27 September 2018

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် ပတ်သက်၍ ပြောကြားချက်



သမ္မတထရန့် ၏ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှ မြန်မာ ပရိတ်သတ်ကြီး အကြိုက်တွေ့ဖွယ် ပြောကြားချက်များ ၊

လူ့အခွင့်အရေးကောင်စီဟာ ကုလသမဂ္ဂကြီး တစ်ခုလုံးကို အရှက်ရအောင် လုပ်နေတယ်လို့ ကျွန်တော် မနှစ် ကလည်း ကုလသမဂ္ဂကြီးကို သတိပေးခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးကောင်စီဟာ တစ်ကယ် လူ့အခွင့် အရေး ချိုးဖောက်နေတဲ့သူတွေကိုတော့ အကာအကွယ်ပေးထားပြီး ကျွန်တော်တို့ အမေရိကန်နဲ့ မိတ်ဆွေ နိုင်ငံတွေကိုတော့ လာလာ ပုတ်ခတ်နေပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီ က လူ့အခွင့်အရေးကောင်စီ ကို ပြုပြင် ပြောင်း လဲဖို့ အတွက် ကုလအနေနဲ့ ဘာတွေဘာတွေ လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြ ပေး ထားပြီး သားဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာမှဖြစ်မလာသေးပါ။ ဘာမှလဲ မပြောင်း လဲသွားသေးပါ။ အဲ့တော့ အမေရိကန်ကပဲ တာဝန်ယူပြီး စလုပ်ရပါတော့မယ်။ ကျွန်တော်တို့ နိုင်ငံသည် လူ့အခွင့်အရေးကောင်စီ ကနေ နှုတ်ထွက်ပါတယ်။ ခင်ဗျားတို့ အချိုးတွေပြင်ပါ။ အချိုးတွေ မပြင်မချင်း ကျွန်တော်တို့ ပြန်မလာပါ။

အိုင်စီစီ နှင့် ပတ်သက်၍ ပြောကြားချက်

အမေရိကန်သည် အိုင်စီစီ ကို လုံးဝ အသိအမှတ်မပြုပါ။ အိုင်စီစီ တွင် တရားစီရင်ခွင့် မရှိပါ၊ တရားဝင်မှုမရှိပါ၊ လုပ်ပိုင်ခွင့်လည်း မရှိပါ။ အိုင်စီစီ ဟာ နိုင်ငံတိုင်းက နိုင်ငံသားတိုင်းအပေါ်ကို အလုံးစုံတရားစီရင်ခွင့် Universal Jurisdiction လောက်နီးနီးရဖို့ တောင်းဆိုနေပါတယ်၊ တရားမျှတမှုကို ချိုးဖောက်နေပါတယ်၊


တရားမျှတမှုဆိုင်ရာ မူဝါဒတွေ အားလုံးကိုလည်း ချိုးဖောက်နေပါတယ်။ ဘယ်သူမှ မရွေးကောက် မတင်မြှောက် ထားသော၊ ဘာတာဝန် ခံမှု၊ ဘာလုပ်ပိုင်ခွင့်မှမရှိသော အိုင်စီစီလို တစ်ကမ္ဘာလုံးဆိုင်ရာ ဗျူရိုကရေစီတစ်ခုကို မိမိတို့ လက်နက်ချ စရာ အကြောင်းမရှိပါ။ အမေရိကန် ရဲ့ အချုပ်အချာအာဏာကို လုံးဝ အထိအခိုက်ခံမည်မဟုတ်ပါ။ အမေရိကန်ကို အမေရိကန်တွေသာ အုပ်ချုပ်ပါတယ်။ တစ်ကမ္ဘာလုံး ဆိုင်ရာ အယူအဆ Globalism ကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ မျိုးချစ်စိတ်ဓါတ် ကိုသာ လက်ကိုင်ထားပါတယ်။ 

Global Governance ဟာ နိုင်ငံတွေ အပေါ် လွှမ်းမိုးမှု၊ အကြပ်ကိုင်မှု၊ ကျူးကျော်မှု နည်းလမ်း အသစ်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံတွေ အနေနဲ့လည်း နိုင်ငံတစ်ကာ အဖွဲ့အစည်းတွေရဲ့ အုပ်စိုးမှုကနေ ကိုယ့်အချုပ်အချာ အာဏာကို လုံခြုံအောင် ကာကွယ်ဖို့အတွက် တာဝန်ရှိပါတယ်။ 


နိုင်ငံများ၏ အချုပ်အချာ အာဏာနှင့် ပတ်သက်၍ ပြောကြားချက်

နိုင်ငံအားလုံးရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ယုံကြည်မှု၊ အစဉ်အလာ ထုံးတမ်း ဓလေ့တွေကို ကျွန်တော်လေးစား ပါတယ်။ အမေရိကန်ဟာ သင်တို့ကို ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုစားရမယ်လို့ ဝင်ရောက်စွက်ဖက်ပြော ဆိုမည် မဟုတ်ပါ။ အပြန်အလှန် အားဖြင့် အမေရိကန်ကိုလည်း အဲဒီလိုတွေ အမေရိကန်၏ အချုပ်အချာအာဏာကို လေးစားပါ။

နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံ အကျိုးစီးပွားကိုလိုက်ပြီး လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေ ချမှတ်ခွင့် ရှိပါတယ်။ ဒါကြောင့် ကိုယ့် အခွင့်အရေးနဲ့ကိုယ် ကိုယ့်နိုင်ငံအတွက် လုပ်နေတာတွေကို ဝင်မညှောင်ပါနဲ့။ အမေရိကန် ဟာ Global Compact on Migration မှာလည်း ဝင်ပါမည်မဟုတ်ပါ။ လူဝင်မှုကြီးကြပ်ရေး ဆိုတာ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံသားတွေအပေါ် ဘာတာဝန်ခံမှုမှမရှိတဲ့ နိုင်ငံတစ်ကာ အဖွဲ့အစည်းတွေ ပါဝင် သင့်တဲ့ကိစ္စမဟုတ်ပါ။

မချယ်က ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ထားတာဖြစ်ပါတယ်။ 
မိန့်ခွန်း အပြည့်အစုံကို Fox မှာ ရှာဖတ်နိုင်ပါတယ်။

Credit ; မချယ်
Kyaw Swar

No comments:

Post a Comment