26 August 2022

ဘာေတြ ၿဖစ္လာၾကဦးမလဲ ? / ဘာတွေဖြစ်လာကြဦးမလဲ ? Scenario Analysis.

 


Scenario analysis  ဆိုတာ ဒီေန႔ျဖစ္ပ်က္မႈေတြအေပၚအေျခခံၿပီး အနာဂါတ္ျဖစ္လာႏိုင္တာေတြကို မွန္းဆ တြက္ခ်က္ပုံေဖၚတာပါ။


Scenarion Analysis နဲ႔ပါတ္သက္ၿပီးေဆာင္းပါး (၂) ပုဒ္ေလာက္ေရးဘူးတယ္။ တစ္ပုဒ္က SA နဲ႔ပါတ္သက္ၿပီးပညာ ရပ္ဆိုင္ရာ သေဘာတရား စဥ္းစားပုံ၊ အေျခခံမႈေတြေနာက္ တစ္ပုဒ္က SA ေပၚအေျခခံၿပီး ကမာၻ႔ျမင္ကြင္းသစ္ ဘယ္လိုထြက္လာႏိုင္သလဲ ဆိုတဲ့ ပုံၾကမ္း၊


အမွန္တစ္ကယ္ ဆိုရင္ Alternatives ေတြ ရွိရမယ္၊ ျပည့္စုံေအာင္မေရးႏိုင္ခဲ့ဘူး။ အေမရိကန္ေခတ္လြန္မွာ ဘာျဖစ္ လာမလဲ ဆိုတဲ့ ျမင္ကြင္းတခုထဲကိုသာ ေရးခဲ့ပါတယ္၊ အခ်ိန္ မရတာရယ္ အခ်ိန္အကုန္သိပ္မခံႏိုင္တာရယ္ လိုခ်င္ တဲ့ အခ်က္အလက္ေတြမရတာရယ္ စတာေတြေၾကာင့္ပါ ။


🌺  မတူညီတဲ့ႏိုင္ငံေရးတည္ေဆာက္မႈ

         Different Political Structure.


အေမရိကန္၊ ဂ်ာမဏီ၊ အိႏၵိယ စတာေတြက ေ႐ြးေကာက္ ပြဲက တစ္ဆင့္ တက္တဲ့ အစိုးရေတြ၊ Trump အိမ္ကို ဝင္စီးလိုက္တဲ့ျဖစ္စဥ္ေနာက္ပိုင္း၊ အေမရိကန္မွာ တစ္ပါတီထဲ ႀကီးစိုးတဲ့ စနစ္အျဖစ္ အေမရိကန္ေျပာင္းသြားေတာ့မွာလား ?  ဆိုတဲ့ ေမးခြန္းေတြ အသံက်ယ္လာတယ္ ။


Free election ဆိုေပမဲ့ Fair election မဟုတ္တာ ကေတာ့ ေလ့လာသူေတြဖက္က ျမင္လိမ့္မယ္နဲ႔တူတယ္ ။ Deep State က ဒီမိုကရက္ေတြဖက္ အေလးသာ ေပးထား တယ္ ။ ေရွးတုန္းက အေမရိကန္ေတြလို မသန႔္ရွင္းေတာ့ ဘူး ။


 ေနာက္ပိုင္းတက္လာတဲ့ ႐ုရွားနဲ႔ တ႐ုတ္တို႔ရဲ႕ Political structure က အေနာက္အုပ္စုနဲ႔ ဆန႔္က်င္ဖက္၊ Election ကိုျဖတ္ၾကေပမဲ့ ျဖတ္ပုံျဖတ္နည္း လုံးဝမတူၾကဘူး ။


ပူတင္က ႐ုရွားကိုဦးေဆာင္ခဲ့တာ (၂၁) ႏွစ္ရွိသြားၿပီ၊ အေမရိကန္က ျပန္ေလးစားရတဲ့ လက္နက္ေတြပိုင္ဆိုင္တဲ့ႏိုင္ငံ ( လက္နက္ႏိုင္ငံ ) အျဖစ္ တည္ေဆာက္ႏိုင္ခဲ့တယ္၊ တိန္ေရွာက္ဖိန္ ဟာ ေခတ္သစ္တ႐ုတ္ႏိုင္ငံရဲ႕ ပိသုကာပါ၊ သမၼတ တစ္ဦး (၁၀) ႏွစ္ပုံစံနဲ႔ တ႐ုတ္ကို ( စီးပြားႏိုင္ငံ ) အျဖစ္ေရာက္ေအာင္ အုတ္ျမစ္ခ်ေပးႏိုင္ခဲ့တယ္ ။


အာရွထဲမွာ ေနာက္ပိုင္းတက္လာမွာက အိႏၵိယ၊ ကမာၻ႔ အႀကီး ဆုံး ဒီမိုကေရစီက အိႏၵိယ အာရွထဲကႏိုင္ငံတစ္ခု၊ သူ႔ Political structure ကလဲ ေ႐ြးေကာက္ပြဲက တစ္ဆင့္ျဖတ္သန္းမႈမ်ိဳးပဲ၊ ေ႐ြးေကာက္ပြဲ အပ်ိဳရည္ကို အေမရိကန္ ထက္ ပိုၿပီးထိမ္းသိမ္း ထားႏိုင္ဆဲလို႔ ယူဆလို႔ရတယ္။


🌺  စီးပြားေရးပုံစံ

          Eco Model


စီးပြားေရးပုံစံေတြလဲ မတူၾကဘူး

ကြန္ျမဴနစ္ စနစ္မွာ ကြန္ျမဴနစ္ စီးပြားပုံစံ

အရွင္းရွင္ စနစ္မွာ အရွင္းရွင္စနစ္ပုံစံ ဆိုတဲ့ က်မ္း႐ိုး အယူ အဆေတြဟာ ေခတ္သစ္မွာ မရွိၾကေတာ့ဘူး၊

( အဲ့ဒီအပိုင္းကို ေကာင္းေကာင္း သတိထားမိလို႔၊ က်မ္း႐ိုးအယူအဆကို လုံးဝမေရးျဖစ္တာ၊ လူငယ္ေတြ အမွတ္မွား၊ အယူအဆ လြဲမွာစိုးလို႔ )


အေနာက္အုပ္စု  စီးပြားေရးအားေကာင္းရျခင္းက လြတ္လပ္ စြာ ယွဥ္ၿပိဳင္ေစျခင္းအေပၚ အေျခခံထားတာ လူတိုင္းသိတယ္ ။ လူတိုင္းမသိတဲ့ အေထာက္အပံ့တစ္ခ်ိဳ႕ရွိတယ္ ။ တ႐ုတ္စီးပြားေရး အားေကာင္းလာေအာင္ ဖန္တီး ယူ ထား တဲ့ အခ်က္တစ္ခ်ိဳ႕လဲရွိတယ္ ။


အေမရိကန္က ေထာက္တယ္

တ႐ုတ္ဖက္က ခပ္တည္တည္ပဲ ဆက္ၿပီးလုပ္တယ္ ။

႐ုရွားမွာ အဲ့ဒီအခ်က္ အားနည္းေနတယ္၊

ထားပါေတာ့ ။


ဒီေန႔ အေမရိကန္ဟာ ႐ုရွားကို  လက္နက္ နည္းပညာပိုင္းမွာ ေၾကာက္ေနရၿပီ ။ မေန႔တစ္ေန႔က အေမရိကန္ရဲ႕ ဟ္ုက္ပါေဆာနစ္ မစ္ဇိုင္း သတင္းထုတ္ေတာ့

" အင္း... တစ္လကၼခ်င္းေတာ့ နီးလာပါၿပီ" ဆိုၿပီး ႐ုရွား ဖက္ ကေလွာင္တာ ခံလိုက္ရတယ္။


🌺   ေဆာက္တည္ရာမဲ့_အေမရိကန္


ယူကရိမ္း စစ္မွာ အေမရိကန္က ေနတိုးနဲ႔ေပါင္းၿပီး၊ ႐ုရွားကို စစ္ႏြံႏွစ္ဖို ႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ဘူး ။ ထိုင္ဝမ္ ဖက္ ကိုလွည့္ျပန္တယ္ ။ ပလိုစီအေနနဲ႔ ထိုင္ဝမ္ကို အ တင္း အၾကပ္ သြားခဲ့တာကလြဲလို႔၊ တိက်တဲ့ ရလဒ္ကို မေတြ႕ ရေသးဘူး ။


Chip war နဲ႔ တ႐ုတ္စီးပြားေရးကို တိုက္ဖို႔ စီစဥ္ဟန္ တူေပ မဲ့ ဒီရက္ပိုင္း တ႐ုတ္ဖက္က ထြက္လာတဲ့ သတင္းေတြအရ အဆင့္ျမင့္ Chip 3 nm ကိုသာ မထုတ္ႏိုင္ေသးတာ၊ 7 nm ကို တ႐ုတ္ကထုတ္ႏိုင္သြားၿပီ ။


 3 nm အသုံးျပဳမႈက 5-7% သာရွိတဲ့ အတြက္ တ႐ုတ္ကို ခ်က္ျခင္း အမ်ားႀကီး မထိခိုက္ႏိုင္ေသးတာ ေတြ႕ရတယ္။ အသုံးမ်ားတာက 7-11 nm ျဖစ္ၿပီး၊ အဲ့ဒီ အမ်ားသုံးကို တ႐ုတ္ က ကိုင္ထားလို႔ Chip war စရင္ အေနာက္ဖက္က သာ အရင္ အထိပိုနာႏိုင္တယ္ ။

အေမရိကန္ ဘာဆက္လုပ္လာဦးမလဲ ?


🌺  ႏိုင္ငံေရး_ပရမ္းပတာ

                Chaos

FBI စြပ္စြဲသလို မဟုတ္ခဲ့ရင္ေတာ့ ထရမ့္အိမ္ စီးနင္းမႈဟာ အေမရိကန္ အတြက္ အလြန္ဆိုးဝါးတဲ့ ႏိုင္ငံေရး ပရမ္းပတာ ျဖစ္မႈတစ္ခုပဲ ။ ထရမ့္ လက္ထက္ Capitol ကို လူထု ဝင္စီးတာလဲ ျဖစ္ ခဲ့ ေသးတယ္ေနာ္ ။


2024 အေမရိကန္ေ႐ြးေကာက္ပြဲ အတြက္ ထရမ့္ကို ပုခုံးယွဥ္ႏိုင္မဲ့ ဒီမိုကရက္ဖက္က ကိုယ္စားလွယ္ေလာင္း မေတြ႕ရေသးဘူး ။


ရီဘတ္ပလစ္ကင္ ကို အာဏာလႊဲေပးရမွာကို ဒီမိုကရက္ေတြ စိုးရိမ္ေနတာေတာ့ အမွန္ပဲ၊ ဘိုင္ဒင္ေရာ ဘိုင္ဒင့္သားပါ တ႐ုတ္ေတြနဲ႔ အဆက္အစပ္ ႀကီးႀကီးမားမား ရွိေနတာကို ထရမ့္သာ သမၼတျဖစ္ရင္ေျမလွန္မွာကေတာ့ အေသအခ်ာပဲ ။ ဒါက အေမရိကန္အေျခအေန ။


တ႐ုတ္ဖက္ၾကည့္ရင္လဲ...

(၁၀) ႏွစ္ျပည့္ရင္ ရွီက သမၼတ ဆက္လုပ္မွာလား ဆက္လုပ္ ႏိုင္ေအာင္ ဖြဲ႕စည္းပုံျပင္ထားတယ္ ။

ဘယ္ေလာက္ၾကာၾကာ ဆက္လုပ္မွာလဲ ?

အဲ့ဒီေမးခြန္းက အဓိကျပႆနာ ။


တိန႔္ေရွာက္ဖိန္ ကိုယ္တိုင္ အနစ္နာခံၿပီး (၁၀) ႏွစ္ကိုယ္စီ စီမံခဲ့တာကို ရွီလက္ထက္မွာ အပ်က္ခံၾကေတာ့မွာလား ?

႐ုရွားဖက္ကို ၾကည့္ရင္လဲ ပူတင့္ဦးေဆာင္မႈက " အလုပ္" ျဖစ္တာ ေတြ႕ရတယ္၊ တ႐ုတ္ဖက္ကလဲ " အလုပ္ျဖစ္တာ ေတြ႕ရေလေတာ့....


အလုပ္ မျဖစ္တဲ့ အေမရိကန္က ႐ုရွားနဲ႔ တ႐ုတ္ ေပၚလစ္ျဗဴ႐ို ပိုင္းအထိ CIA ကိုထိုးေဖါက္ေစမွာ အမွန္ပဲ။

အဲ့သလိုေရးေတာ့  CIA ကခ်ည့္ ႐ုရွာ းနဲ႔ တ႐ုတ္ကို ထိုးေဖါက္မွာလား ? FSB နဲ႔ MSS ကေရာ အေမရိကန္ကို လက္ဦးမႈ ယူမထားဘူးတဲ့လား ? ။


2035 မွာ တ႐ုတ္က Double GDP, Double per capita ျဖစ္ေရးအတြက္ စီမံကိန္းခ်ၿပီး ခပ္ျပင္းျပင္း အင္ဂ်င္စက္ကို ႏႈိးေနၿပီ ။ 2026-2028 ေလာက္မွာ GDP အရ တ႐ုတ္က အေမရိကန္ကို ေက်ာ္တက္မယ္လို႔ ပညာရွင္ေတြဖက္က တြက္ခ်က္ ထုတ္ျပန္ထားၾကေလေတာ့...

အေမရိကန္အေနနဲ႔ ပိုၿပီးေဆာက္တည္ရာ မရေလ ေတြ႕ ကရာ လူကို ဒုတ္ရမ္း၊ ဒါးရမ္း ျဖစ္ေလ ျမင္ကြင္းကို မျမင္ခ်င္လဲ ျမင္ရလိမ့္ဦးမယ္လို႔ထင္တယ္ ။


တစ္ကယ္ရမ္းတာလား ?

ဟန္ေဆာင္ရမ္းတာလား ?

ဒီအခ်က္ကိုေတာ့ အခ်ိန္က အေျဖေပးသြားပါလိမ့္မယ္ ။

ထရမ့္ တက္လာမွာကိုေတာ့ တ႐ုတ္ဖက္က အေသေၾကာက္တယ္လို႔ ျမင္မိသလို... ဒီမိုေတြ ဆက္ရွိေနမွာကိုလဲ ပူတင္ဖက္က မလိုလားဘူးလို႔ သဲလြန္စေလး ထားခဲ့ခ်င္ပါရဲ႕ ။


ဒါေၾကာင့္ ...

အေမရိကန္ ျပည္တြင္းႏိုင္ငံေရးမွာ မုန္တိုင္းႀကီးတစ္ခု ေစာင့္ဆိုင္းေနပါတယ္လို႔ ျမင္ရပါေၾကာင္း။


Crd ...  Ba Maung  ( 25.8.22 ) 🌺


Scenario analysis  ဆိုတာ ဒီနေ့ဖြစ်ပျက်မှုတွေအပေါ်အခြေခံပြီး အနာဂါတ်ဖြစ်လာနိုင်တာတွေကို မှန်းဆ တွက်ချက်ပုံဖေါ်တာပါ။


Scenarion Analysis နဲ့ပါတ်သက်ပြီးဆောင်းပါး (၂) ပုဒ်လောက်ရေးဘူးတယ်။ တစ်ပုဒ်က SA နဲ့ပါတ်သက်ပြီးပညာ ရပ်ဆိုင်ရာ သဘောတရား စဉ်းစားပုံ၊ အခြေခံမှုတွေနောက် တစ်ပုဒ်က SA ပေါ်အခြေခံပြီး ကမ္ဘာ့မြင်ကွင်းသစ် ဘယ်လိုထွက်လာနိုင်သလဲ ဆိုတဲ့ ပုံကြမ်း၊


အမှန်တစ်ကယ် ဆိုရင် Alternatives တွေ ရှိရမယ်၊ ပြည့်စုံအောင်မရေးနိုင်ခဲ့ဘူး။ အမေရိကန်ခေတ်လွန်မှာ ဘာဖြစ် လာမလဲ ဆိုတဲ့ မြင်ကွင်းတခုထဲကိုသာ ရေးခဲ့ပါတယ်၊ အချိန် မရတာရယ် အချိန်အကုန်သိပ်မခံနိုင်တာရယ်လိုချင် တဲ့ အချက်အလက်တွေမရတာရယ် စတာတွေကြောင့်ပါ ။


🌺  မတူညီတဲ့နိုင်ငံရေးတည်ဆောက်မှု

         Different Political Structure.


အမေရိကန်၊ ဂျာမဏီ၊ အိန္ဒိယ စတာတွေက ရွေးကောက် ပွဲက တစ်ဆင့် တက်တဲ့ အစိုးရတွေ၊ Trump အိမ်ကို ဝင်စီးလိုက်တဲ့ဖြစ်စဉ်နောက်ပိုင်း၊ အမေရိကန်မှာ တစ်ပါတီထဲ ကြီးစိုးတဲ့ စနစ်အဖြစ် အမေရိကန်ပြောင်းသွားတော့မှာလား ?  ဆိုတဲ့ မေးခွန်းတွေ အသံကျယ်လာတယ် ။


Free election ဆိုပေမဲ့ Fair election မဟုတ်တာ ကတော့ လေ့လာသူတွေဖက်က မြင်လိမ့်မယ်နဲ့တူတယ် ။

Deep State က ဒီမိုကရက်တွေဖက် အလေးသာ ပေးထားတယ် ။ ရှေးတုန်းက အမေရိကန်တွေလို မသန့်ရှင်းတော့ ဘူး ။


 နောက်ပိုင်းတက်လာတဲ့ ရုရှားနဲ့ တရုတ်တို့ရဲ့ Political structure က အနောက်အုပ်စုနဲ့ ဆန့်ကျင်ဖက်၊ Election ကိုဖြတ်ကြပေမဲ့ ဖြတ်ပုံဖြတ်နည်း လုံးဝမတူကြဘူး ။


ပူတင်က ရုရှားကိုဦးဆောင်ခဲ့တာ (၂၁) နှစ်ရှိသွားပြီ၊ အမေရိကန်က ပြန်လေးစားရတဲ့ လက်နက်တွေပိုင်ဆိုင်တဲ့

နိုင်ငံ ( လက်နက်နိုင်ငံ ) အဖြစ် တည်ဆောက်နိုင်ခဲ့တယ်၊

တိန်ရှောက်ဖိန် ဟာ ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပိသုကာပါ၊

သမ္မတ တဦး (၁၀) နှစ်ပုံစံနဲ့ တရုတ်ကို ( စီးပွားနိုင်ငံ ) အဖြစ်ရောက်အောင် အုတ်မြစ်ချပေးနိုင်ခဲ့တယ် ။


အာရှထဲမှာ နောက်ပိုင်းတက်လာမှာက အိန္ဒိယ၊ ကမ္ဘာ့ အကြီး ဆုံး ဒီမိုကရေစီက အိန္ဒိယ အာရှထဲကနိုင်ငံတစ်ခု၊ သူ့ Political structure ကလဲ ရွေးကောက်ပွဲက တစ်ဆင့်ဖြတ်သန်းမှုမျိုးပဲ၊ ရွေးကောက်ပွဲ အပျိုရည်ကို အမေရိကန် ထက် ပိုပြီးထိမ်းသိမ်း ထားနိုင်ဆဲလို့ ယူဆလို့ရတယ်။


🌺  စီးပွားရေးပုံစံ

          Eco Model

စီးပွားရေးပုံစံတွေလဲ မတူကြဘူး

ကွန်မြူနစ် စနစ်မှာ ကွန်မြူနစ် စီးပွားပုံစံ

အရှင်းရှင် စနစ်မှာ အရှင်းရှင်စနစ်ပုံစံ ဆိုတဲ့ ကျမ်းရိုး အယူ အဆတွေဟာ ခေတ်သစ်မှာ မရှိကြတော့ဘူး၊

( အဲ့ဒီအပိုင်းကို ကောင်းကောင်း သတိထားမိလို့၊ ကျမ်းရိုးအယူအဆကို လုံးဝမရေးဖြစ်တာ၊ လူငယ်တွေ အမှတ်မှား၊ အယူအဆ လွဲမှာစိုးလို့ )


အနောက်အုပ်စု  စီးပွားရေးအားကောင်းရခြင်းက လွတ်လပ် စွာ ယှဉ်ပြိုင်စေခြင်းအပေါ် အခြေခံထားတာ လူတိုင်းသိတယ် ။ လူတိုင်းမသိတဲ့ အထောက်အပံ့တစ်ချို့ရှိတယ် ။ တရုတ်စီးပွားရေး အားကောင်းလာအောင် ဖန်တီး ယူ ထား တဲ့ အချက်တစ်ချို့လဲရှိတယ် ။


အမေရိကန်က ထောက်တယ်

တရုတ်ဖက်က ခပ်တည်တည်ပဲ ဆက်ပြီးလုပ်တယ် ။

ရုရှားမှာ အဲ့ဒီအချက် အားနည်းနေတယ်၊

ထားပါတော့ ။


ဒီနေ့ အမေရိကန်ဟာ ရုရှားကို  လက်နက် နည်းပညာပိုင်းမှာ ကြောက်နေရပြီ ။ မနေ့တစ်နေ့က အမေရိကန်ရဲ့

ဟ်ုက်ပါဆောနစ် မစ်ဇိုင်း သတင်းထုတ်တော့

" အင်း... တစ်လက္မချင်းတော့ နီးလာပါပြီ" ဆိုပြီး ရုရှား ဖက် ကလှောင်တာ ခံလိုက်ရတယ်။



🌺   ဆောက်တည်ရာမဲ့_အမေရိကန်


ယူကရိမ်း စစ်မှာ အမေရိကန်က နေတိုးနဲ့ပေါင်းပြီး၊ ရုရှားကို စစ်နွံနှစ်ဖို ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘူး ။ ထိုင်ဝမ် ဖက် ကိုလှည့်ပြန်တယ် ။ ပလိုစီအနေနဲ့ ထိုင်ဝမ်ကို အ တင်း အကြပ် သွားခဲ့တာကလွဲလို့၊ တိကျတဲ့ ရလဒ်ကို မတွေ့ ရသေးဘူး ။


Chip war နဲ့ တရုတ်စီးပွားရေးကို တိုက်ဖို့ စီစဉ်ဟန် တူပေ မဲ့ ဒီရက်ပိုင်း တရုတ်ဖက်က ထွက်လာတဲ့ သတင်းတွေအရ အဆင့်မြင့် Chip 3 nm ကိုသာ မထုတ်နိုင်သေးတာ၊ 7 nm ကို တရုတ်ကထုတ်နိုင်သွားပြီ ။ 3 nm အသုံးပြုမှုက 5-7% သာရှိတဲ့ အတွက် တရုတ်ကိုချက်ခြင်း အများကြီး မထိခိုက်နိုင်သေးတာ တွေ့ရတယ်။ အသုံးများတာက 7-11 nm ဖြစ်ပြီး၊ အဲ့ဒီ အများသုံးကို တရုတ် က ကိုင်ထားလို့ Chip war စရင် အနောက်ဖက်က သာ အရင် အထိပိုနာနိုင်တယ် ။

အမေရိကန် ဘာဆက်လုပ်လာဦးမလဲ ?


🌺  နိုင်ငံရေး_ပရမ်းပတာ

                Chaos


FBI စွပ်စွဲသလို မဟုတ်ခဲ့ရင်တော့ ထရမ့်အိမ် စီးနင်းမှုဟာ အမေရိကန် အတွက် အလွန်ဆိုးဝါးတဲ့ နိုင်ငံရေး ပရမ်းပတာ ဖြစ်မှုတစ်ခုပဲ ။ ထရမ့် လက်ထက် Capitol ကို လူထု ဝင်စီးတာလဲ ဖြစ် ခဲ့ သေးတယ်နော် ။


2024 အမေရိကန်ရွေးကောက်ပွဲ အတွက် ထရမ့်ကို ပုခုံးယှဉ်နိုင်မဲ့ ဒီမိုကရက်ဖက်က ကိုယ်စားလှယ်လောင်း မတွေ့ရသေးဘူး ။


ရီဘတ်ပလစ်ကင် ကို အာဏာလွှဲပေးရမှာကို ဒီမိုကရက်တွေ စိုးရိမ်နေတာတော့ အမှန်ပဲ၊ ဘိုင်ဒင်ရော ဘိုင်ဒင့်သားပါ တရုတ်တွေနဲ့ အဆက်အစပ် ကြီးကြီးမားမား ရှိနေတာကို ထရမ့်သာ သမ္မတဖြစ်ရင်မြေလှန်မှာကတော့ အသေအချာပဲ ။ ဒါက အမေရိကန်အခြေအနေ ။


တရုတ်ဖက်ကြည့်ရင်လဲ...

(၁၀) နှစ်ပြည့်ရင် ရှီက သမ္မတ ဆက်လုပ်မှာလား ဆက်လုပ် နိုင်အောင် ဖွဲ့စည်းပုံပြင်ထားတယ် ။

ဘယ်လောက်ကြာကြာ ဆက်လုပ်မှာလဲ ?

အဲ့ဒီမေးခွန်းက အဓိကပြဿနာ ။


တိန့်ရှောက်ဖိန် ကိုယ်တိုင် အနစ်နာခံပြီး (၁၀) နှစ်ကိုယ်စီ စီမံခဲ့တာကို ရှီလက်ထက်မှာ အပျက်ခံကြတော့မှာလား ?

ရုရှားဖက်ကို ကြည့်ရင်လဲ ပူတင့်ဦးဆောင်မှုက " အလုပ်" ဖြစ်တာ တွေ့ရတယ်၊ တရုတ်ဖက်ကလဲ " အလုပ်ဖြစ်တာ တွေ့ရလေတော့....


အလုပ် မဖြစ်တဲ့ အမေရိကန်က ရုရှားနဲ့ တရုတ် ပေါ်လစ်ဗြူရို ပိုင်းအထိ CIA ကိုထိုးဖေါက်စေမှာ အမှန်ပဲ။

အဲ့သလိုရေးတော့  CIA ကချည့် ရုရှာ းနဲ့ တရုတ်ကို 

ထိုးဖေါက်မှာလား ? FSB နဲ့ MSS ကရော အမေရိကန်ကို

လက်ဦးမှု ယူမထားဘူးတဲ့လား ? ။


2035 မှာ တရုတ်က Double GDP, Double per capita

ဖြစ်ရေးအတွက် စီမံကိန်းချပြီး ခပ်ပြင်းပြင်း အင်ဂျင်စက်ကို နှိုးနေပြီ ။

2026-2028 လောက်မှာ GDP အရ တရုတ်က အမေရိကန်ကို ကျော်တက်မယ်လို့ ပညာရှင်တွေဖက်က တွက်ချက် ထုတ်ပြန်ထားကြလေတော့...

အမေရိကန်အနေနဲ့ ပိုပြီးဆောက်တည်ရာ မရလေ တွေ့ ကရာ လူကို ဒုတ်ရမ်း၊ ဒါးရမ်း ဖြစ်လေ မြင်ကွင်းကို မမြင်ချင်လဲ မြင်ရလိမ့်ဦးမယ်လို့ထင်တယ် ။


တစ်ကယ်ရမ်းတာလား ?

ဟန်ဆောင်ရမ်းတာလား ?

ဒီအချက်ကိုတော့ အချိန်က အဖြေပေးသွားပါလိမ့်မယ် ။

ထရမ့် တက်လာမှာကိုတော့ တရုတ်ဖက်က အသေကြောက်တယ်လို့ မြင်မိသလို... ဒီမိုတွေ ဆက်ရှိနေမှာကိုလဲ

ပူတင်ဖက်က မလိုလားဘူးလို့ သဲလွန်စလေး ထားခဲ့ချင်ပါရဲ့ ။


ဒါကြောင့် ...

အမေရိကန် ပြည်တွင်းနိုင်ငံရေးမှာ မုန်တိုင်းကြီးတစ်ခု စောင့်ဆိုင်းနေပါတယ်လို့ မြင်ရပါကြောင်း။


Crd ...   Ba Maung  ( 25.8.22 ) 🌺



No comments:

Post a Comment