05 March 2018

မြန်မာ ဘာလဲ



၂၁ ရာစု စစ်ရေး အားပြိုင်မူ အားကြီးလာခြင်းနှင့် အတူ အမေရိကန် အပါအဝင် စူပါ ပါဝါကြီးများ အလေးထား စောင့်ကြည့် နေရသော နိုင်ငံသည် မြောက်ကိုရီးယား ပြီးလျှင် မြန်မာ ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတော်သည် စစ်လက်နက်ပစ္စည်း အလှို့ဝှက်ဆုံး နိုင်ငံ အဖြစ် စိတ်အဝင်စား အခံရဆုံးဖြစ်သည်။ မြန်မာ တိတ်တစ်ဆိတ် စူပါ ပါဝါဖြစ်နေပြီလား ဟူသည့် မေးခွန်းအောက်တွင် ကမ္ဘာ့ နိုင်ငံကြီးများ အခြေနေ အမျိုးမျိုးဖြင့် အကဲစမ်းလာကြသည်။ ယခု ရခိုင် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ခ်ျ့ ကပင် နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းအစုံဖြင့် ကြည်းရေလေ စစ်ရေးပြ သွေးတိုးစမ်းလာ၏။

အရာရာ လျှို့ဝှက်တတ်လွန်းခြင်းသည် မြန်မာ ၏ ဗီဇ နိယာမဖြစ်သည်။ မလိုအပ်လျှင် ကြောင်လက်သည်း   ဝှက်သကဲ့သို့နေတတ်ခြင်းအား လျှော့တွက်၍ အပျော့ဟု တွက်လျှင် မှားသွားမည်ပင်။

ထိုအခြေအနေအား၂၀၁၇ တွင် စင်ကာပူ နိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ရေတပ်များ စစ်ရေးစွမ်းရည်ပြပွဲက သက်သေခံ သွား၏။

လက်ရှိ အခြေအနေတွင် တိုက်ခိုက်ရေး အထူးယာဉ် ဖရိးဂိတ် စစ်သင်္ဘောတည် ဆောက်နိုင်သောနိုင်ငံမှာအရှေ့တောင်အာရှ တွင် မြန်မာ တစ်နိုင်ငံသာရှိသေး၏။

ထိုစစ်ရေးပြ အခမ်းအနားတွင် ဆင်ဖြူရှင် ၏ ခြေမူန်းနိုင်မူစွမ်းအားကို တရုတ် ဂျပန် စသည့်နိုင်ငံကြီးများပင် ပါးစပ် အဟောင်းသား မှင်သက်မိသွားစေသည်။ 
ကမ္ဘာ့ ရေတပ် အဆင့်၂၀ ကျော်မှ ချက်ချင်း ၁၅ သို့ပြောင်းလဲ သတ်မှတ်လိုက်သည်။

စစ်ရေးအရ အရေးပါသော ကမ်းရိုးတန်းအား သဘာဝတရားက ပေးထားသည်။ ရေပြင် စိုးမိုးရေးကို အာရှတိုက်သာ မက တစ်ကမ္ဘာလုံးအား ပျူဟာမြောက်ထိန်းချုပ် စစ်ကစားနိုင်သော အခင်းအကျင်းဖြစ်သည်။
ထိုအနေအထားအား နားမလည်ပဲ အိပ်နေသော ကျားနူတ်ခမ်းမွှေး လာသပ်လျှင်ဖြင့် ဘင်္ဂလားဒေခ်ျ့ သည်အထိနာမည်ဖြစ်သည်။ 






မြန်မာသည် လတ်တလော အခြေနေအရ လှံထိပ်ဖျားဝယ် နားနေရသော ပုဇင်းကဲ့သို့ အရိပ်သုံးပါး အကဲဖြတ်ငြိမ်နေခြင်းဖြစ်သည်။ အတွေးမှား၍ အခါသင့်တုံး စားစရာဟု အထင်ရောက်ပြီး ရှေ့တိုးလျှင် အသွားပေါ် ခုန်ချသည့် ဖားပမာ ကားယားဖြစ်သွားမည်။

မြှောက်ထိုးပင့်ကော် လုပ်နေသော ကမ္ဘာ့ အကြမ်းဖက် မျိုးစုံ၏ အားအင်ကို ယုံကြည်၍ ပုံလိုက်လျှင်နေစရာဘုံ ပျောက်မည့်ကိန်း မသိရှာပေ။ ပြင်ပ အကြမ်းဖက်များနှင့် ပူးပေါင်းလိုက်သည့် နေ့ မြန်မာသာ မက တစ် ကမ္ဘာလုံး ၏ ဘုံရန်သူဖြစ်သွားပေမည်။

လူဦးရေ အချိုး အစားဖြင့် စစ်ရေး ခမ်းနားမူသည် မိုဟာမက်ခေတ်မှာ ကျန်ခဲ့ပြီ။ နည်းပညာခေတ်တွင် လူ အင်အားများ နေခြင်းသည် အားနည်းချက်ဖြစ်သည်ကို အစ္စရေးက သက်သေခံသည်။ သူ့လူမျိုးတစ်ယောက် အသတ်ခံရလျှင် ဆယ်ယောက်ပြန်သတ်သည်။ ကန္တာရအလယ် မြေခွေး အဝိုင်းခံ ခြင်္သေ့ ပမာ
ဖြစ်နေသော်လည်း အကဲဆတ်သည်။

လူအင်အား နိုင်းဆမရအောင် အချိုးအစား ကွာနေသော်လည်း အစ္စရေးဟု အသံ ကြားလိုက်လျှင် အာရပ်နိုင်ငံများ နားပိတ် အော်သွားကြသည်။ အစ္စရေး သွားထိလျှင် နီးစပ်ရာ သူတို့အမျိုများ ချက်ချင်း
ကြမ္မာ ငင်သွားမည်မို့ မတို့ မဆိတ် ရဲပေ။







ကုလသမ္မဂ္ဂ သည်လည်း အစ္စရေးအား ငပွကြီး မလုပ်ရဲ။ လူအင်အားကို အားသာချက် အဖြစ် မြန်မာနားရွက်တံထွေးဆွတ်လျှင်ဖြင့် လူဥိးရေ သန်းထောင်ချီနေသော ကွန်မြူနစ် တရုတ်ကြီးကိုမေးပါ။ ရာဇဝင် စစ်ပွဲတွေထဲမှာ တရုတ်က မြန်မာကိုဘယ်နှစ်ခါ နိုင်ဘူးလဲလို့။ 

ကွန်မြူနစ် ကူမင်တန်ရဲ့ကြီးမားတဲ့မိုင်ခြောက်ထောင် စစ်ခရီးကြမ်းကြီးနောက် ဆက်တွဲ အဖြစ် မြန်မာ့ မြေ ပေါ် လူ ဒီလိုင်းနဲ့ အလုံးအရင်း ဝင်လာတဲ့ ချန်ကေရှိတ် အရိုးခေါက်မေးကြည့်ပါ။ လူ ဒီလိုင်းနဲ့ မြန်မာကို တိုက်ခဲ့တာ အဆင်ပြေလားလို့။

လူဦးရေနဲ့ခြောက်ဖို့ စဉ်းစားမနေ နဲ့ ဘင်္ဂလားရေ။ ဆရာကြီးအောင်သင်း စကားနဲ့ နိဂုံးချုပ်မယ်။

လူဦးရေ  လူဦးရေ ပြောမနေနဲ့ကွာ နားညီးတယ် ။
ကဲ တစ်ချက် လူဦးရေ ဘယ်လောက်သေချင်သလဲ ပြောခဲ့ကွာ  ...   ဟု ဆိုရခြိမ့်မည်။


မိုးသဲအောင် ပန်းမြေ


No comments:

Post a Comment