05 January 2019

Trust ဟူသော ယုံကြည်မူက အရာရာကို ပြီးမြောက်စေပါသလား



မြန်မာနိင်ငံရေး အကူးအပြောင်း အကြိုကာလ (၂၀၀၈-၂၀၀၉) ခန့်မှစ၍ အနောက်နိင်ငံများမှ တင်သွင်း လာသော (ဒီမိုကရေစီ လူ့အခွင်အရေး)၊ (ကွဲပြားခြားနားခွင့်ရှိခြင်း - Agree To Disagree) (Trust ပာူသော ယုံကြည်မူ တည်ဆောက်ခြင်း) စသော အသုံးအနှုန်းများ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားခဲ့ပါ၏။ 

အချို့ကလည်း ဆရာကြီးများပမာပြောင်းလဲပါ "Change" ဟူသည်ကိုလည်းပြောတတ် သေး၏။ မည်သို့ပြောင်းလဲ ရပါ့မလဲ? ပြောင်းလဲရမယ့်နည်းလေးပေးပါလား? ဟုဆိုသောအခါ မျက်စိ ပျက်၊ မျက်နှာ ပျက်ဖြစ်ကြရသည် ကိုလည်းကြုံဖူးခဲ့ပါသည်။
.
အသုံးအနှုန်း အသစ်တို့ကို မြန်မာ အများစုအာတွေ့ဟန်ရှိသည်။ အရင်းအမြစ်ကို နားလည်ရန် မ ကြိုးစားကြ၊ အလျင်ဦးသူက ဆရာကြီးလဲလုပ်လေ့ရှိ၏။ တစ်ကယ် အသိတရား "အခံ" ရှိသူနှင့်တွေ့သောအခါ ရှူးရှူး ရှဲရှဲဖြစ်ကြပြန်သည်။


 မြန်မာနိုင်ငံ အမှန်တစ်ကယ် မတိုးတက်ရခြင်း၏ တစ်ကယ့်အရင်းအမြစ်မှာ အသုံးအ နှုန်းများကို လျှာဖျားပေါ်တွင် အရသာတွေ့လောက်ရုံဖြင့် ကျေနပ်နေကြခြင်းကြောင့် ဟု ကောက်ချက်ပေးနိုင် ပါ လိမ့်မည်။ အမှန်တစ်ကယ် အလေးအနက် ထဲထဲဝင်ဝင် သိခဲ့ကြမည်ဆိုလျှင် တိုးတက်ရန်မခဲယဉ်းလှပါချေ။
.
လုပ်ငန်းရှင် ဆိုသည်မှာ
~~~~~~~~~~~~
အစိုးရများထံမှ အခွင့်အရေးရရန် လုပ်ငန်းရှင်များသည် အသုံးအနှုန်းဆန်းများဖြင့် မိမိတို့ လိုရာကို ရအောင် ယူသွားတတ်ကြသည်။ သက်ဆိုင်သူတို့ အခြေခံ မရှိပါလျှင် မသိနိုင်ချေ။ အတော်အတန် အရေ အတွက် ရှိသော လုပ်ငန်းရှင်များနှင့် ထိတွေ့ခွင့်ရကြသော အစိုးရလူတစ်ချို့သည် Terminology များကိုနှုတ် တိုက်ပြောနိုင်လာကြပြီး၊ သူတို့ကိုယ် သူတို့သိပြီး၊ တတ်ပြီးဟု အထင်ရှိကြတော့သည်။ ဤ အဖြစ်အပျက်မျိုး သည်နိုင်ငံများစွာတို့၏ အစိုးရများကရှေးပဝသဏီတည်းကကြုံ ခဲ့ကြ၊ ဖြတ်သန်းခဲ့ကြရပြီး၊ ယနေ့လည်းမရိုးနိုင် အောင်ကြုံနေ၊ ဖြတ်သန်းနေကြတုန်းပင်။

အလွယ်ကူဆုံး ဥပမာမှာ …...
Demand များလျှင်ဈေးနှုန်း တက်၍ Supply များလျှင်ဈေးနှုန်းကျသည် ဟူသော သဘောတရားသည် အခြေခံ သဘောမျှသာဖြစ်သည်။ ထိုသဘောတရားကို ဆန့်ကျင်သော အခြေအနေတစ်ချို့ ရှိသည်ကို လက် တွေ့ စီမံ ခန့်ခွဲမှုပညာ မရှိသောသူများ မသိကြချေ။

လွတ်လပ်စွာ သဘောကွဲလွဲနိုင်သည် ဟူသော Agree to disagree သည် ဘယ်အခြေအနေ၊ ဘယ် အဆင့် မှာဖြစ်လေ့ရှိပါသလဲ  ? အခြေအနေတိုင်း၊ နေရာတိုင်းမှာဖြစ်ခွင့် မရှိချေ။ စီမံခန့်ခွဲမှု အလွှာ အဆင့်ဆင့် (Management Hierarchy) အရ … အောက်ခြေတွင်ရှိနိုင်ပြီး၊ အပေါ် အဆင့်ဆင့်တက်လာသည်နှင့် အမျှကွဲ ပြားခြားနားမှုကျဉ်းမြောင်းသွားရသည့် သဘောရှိပါ၏။ 

ဤသဘောကို မသိပဲ (ကွဲပြားခြားနားခွင့်ရှိသည်) … ဟူသောယေဘုယျ သဘောတရားကို အချိန်တိုင်း၊ နေရာတိုင်း၊ အခြေအနေတိုင်းတွင် ကိုင်စွဲထားပါက အရာရာ ဘာမှမဖြစ်ပဲ ပျက်စီးရုံသာရှိပါလိမ့်မည်။



ယုံကြည်မှု တည်ဆောက်ပါ
~~~~~~~~~~~~~~
အနောက်ဘက်က သူတို့ခြယ်လှယ်လိုသောနိုင်ငံများကို Programmed Knowledge … ဟူ သော ကန့်သတ် အသိကိုသာ မျှဝေပေးတတ်ပါ၏။ ဤအချက်ကို မသိသောသူများက အဆုံးစွန် အသိပိုင်ဆိုင် လိုက်သည့်ပမာ မာန်တက်ပြီး ကျင့်သုံးသောအခါ ပညာထောက်ချောက် Knowledge Trap ထဲသက်ဆင်း ရင်းနိုင်ငံပျက်ရတော့သည်။ တရုတ် တို့၏ Debt Trap ဟူသော အကြွေးထောင်ချောက်ထဲ ကျဆင်းသည် ထက်ပိုဆိုး၏။ အကြွေးက မည်မျှတင်ရှိမည်ကို ကြိုတင် တွက်ချက်၍ရသည်။ ကြိုးစားပြီးပြန်ဆပ်၍လည်းရ သည်။
.
အသိနွံနစ်ခြင်းက အမှန်ကို မသိမြင်နိုင်သမျှ ရုန်းမထွက်နိုင်ကြချေ။ တစ်ဘဝတည်း သာမက၊ ပထမ ဘဝ အသိမှား၍ နောင်ဘဝ များစွာသို့တိုင်အောင်သက်ရောက်မှုရှိသည်။


မြန်မာ့နိုင်ငံရေး အကူးအပြောင်း စတင်တော့မည်ဟု အရိပ်အယောင် စတင်ခံစားနိုင်သည့် အချိန်မှစ၍ စာစောင် အသီးသီး၊ နေရာ အဖုံဖုံ၊ စာသင်ခန်း အသွယ်သွယ်တို့၌ ကန့်သတ် အသိဖြင့်ပြောကြဆိုကြ မျှဝေသင် ကြားကြဖြင့် များပန်းခတ်ခဲ့ကြသည်ကို မှတ်မိပါသေးသည်။
.
ဘင်္ဂလီကိစ္စ၌ လူ့အခွင့်အရေးဖြင့်အော်ကြသည်။ ဘယ်ဘက်ကကြည့်သော လူ့အခွင့်အရေးလဲ ဟု ပြန်မေး ဖြစ်သည်။ မြန်မာတွေကတော့ လူတွေ မဟုတ်ကြဘူးလား? တိရစ္ဆာန်တွေလား ဟုမေးမှ အတော်အ တန် အသံတိတ်သွားကြသည်။ 


သာမန်လူတို့ အသိမှားလျှင် မထောင်းသာချေ။ ဦးဆောင်သော အစိုးရများအ သိမှားခဲ့ပါက … တစ်နိုင်ငံလုံး ဒုက္ခတွင်းထဲရောက်ကြရလေ့ရှိ၏။ အစိုးရ ဆိုသည်မှာ … ထိုနိုင်ငံ၊ ထိုလူမျိုး၏ အကျိုးစီးပွားကို ထမ်းဆောင် ရန်ရွေးချယ်ပေးလိုက်သည့် အဖွဲ့ဖြစ်သည်။ လူ့အခွင့်အရေးကို အခြားဘက်က အ လေးပေးသော အစိုးရဖြစ် ရန်မသင့်ကြချေ။

ယုံကြည်မှု တည်ဆောက်ကြရမည် …
.... ဟူ၍ရေပန်းစားခဲ့သည်။ ယခုလည်းရေပန်းစားဆဲဖြစ်ပါ၏။ ယုံကြည်မှုဟူသော စကားလုံးအတွက် Trust ကို အသုံးပြုကြ၏။
.
Trust ၏ တ၇ားကိုယ် သဘောတရားမှာ - တစ်ဦးနှင့်တစ်ဦး ယုံကြည်ခြင်းဖြစ်သည်။ ဥပမာ - တစ်ဦးက တစ်ဦးကို မလိမ်ညာခြင်း၊ ဒုက္ခရောက်လျှင် တစ်ဦးက တစ်ဦးကို မထားရက်ခဲ့ခြင်းတို့နှင့်သက်ဆိုင်၏။


Confidence ကိုလည်း ယုံကြည်မှုဟုသာ မြန်မာလိုပြောကြသည်။ ဤယုံကြည်မှုက တစ်မျိုးဖြစ် သည်။ မောင်ဖြူ သည် သူ့ကိုယ်သူ ယုံကြည်၍ စာမေးပွဲအောင်ရမည် ဟူသော ယုံကြည်မှုမျိုးဖြစ်သည်။ အရည် အချင်း တစ်ရပ်အပေါ်ယုံကြည်မှုဘက် အလေးသာသည်။

Belief သည်လည်း ယုံကြည်မှုပင်ဖြစ်ပြန်သည်။ တစ်စုံတစ်ရာအပေါ် သက်ဝင်ယုံကြည်မှုမျိုးဖြစ် သည်။ ဥပမာ - ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်ခြင်း၊ စားသောက်ဆိုင်လုပ်ငန်း တည်ထောင်လျှင် အ ကျိုး အမြတ်ကောင်းမည်ဟု လုပ်ငန်းအပေါ်ယုံကြည်မှုမျိုးဖြစ်သည်။

မောင်ဖြူနှင့်မောင်မဲ သူငယ်ချင်း (၂) ဦးရှိကြ၏။
လုပ်ငန်းတစ်ခု ပူးပေါင်းလုပ်ကိုင်ရန် ဆန္ဒရှိကြသည်။ တစ်ဦးက တစ်ဦးအပေါ် မလိမ်မညာ အေးအတူပူ အမျှ ရှိကြမည်ဟူသော ယုံကြည်မှုသည် Trust နှင့် သက်ဆိုင်သည်။ စတိုးဆိုင်ကြီးတစ်ခုကို အတူ ပူးပေါင်းလုပ် ကိုင်ကြရာတွင် … မောင်ဖြူက ထိုလုပ်ငန်းကို ကျွမ်းကျင်မှုရှိပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်မည် ဟူသော အရည်အချင်းပေါ်ယုံကြည်ခြင်းသည် Confidence ဖြစ်လာသည်။ 

သူတို့ (၂) ဦး လုပ်ငန်းရွေးချယ်သော စတိုး ဆိုင်လုပ်ငန်းသည် ထိုအချိန် ထိုအခါနှင့် ကိုက်ညီ၍ အောင်မြင် ဖြစ်ထွန်းစေမည့် လုပ်ငန်းဖြစ်ကြောင်း ယုံကြည် ခြင်းသည် Belief ဖြစ်သည်။
.
ထိုလုပ်ငန်းအောင်မြင်ရန် Trust တစ်ခုတည်းနှင့် မပြည့်စုံပါ။ Confidence ရော၊ Belief ပါ-ပါဝင်ရပါ လိမ့် မည်။ မြန်မာ့နိုင်ငံရေး အကူးအပြောင်းသည် ဒီမိုကရေစီ တစ်ပုံစံဖြင့်ဖြစ်သင့်သည်ဟု ရှေးကလူကြီးများ၏ Belief ဟူသော ယုံကြည်မှုကြောင့် အပြောင်းအလဲပြုလုပ်ပေးခြင်းသာဖြစ်ပါ၏။


 နောင်ရိုးတိုက်ပွဲသည် (၃) မျိုးသော ယုံကြည်ချက်ကြောင့်သာ....
မြန်မာ့သမိုင်းတွင် ဘုရင့်နောင်၏နောင်ရိုး တိုက်ပွဲက ကြီးမားသော သမိုင်းမှတ်တမ်းဖြစ်၏။ တိုက်ပွဲမ စမီ မှာပင် "အောင်မြင်ပါပြီ" ဟု အဘယ့်ကြောင့် ဘုရင့်နောင်က ပြောနိုင်ခဲ့ပါသနည်။?

စစ်သည်များသည် ဘုရင့်နောင်အပေါ် လည်းကောင်း၊ ဘုရင့်နောင်သည် စစ်သည်များ အပေါ်လည်း ကောင်း မယုံကြည်လျှင် … ဤသည်က တစ်ချက် (Trust)၊ အချို့စစ်ပွဲများတွင် (ငယ်သားများကို) ခေါင်း ဆောင်က ထားခဲ့ခြင်း၊ ခေါင်းဆောင်ကို ငယ်သားများက ထားခဲ့ခြင်းများရှိခဲ့ဖူးသည်။


ဘုရင့်နောင်၏ တိုက်စွမ်းရည်ကိုလည်းကောင်း၊ စစ်သားများ၏ တိုက်စွမ်းရည်ကိုလည်းကောင်း ယုံ ကြည် ခြင်း၊ အရည်အချင်းတစ်ရပ်အပေါ် ယုံကြည်ခြင်း (Confidence) သည် အကြောင်းတစ်ချက်။

ထိုတိုက်ပွဲသည် တိုက်သင့်သော တိုက်ပွဲ၊ တိုက်ရမည့် တိုက်ပွဲဟု အကြောင်းရင်းအပေါ် ယုံကြည်မှု (Belief) သည်အကြောင်းတစ်ချက်။

ထိုအကြောင်းအချက် (၃) မျိုးပေါင်းပြည့်စုံ၍သာ မိမိထက်အင်အား (၈) ဆကြီးသော ရန်သူကိုနိုင် အောင် တိုက်နိုင်ခြင်းဖြစ်ပါ၏။ တစ်ဦးနှင့် တစ်ဦး (Trust) ဟူသော ယုံကြည်မှု တစ်ခုတည်းပေါ်အခြေခံပြီး တိုက် မရပါချေ။

တစ်ချိန်က ရန်ကုန် အစိုးရဟုခေါ်ရအောင် အင်းစိန်အထိ သူပုန်တို့က အုပ်စီးထားခဲ့ပါ၏။ ထိုကွက်ကွက်လေး မှပြန်လည် တိုက်ထုတ်နိုင်ခဲ့ခြင်းမှာ Trust တစ်ခုတည်းသော ယုံကြည်ချက်ဖြင့် မရချေ။

ယနေ့ငြိမ်းချမ်းရေးဆွေးနွေးကြသည်။
Trust ဟူသော တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု အပြည့်အဝ မရရှိနိုင်ကြသေးချေ။ ငြိမ်းချမ်းရေးကို အမှန် တစ်ကယ် ယုံကြည်ကြပြီလား ဟူသောယုံကြည်မှု Belief ပိုင်းတွင်မေးခွန်းထုတ်စရာ ရှိနေပါသေးသည်။ 

ငြိမ်းချမ်းရေးသည် အမှန်တစ်ကယ် လိုအပ်သော အရာဖြစ်ပါသည်ဟူသော လက်နက်ကိုင်များမှ မယုံကြည်သေး သမျှ ကာလပတ်လုံး အခြေအနေတစ်ခုခု၊ အဆင့်တစ်ခုခု၌ ပျက်ပြားဝေဝါးရန်သာရှိပါသည်။

နိုင်ငံတစ်ခုသည် ငြိမ်းချမ်းရေး မရှိခဲ့လျှင် ဖွံ့ဖြိုးတိုးတက်ရန် လက်လှမ်းဝေးနေပါသေးသည်။ အချို့အ ပိုင်း ဒေသ တို့၌ ဖွံ့ဖြိုးခွင့် ရှိပါသော်လည်း ညီမျှသော ဖွံ့ဖြိုးတိုးတက်မှုကိုတော့ ရနိုင်မည်မဟုတ်ပါ။ တစ်နိုင်ငံ လုံး၊ တစ်မျိုးသားလုံး ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေး အမှန်လိုအပ်ပါ၏။ ထို့ကြောင့်တစ်ဖွဲ့ ချင်း၊ တစ်ဦးချင်း အကျိုးစီးပွားများကို စွန့်လွှတ်ကြရပါလိမ့်မည်။

ထို့သို့ အကျိုးစိးပွားများကို စွန့်လွတ်ပြီး၊ငြိမ်းချမ်းရေးသည်လျှောက်သင့်သော လမ်းမှန်ဖြစ်သည်ဟူ သော ယုံကြည်မှု Belief မျိုး အမှန်ရှိကြပါပြီလား?


ယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပုံစံ၊ အဆင့်ဆင့်သော နည်းစဉ်များသည် လက်တွေ့ အလုပ်ဖြစ်သော ပုံစံဖြစ် ပါပြီလား၊ စေ့စပ် ညှိနှိုင်းသူတို့၏ Negotiation Skill ကျွမ်းကျင်မှုသည် မှန်ကန်ထိရောက် မှုရှိပါပြီလား ဟူသော ယုံကြည်မှု Confidence ကလည်း အရေးပါလာပြန်သည်။ 

အချို့သော အဖွဲ့များထံမှ အသံတစ်ချို့ထွက်လာပါ၏။ ရွှေပြည်တော်မျှော်တိုင်းဝေးပါပြီ … ဟူသော အသိဖြစ်သည်။ တိုးတက်မှုမှ ဆုတ် ယုတ်မှုဘက် ဆန့်ကျင်ဘက်ဖြစ်သွားခြင်းသည် Process and Skill ဘက် အားနည်းခဲ့သောကြောင့်ဟု သုံး သပ်နိုင်ပါ၏။

Trust ဟူသော ယုံကြည်မှုသည် အခြေခံကျပါ၏။ သို့သော်လည်း ထိုတစ်ခုတည်းသော ယုံကြည်မှု သည် လက်တွေ့အားဖြင့် မည်မျှ အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်ကိုပြန်လည် ဆန်းစစ်အဖြေထုတ်ရန် လိုအပ်လာပါ လိမ့်မည်။ 

သို့မဟုတ်ပါက … ပိုးသာကုန်ပြီး မောင်ပုံစောင်းမတတ် သဖြင့် မြန်မာနိုင်ငံကြီး … တန်ဖိုးရှိသော အချိန်များ ကိုဖြုန်းတီးရာ ကျပါလိမ့်မည်။

Crd  ...  နေဇင်လတ်


No comments:

Post a Comment