30 November 2013

၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ

(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် – ၄)


 ခင်မောင်တိုး (၁၉၅၀-၂၀၁၂) - ဓာတ်ပုံမျှဝေသူ – လင်းထွေးသော်

ခင်မောင်တိုး အမှတ်တရ ရက်သီတင်းပတ် မိုးမခ အစီအစဉ် ကို နောက်ထပ် ကဗျာ အပေါ် အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ သီချင်းလေး တပုဒ် နဲ့ ဆက်ချင်ပါတယ်။ ခင်မောင်တိုး နဲ့ သူ့ ရဲ့ မိတ်ဆွေ အရင်း သူငယ်ချင်း နှစ်ယောက် တို့ ပေါင်းစု တဲ့ အနုပညာ အလုပ် လို့ ဆိုနိုင်ပါတယ်။ 


 
သူငယ်ချင်း တဦး ဖြစ်သူ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာ ကို ဖတ်ရှု ခံစားပြီး အခြား သူငယ်ချင်း တဦး ဖြစ်တဲ့ တင်မောင်လှိုင် က တေးသံစဉ်၊ စာသား ဖွဲ့ ခဲ့တဲ့ “ရတနာသူ” သီချင်း ပါ။
“ရတနာသူ” ဖြစ်ပေါ်လာရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာ inspiration ယူရာက အိန္ဒိယ ရှေးဟောင်း သက္ကတ ဘာသာ ကဗျာ တပုဒ်လို့ သီချင်းရာဇဝင် တွေကို လေ့လာ မှတ်သားလေ့ရှိတဲ့ ဂီတ မိတ်ဆွေ တယောက်က ပြောပြဖူးတယ်။
“ရတနာသူ” သီချင်းဟာ ခင်မောင်တိုး လို့ ဆိုကြရင် သာမန် ပရိသတ် အများ အလွယ် မှတ်မိ သိရှိနေလေ့ရှိတဲ့ “မဟာဆန်သူ”၊ “နှင်းဆီပန်သူ”၊ “ညှို့သူ” အစရှိတဲ့ သီချင်းတွေလိုပဲ ချစ်သူ မိန်းကလေးငယ် ကို ရည်စူး ဖွဲ့သီဆို တဲ့ “သူ” ဘွဲ့ သီချင်းဝင် ဖြစ်ပါတယ်။ ခင်မောင်တိုး နဲ့ သူငယ်ချင်း တစု ရဲ့ လူငယ်၊ လူရွယ် ဘဝ အဆောင်ညတွေ မှာလည်း အမြဲ သီဆိုလေ့ရှိတယ်လို့ ကြားဖူးခဲ့တယ်။
“ရတနာသူ” ဟာ “မဟာဆန်သူ”၊ “နှင်းဆီပန်သူ” တို့လိုပဲ ခင်မောင်တိုး ရဲ့ အမှတ်တံဆိပ် ကပ်နှိပ်ထားပါတယ်။ တည်ငြိမ် အေးဆေးလှတဲ့ သီဆိုဟန်၊ ရိုးရာ နဲ့ အနောက်တိုင်း ဂီတ ပေါင်းစည်းမှု ဂီတပုံစံ တို့ကို တွေ့နိုင်ပါတယ်။
ပရိသတ် အများ ခေတ်အဆက်ဆက် နှစ်သက်ခဲ့ကြသလို ခင်မောင်တိုး ကိုယ်တိုင်လည်း ဒီ “ရတနာသူ” သီချင်း ကို နှစ်ခြိုက်ခဲ့ ဟန် ရှိပါတယ်။ သူ အကောင်းဆုံး လက်ရွေးစင် အခွေ တွေ ပြန်ထုတ် တိုင်း လိုလို “ရတနာသူ” သီချင်း ကို ထည့်သွင်း ပြန်လည်သီဆိုခဲ့တာ ကို တွေ့ရတယ်။
လူသား နဲ့ အဟိတ် တိရစ္ဆာန် ရဲ့ အဓိက ကွာခြားချက်တခုက အလှအပ ကို ခံစားတတ်ခြင်း၊ ဖန်တီးတတ်ခြင်း လို့ ဆိုကြတယ်။ အလှအပ ကို ခံစားခြင်း၊ မြတ်နိုးခြင်း ဟာ လူသား ပီသမှု ရဲ့ ပြယုဂ် ဖြစ်သလို လူသား ဖြစ်တည်မှု ကို တန်ဖိုးထားခြင်းလည်း ဖြစ်တယ်။ အလှဗေဒ အတွေးအခေါ် ကို ရှာဖွေတွေ့ရှိခြင်းဟာ လူသားဘဝ အတွေးအခေါ် ကို ရှာဖွေတွေ့ရှိခြင်းလည်း ဖြစ်တယ်။ လူသားဝါဒီ တို့ရဲ့ အကျင့်အကြံလည်း ဖြစ်တယ်။
Aesthetics အလှဗေဒ ဟာ ရသအနုပညာ မှာ ခန့်ခန့်ထည်ထည် တည်ရှိတယ်။ ချစ်သူ ရဲ့ အလှ ကို ဖွဲ့နွဲ့ တင်စား ပုံဖော် တဲ့ အနုပညာ ပစ္စည်းတွေဟာ အနုပညာ ပုံစံ တိုင်းမှာ၊ ခေတ်တိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိလေ့ရှိသလို ဘယ်တော့မှလည်း မရိုးနိုင်ပါ။
လူသား ရဲ့ စိတ္တအာဟာရ အတွက် ရေလို၊ လေလို မရှိမဖြစ် လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ နဲ့ အလှတရား ထုံမွှမ်းခြယ်သထားတဲ့ လူပီသမှု အတွေးအခေါ်၊ ရသ အနုပညာ ခံစားမှုကို ငြိမ့်ညောင်းသာယာ လှပတဲ့ ဂီတသံစဉ် တွေ ကနေတဆင့် ဗမာပြည် အတွက် ကျေးဇူးပြုသွားခဲ့သူ ဂီတပညာရှင် ခင်မောင်တိုး ရဲ့ ဂုဏ်ကျေးဇူးများကို ရည်စူး ဦးညွတ်လျက်…


ရတနာသူ
(ရတနာသူ သီချင်း မြစ်ဖျားခံရာ ကဗျာ)
ဝန်းရစ်သွေးဥ၊ စည်းစုယှက်သည်
နီစွေးအိစို၊ အို.. ပတ္တမြား
ပါးနှစ်ဖက်မှာ
ရတနာ…။
ရှက်ဟန်ပြုံးပြ၊ ခဏလေးရယ်
ဖြူသွယ်ပုလဲ၊ ပါးစပ်ထဲမှာ
ရတနာ…။
ရွန်းရွန်းလဲ့ကြည်၊ အရည်လည်ကာ
မဟူရာနက်၊ မျက်ဝန်းထဲမှာ
ရတနာ…။
အမြင်ရခက်၊ ကွယ်ဝှက်သိမ်းထား
နှလုံးသားက၊ လှည့်စားသွေတိမ်း
စိမ်းသည့် မြခဲ၊ သူ့ ရင်ထဲမှာ
ရတနာ…။
(မောင်စိန်ဝင်း (ပုတီးကုန်း))
—————————–


ရတနာသူ
(သီချင်း စာသား)♫ ♪ ♫ ♪…
မင်းရဲ့.. မျက်လုံးလေးများက..
ပုလဲ နဲ့ မဟူရာ..
ပေါင်းစပ်ထားသလို.. နှယ် …
ကော့ညွတ်သွယ်.. နှုတ်ခမ်းလေးများက..
သိပ်လှအောင်.. ပတ္တမြားသွေး.
လိမ်းကာခြယ်..
ကိုယ်နေဟန်.. အချိုးကျသူရယ်..
ရွှေရောင်လို..
အသား…ဝင်းဝါ.. တယ်..
သွားလေးတွေ.. ဖွေးဖွေး.. နု.. တယ်..
ပုလဲလေးတွေ.. သီကုံးထားသည့်.. နှယ်.. တကယ်..
မင်းရဲ့.. တကိုယ်လုံးပဲ.. လှတယ်..
အဖိုးထိုက်.. ရတနာ.. ပေါင်းစုထားသလို.. နှယ်..
ရတနာ.. လို.. အလှ.. ဂုဏ်.. ကြွယ်သူ.. ရယ်..
မင်း.. ရဲ့.. ရင်.. အသည်း.. နှလုံးကတော့..
စိမ်းကားကာ.. မာကျောလွန်း.. လှလေတယ်..
အဖိုးထိုက်အောင်.. နောက်ထပ်လို့ရယ်..
အသည်း.. နှလုံး.. ကို.. ကျောက်စိမ်း နဲ့.. မွမ်းမံခြယ်..
 
ရတနာသူ၊ သံစဉ်/စာသား – တင်မောင်လှိုင်၊ တေးဆို – ခင်မောင်တိုး၊ တေးဂီတ – လိစ္ဆ၀ီများ၊ တေးစု – ဝိုင်းရဲ့ဆည်းဆာ (၁၉၈၁)

From...Moe Ma Kha

 

လေးညှို့၇ှင် { ခင်မောင်တိုး }

           လေးညှို့၇ှင်  { ခင်မောင်တိုး }



ချစ်သူသိလေ { ခင်မောင်တိုး } ကိုတိုး....အတွက် ( ၁ နှစ်ပြည့် အမှတ်တ၇ပါ....)

    ချစ်သူသိလေ/စေ  { ခင်မောင်တိုး }      ကိုတိုး....အတွက် ( ၁ နှစ်ပြည့် အမှတ်တ၇ပါ....) 




ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ ချစ်သူသိလေ/စေ



 

ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ ချစ်သူသိလေ/စေ

(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် – ၂)


ခင်မောင်တိုး (၁၉၅၀-၂၀၁၂)
ခင်မောင်တိုး ရဲ့ ဂီတ ဘဝ အစ ပထမ ဆယ်စုနှစ် က အောင်မြင်ခဲ့တဲ့ ကဗျာသီချင်း “မျက်သွယ်” နဲ့ ဂီတပညာရှင် ခင်မောင်တိုး ကို လွမ်းဆွတ် ဂုဏ်ပြု အပြီးမှာ ဒုတိယ အစီအစဉ် အနေနဲ့ ခင်မောင်တိုး ရဲ့ ဂီတ ဘဝ နောက်ဆုံး ဆယ်စုနှစ်လို့ ဆိုနိုင်တဲ့ သက္ကရာဇ် ၂၀၀၀ မှာ ထွက်လာခဲ့တဲ့ “တိတ်တခိုး” တေးစု ပါ “ချစ်သူသိလေ” နဲ့ မိုးမခ ရဲ့ “ခင်မောင်တိုး ရက်သီတင်းပတ်” အမှတ်တရ အစီအစဉ် ကို ဆက်လက် ချီတက် ချင်ပါတယ်။


သက္ကရာဇ် ၂၀၀၀ ဝန်းကျင် ဗမာ့ စတီရီယို ဂီတ ရပ်ဝန်း ကို အကြမ်းဖျင်း ကြည့်မယ် ဆိုရင် ပြန် ဆိုတေးတွေ၊ နိုင်ငံခြားသံစဉ်မှီး အပြင်းစား သီချင်းတွေ ကြီးစိုး ဈေးကွက်ဝင်နေတာကို တွေ့ရပါမယ်။ ကိုယ်ပိုင် ဂီတ၊ ကိုယ်ပိုင်ဟန် နဲ့ သီးခြား ရပ်တည် တည်ရှိနေတဲ့ ဂီတပညာရှင်များ နဲ့ တေးစုများ လည်း အနည်းစု ရှိပါတယ်။ အဲဒီ ထဲမှာ “ခင်မောင်တိုး” နဲ့ “တိတ်တခိုး” တေးစု ဟာ ထူးခြား ပေါ်လွင်နေခဲ့ပြီး လူကြီး၊ လူငယ် မရွေး နှစ်ခြိုက် သဘောကျ ခဲ့ကြသလို ခင်မောင်တိုး အမာခံ ပရိသတ် များရဲ့ သဲသဲလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။

“တိတ်တခိုး” တေးစု ဟာ ခင်မောင်တိုး ရဲ့ ငယ်သူငယ်ချင်း လို့ ဆိုနိုင်တဲ့ တက္ကသိုလ်ကျောင်းသား ဘဝ ရောင်းရင်း မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ကဗျာ တွေကို ဂီတ ညီငယ် မဇ္ဈိမလှိုင်း ဝိုင်းတော်သား တေးရေးဆရာ နိုင်မင်း က သံစဉ်ထည့် တေးဖွဲ့ခဲ့တဲ့ တေးစု ဖြစ်ပါတယ်။

တေးစု ပါ သီချင်းများ အားလုံး လူကြိုက်များခဲ့ပြီး ခေါင်းကြီးတေး “တိတ်တခိုး” နဲ့ ယခု တင်ဆက် မယ့် “ချစ်သူသိလေ” နှစ်ပုဒ် ဟာ အထူး ကျော်ကြားလှတဲ့ “ပေါက်” သီချင်းများဖြစ်ခဲ့ကာ လူငယ်တိုင်းလိုလို ရဲ့ ပါးစပ်ဖျား မှာ၊ ဂစ်တာဝိုင်းမှာ နေရာယူခဲ့ပါတယ်။ အဆောင်ညတွေမှာ “ချစ်သူသိလေ” အရင်းပြု ကဗျာ ရွတ်လိုက်၊ သီချင်း ဆိုလိုက် နဲ့ ရွှေနားတော်သွင်းရင်း အချစ်ဇယားခင်း ခဲ့ဖူးကြတဲ့ လူငယ်များ နိုင်ငံတဝှမ်း မနည်း ရှိခဲ့ပါတယ်။

တေးစု တခုလုံး အနေနဲ့ ဆိုရရင်လည်း “တိတ်တခိုး” တေးစု ဟာ ခင်မောင်တိုး ရဲ့ သီချင်းအသစ် အဓိက အားပြု ထွက်ရှိနိုင်ခဲ့တဲ့ နောက်ဆုံး တေးစုဖြစ်တဲ့ အတွက် ခင်မောင်တိုး ဂီတ ဘဝ မှတ်တမ်း မှာ အရေးပါလှပါတယ်။

ဗမာ့ ကိုယ်ပိုင်သံစဉ် စတီရီယို ဂီတ သမိုင်းမှာ ကဗျာ အများအပြား ကို လူတိုင်း နားစွဲအောင် လှလှ ပပ၊ ခန့်ခန့်ထည်ထည်၊ အရသာမပျက်၊ သီချင်း လုပ်ကာ သီဆိုပြသွားခဲ့တဲ့ ခင်မောင်တိုး အား နှမြော တသ လွမ်းဆွတ် သတိရခြင်း များစွာဖြင့်…


ချစ်သူသိလေ (ကဗျာ)
(၁)
ပန်းပွင့်ရှိမှ ရနံ့ရတာ
မဟုတ်ပါဘူး၊ ဖူးသည့် တစ်ငုံ
ထုံသည့်တစ်ပွင့် နမ်းခွင့် တစ်ရှိုက်
ရသည့်ခိုက်မှ ထာဝရတည်
ကာလရှည်လျား နှလုံးသားမှာ
စွဲမြဲစွာဖြစ် ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏၊
ချစ်သူသိလေ…။
(၂)
မျက်နှာတွေ့မှ မြင်ခွင့်ရတာ
မဟုတ်ပါကွယ်
ဘယ်ကို သွားသွား
ဘယ်နား ရောက်ရောက်၊ ဘယ်လောက် ဝေးဝေး
အတွေးမှာရှိ၊ အကြည့်မှာမြင်၊
သူပဲထင်တယ်၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ၊ တွေ့နိုင်ပါ၏၊
ချစ်သူသိလေ…။
(၃)
အသံကြားမှ နားမှာ ဆတ်ဆတ်
ကြားလာတတ်တာ မဟုတ်ပါလေ၊
စမ်းရေသံကြား သူ့ စကားရှိ
ငှက်၏ တေးမှာ သူ သံသာတွေ
နှုတ်ခြွေ စကား နားမှာတီးတိုး
ဟိုး… အရင်လို ရွှင်ချိုကြည်မြ
ကြားနေရ၏၊
ချစ်သူသိလေ…။
(၄)
ချစ်သူသိလေ…
သတိရလျှင် ဒေသ အကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက် ကွာမလဲ…
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာ ရစ်ငင်
ထာဝရထင်သော ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်…
အိမ်မက် တိုင်းမှာ ရှိနေသူ…။


မောင်စိန်ဝင်း(ပုတီးကုန်း)
ဓာတ်ပုံ မျှဝေသူ – ကိုသားငယ်


ချစ်သူသိလေ / ချစ်သူသိစေ (သီချင်း)
♫♪♫♪…
ပန်းပွင့်ရှိမှ.. ရနံ့.. ရတာ.. မဟုတ်ဘူး..
ဖူးသည့်.. တငုံ.. ထုံသည့်.. တပွင့်..
နမ်းခွင့်.. တရှိုက်.. ရခိုက်မှာ..
ထာဝရ.. အမြဲတည်..
နှလုံးသားမှာ.. စွဲမြဲစွာ.. ထုံယစ်..
ဆွတ်ပျံ့နေ.. ချစ်သူ.. သိစေ..
♫♪♫♪…
တွေ့ခွင့်ရမှ.. မင်း.. မျက်နှာ.. လဝန်း..
ကြည့်ခွင့်.. တခါ.. မြင်ခွင့်.. တလှည့်..
မင်း. .မရှိလည်း.. စွဲမြဲစွာ..
ဘယ်လောက်.. ဝေးနေ..
မော့.. ကြည့်ရင်.. မိုးကောင်းကင်လို.. ရှိ..
တွေ့လို့နေ.. ချစ်သူ.. သိစေ..
♫♪♫♪…
ဘယ်လောက်.. ဝေးဝေး.. ဘယ်မှာ.. ဖြစ်ဖြစ်..
တွယ်နှောင်.. ရစ်ငင်.. အိမ်မက်မှာ.. အစဉ်အမြဲ.. ရှိ..
နေရာချင်း.. လွဲလွဲ.. ဒေသချင်း.. ကွဲကွဲ..
မြင်ယောင်.. စိတ်.. အစဉ်.. အိမ်မက်.. မှာ. ရှိ..
♫♪♫♪…
ဖွင့်ဟ.. ပြောမှ.. ကြားတတ်တာ.. မဟုတ်ဘူး..
စီးဆင်းတဲ့.. စိမ့်.. စမ်းရေ..
ကျေးငှက်တို့.. တီးတိုးသံ..
ချိုစွာ.. ကြားရင်
မင်း.. စကားသံ.. စွဲမြဲစွာ.. ကျန်ရစ်..
ကြားလို့နေ.. ချစ်သူ.. သိစေ..
ချစ်သူသိလေ၊ စာသား – မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာ၊ သံစဉ် – နိုင်မင်း၊ တေးဆို – ခင်မောင်တိုး၊ တေးစု – တိတ်တခိုး (၂၀၀၀)

From... မိုးမခ

29 November 2013

”အမေ့လက်များ”

”အမေ့လက်များ”  လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင် သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လူငယ်ကို “ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား” လို့မေးပါတယ်။ “မလျှောက်ခဲ့ဘူးဗျ” “ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့” လူငယ်ခေါင်းခါပါတယ်။ “မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ” “ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ” “အမေက ခ၀ါသည်ပါ”  လူငယ်ရဲ့ အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူးညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။ “ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား” “ဟင့်အင်း… ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ… ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက် ပိုမြန်တယ်လေ” “သြော်… ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်… ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား… ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ”  လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့ လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့ စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့ လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။  လူငယ်က မိခင်ရဲ့ လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့လာပါတယ်။ မိခင်ရဲ့ လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများ ရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ်ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။  ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူဝ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလား ဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့ လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။  လူငယ်ဟာ မိခင်ရဲ့ လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ ရှိနေတဲ့ အ၀တ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ ပါတယ်။   ( ငရုတ်ပုလင်း ချစ်သား)

လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင် သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။
ဒါနဲ့ လူငယ်ကို...
“ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား” လို့မေးပါတယ်။
 


“မလျှောက်ခဲ့ဘူးဗျ”
“ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့”
လူငယ်ခေါင်းခါပါတယ်။
“မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ”
“ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ”
“အမေက ခ၀ါသည်ပါ”

လူငယ်ရဲ့ အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။
လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူး ညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။
 
“ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား”
“ဟင့်အင်း… ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ… ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက် ပိုမြန်တယ်လေ”
“သြော်… ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်… ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား… ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ”

လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက် တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့ လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့ စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်း နဲ့ သူမရဲ့ လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။

လူငယ်က မိခင်ရဲ့ လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့ လာပါတယ်။ မိခင်ရဲ့ လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများ ရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ်ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။

ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူဝ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလား ဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့ လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။

လူငယ်ဟာ မိခင်ရဲ့ လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ ရှိနေတဲ့ အ၀တ်တွေအားလုံး ကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ ပါတယ်။


( ငရုတ်ပုလင်း ချစ်သား)
 From...Myawady News



နောင်ပွင့်တော်မူ မည့် အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ



၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်း မှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင် ၀တ်ပြီး ပရိယတ်၊ ပဠိပတ် သာသနာပြုတဲ့ ပုဂ္ဖိုလ်။


၂။ မိမိရင်မှဖြစ်တဲ့ သား၊ သူတစ်ပါးရ င်မှ ဖြစ်တဲ့သားတွေ ကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။

၃။ မိခင်ဖခင် တို့ ကို ၀တ်ကျေတန်းကျေ မဟုတ်ဘဲ စိတ်ပါ လက်ပါ ရိုသေစွာပြုစု လုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။

၎။ သရဏဂုံ သီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။



၅။ ဘုရား သာသနာ တည်စိမ့်သောငှာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ ကို ပြုပြင်တဲ့ ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ် လှူးဒါန်း တဲ့ ပုဂ္ဖိုလ်။


၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။

၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ ဆွမ်း လောင်း လှူသော ပုဂ္ဖိုလ်။




ကျွန်တော် သမီးလေးနဲ့ ဆော့နေတုန်း...

 Friday, November 29, 2013  ကျွန်တော် သမီးလေးနဲ့ ဆော့နေတုန်း...  `ဖေဖေ...နိုင်ငံခြားပြန်သွားမလို့ဆို´ `အင်း...´  `ဘယ်တော့ ပြန်လာမှာလဲ´ `နောက်တစ်ပတ်ရဲ့ နောက်ထပ် တစ်ပတ်´  `အကြာကြီးလိုပဲ...အဲ့ဒီ့နောက်တပတ်ရဲ့ နောက်ထပ်တပတ်ရဲ့ ဘယ်နေ့ပြန်လာမှာလဲ´ `စနေနေ့ ပြန်ရောက်မှာ´  `ဘာလို့ အဲ့လောက်တောင်အကြာကြီးနေမှာလဲ´ `သမီးလေး အတွက် ဖေကြီး အရုပ်တွေအများကြီးဝယ်ပေးဖို့ ပိုက်ဆံသွားရှာမှာ´  သမီးလေး ခေါင်းလေးကိုစောင်းပြီး မျက်လုံးကို အပေါ်ကိုမော့ကြည့်ပြီး ခဏငြိမ်သွားတယ်။  `ဒါဆို မနက်ပြန်ရောက်မှာလား ညပြန်ရောက်မှာလား´ `ညမှ ပြန်ရောက်မှာ´  `ဘာလို့စောစောပြန်လာပြီး သမီးနဲ့ မဆော့တာလဲ။´ ကျွန်တော် သမီးမေးခွန်းတွေကို ဆက်ဖြေချင်စိတ်မရှိတော့။ ခဏလောက်ငြိမ်သက်သွားမိတယ်။  `ဖေဖေ...မအိပ်ချင်သေးဘူးဆိုရင်...သမီးနဲ့ ဒါလေး ထပ်ကစားပါလားဟင်...´  ကျွန်တော့်ကိုမော့ကြည့်လိုက်တဲ့ မျက်ရည်တွေဝေ့နေတဲ့ သမီးမျက်လုံးတွေကို ကြည့်ရင်း ကျွန်တော့်ရင်ဘတ်ထဲ စူးခနဲဖြစ်သွားတယ်။ သမီး လိုချင်တာ ကျွန်တော် ၀ယ်ပေးမယ့် အရုပ်တွေမဟုတ်ဘူး ဆိုတာကို ကျွန်တော် သိလိုက်ရပါပြီ။    (အဲ့ဒီ့ စကားပြောခန်းတိုတိုလေးကိုဖတ်ပြီး မိဘနဲ့ ဝေးနေတဲ့ ကျွန်တော် ရင်ဘတ်ထဲ စူးခနဲဖြစ်သွားတယ်။)   သိုးငယ်

ကျွန်တော် သမီးလေးနဲ့ ဆော့နေတုန်း...

`ဖေဖေ...နိုင်ငံခြားပြန်သွားမလို့ဆို´

`အင်း...´

`ဘယ်တော့ ပြန်လာမှာလဲ´
`နောက်တစ်ပတ်ရဲ့ နောက်ထပ် တစ်ပတ်´


`အကြာကြီးလိုပဲ...အဲ့ဒီ့နောက်တပတ်ရဲ့ နောက်ထပ်တပတ်ရဲ့ ဘယ်နေ့ပြန်လာမှာလဲ´
`စနေနေ့ ပြန်ရောက်မှာ´

`ဘာလို့ အဲ့လောက်တောင်အကြာကြီးနေမှာလဲ´
`သမီးလေး အတွက် ဖေကြီး အရုပ်တွေအများကြီးဝယ်ပေးဖို့ ပိုက်ဆံသွားရှာမှာ´

သမီးလေး ခေါင်းလေးကိုစောင်းပြီး မျက်လုံးကို အပေါ်ကိုမော့ကြည့်ပြီး ခဏငြိမ်သွားတယ်။

`ဒါဆို မနက်ပြန်ရောက်မှာလား ညပြန်ရောက်မှာလား´
`ညမှ ပြန်ရောက်မှာ´

`ဘာလို့စောစောပြန်လာပြီး သမီးနဲ့ မဆော့တာလဲ။´
ကျွန်တော် သမီးမေးခွန်းတွေကို ဆက်ဖြေချင်စိတ်မရှိတော့။ ခဏလောက်ငြိမ်သက်သွားမိတယ်။

`ဖေဖေ...မအိပ်ချင်သေးဘူးဆိုရင်...သမီးနဲ့ ဒါလေး ထပ်ကစားပါလားဟင်...´

ကျွန်တော့်ကိုမော့ကြည့်လိုက်တဲ့ မျက်ရည်တွေဝေ့နေတဲ့ သမီးမျက်လုံးတွေကို ကြည့်ရင်း ကျွန်တော့် ရင်ဘတ်ထဲ စူးခနဲဖြစ်သွားတယ်။ သမီး လိုချင်တာ ကျွန်တော် ၀ယ်ပေးမယ့် အရုပ်တွေမဟုတ်ဘူး ဆိုတာကို ကျွန်တော် သိလိုက်ရပါပြီ။



(အဲ့ဒီ့ စကားပြောခန်း တိုတိုလေးကိုဖတ်ပြီး မိဘနဲ့ ဝေးနေတဲ့ ကျွန်တော် ရင်ဘတ်ထဲ စူးခနဲဖြစ်သွားတယ်။)


သိုးငယ်

 From...Facebook

မြတ်စွာဘုရားရှင် မှ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ် တွင် တရားစကား သြ၀ါဒ ပေးတော်မူခြင်း

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ ညနေချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။ ရှင်ရာဟုလာက မြတ်စွာဘုရားအတွက် နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။  “ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။  ချစ်သားရာဟုလာ.... လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။  ချစ်သားရာဟုလာ.... လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။  ချစ်သားရာဟုလာ.... အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။ ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။  ချစ်သားရာဟုလာ.... ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။ ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။  ချစ်သားရာဟုလာ.... အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”  နှလုံးသားအာဟာရ-
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။
ညနေချမ်းရောက်တော့
ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။
ရှင်ရာဟုလာက မြတ်စွာဘုရားအတွက်
နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။
မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး
တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။


“ချစ်သားရာဟုလာ....
အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။
မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ 
 ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....
လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊
ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....
လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....
အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။

ချစ်သားရာဟုလာ....
ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။
ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။

ချစ်သားရာဟုလာ....
အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။
တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”

နှလုံးသားအာဟာရ-
 
 From...SearchMyanmar
 


မိုးကြိုးသွားက ပေးသော တက်တူး


မိုးကြိုးသွားက ပေးသော တက်တူး   ပုံမှာ မြင်တွေ့ရတာကို တက်တူးလို့ ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ယင်းဟာ တက်တူးမဟုတ်ပဲ မိုးကြိုးပစ်လို့ ရတဲ့ အမာရွတ် ဖြစ်ပါတယ်။   အင်္ဂလိပ်လိုတော့ Lichtenberg figure လို့ခေါ်ပါတယ်။ အမြဲတမ်း မဟုတ်ပေ မယ့် မိုးကြိုးအပစ်ခံရရင် ရတတ်တဲ့ အမာရွတ်အများစုက ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ တက်တူးထိုးထားသလိုပဲ အပွင့် ပွင့် တွေနဲ့ လှနေ ပါတယ်။ မိုးကြိုးအပစ်ခံရပြီး ကံကောင်းလို့ အသက် ရှင် သွားတဲ့ လူနာတွေ ဆီကနေ မှတ်တမ်း တင်ထားတဲ့ အမာရွတ် ဖြစ်ပါတယ်။   မိုးကြိုးသွားရဲ့  ပြင်းတဲ့အပူချိန်နဲ့ လျှပ်စစ်ကြောင်းကြောင့် အရေအပြား ပေါ် မှာ သွေးစီးကြောင်းလို ထင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ အချို့ က ပျောက်ပေမယ့် အချို့ ကတော့ အမာရွတ် အနေနဲ့ တစ်သက်လုံး ထင်သွား တယ်လို့ ဆိုပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Lichtenberg figure- မိုးကြိုးသွားက ထိုးပေးလိုက် တဲ့ (တက်တူး) အမာရွတ်ကတော့ ယခုလို လှပနေတာကို မြင်တွေ့ ရပါတယ်။ --- Ref: wiki အောင်ခမ်း ( ရိုးရာလေး )  www.yoyarlay.com/entertainment/123-discovery/38941-lichtenberg-figure  .

ပုံမှာ မြင်တွေ့ရတာကို တက်တူးလို့ ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ယင်းဟာ တက်တူးမဟုတ်ပဲ မိုးကြိုးပစ်လို့ ရတဲ့ အမာရွတ် ဖြစ်ပါတယ်။

အင်္ဂလိပ်လိုတော့ Lichtenberg figure လို့ခေါ်ပါတယ်။ အမြဲတမ်း မဟုတ်ပေ မယ့် မိုးကြိုးအပစ်ခံရရင် ရတတ်တဲ့ အမာရွတ်အများစုက ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ 


တက်တူးထိုးထားသလိုပဲ အပွင့် ပွင့် တွေနဲ့ လှနေ ပါတယ်။ မိုးကြိုးအပစ်ခံရပြီး ကံကောင်းလို့ အသက် ရှင် သွားတဲ့ လူနာတွေ ဆီကနေ မှတ်တမ်း တင်ထားတဲ့ အမာရွတ် ဖြစ်ပါတယ်။ ...

မိုးကြိုးသွားရဲ့  ပြင်းတဲ့အပူချိန်နဲ့ လျှပ်စစ်ကြောင်းကြောင့် အရေအပြား ပေါ် မှာ သွေးစီးကြောင်းလို ထင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ အချို့ က ပျောက်ပေမယ့် အချို့ ကတော့ အမာရွတ် အနေနဲ့ တစ်သက်လုံး ထင်သွား တယ်လို့ ဆိုပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Lichtenberg figure- မိုးကြိုးသွားက ထိုးပေးလိုက် တဲ့ (တက်တူး) အမာရွတ်ကတော့ ယခုလို လှပနေတာကို မြင်တွေ့ ရပါတယ်။
---
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

www.yoyarlay.com/entertainment/123-discovery/38941-lichtenberg-figure

အိန္ဒိယမှာ လူကိုမြိုသွားတဲ့ စပါးကြီးမြွေ

အိန္ဒိယမှာ လူကိုမျိုသွားတဲ့ စပါးကြီးမြွေ Friday, November 29, 2013  နေ့ ခင်းကြောင်တောင်ကြီးမှာ စပါးကြီးမြွေရဲ့ မျိုခြင်းကို ခံလိုက်ရပါတယ်။ လူကတော့ အရက်သမား တစ်ဦးဖြစ်ပြီးမူးပြီး လမ်းဘေးမှာ လဲနေတဲ့  အချိန်မှာ မျိုသွားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ Attapadi ဧရိယာ Kerala ဒေသမှာ ဖြစ်ပါတယ်။  သင်ခန်းစာကတော့ အိန္ဒိယရဲ့  လမ်းဘေးမှာ အရက်မူးပြီး လျှောက်မသွားပါနဲ့  လို့ ဆိုပါတယ်။  Ref;news-hound ကိုလင်း ( MM Social Sky )
Friday, November 29, 2013

နေ့ ခင်းကြောင်တောင်ကြီးမှာ စပါးကြီးမြွေရဲ့ မျိုခြင်းကို ခံလိုက်ရပါတယ်။ လူကတော့ အရက်သမား တစ်ဦးဖြစ်ပြီးမူးပြီး လမ်းဘေးမှာ လဲနေတဲ့ အချိန်မှာ မျိုသွားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ Attapadi ဧရိယာ Kerala ဒေသမှာ ဖြစ်ပါတယ်။...

သင်ခန်းစာကတော့ အိန္ဒိယရဲ့  လမ်းဘေးမှာ အရက်မူးပြီး လျှောက်မသွားပါနဲ့  လို့ ဆိုပါတယ်။

Ref;news-hound
ကိုလင်း ( MM Social Sky)
From...Facebook

 

အနန္တရပစ္စယော သမနန္တရပစ္စယော မှ Guglielmo Marconi ရှာဖွေတွေ့ ရှိခဲ သော ယနေ့ IT ခေတ်


 
ကျနော်တို့ ရဲ့ မြန်စွာဘုရား ဟာ ပဌာန်းတရားတော်ကို ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၂၅၆၀ လောက်ကဟောကြားခဲ့ရာမှာ အနန္တရပစ္စယော နှင့် သမနန္တရပစ္စယော ကိုထဲ့သွင်း ဟောကြားထားပါတယ် အနန္တရပစ္စယော ကို အခြားမဲ့ တဆက်တည်း အကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား ရှေးဆရာကြီးများကတော့ 
 

စကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား
ရတနာအား အလိုလို မင်း (ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက် တည်းဖြစ်ခြင်း၊နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက် ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည် လို့ ဆိုထားပါတယ် ။ 
 သမနန္တရပစ္စယော ကို ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ ၍ ကျေးဇူးပြု တတ်သောတရား။ ရှေးဆရာကြီးများကတော့
 
စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တဆက်တည်းအကြား မရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်း သည်ဟု ဝန်ခံခြင်း၊မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည် 

လို့ ဆိုထားပါတယ်။ ကျနော်ဒီနေရာမှာ ပြောပြချင်တာက အခြားမဲ့မရှိ တဆက်တည်း အကြားမရှိဖြစ်လေ့ ရှိပုံ နဲ့ ကောင်းစွား အခြားမဲ့မရှိ တဆက်တည်း အကြားမရှိ ဆိုတဲ့ ဟောဒီ စင်္ကြဝဠာ ကြီးကနေ စင်္ကြာဝဠာ ကုဋ္ဋေ တစ်သိမ်းမသော စင်္ကြာဝဠာ အားလုံးဟာ အကြားအလပ်မရှိတာ ကိုရော စိတ် စေတသိက် ရုပ် တို့ ကြားမှာပါ အကြားအလပ် မရှိတာကို ဘုရား ရှင်က နှစ်ပေါင်း ၂၅၆၀ ကျော်လောက်က ဟောပြသွားခဲ့ပြီးပါပြီ ဒီလို အကြား မရှိတာ Guglielmo Marconi ကတော့မသိပါဘူး သိစရာ ဥာဏ်လည်းမမှီနိုင်ပါ ဘူး ဒါပေ မဲ့ လေ ထဲမှာ လှိုင်းတွေ အကြားအလပ် မရှိဆက်စပ်နေတာလောက်ကို မြင်နိုင်တော့ Guglielmo Marconi ဟာ ရေဒီယိုလှိုင်းကို အသုံးပြုတဲ့ ဆက်သွယ်ရေး စက်တွေကို ၁၈၉၆ နောက်ပိုင်းမှာ စတင်တည်ထွင် အသုံးပြုလာပါတယ် ၁၉၀၉ နိုဗလ် ဆုတွေရခဲ့ပြီး ၁၉၂၀ နှစ်ဦးပိုင်းလောက်မျာ ရေဒီယို ကနေအသံလွှင့် တာကိုစတင် တည်ထွင် ခဲ့ပါတယ်၊
 

Guglielmo Marconi ရဲ့ ပုံကိုလည်း ရှာဖွေဖေါ်ပြပေးလိုက်ပါတယ် Guglielmo Marconi သာလူဖြစ် မလာခဲ့ရင် ယနေ့ IT ခေတ် ဆိုတာ ရှိချင်ရင် ရှိမယ် မသေချာဘူး။ ကျနော်ပြောချင်တာ က ကျနော်တို့ ရဲ့ မြတ်စွာဘုရား ရှင်ဟာ ဘယ်သူ့ဆီကမှ အခြေခံနည်းတွေ ကို မယူဘဲနဲ့ ကိုယ်တော်တိုင် ကျင့်ကြံပြီး ဘုရားဖြစ်ကို ရခဲ့တာပါ။ ယနေ့တော်ကြပါတယ် ဆိုတဲ့ ကွန်ပျူတာ ပညာရှင်တွေဟာ Guglielmo Marconi တို့လိုပုဂ္ဂိုလ်မျိုး တွေဆီမှ အဆင့်ဆင့် နည်းပညာ လက်ဆင့်ကမ်းခဲ့ ကြလို့ ဒီနေ့ IT ခေတ်ဖြစ်လာတာပါ အလားတူပါဘဲ James Watt သာလူဖြစ်မလာခဲ့ ရင် ယနေ့ Hybrid Synergy System လို့ခေါ်တဲ့ ဓါတ်ဆီ နဲ့ ဘက်ထရီ နှစ်မျိုးပေါင်းသုံး ပြီးမောင်နိုင်တဲ့ကားတွေ ပေါ်လာစရာမရှိပါဘူး အောက်ပါ post ကတော့
မြန်မာ IT လူငယ်များ မှကူးယူခဲ့ပါတယ် ။
 


လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က အီတလီလူမျိုး ရူပဗေဒ ပညာရှင် မာကိုနီ (Guglielmo Marconi) ဟာ ရေဒီယို လှိုင်းတွေကို အသုံးပြုပြီး သတင်းအချက် အလက်တွေကို ပထမဆု့းအောင်မြင်စွာ ထုတ်လွှင့်နိုင် ခဲ့တဲ့ ပညာရှင်ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစလို့ ကမ္ဘာကြီး ဟာလည်း အရင်ကနဲ့မတူ အပြောင်းလဲကြီး ပြောင်း လဲခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ ကွန်ပြူတာနဲ့အင်တာနက်တော်လှန်ရေး ကြီးအကြောင်း အာပေါင်အာရင်း သန်သန် နဲ့ လူအများ ပြော ဆိုနေနိုင်တာဟာ လူနေမှုဘ၀တွေ၊ နေ့စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လွန်ခဲ့တဲ့နှစ်(၁၀၀) ကျော်လောက်ကတည်းက စတင်ပြောင်းလဲမှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်။

 
သတင်းအချက်အလက်တွေကို မမြင်တွေ့နိုင်တဲ့ မိုင်ထောင်ပေါင်း များစွာဝေးကွာတဲ့ ဒေသတစ်ခု ကနေတစ်ခုကို လေထု ကိုဖြတ်သန်း ပို့ဆောင် ပေးနိုင်ခဲ့တာဟာ အဲ့ဒီအချိန်ကအလွန် အံ့သြစရာကောင်း တဲ့ တီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကြိုးမဲ့ဆက်သွယ်မှု သာမရှိခဲ့ဘူး ဆိုရင် ရေဒီယို၊ တီဗွီ၊ ဆက်တယ်လိုက် ဆက်သွယ်မှုတွေဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ အကြားအလပ်မရှိ ဆက်သွယ်စေနိုင်ပြီး ကမ္ဘာ့ရွာ (Global Village) အဆင့်ရောက်လာတာဟာ ကြိုးမဲ့ ဆက်သွယ် ရေးနည်းပညာတွေရဲ့ စွမ်းဆောင်ပေးနိုင်မှုကြောင့်ပဲဖြစ်ပါတယ်။ 

မာကိုနီကနေစတင်ခဲ့တဲ့ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာဟာ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာပြီး ဆဲလ်ဖုန်း (cell phone)၊ ပေဂျာ (pager)၊ ဆက်တယ်လိုက် (satellite) ဆက်သွယ်မှု၊ ဒစ်ဂျစ်တယ် အချက်အလက် (digital data) တွေ ဆက်သွယ်မှုတွေအထိ ပြောင်းလဲလာတာ ဖြစ်ပါတယ်။ 

 ကြိုးမဲ့ဆက်သွယ်မှုနည်းပညာဟာ မာကိုနီခေတ်က morse code အသုံးပြုပြီး ကြိုးမဲ့သံကြိုးရိုက်တာက စလို့၊ အခုလက်ရှိသုံးစွဲနေတဲ့ ဒစ်ဂျစ်တယ်အချက်အလက် (digital data) တွေ ပို့ဆောင်တဲ့ နည်းပညာ အဆုံး၊ မမြင်နိုင် တဲ့ လှိုင်းတွေကနေ လက်ဆင့်ကမ်းသယ်ပို့ပေးတဲ့အချက်ကတော့ အတူတူပါဘဲ။ အဲ့ဒီ လှိုင်းတွေ ဟာ လျှပ်စစ်သံလိုက်ရောင်စဉ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး စွမ်းအင်လှိုင်း (Energy wave)   တွေဖြစ် တဲ့ မြင်နိုင်တဲ့အလင်း၊ အိတ်စရေးတွေပါဝင်နေပါတယ်။ 

အဲ့ဒီထဲက အစိတ်အပိုင်း တစ်ခုဖြစ် တဲ့ ရေဒီယိုဖရီကွင်စီဖြစ်တဲ့ Radio Frequency (RF) တွေကတော့ သတင်းအချက်အလက်တွေ သယ်ဆောင်ဖို့အတွက် အသုံးဝင်စေပါတယ်။ ဘယ်လိုဒေတာအမျိုးအစားတွေ ကို ထုတ်လွှင့်တာဖြစ်စေ၊ RF တွေကို အသုံးပြုရတာဖြစ်ပြီး ရေဒီယိုထုတ်လွှင့်ရုံသက်သက် မဟုတ်ပါဘူး။ 
သတင်းအချက်အလက်တွေကို ရေဒီယိုကနေ လက်ဆင့်ကမ်းသယ်ဆောင်ပေးတာခြစ်ပြီး အသံတွေ၊ စကားပြောဆိုမှုတွေ၊ တီဗွီလှိုင်းတွေ၊ ကွန်ပြူတာအချက်အလက်တွေ (computer data) တွေ အားလုံးပါ ၀င်ပါတယ်။သတင်းအချက်အလက်တွေကို လှိုင်းတွေကနေတစ်ဆင့် ပို့ဆောင်ဆက်သွယ်ဖို့အတွက် Modulator လို့ခေါ်တဲ့ပစည်းကို သုံးရပါတယ်။ အဲ့ဒီပစည်းကနေ လေထဲကို ထုတ်လွှင့်ပေးပါတယ်။ လွယ်လွယ်ပြော ရင်တော့ အသံလွှင့်စက်ပါ။ 
 
တစ်ခါတစ်လေမှာ ဆဲလ်ဖုန်းရဲ့တာဝါတိုင်နဲ့ သိပ်မဝေးတဲ့နေရာက ဆက်သွယ်တာ၊ ဒါမှမဟုတ် ကမ္ဘာ့ ဘယ်လောက်ပဲဝေးဝေး ကိုယ်ရည်ရွယ်ပို့ဆောင်တဲ့ခရီးလမ်းဆုံးကိုရောက်ရင် demodulation လို့ခေါ် တဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်ရပါတယ်။ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာမှာ အသံတွေထုတ်လွင့်တဲ့ modulation နဲ့ အသံဖမ်းယူဖို့ ပြန်ပြောင်းလဲတဲ့ demodulation ကတော့ မရှိမဖြစ် လုပ်ငန်း စဉ်နှစ်ရပ်ဖြစ် ပါတယ်။
   
တီဗွီခလုတ်ကနေ လိုင်းပြောင်းလိုက်တာပဲဖြစ်ဖြစ်၊ သူ့ထက်ပိုပြီးရှုပ်ထွေးတဲ့ ဆဲလ်ဖုန်းကနေ အီးမေးလ်တွေ ပို့ တာ၊ လက်ခံတာပဲဖြစ်ဖြစ် တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲနေတဲ့ နည်းပညာသစ်တွေထဲ ၀င်ရောက်လုပ်ကိုင် တိုးဝင် ဆောင်ရွက်နေရတယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။ 

MODULATION
RF  လှိုင်း တွေကိုအသုံးပြုပြီး သတင်းအချက်အလက်တွေ ပို့ဆောင်တဲ့လုပ်ငန်းကို Modulation လို့ခေါ်ပါတယ်။ လှိုင်းတွေကို လက်ခံရတဲ့အချိန်မှာ အဲ့ဒီလှိုင်းတွေကို Demodulation ကလုပ်ပြီး သတင်းအချက်အလက် (information) တွေအဖြစ် ပြောင်းပေးရပါမယ်။
 

DATA
ကြိုးမဲ့ဆက်သွယ်နိုင်တဲ့ ဒေတာ (DATA) ဆိုတာ သတင်းအချက်အလက်တွေဖြစ်တဲ့ ရေဒီယိုနဲ့ တီဗွီ signal တွေ၊ လူအသံတွေ၊ ကွန်ပြူတာဒေတာတွေအားလုံး အကျုံးဝင်ပါတယ်။ အဲ့ဒီ ဒေတာတွေကို လျှပ်စစ်သံလိုက်စက်ကွင်း (Electromagnetic spectrum) ထဲက လျှပ်စစ်သံလိုက် (Electromagnetic) ရဲ့ ရေဒီယိုလှိုင်း (radio wave) တွေကနေ လက်ဆင့်ကမ်းသယ်ဆောင်ပေးပါတယ်။ ဘယ်ဒေတာ အမျိုးအစားကိုမဆို RF တွေကနေ လက်ဆင့်ကမ်းသယ်ဆောင်ပေးနိုင်ပြီး AM ၊ FM စတဲ့ ရေဒီယို လှိုင်းတွေသက်သက်ပဲ သယ်ဆောင်ပေးနိုင်တာ မဟုတ်ပါဘူး။
 

CELLS
ဆယ်လူလာတယ်လီဖုန်းဆိုတာ ဆဲလ်တွေကိုအသုံးပြု ဆက်သွယ်တဲ့ဖုန်းမို့လို့ ဆဲလ်ဖုန်းလို့ခေါ်တာပါ။ ဆဲလ်ဆိုတာ ဧရိယာတစ်ခုကို ဆဲလ်လေးတွေအဖြစ် ခွဲစိတ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆဲလ်ဖုန်းကနေ စကားပြောဆိုမှုကို လက်ခံတာဖြစ်ဖြစ် ပို့တာဖြစ်ဖြစ် ဆဲလ်တွေအတွင်းမှာပဲ ဆက်သွယ်နိုင်တာ မျိုးမဟုတ် ဘဲ နေရာဒေသအမျိုးမျိုးမှာ ဆက်သွယ်ဖို့ လုပ်ဆောင်နိုင်စေပါတယ်။ သတင်းအချက်အလက်တွေဟာ ဆဲလ်တစ်ခုကနေတစ်ခု အဆင့်ဆင့်ဆက်သွယ်ပြီး ကိုယ်ဆက်သွယ်လိုတဲ့ နေရာကို ရောက်ရှိစေပါတယ်။
 

TRANSISMITTERS & RECEIVER
သတင်းအချက်အလက်တွေကို သယ်ပိုးထားတဲ့ ရေဒီယိုဖရီကွင်စီလှိုင်း (RF wave) တွေကို လွှင့်စက်ကနေ ပို့လွှတ်ပါတယ်။ အဲ့ဒီလှိုင်းတွေကို ဖမ်းစက်ကနေ လက်ခံရယူပါတယ်။
 

BASE STATION
ဆဲလ်တွေ အသီးသီးရဲ့အတွင်းမှာ Base Station ရှိနေပြီး ဆဲလ်တွေရဲ့ အတွင်းမှာရှိတဲ့ ဖုန်းတွေဆက်သွယ်ဖို့နဲ့ တခြားဒေသဆီကိုပို့မယ့် ဆဲလ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို လက်ဆင့်ကမ်းဆောင်ရွက်ဖို့ base station ကနေ လုပ်ဆောင်ပေးပါတယ်။

 HANDOFF
ဆဲလ်ဖုန်းကနေ စကားပြောနေရင်း တစ်နေရာကနေတစ်နေရာကို သွားလိုက်ရင် ဆဲလ်တစ်ခုကနေ တစ်ခုရွှေ့ပြောင်းနေတဲ့ သဘောဖြစ်ပါတယ်။ Handoff တွေဟာ base station တစ်ခုကနေ တစ်ခု ဆက်လက် လက်ဆင့်ကမ်း ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အဲ့ဒီ အတွက် သင်စကားပြောဆို ဆက်သွယ်တဲ့နေရာမှာ ပြတ်တောက်သွားတာမျိုး မဖြစ်ပါဘူး။

မြန်မာ IT လူငယ်များ မှာသွားရောက် ဆက်လက်ဖတ်ရှုကြပါ။ 

From...မြန်မာတို့အတွက်.ဗဟုသုတ 

28 November 2013

သီချင်းဆိုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

သီချင်းဆိုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ   ၁။ စိတ်ဓာတ်ကျဆင်းစေသော သောကများ လျော့ချပေးခြင်း။  ၂။ သွေးဖိအား လျော့ချပေးခြင်း (သွေးတိုး ရောဂါဖြစ်နိုင်ချေ ကျဆင်းခြင်း)။  ၃။ ကိုယ်ခံအား ကောင်းစေခြင်း။   ၄။ အသက်ရှုအား ကောင်းစေခြင်း၊ အဆုတ်ကျန်းမာစေခြင်း။   ၅။ ကိုယ်ရော စိတ်ပါ စည်းချက်မှန်မှန် လှုပ်ရှားတတ်စေခြင်း။  ၆။ သင်ယူလေ့လာမှု အားကောင်းစေခြင်း (အထူးသဖြင့် ကလေးများ)။  ၇။ မှတ်ဥာဏ်များ ပိုမိုကောင်းမွန်ခြင်း။  ၈။ လူမှုဆက်ဆံရေး တိုးတက်စေခြင်း။  ၉။ ကိုယ်စိတ်ချမ်းသာခြင်း။  ၁၀။ တက်ကြွလန်းဆန်းစေခြင်း။  -- Ref: medicfacts  အောင်ခမ်း ( ရိုးရာလေး )  http://www.yoyarlay.com/health/therapy/38940-singing-health-benefit  .


၁။ စိတ်ဓာတ်ကျဆင်းစေသော သောကများ လျော့ချပေးခြင်း။
...
၂။ သွေးဖိအား လျော့ချပေးခြင်း (သွေးတိုး ရောဂါဖြစ်နိုင်ချေ ကျဆင်းခြင်း)။

 


၃။ ကိုယ်ခံအား ကောင်းစေခြင်း။

၎။ အသက်ရှုအား ကောင်းစေခြင်း၊ အဆုတ်ကျန်းမာစေခြင်း။

၅။ ကိုယ်ရော စိတ်ပါ စည်းချက်မှန်မှန် လှုပ်ရှားတတ်စေခြင်း။

၆။ သင်ယူလေ့လာမှု အားကောင်းစေခြင်း (အထူးသဖြင့် ကလေးများ)။

၇။ မှတ်ဥာဏ်များ ပိုမိုကောင်းမွန်ခြင်း။

၈။ လူမှုဆက်ဆံရေး တိုးတက်စေခြင်း။

၉။ ကိုယ်စိတ်ချမ်းသာခြင်း။

၁၀။ တက်ကြွလန်းဆန်းစေခြင်း။
--
Ref: medicfacts

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/health/therapy/38940-singing-health-benefit






27 November 2013

အမျိုးသမီးတွေရဲ့ ခန္ဒာကိုယ်က

လေ့လာချက် တစ်ခုအရ အမျိုးသမီးတွေရဲ့ ခန္ဒာကိုယ်က ထွက်တဲ့ chemical compounds တစ်မျိုးရဲ့ ရနံ့က စိတ်လှုပ် ရှားမှုကို ပေးစွမ်းနိုင်ပြီး အမျိုးသား တွေကို ဆွဲဆောင် နိုင်တယ်လို့ ဆိုပါတယ်။



တကယ်လို့ မိန်းကလေး တစ်ယောက်အဖို့ ဆန့်ကျင်ဘက် လိင်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီ ဆိုရင် ဒါဟာ အံ့သြစရာ ကောင်းတဲ့ သဘာဝက ပေးတဲ့ လက်ဆောင်ပါပဲ။ သင့်ရဲ့ ဖက်ရှင် ဒီဇိုင်နာကို အမှတ်တွေ အရမ်း မပေးမိခင် ခဏလေး နေပါဦး။ ဒီလို ဆွဲဆောင်နိုင်တာ အမှန်တော့ သင့်ကိုယ်က ထွက်တဲ့ chemical တစ်မျိုး ကြောင့်ပါပဲ။




သင့်ခန္ဓာကိုယ်က pheromones အမည်ရတဲ့ chemical compounds တွေအလိုအလျောက် ထွက်နေ ပါတယ်။ pheromones က ဂရိဘာသာမှ ဆင်းသက် လာတာ ဖြစ်ပြီး စိတ်လှုပ်ရှားမှု ဖြစ်စေတတ်တဲ့ အရာတွေ တစ်နေရာ ကနေ တစ်နေရာကို သယ်ဆောင် ပေးတယ်လို့ အမည်ရ ပါတယ်။ ဒီ chemical တွေက လိင်မှုဆိုင်ရာ ဆက်ဆံရေးမှာ အဓိက ဆောင်ရွက်ပြီး ကျွန်တော်တို့ နှာခေါင်း အတွင်းက ဆဲလ်တွေ ထဲမှာ အာရုံခံ ပြီးနောက် ဦးနှောက်ကို အချက်အလက်တွေ ပို့ဆောင် ပေးပါတယ်။ 
တိရိစ္ဆာန် တွေနဲ့ အင်းဆက် တွေကလည်း ဒီ chemical ကိုထုတ်လွှတ် နိုင်ကြပြီး ဒီ chemical ကတဆင့် မျိုးပွားမှုတွေ လုပ်ဆောင် ကြတာမို့ သူတို့မှာ စကားပြော စရာတောင် မလိုအပ်ပါဘူး။ pheromones ရဲ့နောက်ကွယ်က သိပ္ပံပညာ ကလည်း ယနေ့တိုင် ငြင်းခုန်စရာ အဖြစ် ရှိနေပြီး အထူးသဖြင့် အမျိုးသား တစ်ယောက်က အမျိုးသမီး တစ်ယောက်ရဲ့ ဆွဲဆောင်တဲ့ ရနံ့ကို အာရုံခံမှု ဆုံးဖြတ်တဲ့ အခါမျိုးမှာ ဒွိဟအဖြစ် ရှိနေဆဲပါပဲ။ pheromones တစ်မျိုးတည်းက လိင်မှုကိစ္စ ရွေးချယ်မှု အတွက် အဓိက ကျသလား ဆိုတာက စမ်းသပ်ဖို့ ခက်ခဲဆဲပါ။



ဒါပေမယ့် ရေမွှေးနဲ့ အမွှေးနံ့သာ ထုတ်လုပ်သူ တွေကိုတော့ မပြောမိ ပါစေနဲ့။ သူတို့က ရေမွှေးရဲ့ sexy ဖြစ်မှု လျို့ဝှက်ချက်ကို ပြောမှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေ အနေနဲ့ pheromones ပါဝင်တဲ့ ရေမွှေး အသုံးပြုခြင်းဖြင့် မိမိရည်ရွယ်တဲ့ အမျိုးသားနဲ့ နီးစပ် စေမှာတော့ အမှန်ပါပဲ။ ဥပမာ အနံ့စူးစူး ရေမွှေးကို အသုံးပြုတဲ့ အမျိုးသမီး တွေက အမျိုးသားတွေအပေါ် တက်ကြွတဲ့ ခံစားမှုကို ပေးစေပါတယ်။ အကြောင်း ကတော့ အမျိုးသား တွေထက် အမျိုးသမီးတွေက ဒီလိုရနံ့ကို အဆ၁၀၀၀ အာရုံခံနိုင်ပြီး သူမက စကား မပြောရတဲ့ နည်းလမ်းနဲ့ ဒီအမွှေးရနံ့ကို ပြန်လည် ဖြန့်ဝေ ပေးပါတယ်။ 
တကယ်လို့သာ ရေမွှေးတွေက အမျိုးသား တွေကို မဆွဲဆောင်ဘူး ဆိုရင် ဘာတွေ ဖြစ်လာမလဲ။ သိပ္ပံပညာရှင် တွေကတော့ အမျိုးသား တွေရဲ့ လိင်စိတ်ဟာ pumpkin pie၊ doughnuts၊ lavender နဲ့ cinnamon rolls အနံ့တွေ ရှုမိရင် ကြွတတ်ကြောင်း တွေ့ရှိထား ပါတယ်။ ဒါပေမယ့် lavender အကိုင်း တစ်ကိုင်းကို မီးမြိုက်ပြီး အနံ့ခံ တာထက် အမျိုးသမီး တွေရဲ့ ဆွဲဆောင်တဲ့ ရနံ့က ပိုမိုပြီး လိင်စိတ် ကြွစေတယ်လို့ ဆိုပါတယ်။



အမွှေးရနံ့ တွေဟာ နေရာဒေသကို လိုက်ပြီးတော့လည်း သက်ရောက်မှု ကွာခြား ပါတယ်။ အီသီယိုပီးယားမှာ နွားကထွက်တဲ့ ရနံ့က အစွမ်းထက်တဲ့ ရေမွှေးထက် ပိုကောင်း ပါတယ်။ နွားကထွက်တဲ့ ရနံ့က မျိုးပွားမှု ကိုလည်း ကောင်းစေပြီး နွားချေးကို အမျိုးသား တွေက ခန္ဓာကိုယ်မှာ လိမ်းကျံပြီး အမျိုးသမီးတွေက ခေါင်းမှာ လိမ်းကြ ပါတယ်။ သင့်အနေ နဲ့တော့ စနစ်တကျ ထုတ်လုပ်ထားတဲ့ pheromone ရေမွှေးကို ရွေးချယ် နိုင်သလို မသုံးဘဲလည်း နေနိုင်ပါတယ်။ 
သင်ရှုသွင်း လိုက်တဲ့ လေနဲ့အတူ ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင် နိုင်ဖို့ ရေမွှေးကုမ္ပဏီ တွေ ကတော့ ကြော်ငြာ နေဦးမှာပါပဲ။ သိပ္ပံနည်းကျ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေး သရွေ့တော့ အနံ့မဲ့ တဲ့ ရေမွှေးတွေ ထက်စာရင် အနံ့သင်းသင်း ရေမွှေးက ပိုပြီး ဆွဲဆောင်မှု ရှိနေဦးမှာပါ။ ဒါပေမယ့် ဒီလို pheromone ရေမွှေးတွေက အမျိုးသား တစ်ယောက်ကို တိုက်ရိုက် ဆွဲဆောင်မှု မရှိနိုင် ပေမယ့် သင်လွှတ် လိုက်တဲ့ ရနံ့က လိင်စိတ် ပိုကြွလာစေ မှာတော့ အမှန်ပါပဲ။



Source - HowStuffWorks, Images from Glamour, thefashionrecords.com
From...Myanmar Forward

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ


အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁)ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ 
 
ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စ ထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄)ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅)သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

(၆)သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇)ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၈)အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။

(၉)ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၁၀)လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

By Good Health
From...Myanmar Forward