27 September 2018

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် ပတ်သက်၍ ပြောကြားချက်



သမ္မတထရန့် ၏ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှ မြန်မာ ပရိတ်သတ်ကြီး အကြိုက်တွေ့ဖွယ် ပြောကြားချက်များ ၊

လူ့အခွင့်အရေးကောင်စီဟာ ကုလသမဂ္ဂကြီး တစ်ခုလုံးကို အရှက်ရအောင် လုပ်နေတယ်လို့ ကျွန်တော် မနှစ် ကလည်း ကုလသမဂ္ဂကြီးကို သတိပေးခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးကောင်စီဟာ တစ်ကယ် လူ့အခွင့် အရေး ချိုးဖောက်နေတဲ့သူတွေကိုတော့ အကာအကွယ်ပေးထားပြီး ကျွန်တော်တို့ အမေရိကန်နဲ့ မိတ်ဆွေ နိုင်ငံတွေကိုတော့ လာလာ ပုတ်ခတ်နေပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီ က လူ့အခွင့်အရေးကောင်စီ ကို ပြုပြင် ပြောင်း လဲဖို့ အတွက် ကုလအနေနဲ့ ဘာတွေဘာတွေ လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြ ပေး ထားပြီး သားဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာမှဖြစ်မလာသေးပါ။ ဘာမှလဲ မပြောင်း လဲသွားသေးပါ။ အဲ့တော့ အမေရိကန်ကပဲ တာဝန်ယူပြီး စလုပ်ရပါတော့မယ်။ ကျွန်တော်တို့ နိုင်ငံသည် လူ့အခွင့်အရေးကောင်စီ ကနေ နှုတ်ထွက်ပါတယ်။ ခင်ဗျားတို့ အချိုးတွေပြင်ပါ။ အချိုးတွေ မပြင်မချင်း ကျွန်တော်တို့ ပြန်မလာပါ။

အိုင်စီစီ နှင့် ပတ်သက်၍ ပြောကြားချက်

အမေရိကန်သည် အိုင်စီစီ ကို လုံးဝ အသိအမှတ်မပြုပါ။ အိုင်စီစီ တွင် တရားစီရင်ခွင့် မရှိပါ၊ တရားဝင်မှုမရှိပါ၊ လုပ်ပိုင်ခွင့်လည်း မရှိပါ။ အိုင်စီစီ ဟာ နိုင်ငံတိုင်းက နိုင်ငံသားတိုင်းအပေါ်ကို အလုံးစုံတရားစီရင်ခွင့် Universal Jurisdiction လောက်နီးနီးရဖို့ တောင်းဆိုနေပါတယ်၊ တရားမျှတမှုကို ချိုးဖောက်နေပါတယ်၊