27 July 2019

ပကတိ အမြင်




စာပေနဲ့ စီမံခန့်ခွဲရေး ပညာရပ်မှာ အားလုံးနီးပါးလောက်က အကောင်းမြင် Optimistic ဖြစ်ဖို့ ရေးကြသားကြပြီး Pessimistic ဆိုတဲ့ အဆိုးမြင်ကို ရှောင်လေ့ရှိကြတယ် ။

မနေ့က လုပ်ငန်းရှင်ကြီးဖြစ်နေတဲ့ တပည့်တစ်ယောက်နဲ့ ဖုန်းပြောဖြစ်ကြတယ် ။ဘယ်အဖွဲ့က ပညာတော်တဲ့ လူငယ် အရေအတွက် ဘယ်လောက်ကို စုထားတယ်လို့ဆိုတယ် ။

လူငယ်တွေကိုပြုစုပျိုးထောင်ရာမှာ စာတွေ့ Education တစ်ခုထဲနဲ့ မပြည့်စုံဘူး၊ ၁၉၅၀ ဝန်းကျင်မှာ အမေရိကန်တွေ ကြုံခဲ့တဲ့ အမှားမျိုး ....
Knowledge = Education. + Experiences
ပညာ = စာတွေ့ + လက်တွေ့



Education ဆိုတာ General ပဲ၊ Local context ထဲ့ပေးရတဲ့ အပြင် လက်တွေ့နဲ့ စာတွေ့ ကွာတာတွေ အများကြီးပဲ ။

" မင်းကိုယ်တိုင် MBA ရပြီးပြီလေ၊ လက်တွေ့နဲ့ ဘာကွာသလဲ ဆိုတာ မြင်မှာပေါ့ "
" ဒါတော့ ဟုတ်တယ်ဆရာ "


လုပ်ငန်းကြီးလာရင် CEO တစ်ဦးဟာ သူ့လက်အောက်က Admin, Finance, Trade, Manufacturing, HR စတဲ့ ဌာနတွေ များရင်များသလောက် ကိုင်တွယ် ဆက်ဆံရပုံခြင်းမတူပါ၊
အရပ် စကား နဲ့မြင်အောင်ပြောရရင်...


* အင်္ဂျင်နီယာ၊ ဆရာဝန်၊ အနုပညာရှင် စတာတွေကို တစ်သမတ်ထဲ
ဆက်ဆံလို့ မရသလို၊


* သာမန်ဝန်ထမ်း၊ မန်နေဂျာ၊ CEO တို့တွေးတာခြင်း မတူသလိုပါ ။


ဒါကြောင့် လူငယ်တွေနဲ့ ပညာရှင်တွေကို ပြုစု ပျိုးထောင်ရာမှာ ပညာရေးဆိုတဲ့ Education ဟာ အခြေခံကျတာ မှန်ပေမဲ့ လုပ်ငန်းခွင်အတွေ့အကြုံမျိုးကို ထဲ့ပေါင်းနိုင်ပါမှ တော်ရုံ ကျပါလိမ့်မယ်။



ဒါကြောင့် ဘမောင် စာသင်တဲ့အခါမှာ Theory က ဘယ်လို ဆိုထားစေကာမူ၊ လက်တွေ့မှာ ဘယ်လိုရှိတယ် ဆိုတာကိုပါ အမြဲတန်းထဲ့ပြောဖြစ်တယ် ။

ပြောရရင် လောကုတ္တရာ ရှုဒေါင့်မှာ အကောင်းမြင်ကို စောဒကတက်စရာ မရှိပေမဲ့ 

( လောကီ + စီမံခန့်ခွဲမှု့ ) မှာကျတော့ ပကတိ Realistic view ကိုပဲ လက်ကိုင်ထားပြီး ဆုံးဖြတ် ကြဖို့ အမြဲတန်း သတိပေးလေ့ရှိတယ် 

နေရာတစ်ကာ အဆိုးမြင်ဝါဒကိုတော့ အားပေးလေ့မရှိပါဘူး။
................

ဒီနေ့ ပညာတွေ ( Education ) တတ်ကြတယ် ။ ဒါပေမဲ့  ......
Bachelor
Master
PhD
ဆိုတာ ဘာလဲလို့ မေးကြည့်လိုက်ပါ ။


ဘွဲ့တွေရဲ့ သတ်မှတ်ချက်နဲ့ အခေါ်ကိုသာ သိကြပြီး အမှန်တစ်ကယ် တတ်ကျွမ်းတဲ့ အဆင့် Level ကို မသိကြတာ ၉၈% လောက် ရှိမယ်လို့ ပြောရင် လွန်တယ်လို့တောင် အပြောခံရ ပါ ဦး မယ် ။


နိုင်ငံတော်တော်များများက ကျောင်းကြီးတွေမှာတောင် မသိကြတာ တွေ့ရတယ် ။


ဥပမာ ...  Bachelor နဲ့ ဘယ်အဆင့် theory ဆက်စပ်တယ် ။
              Master နဲ့ ဘယ်အဆင့် theory ဆက်စပ်တယ် ။
              PhD အဆင့်မှာ ဘယ်အပိုင်းက အဓိကဖြစ်လာတယ် ဆိုတာမျိုး ။



ဒါကြောင့် thesis ခေါင်းစဉ်ကို ကြည့်တာနဲ့ ဘယ်အဆင့် ဆိုတာ တန်းပြောနိုင်ပါတယ် ။
 Table of content လောက်ကြည့်ရင် ပိုတိတိကျကျပြောနိုင်တယ် ။

ကိုယ်စီးနေတဲ့မြင်းကို အထီး အမ မသိသလိုမျိုး၊ ကိုယ်ရထားတဲ့ဘွဲ့ ဘာမှန်း မသိသလိုမျိုး
နိုင်ငံခြားက CEO တွေ အားလုံး MBA holders တွေ မဟုတ်ကြပါဘူး ။ MBA holders တွေ အားလုံးလဲ စီးပွားမဖြစ်ကြပါဘူး ။ သိမ်မွေ့တဲ့လျို့ဝှက်ချက်တွေရှိကြပါတယ် ။အဲ့ဒါတွေ့တဲ့ သူတွေ အားလုံးတော့ အလုပ်ဖြစ်သွားကြတယ်။

( အောက်က အတိုချုပ်လေးကို တီထွင်မိလာတယ် )
Knowledge = Education. +. Experiences
Wisdom. = Knowledge +. Experiences
Enlightenment. =. Wisdom +. Experiences
( ဘုံ အနေနဲ့ ဘာသွားတွေ့ရမလဲ ဆိုတော့ Experiences ဆိုတဲ့ အတွေ့အကြုံ ကို သတိထား မိကြပါလိမ့်မယ် )
နောက်တစ်ခါ တစ်ကမ္ဘာလုံး သင်နေတဲ့ SWOT ကို MBA အားလုံး သိကြပါလိမ့်မယ်၊ အဲ့ဒီ Analysis မှာ Future အတွက် မပါသလောက်ဖြစ်နေတာတွေ့ရတယ် ။ ဒါကြောင့် SWOT-CP
ဆိုပြီးထဲ့သုံးကြည့်ပါ၊ C- Challenges၊ P- Potential ပါ။
................,,.
Warren Buffet ဟာ MBA မရခဲ့ပါဘူး၊ ဒါပေမဲ့ ကမ္ဘာ့ အချမ်းသာဆုံး Top Ten ပါ၊ သူ့ကို Intelligent investor လို့ ထူးထူးခြားခြား သတ်မှတ်ထားပါသလဲ၊ သူ့ရဲ့ Berkshire Heathway မှာ ကုမ္မဏီကြီးပေါင်း (100) ကျော်ပါ၊ အောင်မြင်နေဆဲဖြစ်ပါတယ်။
.................,,
ဦးနုလက်ထက်မှာ စီးပွားရေးစနစ် အရွေးမှန်လို့ စီးပွားကောင်းခဲ့တယ် ။ နိုင်ငံရေးဖက်မှာ စီးပွား ဖက်က အတွေး မသိမသာ လွှမ်းမိုးခံရလို့ အလှုပ်အရမ်းကြီးထွားတာ ခံလိုက်ရတယ် ။အဆိုးမပြောလိုပါဘူး။

ဦးနေဝင်း လက်ထက်မှာ စီးပွားစနစ် အရွေးမှားသွားတယ် National Competitiveness ဆိုတဲ့ အမျိုးသားအဆင့် ယှဉ်ပြိုင်စွမ်းရည် ကျဆင်းသွားတယ်၊ အမြင်မှန် ရပြီး အပြောင်းအလဲလုပ်မယ် ဆိုတော့ အချိန်က အခါအခွင့်မပေးတော့ဘူး ။ ဒါပေမဲ့ စနစ်ပြတ်တယ်၊ နိုင်ငံအေးချမ်းတယ်၊ ဘယ်သူမှမစော်ကားရဲဘူး။
ဦးသန်းရွှေ က ဈေးကွက် စီးပွားရေးကို ဖွံ့ဖြိုးအောင်လုပ်ပေးခဲ့တယ် ။ နိုင်ငံတစ်ကာ ဖိအားကို အံတုပြီး ရတဲ့ကြားက တိုင်းပြည်ကို ထူထောင်သွားပေးခဲ့တယ်၊ နိုင်ငံတစ်ကာက အဝေးကနေပဲ
ဖိအားပေးပြီး နိုင်ငံကိုတော့ မစော်ကားရဲကြဘူး ။ 
အစော်ကားမခံရအောင်လဲ သူတုန့်ပြန်ခဲ့ တယ်။ အချိန်တန်တော့ ဒီမိုကရေစီလမ်းကြောင်းကို တင်ပေးခဲ့ပြီး သူကိုယ်တိုင် Graceful exit နဲ့ နန်းစွန့်ပေးခဲ့တယ် ။

သူ့ရှေ့က ကောင်းမွေ၊ ဆိုးမွေကို လက်ခံခဲ့တယ် ။
ရှေ့လူတွေ မကောင်းကြောင်းပြောမသွားခဲ့ဘူး။
သူအနားယူသွားတာ (၉) နှစ် ရှိပြီ၊ အတိုက်အခံ အပါအဝင်အားလုံးရဲ့လေးစားမှုကိုခံနေရတုန်းပဲ
အဲ့ဒါကိုက လက်တွေ့ကျတဲ့ သူ့ရဲ့ State level management သူ့ပညာ ။


ဒီနေ့ ကျွန်တော်တို့ ဘယ်စနစ်ထဲရောက်နေပြီလဲ ဘာတွေဖြစ်နေပါသလဲ ?
ကျန်တဲ့သူတွေပဲ ဆက်ရေးကြပါတော့ ။


ပိန်းပိတ်နေအောင် ကျဆင်းနေတဲ့ မြူနှင်းထူထဲ လျှောက်နေရတယ်လို့တော့ ခံစားမိတာပဲ ။
တစ်လှမ်းစာတောင်ကြိုမမြင်ရတဲ့ အချိန်၊ ဘယ်ခြေလှမ်းကျရင် ဘယ်စူးနင်းဖြစ်လိမ့်မယ်လို့ မသိနိုင်တဲ့ အချိန်မျိုးလို ။

Crd : Dr.Nay Zin Latt


No comments:

Post a Comment