10 June 2018

နိမိတ် နောက် နမာ လိုက်


 

မွဲ ၊ ​သေ ၊ ကြမ္မာငင်​ .. စတဲ့ ကြိယာ​တွေကို အရမ်းကာ​ရော မသုံးဖို့ ​ရှေးလူကြီး​တွေ သတိ​ပေး​လေ့ရှိတယ်​ ။ နိမိတ်​မရှိလို့ တဲ့ ။ ငါ ​သေချ င်​တယ်​ ၊ မ​သေ​သေးဘူးလား ၊ မွဲ​တော့မှာပဲ ၊ မွဲ​နေပြီ ၊ မွဲကိန်းဆိုက်​ပြီ .. အဲဒီလိုမျိုး စကား​တွေ ၊ ဝါကျ ​တွေ ​ပြောမိ သုံးမိရင်​ မကြာခင်​ အဖြစ်​ဆိုး​တွေ ကြုံ ရတတ်​တာလည်း တိုက်​ဆိုင်​မှု သက်​သက်​​တော့ မဟုတ်​​လောက်​ဘူး ။

ဂီတမှာ တစ်ချို့ သီချ င်းစာသား​တွေ ၊ သီချ င်း အမည်​​တွေဟာ ​ရှောင်​နှိုင်​ရင်​ ​ကောင်းပါတယ်​ ။
ငယ်​စဉ်​က တွံ​တေးသိန်းတန်​ရဲ့ ......

× × မိုးရွာရင်​ × ကြမ္မာငင်​​တော့မယ်​လို့ × မထင်​နဲ့​လေ မိုးရယ်​ × ×

အဲ့ဒီ ​တေးတ စ်​ပိုဒ်​ ​အော်​ဟစ်​ ညည်းမိလို့ ကုန်​သည်​ ​ဈေးသည်​ မိခင်​ရဲ့ မရိုက်​စဖူး အရိုက်​အနှက်​ ခံခဲ့ရ ဖူးပါတယ်​ ။ တွံ​တေးသိန်းတန်​ ကိုယ်​တိုင်​လည်း ​လောကဓံ အနိမ့်​အမြင့်​ ရင်​ဆိုင်​ခဲ့ရပါတယ်​ ။

ကမ္ဘာကျာ်​ အဆို​တော်​ မိုက်​ကယ်​ဂျက်​ဆင်​ ဘဝ​နေဝင်​ချိ န်​ မတိုင်​မီက Bad ; Dangerous ဆိုတဲ့ သီချ င်း​တွေ ( သို့မဟုတ်​ ) စီးရီး​တွေ ထုတ်​​ဝေဖူးတယ်​ ။ နိမိတ်​မရှိတဲ့ သီချ င်း ၂ ပုဒ်​ ၊ ၃ ပုဒ်​ဟာ မကြာခင်​ သူဘာဖြစ်​​တော့မယ်​ဆိုတာ သဲလွန်​စ ​ပေး​နေသလိုပါ ။

မြန်​မာသံ​တေး​တွေ တစ်​​ခေတ်​ဆန်းလိုက်​တဲ့ အဆို​တော်​ မင်း​အောင်​ဟာ စ, ဝင်​လာကတည်းက ` မင်း သား​လေးလို လွမ်းပြမယ်​ ´ တဲ့ ။ အလွမ်း စကားလုံးပါတယ်​ ။ သူကွယ်​လွန်​ကာနီး ထုတ်​​ဝေခဲ့တဲ့ သီချ င်း တစ်​ပုဒ်​ အမည်​က " ရန်​ကုန်​သူ လွမ်းမှာစိုးတယ်​ " တဲ့ ။ စာသား​တွေက ...

× × ရန်​ကုန်​သူ​ရေ × လွမ်းလို့ကျ န်​ × လွမ်းလို့ကျ န်​ × × တဲ့ ။ 
ရှိ​သေးတယ်​ ၊ × × ငါ​သေရင်​ ငါ့ရဲ့နံ​ဘေးမှာ × ဂစ်​တာရယ်​ × တိပ်​​ခွေ​လေးရယ်​ × စတီရီယို ကက်​ဆက်​တစ်​လုံးရယ်​ × တမလွန်​အထိ ယူသွားရမယ်​ × × တဲ့ ။တစ်​မျိုးကြီးပဲ ။ 

ခင်​ဝမ်းက `` နှုတ်​ဆက်​ခဲ့ပါတယ်​ ´´ တဲ့ ။
စာသားက ..
× × နှုတ်​ဆက်​ ခဲ့ပါတယ်​ × ကျွန်​​တော်​ သွား​တော့မယ်​ × လမ်းရဲ့ သယ်​​ဆောင်​ရာ × ဟိုအ​ဝေးကို × အ​ဝေးကို × ×

ပြည်​မှာ​ဆောင်း သီချ င်းမှာလည်း ..
× × အ​နေ​ဝေး × ( ​ရေ​ဝေး ) မှာ ဆုံးရှုံးသွားရ​တော့မယ့်​ × ပြည်​မှာ​ဆောင်း × × တဲ့ ။
( သူ ကွယ်​လွန်​​တော့ ​ရေ​ဝေး သုဿ န်​မှာ မြု ပ်​နှံခဲ့ရတယ်​ ထင်​တယ်​ ။ ) ဆိုင်​ မဆိုင်​​တော့ မသိ ၊
ဆရာမြို့မငြိမ်းရဲ့ ` တိမ်​လွှာမို့မို့လွင်​ ´ ကို နိမိတ်​မ​ကောင်းဘူးလို့ ယူဆလို့ အဖွဲ့သား​တွေက သည်​​တေး လက်​​ရှောင်​တယ်​တဲ့ ။

ဒါ​တွေ အယုံအကြည်​မရှိတဲ့ ဦးဝင်းဦးက ပြန်​လည်​​ဖေါ်ထုတ်​တယ်​ ။ ဦးဝင်းဦးလည်း ဘာ့​ကြောင့်​ရယ်​ မသိ ၊ အ​ကြွေ​စောခဲ့ရှာတယ်​ ။


 




စာ​ပေနယ်​မှာလည်း အဲဒီလို နိမိတ်​ပြ ဝတ္ထု ​တွေ ၊ ​ဆောင်းပါး​တွေ အများကြီး ရှိပါတယ်​ ။ ရုတ်​တစ်ရက်
စဉ်းစား မရလို့ပါ ။ ​ခေါင်းထဲ​ပေါ်လာတာ​တော့ ဆရာ​ သော်​တာ​ဆွေရဲ့ ၇၅ ပဲ ။

သူ့ဟာသ ဝတ္ထု ​တွေမှာ ၇၅ ကို ခဏခဏ သုံးခဲ့ဖူးတယ်​ ။ ( ဒီလို မိန်းမမျိုး ရလို့က​တော့ ၇၅ ​ယောက်​ ယူတယ်​ ။ ဒါမျိုးများ ၇၅ ခါ ဖြစ်​လိုက်​စမ်း .. စသဖြင့်​ ) ။ သူကွယ်​လွန်​​တော့ ၇၆ နှစ်​ ... ။

တစ်ချို့ အမျိုးသမီးကြီး​တွေ ပုဝါ စုံချ တယ်​ ။ တစ်ချို့ စလွယ်​သိုင်းတယ်​ ။ အစဉ်​အလာ အတိုင်း ရိုးရာ
မပျ က်​ စုံချ တဲ့ အမျိုးသမီးကြီး​တွေ စုတ်​​ကော ၊ လာဘ်​​ကော ဝင်​တယ်​ ။ လိုရာပန်းတိုင်​ ​ရောက်​ကြတယ်​ ။

အစဉ်​အလာကို ​ဖောက်​ထွက်​တဲ့ ၊ စလွယ်​သိုင်းတဲ့ တစ်ချို့​ လေဒီကြီး​တွေ ထိပ်​ဆုံး မ​ရောက်​ပဲ ထိပ်​ဆုံးနား တစ်​​နေကြတယ်​ ။

တစ်ချို့အမျိုးသား​တွေ ​နေကာမျ က်​မှန်​ တပ်​တယ်​ ။ ​ဟော​ပြောပွဲ​တွေမှာ မျ က်​မှန်​ အနက်​ကြီး တပ်​​ဟော တယ်​ ။ လူမြင်​ကွင်းမှာ spec တစ်ကားကားနဲ့ စတိုင်​ထုတ်​တယ်​ ။

ရလဒ်​က ဥာဏ်​ အမြင်​​တွေ ၊ ဗဟုသုတ ရရာ ရ​ကြောင်း​တွေ ၊ အ​တွေးအမြင်​ ​ဝေမျှ ခွင့်​​တွေ ကန်းသွားတယ်​ ( သို့မဟုတ်​ ) အဖွဲ့အစည်း တစ်​ခုခုရဲ့ ကန့်​သတ်​ပိတ်​ပင်​မှု ခံလိုက်​ရတယ်​ ။

( ဘယ်​သူ ဘယ်​ဝါ မဆိုလိုပါ ၊ ဖြစ်​တတ်​တဲ့ သဘာဝ ​ပြောတာပါ ။ )

ဒါ့​ကြောင့်​ နိမိတ်​​ နောက်​ နမာ မလိုက်​​အောင်​ စကားအသုံးအနှုန်း ၊ အ​ပြောအဆို ၊ ဆင်​ခြင်​ကြပါ ။
ပုဝါ စုံချ ကြပါ ။ မျ က်​မှန်​နက်​ကြီး စင်​​ပေါ်မှာ မတပ်​ကြပါနဲ့ ။


Crd ; Maung Maung Nee
 
 

No comments:

Post a Comment