29 August 2018

အစိုးရ ဆုံးဖြတ်ချက်မှားရင် နှစ်နာရမှာက ပြည်သူတွေပါ



ဆင်ကန်း တောတိုး မျက်ကန်း တစ္ဆေ မကြောက်ပါ
အစိုးရ ဆုံးဖြတ်ချက်မှားရင် နှစ်နာရမှာက ပြည်သူတွေပါ


ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းပြောသွားတာကို ကျွန်တော်နားလည်တာကတော့၊ အစိုးရမှာ နိုင်ငံခြားငွေ(USD) တွေမရှိတော့ဘူး၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB) နဲ့မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်(MICB) မှာ အပ်ထားတဲ့ပြည်သူတွေရဲ့ အကောင့်တွေထဲမှာ ရှိနေတဲ့ (USD) တွေကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းနဲ့လုပ်ငန်းရှင်တွေကိုမြန်မာငွေတွေ အပေါင်ထားခိုင်းပြီး အတိုးနဲ့ ထုတ်ချေးပါမယ်။


(MFTB) နဲ့(MICB) ဘဏ်တွေမှာ အပ်ထားတဲ့ (USD) တွေကို ချေးတဲ့အခါမှာလဲ ငွေလဲနုန်းကို မပြောင်း လဲပဲ (Fixed့rate)  နဲ့ သတ်မှတ်ထားပြီး အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ မှုလငွေလဲလှယ်နုန်း အတိုင်းပဲ အတိုးနဲ့ အရင်းပေါင်းပြီး ပြန်ဆပ်ရမယ်လို့ အဓိပ္ပါယ်ရပါတယ်။ဒီလိုဆိုရင်ရေရှည်မှာ ဘာတွေ ဖြစ်လာနိုင်မလဲ........ ? ။

ဥပမာ  တစ်ခုပေးမယ်ဗျာ။ အစိုးရက လုပ်ငန်းရှင်တစ်ယောက်ကို (September့2018) မှာဒေါ်လာ တစ်သောင်း ထုတ်ချေးမယ် ဆိုကြပါစို့။ အတိုးကတော့ တစ်နှစ်မှာ (၂) ကျပ်တိုး (2%APR) ဆိုကြပါစို့။ထုတ်ချေးတဲ့အချိန်မှာငွေလဲနုန်းက (1USD=1500Kyats) နဲ့ သဘောတူထားကြပြီး၊ပြန်ဆပ်တဲ့ အခါမှာလဲ ဒီနုန်းအတိုင်းပဲ မပြောင်းလဲရဘူးလို့ သဘောတူထားကြရမယ်ဆိုကြပါစို့ ။
ဒီလိုဆိုတော့ လုပ်ငန်းရှင်တစ်ယောက်ဟာ အဲဒီ(USD$10,000) တစ်သောင်းကိုထုတ်ချေးသွားပြီးမြန်မာငွေသိန်း (၁၅၀)ကျပ်ကိုအစိုးရဆီမှာ အပေါင်ထားခဲ့မယ် ဆိုကြပါစို့။

တစ်နှစ်ပြည်လို့(September့2019) ကြရင် လုပ်ငန်းရှင်ကအဲဒီ( USD$10,000 ) ကိုပြန်ဆပ်ရမယ်၊ပြီးရင်အစိုးရဆီမှာ မိမိအပေါင်တင်ထားခဲ့တဲ့မြန်မာငွေသိန်း (၁၅၀) ကျပ်ကိုပြန်ထုတ်ယူရမယ် ဆိုကြပါစို့။

တစ်ကယ်လို့ သူယူထားတဲ့(USD$10,000)ကိုပြန်လာမဆပ်ရင်တော့ အစိုးရက သူအပေါင် တင်ထားတဲ့မြန်မာ ကျပ်ငွေသိန်း(၁၅၀) ကိုသိမ်းယူလိုက်မယ် ဆိုပါစို့ ဒါဆိုရင် ဘာတွေဖြစ်ဦးမလဲလို့ကြည့်ကြ ရအောင်ဗျာ။




 

 

ဒီလိုနဲ့တစ်နစ်ပြည့်တော့ (September့2019) မှာ အပြင်မှာ ဒေါ်လာဈေးတွေက တက်လာပြီးတော့(1USD=2000Kyats) ဖြစ်သွားပြီ ဆိုကြပါစို့။ အဲဒီမှာ အစိုးရကိုပြန်ဆပ်ရမဲ့(USD)ကို အတိုးရော အရင်းရော ပေါင်းလိုက်ရင် ($10,000+$200) ဆိုတော့ ($10,200) ပြန်ဆပ်ရတော့မယ်ဆိုကြပါစို့။
--
အဲဒီအချိန်မှာ အဆိုပါ လုပ်ငန်းရှင်က အစိုးရကို (USD) တွေပြန်မဆပ်ပဲ အပေါင်တင်ထားတဲ့မြန်မာ ကျပ်ငွေသိန်း (၁၅၀) ကို အရှုံးခံပြီး (USD) တွေကိုပဲ ယူထားလိုက်မှာကတော့သေချာပါတယ်။ဘာကြောင့်လဲဆိုတော့ (USD$10200) ဟာ အဲဒီအချိန်မှာ မြန်မာကျပ်ငွေ (၂၀၄) သိန်း တန်ဖိုးရှိနေပြီလေ။ဒီလိုဆိုတော့ ဘယ်သူက ကျပ်ငွေ(၅၄) သိန်းတန်ဖိုး အရှုံးခံပြီးအစိုးရကို(USD)တွေပြန် ဆပ်ကြတော့ မှာ လဲ....... ?။
--
လူတိုင်း လူတိုင်းက (USD) တွေပြန်မဆပ်ကြတော့ဘူး ဆိုရင်(MFTB) နဲံ (MICB) ဘဏ်တွေမှာ တခြားပြည်သူတွေ အပ်နှံထားတဲ့ အကောင့်တွေထဲမှာ ရှိနေတဲ့(USD) တွေအားလုံးဟာ၊ လုံးပါးပါးပြီး ကုန်ဆုံး ပျောက်ကွယ်သွားကြရတော့မယ် ။    နောက်ဆုံးမှာတော့ တန်ဖိုးကျသွားတဲ့မြန်မာ ကျပ်ငွေတွေပဲ ကျန်ပါတော့မယ်။ မြန်မာ ကျပ်ငွေတွေကလဲနေ့စဉ်နဲ့ အမျှဆက်လက်ပြီး တန်ဖို့ကျပြီးရင်း ကျဆင်းနေ ဦးမယ်။

ဒီလိုဆိုတော့ အစိုးရရဲ့ (MFTB) နဲ့ (MICB) ဘဏ်တွေမှာ (USD)တွေ အပ်ထားကြတဲ့ပြည်သူတွေကလဲမကြေနပ်ကြလို့ သူတို့အပ်ထားတဲ့ (USD) တွေကိုပြန်ထုတ်ချင်တယ်လို့ တောင်းဆိုလာကြရင်၊အစိုးရ လက်ထဲမှာ ပေးစရာ (USD လုံးဝ မကျန်ရှိတော့ဘူး ဆိုတော့ပြဿနာက အကြီးအကျယ် တက်လာ တော့ မယ်။ အဲဒီလို ဆိုတော့ (MFTB) နဲ့(MICB) ဘဏ်တွေကို ဒေဝါလီ ခံပြစ်တာ၊ (Bankruptcy)   လုပ်ပြစ် လိုက်တာ က လွဲလို့ အစိုးရမှာ တစ်ခြားရွေးစရာနည်းလမ်း မရှိတော့ပါဘူး။
--
အဲဒီမှာ အစိုးရရဲ့ (MFTB) နဲ့ (MICB) ဘဏ်တွေမှာ (USD)   တွေ အပ်ထားကြတဲ့ ပြည်သူတွေ အကုန်လုံး ဆုံးရှုံးန စ်နာကြရတော့မယ်။ မြန်မာနိုင်ငံရဲ့(Export) နဲ့ (Import)ဆိုတဲ့နိုင်ငံခြား ကုန်သွယ်မှုလုပ်ငန်းတွေ အားလုံးလဲပြိုလဲ ပျက်စီးကုန်မယ် ။     အဲဒီ အခါ ကြရင်တော့ တိုင်းပြည်ရဲ့ စီးပွားရေး ကတော့ လုံးဝကိုပြိုလဲ ပျက်စီးကျသွားပြီး ဆိုတော့ တိုင်းပြည်လဲပျက်ပြီပေါ့ဗျာ။အဲဒီအခါကျမှတော့ ဘာမှကို လုပ်လို့မရ နိုင်တော့ပါဘူး။

ကျွန်တော်ပြောချင်တာက အစိုးရရဲ့ အခုဆုံးဖြတ်ချက်က လုံးဝကို မှားနေပါတယ်။ (NLD) အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဟာ တိုင်းပြည်ရဲ့ ရေရှည် အကျိုးစီးပွားကို မကြည့်ပဲ၊ရေတိုသူ တို့ အာဏာရှိနေစဥ်နှစ်ကာလ အချိန်တို ကလေးအတွင်းမှာ အစိုးရမပြိုလဲရင်ပြီးရော၊ေ နာက်အစိုးရ တက်လို့ တိုင်းပြည် တစ်ခုလုံး ဖြစ်ချင်ရာဖြစ်ပါစေတော့ ဆိုပြီး မျက်နာလွဲခဲပြစ် လုပ်လိုက်တာဟာ အင်မတန်မှမလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်တစ်ခုပါ။

ဒီလို အစိုးရရဲ့ ဆုံးဖြတ်ချက်တွေမှားသွားလို့ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးအကျိုးဆက်တွေကို ဘဝတွေနဲ့ရင်းပြီး အလူးအလိမ့် ခံစားကြရမှာက ဆင်းရဲတဲ့၊ အပြစ်မဲ့တဲ့ ပြည်သူတွေပါ။ ကျွန်တော် အဓိက ထားပြီး ပြောချင်တာက (မေမေ နဲ့၊ မေမေ ခန့်ထားတဲ့ ဝန်ကြီးတွေ ဘာလုပ်လုပ် မှန်တယ် ဆိုပြီးတော့မျက်စိမှိတ်၊နားပိတ်ပြီး ထိုင်အော်နေမယ့် အစား)  မိမိတို့ရဲ့ ကိုယ်ပိုင်ဥာဏ်တွေကို ထုတ်သုံးပြီးတော့ အကျိုးသင့်အကြောင်းသင့် စဉ်းစားဆောင်ရွက်ကြဖို့အထူး  အရေးတစ်ကြီး တင်ပြချင်ပါတယ်။

တစ်ဆက်တည်းမှာပဲ၊ ဖေ့စ်ဘုတ်မှာ လုပ်တဲ့မြန်မာ ညီအကိုတွေကို လေးစားစွာ မေတ္တာရပ် ခံချင်တာ  ကတော့ (တစ်ပါတီနဲ့၊ အစိုးရရဲ့ အကျိုးစီးပွားကို သာ ငဲ့ကွက်နေမဲ့ အစား တိုင်းပြည်နဲ့ပြည်သူ့ အကျိုးစီးပွား တစ်ရပ်လုံးကိုငဲ့ကြည့်ကြပါ)။ ပြည်သူကို အကျိုးသင့် အကြောင်းသင့်၊ အသိပညာတွေပေးပြီး အကျိုးပြုနေ တဲ့ ၊  အမှန်တရားတွေကို ထောက်ပြပေးနေတဲ့ အကောင့်တွေကိုဖြုတ်ချပြစ်တာဟာ ပြည်သူ ကို သစ္စာဖေါက်တာ အမျိုးသားရေးကိုသစ္စာဖေါက်တာ ဆိုတာကိုတော့ ခင်ဗျားတို့တွေအားလုံးကိုနားလည်ထားကြစေချင်ပါတယ်ဗျာ။

ကြိုက်သလောက်ရှယ်ယာပါ။ ကော်ပီ (COPY) ယူပါ။ ခွင့်တောင်းစရာ မလိုပါဘူး။



နိုင်ဦး။
(MFTB)= Myanmar Foreign Trade Bank.
(MICB)= Myanmar Investment and Commercial Bank.
(USD)=United States Dollar.
(APR)=Annual Percentage Rate.

စစ် မိုး 



No comments:

Post a Comment