30 December 2016

ဒီဇင်ဘာ ၃၁ တွင် စကြ၀ဋ္ဌာ နာရီများ၌ တစ် စက္ကန့်  ထပ်တိုးမည်




ကမ္ဘာကြီး သည် ထုထည်ကြီးမားသော်ငြား ပင်လယ် သမုဒ္ဒရာ ဒီရေ တို့ ၏ အရှိန်ကြောင့် အရှိန်တုန့် နှေးသွားလေ့ ရှိရာ နှစ်ပေါင်း ၁၀၀ အတွင်း တစ်ရက်လျင် ၂ မီလီ စက္ကန့် နှုန်း အရှိန်တန့် လျက် လည်ပတ်လာခဲ့သဖြင့် စကြ၀ဋ္ဌာ အက်တမ် နာရီများနှင့် အချိန်ကိုက်ညီမှု မရှိတော့သည့် အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီ တိတိတွင် နာရီများမှာ ၅၉ စက္ကန့် ပြီးလျင် သုည သုညပြမည် မဟုတ်ဘဲ ၅၉ စက္ကန့် ပြီး လျင် ၆၀၊ ထို မှ သုည သုည ဆက်လက် ပြသသွားကာ အချိန် ကို တစ်စက္ကန့် စောင့်ဆိုင်းစေမည်ဖြစ်ကြောင်းသိရသည်။ 

ကမ္ဘာကြီးဟာ ထုထည်ကြီးမားလှတယ် ဆိုပေမယ့်လည်း ပင်လယ်သမုဒ္ဒရာတွေ ရဲ့ ဒီလှိုင်း အတက်အကျတွေကြောင့် တစ်ရက် ကို နှစ်မီလီ စက္ကန့် လောက်တော့ တုန့် သွားလေ့ ရှိပါတယ်။ နှစ်ပေါင်းကြာမြင့်လာတဲ့အခါ ကမ္ဘာလည်ပတ် တဲ့နှုန်း နဲ့  ၂၄ နာရီပြည့်တာနဲ့  စကြ၀ဋ္ဌာထဲ ပို့ ထားတဲ့ အက်တမ် နာရီတွေ ရဲ့  ၂၄ နာရီပြည့်တာနဲ့ က မကိုက်တော့ ပါဘူး။ 

အဲဒါကြောင့် စကြ၀ဋ္ဌာ စံတော်ချိန်ကို တစ်စက္ကန့် စောင့်ဆိုင်းစေရခြင်းဖြစ်ပြီး အချိန် နာရီမှာ တစ်စက္ကန့် တိုးထည့်ရခြင်းဖြစ်ပါတယ် ဟု သုတေသီတစ်ဦးကပြောပြသည်။ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက် ကတည်းက သိပ္ပံ ပညာရှင်တွေက အချိန်ကို နက္ခတ်တာရာ အပေါ်အခြေခံ တွက်ချက် ခြင်း မပြုဖို့  သဘောတူညီခဲ့ကြပါတယ်။ 


ပလတ်စတစ် ဆန် ဟုတ်မဟုတ် သိနိုင်ဖို့ ဒီလိုစစ်ဆေးမယ်



တရုတ်နိုင်ငံ က နှစ်စဉ် ဆန် တန်ချိန်ပေါင်း ၂၀၀ကျော် ထုတ်လုပ်ပြီး ကမ္ဘာပေါ်မှာ ဆန် ထုတ်လုပ်မှု အများဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင်က Korean Times သတင်းဌာန က တရုတ်နိုင်ငံကနေ အန္တာရာယ် များတဲ့ ပလတ်စတစ် နဲ့ ပြုလုပ်ထားတဲ့ ဆန် ကို ထုတ်လုပ်လာတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းမှာ ဆန် လို အနံ့ ရှိပြီး ပလတ်စတစ် နဲ့ အာလူး က ရတဲ့ ကစီဓါတ်တွေနဲ့ ပြုလုပ်ထားတဲ့ ဆန် အတုတွေ ရောင်းချနေတယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမှု အရ အဲဒီ ဆန် အတုမှာ ဆန် အစစ်လို ပြုလုပ်ထားတဲ့ ပလတ်စတစ်တွေ အများအပြား ပါဝင်နေတာပါပဲ။ 


အန္တရာယ်များလွန်း တဲ့ ပလတ်စတစ်ဆန် ဟုတ်မဟုတ် သိနိုင်ဖို့ စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။



ငရုတ်ဆုံ နဲ့ စစ်ဆေးမယ်

ဆန်ကို ငရုတ်ဆုံ ငရုတ်ကျည်ပွေ့နဲ့ ထောင်းကြည့်လိုက်ပါ။ ဆန် က အဖြူရောင် အမှုန့်ဖြစ်သွားရင်တော့ ဆန် အစစ်ဖြစ်ပြီး ငရုတ်ဆုံ မှာ အ၀ါရောင် အစွန်းအထင်း ကျန်ခဲ့ရင်တော့ ပလတ်စတစ် ဆန်ဖြစ်ပါတယ်။

မီး နဲ့ စစ်ဆေးမယ်

ဆန်စေ့ ကို မီးရှို့ကြည့်ပါ။ မီးလောင်သွားတယ် ဆိုရင် ပလတ်စတစ် ဆန် (သို့) ဆန် အတု ဖြစ်ပါတယ်။

ရေ နဲ့ စစ်ဆေးမယ်

ရေ ထည့်ထားတဲ့ ခွက်ထဲကို ဆန် စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပါ။ သဘာဝဆန် အစစ် ဆိုရင် ရေထဲ ကို မြုပ် ၀င်သွားမှာဖြစ်ပါတယ်။ 



28 December 2016

ဒန်းစီးနေတဲ့ သမီးလေး




ကျနော့် သမီးလေးမှာခြောက်နှစ်မျှ သာ ရှိပါသေးသည်။ သူ့ ဆံပင်တွေက နီနီ ၀ါဝါ။ သူမို့ပြုံးလျှင် သွားကျဲကျဲ ငုတ် တိုလေးတွေကို မြင်နေရသည် မို့ အရုပ် ကလေး တစ်ရုပ်နှင့်ပင် တူနေသေးတော့သည်။ သမီး က ဘောလုံး ကန်ချင်သည် ဆို၍ ဘောလုံးကန် ဖိနပ် တစ်ရန်နှင့် ခြေသလုံးကာလေး တစ်စုံ ၀ယ်ပေးလိုက်သည်။ သမီးလေးမှာ ပျော်လို့မဆုံး။ 

“လကုန်မှာ ဖွင့်မယ့် ဘောလုံးသင် တန်း တက်မယ်နော်”ဟု ပြောရင်းက ခုန်ပေါက်နေတော့သည်။ စင်စစ် သမီးလေး ဘောလုံးဘက် စိတ်ရောက်သွားသည်မှာ သူ့ သူငယ်ချင်း ချာလီ ကြောင့် ဖြစ်ပါလိမ့်မည်။ “အေးလေ .. သူတို့ အရွယ်က အပေါင်းအသင်း ခင်တတ်တာကိုး”။ ကျနော် နှလုံး သွင်းနိုင်ပါသည်။ 

သမီး ဆန္ဒကို မတားပါ။ ပြီးတော့ ကျနော် ကိုယ်တိုင်က ကံကြမ္မာ ဆိုသည်ကို မယုံချင်ဘဲ ယုံမိနေသည်။ သမီး လေးငယ်ငယ် သုံးနှစ် သမီးလောက်က သူ့ကိုယ်ပေါ်သို့ ခွေးလေး တစ်ကောင် ခုန်တက်ဖူးသည်။ ထို စဉ် ကတည်းက သမီးမှာ ခွေး ကြောက်သွားတော့သည်။ ကျနော်တို့ မိသားစုလည်း ခွေးမွေး ရသည့် ဒုက္ခမှ လွတ်ငြိမ်းခွင့်ရခဲ့သည်။

နေ့တိုင်း လိုလိုပင် သမီးလေးက ကျနော့် ရင်ခွင်ထဲသို့ ကျနော့် လည်ပင်း ကို တက်တတ်သည်။ သူ့ လက်သေးသေးလေး တွေနှင့် ကျနော့် လည်ပင်း ကို ဖက်တတ်သည်။ သူ့ မျက်နှာသေးသေးလေးကိုလည်း ကျနော့် ရင်ဘတ်ကြား ၀ှက်ထားတတ်သည်။ ကျနော့် နှလုံးသားမှာလည်း ကျပ်ခိုးစင် ထက်က ဒိန်ခဲတုံးကြီးလို အရည်ပျော် သွားရတော့သည်။

 ဘောလုံး သင်တန်းမှ ပြန်ချိန် ရောက်ပြီဆိုလျှင် ကျနော်တို့ တစ်အိမ်လုံး သမီး အသံဖြင့် သည်းသည်း လှုပ်နေတော့သည်။ “ဖေကြီးရေ”ဟု သံကုန်သံရင်း ဟစ်ပြီး ကျနော့် ခြေထောက်တွေကို ပြေးပွေ့တတ်သည်။ ကျနော့် အတွက်တော့ သမီး အသံ မှာ ဆည်းလည်းသံ ၊ သမီးလေး ၏ မြူးကြွဟန် မှာ မုစလိန္ဒာ အိုင်ထက် မှ ကုမုဒြာကြာ ဖြစ်တော့သည်။

 “ဖေဖေကြီးကို ချစ်တယ်” ဆိုသည့် မရိုးနိုင်သော သီးချင်း ကိုလည်း သမီးက မကြာခဏ ဆိုတတ်ပါသည်။ စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသော “အပျော်” များနှင့် အတူ ဘာရယ်မှန်းမသိ သော “အကြောက် ”များက ကျနော့် ရင်ကို မွှေနှောက်လာသည်။ “ဒီရွှေရောင် ကာလလေး ဘယ်တော့ဆုံးမလဲ။”  “နောက် ဘာတွေ ဖြစ်ဦးမလဲ။” ဖြစ်နိုင်လျှင်တော့ သမီးလေး ကို မကြီးစေချင်ပါ။ ကာလရထား ကို လှမ်းတားလို့ ရနိုင်မည် ဆိုပါက ရင်ဘတ်နှင့် တား ထားလိုက်ချင်ပါသည်။

သမီး အဒေါ် “ခေး ”နှင့် အဖွဲ့ကျသွားရာမှ သမီး က မြင်းစီး သင်ချင်သည်ဟု ဆိုလာပြန်သည်။ “ဂျော်ကီပိုး” က သမီးသွေး ထဲ ဘယ်လိုက ဘယ်လို ၀င်လာသည် မသိ။ စနေနေ့ ညနေတိုင်း ကျနော့်မှာ တာဝန်တစ်ခု ပိုလာရတော့သည်။ သမီးလေးကို “ဖောက်ခရော့” မြင်းဇောင်း သို့ လိုက်ပို့ရသည်။ သမီးကိုစောင့်ရင်း မြင်းထိန်းကြီး “အပ်မက်”နှင့် စကားစမြည် ပြောရသည်။ “အပ် မက်”က ဆေးလိပ် တစ်လိပ်ပြီး တစ်လိပ် ဖွာနေတတ် သည်။ 

လိမ်ယှက် ကခုန်နေမြဲ မီးခိုးငွေ့များကြားမှ သင်းပျံ့သော ၀ီစကီ ရနံ့ ကိုလည်း ရတတ်သည် ။ သူက သမီးကို ကြက်သွေးရောင် မြင်းကြီး တစ်ကောင်ပေါ် တင်ပေးလိုက်သည်။ မြင်းကြီး အကာမှာ လေ ဟုန်ခွင်း၍ အသော့နှင်တော့သည်။ ၀င်းထရံများ၊ ခင်တန်းလေးများကို လွှားခနဲ၊ လွှားခနဲ ခုန်လိုက်ရာ ကျနော့်မှာ ရင်မနေ ရတော့ သည်။ “အပ်မက်”ဆီ က မြင်းကျွေးသည့် စိတ်ငြိမ်ဆေး တောင်းသောက်ရတော့ မလို ရှိသည်။

သိပ်မကြာမီမှာပင် သမီးဝါသနာ ပြောင်းသွားပြန်သည်။ ဒီ တစ်ခါ ၀ါသနာသစ် က “ဟော်ကီ”။ ဟော်ကီ တုတ် ကို တ၀ှီးဝှီး လွှဲရိုက်နေသော သမီးကိုငေးရင်း ကျနော့်မှာ စိတ်မသက် မသာ ဖြစ်နေရသည်။ ငုပ်နေသော အကြမ်းပတမ်း စိတ်တွေကို ဟော်ကီ က လှုပ်နိုးလိုက်မှာ ကျနော် စိုးရိမ်သည်။ သမီး အရပ်ကလည်း ရှည်လာသည်။ ကိုယ်အလေးချိန်လည်း တိုးလာသည်။ သမီးမှာ တွန်းတွန်း တိုက်တိုက် ကစားတတ်သူလည်း ဖြစ်နေပြန်သည်။ သူနှင့် ရင်ဆိုင် တိုးရသူတွေမှာ အံသွားတွေ နဲ့ ကုန်သည်ဟု ကြားရ သည်။ 

သမီး ကို အရှက် အကြောက်ကြီးသူ မဖြစ်စေလိုသော်လည်း ရက်စက်ကြမ်းတမ်းသူတော့ မဖြစ်စေချင်ပါ ။ တစ်နေ့တွင် သမီးက ခြောက်နှစ် အရွယ် ကောင်လေး တစ်ယောက်ကို လည်ပင်း ညှစ်နေတာ မြင်လိုက်ရ သည်။ ကောင်လေးမြေကြီးပေါ် လဲအ ကျ သမီးက သူ့နံပါး ကို ပစ်ကန်ဖို့ ပြေးလာသည်။ မီးဖိုချောင်ပြတင်း မှ ငေးနေမိသော ကျနော့်မှာ မနေသာတော့။ အားရှိ အားကုန် အော်လိုက်သည် “ မလုပ်နဲ့ ”။ 

သမီးက ကျနော့်ကို ပြုံးပြပါသည်။ သူ့ အပြုံးမှာ မွေးကင်းစ ကလေးအပြုံးလို အပြစ်ကင်းစင်နေသည်။  ကောင်လေးကို ဆွဲထူပြီး တို့ကနန်း ဆိတ်ကနန်း လုပ်ပြသည်။ ကောင်လေးမျက်နှာမှာ လည်း ရယ်ကျဲကျဲ။ “သမီးတို့ ကစားနေကြ တာ”။ အလွန် ပူလောင်သော သက်ပြင်း တစ်ခု ကျနော့်ထွက်သက်တွင် ပါသွားသည်။

အနာဂတ် မှန်ကွဲစလေးများ



မြန်မာ အလုပ်သမားများနဲ့ ဈေးရောင်း ဈေးဝယ်တွေ ပျားပန်းခတ်နေတဲ့ မဲဆောက်  ဈေးကလေးဟာ စည် စည် ကားကား ရှိလှပါတယ်။ အဲဒီ အချိန်မှာ ဈေးဒေါင့် တစ်နေရာက လှုပ်လှုပ် ရှားရှား ဖြစ်သွားတာကို တွေ့  လိုက် ရတယ် ။ 

၁၂ နှစ် အရွယ်လောက် ရှိတဲ့ ကောင်မလေး တစ်ယောက်ဟာ လက်တစ်ဖက် က ၉  နှစ် အရွယ်လောက် ရှိတဲ့ ကလေးလေးကို လက်ကဆွဲ၊ တစ်ဖက်က ကော် သောက်ရေခွက်လေးကို ပြုတ် မကျအောင် ကိုင်ပြီး လူအုပ်ကြားထဲမှာ  ပြေးလွှား နေပါတယ်။ ကျနော်လည်း ဘေးမှာ ရှိတဲ့ ဈေးသည်   တစ်ယောက် ကို “ ဘာဖြစ်တာလဲလို့” မေးလိုက် မိပါတယ် ။ “သူတောင်းစား တွေကို ရဲက လိုက်ဖမ်းတာ ဖြစ်မှာ ပေါ့ တဲ့ ”


စိုးရိမ်စိတ်နဲ့ ကောင်းမလေးနဲ့ ကောင်လေး ထွက်ပြေးသွားတဲ့ ဘက်ကို ရင်မောစွာ ကြည့်လိုက် မိတယ်။ ကောင်မလေး နဲ့ ကောင်လေးကတော့ လူအုပ်ကြားထဲမှာ အလု အယက် ပြေးလွှားနေတုန်း ၊ ကော် သောက်ရေခွက်ကလေးထဲက အကြွေစေ့လေးတွေကို ပြုတ်မကျအောင် ထိန်းကိုင်၊ သူ့မောင်လေးကိုလည်း မကျန်ခဲ့အောင် လက်က စွဲစွဲမြဲမြဲကိုင် ၊ ဖမ်းမိရင် ဆိုတဲ့ သောက အပူတွေနဲ့ လွတ်ရာ လွတ်ကြောင်းကိုရှာ ၊ လူအုပ် ကြားထဲ ခယတဲ့ မျက်နှာလေးတွေနဲ့ အတင်းတိုး ပြေးလွှား လမ်းရှာ ဖျက်ခနဲ့ တွေ့လိုက်ရတဲ့ အချိန်လေးမှာ တင်ပဲ တစ်ကွက်ချင်း တစ်ကွက်ချင်း ပြန်မြင်ယောင်နေမိ၊ ကလေးတွေ လွတ်မြောက်ပါစေ။

“ ကန်စွန်းရွက် ယူအုံးမလား ဦး ၅ ဘတ်တန် အစည်းလည်း ရှိတယ်၊ ၂ ဘတ်တန် လည်း ရှိတယ်။ ၂ ဘတ်တန် ၃ စီး ယူရင် ၅ ဘတ်နဲ့ ယူ ဦး“ ဝယ်မယ်လို့တောင် မပြောရသေးဘူး စကားကို တောက်လျောက် ပြောသွားတဲ့ ကန်စွန်းရွက် စည်းတွေကို ပွေ့ပိုက်ပြီး လာရောင်းတဲ့ ကောင်မလေးကို ကျနော် ကြည့်မိ ပါတယ်။ 

အမဲရောင် ဘက်လုနေပြီ ဖြစ်တဲ့ ကျောင်းဝတ်စုံ အဖြူ အစိမ်း စကတ်လေးကို ဝင်ဆင်ထားတဲ့ ၁၁ နှစ် အရွယ်သာသာ ကောင်းမလေး တစ်ယောက်။ “ ၅ ဘတ်တန်နှစ်စီး ယူမယ် သမီး “ ကျနော်က ဆက်ပြီး “ သမီးကျောင်း မတက်ဘူးလား“ ကျောင်းတက်ရမယ့် အရွယ် ၊ ကျောင်းဝတ်စုံ ဝတ်ထားတာမို့ ကျနော်လည်း မေးမိ တာပါ။ “ သမီး အရင်က ရောင်ခြည်ဦး ကျောင်းမှာ တတ်တယ်။” သက်ပြင်း တိုး ညင်းစွာချရင်း ကောင်မလေးက ပြန်ဖြေ ပါတယ်။

21 December 2016

ကျန်ရှိသော သက်တမ်း ကို ဘယ်လိုနေမလဲ



တစ်ခါတုန်းက ဂျပန် ဘုန်းကြီး တစ်ပါးဟာ နန်းတော်ထဲကို ၀င်လာခဲ့ပါတယ် ။ သူ ၀င်လာချိန်မှာ အစောင့်တွေ က မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက် သွားတာပေါ့၊ ဘုရင်ကြီး ကလည်း ဂျပန် ဘုန်းကြီးကိုတွေ့လိုက်ရတော့ ချက်ချက်ပဲ မေးလိုက်ပါတယ်။

“ အရှင်ဘုရား………ဘာများ အလိုရှိပါသလဲ ” လို့ ဒီတော့ ဂျပန်ဘုန်းကြီး ကလည်း “ငါ အိပ်ဖို့ အခန်းကောင်းကောင်း တစ်ခု အလိုရှိတယ်”လို့ပြောလိုက်တယ် ။

ဘုရင်ကြီး ကလည်း“ အို…အရှင်ဘုရား နေရာ မှားလာပြီ။ ဒါ တည်းခိုခန်း မဟုတ်ဘူး။ နန်းတော်ပါဘုရား။ ”တဲ့............. ဂျပန်ဘုန်းကြီးလည်း “နေပါအုံး။ ငါ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ် သူနေသွား သလဲ” လို့ပြန်မေးလိုက်တယ်တဲ့ ။


ဘုရင်ကြီး က“ တပည့်တော် အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ ပါဘူး။”လို့ပြန်ဖြေတယ် ။


ဂျပန် ဘုန်းကြီးကထပ်ပြီးမေးတယ်“မင်း အဖေ အရင်ကော ဘယ်သူနေသွားသလဲ”တဲ့ ...
ဘုရင်ကြီးက“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”


ဂျပန် ဘုန်းကြီးက“မင်း အဘိုး အရင်ကော” ဘုရင်ကြီးက“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”
ဂျပန် ဘုန်းကြီးက“ ဒါများကွာ….နန်းတော်တဲ့ ၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ  မင်း အဘိုးလည်း နေပြီး ထွက်သွား ရပြီ၊ မင်း အဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်းနေပြီး ထွက်သွားရအုံးမယ် ။
ဒါ တည်းခိုခန်း မဟုတ်လို့ ဘာလဲကွာ” တဲ့ ။


ဂျပန် ဘုန်းကြီးပြောလိုက်တဲ့ စကား ကိုကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့ “သြော် …….ငါဟာ တည်းခိုခန်းမှာနေနေ ပါလား”ဆိုတဲ့ အသိ လင်းခနဲ့ဝင်သွား ပါတော့သတဲ့။


(ဂျပန် ဇင် ပုံဝတ္ထု)

ဘုရင်ကြီးက ဂျပန် ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြ မထားပါဘူး။ ပုံပြင်လေး ကတော့ဒါပါပဲ ။ တစ်ကယ်တော့ ဂျန်ပန် ဘုန်းကြီးပြောသလို အားလုံး အားလုံး ဟာ တည်းခိုခန်းမှာ ခေတ္တ ခဏ ၀င်တည်းနေကြရတာပါ ။


အချိန်တန်ရင် သတ်မှတ်ရက် စေ့ရင်ပြန်ကြ ရမှာပါ။
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက် အထိ နေခွင့်ရအုံးမလဲ……….?


ကျွန်တော်တို့ တွက်ကြည့်ရအောင် လူ့ဘ၀ သက်တမ်း ကို ယေဘုယျ အားဖြင့် ၇၅ နှစ်ပဲ နေခွင့်တော့မှာ
အသက် ၄၀ ရှိတဲ့ လူ တစ်ယောက်ဟာ တည်းခိုခန်း မှာ ၃၅ နှစ်ပဲနေခွင့် ရတော့မှာ။ အသက်၅၀ ရှိတဲ့ လူ တစ်ယောက် တည်းခို ခန်းမှာ ၂၅ နှစ် ပဲနေခွင့်ရတော့မှာပါ။ အသက် ၆၀ ရှိတဲ့သူ တစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅ နှစ်ပဲနေခွင့် ရတော့မှာပါ။


လက်ကျန် အချိန်က နည်းနေပါပြီး၊ ကျန်နေတဲ့ အချိန်က ကိုယ့် အတွက် သိပ် တန်ဖိုးရှိနေပါတယ်။ ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန် အရွယ်မဟုတ်တော့ပါဘူး။ ကိုယ် ကောင်းအောင်ပဲ နေရမယ့် အချိန်၊ အရွယ်ဖြစ်နေပါပြီ။ 
ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာ ထက် ကိုယ်ကောင်း အောင်နေဖို့သာ အဓိကပါ၊


ဘယ်ဘက် စောင်း အိပ် လို့ ရရှိမယ့် သင် မသိသေးတဲ့ အကျိုးကျေးဇူး { ၆ } ချက်



အိပ် တာနဲ့ ပတ်သက်လို့ လူတော်တော် များများက သူတို့နှစ်သက်တဲ့ ပုံစံ ကို ရွေးပြီး အိပ်တတ်ကြပါတယ်။ ဒါပေမဲ့ အိပ်စက် တာဟာ တစ်နေ့တာရဲ့ ပင်ပန်း ၊ နွမ်းနယ်မှု ဒဏ်တွေကို အကောင်းဆုံး ပြန်လည် ခွန် အားဖြည့် တင်းတဲ့ အားဆေး တစ်ခွက်ဖြစ်တာကြောင့် နည်းမှန်၊ လမ်းမှန် နဲ့သာ သောက်သုံးမယ် ဆိုရင် ပိုပြီး အာနိသင် အစွမ်းထက် မှာပါ။ 

အိပ်စက်တာနဲ့ ပတ်သက်လို့ သုတေသီတွေရဲ့ တွေ့ရှိမှု အရ ညာဘက် စောင်း အိပ်တာထက် ဘယ်ဘက် စောင်းအိပ်တာ ဟာ ကျန်းမာရေး ရှုထောင့်အရ ပိုပြီး နည်းလမ်း မှန်ကန်ပြီး သင် မသိနိုင်တဲ့ အကျိုးကျေးဇူး ၆ ချက် ကို ရရှိ ခံစားရမှာ ဖြစ်တယ်လို့ အတည်ပြုထားကြောင့်  ပြန်လည် မျှဝေပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်ထဲက အဆိပ် အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးတဲ့ သွေးဖြူ  ဆဲလ်တွေရဲ့ လုပ်ဆောင် မှု (Lymphatic System) ကို တိုးတက်ကောင်းမွန်စေပါတယ်။

13 December 2016

စေတနာပါမှ ဒါနဖြစ်တယ်



တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင်မတန် ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးနှစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီသူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်ချစ်ခင်ကြသတဲ့။
ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေးနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်ချင်းမတူကြဘူး။ သူဋ္ဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ သဒ္ဓါ မပါဘဲ နာမည်ကောင်း ရအောင် ဆိုပြီး အလွန်အကျွံ အလှူအတန်း လုပ်တယ်။ ကျန် သူဋ္ဌေး တစ်ယောက်ကတော့ လှူသင့် သလောက် လှူ  စားသင့်သလောက် စားပြီး ရိုးရိုးအေးအေးပဲနေထိုင်ပါတယ်။
ဒီလိုနဲ့နှစ် အနည်းငယ်ကြာတဲ့ အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်း အများကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေ ဆုံးပါးပြီး ဆင်းရဲ သွားသတဲ့။ ဒါနဲ့ ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ ဘာမျှရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူ ပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေကိုပဲ သူငယ်ချင်း သူဋ္ဌေးထံရောင်းချ တော့မယ် လို့ စိတ်ကူးနဲ့ ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်း သူဋ္ဌေးထံကို ထွက်လာခဲ့တယ်။
အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ်မှာ အမောအပန်းဖြေကာ ပါလာတဲ့ ထမင်းထုပ်ကို စားမယ် ဆိုပြီးဖြေလိုက်တယ်။ ထမင်းထုပ်ကလည်း ငယ်ငယ်မို့ နှစ်ယောက်ဝေမျှပြီးစားရတယ်။ အဲဒီအခိုက်မှာ ခွေးပိန်ကလေး တစ်ကောင်ဟာ ယိုင်တိ ယိုင်ထိုးနဲ့ ဇရပ်နားကပ်လာသတဲ့။ အဲဒီအခါမှာ ထမင်းစားနေတဲ့ သူဋ္ဌေးဆင်းရဲက
ရှင်မရယ် ကြည့်စမ်းပါဦး ခွေးပိန်ကလေးဟာ အစာ မစားရတာကြာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တာနဲ့ တူပါရဲ့။ သနားစရာလေးကွာ။ အခုတို့စားနေတဲ့ထမင်းထုပ်ကို ခွေးက လေးကိုကျွေးလိုက်ရအောင်လို့ ဇနီးဖြစ်သူကို ပြောလိုက်တယ်။
ဇနီးဖြစ်သူကလည်း သဘောတူကြည်ဖြူစွာ သူတို့စားမယ့် ထမင်းထုပ်ကို ခွေးပိန်ကလေး ၀အောင်စားပါစေဆိုတဲ့စေတနာနဲ့ အကုန်လုံး ချကျွေးပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇရပ်နဘေးက ရေအိုးစင်မှာ ရေ အ၀ ခပ်သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။
ဒီလိုနဲ့ သူငယ်ချင်း သူဋ္ဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဋ္ဌေးကိုဆင်းရဲသွားတဲ့သူဋ္ဌေးက ငါတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရောင်းချဖို့ သူငယ်ချင်းထံ လာခဲ့တာပဲ။ သဘောတူ ၀ယ် မယ် ဆိုရင် တစ်ဘ၀လုံးပြုထားတဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာလို့ ပြောပြသတဲ့။
အဲဒီအခါ သူငယ်ချင်း သူဋ္ဌေးကလည်း ၀မ်းသာအားရနဲ့ ရောင်းသမျှ ကုသိုလ်ကောင်းမှုကို ၀ယ်ယူပါ့မယ်ဗျာလို့ ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာ ထည့်ပြီးချိန်ခိုင်းပါတယ်။ အဲဒီအခါ စေတနာအရင်း မခံဘဲ ဂုဏ်ပကာသနတွေကို လိုချင်တာနဲ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေဖြစ်တာမို့ လေးတယ်လို့မရှိဘဲ ငွေဘက်ကပဲအမြဲ အလေးသာနေသတဲ့။ ကျောင်းကုသိုလ်၊ ဇရပ် ကုသိုလ်၊ ရေကန်ကုသိုလ်၊ ဘာကုသိုလ်ပဲ ထည့်ထည့် ကုသိုလ် ဘက်က အလေးမသာဘဲ ငွေဘက်ကဘဲအလေးသာနေတယ်။

08 December 2016

ကျန်းမာရေး အတွက် ဂရုစိုက် ရမည့် နာရီများ



ကျန်းမာရေး အတွက် ဂရုစိုက်ရမည့် နာရီများ သုတေသန ပြုချက် အရ ည ဆိုင်း အလုပ်လုပ် သူများသည် ကျန်းမာရေး အခြေ အနေ ကမောက် ကမ ဖြစ်တတ်သည်။

အမျိုးသမီးများ ဆိုလျှင် ရာသီ မမှန်ခြင်း၊ အရိုးပွ ရောဂါဖြစ်ခြင်း၊ ရင်သား ကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန် မရ ရှိနိုင်ခြင်း စသည့် ရောဂါများ ပိုမို ဖြစ်တတ်သည်။ ည သန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ် အထိ မအိပ်သေး သူများတွင် ခန္ဓာကိုယ် ၏ ဇီဝ ဖြစ်ပျက် ပြောင်းလဲ ဖြစ်စဉ် များသည် ကိုယ်တွင်း အရည် လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ 
ကိုယ်တွင်း အရည်လောင် ကျွမ်းမှုသည် အဆိပ် အတောက် ဖြစ်ပေါ်မှု များတတ်သည်။

ခန္ဓာကိုယ် ၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ် ဖြစ်စေ နိုင်သည်။ ထို့ကြောင့် ခဏခဏ အိပ်ရေး ပျက် ခံ သူများသည် ဆေးလိပ်သောက်၊ အရက်သောက် သူများ ဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆ ပိုဖြစ်နိုင် သည်။ 

ထို့ကြောင့် နေ့စဉ် အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ည အလုပ်လုပ်ရန် ရှိသည် ဆိုလျှင်လဲ (အသား မပါသော) ညလယ်စာ စားလျှင် ခံသာသေးသည်။ နံနက် အခါ နေထွက်သည်။ ညနေရောက် လျှင် နေ၀င် သည်။ ဆောင်းရာသီ ပြီးလျှင် နွေရာသီ ရောက်လေသည်။ သဘာဝလော ကကြီးသည် အချိန် မှန်မှန်၊ စည်းချက် ကျကျ ဖြစ်ပျက်နေသည်။


လူ့ ခန္ဓာ ကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန် မှန်မှန်၊ စည်း ချက် ကျကျ လှုပ်ရှား မှသာ ကျန်း မာ ပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက် ၃-နာရီ = ခန္ဓာကိုယ် အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါ ခုခံ ကာကွယ်စနစ် အချိန် (အလယ်တန်း အောက် ကလေး သူငယ်များသည် ရောဂါ ခုခံ ကာကွယ်စနစ် တည်ဆောက်မှု မပြည့်စုံ သေး သဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင် ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်း ချဉ်ဆီမှ သွေးနီ ဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း ၏ အချိန်

နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှု စနစ် အတွက် အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ် ၏ သွေးခုန်အား အပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံး အချိန်




ပီယ လက်စွပ် အကြောင်း


ပီယ လက်စွပ် အကြောင်းသည် အလွန် လျှို့ဝှက် နက်နဲသော လောကီ ပညာရပ်ဖြစ်ပါသည်။ သို့သော် အောက် လမ်းနည်း မဟုတ်ပါ။ အထက်လမ်းနည်း ဖြစ်ပါသည်။ အထက်နည်းဖြင့် ပီယသိဒ္ဓိကို ရရှိသောသူများသည် ထို တန်ခိုးကို အလွဲသုံးစား လုပ်လေ့မရှိပါ။ 

သစ္စာစောင့်သိ ရိုသေစွာ စောင့်ထိန်းလျှင် အထွတ် အထိပ် တိုင်အောင် ပေါက်မြောက်အောင်ပါသည်။ အလွဲသုံးစားပြုမိပါက ဘဝ တွင်သာ အရှက်တစ်ကွဲ အကျိုးနည်းစွာ နစ်နာ ဆုံးရှုံးမှုကြီးကြုံရခြင်း၊ အာကာလ မရဏ (သို့မဟုတ်) ဥပစ္စေတက ကံဖြင့် သေကြေ ပျက်စီးရခြင်းမျိုးဖြစ်ရုံမက၊ သေဆုံးပြီးနောက် အဝီစိ ငရဲသို့ ဇောက်ထိုး ကျတတ်လေသည်။


ပီယလက်စွပ် ကို အဂ္ဂိရတ် ဆရာများသာပြုလုပ်နိုင်ပါသည်။ ဖိုထိုးသော ဆရာများသာ လုပ်၍ ရပါသည်။ အမှန်ကား ပီယ လက်စွပ်သည် ဓာတ်လုံး လက်စွပ်ပင်ဖြစ်ပါသည်။ ဓာတ် ဝိဇ္ဇာများသာ သိပါသည်။ အဂ္ဂိရတ်လောက မှ ဆင်းသက် လာသော စကားပုံ တစ်ပုဒ်ကို လူအများသိကြားဖူးမည် ဖြစ်ပါသည်။

 "သံသေ တစ်ဆွေဝ၊ ပြဒါးသေ တစ်ပြေ (ပြည်) ဝ" ဟူ၏။ အမှန် က ဤ ဝါကျနှစ်ပုဒ် ၏ ရှေ့တွင် ဝါကျတစ်ပုဒ် မြုပ်ထားချက် ရှိခဲ့သည်။ ထို ဝါကျမှာ "သွတ်သေ ဝိယေဝ" ဟူ၍ ဖြစ်လေသည်။ အဂ္ဂိရတ် သမားများ သိ ကြ ပါသည်။ သွတ် ကို သေအောင် ဖိုထိုးနိုင်သူများ၊ သွတ် ဓါတ်လုံးရအောင် ထိုးနိုင်သူများ ချစ်ခင်သူ ဝပြောကြောင်း သိကြပါသည်။ 

သွတ် ဓါတ်လုံး လက်စွပ် ကိုပင် ပီယ လက်စွပ်ဟု ခေါ်ပါသည်။ ပီယ လက်စွပ် မည်မျှ စွမ်းသလဲဟု မမေးနှင့်။ လူအများ မသိသော အဂ္ဂိရတ် သမိုင်းတစ်လျှောက်တွင် သွတ် ဓါတ်လုံး ပီယ လက်စွပ်ကြောင့် ချစ်သူ ဝိုင်း ဝိုင်း လည်သည့် ပုဂ္ဂိုလ်ထူးများ အကြောင်း ကမ္ဘာ အရပ်ရပ်တွင်လည်း ရှိခဲ့သည်။ မြန်မာပြည်တွင်လည်း ရှိခဲ့သည်။ ထို ပညာရပ်ကို လေ့လာ လိုက်စားသူများသာ အတွင်းကျကျ သိကြပါသည်။ 

ကမ္ဘာ့ အလှ ဘုရင်မကြီး ကလီယိုပတ္တရာ တွင် ပီယလက်စွပ် ရှိခဲ့သည်ဟု ထိုလောကသားတို့က ဆိုသည်။ ရုရှားပြည် ဇာဘုရင် ၏ နန်းတော်တွင်းသို့ ဝင်ရောက် ခြယ်လှယ် ခဲ့သော ရပ်(စ်)ပျုတင် မည်မျှ စွံကြောင်း သိသူများသည်။ သူ့တွင် ပီယလက်စွပ် ရှိကြောင်း သိသူရှားလေသည်။ သူသည် ပီယလက်စွပ် ရသော တန်ဖိုးကို အလွဲသုံးစားပြုခြင်း၊ ကာမေသုမစ္ဆာကံ ကို အကြိမ်ကြိမ် ကျူးလွန်ခြင်း၊ သစ္စာမဲ့ခြင်း စသည် တို့ကြောင့် ဥပစ္စေဒကံ ထိုက်ကာ အသေဆိုးနဲ့သေခဲ့ရသည်။

 မြန်မာ့သမိုင်းတွင် အလွန် ထင်ရှားသော လောကီ ပညာကို တစ်ဖက်ကမ်း ခတ် တတ်ကျွမ်းသည့် ရဟန်နှစ် ပါး ရှိခဲ့ဖူးသည်။ ဓမ္မဓရ နှင့် ဓမ္မဥာဏ တို့မည်၏။ လောကီ ပညာ လိုက်စားသူတိုင်းက ထို ရဟန်းနှစ်ပါးအနက် ဓမ္မဥာဏ ရဟန်းက လောကီ ပညာရပ်တွင် သိသိ သာသာ ပိုမို လွန်ကဲကြောင်း သိပြီးဖြစ်ပါသည်။ 

မွန်ဘုရင်ကြီး ရာဇာဓိရာဇ် ၏ သမီးတော် ရှင်စောပု ကို အင်းဝ ဘုရင်နှင့် လက်ဆက်ပေးခဲ့ရာ မိုးညှင်းမင်းတရား လက်ထက်တွင် မိဖုရား ဘဝ မပျော်ပိုက်ကြောင်း သတင်းပါး သဖြင့် မိဖုရား ရှင်စောပု ကို အင်းဝနန်းတော် မှ ခေါ်ထုတ်၍ ဟံသာဝတီ အရောက် ပို့ဆောင်ပေးခဲ့ကြောင်း လူအများသိပြီး ဖြစ်ပါသည်။ အင်းဝနေပြည်တော်က ဘုရင့် မိဖုရားကို နန်းတော်တွင်းမှ ခေါ်ထုတ်ပြီး ကင်း အထပ်ထပ်ကို ကျော်ဖြတ်ကာ ဟံသာဝတီ အရောက် ပို့ပေးနိုင်သည့် စွမ်းဆောင်ချက်ကို တွေးကြည့်ပါက တန်ခိုးရှင် များသာ လုပ်နိုင်ကြောင်း ငြင်း ဆိုဖွယ်ရာ မရှိပြီ။ 

ဤမျှ တန်ခိုးကြီးသော ဓမ္မဓရနှင့် ဓမ္မဥာဏ တို့ကို ရှင်စောပု မွန်ဘုရင်မ ဖြစ်လာသော အခါ ချီးမြှောက်၍ သူတော်ကောင်းပြုလေသည်။ ထို့နောက် ထီးမွေနန်းမွေ ဆက်ခံစေရန် ထိုရဟန်း နှစ်ပါး အနက် တစ်ပါး ကို ရွေးလေသည်။ ဆွမ်းအုပ်နှင့် ရွေးသည်။ မဲ စနစ်ဖြင့် ရွေးသည်ဟု သာမာန် အဆိုရှိခဲ့သည်ကို လောကီပညာ လေ့လာလိုက်စားသူ တို့က မယုံကြည်ကြပေ။ 

ခွက်ပေါက် ပညာ ခေါင်းဖုံးအုပ်ထားသည် အရာဝတ္တု မှန်သမျှ ထွင်းဖောက် သိမြင်နိုင်သော လောကီပညာ တတ်ကျွမ်းသည့် ထို ရဟန်းနှစ်ပါးကို ဤနည်းဖြင့် ရွေး၍ မရကြောင်း ထို ရဟန်းနှစ်ပါး၏ လောကီ ပညာ တတ်ကျွမ်းပုံ အကြောင်း ဖတ်ဖူးကြားဖူး သူတိုင်းသိပါသည်။ 

အမှန် စင်စစ် ဓမ္မဥာဏ ရဟန်းသည် လောကီ ပညာရပ်တွင် အများ အားဖြင့် ဓမ္မဓရ ထက် ပိုမို တတ်ကျွမ်းသော် လည်း ဓမ္မဓရ ကား ဓါတ်လုံး အစွမ်းဖြင့် အောင်မြင် ထားသော ပီယ လက်စွပ်ရှင် ဖြစ်ခဲ့သည့် တစ်ခုတည်းသော အားသာချက်ကြောင့် မွန်ဘုရင်မ ရှင်စောပု ကိုယ်တိုင်လည်း ပိုချစ်သည်။ သမီးတော် ကလည်း သူ့ကိုမှ ပိုချစ်သည်။ ထို့ကြောင့် သူတို့ ပိုချစ်သော ဓမ္မဓရ ကိုသာ ရွေးခဲ့သည်။ 

ဓမ္မဓရ ရဟန်းသည်ကား သစ္စာ ရှိသည်။ ဘာသာ သာသနာတော် ကို ပို၍ နက်ရှိုင်းသည်။ သူ့အား မွန် ဘုရင် မ ရှင်စောပု က ထီးနန်းပေးအပ်သောအခါ ဓမ္မစေတီမင်း တွင်လေသည်။ သာသနာပြု မင်းတစ်ပါး ဖြစ်လေ သည်။ 

သွတ် ဓါတ်လုံး အကြောင်းနှင့် ပီယ လက်စွပ် အကြောင်းတော့ ရေးပြမှဖြစ်ပါတော့မည်။ သို့သော် အဂ္ဂိရတ်ပညာဆိုင်ရာ အသေးစိတ် အချက်အလက်များကိုမူ လူအများ သိရန် လွယ်မည် မဟုတ်၍ မဖော်ပြတော့ပါ။ မီးသွေး တစ်တင်း ကျအောင် ဖိုထိုးပြီးလျှင် တစ်လုံ ကျပါသည်။ 

သွတ် ဓါတ်လုံးရအောင် လုံးပေါင်း ၈၄၀၀၀ ၏ ဆယ်ပုံ တစ်ပုံဖြစ်သော ၈၄၀၀ ကျအောင် အနည်းဆုံး ထိုးရပါသည်။ ဖိုထိုးခန်း ၏ မျက်နှာကျက်တွင် ပိတ်ဖြူနှင့် အင်းကို အမိုးလုပ် ထားရပါသည်။ ကျောဘက်တွင်လည်း အင်း ကို ပိတ်ဖြူနှင့် ကပ်ထားရပါသည်။ ဖို၏ တည့်တည့် နံရံတွင်လည်း ပိတ်ဖြူနှင့် ထိုအင်း ကို ကပ်ထားရပါသည်။ အင်းဆံကား အောက်ပါ ဂါထာ ပင် ဖြစ်ပါသည်။




အထက်ပါ ရှင်သီဝလိ ဂါထာတော် ကို အလျား (၈) ကွက် အနံ (၉) ကွက် အင်းဘောင် ခတ်၍ စည်းမျဉ်း အတိုင်း ပိတ်ဖြူတွင် အင်းချရမည်။ အင်းဆံ စာလုံးသွင်းသောအခါ လက်ဝဲ မှ လက်ယာ သို့ အစဉ် အတိုင်း ရေးသွင်းရပါသည်။

အဆိုပါ အင်းချ ထားသော ဂါထာ ကို ဖိုထိုး သွင်းသော အခါ အာရုံ သွင်း၍ ရွတ်ဖတ်ရမည် ။ ဈာန် သွင်း၍ ရွတ် ဖတ်ရင်း ဖိုဆွဲ ရပါမည်။

ဖိုအောင် ၍ သွတ်ဓါတ် စီးသော ဓါတ်လုံး ကို လက်စွပ်ပြုလုပ် ဝတ်ဆင်ခြင်းဖြင့် ပီယ လက်စွပ်ဖြစ်လာလေတော့ သည်။

ထို ပီယလက်စွပ် ဆင်မြန်းသူသည် ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင် ချစ်ခင်အောင် ပြုလုပ်ရန် သက်သက်သာမက၊ အခြားအရေးကြီးသော ကိစ္စဟူ သမျှတွင် အလိုရှိတိုင်း အသုံးပြုနိုင်ပါသည်။