ကြွေတောင်း ခံရခြင်း ၊


( ၉ ) နေဝင် နေထွက်ချိန် သန်းရှာခြင်း ၊


( ၁၀ ) နေဝင် နေထွက်ချိန် ကလေးများအား ရိုက်ခြင်း ၊


( ၁၁ ) နေမွန်းတည့်ချိန် တိရိစ္ဆာန်များ အား သတ်ဖြတ်ခြင်း ၊


( ၁၂ ) နေဝင် နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း ၊


( ၁၃ ) အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင် ဖားလျှားဖြင့် အပြင်သို့သွားခြင်း ၊


( ၁၄ ) အမျိုးသမီးများ၏ မသန့်ရှင်းသော ပစ္စည်း များကို အိမ်ဦးခန်း ၌ ထားခြင်း စွန့်ပစ်ခြင်း ၊


( ၁၅ ) မိမိ ဝတ်သော ပုဆိုး ထမိန်ဖြင့် မျက်နှာ သုတ်ခြင်း ၊


( ၁၆ ) အိမ် အပေါက်အား နောက်ပြန်ဝင်ခြင်း ၊


( ၁၇ ) မျက်နှာမသစ်ပဲ အစာ စားခြင်း ၊


( ၁၈ ) မိမိ ခန္ဓာကိုယ်မှ အမွှေး အမျှင်နှင့် မသန့်ရှင်းသော ပစ္စည်းများ အိမ် အတွင်းစွန့်ပစ်ခြင်း ၊


( ၁၉ ) သောက်ရေအိုး ရေ မလဲပဲခြောက်နေခြင်း ၊



လက်တွဲထားလဲ စိတ်မချနိုင်ဘူး { Finger Style } ကိုကျော်ကြီး { Cover }

လက်တွဲထားလဲ စိတ်မချနိုင်ဘူး ... ကိုကျော်ကြီး { Cover }


ဒီသီချင်းလေးက ကို ဂျက်မြသောင်း သီဆိုခဲ့ဘူးတဲ့ " လက်တွဲထားလဲ စိတ်မချနိုင်ဘူး " သီချင်း လေးကို Finger Style လေး သက်သက် ပြန်တီးထားတာပါ... 

..................................................ကိုကျော်ကြီး { Cover }










05 July 2016

တရုတ် ၏ မြန်မာနိုင်ငံ သို့ ကျူးကျော်စစ်ပွဲများ

 
 
 
တစ်ချိန်တုန်းက..မြန်မာ ရာဇ၀င်မှာ.. တိတိ ကျကျပြောရရင် ၁၇၆၀ မှာ..မြန်မာနိုင်ငံ မှာ စစ်ရေး အအောင်မြင်ဆုံးဖြစ်တဲ့.. ဆင်ဖြူရှင် ဘုရင် ဆိုတာ နာမည်ကြီးခဲ့ပါတယ် ။
အဲဒီ ဘုရင် လက်ထက်မှာ အလောင်းမင်းတရား လက်ထက်က မအောင်မြင် ခဲ့တဲ့ အယုဒ္ဓယ (ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့ သလို..၊ ကမ္ဘာ့ သမိုင်းမှာ နာမည်ကြီးတဲ့ တရုတ် ကျူးကျော်စစ် ဖြစ်တဲ့ တရုတ်-မြန်မာ စစ်ပွဲ    ( Seno - Burmese War) (၄) ကြိမ်စလုံးကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ် ။

တရုတ်-မြန်မာ ပထမ စစ်ပွဲ
-----------------------------
၁၇၆၅ ခုနှစ် မတ်လ အတွင်းမှာ ဆင်ဖြူရှင် မင်းတရားကြီးဟာ အယုဒ္ဓယကို တိုက်ခိုက် သိမ်းပိုက်နေတဲ့ အချိန် အတွင်းမှာ အခွင့်ကောင်း ယူပြီး တရုတ် စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို  စတင်လုပ်ကြံ လာပါတယ် ။ 
 
ထိုစဉ် က ဗိုလ်ချုပ်နေမျိုး သီဟပတေ့ နဲ့ မြန်မာ တပ်အင်အား ၂၀၀၀၀ ဟာ ကျိုင်းတုံ ကနေ ယိုးဒယား ကို
ချီတက်နေချိန်ဖြစ်ပါတယ်။ ဆင်ဖြူရှင် မင်းသည် လက်ဝဲ ဝင်းမှူး  နေမျိုးစည်သူကို စစ်သည် သူရဲများနှင့် ချီတက် တိုက်ခိုက်စေပါတယ်။

တရုတ် တို့က စစ်သည်များ ထပ်မံဖြည့်တင်း ၍ ကျိုင်းတုံ ကို အထပ်ထပ် ဝန်းရံ တိုက်ခိုက်ပါတယ်။ ကျိုင်းတုံ မြို့တွင်း က တပ်တွေ ကလည်း ထွက်တိုက် တာနဲ့ တရုတ်တွေ ဆုတ်ခွာပြေးရပါတယ် ။ တရုတ် တို့ နောက် သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ပြီး မဲခေါင်မြစ် အရောက်တွင် တရုတ် စစ်မှူး ကျဆုံးသွားပါတယ် ။
 
အဲဒီ စစ်ပွဲမှာ တရုတ်တို့ ဖက်မှ စုစုပေါင်း စစ်သည် ငါးသောင်း၊  မြင်းတစ်သောင်း အထိ ချီတက် လာပြီး တရုတ် စစ်သည် တစ်သောင်း  ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မရှု မလှ ဆုံးရှုံးခဲ့ရသည့် အတွက် ယူနန် ဘုရင်ခံ  လျူစောက် မှာ မိမိကိုယ်ကို မိမိ အဆုံး စီရင်သွားပါတယ်။

တရုတ်-မြန်မာ ဒုတိယစစ်ပွဲ
-----------------------------
၁၇၆၆ မှာ ဒုတိယအကြိမ် အနေနဲ့ တရုတ် တို့ဟာ ယူနန် ဘုရင်ခံသစ် ဦးဆောင်ပြီးဗန်းမော်ကြောင်းကနေ
ချီတက်လာပြန်ပါတယ်၊

ဆင်ဖြူရှင် ဟာ တရုတ် တပ်ကြီး မရောက်မီလေးတွင်  ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့် တင်းသော မြန်မာ စစ်တပ်ကြီး တစ်တပ် ကို ဗန်းမော် တောင်ဘက်ရှိ မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံ သို့ စစ်ကူ လွှတ်လိုက်ပါတယ် ။
 
 

ဗန်းမော်မြို့ ကို မြန်မာ တို့ဟာ တင်းကြပ်စွာ ထိန်းသိမ်းခြင်း မပြုတဲ့ အတွက် တရုတ် တို့ဟာ  လွယ်လင့် တစ်ကူ ဗန်းမော် ကို သိမ်းပိုက်နိုင်ကြပါတယ်။

ဆင်ဖြူရှင် ဟာ တရုတ် တို့ကို တွေ့ဆုံ တိုက်ခိုက်ရန်  ဝန်ကြီး မဟာစည်သူ ကွပ်ကဲ တဲ့ စစ်တပ်ကြီးကို
ဧရာဝတီမြစ် အနောက်ဘက်ကမ်း မှ ချီတက်စေ၍ အခြား စစ်တပ်ကြီး တစ်တပ်ကို ဧရာဝတီ မြစ်ကြောင်း မှ လှေ များဖြင့် နေမျိုး စည်သူ ကို ကွပ်ကဲ၍ ချီတက်စေပါတယ်..။

ကျိုင်းတုံ မှာ မြန်မာ စစ်တပ်ကြီး သည် အကြိမ်ကြိမ် ထိုးစစ် ဆင်လာတဲ့ တရုတ် တို့ကို စစ်ကူများ ရောက် လာ သည့် တိုင်အောင် ခုခံ တိုက်ခိုက်ကြပါတယ်။

နေမျိုးစည်သူ စစ်တပ်ကြီး ဟာ ဗန်းမော် ကို ပြန်လည်  သိမ်းပိုက် လိုက်ပြီး တရုတ် စစ်တပ် ကို နှစ်ဘက် ညှပ်ပြီးကောင်းတုံ ခံတပ်မှမြန်မာ တပ်များ က ရှေ့မှ ထွက်တိုက်ကာ နေမျိုးစည်သူ တပ် က တရုတ် တို့ကို နောက်ကြောင်းမှ တိုက်ခိုက်ပါတယ် ။