27 October 2013

မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်


ရန်ကုန် ၊ အောက်တိုဘာ ၂၅

မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်းအထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ် ဆောင်သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။ မလေးရှား ၌ အောက်တိုဘာ ၁၈ရက်က တိုက်ခိုက်ခံရပြီး ဒဏ် ရာရကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက်အကူပြု အဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာနိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။



ယင်းအမျိုးသမီး အမည်မှာ မဝေမာလင်းဖြစ်ပြီး အောက်တို ဘာ၁၈ရက်က ၎င်း၏ အမျိုးသား နှင့် အတူ အလုပ်မှ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မလေး ရှားနိုင်ငံရှိ အမ်းဘန်း မြို့ဆေးရုံ ၌ ဆေးကုသခံနေရသည်။ အဆိုပါအမျိုးသမီးနှင့်ပတ် သက်၍ သီတဂူ အထောက်အကူ ပြုအဖွဲ့မှ ဦးအောင်မြင့်က ''အခု ပြန်လာတဲ့သူတွေကို သွားကြိုရင်း ဓားခုတ်ခံရတဲ့ ကောင်မလေး တက် နေတဲ့ ဆေးရုံကို သွားကြည့်ဖြစ် တယ်။ ယောက်ျားဖြစ်သူကပြန် လာဖို့ အခက်အခဲ ရှိတယ်လို့ပြော တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန် တော်တို့ဘက်က လေယာဉ်စီးလို့ ရမယ့် အနေ အထားရတာနဲ့ မြန်မာ နိုင်ငံ ပြန်ခေါ်လာလို့ရအောင် ကူ ညီပေးမှာဖြစ် တယ်''ဟု ပြော သည်။


ယင်းကဆက်လက်၍ အ ဆိုပါအမျိုးသမီး၏ အခြေအနေ စိုးရိမ်ရဖွယ်ရှိကြောင်း၊ ပြင်းထန် စွာ တိုက်ခိုက်ခံရသည့်အတွက် လက်နှစ်ဖက်နှင့်ဦးခေါင်းမှာ ဓား ဒဏ်ရာရရှိပြီး လက်တစ်ဖက် မှာ ပြန်ဆက်၍ရကြောင်း၊ ဆေးဝါး ကုသရန် လိုအပ် နေပြီး လေယာဉ် စီးနိုင်သည့် အနေ အထားကို ရောက် ရှိပါက မြန်မာနိုင်ငံတွင် ပြန်လည် ကုသနိုင်ရန် ကူညီမည်ဖြစ်ကြောင်း ထပ်မံပြောသည်။


သီတဂူအထောက်အကူပြု အဖွဲ့မှ ဦးပီဂျေစန်းမောင်က ''ဆရာ တော်က မလေးရှားမှာ ဒုက္ခရောက် နေသူတွေကို ကူညီပေးချင်နေ တာဖြစ်တယ်။ အခုလဲ မလေးက ကမ့်ထဲမှာ ရှိတဲ့ မြန်မာတွေထဲက ပြန်လာချင်တဲ့သူတွေ မလေးရှား လူဝင်မှုကြီး ကြပ်ရေး ကို ပေးဆောင် ရမှာတွေကို ရရှိထားတဲ့အလှူငွေ တွေထဲကနေ ဆက်လက်ကူညီ ပေးဖို့ရှိပါတယ်''ဟုပြောသည်။


မဝေမာလင်းမှာ ပါးနှစ်ဖက် တွင် ဓားဒဏ်ရာရ ရှိသောကြောင့် မေးရိုး အစားထိုးရ မည်ဖြစ်ပြီး ဆေး ကုသစရိတ် ရင်းဂစ်၎ဝဝဝခန့် ကုန် ကျရန် အလှူငွေလိုအပ်နေပြီး ဓားဖြင့်ခုတ် ရန်စေခိုင်းသူ အမျိုး သမီးနှင့် ဓားဖြင့်ခုတ်သူ သုံးဦးကို မလေးရှား နိုင်ငံ အမ်းဘန်းမြို့ရဲ တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း မလေးရှားရောက်မြန်မာများ၏ ပြောပြချက်အရ သိရသည်။


စိုင်းဟန်

Yangon Media Group 

From....Myanmar Forward

မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့် Smart Zawgyi 3 ထွက်ရှိ

နည်းပညာ


မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့် Smart Zawgyi 3 ထွက်ရှိလာပါတယ်။ Android version 1.6 မှ Android 4.4 ဖုန်းများအားလုံးကို ဒီ Tool နဲ့မြန်မာစာသွင်းနိုင်မှာပါ။ ကွန်ပျူတာ Tool တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းထွက် Sony တွေမှာ ဥပမာ Xperia C, Xperia L Build Number အမြင့်တွေဆို Font သွင်းတဲ့ပုံစံပြောင်းသွားပါတယ်…



 အရင်ပုံစံတွေနဲ့အဆင်မပြေတော့ပါဘူး… နောက် Huawei G610-U00,Y320-U00 ဆို ၀လုံးတွေထပ်နေတယ်… Y511-U00 ဆိုမြန်မာစာကိုမပေါ်ဘူး… အဲ့ကောင်တွေမှာမြန်မာစာအဆင်ပြေအောင်… နောက် Smart Zawgyi သွင်းပြီးအဆင်မပြေလို့ပြန်ဖြုတ်ချင်ရင်လဲပြန်ဖြုတ်လို့ရအောင်ဒီ Version မှာပြင်ပေးထားပါတယ်… နောက် Bootloop မပတ်အောင်လဲ ကွန်ပျူတာပေါ်ကနေ မ Run ခိုင်းပဲ ဖုန်းပေါ်ကနေ Run ခိုင်းထားတယ်… Font ပုံစံကိုလဲမသေးအောင် ကြည့်ရှု့လို့ကောင်းအောင်ပြင်ပေးထားပါတယ်။ Smart Zawgyi 3 Tool ကိုရေးသားသူကတော့ Developer ကိုကျော်စွာသွင်ဖြစ်ပါတယ်။
Smart Zawgyi 3 ကိုအောက်က link များမှာရယူနိုင်ပါတယ်။



http://d-h.st/IkL

http://www.mediafire.com/download/1qpp1ewnzv6825b/Smart+Zawgyi+3.rar

ယခု Tool မှာ ကွန်ပျူတာ Tool ဖြစ်ပြီး  Smart Zawgyi 3 ကို ဖုန်း application ဖြင့် font ပြောင်းလဲလိုပါက MMAS Zawgyi Changer 2 v1.0.5 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။


MMAS Zawgyi Changer 2 v1.0.5 အားရယူရန် And Second Link

From: Myanmar Mobile App

မကျွတ်မလွတ်တို့ မြူးတဲ့ည


 
 
အချိန်ကား ည ၁၁ နာရီ ရှိနေပြီ ဖြစ်သော်လည်း ကောင်းကင်တွင် ဝိုင်းစက် ပြည့် ဝန်းသော သော်တာလမင်းထံမှ လရောင်နှင့် ထွန်းထားသော မီးလုံးတို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်လျက် ရှိသည်။

“အခုကျွေးမွေးတဲ့ အစားအစာတွေ ကို မကျွတ်မလွတ်သေးသောသူ အားလုံး လွတ်လွတ်လပ်လပ် လာရောက်စားသောက် နိုင်ပါတယ်” ဟူ၍ ဆရာတော်တစ်ပါး၏ မိုက်ဖြင့် ပြောလိုက်သံ ဟိန်းထွက်လာသည်။



ထိုသို့ပြောပြီး ခဏအကြာတွင် စက္ကူနှင့် ထုပ်ထားသော အထုပ်များကို အရောင်စုံ အုတ်ဂူများ အပေါ် တင်လိုက်ကြကာ ကျွေးမွေးမှု စတင်ရန် ပြင်ဆင်လိုက်ကြသည်။ ယနေ့သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပြီး နှစ်စဉ် အစဉ်အလာမပျက် ကျင်းပခဲ့သော အကျွတ်အလွတ် ပွဲတော်ကို (၃၆) နှစ်မြောက် ကျင်းပသည့်နေ့လည်း ဖြစ်သည်။




မန္တလေးမြို့၊ အေးရိပ်ငြိမ် ဘာသာပေါင်းစုံ သုသာန် (ယခင်ကြာနီကန်သုသာန်) အတွင်းရှိ မီးသဂြုင်္ိဟ်စက် အရှေ့ဇရပ်ပေါ်တွင် ရေခွက်ငယ်များကို ချထားသည်ကို တွေ့ရှိရပြီး ‘ဆွေမျိုး ပြိတ္တာများ ရေစက်ချရန်နေရာ’၊ ‘လူပုဂ္ဂိုလ်များ ဖြတ်သန်း သွားလာခြင်းမပြုရ’ ဟူသော ဆိုင်းဘုတ် အချို့ကို တွေ့မြင်ရသည်။ ရေခွက်ငယ်လေးများ အနီးတွင် အရောင်အသွေး စုံသောပန်းများ ဖြန့်ခင်းထားသည်။သုသာန်အတွင်းတွင် မီးချောင်းများ ထွန်းညှိထားပြီး အုတ်ဂူများပေါ်တွင် လူအချို့က လဲလျောင်းနေပြီး အချို့က ဂူများပေါ်တွင် ထိုင်နေကြသည်။

ည ၁၁ နာရီခွဲ အချိန်ခန့်တွင် ပြိတ္တာများကို အမဲသားထမင်း၊ သက်သတ်လွတ် ထမင်းနှင့် ငှက်ပျောသီးများ ကျွေးမွေးခြင်း အစီအစဉ်ကို စတင်ပြီး အကျွတ်အလွတ် ပွဲတော်ကို ယုံကြည်သူ များကလည်း သေဆုံးသွားခဲ့ပြီးသော ဆွေမျိုးများ၏ အုတ်ဂူပေါ်တွင် ထမင်းထုပ်များ တင်ကာ ကျွေးမွေးမှုများ လုပ်ဆောင်ကြသည်။ မကျွတ်မလွတ်ဘဲ ရှိနေကြသည့် ပုဂ္ဂိုလ်များနှင့် ပြိတ္တာများကို အစားအစာ ကျွေးမွေးနေချိန်တွင် သုသာန်အတွင်းရှိ မီးချောင်းများအားလုံး ပိတ် လိုက်ပြီး အမှောင်ချလိုက်သည်။

ယင်းနောက် အုတ်ဂူများ အကြားတွင် ပြိတ္တာများ သွားလာနိုင်စေရန် လူများက ဘေးတစ်ဖက် တစ်ချက်စီတွင် စီတန်းကာ အလယ်လျှောက်လမ်းတစ်ခု အသွင်သဏ္ဌာန် ဖန်တီးပေးထားသည်။ အချို့လူများက အလယ်လျှောက် လမ်းပေါ်တွင် ၎င်းတို့၏ လက်များ ကို ဖြန့်ခင်းထားသည်ကို တွေ့ရသည်။



“ဒီလို လျှောက်လမ်းလေး လုပ်ပေးရတာက ထုံးစံလို ဖြစ်နေပြီ။ မကျွတ်မလွတ်သေးတဲ့ နာနာဘာဝတွေ၊ ပြိတ္တာတွေက သူတို့ကို အစာကျွေးမွေးတဲ့ အချိန်ဆို ဒီသုသာန်ထဲမှာ သွားလာနေကြတယ်လို့ ယုံကြည်ရတယ်။ သူတို့ကလည်း လူသားဆိုရင် အလိုလို ကြောက်ရွံ့ကြ တာကိုး၊ လူနားမှ ကပ်လို့မရတာ၊ ဒါ့ကြောင့် သူတို့သွားလာနေတဲ့အချိန် မတိုက်မိအောင်လို့ ဒီမှာ အခုရှိတဲ့ လူတွေက သူတို့သွားဖို့ လမ်းလေး လုပ်ပေးကြတာပါ။ လက်တွေ ခင်းထားတာကလည်း ယုံကြည်မှု တစ်ခုပေါ့။ 


တချို့လူတွေက ပြောကြတယ်လေ။ ဒီလိုအချိန် လက်တွေ ခင်းထားလို့ သူတို့တကယ်ဖြတ်လျှောက်သွားရင် သူတို့လက်တွေဟာ အေးသွားတာတို့၊ ကြက်သီး ထသွားတာတို့၊ သူတို့ကိုယ်တိုင် တစ်ယောက်ယောက် လက်ပေါ်က ဖြတ်သွားတာတို့ကို ခံစားလိုက်ရတယ်လို့ ပြောကြတယ်လေ၊ ဒါကြောင့်ပဲ အခုဆိုဒါမျိုး အတွေ့အကြုံလေးကို လိုချင်လို့ မကြုံဖူးတဲ့ လူတွေက ကြုံဖူးချင်လို့၊ ယုံကြည်မှုတစ်ခု ရချင်လို့ ဒါမျိုးလက်တွေ ခင်းထားကြတာ” ဟု အကျွတ်အလွတ် ဒါနပြုပွဲသို့ လာရောက်သူ တောင်ပြုန်းကျေးရွာမှ အသက် ၃၅ နှစ်ကျော် အရွယ်ရှိ ဦးသောင်းက ပြောကြားသည်။

ယုံကြည်သူများက အလယ်လျှောက်လမ်းပေါ်တွင် စီတန်း၍ လက်များ ခင်းထားသော်လည်း မယုံကြည်ကြသူ တချို့ကတော့ အလယ်လျှောက်လမ်းပေါ်ကနေ ဖြတ်သန်း သွား လာကြပြီး နှုတ်မှလည်း “ပြိတ္တာတွေ မင်းတို့ လမ်းလျှောက်သွားရင်လည်း ငါတို့ကို ဝင်တိုက်သွားပြပါဦး” ဟု ပြောဆိုမှုများ ပြုလုပ်ကြသည်။

“အချို့လူများက ပြိတ္တာများကို ကျွေးမွေးထားသော ထမင်းထုပ်များကို၊ အသင်တို့ မစားသောက် လျှင်နေ ကျွန်တော်ကတော့ စားတယ်” ဟု ဆိုကာ စားသောက်နေမှု များလည်း ရှိသည်။
မယုံကြည်သူများ၏ စမ်းသပ်မှုကြောင့် တိုက်ဆိုင်မှု ကဲ့သို့သော ကံဆိုးမိုးမှောင် ဒုက္ခတွေ့ရ သည့် ဖြစ်ရပ်များလည်း ရှိပြန်သည်ဟု ဒေသခံတို့က ဆိုကြသည်။

“မနှစ်က အကျွတ်အလွတ်ပွဲ သွားတော့ အုတ်ဂူတစ်ခုပေါ်မှာ လာရောက် ကျွေးမွေးထားတဲ့ အရက်ပုလင်းတစ်လုံးနဲ့ ထမင်းတွေကို ရေလည်းဆာတာရယ်၊ ဗိုက်လည်း ဆာတာရယ်ကြောင့် ယူစားပြီး အရက်လည်း သောက်လိုက်တယ်။ ကျွန်တော်တို့က အယုံအကြည် မရှိတာတော့ မဟုတ်ဘူး ထမင်းထုပ်ထဲက ကြက်သား
နဲ့ အရက်မြည်းလိုက်တယ်။ အဲဒီပွဲကနေပြန်တော့ လမ်းမှာ မြို့ထဲရောက်တဲ့အထိ ဆိုင်ကယ် မှောက်တော့တာပဲ။ မူးနေတာလည်း မဟုတ်ဘူး။ တစ်ယောက်ယောက်က အားနဲ့တွန်းလိုက်သလိုမျိုး ဆိုင်ကယ်က မှောက်တာ။ 


တစ်ကိုယ်လုံးလည်း သွေးတွေ ရွှဲနေပြီ၊ ဆိုင်ကယ်ကလည်း တစ်လမ်းလုံး မှောက်တာကိုး၊ ဒီလိုနဲ့ စိတ်ထဲမှာ မသင်္ကာတော့တာနဲ့ မြို့ထဲရောက်တော့ မဟာမြတ်မုနိဘုရားထဲဝင် ဘုရားကို ရှိခိုး ဦးချပြီးတော့ ဘုရားစာတွေရွတ်၊ တောင်းပန်လိုက်တော့ အပြန်မှာ ဘာမှမဖြစ်တော့တာ” ဟု ယမန်နှစ်တွင် အကျွတ် အလွတ်ပွဲသို့ သွားရောက်ခဲ့ပြီး ပြိတ္တာများကို ကျွေးမွေးခဲ့သော အစားအသောက်များကို စားသောက်မိသော မန္တလေးမြို့ခံ အသက် ၃၀ အရွယ်ရှိ ကိုကျော်ဝင်းက ပြောကြားသည်။

မန္တလေးမြို့တွင် အကျွတ်အလွတ် ဒါနပြု အမျှဝေ ကျေးဇူးဆပ်ပွဲကို ၁၉၇၇ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းမြို့တို့တွင် ကျင်းပကြသည်။ မကျွတ်မလွတ်ဘဲ ရှိနေကြသည့် ပုဂ္ဂိုလ်များနှင့် ပြိတ္တာဘဝ ရောက်ရှိနေသော ပုဂ္ဂိုလ်များကို သီတင်းကျွတ် လပြည့်နေ့ ရောက်တိုင်း အစာကျွေးခြင်း ပြုလုပ်ကြသည်။

ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် မြေဖုတ်ဘီလူးများကိုပါ အစာကျွေးခဲ့သည်။
မန္တလေးမြို့ မှ အကျွတ်အလွတ် ဒါနပြုပွဲတော်ကို ဦးဆောင် ကျင်းပသူ ဆရာတော် ဘဒ္ဒန္တတိက္ခက ပြိတ္တာ ဖြစ်ရခြင်းမှာ သေဆုံးသွားသူသည် သားသမီးစွဲ၊ ဇနီးလင်သားစွဲ၊ ပစ္စည်းဥစ္စာစွဲ၊ အလုပ် အကိုင်စွဲနှင့် နောက်ဆုံး ကွယ်လွန်ခါနီးတွင် စွဲမိစွဲရာ စွဲပြီး သေဆုံးသွား ရရှာသူများ ဖြစ် သည်ဟု မိန့်ကြားသည်။
 

“ပြိတ္တာတွေက တကယ်တော့ ကြောက်စရာ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အကျွတ်အလွတ်ပွဲမှာ အစာကျွေးတော့မယ့် အချိန်ဆိုရင် သုသာန်အတွင်းမှာ အပုပ်နံ့တွေ ရတာမျိုးတွေ အမြဲတမ်းလိုလို ကြုံရတယ်။ နောက်တစ်နေ့မနက် အမျှဝေတဲ့ အချိန်မှာတော့ အမွှေးနံ့တွေ ရတာမျိုး အမြဲတမ်း ကြုံရတယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

၁၉၈၇ ခုနှစ် (၂၆) ကြိမ်မြောက် အကျွတ်အလွတ် ဒါနပြု အမျှဝေပွဲတော် ဖြစ်မြောက်ရေး အကြိုညှိနှိုင်း အစည်းအဝေးပွဲတွင် ဆရာတော် ဦးနန္ဒိယက “မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ထဲက ကိုချစ်ဦးဆိုတဲ့သူ ရုတ်တရက် သေဆုံး သွားခဲ့တယ်။ သေဆုံး ခဲ့ပြီး နောက်ခြောက်လလောက်နေတော့၊ ဒီကိုချစ်ဦးက အိမ်နီးချင်းဖြစ်တဲ့ မခင်ဝင်းဆိုတဲ့ မိန်းမတစ်ယောက်ကို ဝင်စီးခဲ့တယ်။ ဒီတော့ ဆရာတော်က ပူးကပ်နေသူကို ကျောင်းပေါ်ခေါ်ပြီး မေးမြန်းတော့ ပူးကပ်သူဟာ ချစ်ဦး ဖြစ်နေတယ်။

ဘာလို့လိုချင်လို့လဲမေးတော့ သူအစားအစာ မစားရတာဟာ သုံးလလောက် ရှိပါပြီ၊ ထမင်းစားချင်လို့ပါလို့ ပြောခဲ့တော့ ဆရာတော်ဘုရားတို့လည်း ဒီပူးကပ်သူကို ထမင်းကျွေး၊ သူကနေစရာနေရာ မရှိဘူးလို့လည်း ပြောသေးတယ်။ ဒါနဲ့ နေစရာနေရာပါ စီစဉ်ပေးမယ် ပြောပြန်တော့လည်း တပည့်အတွက် မလိုအပ်တော့ပါဘူး ဘုရား။ တပည့်တော် ညီမလေးကိုသာ စိတ်မချ ဖြစ်ရပါတယ်လို့ လျှောက်ထားတော့တယ်။ ဒီလို ပူးကပ်ပြီး ပြောနိုင် တာကလည်း သူ့မှာ ဒီလိုပူးကပ်ပြီး တောင်းဆိုနိုင်တဲ့ အဆင့်ရှိလို့ရယ်၊ သူပူးကပ်နိုင်မည့် လူရှိနေလို့ ဖြစ်တယ်။ ဒီလို မပူးမကပ်နိုင်ဘဲ အစာရေစာ မစားမသောက်ရပဲ ရှိနေတဲ့ ပြိတ္တာတွေဟာ ဘယ်လောက် များလိမ့်မလဲ” ဟု မိန့်ဆိုခဲ့ကြောင်း အကျွတ်အလွတ် ပွဲတော်နှင့် ဆက်စပ် ရေးသားထားသည့် စာအုပ် စာတမ်းများတွင် ဖော်ပြထားသည်။

အကျွတ်အလွတ် ပွဲတော်သည် ပြိတ္တာများအပေါ် မေတ္တာရှေ့ထား၍ ပြိတ္တာတို့ လွတ်လွတ် လပ်လပ်၊ မရှက်မကြောက် လာရောက် စားသုံးနိုင်ရန်၊ အစွဲအလမ်းများကြောင့် မကျွတ် မလွတ်ဘဲ ပြိတ္တာဘဝသို့ ရောက်ရှိနေခြင်းမှ ကျွတ်လွတ် သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အကျွတ်အလွတ်ပွဲတော် ဦးဆောင်ကျင်းပသူ သံဃာတော်များက မိန့်ဆိုသည်။

အကျွတ်အလွတ်ပွဲတော်တွင် မယုံကြည်မှုများနှင့် အရက်သေစာသောက်စား မူးယစ်ပြီး ပြိတ္တာများကို ကျွေးမွေးထားသည့် အစာများကို ကြည့်ကာ “လျော့လည်း မသွားဘူး၊ တကယ် လာစားနေတယ် ဆိုလည်း အရိပ်လိုက်၊ အကောင်လိုက် ပြကြကွာ” ဆိုသည့် ဝေဖန် ပြောဆိုမှုများလည်း ကြားနေရဆဲ ဖြစ်သည်။

ညသန်းခေါင်ယံကျော်ချိန် ရောက်ရှိနေပြီ ဖြစ်သော်လည်း မန္တလေး အေးရိပ်ငြိမ် သုသာန်အတွင်း အကျွတ်အလွတ်ပွဲ လာရောက် ဆင်နွှဲသူများနှင့် စည်ကားနေဆဲ ဖြစ်ပြီး လူတချို့က အုတ်ဂူ များပေါ် ဖြတ်သန်းသွားလာ နေကြဆဲပင်။

နေလင်း

From: The Voice Weekly 

ကေတီဗွီ (KTV)






 ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် ၃၅သန်းအတွက် ရှာကီရာဟာ သူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်။ အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲက ပန်းနုရောင်ပေါင်တံတွေဟာအဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ တဖွဲဖွဲဝင်လာမယ့် ရံပုံငွေ တွေပဲ။

ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက် ထားနိုင်ဖို့ သိုးစော်နံနေတဲ့ အဲ့ဒီအဆီ တစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနှိပ်ပေးနေရတယ်။




ကျွန်မအမေမြန်မြန်နေပြန်ကောင်းလာအောင်လို့ ကျွန်မစကပ်တွေ တဖြည်းဖြည်းတိုတို လာရတယ်။ တစ်လ တစ်လ အလျှင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး ရှင့်ကိုအကြင် နာတွေပေးပေးနေရတယ်
ကောင်း ရောင်းကောင်းဝယ် . . . ဟုတ်တယ်ဟုတ် . . ကျွန်မတို့ အထည်တွေ မချုပ်ကြတော့ဘူး။

စက်ရုံတွေပိတ်သွားပြီ ကျွန်မတို့ပန်းရံလည်းမလုပ်နိုင်ကြဘူးလေ ခွန်အားနဲ့အတတ် ပညာတွေ ဈေးပေါနေ တဲ့ ခေတ်ကြီးထဲမှာ ဈေးကောင်း ရတာပဲ ကျွန်မတို့ရောင်းစား လိုက်ကြတော့တယ် ကျွန်မနာမည်လား . . အ မေပေးခဲ့တာတောင်မေ့တေ့တေ့ရယ် ကျွန်မနာမည် ကြယ်စင် . ကျွန်မနာမည် နံနက်ခင်း . ကျွန်မနာမည် တာရာ . ကျွန်မနာမည် အလင်္ကာ ဟုတ်တယ်လေ ကျွန်မတို့မတည်မြဲကြဘူး။


ကျွန်မတို့ဟာ လျှပ်စီးကြောင်းနဲ့ ပတ်ကြားအက်နေတဲ့ မိုးတိမ်တွေပဲ ကွက်ကျားမိုးတွေ ဖွံ့ဖြိုးတိုးတက် လာ ချိန်မှာ ဘွားကနဲ ပေါက်ရောက် လာတဲ့ မိုးဦးမှိုပွင့်တွေပဲ စီးဆင်းနေ တဲ့ငွေကြေး စာရင်ဇယားတွေဘေး
မှာ ကွေးညွှတ်နေတဲ့ မြစ်ကျိုးအင်းတွေပဲ လျှော်ဖွတ်ပြီး မီးပူတိုက်ထားတဲ့ ဘေထုတ်ထည် ကိုကြည့်သလို ရှင် ကျွန်မကိုမကြည့်ပါနဲ့ ရှင့်စကားနဲ့ ကျွန်မကိုအဖျားခတ် လိုက်ပုံက ကျွန်မတို့ကပဲ သူများအိမ်ထောင် ရေးတွေ
ပေါ် လမ်းကြိတ်စက်တက်မောင်းနေသလိုလို ကျွန်မတို့ကပဲ သူများမိသား စုတွေကို ကူးတို့ဆိပ်မှာ မှို့အိတ် ဖွင့်နေသလိုလို ကျွန်မတို့ကပဲ ရှင်တို့ရဲ့ တိတ်ဆိတ်နေတဲ့ ယဉ်ကျေးမှု့စာမျက်နှာတွေကို ပလုပ်တုတ် ခေါက် နေသလိုလို။

အချစ်တဲ့ . . . ရှင်လေချဉ်တက်လိုက် သလား ဘီယာစော်နံလိုက်တာဟုတ် ပါတယ် ဟုတ်ပါတယ် ကျွန်မတို့ အလုပ်က သဒ္ဒါစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူးကျွန်မတို့ဘ၀တွေကလည်း ၀ါကျတည် ဆောက်ပုံမ မှန်ကန်ပါဘူး ဒါပေမယ့် . . ဒါဟာ အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှု ပါရှင်။


"အမ္ဗပါလီ" အစ "မော်နီကာဗယ်လူချီ" အဆုံး ကျွန်မတို့အားလုံးဟာ ရှင်တို့ယောင်္ကျားတွေရဲ့ လျှို့ဝှက်တဲ့ စက်ရုံမှာ အချိန်ပိုဆင်းရတဲ့ ခွေးသွားစိတ် တွေပါပဲ။


တကယ်တော့ ကမ္ဘာကြီးပူနွေးလာရတာလည်း ကျွန်မတို့နဲ့ မဆိုင်ပါဘူး အိုစမာ ဘင်လာဒင် သေဆုံးသွား တာလည်း ကျွန်မတို့နဲ့ တခြားစီ ဒေါ်လာဈေး ကမောက် ကမဖြစ်အောင် ကျွန်မတို့တစ်ခါမှ မလုပ်ခဲ့ဖူးဘူး ကျွန် မတို့ကို ရေးကြီးခွင်ကျယ် ကဗျာစပ်မနေ ပါနဲ့ ရှင်ရယ် ဘောစိနော် ဘော်ကယ်ကြေးလေး တစ်ပဲခြောက် ပြားနဲ့ ရှင်ကျွန်မကို ဒီအတိုင်းပြစ် မထားခဲ့နဲ့ဦး။


အိုခေ . . . ဒီငယ်ကျွမ်းဆွေ တစ်ပုဒ်ဆိုပြီးသွားရင် တစ်ဆက်ရှင် စာအချိန်စေ့ပြီနောက် တစ်ခါလည်း ကျွန်မတို့ဆီကို ဒီလို ဆင်တွေ တအုပ်ကြီးနဲ့ လာရောက်အားပေးနိုင်ပါစေ။


သင့်(ခ်)ယူ . . . ဘိုင့်ဘိုင့် . . . ဆီးယူ . . . ဖလိုင်းကစ်(စ်)။ ။


Credit to မောင်ရှင်စော (ရတီ 2012)

Kachin News 

From.... Myanmar Forward

ဦးနှောက်များအတွက် တံစိုးလက်ဆောင်များ



 မစ္စယန်ကျိကို မိတ်ဆွေများက “ပိုက်ဆံစုထား” ဟုပြောနေသည်မှာ နှစ်ပေါင်းအတော်လေး ကြာခဲ့ပြီ ဖြစ်သည်။ သမီးကို ကျောင်းထားရသည့် အခါတွင်လည်း စာအုပ်ဖိုး၊ ကျူရှင်ဖိုးတွေ သာမက သမီးကို ကျောင်းကောင်းကောင်းရရန် လာဘ်ထိုးဖို့ စုဆောင်းရမည်ဟု ဆိုသေးသည်။ မြို့ပေါ်တွင် အစိုးရ ကျောင်းကောင်းကောင်းသို့ ဝင်ခွင့်ရရေးမှာ ပိုက်ဆံစုထား မှ ဖြစ်မည်ဆို သည့် သတင်းတွေကိုလည်း ကြားနေရသည်။

 
ယန်ကျိသည် ဘဝကို ရုန်းကန်ပြီး စီးပွားတက်လာရသူ တစ်ဦးဖြစ်သည်။ စိတ်ဓာတ်လည်း အလွန် ထက်မြက်သူ ဖြစ်သည်။ သို့ဖြစ်ရာ ဘေးက ဝိုင်းပြောနေသည့် စကားများကို လျစ်လျူရှုပြီး-
“သမီး… ဘဝမှာ အောင်မြင်ဖို့ဆိုတာ ကြိုးစားမှ ဖြစ်မယ်။ ကြိုးစားရင် အောင်မြင်ရမယ်” ဟု သမီးဖြစ်သူကို ပြောပြီး နှစ်သိမ့်ထားသည်။

သို့သော် လက်တွေ့တွင် အလယ်တန်းကျောင်း ကောင်းကောင်းသို့ ဝင်ခွင့်ကို သမီးဖြစ်သူ မရခဲ့ပေ။ ယန်ကျိက ကျောင်းအုပ်ထံဝင်တွေ့ပြီး မေးခွန်းထုတ်သည်။ စိတ်ထဲတွင် ခံပြင်း စွာဖြင့် ကျောင်း ဝင်ခွင့် ရသူတွေကို လိုက်လံ စုံစမ်းကြည့်သည်။ ကျောင်းအုပ်ချုပ်ရေး အဖွဲ့များနှင့် ပလူးသူများ၊ ဆရာ ဆရာမများနှင့် အလွန်း သင့်သူများ၊ လက်ဆောင် များ၊ ငွေကြေးများ၏ ပတ်သက်မှုများကို အံ့သြစွာ တွေ့လိုက်ရသည်။ 

တစ်ယောက်ကမူ ကျောင်းအတွက်ဆိုကာ ဓာတ်လှေကား လှူသည်။ ထိုသူ၏ ကလေးသည် လည်း မကြာမီကျောင်းဝင်ခွင့် ရသွားသည်။
တရုတ်ခေါင်းဆောင်သစ် သမ္မတ ရှီကျင့်ဖျင်သည် အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ တိုက်ဖျက်ရေးကို အလေးပေးပြီး လုပ်ဆောင်နေသည်။ သို့သော် လက်တွေ့တွင် အမြစ်မဖြုတ် နိုင်သေးသည့် နေရာတွေက များစွာရှိသေးသည်။ နိုင်ငံအနှံ့အပြားတွင် မူလတန်းကစပြီး ကျောင်းလက်ခံရေး ပြဿနာများကို ရင်ဆိုင်နေရသေးသည်။

တရုတ်နိုင်ငံတွင် ကလေးကျောင်းထားရေးမှာ အရှိတရားနှစ်ခုနှင့် ရင်ဆိုင်နေရသည်။ “ပိုက်ဆံရှိ သလား” ၊ “အသိရှိသလား” ဆိုသည့် အရှိတရားနှစ်ခု ဖြစ်သည်။ မိဘများအတွက် အရွယ် ရောက်လာသည့် သားသမီးများ ကျောင်းကောင်းကောင်း ထားနိုင်ရေးသည် အလွန်စွန့်စားရမည့် လုပ်ငန်းတစ်ခု ဖြစ်လာသည်။ တရုတ်နိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှုနှင့်အတူ အခွင့်ထူးခံ လူတန်းစားဆိုသည့် သဘောတရားများကိုလည်း ပညာရေးလောကတွင် ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။

တရုတ်နိုင်ငံတွင် ကျောင်းနှင့်ပညာရေး ပြိုင်ဆိုင်အား ကြီးမားသည့် ဟိုင်တင်းပြည်နယ်ရှိ အလယ်အလတ် တန်းစား မိဘတစ်ဦးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မစ္စယန်ကျိနှင့် သူမ၏ ခင်ပွန်းတို့သည် ငွေကြေး အသင့်အတင့် ချမ်းသာသည် ဆိုသော်လည်း သူတို့ တွင် ကျောင်း ကောင်းကောင်း ဝင်ခွင့်ရရေးအတွက် အဆက်အသွယ် မရှိ ဖြစ်နေသည်။

ထိုအချိန်တွင် အကသင်သည့် ဆရာတစ်ယောက်က ချဉ်းကပ်လာသည်။ သူက ကျောင်းဝင်ခွင့် ရရေး အတွက် လူကြီးတစ်ယောက်နှင့် သိကြောင်း ပွဲစားလုပ်လာသည်။ သူက သမီးကျောင်းဝင် ခွင့် ရရေးအတွက် သူလုပ်ပေးမည်ဟု ကတိပေးလာသည်။
ယန်ကျိသည် ဆရာဖြစ်သူ၏ ချဉ်းကပ်လာမှုကို လက်ခံလိုက်ရမည်လောဟု စိတ်ကူးလိုက်သည်။ လက်ခံလိုက်လျှင် သူတို့ စုဆောင်းထားသမျှ ပိုက်ဆံတွေ ပြောင်သွားနိုင်သည်။ ပိုက်ဆံ ဘယ်လောက်ပေးရမည်ကို ဆရာက မပြောသေးသော်လည်း ရှေ့ပိုင်းတွင် ကြားထားရ သည့် ငွေကြေးပမာဏက ထိတ်လန့်စရာ ကောင်းနေသည်။ သူ့အနေနှင့် ဘာဆက်လုပ်ရ မည်ကို ဝေခွဲမရ ဖြစ်နေသည်။

အခြေအနေက ရှုပ်ထွေးနေသည်။ သူများတွေ မိုးခါးရေ သောက်နေသလို၊ ငါလိုက်မသောက် လျှင် ဆိုသည့် အတွေးမျိုးလည်း သူ့တွင် ဖြစ်လာသည်။
တရုတ်နိုင်ငံတွင် မြို့ကြီး ပြကြီးများ၌ အကောင်းဆုံး ကျောင်းများသည် အစိုးရကျောင်း များ ဖြစ်နေ သည်ကို သတိပြုရပေလိမ့်မည်။
ပုဂ္ဂလိက ကျောင်းများသည် နိုင်ငံခြားက ကျွမ်းကျင်ဆရာများကို ငှားပြီး သင်ကြသည်။ ထိုကျောင်းများ သည်လည်း အထူးကျောင်းများဖြစ်ပြီး အခြားပြည်နယ်များက အလုပ်လာလုပ်နေကြသော ပျံကျ လုပ်သားများ၏ သားသမီးများကို လက်ခံလေ့မရှိပေ။ ထိပ်တန်းပုဂ္ဂလိက ကျောင်းများသည် အလွန်အံ့သြ စရာ ကောင်းလောက်အောင် ပြင် ဆင်ထားကြသည်။

ဥပမာ- ဘေဂျင်းရှိ ကျင်ရှန်း ကျောင်းကိုသွား လေ့လာကြည့်လျှင် နက္ခတ်တာရာ သင်ခန်းစာများ သင်ရန် ဒေါ်လာ ၃၂၆,၀၀၀ လောက်တန်သည့် အဝေးကြည့် မှန်ပြောင်းကြီး တပ်ဆင်ထားသော တစ်ထပ် အဆောက်အအုံ၊ အမိုးအကာများကို အရှင် ဖြုတ်တတ် လုပ်နိုင်သည့် စာသင်ခန်းများ၊ အခန်းတိုင်းတွင် မျက်နှာပြင်ပြား တီဗီကြီးများ၊ တန်ဖိုးကြီးသည့် ကွန်ပျူတာ စာသင်ခန်းများ၊ အိုလံပစ်စံချိန်အတိုင်း တည်ဆောက်ထားသည့် ရေကူးကန်၊ ခေါင်မိုးများပေါ်တွင် စိမ်းစိမ်းစိုစို ဥယျာဉ်ပျံများနှင့် တန်ဆာဆင်ထားသည့် ကျောင်းကြီး ဖြစ်သည်။ ယခုဆိုလျှင် ထိုကျောင်း၌ အထက်တန်း အဆင့် သင်ကြားပေးရန် ဆရာတွေ လိုအပ်နေသည်။

ထိုကျောင်းနှင့် မိုင်အနည်းငယ် ဝေးသည့်အရပ်တွင် ပျံကျအလုပ်သမားများ၏ သားသမီးများကို လက်ခံ သင်ကြားပေးနေသော ပုဂ္ဂလိက ကျောင်းတစ်ကျောင်း ရှိသည်။ ထိုကျောင်းသို့ သွားရသည့်လမ်းက ညစ်ပတ်နေသည်။ ကျောင်းနံရံတွေကလည်း ယိုင်နဲ့ပြိုလုလု ဖြစ်နေသည်။ အတန်းတိုင်းတွင်လည်း ကျောင်းသားတွေက သာမန်ထက်ပိုသည်။ အိမ်သာကလည်း တစ်လုံးတည်း ရှိပြီး နံရံက အပေါက်တွေ ဖြစ်နေသည်။

အထက်ပါ ကျောင်းနှစ်ကျောင်းကို ယှဉ်ကြည့်ပြီး မိဘဆိုလျှင် မည်သည့်ကျောင်း၌ ထားချင် မည်ကို ကိုယ်ချင်းစာကြည့်မိ သည်။ ယန်ကျိသမီးလေး အသက် ၁၂ နှစ်အရွယ်ရှိ မာကျင်းရီကို လွန်ခဲ့သော သုံးနှစ်လောက် ကတည်းက မိဘများသည် ကျောင်းစာကိုသာ ဦးစားပေး သင်စေခဲ့သည်။ နေ့ရောညပါ စာနှင့်သာ အချိန်ကုန်စေ သည်။ ကျောင်းပိတ် သည့်ရက်များ တွင်လည်း ဈေးကြီးသည့် ကျူရှင်ကို တက်ခိုင်းသေးသည်။ 

အလယ်တန်း ကျောင်းကောင်းကောင်း ဝင်ခွင့်ရစေရန် သမီးဖြစ်သူကို ပညာတွေမည်မျှ ကြိုးစားခိုင်းသည် ဆိုစေ အချည်းနှီးဖြစ် ခဲ့ရသည်။
လက်ရှိကျောင်းတွင်လည်း ဂုဏ်တု ဂုဏ်ပြိုင်ရမှုတွေက များလှသည်။ ကျောင်းကိုလာသည့် ကလေးများ ထမင်းဘူးထဲတွင် ထည့်ပေးလိုက်သည့် ဟင်းကအစ ပြိုင်ကြသည်။ ဆရာတွေကို ဆန်တွေအပြိုင် ထောက်ပံ့ရသည်။ အခြားလက်ဆောင်တွေလည်း ပေးမှ မျက်နှာသာ ရသည်။ ထို့ပြင် ဆရာတွေကို စတိုးဆိုင်ကြီးများတွင် ပစ္စည်းဝယ်ခွင့် ကတ်တွေကိုလည်း အပြိုင် ပေးကြရသေးသည်။

“ဆရာတွေအတွက် လက်ဆောင်ကတ်တွေကို ဆရာများနေ့တွေမှာ အပြိုင်ပေးကြတယ်” ဟု ကျောင်း ဆရာတစ်ယောက်က ပြောသည်။
ကျောင်းဆရာများကို လက်ဆောင်တွေ ပေးနေရခြင်းမှာလည်း အကြောင်းရှိသည်။ မိမိတို့သားသမီး များကို မျက်နှာသာပေးရန်၊ စာသင်ခန်းအတွင်း ရှေ့ဆုံးအတန်း၌ ထိုင်ရရန်အတွက် ပေးရခြင်းလည်း ဖြစ်နိုင်သည်။

“အဲဒါကတော့ လူ့သဘာဝပဲ။ ဆရာလည်း လူဆိုတော့ တပည့်နှစ်ယောက်ယှဉ်ရင် ဘယ်တပည့်ကို ရွေးရမယ်ဆိုတာ လူသားပီပီဆုံးဖြတ်ဖို့ လက်ဆောင်လေးတော့ လိုတာပေါ့။ သူလည်း လောကီသား ဖြစ်နေတော့ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်မှပဲလေ” ဟု ကျောင်းသား မိဘတစ်ဦးက ရင်ဖွင့်သည်။ သူမသည် သားဖြစ်သူအတွက် ဆရာကို လက်ဆောင်များ ပုံမှန် ပို့ပေးနေရသူ ဖြစ်သည်။ သို့သော် မည်သည့်ဆရာကို ပေးရသည်ဆိုခြင်းကိုတော့ ထုံးစံအတိုင်း ကွယ်ဝှက် ပေးထားသည်။

ယန်ကျိလည်း သမီးအတွက် ဆရာတွေကို ဒေါ်လာ ၂၀၊ ဒေါ်လာ ၃၀ တန် လက်ဆောင်ဝယ်ခွင့် ကတ်လေးတွေ ပေးဖူးသည်။ သို့သော် အခြားမိဘတွေက ဒေါ်လာ ၂၀၀ တန်၊ ၃၀၀ တန် လက်ဆောင်ကတ်တွေ ပေးနေသဖြင့် မျက်နှာငယ်ရကြောင်း ပြောရှာသည်။ နောက်ပိုင်း လက်ဆောင်ကတ် ပေးခြင်းကို သူမအနေနှင့် မလုပ်တော့ဟု ဆိုသည်။
“ဘာမှ မထူးပါဘူး။ ဆရာတွေကို ပေးမယ့်အစား သမီးကို ကျူရှင် သွားတက်ခိုင်းလိုက်တယ်” ဟု သူမက ဆိုသည်။

မိခင်ဖြစ်သူ၏ ခေါင်းမာသော ဆုံးဖြတ်ချက်သည် သမီးဖြစ်သူတွင် ထိခိုက်မှုတော့ ရှိသည်။ သူမ၏သမီး နှစ်တန်းအရောက်တွင် ဆုမရတော့ပေ။ “သမီးက ကျွန်မကိုပြောတယ်။ ဆရာမက သူ နေမကောင်းတုန်းက ဆေးတွေ ထောက်ပံ့တဲ့သူရဲ့ သမီးကိုပဲ ဆုပေးတယ်တဲ့။ အမေက ဘာဖြစ်လို့ ဆရာမကို ဆေးတွေ မပေးရတာလဲ” လို့ ကျွန်မကို လာပြောတယ်။
ထိုမေးခွန်း သည် ယန်ကျိကို စိတ်အတော်လေး ထိခိုက်သွားစေခဲ့သည်။ မူလတန်းအဆင့် ပြီး၍ အလယ်တန်း ကျောင်းကောင်းကောင်းက အောင်လာမှ ဘေဂျင်းရှိ အထက် တန်း ကျောင်းကောင်းကောင်းတွေက လက်ခံလေ့ ရှိသည်။ 

အထက်တန်း ကျောင်းကောင်းကောင်း တက်နိုင်လျှင်လည်း တရုတ်နိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ‘ဂေါင်ကောင်း’ ကို ကျော်ဖြတ်ကြရပေ လိမ့်ဦးမည်။
ဂေါင်ကောင်းတွင် အမှတ်ကောင်းမှ တက္ကသိုလ် ကောင်းကောင်းတက်ခွင့်ရပြီး အလုပ်ကောင်းကောင်း ရမည်။ ဝင်ငွေ လစာကောင်းကောင်း အလုပ်ရမည်၊ အိမ်ကောင်းကောင်း၊ မိန်းမကောင်းကောင်း ရမည်ဆိုခြင်းသည် တရုတ်တို့၏ အိပ်မက်များသာ ဖြစ်သည်။

တရုတ်နိုင်ငံလို ကွန်မြူနစ်တိုင်းပြည်တွင် သတ်မှတ်ထားသည်က အခမဲ့ပညာရေး ဖြစ်သည်။ ပညာရေး အတွက် အကုန်အကျမှန်သမျှ နိုင်ငံတော်ကသာ ကျခံမည်ဟုလည်း ဆိုထားသည်။ သို့သော် အခွင့်ထူးခံ လူတန်းစားတွေအတွက် သီးခြားဖွင့်ပေးထား သည့် ကျောင်းများ သည် ကျောင်းလခ တစ်နင့်တပိုးနှင့် အလှူငွေများဖြင့် ရပ်တည်နေကြသည်။
ယနေ့ ဘေကျင်းရှိ အလယ်တန်းကျောင်းကောင်း တစ်ကျောင်းသို့ဝင်ခွင့် လာဘ်ထိုးရန်အတွက် ပေါက်ဈေးမှာ အမေရိကန် ဒေါ်လာ ၁၆,၀၀၀ ခန့်ရှိသည်။ 

အချို့ ဂဏန်းခြောက်လုံးခန့် ပေးနေရသည်ကိုလည်း မကြုံစဖူး ကြားနေရသည်။
သတ်မှတ် ပြဋ္ဌာန်းထားချက်များအရ အလယ်တန်း ကျောင်းဝင်ခွင့်သည် ကလေးများ နေထိုင် သည့်အရပ်ကို ဦးစားပေးရမည်သာ ဖြစ်သည်။ သို့သော် ဘေဂျင်းရှိ ကျောင်းထက်ဝက် ခန့်မျှသာ ထိုစည်းကမ်း ဥပဒေကို လိုက်နာကြကြောင်း တွေ့ရသည်။ နောက်ပိုင်း ကျောင်းဝင်ခွင့်တွင် အချက်သုံးချက် တိုးလာသည်။ ပညာတော်ရမည်၊ ပိုက်ဆံလည်း ရှိရမည်၊ ဆွေမျိုး လည်း တော် ရမည် ဆိုသည့် အချက်များဖြစ်သည်။ အထူးသဖြင့် အစိုးရထိပ်ပိုင်း အရာရှိကြီးများနှင့် ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်များ၏ သားသမီးများအတွက် မည်သည့် ကျောင်းတွင်မဆို ငြင်းပယ်ခွင့်မရှိပေ။

“တစ်ယောက်ယောက်နဲ့ သိရင် ပေးရတာနည်း လိမ့်မယ်” ဟု ဘေဂျင်းမြို့ ချောင်ယမ်းအရပ်ရှိ မိဘ တစ်ဦးက ဆိုသည်။ အချို့သော ကျောင်းများတွင် ခွဲတမ်း စနစ်တွေ ရှိနေသေးသည်။ ဥပမာ- အစိုးရဝန်ကြီးများနှင့် နိုင်ငံတော်ပိုင် ကုမ္ပဏီကြီးများမှ ဝန်ထမ်းများအတွက် ခွဲတမ်းဆို ကာ နေရာဖယ် ပေးထားရမှုများ ဖြစ်သည်။ ကုမ္ပဏီကြီးများကလည်း ကျောင်းများကို ငွေကြေး အလွန်အမင်း ထောက်ပံ့ပြီး ခွဲတမ်းရအောင် ယူတတ်ကြသည်။

ကျောင်းတက်ခွင့်မရှိသော နယ်ကျော် ကျောင်းလာတက်ချင်သူ များအတွက် ပေါက်ဈေး မှာ ဒေါ်လာ ၅၀၀၀ မှ ၄၀,၀၀၀ အတွင်းရှိသည်။ အစိုးရက မည်သို့ တားမြစ်ချက်တွေ ထုတ်သည် ဆိုစေ သူ့နည်း သူ့ဟန်နှင့် ထွက်ပေါက်များကား ရှိနေဆဲဖြစ်သည်။ အထူးတော်သောကြောင့် လက်ခံရသည် ဆိုသည့် ထွင်လုံးများသည် သုံးနှစ်သုံးမိုး သေလုအောင် ကြိုးစားရုန်းကန်ခဲ့ရသည် ယန်ကျိ သမီးလေးကို လှောင်ပြောင်နေလို ဖြစ်သည်။

ယန်ကျိက “ကျွန်မမှာ ရွေးချယ်စရာ မရှိတော့ပါဘူး” ဟု စားလက်စ ခေါက်ဆွဲကို မြိုချလိုက်ပြီး ပြောလိုက်သည်။ ယန်ကျိသည် အကနည်းပြဆရာကို အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့် ပမာဏနှင့် ညီမျှသော ယွမ်ငွေကို ပေးလိုက်ရသည်။ ထိုငွေပမာဏသည် သူမ အနေနှင့် တစ်နှစ်လုံး ကုန်းရုန်းရှာဖွေမှ ဒေါ်လာ ၂၀,၀၀၀ ခန့် ရသူတစ်ယောက်အတွက် အလွန်များသည့် ပမာဏ ဖြစ်သည်။

“အဓိကကတော့ စနစ်ပေါ့ရှင်။ ဖိအားတွေ၊ လာဘ် ပေးလာဘ်ယူ စနစ်တွေရှိနေသမျှ တန်းတူ ညီမျှတော့ ဖြစ်မှာမဟုတ်သေးပါဘူး။ နောက်ဆုံးတော့ သမီးအတွက် လုပ်ပေး လိုက်ရတာပဲဆိုပြီး ဖြေသိမ့်ပါတယ်။ ဒါ သားသမီးအတွက် အကောင်းဆုံး လုပ်ပေးလိုက်တာပဲ ဆိုပြီးတော့ ကျေနပ်လိုက်ပါတယ်” ဟု ယန်ကျိက ပြောသည်။
 
Ref: Brains.. and Bribes by William Wan; Washington Post
The Voice Daily, 24.10.2013
From...Search MYANMAR

26 October 2013

တရုတ်ပြေးမင်း နရသီဟပတေ့နှင့် ငဆောင်ချမ်း တိုက်ပွဲမှ နတ်များ အကြောင်း(၂)

ထိုသို့ ပုဂံနတ်များ ချီတက်လာသကဲ့သို့ တရုတ်ဘုရင် ဥတည်ဘွားကိုးကွယ် ထားသည့်ကြေးစန္ဒီ နတ်နှင့် အခြားနတ်များကလည်း တရုတ်တပ်များနှင့်အတူ လိုက်ပါလာကြလေသည်။

အနန္တပစ္စည်းနှင့်ရန္တပစ္စည်းသူရဲကောင်းနှစ်ယောက်တို့ ဦးဆောင်သော ပုဂံတပ်မကြီးသည် ငဆောင်ချမ်း အရပ် သို့ ရောက်လေသော်ယာယီမြို့ ကျုံးမြောင်းလုပ်ကာဗန်းမော်မြစ် အငူတွင်ခံတပ်ပြုထားကြ၏။


တရုတ်တို့ ကလည်း စစ်တပ်အလုံးအရင်းနှင့်ချီလာသည်။အနန္တပစ္စည်းနှင့်ရန္တပစ္စည်း သူရဲကောင်းနှစ်ယောက် ဦးဆောင်သော အဖွဲ့ ကလည်းရှေ့ တန်းမှ တက်လာသော တရုတ် ဟူသမျှကိုသတ်ဖြတ် သည်။

သုံးလတိုင်တိုင်မရပ်မနားတိုက်ခိုက်ကြကုန်၏။ တရုတ်ဘုရင်ဖက်မှ လည်းအလောင်းချင်း ထပ်နေသည့် တိုင်အောင်အဆက် မပြတ်တိုက်ခိုက်ကြကုန် သည်။တရုတ်တို့ ကလည်း တစ်လောင်းပေါ်ဆတိုးထပ် တက်   သည့်စနစ်ဖြင့် အင်အားသုံးကာတိုက်ခိုက်ကြသည်။စစ်ပွဲကိုစွဲလန်းစွာသေဆုံးသော စစ်ဖက်စစ်တပ်အင်အားမှ အယူတိမ်းသော လူတို့ လည်း နတ်စိမ်းဖြစ်သည့် တိုင်တိုက်ခိုက်ကြကုန်၏ ယခင်ကချီတက် လာသောရုက္ခစိုး ဘုမ္မစိုး အပြင်(၃၇မင်း) ပုဂံခေတ်စာရင်း)များကလည်းပူးပေါင်းကာတရုတ် တို့ ကိုခုခံ၏ တရုတ်တို့ ဖက်မှနတ်များ ကလည်းနတ်များကလည်းတိုက်ခိုက်ကြကုန်၏။


ထိုသို့ တိုက်ခိုက်ရာတွင်နတ်များကကောင်းကင်ထက်တွင်နတ်အချင်းချင်း၊ ရဲမက်များ ကမြေပြင်ထက်တွင်လူအချင်းချင်း တိုက်ခိုက်ကြကုန်၏အနန္တပစ္စည်းနှင့် ရန္တပစ္စည်း တို့ ကလည်း၎င်းတို့ ကိုးကွယ်သောဆရာရသေ့၏ သံသေခဲများကိုငုံကာအမြင့် သို့ ခုန်လျက် တိုက်ခိုက်ရာ ရန်သူတို့ ကဖမ်းဆီးသတ်ဖြတ်ခြင်းငှာမရနိုင်ဖြစ်လေသည် သို့ သော်လည်း တရုတ်စစ်အင်အားမှာအလွန်များပြားလှသဖြင့်သူရဲကောင်းနှစ်ဦး ဦးစီးသော တပ်လည်း လက်ပန်းကျစပြုသည့် အချိန်တွင်ပုဂံမြို့ သရပါတံခါးကိုစောင့်သောငတပါးသင် အမည်ရှိသော နတ်ဘီလူးလက်ကို တရုတ်နတ်တို့ ပစ်ခတ်သောမြှားဆိပ်သင့်လေသည်။ 


ထိုအခိုက်မှာပင်လျှင်ငဆောင်ချမ်း ရှိပုဂံစစ်ခံတပ်ပျက်လေသည်ထိုအခါငတပါးသင် နတ်ဘီလူးကပုဂံမြို့ သို့ ကမ္မဇိဒ္ဓိတန်ခိုးဖြင့်အမြန်ဝင်ရောက်ကာ နရသီဟပတေ့မင်း၏ ဆရာတော်နေ့ ခင်းကျိန်းစက်(အိပ်)နေသည့်အခါတွင်ခြတော်ကိုလှုပ်ကာနှိုးလေ၏
ယနေ့ ပင်လျှင်ငဆောင်ချမ်းခံတပ်ပျက်ကာကျွန်ုပ်လက်များဆိပ်သင့်လေပြီဟုလျှောက်သည်
်ထိုအခါမင်းဆရာဘုန်းကြီးလည်းကိုရင်သာမဏေငယ်တစ်ပါးကိုခေါ်ကာထို
အကြောင်းကိုမင်းကြီးထံလျှောက်စေ၏။


ထိုအကြောင်းကြားသော်နရသီဟပတေ့မင်းလည်းပြင်းထန်စွာတုန်လှုပ်ပြီးမွန်ပြည်ပုသိမ်
သို့ ရေကြောင်းဖြင့်ပြေးလေတော့သည်ကိုအစွဲပြုကာနှောင်းလူတို့ ကတရုတ်ရန်ကြောက်
ပြေးသောမင်းဖြစ်သဖြင့်တရုတ်ပြေးမင်းခေါ်ကြ ကုန်တော့သည်။ အနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့ တပ် ငဆောင်ချမ်းမှဆုတ်ကာ မန်လည်တောင်ရံ အရှေ့ အရပ်၌ ခံတပ်မြို့ နှစ်မြို့ တည်ခုခံပြန်သည်။၎င်းစစ်သူကြီးတစ်ဦးသည် သံသေ(အချို့ စာများ တွင်ပြဒါးသေ) ကိုငုံပြီးခုန် တိုက်ခိုက်ကြရာတစ်ခါခုန် လျှင်ကောင်းကင်၁၅တောင်၊၁၆တောင်တိုင်အောင်ပျံနိုင်သည်ဟူ၏
 

ထိုသို့ တိုက်ခိုက်နေစဉ်နောင်တော်ဖြစ်သောအနန္တပစ္စည်းသူရဲကောင်းအား
တရုတ်နတ်များ ဖက်မှနတ်အချင်းချင်း ပစ်သောမြားသည်ငုံထားသောသံသေခဲကြောင့်နတ် ခန္ဓာ(အီသာဘော်ဒီ)တစ်ပိုင်းဖြစ်နေသောအနန္တပစ္စည်းခန္ဓာကိုယ်အား ထိမှန်လေရာအနန္တပစ္စည်းသူရဲကောင်းလည်း ကောင်းကင်မှပြုတ်ကျကာသေလေသည်။


(အချို့ ရာဇ၀င်များတွင်မူပင်ပန်းလွန်းအားကြီးသဖြင့် သံသေခဲကို အံတွင်မခဲနိုင် သဖြင့်ပြုတ်ကျသေသည်ဆို၏)ကြိုက်ရာ အယူအဆကိုယူပါလေ။ ကျန်စစ်သူကြီးများ လည်းခေါင်းဆောင် ကျလေလျှင်တပ်ကိုသိမ်းကာပုဂံသို့ ပြန်ကြကုန်၏။ တရုတ်တပ်များကလည်းလိုက်လံတိုက်ခိုက်သည် ပုဂံရောက်သော် မင်းမရှိသဖြင့်ပုသိမ်သို့ တပ်များ ဆုတ်ခွာလေရာ တရုတ်တို့ ကလည်းလိုက်လာကြ၏သို့ သော်တရုတ်မော်(တရုတ်မော)အရပ်သို့ ရောက်ကြေ လေ    သာ် တရုတ်တို့ ၏စစ်သည် ဗိုလ်ပါများအစာရေစာခမ်း လာ သဖြင့် လာရာ တရုတ်ပြည်သို့ ပြန်လှည့် ကုန်ကြတော့လေသတည်း။


ဂန္ဓာရီမန္တန်ဝိဇ္ဇာကျင့်စဉ်နှင့် သဘာဝလွန်မိစ္ဆာပယောဂမှတ်တမ်းများ
From....Myanmar Online News
 

တရုတ်ပြေးမင်း နရသီဟပတေ့နှင့် ငဆောင်ချမ်း တိုက်ပွဲများ မှ နတ်များအကြောင်း

သက္ကရာဇ်(၆၄၃)ခုအေဒီ(၁၂၈၁)ခုနှစ်ကဖြစ်သည် တရုတ်ဘုရင် မှနေပြီးပုဂံပြည့်ရှင် နရသီဟပတေ့ မင်းကြီး ထံရွှေပေါင်းချောင် ၊ငွေပေါင်းချောင် (အချို့ ရာဇ၀င်များတွင် ဆင်ဖြူတော်) လာတောင်းသည် ဟူ၏။ ထိုအခါပုဂံပြည့်ရှင် မင်းကြီး ကစိတ်ဆိုးဒေါသထွက်ကာ လာရောက်တောင်းဆိုသော တရုတ်သံအဖွဲ့ ကို အမတ် တစ်ကျိတ်နှင့်မြင်းသည် တစ်ထောင် ကိုအမတ်ကြီး ရာဇသင်္ကြန် တားမြစ်သည့်ကြားမှ သံတမန် ဆက်ဆံရေး ကျင့်ဝတ်ကိုဖျက်ကာ တစ်ယောက်မကျန်သတ်စေ၏။ ထိုအကြောင်းကို တရုတ်ဘုရင် ဥတည်ဘွား ကြားလေသော် အမျက်ပြင်းစွာထွက်ပြီးမြင်း သည်၊ခြောက်သန်း ။ခြေလျင်စစ်သည် တစ်ကုဋေဖြင့် ပုဂံကိုစစ်ဆင် သိမ်းပိုက်ရန်လာလေ၏။
 
(စစ်သည်စာရင်းကျုပ်လည်းမယုံပါ။ဦးကုလားနှင့်မှန်နန်း ရာဇ၀င်ပါ အတိုင်းရေးပြတာသေချာ ရှင်းပြရ တာ ဒီpageကိုlike ထားတဲ့ အထဲဖေါင်းထုတဲ့လူတွေပါနေလို့ ) ထိုသတင်း ကြားလေသော် နရသီဟပတေ့ မင်းလည်းကြံစည်ရာ မရပဲမှူးမတ်များနှင့်တိုင်ပင်၏။

ငါတို့ ပုဂံမြို့ သည်ကျဉ်းလှည်။မြို့ စောက်လည်းနိမ့်လှ၏။ ဆင်မြင်းဗိုလ်ပါဖြင့်ဥတည်ဘွား ကိုမခုခံနိုင်ပေ။အရှေ့ မြစ်ညာပင်လယ်ရွာ မှတောင်ဖက်သို့ အဖြောင့်သွားကာ ရွာသာမြို့ ကို အတွင်းသွင်းပြီးမြို့ တည် မည်ဟု ငါကြံသည်ဟု ဆိုကာအုတ်ဖုတ်ရန် အချိန်မမှီသဖြင့်ပုဂံမြို့ မှဘုရားဂူအုတ်ကျောင်းတစ်ခုမကျန် ဖျက်စီးကာ အုတ်ကို ယူစေရန်အမိန့် ထုတ်ပြန်လိုက်သည်။

ထိုအခါဂူကြီးတစ်ထောင်၊ဂူငယ်တစ်ထောင်၊ကုလားဟိန္ဒူကျောင်း (ဟိန္ဒူထည့်ရေး ရသေးတာ မဟုတ်ရင်မူဆလင်ကသူ တို့ ရောက်နေတာကြာလှပြီအော် မှာစိုးလို့ ) သုံးထောင်ပျက်သည် ဟူ၏။ထိုသို့ဖျက်ရာတွင်ဂူကြီး တစ်လုံးထဲမှ(ပုဂံပြည်တွင် သားမြွှာ တို့ အဘလက်ထက် တရုတ်ဖျက်လို့ ပြည်ပျက်လတ္တံ) ဟုသိုက်စာပါရှိလေရာမင်းကြီးလည်း ကိုယ်လုပ်တော် မိဖုရားများစွာကို စစ်မေးသော် တစ်ဦးသောမိဖုရားသည် သား အမွှာမွေးထားသည် ဟုကြား သိရသဖြင့် စိတ်နှလုံး မသာအယာဖြစ်ကာ မြို့ ဆောက်လုပ်လည်း ငါတို့ သည်ဤ တရုတ် များရန်မှလွတ်မည်မဟုတ် ဟုကြံဆကာ-အနန္တပစ္စည်းနှင့် ရန္တပစ္စည်း ဟူသော၎င်းတို့ ဆရာ ရသေ့ထံမှ အမြင့်ခုန်နိုင်သည့် သံသေခဲတစ်ခဲစီ ရထားသောသူရဲကောင်း နှစ်ယောက်ကို ဦးဆောင်ကာ တရုတ်တို့ စစ်ချီ လာရာ အထက်သို့ တက်ကာစစ်ချီစေသည်။

ပုဂံပြည်ဖက်မှ ခုခံစစ် ချီအင်အာြး
ကည်း ၊ရေ၊ ရှစ်သန်းသော ဆင်လုံးမြင်းရင်းဖြင့် ချီတက် သည်ဟု ဆို၏။
ထိုအခါ ပုဂံပြည်ကိုစောင့်ရှောက်ေ
သာ နတ်များ ၊စေတီပုထိုးစောင့်နတ်များက လည်း ပုဂံပြည် မှစေတီ ဘုရားပေါ လှသည် တရုတ်တို့ တက်လာသော် ငါတို့ အဆောက်အဦး များ ယခုထက် ဖျက်စီးခံရအံ့။           ထို့ ကြောင့်ဤ တိုက်ပွဲတွင် ငါတို့ ပါရလတ္တံ ဟု တိုင်ပင်ကာအထက် သို့ ရုက္ခစိုး ၊ဂန္ဓဗ္ဗ နတ်နှင့် အပြင်၃၇မင်းနတ် (ပုဂံလက်ထက်စာရင်းပါ) တို့ သည် ပူးပေါင်းကာ အထက်၌ခုခံရန် ချီတက်ကြကုန်တော့၏

ဆက်ရန်..........
ကျွန်ုပ်မအားသေးသဖြင့်ရပ်လိုက်ရပါကြောင်း........

မိစ္ဆာပယောဂစွဲများနှိမ်နင်းနေသူတစ်ဦး
ဂန္ဓာရီမန္တန်ဝိဇ္ဇာကျင့်စဉ်နှင့် သဘာဝလွန်မိစ္ဆာပယောဂမှတ်တမ်းများ
 

တညင်းသီး (မွန် ပုံပြင်)




ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီးတော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်း မရအောင် လှတယ်။ ဒီအလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံနှံ့အောင် ပျံလွင့်သွားတယ်။
ပြည်ထောင် ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင် မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့ သဝဏ်လွှာပါးပြီး လှထိတ်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။

ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင် အချင်းချင်း မင်းတွေ စစ်ခင်းကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီ ဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။

ဘုရင်ကြီးရဲ့ သဝဏ်လွှာကတော့ သူ့သမီးတော် လှထိပ်ခေါင်တင်ကို နန်းတွင်းက မင်္ဂလာရေကန် အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေစေပါတယ်။ ဘယ်လိုဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ မင်းသားမဆို ကိုယ့်ကိုယ်ကို ရေမစွတ်စေဘဲ သမီးတော်ကို ဆောင်ကြဉ်းနိုင်တယ်ဆိုရင် အဲဒီမင်းသားနဲ့ လက်ထပ်ထိမ်းမြားပေးမယ် ဆိုတဲ့ သဝဏ်လွှာတွေဖြစ်တယ်။

ဒီသဝဏ်လွှာကို ရကြတော့ ပြည်ထောင်ချင်းချင်း တစ်ရာ့တစ်ပါးသော မင်းတွေဟာ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးရဲ့ နန်းတော်ကို လာကြတယ်။ ပြီးတော့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေတဲ့ လှထိပ်ခေါင်တင် မင်းသမီးကလေးဆီ သွားဖို့ကြံကြတယ်။ 


ဒါပေမယ့် သူတို့ ကိုယ်ကို ရေမစိုဘဲ ဘယ်နည်းနဲ့မှ ကန်ထဲက မင်းသမီးဆီ မရောက်နိုင်ဘူးဆိုတာ သိကြ တာနဲ့ ကန်ပတ်လည်မှာ ဝိုင်းထိုင်မှိုင်နေကြတယ်။ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးကလည်း သမီးတော် လှထိပ်ခေါင် ကို (၃) ရက်အတွင်း ဆောင်ကျဉ်းပါလို့ ရက်အကန့်အသတ်နဲ့ ထားတယ်။

ဒီသတင်းဟာ လူ့ပြည်တွင်မကဘဲ နတ်ပြည်အထိ ကျော်ကြားသွားတယ်။ သတင်းဖြစ်ပုံက ရမ္မာပူရပြည့်ရှင် ဘုရင့်သမီးတော်လေးဟာ လူမက နတ်မ, မျှလှကြောင်း၊ ချောတဲ့အကြောင်း၊ ဒီအလှရှင်မလေးကို ပိုင်ဆိုင်နိုင်ကြဖို့ အပြည်ပြည်ထောင်က မင်းသားများ အလှရှင်မလေး စံနေတဲ့ မင်္ဂလာရေကန်လယ်က ကြာပွင့်ပြသာဒ်ကို ဝန်းရံနေကြကြောင်း စတဲ့ သတင်းဖြစ်တယ်။ 


ဒီသတင်းဟာ မြို့တွေ ရွာတွေမှာ ရှိတဲ့ နတ်တွေက တစ်ဆင့် ဟိမဝန္တာက နတ်တွေဆီရောက် သွားတယ်။ ဟိမဝန္တာတောက နတ်တွေက တစ်ဆင့် မြင်းမိုရ်တောင်က နတ်တွေ ဒီသတင်းကို ကြားပြန်တယ်။ ဒီလို အဆင့်ဆင့်နဲ့ နတ်ပြည်တစ်ပြည်လုံးကို မင်းသမီးကလေးရဲ့ အလှ အကြောင်း ကျော်ကြားသွားတာဖြစ်တယ်။

သုတိတာနတ်ပြည်က ကြင်ယာမရှိသေးတဲ့ နတ်သားတစ်ပါးက ဒီသတင်းကို ကြားရင်ကြားချင်း နတ်ပြည်ကဆင်းလာပြီး မင်္ဂလာရေကန်အလယ် ကြာပွင့်ပြသာဒ်မှာ စံနေတဲ့ မင်းသမီးကလေး ကို ပွေ့ချီ၊ နတ်ပြည်ဆောင်ကြဉ်းသွားတယ်။

ဒီလို မင်းသမီးကလေးကို နတ်သားတစ်ပါးက ဆောင်ကျဉ်းသွားတာကို ရေကန်မှာ ဝန်းရံနေတဲ့ မင်းသားတွေ မြင်လိုက်ရတဲ့အခါ စိတ်အပျက်ကြီးပျက်ကုန်ကြတယ်၊ အဆွေးကြီးဆွေး ကုန်ကြတယ်။ တစ်ခါ တည်း အချစ်နာကျပြီး ငေးမှိုင်ကုန်ကြတယ်။ ဒါကို ပညာရှိအမတ်ကြီးတွေ သိတော့ အဲဒီမင်းသားတွေကို ချော့မော့ပြီး သူ့တိုင်းပြည်သူပြန်ပို့လိုက်တယ်။ မင်းသားတွေဟာ သူတို့ရဲ့တိုင်းပြည်ကို ပြန်ရောက်တဲ့ တိုင်အောင် မင်းသမီးကလေးအပေါ် စွဲလမ်းတဲ့စိတ်ကြောင့် မစားနိုင် မအိပ်နိုင်ကြဘူး တစ်မှိုင်မှိုင် တစ်တွေတွေဖြစ်ပြီး အချစ်နာ ကျတာကို ခံနေကြရတယ်။

မင်းသမီးကလေး တုသိတာ နတ်ပြည် ရောက်သွားတဲ့အခါ နတ်သားက မင်းသမီးကလေးကို သူ့ဥယျာဉ်မှာ ခဏထားထားတယ်။

ဒီလို လူပြည့်က လူမက နတ်တ မျှလှတယ်ဆိုတဲ့ မင်းသမီးနတ်ပြည်ရောက်လာတယ် ဆိုတဲ့သတင်းကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ နတ်သမီးတွေကြားတော့ မင်းသမီးကလေးရဲ့ အလှကို လာလာကြည့်တယ်။ ကြည့်ပြီး ကျော်သလောက်လည်း လှရှာပါပေတယ်လို့ ချီးမွမ်းကြတယ်။ 






"အမည်ကိုခေါင်ကွန့်ထားသည့် တောင်ညွန့်"

Photo: "အမည်ကိုခေါင်ကွန့်ထားသည့် တောင်ညွန့်"  မြန်မာနိုင်ငံကို ''ရွှေမြေ''(Golden Land)  ဟုတင်စားခေါ်ဝေါ်နေကြသလို ရန်ကုန်မြို့ကို စစ်ကြိုခေတ်က အာရှတိုက်၏ဥယျာဉ်မြို့တော် (Garden City of Asia) ဟုဂုဏ်ပြုခေါ်ဝေါ်ခြင်းခံခဲ့ဖူးသည်။ ထိုသို့ ဂုဏ်ထူးနာမရခဲ့ခြင်းမှာ မြတ်ဘုရားရွှေတိဂုံ၏ ခြေတော်ရင်းက စိမ်းလန်းစိုပြည်သည့် ကန်တော်ကြီးဝန်းကျင်က အဓိကပါဝင်နေခဲ့၍ဖြစ်သည်။  “တောင်ညွန့်မှသည် မင်္ဂလာတောင်ညွန့်ဖြစ်တည်”  အရှေ့ပိုင်းခရိုင်မှာပါဝင်သော မင်္ဂလာတောင်ညွန့်မြို့နယ်သည် ကန်တော်ကြီးဝန်းကျင်တွင် မြတ်ဘုရားရွှေတိဂုံတည်ရာ သိဂုင်္တ္တရတောင်စွယ်တောင်တန်းတွေမှနေ၍ ဆင်ခြေလျှော သွယ်တန်းလာသည့်တောင်ကုန်း၊ တောင်ထွတ်များတည်ရာမှာ ဖြစ်တည်လာသောမြို့ကွက်ဖြစ်သည့်အတွက် ကနဦးအမည်က တောင်ညွန့်ဖြစ်ခဲ့သည်။  စစ်ကြိုခေတ်က ကျော်ကြားသောလူရွှင်တော်ကြီးများ ဖြစ်ကြသည့် ဒီပေါက်နှင့် ညှပ်ကြီး တို့က ပြက်လုံးထုတ်ခဲ့ကြရာမှာ “လူပျိုကာလသားတွေနေတဲ့အရပ်ကို တောင်ညွန့်၊ အပျိုကလေးတွေနေသည့်အရပ်ကတော့ Spark လမ်း(ယခုဗိုလ်အောင်ကျော်လမ်း)ပေါ့”ဟု ရယ်ရွှင်ဖွယ်ရာ အပြင် မှတ်သားစရာပါဖြစ်ခဲ့သည်။  ထို့ကြောင့် လွတ်လပ်ရေးရပြီးသောအခါမှာ မင်္ဂလာအပေါင်းခညောင်းသည့်သိဂုင်္တ္တရကုန်းတော်၏ ဆင်ခြေလျောအတွင်း ဖြစ်တည်လာခဲ့သော တောင်ထွတ်အညွန့်အဖူးမှာ တည်ရှိနေသည့်ဗျူပ္ပတ်နှင့် အမည်ကို ခေါင်ကွန့်ကာ “မင်္ဂလာတောင်ညွန့်” အမည်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ တောင်ကုန်းတောင်ထွတ်ထူထပ်မှု နိမိတ်ပုံနှင့် မြတ်ဘုရားရွှေတိဂုံအား ခြံရံထားသည့် ကုန်း ၉၉ကုန်းတွင် ပါဝင်သော တောင်ကုန်း (အများစု)သည် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာ တည်ရှိနေသည်။ အရိုးကုန်း၊ ပျားရည်ကုန်း၊ သာယာကုန်း(ပါတာနီကုန်း)၊ မြယာကုန်း၊ ပိန္နဲကုန်းနှင့် ဒိုဘီကုန်းစသောကုန်းပေါင်းများစွာ ပါဝင်နေသည်။  ရန်ကုန်မြို့ကြီးကို နယ်မြေ(၁၂) ခုနှင့် ပိုင်းခြားမှုပြုခဲ့စဉ်က အမှတ် (၉)နယ်မြေ၏ ဒေသစိတ်ဖြစ်ခဲ့သည်။ ယခင်က ၈၇ လမ်းမှ ၉၄ လမ်းအထိကိုသာ ကန်တော်ကလေးရပ်ဟု သတ်မှတ်ခဲ့သေည်လည်း စနစ်သစ်အုပ်ချုပ်ရေးအရ ကန်ရှေ့၊ ကန်နောက်၊ ကန်တောင်၊ ကန်မြောက် ဟူ၍(၄)ရပ်ကွက်ဖြစ်လာသည်။ ၉၅ လမ်းမှနေလမ်း ၁ဝဝ အထိကို ဘင်္ဂါလီစု (Bengali busti)၊ ၁ဝ၁ လမ်းမှနေ ၁ဝ၃ လမ်းအထိကို ဖို့မြေဟူ၍ ခေါ်တွင်သည်။ အဘယ်ကြောင့်ဆိုသော် “ဒေဝ+သာဂရ = နတ်ပင်လယ်” ဟုခေါ်သည့်တောင်ကုန်းအောက်မှာ သိမ်ဖြူချောင်း၊ ပုဇွန်တောင်ချောင်းနှင့် ဒီတိုးချောင်းတို့ပေါင်းဆုံစီးဆင်းနေသည့်အတွက် ရွှံ့မြေကွက် ဖြစ်ခဲ့၍ မြို့ကွက်တည်ရန် မြေဖို့ပြုပြင်ခဲ့ရလို့ ဖို့မြေဖြစ်ခဲ့ရသည်။ ယခုအခါ စည်ပင်သာယာ၏အလုပ်ရုံ၊ စက်ရုံနှင့် ရေပုပ်စုပ်ယာဉ်များ ထားရှိနေရာဖြစ်လာသည်။  “မင်္ဂလာတောင်ညွန့်အတွင်းက ထူးခြားမှုအစုစု”  တစ်ချိန်က ကွမ်းခြံစိုက် မိလက္ခူတွေ နေထိုင်ခဲ့သည့် ကွမ်းခြံရပ်၏နိမိတ်ပုံအဖြစ် ကွမ်းခြံဘူတာကြီး (ယခုရန်ကုန်ဘူတာကြီး)နှင့် BAA အမည်ရခဲ့သည့် အောင်ဆန်းအားကစားကွင်းအပြင် ဘိုးဘွားရိပ်သာအစဖြစ်သော Little Sister ခရစ်ယာန်အဘွားရိပ်သာပါ ရှိခဲ့သည်။စစ်ကြိုခေတ်က ရန်ကုန်မြို့စွန်တွင် တည်ရှိခဲ့၍ ဘာသာပေါင်းစုံသင်္ချိုင်းတွေအပြင် ထူးထူးခြားခြား ဂျူးလူမျိုးတို့၏ ဂူသင်္ချိုင်းပါရှိခဲ့သည်။  ကူးစက်ရောဂါကု ကျောက်ဆေးရုံရှိခဲ့၍ ကျောက်ကွေ့ကားမှတ်တိုင်ရှိသလို၊ တစ်ခြမ်းပဲ့ဗလီနှင့် ကန်တော်ကလေးရွာဟောင်းဗလီများပါရှိသည်။ ခရစ်ယာန်ဘာသာဝင်များ၏ စိန်အန်ထော် Church ကလည်း ရှေးဟောင်း လက်ရာစုစာရင်းဝင်ဖြစ်သည်။   ယခုအခါ လွတ်လပ်ရေးရပြီး ဖြစ်သည့်အတွက် စိန်အန်ထော်နီကျောင်းတည်ရာကို စိန်အန်ထော်နီလမ်း အမည်တွင်ရာမှနေ အမျိုးသားပညာဝန် ဦးဖိုးကျားအားဂုဏ်ပြုကာ ဦးဖိုးကျားလမ်း၊ Little Sister Road ကို သခင်မကြီးဒေါ်သိန်းတင်ကို ဂုဏ်ပြုကာ ဒေါ်သိန်းတင်လမ်း၊ ဧရာဝတီဖလိုတီးယားကုမ္ပဏီက စာရေးကြီးဝီလျံကနေဒီအမည်နှင့် ရှိခဲ့သည့်ကနေဒီကျွန်းကို လွတ်လပ်ရေးကျွန်းကနေဒီလမ်းအမည်ကို ဝန်းသိုစော်ဘွားကြီးအားဂုဏ်ပြုကာ ဦးအောင်မြတ်လမ်းတို့အပြင် Arrow Lane ကိုနောင်ရိုးလမ်း၊ Bow Laneကို ဗညားဒလလမ်း၊ Culvertလမ်းကို မြန်မာ့ဂုဏ်ရည်လမ်းနှင့် သဲတောလမ်းက မန္တလေးလမ်းအမည်ရနေပြီဖြစ်ဖြစ်သည်။  Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်း

မြန်မာနိုင်ငံကို ''ရွှေမြေ''(Golden Land) ဟုတင်စားခေါ်ဝေါ်နေကြသလို ရန်ကုန်မြို့ကို စစ်ကြိုခေတ်က အာရှတိုက်၏ဥယျာဉ်မြို့တော် (Garden City of Asia) ဟုဂုဏ်ပြုခေါ်ဝေါ်ခြင်း ခံခဲ့ဖူးသည်။ ထိုသို့ ဂုဏ်ထူးနာမရခဲ့ခြင်းမှာ မြတ်ဘုရားရွှေတိဂုံ၏ ခြေတော်ရင်းက စိမ်းလန်း စိုပြည်သည့် ကန်တော်ကြီးဝန်းကျင်က အဓိကပါဝင်နေခဲ့၍ဖြစ်သည်။
 

“တောင်ညွန့်မှသည် မင်္ဂလာတောင်ညွန့်ဖြစ်တည်”

အရှေ့ပိုင်းခရိုင်မှာပါဝင်သော မင်္ဂလာတောင်ညွန့်မြို့နယ်သည် ကန်တော်ကြီး ဝန်းကျင် တွင် မြတ်ဘုရားရွှေတိဂုံတည်ရာ သိဂုင်္တ္တရတောင်စွယ်တောင်တန်းတွေမှနေ၍ ဆင်ခြေလျှော သွယ်တန်းလာသည့်တောင်ကုန်း၊ တောင်ထွတ်များတည်ရာမှာ ဖြစ်တည်လာသောမြို့ကွက်ဖြစ် သည့် အတွက် ကနဦးအမည်က တောင်ညွန့်ဖြစ်ခဲ့သည်။

စစ်ကြိုခေတ်က ကျော်ကြားသောလူရွှင်တော်ကြီးများ ဖြစ်ကြသည့် ဒီပေါက်နှင့် ညှပ်ကြီး တို့က ပြက်လုံးထုတ်ခဲ့ကြရာမှာ “လူပျိုကာလသားတွေနေတဲ့အရပ်ကို တောင်ညွန့်၊ အပျိုကလေးတွေနေ သည့်အရပ်ကတော့ Spark လမ်း(ယခုဗိုလ်အောင်ကျော်လမ်း)ပေါ့”ဟု ရယ်ရွှင်ဖွယ်ရာ အပြင် မှတ်သားစရာပါဖြစ်ခဲ့သည်။

ထို့ကြောင့် လွတ်လပ်ရေးရပြီးသောအခါမှာ မင်္ဂလာအပေါင်းခညောင်းသည့် သိဂုင်္တ္တရ ကုန်းတော်၏ ဆင်ခြေလျောအတွင်း ဖြစ်တည်လာခဲ့သော တောင်ထွတ်အညွန့်အဖူးမှာ တည်ရှိနေသည့် ဗျူပ္ပတ်နှင့် အမည်ကို ခေါင်ကွန့်ကာ “မင်္ဂလာတောင်ညွန့်” အမည်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ တောင်ကုန်းတောင်ထွတ် ထူထပ်မှု နိမိတ်ပုံနှင့် မြတ်ဘုရားရွှေတိဂုံအား ခြံရံထားသည့် ကုန်း ၉၉ကုန်းတွင် ပါဝင်သော တောင်ကုန်း (အများစု)သည် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာ တည်ရှိနေသည်။ အရိုးကုန်း၊ ပျားရည်ကုန်း၊ သာယာကုန်း(ပါတာနီကုန်း)၊ မြယာကုန်း၊ ပိန္နဲကုန်းနှင့် ဒိုဘီကုန်းစသော ကုန်းပေါင်းများစွာ ပါဝင်နေသည်။

ရန်ကုန်မြို့ကြီးကို နယ်မြေ(၁၂) ခုနှင့် ပိုင်းခြားမှုပြုခဲ့စဉ်က အမှတ် (၉)နယ်မြေ၏ ဒေသ စိတ်ဖြစ်ခဲ့သည်။ ယခင်က ၈၇ လမ်းမှ ၉၄ လမ်းအထိကိုသာ ကန်တော်ကလေးရပ်ဟု သတ်မှတ်ခဲ့သော်လည်း စနစ်သစ်အုပ်ချုပ်ရေးအရ ကန်ရှေ့၊ ကန်နောက်၊ ကန်တောင်၊ ကန်မြောက် ဟူ၍(၄)ရပ်ကွက်ဖြစ်လာသည်။ ၉၅ လမ်းမှနေလမ်း ၁ဝဝ အထိကို ဘင်္ဂါလီစု (Bengali busti)၊ ၁ဝ၁ လမ်းမှနေ ၁ဝ၃ လမ်းအထိကို ဖို့မြေဟူ၍ ခေါ်တွင်သည်။ အဘယ်ကြောင့်ဆိုသော် “ဒေဝ+သာဂရ = နတ်ပင်လယ်” ဟုခေါ်သည့်တောင်ကုန်းအောက်မှာ သိမ်ဖြူချောင်း၊ ပုဇွန်တောင်ချောင်းနှင့် ဒီတိုးချောင်းတို့ပေါင်းဆုံ စီးဆင်းနေသည့်အတွက် ရွှံ့မြေကွက် ဖြစ်ခဲ့၍ မြို့ကွက်တည်ရန် မြေဖို့ပြုပြင်ခဲ့ရလို့ ဖို့မြေဖြစ်ခဲ့ရသည်။ ယခုအခါ စည်ပင်သာယာ၏အလုပ်ရုံ၊ စက်ရုံနှင့် ရေပုပ်စုပ်ယာဉ်များ ထားရှိနေရာဖြစ်လာသည်။

“မင်္ဂလာတောင်ညွန့်အတွင်းက ထူးခြားမှုအစုစု”

တစ်ချိန်က ကွမ်းခြံစိုက် မိလက္ခူတွေ နေထိုင်ခဲ့သည့် ကွမ်းခြံရပ်၏နိမိတ်ပုံအဖြစ် ကွမ်းခြံ ဘူတာကြီး (ယခုရန်ကုန်ဘူတာကြီး)နှင့် BAA အမည်ရခဲ့သည့် အောင်ဆန်း အားကစားကွင်း အပြင် ဘိုးဘွားရိပ်သာအစဖြစ်သော Little Sister ခရစ်ယာန်အဘွားရိပ်သာပါ ရှိခဲ့သည်။ စစ်ကြိုခေတ်က ရန်ကုန်မြို့စွန်တွင် တည်ရှိခဲ့၍ ဘာသာပေါင်းစုံသင်္ချိုင်းတွေအပြင် ထူးထူးခြားခြာ ဂျူးလူမျိုးတို့၏ ဂူသင်္ချိုင်းပါရှိခဲ့သည်။


ကူးစက်ရောဂါကု ကျောက်ဆေးရုံရှိခဲ့၍ ကျောက်ကွေ့ကားမှတ်တိုင်ရှိသလို၊ တစ်ခြမ်းပဲ့ဗလီနှင့် ကန်တော်ကလေးရွာဟောင်းဗလီများပါရှိသည်။ ခရစ်ယာန်ဘာသာဝင်များ၏ စိန်အန်ထော် Church ကလည်း ရှေးဟောင်း လက်ရာစု စာရင်းဝင်ဖြစ်သည်။

ယခုအခါ လွတ်လပ်ရေးရပြီး ဖြစ်သည့်အတွက် စိန်အန်ထော်နီကျောင်း တည်ရာကို စိန်အန်ထော်နီလမ်း အမည်တွင်ရာမှနေ အမျိုးသားပညာဝန် ဦးဖိုးကျားအားဂုဏ်ပြုကာ ဦးဖိုးကျား လမ်း၊ LittleSister Road ကို သခင်မကြီးဒေါ်သိန်းတင်ကို ဂုဏ်ပြု ကာ ဒေါ်သိန်းတင် လမ်း၊ ဧရာဝတီဖလိုတီးယား ကုမ္ပဏီက စာရေးကြီး ဝီလျံကနေဒီ အမည်နှင့် ရှိခဲ့သည့်ကနေဒီကျွန်း ကို လွတ်လပ်ရေးကျွန်းကနေဒီလမ်း အမည်ကို ဝန်းသိုစော်ဘွားကြီး အားဂုဏ်ပြုကာ ဦးအောင်မြတ်လမ်းတို့အပြင် Arrow Lane ကိုနောင်ရိုးလမ်း၊ Bow Laneကို ဗညားဒလလမ်း၊ Culvertလမ်းကို မြန်မာ့ဂုဏ်ရည်လမ်းနှင့် သဲတောလမ်းက မန္တလေးလမ်း အမည် ရနေပြီဖြစ်ဖြစ်သည်။

Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်း
ရှားရှားပါးပါးဗဟုသုတများ
From...Myanmar Online News

ကြက် တိုက်ပွဲ





လူတို့ပျော်ရွှင်မှု ခံစားပုံကို အချုပ် အားဖြင့် ၂ မျိုး ခွဲခြားနိုင်သည်။ တစ်မျိုးမှာ မိမိ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသော ပျော်ရွှင်မှုများဖြစ်၍ ကျန်တစ်မျိုးမှာ အခြားသူများ ပါဝင်ဆောင်ရွက် သည်ကို ကြည့်ရှုနှစ်သိမ့်သောပျော် ရွှင်မှုများဖြစ်သည်။ 


ဥပမာ လူအများနှင့် စုပေါင်းယှဉ်ပြိုင်ရသော ဘောလုံးကန်ခြင်း၊ အပြေးပြိုင်ခြင်း၊ လှေပြိုင်ခြင်း စသော ကစားနည်းမျိုးတို့သည် ပါဝင်ဆောင်ရွက်သူများနှင့် ကြည့်ရှုသူများ ကိုပါ ပျော် ရွှင်စေလေသည်။ သို့ရာတွင် လက်ဝှေ့ထိုးခြင်း၊ နပန်းလုံးခြင်း၊ ဓါးခုတ်ခြင်း စသော တစ်ဦးချင်း ယှဉ်ပြိုင် ကစားနည်းများ၌မူ ကိုယ်တိုင်ဆောင်ရွက် သူများထက် ကြည့်ရှု သူများက ပိုမို၍ပျော်ရွှင် မှုရနိုင်လေသည်။ 

ထိုသို့ယှဉ်ပြိုင် ကစားနည်းနှစ်မျိုး ရှိသည့်အနက် လူတို့သည် ရံဖန် ရံခါ အသင်း အဖွဲ့နှင့် ယှဉ်ပြိုင်ရသောပွဲများကို ကြည့်လိုကြ၍ ရံဖန်ရံခါ တစ်ဦးချင်း ယှဉ်ပြိုင်ရသောပွဲများကို ကြည့်ရှုလိုကြသည်။ ထို့ကြောင့် လူလူချင်း ယှဉ်ပြိုင်ရသော ပွဲများကိုသာမက နွားတိုက်ပွဲ၊ ကျွဲတိုက်ပွဲ၊ ကြက်တိုက်ပွဲ စသော တိရိစ္ဆာန် တိုက်ပွဲများကို လည်း ပြုလုပ်ကျင်း ပလေ့ရှိ ကာ ပျော်ရွှင် မှုကို ရှာဖွေကြံဖန်ယူတတ်ကြသည်။

တိရိစ္ဆာန် တိုက်ပွဲများ အနက် ကြက်တိုက်ပွဲကို နိုင်ငံတစ်ကာ တိုင်းမှာလိုပင် ပြုလုပ်လေ့ ရှိသည်မှာ ကြက်သည် အတိုက် အခွပ်သန်၍ အလွယ်တစ်ကူ ရရှိနိုင်သော အိမ်မွေး တိရိစ္ဆာန် မျိုးဖြစ်သောကြောင့် ဟု တွေးထင်ရသည်။

ကမ္ဘာပေါ်တွင် ကြက်တိုက်ပွဲများ မည်သည့် အချိန်က စတင်ပေါ်ပေါက်ခဲ့သည်ကို အတိအကျ မသိရှိရသော်လည်း လူတို့သည် ကြက် ကို စတင်မွေးမြူသည့် အချိန်မှစ၍ ကြက် တိုက်ပွဲများ စတင်ခဲ့သည်ဟု ထင်ရ သည်။ ကြက်တိုက်ခြင်းသည် မြန်မာ လူမျိုးများ၏ မျိုးရိုး စရိုက် ပျော်ရွှင်မှု တစ်ခုဖြစ်၍ မင်းညီမင်းသားမှ အစ သူဆင်းရဲများ အထိ ကြက်တိုက်ခဲ့ကြသည်။ 


တိုက်ကြက်မှာ အတိုက်အခွပ် သန်သော ကြက်မျိုးမှ သီးသန့် ဖောက်ယူ ရရှိသော ကြက်မျိုးဖြစ်၍ သာမန်ကြက် များထက် သန်မာပြီးလျှင် ဇွဲရှိသဖြင့် အတိုက်အခွပ်ကောင်းလေသည်။ တိုက်ကြက်များကို အမွေး အရောင် အလိုက် အမည်ပေးလေ့ရှိသည်။ အနီရောင် ပေါ်လွင်လျှင် နီ ဟူ၍လည်းကောင်း၊ ဘုတ်မွေးရောင် ရှိလျှင် ဖောင်း ဟူ၍လည်းကောင်း၊ စသည်ဖြင့် ခေါ်ဝေါ် ကြသည်။ 

တိုက်ကြက်ကောင်း ၏ လက္ခဏာများမှာ ဘုတ်ငှက် အရောင် ကဲ့သို့ အမွေးမျိုး ရင်မှာ သက်ရမည်။ အတက်နက်၍ အမောက်ချွန်းရမည်။ ခြေထောက်မှ အကြေးဖတ်မှာ ၃ဝ ရှိရမည်ဟု ဆိုလေသည်။ ထို့ကြောင့်' ဘုတ်မွေး ရင်သက်၊ တက်နက်မောက်ချွန်း၊ မြီးစွန်းထင်းစည်း၊ မောက် လုံးကြီး နှင့်၊ ခြေကြေး သုံးဆယ် ၊ ဝိုင်း ကြီး ပယ်၊'ဟု တိုက်ကြက် လက္ခဏာများကို ဖော်ပြထားလေ သည်။

 ခြေကြေးပတ် ၃ဝ ကို ရေတွက်ပုံမှာ ခြေခလယ်အကြေးပတ်မှ အတက်နှင့်တည့်တည့် အကြေးပတ်အထိ အကြေးပတ်ပေါင်း ၃ဝ ရှိရမည်ဟု ဆိုလိုသည်။

ဖောင်းအမျိုးအစားထဲမှကြက်ကောင်း လက္ခဏာမှာ ကျောနှင့် ၇င် နေရာများတွင် ဖောင်းရောင်သက် ရမည်။ အဖီမွေး၊ ချေးခံမွေး၊ ဒူးကွပ်မွေးများမှလည်း ဖောင်းရောင် ရှိရမည်။ ထို့ပြင် နှုတ်သီး အရောင်နှင့် ခြေထောက် အရောင် တို့ တူရမည်ဟု ဆိုလေသည်။

တိုက်ကြက် ကို အိပ်တန်း သီးသန့် ထားပေးရသည်။ နံနက်တိုင်း အစာကြေ မကြေသိရန် စလုတ် ကို ဂရု စိုက် ၍ ကြည့်ရှု ရသည်။ ကြက်ချေး မာလျှင် ကြက်ကျန်းမာနေသည်ဟု သိရသည်။ ကြက် ကို နံနက်တိုင်းရေ ဝဝ တိုက်ပေးရသည်။ ထို့နောက် ခြေထောက်ကို ဒူးဆစ် အထိ ရေစိမ်ပေးပြီး လျှင် တောင်ပံကို ရေမစွတ်စေဘဲ ရင်အုပ်နှင့် ပေါင်တံများကို ဆုပ်နယ်ပေးရသည်။

ထို့ပြင် ကြက်ကောင်းကြိုးမကွာ ဆိုသည့် စကားအတိုင်း ကြက်မများနှင့် ရောနှော မနေစေရန် ငုတ်စိုက် ၍ ကြိုးဖြင့် တည်းထားရသည်။ အနောက်နိုင်ငံများတွင်လည်း ကြက်ဝါသနာ အိုးများသည် ငွေကြေး အကုန်အကျ ခံကာ ဆေးဝါး အကူအညီဖြင့် တိုက်ကြက်များ ကို မွေးမြူကြ၏။ 






သမီးရဲ့မျက်လုံးလေး

 
အဆုံးရဲ့အစ။

” အဖေ ….. “
” အမေ..ရေ…..”
” အမယ်လေး…. လုပ်ပါဦး….. လုပ်ပါဦး …..ဒါ… သမီး မဟုတ်ဘူး….သမီး မဟုတ်ဘူး… “

ဖြစ်စဉ် (၁)

ကျွန်တော့်မှာ သမီးလေး တစ်ယောက်ရှိတယ်။ သမီးက သိပ်လိမ်မာတယ်။ ကျွန်တော်တို့ လင်မယား အိမ်ထောင်ကျပြီး တော်တော်ကြာတဲ့အထိ သားသမီးမရဘူး။
 
မိန်းမကလည်း ကျန်းမာရေးသိပ်မကောင်းလှသူ ဆိုတော့ ဘုရားပေးတဲ့အချိန် ရမှသာ ယူတော့မယ် ဆို နေလာခဲ့တာ။ ကျွန်တော်တို့ လင်မယား အိမ်ထောင်သက် ၁၀နှစ်၊ အသက်(၃၅)နှစ် ကျမှ သမီးကို ရခဲ့တယ်။ လင်နဲ့မယား နှစ်ကိုယ်ထဲတုန်းက ကျွန်တော့်ရုံးစာရေး လစာလေးနဲ့ ရအောင် ချိုးခြံချွေတာ စားသောက်ခဲ့တယ်။ မိန်းမကို ရွှေငွေတွဲလွဲ မဆင်နိုင်ပေမယ့် အကြွေးကင်း ထမင်းနပ်မှန်ခဲ့တယ်။  တကယ်တမ်း သမီးမွေးလာတော့ ကျွန်တော့် လစာလေးနဲ့က ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်တို့   နှစ်ယောက်လုံး သမီးကို အရမ်းချစ် တယ်။ အသက်ကြီးမှ ရှားရှားပါးပါးရတဲ့ ဒီသမီးလေးကို ငုံထားမတတ် ချစ်မိတာ မဆန်းပါဘူးနော်။
သမီးကို ကျွန်တော်တို့ လင်မယားအတွက်  ဘုရားက ပေးသနားထားတာပါ။ သမီးက လိမ်မာ တယ်။ မွေးထဲက ချူခြာတယ်ဆိုတာ မရှိ။   ပြောစကား နားထောင်ပြီး ပညာကို ကြိုးစားသင် ယူတယ်။ အရွယ်ရောက်လာတော့ ကျန်းမာရေး သိပ်မကောင်းလှတဲ့ သူ့အမေကိုလည်း အိမ်မှုကိစ္စ ကအစ ကူညီတယ်။ နောက်နှစ်ဆို ပင်စင်သွားရတော့မယ့် ဌာနတစ်ခုရဲ့ ၀န်ထမ်းအို တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ၀င်ငွေလေးနဲ့ မလောက်ငှလေတော့ မိန်းမက အိမ်နား အပ်ချုပ်ဆိုင်က အထည်တွေကို အိမ်မှာယူ လက်ချုပ်လိုက်ပေး၊ ကြယ်သီး တံတပ်ပေးနဲ့ အပိုဝင်ငွေလေး ရှာပေးတယ်။ သူကလည်း ဒီထက်ပိုပြီး ဘာမှမလုပ်တတ်သူ။ ဒီတော့ ကျွန်တော်က အရင်ကထက် ပိုလို့ကြိုးစားရှာဖွေ၊ ရှာဖွေရသမျှက သမီးအတွက်ပဲပေါ့။
သမီးက အရွယ်ရောက်လာတော့ ပိုပြည့်စုံလှပလာတယ်။ ပျားပိတုန်းတွေ ကလည်း သမီးရဲ့နဘေးမှာ တစ်ဝဲလည်လည်နဲ့ ရှိနေမှာပေါ့။ ကျွန်တော်တို့ လင်မယားက သာမာန် ရုပ်ရည်သာရှိတာပါ။ သာမန်ရုပ်ရည်သာရှိတဲ့ သာမာန်လူတန်းစား မိဘကပေါက်ဖွားလာတဲ့ ကျွန်တော့်ရဲ့ သမီးကလည်း သာမန် ရုပ်ရည်လေးနဲ့ သာမာန်ဘ၀လေးနဲ့ပါဘဲ။ ဒါပေမယ့် မိဘဆိုတာမျိုးက ကိုယ့်သားသမီးဆိုရင် မျက်လုံးထဲ ကြည့်လို့လှ၊ ကြည့်မ၀ ရှုမ၀ကိုး။ ဒီတော့ ကျွန်တော့်မျက်လုံး ထဲမှာကတော့ သမီးက   ပြေပြစ်ချောမောနေတာပါဘဲ။ သမီးမှာ ထူးခြားချက် က သူ့ရဲ့ မျက်လုံးလေးပဲ။ ထူထဲရှည်လျားတဲ့ မျက်တောင်စိပ်စိပ်တို့ ၀န်းရံထားတဲ့ သမီးရဲ့ မျက်ဝန်းတောက်တောက်လေးတွေက သမီးရဲ့မျက်နှာမှာ ဆွဲဆောင်မှု အရှိဆုံး၊ နှစ်လိုဖွယ်ရာ အကောင်းဆုံးနဲ့ မိုးကောင်းကင်မှာ တဖြတ်ဖြတ် လက်နေတဲ့ သောက်ရှုး ကြယ်ပွင့်လေးတွေ လိုပဲလို့ ကျွန်တော် ထင်ထားမိတယ်။ သမီးဟာ ထူးခြားတဲ့၊ စွဲဆောင်မှုရှိတဲ့ မျက်ဝန်းအစုံကို အပိုင်စားရထားသူ တစ်ယောက်ပါ။

ဖြစ်စဉ် (၂)
ကျွန်တော် စိတ်မကောင်းဖြစ်နေမိတယ်။ ဘာလို့လဲဆိုတော့ သမီးက ကျွန်တော်တို့ လင်မယား မသိလိုက်ခင်မှာပဲ အဝေးရောက်ဘွဲ့ ယူဖို့ ဆုံးဖြတ် လိုက်လို့ပါဘဲ။ တစ်သက်မှာ တစ်ကြိမ်သာ ယူရတဲ့ ဒီဘွဲ့နှင်းသဘင်ကို မိဘနှစ်ပါးခြံရံလို့ သမီးသာမက ကျွန်တော်တို့ လင်မယား နှစ်ယောက်လုံး အခြားမိဘတွေလိုပဲ တက်ရောက်ချင်ခဲ့တာပါ။ ဒါပေမယ့် သမီးရဲ့ အကြောင်းပြချက်က ခိုင်လုံတယ်။ အမေက မကျန်းမာသူ၊ အိပ်ရာထဲ လဲနေတာတဲ့။ နောက်.. ဘွဲ့တစ်ခါယူရင် ရီဟာဇယ်နေ့ရော၊ အစိမ်နေ့မှာပါ ၀တ်စား၊ ပြင်ဆင်၊ ကုန်ကျစရိတ်တွေက မနည်းမနောတဲ့။
သမီးအမေက ကျန်းမာရေးကြောင့် အရင်လို အပိုဝင်ငွေ မရှာနိုင်၊ ကျွန်တော်လစာလေး မစို့မပို့နဲ့ သမီးအိမ်နားက ကလေးတွေ ကျူရှင်ပြလို့ရတဲ့ ငွေလေးနဲ့ အိမ်စရိတ်၊ သမီးအမေ ရဲ့ ဆေးကုသစရိတ်၊ သမီးရဲ့တက္ကသိုလ် တက်တဲ့ စရိတ်တွေကို မနည်းကို ကျော်ဖြတ်ခဲ့ ရတာ။ ဒီတော့ သမီးက အခုလို အလိုက်တသိ ဆုံးဖြတ်လိုက်လေတော့ ကျွန်တော့မှာ ရင်ထဲ တော်တော်နဲ့ မကောင်းဘူးရယ်။ သမီးက အကင်းပါးသူဆိုတော့ ကျွန်တော့် မျက်နှာရိပ် မျက်နှာကဲကြည့်ပြီး…
” အဖေ.. စိတ်မပူလေနဲ့၊ သမီး ဘွဲ့နှင်းသဘင်မတက်ဖြစ်ပေမယ့် ဘွဲ့ဝတ်စုံနဲ့ အလှဓာတ်ပုံ သွားရိုက်မယ်၊ ပြီးရင် အဖေနဲ့ အမေကြည့်ရအောင် အိမ်မှာ အလှချိတ်ထားမယ်လေ၊ သမီးသူငယ်ချင်း အလှပြင်ဆိုင်က အလကား မိတ်ကပ်လူးပေး၊ ဆံထုံးထုံးပေးမယ်တဲ့၊ သူတို့ဆိုင်က သင်တန်းသူ တစ်ယောက် သင်တန်းဆင်းဖို့အတွက် သမီးကို သရုပ်ပြအနေနဲ့   ပြင်ဆင်ခိုင်းမှာဆိုတော့ အားလုံးဖရီးပဲ အဖေရ၊ လက်ဝတ်လက်စား ကအစ အပြည့်အစုံ ပြင်ဆင်ပေး မှာ၊ ဒီတော့ အဲ့ဒီက ပြီးတာနဲ့ သမီးက ဓာတ်ပုံဆိုင်မှာ ဘွဲ့ဝတ်စုံလေးနဲ့ အမှတ်တရ သွားရိုက်လိုက် မယ်လေ၊ ဒါဆို ဘွဲ့ဝတ်စုံငှားတာနဲ့ ဓာတ်ပုံဖိုးနဲ့ပဲ ကုန်မှာ။ သမီးစုထားတဲ့ ပိုက်ဆံနဲ့ ဒီလောက်ကတော့ တတ်နိုင်ပါတယ် အဖေရဲ့၊  မကောင်းဘူးလားဟင် “
ငွေကုန်ကြေးကျမများပဲ သမီးလေး ဘွဲ့အလှပုံ ရိုက်နိုင်မှာမို့ သမီးပြောတာ နားထောင်ပြီး ကျွန်တော့်မှာ ၀မ်းသာဝမ်းနည်း ဖြစ်ရပြန်ပါတယ်။ ၀မ်းသာတာက သမီးဘွဲ့အလှပုံလေးကို အိမ်မှာ မကြာခင်တွေ့ရတော့ မှာမို့။ ၀မ်းနည်းမိတာက သမီးအတွက် ကျွန်တော်ဘာမှ မလုပ်ပေးနိုင်ခဲ့လို့ ။

ဖြစ်စဉ် (၃)
အဲ့ဒီနေ့ မနက်က အိမ်ကနေ ရေမိုးချိုးပြီးတာနဲ့ သမီးက သူ့သူငယ်ချင်းရဲ့ အလှပြင်ဆိုင်ကို ထွက်သွားလေတယ်။ နေ့ခင်းကြတော့ သမီးပြန်ရောက် လာတယ်။ ပြင်ဆင်ထားတဲ့ သမီးရဲ့ မိတ်ကပ်မျက်နှာ လက်ကျန်လေးက   ချွေးလေး တစို့စို့ကြားမှာတောင် လှနေဆဲလို့ အဖေ တစ်ယောက် ရဲ့   မေတ္တာနဲ့    တွေးမိတယ်။ သမီးရဲ့ အမေကလည်း အိပ်ရာထဲ လှဲလျှက်က သမီးကို ပီတိ အပြုံးနဲ့ ကြည့်လို့။ သမီးက တစ်မနက်ခင်းလုံး သူအလှပြင်ခဲ့တာ၊ ဓာတ်ပုံရိုက်ခဲ့ တာတွေကို အဖေနဲ့ အမေကို ပြန်ဖောက်သည်ချလေတယ်။
ဘွဲ့ဆိုတာ တစ်သက်တစ်ခါ ယူရတာဆိုတော့ ဒီလို ဓာတ်ပုံလေးရိုက် ယူရတာနဲ့တောင် သမီးလေး ၀မ်းသာနေရင် တကယ်တမ်း ဘွဲ့နှင်းသဘင်သာ တက်ခဲ့ရမယ်ဆို ဒီထက်တောင် ပျော်ရှာလေ မှာလို့ ကျွန်တော်တွေးနေမိတယ်။ အဖေဖြစ်သူ ကျွန်တော်လို သူ့အမေပါ တူညီတဲ့ အတွေးတွေ ရှိနေမယ်လို့ ကျွန်တော်ထင်တယ်။ သမီးက သူ့လက်ဆွဲအိတ် ထဲက ဘောက်ချာစာရွက်လေး တစ်ရွက်ကို ထုတ်ပေးတယ်။
” အဖေ… နောက်နှစ်ရက်ဆို ဓာတ်ပုံရပြီ၊ အဖေတို့ ရုံးနားက ဆိုင်မှာ ရိုက်ခဲ့တာဆိုတော့ ရုံးသွားရင်းနဲ့ ဒီဘောက်ချာလေးပြပြီး သမီးဓာတ်ပုံလေး   ရွေးခဲ့ပေးပါနော်၊ ဘောင်ပါသွင်း ခိုင်းခဲ့တာမို့ အိမ်ရောက်ရင် ချိတ်ရုံဘဲ၊  ပိုက်ဆံအကြေချေပြီးသားမို့ ဘာမှ ထပ်ပေးဖို့ မလိုတော့ဘူးနော် အဖေ “
ဝမ်းသာအားရနဲ့ “ရွေးပေးမယ်၊ စိတ်ချ” လို့ သမီးကို ကျွန်တော် ဂတိပေးလိုက်တယ်။ တစ်ဖက်ကလည်း သမီးလေးရဲ့ ဘွဲ့ဓာတ်ပုံအတွက် တစ်စိတ်တစ်ပိုင်း ကူညီခွင့်လိုက်လို့ ၀မ်းသာစိတ်နဲ့ ကျေနပ်သွားရတယ်။ ဓာတ်ပုံဘောက်ချာ စာရွက်လေးကို အလုပ်သွားရင်ကိုင်တဲ့ ပတ္တူအိတ် အနွမ်းလေးထဲမှာ သေသေချာချာ ထည့်ထားလိုက်မိတယ်။ ဒီလောက်ကတော့ ကျွန်တော် လုပ်ပေးနိုင်ရမှာပေါ့နော်။

ဖြစ်စဉ် (၄)
နောက်နှစ်ရက်ကြာတော့ သမီးလေးရဲ့ ဓာတ်ပုံကို ရွေးဖို့ ဓာတ်ပုံဆိုင်ကို   ရောက်ခဲ့တယ်။ ကျွန်တော့်ရုံး နဲ့ လမ်းအနည်းငယ်သာ ခြားတာမို့ တကူးတကန့် မသွားရပါဘူး။ တကယ်လို့များ တကူးတကန့်သွားရမယ် ဆိုရင်လည်း သမီးအတွက်ဆိုလေတော့ ကျွန်တော် မငြင်းပဲ သွားပေး မိမှာပါဘဲ။ ဆိုင်လေးက သိပ်နာမည်ကြီး မဟုတ်ပေမယ့် သူ့ဟာသူ စည်ကားနေပါတယ်။ ဆိုင်ကောင်တာရှေ့ရပ်ပြီး ပါလာတဲ့ ဘောက်ခြာလေး ထုတ်ပေးလိုက်တယ်။  ကောင်တာက ကလေးမလေးက ဘောက်ချာကို   သေသေချာချာဖတ်ပြီး အနောက်ဘက်က စင်လေးမှာ တင်ထားတဲ့ ရွေးဖို့ ဓာတ်ပုံတွေ ထည့်ထားတဲ့ စက္ကူအိတ် အကြီးကြီးတွေထဲက တစ်အိတ်ကို ဆွဲထုတ်လို့ ကျွန်တော့လက်ထဲ ထည့်ပေးလိုက်တယ်။ ဆိုင်မှာ လူတွေကျနေလေတော့ ကျွန်တော် ကပျာကယာ ထုတ်ကြည့်ပြီး ဓာတ်ပုံအိတ်လေး ရင်ထဲမှာ ပိုက်လို့ အိမ်ကို သုတ်ချေတင်ပြန်လာ ခဲ့တယ်။
အိမ်ရောက်တော့ အကျီ င်္တောင်မှ မလဲနိုင်ပါဘူး။ သမီးဓာတ်ပုံကို ထုတ်လို့ အိပ်ရာထဲ လှဲလျောင်းနေတဲ့ မိန်းမကို ပြလိုက်တယ်။ မိန်းမက သမီးပုံကို သေချာကြည့်တယ်။ ဓာတ်ပုံကို အပြန်ပြန်အလှန်လှန် ကြည့်နေတဲ့ မိန်းမကို မသိမသာ အကဲခတ်ရင်း သမီးအတွက် သူလည်း မိခင်တယောက်အနေနဲ့ ၀မ်းနည်းဝမ်းသာ ဖြစ်နေရှာမှာပဲလို့ တွေးမိတယ်။ သမီးလေး ကျူရှင် စာသင်သွားရာက ပြန်မလာခင် ပုံကို အိမ်ရှေ့နံရံမှာ ချိတ်ထားပေးချင်လို့ မိန်းမအပြောတောင် မစောင့်တော့ပဲ သူ့လက်ထဲက ပုံကို ဆွဲယူလို့ အိမ်ရှေ့အခန်းကို ထွက်ခဲ့လေတယ်။ ၀င်ပေါက်နဲ့ တည့်တည့်နံရံမှာ သမီးဓာတ်ပုံချိတ်မယ့် နေရာကို  သမီးနဲ့ကျွန်တော် အရင်နေ့တွေ ထဲက နေရာ ကြိုတင် ရွေးထားပြီးသား။ အမှန်က သမီးက အဲ့ဒီနေရာမှ မချိတ်ချင်ဘူး။ အိမ်ကို လူဝင်လာတာနဲ့ တမ်းတွေ့မယ့်   နေရာကြီးတဲ့။
ကျွန်တော်ကတော့  ကျွန်တော့်သမီးအလိမ္မာလေးရဲ့ ဘွဲ့ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ လှနေ တဲ့ပုံကို အိမ်ဦးခန်းမှာ ဂုဏ်ယူပြီး ချိတ်ချင်နေမိတာ။ အိမ်ကို လာသမျှလူ တွေ့စေချင်နေ မိတာ။ နောက်ဆုံး သမီးက ကျွန်တော့်အလိုကို လိုက်လျှောပြီး ချိတ်ဖို့ သဘောတူထားခဲ့တာ။ အခုနေချိတ် ထားရင် သမီးပြန်လာလို့ တွေ့တာနဲ့ သူ့ပုံကို ကြည့်ပြီး ၀မ်းသာနေလေမှာ မြင်ယောင်ကြည့်နေမိတယ်။ နံရံမှာ သံရိုက်ချိန် အချိန်အဆလွဲသွားလို့ လက်ကို တူနဲ့ ချော်ထုမိပေမယ့် နာရကောင်းမှန်း ကျွန်တော် မသိပါဘူး။ ကျွန်တော့်စိတ်က  အခုနေ ချိတ်ထားရင် သမီးအပြင်က ပြန်လာလို့ တွေ့တာနဲ့ သူ့ရဲ့ ဘွဲ့ဝတ်စုံနဲ့ ပုံလေးကို ကြည့်ပြီး ၀မ်းသာနေလေမှာ မြင်ယောင်ကြည့်နေမိတယ်။ သံချိတ်လေးမှာ သမီးပုံလေးကို ချိတ်လိုက် တယ်။ အဆောင်အယောင် မရှိလေတဲ့၊ သုတ်ဆေးတွေ ကွာနေတဲ့ နံရံညစ်ညစ်လေးပေါ်မှာ သမီးရဲ့ ဘွဲ့ဓာတ်ပုံလေးက ကျက်သရေရှိစွာ နေရာယူလို့နေတယ်။ သမီးရဲ့ပုံကို အခုမှ ကျွန်တော် သေချာကြည့်မိလေတယ်။
အို… လှလိုက်တဲ့ သမီးလေး..။ ပန်းရောင် အစင်းတွေပါတဲ့ ဘွဲ့ဝတ်စုံ အနက်ရောင်နဲ့ ပနံရနေတဲ့ သမီး၊ ဆံထုံးလှလှလေးမှာ ပန်ဆင်ထားတဲ့ ပန်းရောင်သစ်ခွပန်းတွေက သမီးမျက်နှာရဲ့ ဘယ်ဘက်အခြမ်း ပုခုံးနား မရောက်တရောက်မှာ တွဲလွဲခိုတွယ်လို့။ လည်ပင်းမှာ ဆွဲထားတဲ့ ပတ္တမြားရတနာ အဆင် တန်ဆာတွေကလည်း သမီးရဲ့ အလှကို ပံ့ပိုးပေးထားသလို။ သမီးရဲ့ ပြုံးယောင်သန်းနေတဲ့ ပန်းဆီရောင်   နှုတ်ခမ်းဖူးလေးကလည်း  ၀မ်းသာဂုဏ်ယူနေပုံရတယ်။  သမီးလေးရဲ့ ဓာတ်ပုံကို ကျွန်တော်   သေချာ စူးစိုက်ကြည့်မိတယ်။
အလို… ကျွန်တော်သမီးလေးရဲ့ မျက်လုံးတွေက တစ်စုံတစ်ခုကို အလိုမကျသလိုပါပဲလား။  သမီးရဲ့ မျက်လုံးတွေမှာ တင်းကြပ်မှု တစ်ခုခု   ပေါ်လွင်နေပါလား။ သမီးစိတ်ထဲမှာ ဘာတွေများ တင်းကြပ်နေပါလိမ့်။ ဘာတွေများ အလိုမကျနေပါလိမ့်။ လှပအောင် တပ်ထားတဲ့ မျက်တောင် အတုတွေကြောင့်များလေလား။ ဆိုးဆေးတွေ   ခြယ်သထားတာများ လွန်ကဲနေလို့လား။
ဒါကြောင့် ခုနက သူ့အမေလည်း  သမီးပုံကို ကြည့်ပြီး ကျွန်တော့်လိုပဲ ခံစားနေရပုံရတယ်။ သမီးရဲ့မျက်လုံးတွေက ဖော်ပြနေတယ်။ သမီးရဲ့မျက်လုံးအစုံကို ကြည့်ပြီး ကျွန်တော့ရင်ထဲ ဘ၀င်မကျသလိုမျိုး၊ တစ်စုံတစ်ခုကို ဖော်ပြနေသလိုမျိုး ကျွန်တော် ခံစားလိုက်ရတယ်။ မိန်းမကို ထမင်းကျွေးဖို့အချိန် ရောက်လာလို့ ကျွန်တော် နောက်ဖေးခန်းကို   ပြန်ဝင်ခဲ့တယ်။ နာတာရှည် လူမမာ၊ အိပ်ရာထဲ လဲနေရှာတဲ့ သမီးရဲ့အမေကို ဂရုဏာသက်စွာနဲ့ ကျွန်တော် ထမင်းခွံ့နေမိတယ်။ အဲ့ဒီအချိန်မှာပဲ အပြင်က တံခါးကို တွန်းဖွင့်လိုက်ပြီး ” သမီးပြန်လာပါပြီ ” ဆိုတဲ့ အသံနဲ့အတူ မရှေးမနှောင်းမှာ…….။
အစရဲ့အဆုံး။

” အဖေ ….. “

” အမေ…ရေ….”
” အမယ်လေး…. လုပ်ပါဦး… လုပ်ပါဦး….ဒါ….သမီး မဟုတ်ဘူး…. သမီးမဟုတ်ဘူး…”
သမီးရဲ့ စူးရှစွာ အော်ဟစ်လိုက်တဲ့ အသံနဲ့အတူ  ထိုင်ခုံတွန်းရွှေ့သံတွေ ကြားလိုက်ရတယ်။ မိန်းမလည်း လန့်ဖျတ်ပြီး သူ့ရင်ဘတ်ကို ဖိထားရှာလေ တယ်။ ကျွန်တော်လည်း သမီးရဲ့ အထိတ်တလန့်   အော်သံကြောင့်   ခေါင်းနပမ်းကြီးပြီး အိမ်ရှေ့ကို အမြန်ထွက်လာလိုက်တော့ သမီးက ထိုင်ခုံကို ခုလို့ နံရံက သူ့ရဲ့ဓာတ်ပုံကို  ဆွဲဖြုတ်ယူနေတာ တွေ့လိုက်ရတယ်။ ပြီးတော့ သမီးက ခေါင်းကို တွင်တွင်ခါလျှက်က….
” မဟုတ်ဘူး…. မဟုတ်ဘူး…….သေချာတယ်… သေချာတယ်…၊ အဖေ…. ဒါ….ဒါ… သမီးမျက်လုံး မဟုတ်ဘူး၊  အဖေ သေချာကြည့်၊ ကျန်တာတွေ အားလုံးက သမီး၊ ဒါပေမယ့် ဒီမျက်လုံးနှစ်လုံးလုံးက သမီးရဲ့မျက်လုံး မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး အဖေ ၊ ဒီလို မျက်တောင် အတုတွေလည်း သမီး မတတ်ခဲ့ဘူး၊ ဒီလို မျက်ခွံဆိုးဆေးတွေလည်း သမီး လွန်လွန်ကျူးကျုး အခြယ်မခံခဲ့ပါဘူး၊ အို.. တစ်ခုခုတော့လွဲနေပြီ၊ ဒီမျက်လုံးနှစ်လုံးက ဘာကြောင့် သမီး မျက်လုံးမဟုတ်ရတာလဲ၊ သမီးပုံမှာ သမီးရဲ့မျက်လုံးမဟုတ်ပဲ ဘာလို့ ရောက်နေရတာလဲ…. “
ကျွန်တော် မျက်မှန်ကို ပင့်ရင်း ပုံထဲက သမီးရဲ့ မျက်လုံးကို   သေချာစူးစိုက် ကြည့်လိုက်မိတယ်။ ဟုတ်တယ်။ ဓာတ်ပုံထဲက မျက်ဝန်းတွေက အပြင်က သမီးရဲ့ မျက်ဝန်းတွေနဲ့ ကွဲပြားခြားနားနေတယ်။ သမီးရဲ့မျက်ဝန်းတွေက ထူးထူးခြားခြား တောက်ပတယ်။ ပကတိ   နွေးထွေးတယ်။   နှစ်လိုဖွယ် ရာကောင်းတယ်။ ဒါကြောင့် ဓာတ်ပုံထဲက   နွေးထွေးမှု ကင်းတဲ့၊ အလိုမကျမှု လွှမ်းခြုံနေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော် စိမ်းနေတာကို စိတ်ထဲက မသိလိုက်ပဲ သတိပြုနေမိတာကိုး။ သမီးအမေလည်း ကျွန်တော်လိုပဲ ခံစားနေရမှာ။ သမီးက စိတ်တွေ လှုပ်ရှားနေလို့ အသံလေးတွေတောင် တုန်နေရှာတယ်။ သမီးမျက်ဝန်းမှာ မျက်ရည်ကြည်တွေ ခိုတွယ်စပြုလာပြီ။ သမီးမပြောနဲ့ ကျွန်တော်တောင် ရင်ထဲ ကတုန်ကရင်ဖြစ်လာတယ်။  အခု.. သမီးကိုယ်တိုင်က ဒီမျက်လုံးတွေက သူ့မျက်လုံးတွေ မဟုတ်ပါဘူးလို့ ဆိုနေလေတော့ သမီးရဲ့ မျက်လုံး လှလှလေးတွေက ဘယ်ရောက်သွားလေသလဲ..? ။
” အဖေ.. ခုန ဓာတ်ပုံရွေးလာတဲ့ ဘောက်ချာ သမီးကို ခနပေးပါ၊ သမီး ဓာတ်ပုံဆိုင်ကို ဖုန်းသွားဆက်မယ် “
ဘောက်ချာကိုင်ပြီး အောက်ကိုဆင်းသွားတဲ့ သမီးရဲ့ နောက်ကျောကို ကြည့်ပြီး ကျွန်တော် စိတ်တွေ ရှုပ်ထွေးလို့ ကျန်ခဲ့တယ်။ သမီးအတွက် ကျွန်တော် ဖန်တီးထားတဲ့ အပျော်တွေက အခုတော့ အရာမထင် အလဟဿ   ဖြစ်ရလေပြီ။ နံရံကဖြုတ်ထားတဲ့ သမီးရဲ့ဓာတ်ပုံကို မ၀ံ့မရဲ ယူလို့ စားပွဲပေါ် အသာမှောက်လို့ တင်ထားမိလိုက်တယ်။ ဓာတ်ပုံထဲက သမီးဟာ ရုတ်ချည်း ကျွန်တော်နဲ့ စိမ်းသွားသလိုပါဘဲ။ မိန်းမကို အိပ်ရာထဲ အသာတွဲလို့    ပြန်နားစေ လျှက်က သမီးပြန်အလာကို   စောင့်နေမိတယ်။ တအောင့်နေတော့ သမီးပြန်ရောက် လာတယ်။
ဘာမပြော ညာမပြောနဲ့ စားပွဲပေါ်က ဓာတ်ပုံကို ဆွဲယူလိုက်ပြီး အနောက်ကို လှန်လိုက်လေတယ်။ ပြီးတော့ အနောက်က ဘောင်နဲ့မှန်ကို ချိတ်တွယ်ထားတဲ့ သံချက်တွေကို ဆွဲလှည့်ဖွင့်လိုက်တယ်။ ပြီးတော့ အထဲက ဓာတ်ပုံကို ဆွဲထုတ်ယူလိုက်တယ်။ ပြီးတော့ သမီးက ဓာတ်ပုံကို   သေသေချာချာ စူးစိုက် ကြည့်နေပြန်တယ်။ သမီးရဲ့ မျက်ဝန်းအစုံနဲ့ ဓာတ်ပုံထဲက မျက်ဝန်းအစုံ အားစမ်းလို့ ကြည့်နေကြတာကို ကျွန်တော် မှင်သက်စွာ ကြည့်နေမိတယ်။ မထင်မှတ်တဲ့ အချိန်အတွင်းမှာပဲ ဓာတ်ပုံကို ဗြိခနဲ၊ ဗြိခနဲနေအောင် သမီးက ဆွဲဖြဲပစ်လိုက်တော့တယ်။  တစ်ခဏအတွင်းမှာပဲ ဓာတ်ပုံစာရွက် အစိတ်စိတ် အမွမွက ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲသွားလေ တယ်။
ကျွန်တော့်ရင်ခွင်ထဲ ” ဟီး ” ကနဲ ခေါင်းထိုး ငိုချလိုက်တဲ့ သမီးကို ကျွန်တော် ဘယ်လို နှစ်သိမ့်ပေးရမယ်မသိဘူး။ သမီးက တစ်သိမ့်သိမ့် ရှိုက်ငိုနေလေတယ်။ သမီးအားရအောင် ငိုပြီးတဲ့အထိ ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်နေလိုက်တယ်။ ကျွန်တော့အတွက် ရှုပ်ထွေးနေတဲ့ ပုစ္ဆာကို သမီးက မျက်ရည်စများကြားက အခုလို ရှင်းပြလေတယ်။
” အဖေ.. ဓာတ်ပုံဆိုင်က အဲ့ဒီနေ့က မင်္ဂလာပွဲတစ်ပွဲအတွက်   အောက်ဒိုးသွားရိုက်ရမှာမို့ သမီးရောက်တော့ ကမန်းကတမ်းနဲ့ သမီးပုံကို ရိုက်ပေးလိုက်တာ၊ အဲ့ဒါကြောင့် ရိုက်လိုက်ချိန်မှာ  မျက်လုံးမှေး သွားတာကို သတိမထားမိလိုက်ဘူးတဲ့၊ ၀န်ခံပါတယ်တဲ့၊ ဒါနဲ့ ပုံထုတ်ချိန်မှာ မလှမှာစိုးပြီး တခြားပုံတစ်ခုက လှတဲ့ မျက်လုံးတစ်စုံကို ကွန်ပြူတာ နည်းပညာသုံးပြီး ယူထည့်ပေးထားလိုက်တာတဲ့၊ အခုပုံလည်း မသိသာပါဘူး.. လှပါတယ်တဲ့၊ သမီးရဲ့ မျက်လုံးမဟုတ်တဲ့ တခြားသူမျက်လုံးနဲ့ ဒီပုံကြီးကို  သမီးက ဘယ်လိုစိတ်ထားမျိုးနဲ့ လက်ခံပြီး အိမ်ဦးခန်းမှာ ချိတ်ထားရ မလဲဟင်။ အဖေဆိုရင်ရော.. လက်ခံနိုင်ပါ့မလား “
” သမီးတို့ရဲ့ ကွန်ပြူတာနည်းပညာတွေကို အဖေတော့ နားမလည်ပါဘူးကွယ်၊ ဒါပေမယ့် သမီးမျက်လုံးမဟုတ်တဲ့ ပုံကိုတော့ အဖေလည်း ရဲရဲကြည့်ရဲမယ် မထင်ဘူး၊ စိတ်မပူပါနဲ့ သမီးရယ်၊  မှေးနေတာပဲ ဖြစ်ပါစေ၊ သမီးရဲ့ နဂိုမျက်လုံးလေးကိုပဲ ဓာတ်ပုံမှာ ပြန်တပ်ပေးဖို့ ဆိုင်ကို အဖေ သွားပြောကြည့်ပေးပါ့မယ် “
” ဟုတ်တယ်နော် အဖေ..၊ မှေးလည်းဘာဖြစ်လဲ၊ မလှတာထက် သမီးရဲ့မျက်လုံးနဲ့ ပုံကိုပဲ ပြန်လိုချင်တယ်၊ အဖေသိတဲ့အတိုင်းပဲ၊ ဒီဓာတ်ပုံလေးက သမီးအတွက် အရမ်းကို တန်ဘိုးထားတဲ့ အရာပါ။ သမီးတို့အတွက် နောက်တစ်ခါ ထပ်ရိုက်ဖို့ကလဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ အဖေကြိုးစားကြည့်ပေး ပါဦးနော် “
မျှော်လင့်ချက်ရောင်ခြည်လေး ယှက်သန်းလာတဲ့ မျက်ရည်စတွေကြားက သမီးရဲ့ မျက်ဝန်း တောက်တောက်လေးတွေက ကျွန်တော့်ကို ချက်ချင်း ဓာတ်ပုံဆိုင်ကို သွားစေဖို့ တွန်းအားပေးလိုက်သလိုပါဘဲ။ ဖြဲဆုတ်ထားတဲ့ ဓာတ်ပုံစာရွက် အပိုင်းအစလေးတွေကို သမီးနဲ့အတူ ကျွန်တော်ကောက်ယူ လိုက်တယ်။ ပြီးတော့ တိုင်မှာချိတ်ထားတဲ့ ကျွန်တော် ရှပ်အကျီ င်္အနွမ်းလေးရဲ့ အိပ်ကပ်ထဲထည့်လိုက်ပြီး  အကျီ င်္ကို ကောက်စွတ်ကာ အိမ်ကနေ ကျွန်တော် ထွက်လာခဲ့တယ်။

အဆုံးရဲ့နောက်ဆက်တွဲ။
ကျွန်တော့်ရဲ့ ခြေလှမ်းတွေ သွက်လို့နေတယ်။ ကြပ်သိပ်နေတဲ့ ဘတ်စ်ကားကို တိုးစီးခဲ့ရပေမယ့် အရင်လို ပင်ပမ်းလိုက်တာရယ်လို့ မတွေးမိပါဘူး။ ရာသီဥတုက ပူလို့ ကျွန်တော့် တစ်ကိုယ် လုံး ချွေးစေးတွေနဲ့ နစ်နေပေမယ့် ကျွန်တော် အပူဒဏ်ကို သတိမပြုမိပါဘူး။ လမ်း တလျှောက် ကျွန်တော် တွေးလာမိတယ်။ နည်းပညာတွေ ထွန်းကားလာတဲ့ ကမ္ဘာ့ရွာလို့ ရုံးက ကလေးတွေ ပြောပြောနေ တာကြားနေရတယ်။ အခုမှ နဖူးတွေ့ဒူးတွေ့ သူကိုယ်တိုင် တွေ့လိုက် ရလေပြီ။ ဓာတ်ပုံက မသိသူဆို ပြုပြင်ထားမှန်း သိရက်စရာမရှိ။ အဖေဖြစ်တဲ့ ကျွန်တော့် ကိုတောင် လှည့်စားနိုင် ရက်လောက်အောင် နည်းပညာတွေက ကောင်းနေလိုက်တာ။ ကွန်ပြူတာဆိုတာ ရုပ်ပုံတွေထဲမှာသာ မြင်တွေ့နေရပြီး အသုံးပြုဖို့နေနေသာသာ  ကိုင်တောင် မကိုင်ဘူးလေသူ ခေတ်နောက်ပြန်ဆွဲ အဖိုးကြီးပေါက်စဆိုလေတော့ ဖြစ်ခဲ့သမျှက ကျွန်တော့်အတွက် အံ့ဘနန်းပါဘဲ။
ဆိုင်ထဲမှာ လူတွေက ထုံးစံအတိုင်း စည်ကားလို့နေပါတယ်။ ပါလာတဲ့ ဘောက်ခြာလေး ထုတ်ပြလို့ အဖြစ်အပျက်ကို ရှင်းပြမိပါတယ်။ ခုနက သမီးက ဖုန်းဆက်ထားလေတော့ သူတို့ ချက်ချင်း သိလိုက်ပါတယ်။ ဒါနဲ့ သူတို့ကို အရင်ပုံအဟောင်းက သမီးရဲ့ မျက်လုံးလေးပဲ ဓာတ်ပုံမှာ   ပြန်တပ်ပေးဖို့  တောင်းတောင်းပန်ပန်နဲ့ ကျွန်တော်   ပြောဆိုမိပါတယ်။ သူတို့က ဓာတ်ပုံအဟောင်းပြပါလို့ ပြောလာလို့ ယူလာတဲ့ သမီးလေး ဆွဲဖြဲထားမိတဲ့ ဓာတ်ပုံစက္ကူစ အစုတ်လေးတွေကိုပဲ ရှပ်အကျီ င်္အိပ်ကပ်ထဲက အသာထုတ်ပြမိပါတယ်။
ဓာတ်ပုံအပြဲအစတွေကို ကြည့်ပြီး ဆိုင်ရှင်မျက်စိမျက်နှာ ပျက်သွားပါတယ်။ အခုလို ဆွဲဖြဲ လိုက်တော့ ဘယ်လိုကြည့်လို့ ရတော့မလဲ..တဲ့။ မူလမျက်လုံးနဲ့ပဲ ဓာတ်ပုံအသစ်တစ်စုံ ထုတ်ပေးပါလို့ ပြောကြည့်လိုက်တော့ ပုံတွေက တစ်နေ့တစ်နေ့ များလွန်းတော့ လာရွေးပြီး သွားတဲ့ပုံ ဆိုတာနဲ့ ကွန်ပြူတာထဲ သိမ်းမထားတော့ပဲ အကုန်လုံး ဖျက်ချလိုက်ပြီတဲ့။ ဘယ်လိုမှ   ပြန်မရနိုင်တော့ပါဘူး။ အားနာပါတယ်…တဲ့။
ကျွန်တော့် ရင်ထဲက ခံနိုင်ရည်စွမ်းတောင်ကြီးက ပြိုကျ   ပေါက်ကွဲသွားရပါတယ်။ ရုတ်ချည်း လှိမ့်တက်လာတဲ့ ဒေါသတွေကို မြိုချဖို့အတွက် အံကို တင်းတင်းကြိတ်လျှက်က လက်ထဲက စုတ်ပြဲနေတဲ့ ဓာတ်ပုံစက္ကူအပိုင်းအစတွေကို ဆိုင်ထဲမှာ ပစ်ပေါက်လို့ လွှင့်ပစ်လိုက် မိပါတယ်။ စာရွက်စတွေက အနားတ၀ိုက်မှာ   ဝေ့၀ဲလျှက်   ပြန့်ကျဲကာ ကျသွားပါတော့တယ်။  ဒီထက်ပိုလို့ ကျွန်တော် ဘာများတတ်နိုင်ဦးမှာလဲ။ ဆိုင်က ၀န်ထမ်းကောင်လေးတွေက ကျွန်တော့်ရဲ့ ချိုင်းနှစ်ဘက်ကို ညှပ်လို့ ဆိုင်အပြင်ကို ဆွဲခေါ်ထုတ်သွားပါတယ်။
ပိုင်ရှင်ရှိပြီးသား မျက်လုံးအစုံကတော့ ဆိုင်ရဲ့ ကြမ်းပြင်က စက္ကူစုတ်လေးတွေထဲမှာ ကျန်နေခဲ့ပါပြီ။ အိမ်ကိုပြန်မယ့် ကျွန်တော့်ရဲ့ ခြေ လှမ်းတွေက ပေါင်တစ်ရာခဲ ဆွဲထား သလို လေးဖင့်လို့နေ ပါတော့တယ်။ တဒင်္ဂဒေါသကို ကျွန်တော်ဘာလို့များ မထိန်းချုပ်နိုင် လိုက်ရတာလဲ။ ကျွန်တော်ဆိုင်ရှင်ကို ဒီ့ထက် သိမ်သိမ်မွေ့မွေ့နဲ့ ပြောဆိုနိုင်ခဲ့ရင် သမီးကို ဓာတ်ပုံနောက်တစ်ကြိမ် အလကား ပြန်ရိုက်ပေးမယ် ဆိုတာမျိုး   ဖြစ်လာနိုင်တာဘဲ။  အခုတော့ …။ မလိမ်မာတဲ့..၊ မပါးနပ်တဲ့ ဖခင်ကြောင့်….။
အခုအချိန်မှာ ကျွန်တော် အလိုချင်ဆုံးအရာက သမီးကို   ကျေနပ်လောက်သည် အထိ   ဖြောင်း ဖျပေးနိုင်မယ့် နှလုံးသား တစ်စုံပါ။မျှော်လင့် အားကြီးနဲ့ စောင့်နေရှာမယ့် သမီးရဲ့ တောက်ပတဲ့ မျက်ဝန်းအစုံကို ကျွန်တော် တွေးမြင်မိလေတော့ ရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့ပါဘူးဗျာ။ ကျွန်တော် ဘယ်လို စကားလုံးတွေနဲ့များ သမီးကို ဖြောင်းဖျပေးရပါ့မလဲ။ အိမ်မှာ စောင့်နေ ရှာမယ့် သမီးကို ကျွန်တော် ဘယ်လို ခွန်အားနဲ့ ရင်ဆိုင်ရပါ့မလဲ။
ဆိုင်ရှေ့ကနေ လေးလံတဲ့ ခြေလှမ်းနဲ့ ခေါင်းငိုက်စိုက်ချ ထွက်လာတဲ့ ကျွန်တော့် ပုခုံးကို လှမ်းတို့ခံ လိုက်ရလို့ ကြည့်လိုက်တော့…
” ဦးလေး… ကျွန်တော်ဓာတ်ပုံဆိုင်က ကွန်ပြူတာသမားပါ၊ ဦးလေးရဲ့သမီးပုံကို ကျွန်တော့် ကွန်ပြူတာထဲမှာ ဖျက်လိုက်ပေမယ့် ကွန်ပြူတာရဲ့အမှိုက်ပုံးထဲမှာ ကျွန်တော် ပြန်ရှာလို့ ရလိုက်ပါသေးတယ်။ ကျွန်တော့် အလုပ်ရှင်ကို ပြောပြတော့ ဓာတ်ပုံအသစ်   ပြန်ထုတ်ပေးလိုက် ဆိုလို့ ဦးလေးကို ၀မ်းသာရအောင် အပြေးလာပြောတာပါ၊  နောက်ထပ် တစ်နာရီလောက်ဆို ဆိုင်ကို ပြန်လာပြီး ပုံလာယူ လှည့်ပါဦးလေး “
ကွန်ပြူတာထဲက ဖျက်လိုက်ပြီဆိုတဲ့ ပုံက ဘာလို့ အမှိုက်ပုံးထဲကနေ ပြန်ရှာလို့  တွေ့ရတာလဲ။ စဉ်းစားကြည့်ရလောက်အောင် ကျွန်တော် ဥာဏ်မမှီပါဘူး။ ဒါပေမယ့် ကျွန်တော့် မတ်တပ်ရပ် လျှက်က ဒူးတွေ ညွတ်ခွေကျ သွားမတတ်အောင်  ပျော်သွားမိတော့တယ်။
.နိဂုံး။
နံရံမှာ ချိတ်ထားတဲ့  သမီးရဲ့ ဘွဲ့ဓာတ်ပုံကို သမီးနဲ့အတူ ကျွန်တော် ကြည့်နေမိတယ်။
” အဖေ… ပုံထဲမှာ မျက်လုံးက မှိတ်နေသလို ဖြစ်နေပေမယ့် သမီးတော့ အခုမှ ကြည့်ရတာ အဆင်ပြေသွား သလို ခံစားမိတယ်.. “
ကျွန်တော် ခေါင်းကို ဆတ်ခနဲ ငြိမ့်လိုက်ပြီး…..
” ဟုတ်တယ်သမီး၊ သမီးရဲ့ပုံထဲမှာ သမီးမဟုတ်တဲ့ တခြားသူရဲ့ အင်္ဂါအစိတ်အပိုင်း ပါဝင်နေ တာကို ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတာ သဘာဝကျပါတယ်၊ ပုံထဲမှာ မျက်လုံးလေး က မှေးနေပေမယ့် သမီးမျက်လုံးလေးမှန်း ဖေဖေသိတယ်၊ အဲ့ဒီလိုပဲ သမီးကိုယ်တိုင်လည်း သိနေတယ်လေ။ မှတ်တမ်း ဓာတ်ပုံဆိုတာ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်မှာ တစ်ကြိမ်သာ ရိုက်ခွင့်ရကြတာ၊ ရိုက်သင့်ကြတာ မဟုတ်လား၊ အိမ်နံရံမှာ အမြဲတမ်း ချိတ်ထားရမယ့် ဒီပုံလေးအတွက်  မျက်လုံးလေး မှေးနေပါစေဦးတော့ ဒီပုံလေးကပဲ ဖေဖေတို့အတွက် အဆင်ပြေပါတယ် သမီးရယ် “
သမီးရဲ့ဘွဲ့ဓာတ်ပုံအတွက် ဖခင်တစ်ယောက်အနေနဲ့ တစ်စိတ်တစ်ပိုင်းကနေ အကောင်းဆုံး လုပ်ပေးနိုင်ခွင့်ရခဲ့လို့ ကျွန်တော့စိတ်ထဲ ဘ၀င်ကျနေမိတယ်။ ဓာတ်ပုံဆိုင်ကို ပုထုဇဉ်ပီပီ ကျွန်တော်ရော၊ သမီးပါ စိတ်ဆိုးမိခဲ့ကြပေမယ့် မိမိမသိကျွမ်း၊ မရင်းနှီးတဲ့ မျက်လုံးစိမ်းတစ်စုံကို စွန့်ပယ်ခွင့်ရလိုက်လို့ ကျွန်တော်တို့ ကျေနပ်မိကြပါတယ်။
ပြုံးနေတဲ့ သမီးရဲ့ မျက်နှာကို ကြည့်လိုက်တော့ ကျွန်တော်အနှစ်သက်ဆုံး မျက်တောင် စိတ်စိတ်တွေနဲ့ ခြယ်မှုန်းထားတဲ့ သမီးရဲ့ တောက်ပ မျက်ဝန်းအစုံက   ရွှန်းလက်နေလေပြန်တော့   ကျေနပ်စိတ်နဲ့   နှုတ်ခမ်းအစွန်းတွေ     ကွေးညွတ်သွားသည်အထိ   နှစ်နှစ်ကာကာ ကျွန်တော် ပြုံးနေလိုက်မိပါတယ်။
———————————————————————————-
ဝန်ခံချက် ။    ။ မိတ်ဆွေတစ်ဦးရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို အခြေခံပြီး ခံစားပုံဖော်ယူပါသည်။———————————————————————————-
နောက်ဆက်တွဲ - ဒီပို့စ်လေးက ကျွန်မရဲ့  ” အိပ်မက်ကောက်ကြောင်း ရသစာစုများစုစည်းမှု ” စာအုပ်မှာလည်း ပါဝင်ခဲ့ပြီး တစ်ချိန်ထဲမှာပဲ အွန်လိုင်းရွှေဝတ္တုတိုဆုပေးပွဲ မှာ ပထမဆု ရရှိခဲ့တဲ့ အတွက် ကျွန်မအတွက် တကယ့်ကို အမှတ်တရ ဖြစ်စေခဲ့ရပါတယ်။ ” သမီးရဲ့မျက်လုံးလေး” အပေါ်မှာ လေးစားရတဲ့ ဆရာကြီး၊ ဆရာမကြီးများရဲ့ မှတ်ချက်များကိုလည်း အမှတ် တရ ဖြစ်စေရန် အလို့ငှါ ပြန်လည်စုဆည်း ဖော်ပြလိုက်ပါတယ်ရှင်။
ဆရာ ဦးဝင်းငြိမ်း (ရွှေအမြုတေ) ၏ မှတ်ချက်
စတုတ္ထအဖြစ် ၁၃မှတ် သတ်မှတ်ပါတယ်။ ရေးသားတင်ပြပုံ ပိုင်နိင်ပြီး ဆွဲဆောင်သွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအနေနဲ့ စွဲမက်လောက်စရာ မရှိတာကြောင့် စတုတ္ထအဖြစ်  ကျွန်တော် သတ်မှတ်ခြင်းပါ။   ခေတ်ပေါ်နည်း ပညာဖြစ်တဲ့ photoshop နည်းနဲ့ မှေးနေတဲ့ မျက်လုံးကို သူများဓါတ်ပုံက မျက်လုံးနဲ့  လဲထည့်လိုက်ခြင်းကို ဝတ္ထုအဖြစ် ဖန်တီးထားခြင်းသာ   ဖြစ်ပါတယ်။ ရေးသားတင်ဆက်ပုံ နိင်နင်းသူတစ်ယောက်အနေနဲ့ ဒီ့ထက်လှတဲ့   အတွေးရစေချင်ပါတယ်။
ဆရာနေ၀င်းမြင့်၏ မှတ်ချက်
-ခေတ်သစ် နည်းပညာများနှင့်လူ့ပကတိစိတ် အားပြိုင်မှုကိုဖော်ကျူးနိင်ပါသည်။
-အတွေ့အကြုံ လား စိတ်ကူးလား မပြောနိင်သော်လည်း လှပစွာ ဖွဲ့နိင်ပါသည်ဟု မှတ်ချက်ပြုချင် ပါသည်။ ခေါင်းစဉ်ကတော့ ရိုးသည်။
-ကျစ်ကျစ်လစ်လစ်နှင့် ပြည့်စုံသော ဝတ္ထုတိုဖြစ်သည်။
-လူနှင့် လူ့သဘာဝ၏ အနှစ်သာရကို နုညံ့စွာဖွဲ့နိင်သည့် ဝတ္ထုတိုပင်။
-ဝတ္ထုတို လက်ကောင်းဖြစ်သည်။
-ပေးမှတ် ၁၈ (ဆယ့်ရှစ်) မှတ်။
ဆရာမ ခင်ခင်ထူး၏ မှတ်ချက်
-နည်းပညာတွေ ဘယ်လောက် ဖွံ့ဖြိုးတိုးတက်ပါစေ သဘာဝတရားလောက်   နှလုံးသားကို ခံစားမှု မပေးနိင်တာကို ဖော်ပြလိုသော ဝတ္ထုတစ်ပုဒ်   ဖြစ်သည်။
-ဇာတ်လမ်းဇာတ်အိမ် ပါးပါးကလေးနှင့် ထိရောက်အောင် တင်ပြနိင်သည်။
-ဓါတ်ပုံကို ကွန်ပြူတာထဲက ဖျက်လိုက်ခြင်းဖြင့် အဆုံးမသတ်ဘဲ ကွန်ပြူတာရဲ့ အမှိုက်ပုံးထဲက ပြန်ရှာတွေ့ပြီး ပင်ကိုယ်ဓါတ်ပုံ   ပြန်ထုတ်ရလိုက်ခြင်းဖြင့် အနားသတ်နိင်လိုက်သည့်အတွက် ဝတ္ထုက ပိုပြီး လှသွားပါသည်။
-ခေတ်ပြိုင်ခံစားမှုပါသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။
-ပေးမှတ် (၁၉) မှတ်
ဆရာ ဦးမင်းဒင်၏ မှတ်ချက်
(၄) သမီးရဲ့မျက်လုံးလေး(ရေးသူ။ မြသွေးနီ)
ချို့ငဲ့သော ဇနီးမောင်နှံတွင် အသက်အရွယ်ထောက်လာမှ လှပသော မျက်ဝန်းအစုံနှင့် သမီးလေးကို မွေးဖွားခဲ့သည်။ သမီးငယ် အဝေးရောက်ဘွဲ့ ယူပြီး ဆိုင်တွင်ဓာတ်ပုံရိုက်သည့်အခါ ကွန်ပြူတာပညာဖြင့် မျက်ဝန်းအစုံကို   ပြုပြင်လိုက်သောကြောင့် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပြီး   နောက်ဆုံးတွင် ဓာတ်ပုံဆိုင်မှ ကွန်ပြူတာသမား၏ ကူညီမှုကြောင့် မူရင်းမျက်ဝန်းအစုံကို   ပြန်လည်ရရှိသွားသဖြင့်   ဖြေသိမ့်ရာ ရခဲ့ကြောင်း ရေးဖွဲ့ထားသည့် စာတစ်ပုဒ်ဖြစ်သည်။ ဖခင်ဖြစ်သူက   ဖြစ်စဉ်ရှင်းပြသည့် ပုံစံဖြင့် တင်ပြထား သည်။ အကြောင်းအရာကား ထူးခြားလှသည်ဟု မဆိုနိုင်ချေ။ မထူးလှသောအကြောင်းကို ကြိုးပမ်းရေးဖွဲ့ထားခြင်းကိုမူ ဂရုပြုမိသည်။   ခေါင်းစဉ်ပေးပုံ ရိုးစင်းလွန်းသည်ဟု ထင်မြင်ပါသည်။
ပျားပိတုန်းတွေကလည်း သမီးရဲ့နဘေးမှာ တစ်ဝဲလည်လည်ရှိနေမှာပေါ့ ဟူသော အချက်သည် ဖခင်တဦး၏ ခံစားချက်နှင့် လွဲချော်နိုင်သဖြင့် မထည့်သွင်းသင့်ဟု မြင်ပါသည်။ အချို့နေရာများတွင် ၊ပြန်ရောက်လာလေ တယ်၊ပျံ့ကျဲသွားလေတယ်၊ ရှင်းပြလေတယ်၊ ဟု လေတယ်ဟူသော အသုံးအနှုံးများ နီးနီးကပ် ကပ်ထပ်လျက် အသုံးပြုထား သည်ကို တွေ့ရသည်။ အလေ့အကျင့် ဆက်လက်ပြုလုပ်ရန် တိုက်တွန်း အားပေးလိုပါသည်။
သတ်ပုံအကျအပေါက် များလှသည်။ ထောက်ပြရုံသာဖြစ်၍ အမှတ်လျော့ ထားခြင်းမရှိပါ။ ကြည့်မဝ ရှုမဝကို (ကြည့်မဝရှုမဝကိုး)။ မျက်တောင်စိတ်စိတ် (မျက်တောင်စိပ်စိပ်)။ တဖြတ်ဖြတ် (တဖျတ်ဖျတ်)၊ နောက်၂ရက် (နောက်နှစ်ရက်)။ ပဏ္ဍာရ(ပနံရ)။ ရုတ်ချည်း(ရုတ်ခြည်း)။ ပျံ့ကျဲ(ပျံ့ကြဲ)။ အံ့နဘမ်း(အံ့ဘနန်း) (၁၃)မှတ် ပေးလိုပါသည်။
ဆရာ ဒါရိုက်တာဝင်းဖေ၏ မှတ်ချက်
ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲတစ်ချို့ကြောင့် ဆရာဦးဝင်းဖေ၏ မှတ်ချက် စကားများ မပါဝင်နိင်ခဲ့ဘဲ စာမူတစ်ပုဒ်ချင်း စီကိုသာ အမှတ်ပေးထားပါသည်။
 ဒီဝတ္တုလေးက ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလထုတ်၊ မဟေသီမဂ္ဂဇင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။
မြသွေးနီ 
From...Myanmar Online News