14 September 2022

ေျမာက္ကြၽန္း ဆိုတာ / မြောက်ကျွန်း ဆိုတာ


ေျမာက္ကြၽန္းသည္ ဘုရားေဟာ က်မ္းဂန္လာ ျမင္းမိုရ္ေတာင္၏ ပတ္လည္ရွိ ကြၽန္းႀကီးေလးကြၽန္းအနက္ ေျမာက္ဘက္၌ တည္ရွိေသာ ဥတၱရကု႐ု အမည္ရသည့္ ကြၽန္း ျဖစ္သည္။ ဇမၺဴဒီပါလက္်ာေတာင္ကြၽန္း ဝါ ဇမၺဴဒိပ္ကြၽန္း၏ ဆန႔္က်င္ဘက္ အျခားတဘက္၌ တည္ရွိသည္။


 ေ႐ႊေရာင္ေတာက္ေနေသာ ေျမာက္ကြၽန္း၌ ျဖစ္လာေသာ လူတို႔သည္ ငါ၏ ဥစၥာဟု စြဲလမ္းျခင္း၊ ငါ၏ မယားဟု သိမ္းဆည္း သိမ္းပိုက္ျခင္းတို႔ မရွိေလ။ ေျမာက္ကြၽန္းတြင္ ကုတင္ မရွိ၊ ကြၽန္းသားတို႔သည္ အေနာက္ကြၽန္းသားတို႔ကဲ့သို႔ ေျမ၌ အိပ္ၾကသည္။


ဘုရားရွင္လက္ထက္ ေဝရၪၨာၿမိဳ႕၌ ဒုဗၻိကၡေဘး ဆိုက္ကပ္ေသာ္ ေနရာတိုင္း အ႐ိုးမ်ား ေဖြးေဖြးျဖဴေနေသာအခါ၊ အရွင္မဟာေမာဂၢလန္က အရွင္ဘုရား၊ အားလုံးေသာ ရဟန္းသံဃာကို ေျမာက္ကြၽန္းသို႔ ဆြမ္းခံႂကြပါေစဟု ေလွ်ာက္၏။ ျမတ္စြာဘုရားက ထိုသို႔ ဆြမ္းခံ ႂကြျခင္းသည္ မသင့္ေလ်ာ္ မေလ်ာက္ပတ္ေသာ အရာဟု ပယ္ေတာ္မူ၏။ေဇာတိကသူေဌး၏ ၾကင္ယာေတာ္သည္ နတ္တို႔ ပင့္လာေသာ ေျမာက္ကြၽန္းသူ ျဖစ္သည္။


ေျမာက္ကြၽန္းသူတို႔သည္ မ်ိဳးေစ့ခ် စိုက္ျခင္း၊ လယ္ယာထြန္ယက္စိုက္ပ်ိဳးရျခင္း စေသာ အလုပ္မ်ားကို လုပ္စရာ မလိုအပ္ေခ်။ အလိုလို ေပါက္ေသာ သေလးဆန္ကို ထမင္းအိုးထဲ ထည့္ခ်က္ စားရေသာေၾကာင့္ ထြန္တုံးကို လယ္သို႔ သယ္ရျခင္း မရွိေခ်။


ဥ႐ုေဝလကႆပရေသ့ကို ေခ်ခြၽတ္ရန္ အလို႔ငွာ ေလးခုေျမာက္ေသာ တန္ခိုးျပာဋိဟာ ျပသည့္အခါ၊ ပူေဇာ္ပြဲေၾကာင့္ ဆြမ္းမဖိတ္လိုေသာ ရေသ့၏ စိတ္အႀကံကို သိ၍ ေျမာက္ကြၽန္းသို႔ ဆြမ္းခံႂကြေတာ္မူသည္။ ေျမာက္ကြၽန္းသူတို႔ လႉအပ္ေသာ သေလးဆြမ္းကို ေဆာင္ယူ၍ အနဝတတ္ေရအိုင္၌ ဘုဥ္းေပးေတာ္မူ၏။ ရေသ့က ရဟန္းႀကီး မျမင္ပါလားဟု ေလွ်ာက္ေသာ္၊ ငါ ေျမာက္ကြၽန္းမွ ဆြမ္းကို ဘုဥ္းေပးၿပီးၿပီဟု မိန႔္ေတာ္မူ၏။ 


မေရမတြက္ႏိုင္ေသာ ကပ္ကမာၻတြင္ ဈာန္ပ်ံႏိုင္ေသာ ရေသ့တို႔သည္ မိမိတို႔ ေက်ာင္းသခၤမ္းရွိရာ ေတာင္ကြၽန္းမွ ေန၍ ေျမာက္ကြၽန္းသို႔လည္းေကာင္း၊ အေရွ႕ကြၽန္းႏွင့္ အေနာက္ကြၽန္းသို႔လည္းေကာင္း ဆြမ္းခံႂကြေလ့ ရွိသည္။

နန္းအိမ္ေတာ္၌ မိန္းမ ကိုးသန္းေျခာက္သိန္း၏ အႀကီးအမႉး ျဖစ္ခဲ့ေသာ မိန္းမျမတ္ ယေသာဓရာမိဖုရား တျဖစ္လဲ ယေသာ္ဓရာေထရီ ပရိနိဗၺာန္ စံေတာ္မူခါနီးတြင္ ဘုရားရွင္ေရွ႕ေမွာက္ ႀကီးမားသည့္ တန္ခိုး ျပရာ၊ ကိုယ္ခႏၶာသည္ စၾကာဝဠာေလာက္ ရွိကာ၊ ဦးေခါင္းသည္ ေျမာက္ကြၽန္းမွ်ေလာက္ ႀကီးသည္။



ေျမာက္ကြၽန္းသို႔ သြားႏိုင္မည့္ လူ


အရွင္နာဂေသနကို မိလိႏၵမင္းက အရွင္ဘုရားနာဂေသန၊ ဤကိုယ္ျဖင့္ ေျမာက္ကြၽန္းသို႔ျဖစ္ေစ၊ ျဗဟၼာ့ျပည္သို႔ျဖစ္ေစ၊ အျခားကြၽန္းသို႔ ျဖစ္ေစ သြားႏိုင္သူ တစုံတေယာက္ ရွိပါသေလာဟု ေမးေလွ်ာက္ဖူးသည္။ မဟာဘုတ္ေလးပါး[မွတ္စု ၁]ရွိေသာ ဤကိုယ္ျဖင့္ သြားႏိုင္သူရွိသည္ဟု မိန႔္ေျဖေသာ္၊ အရွင္ဘုရား၊ အဘယ္သို႔ သြားႏိုင္ရာသနည္းဟု ျပန္ေမးသည္။ ရွစ္ေတာင္အျမင့္ ခုန္သည့္ ဥပမာ ေပး၍၊ တန္ခိုးႏွင့္ ျပည့္စုံေသာ၊ စိတ္၌ ေလ့လာၿပီးေသာ ရဟန္းသည္ ကိုယ္ကို စိတ္၌ ေကာင္းစြာတင္၍ စိတ္တန္ခိုးျဖင့္ ေကာင္းကင္ပ်ံႂကြ သြားလာႏိုင္သည္ဟု ေျဖေလသည္။


ရွင္သန္ပုံ


ေျမာက္ကြၽန္း၏ အက်ယ္အဝန္းသည္ ယူဇနာ (၈)ေထာင္ ရွိသည္။ ေျမာက္ကြၽန္း၏ ပုံသဏၭာန္သည္ အင္းပ်ဥ္မွန္ႏွင့္ တူသည္။ ထိုကြၽန္းေန လူတို႔၏ မ်က္ႏွာသဏၭာန္မွာလည္း ကြၽန္းသဏၭာန္ကဲ့သို႔ အင္းပ်ဥ္မွန္ႏွင့္ တူသည္။ ေျမာက္ကြၽန္း၏ ကြၽန္းဦး၊ ကြၽန္းထိပ္တြင္ အျမင့္ ယူဇနာတစ္ရာ ရွိေသာ ပေဒသာပင္ရွိသည္။ ေျမာက္ကြၽန္းသူ/သားမ်ားသည္ အလိုရွိရာကို ပေဒသာပင္မွ ဆြတ္ယူစားေသာက္ၿပီး ခ်မ္းခ်မ္းသာသာ ေနထိုင္ၾကရသည္။ အသက္ ၁၀၀၀ ရွည္ၾကသည္။


 ေျမာက္ကြၽန္းသူ/သားမ်ားသည္ ဥပေစၦဒကကံ ႏွင့္ ေသျခင္းမ်ိဳးမရွိေပ။ အခက္အလက္စိတ္ၿပီး ျပႆဒ္ႀကီးမ်ားႏွင့္ တူေသာ သစ္ပင္ႀကီးမ်ား ေနရာအႏွံ႔ ေပါက္ေရာက္ေနသည္။ ကြၽန္းသူ/သားမ်ားသည္ ထိုသစ္ပင္ႀကီးမ်ားကို ေနအိမ္အျဖစ္ အသုံးျပဳ ေနထိုင္ၾကသည္။ အိပ္လိုသည့္အခါ အိပ္ယာမ်ားသည္ အဆင္သင့္ ျဖစ္ေန၏။ ၾကာမ်ိဳးငါးပါးႏွင့္ ဖုံးလႊမ္းေနေသာ အလြန္သာယာသည့္ ေရကန္မ်ားလည္း ရွိသည္။


ေျမာက္ကြၽန္းသူ/သားမ်ားသည္ အရပ္မျမင့္လြန္း၊ မပုလြန္း ၾကည့္ေကာင္း႐ုံမွ် အခ်ိဳးအစားရွိသည္။ အိုမင္းျခင္း၊ ဆံျဖဴျခင္း၊ ပါးေရတြန႔္ျခင္း၊ အားအင္ဆုတ္ယုတ္ျခင္း မရွိ၊ အၿမဲတင့္တယ္ေနသည္။ ေျမာက္ကြၽန္းတြင္ ေအးျခင္း၊ ပူျခင္း၊ မွက္၊ ျခင္၊ ေလ၊ ေနပူ၊ ကင္း၊ သန္း၊ သားရဲတိရစာၦန္ စေသာ အေႏွာက္အယွက္ ေဘးရန္လုံးဝမရွိေပ။ အၿမဲတမ္း ရာသီဥတု မွ်တ ေနသည္။


 ေျမာက္ကြၽန္းသူ/သားမ်ားသည္ လယ္ယာလုပ္ကိုင္ရျခင္း မရွိေပ။ ေျမမွ အလို လို ေပၚေပါက္လာသည့္ ဖြဲ အေျမႇး ကင္းစင္ေသာ သေလးဆန္ကို အိုးတြင္ထည့္၍ မီးက်ီးအခိုးမထြက္ေသာ ေဇာတိပါသာဏ မီးေက်ာက္ႏွင့္ ခ်က္ကာ စားေသာက္ၾကသည္။ (ေဇာတိပါသာဏ မီးေက်ာက္ သုံးခုကို ဖိုခေနာက္လုပ္၍ သေလးဆန္ထည့္ထားေသာ ေ႐ႊခြက္ကို တည္သည္။ မီးသည္ သေလးဆန္ မက်က္မခ်င္း ဖိုခေနာက္မွ ထေတာက္ေနသည္။ သေလးဆန္ က်က္လွ်င္ မီးသည္ အလိုလို ၿငိမ္းသြားသည္။) တျခားဟင္းလ်ာမ်ားကို မစားၾကေပ။ မိမိလိုလား ေတာင့္တသည့္အတိုင္း အရသာ ျဖစ္လာၾကသည္။ ထိုေဘာဇဥ္ကို စားသုံးၾကသည့္ အတြက္ အနာေရာဂါ လုံးဝကင္းရွင္းသည္။


ေျမာက္ကြၽန္းသူ/သားမ်ားသည္ ခါးကုန္းျခင္း၊ ေျခလက္ေကာက္ျခင္း၊ ခြင္ျခင္း၊ ကိုယ္အဂၤါ ခ်ိဳ႕တဲ့သည္မ်ား လုံးဝမရွိေပ။ ေျမာက္ကြၽန္းသူမ်ားသည္ တင့္တယ္ေလ်ာက္ပတ္ေသာ ႐ုပ္ဆင္းအဂၤါ ရွိၾကသည္။ ေျမာက္ကြၽန္းသူ မိန္းမမ်ားသည္ လက္ေခ်ာင္းသြယ္သည္။ လက္သည္း နီသည္။ ရင္သားရွည္ၿပီး ခါးေသးသည္။ လျပည့္ဝန္းႏွင့္ တူေသာမ်က္ႏွာ ရွိသည္။ မ်က္လုံးက်ယ္သည္။ ႏူးညံ့သည့္ အသားအေရ ရွိသည္။ ေပါင္တံသြယ္သည္။ ျဖဴစင္ေသာ သြားမ်ားရွိသည္။ ခ်က္က် ေစာက္နက္သည္။ ဒူးဆစ္ ေသးသြယ္သည္။ ဆံပင္နက္သည္။ တင္ပါး က်ယ္သည္။ အေမႊးအမွ်င္ မထူမပါးရွိသည္။ စကားေျပာလွ်င္ သိမ္သိမ္ေမြ႕ေမြ႕ ေျပာဆို၏။ လက္ဝတ္တန္းဆာ အမ်ိဳးမ်ိဳး ဝတ္ဆင္တတ္သည္။ အသက္ ၁၆ ႏွစ္ အ႐ြယ္ကဲ့သို႔ အၿမဲတင့္တယ္ေနသည္။ ေယာက္်ားမ်ားသည္ အသက္ ၂၅ ႏွစ္ အ႐ြယ္ကဲ့သို႔ အၿမဲတင့္တယ္ေနသည္။


ေယာက္်ားမ်ားသည္ သားမယားအေပၚ စြဲစြဲလမ္းလမ္း ခ်စ္ခ်စ္ခင္ခင္ မရွိၾက။ ေျမာက္ကြၽန္းသူေယာက္်ား၊ မိန္းမမ်ားသည္ ၇ ရက္ တစ္ႀကိမ္ ကာမဂုဏ္ ေမြ႕ေလ်ာ္ၾကသည္။ က်န္ရက္မ်ားတြင္ ရာဂကင္းစြာ ေနထိုင္ၾကသည္။ ေျမာက္ကြၽန္းတြင္ ကိုယ္ဝန္ေဆာင္ျခင္း၊ သားဖြားျခင္း စေသာ ဒုကၡမ်ားမရွိၾကေပ။ သင္တိုင္းနီအတြင္းက ေ႐ႊ႐ုပ္ကေလးလို မိခင္၏ ဝမ္းပိုက္မွ ကေလးငယ္သည္ အညစ္အေၾကးမရွိ ထြက္လာၾကသည္။ အမ်ိဳးသမီးမ်ား ေမြးဖြားခ်ိန္က်သည့္အခါ ေရာက္သည့္ေနရာ၌ ေမြးဖြားတတ္သည္။ ေမြးဖြားသည့္အခါ ထိုင္၍ေမြးဖြားသည္၊ အိပ္၍လဲ ေမြးဖြား တတ္သည္။ မိခင္မ်ားသည္ ဖြားျမင္ၿပီး သားသမီးမ်ားကို အငဲ့မကြက္မရွိဘဲ လူအမ်ားသြားေသာ လမ္းတြင္ ထားပစ္ခဲ့ၿပီး မိမိတို႔သြားလိုရာကို သြားၾကသည္။ ထိုကေလးငယ္မ်ားကို ေတြ႕သည့္ ေယာက္်ား၊ မိန္းမမ်ားက မိမိတို႔၏ လက္ညႇိဳးကို ကေလးငယ္၏ ပါးစပ္ထဲသို႔ ထည့္လိုက္ လွ်င္ ႏို႔ထြက္လာသည္။ လက္ညႇိဳးက ထြက္လာသည့္ ႏို႔ကိုသာ စို႔ရၿပီး အားအင္ျဖစ္လာၾကရသည္။ မိန္းကေလးျဖစ္လွ်င္ မိန္းမႀကီးမ်ားဆီ၊ ေယာက္်ားကေလး ျဖစ္လွ်င္ ေယာက္်ားႀကီးမ်ားဆီ သြားေရာက္ေနထိုင္ၾကရသည္။


 ေျမာက္ကြၽန္းတြင္ သားက အမိကို မသိ၊ အမိက သားကို မသိ `သားႏွင့္ အမိ'သည္ ေယာက္်ားမိန္းမ သေဘာအရ တပ္မက္ျခင္း မရွိၾက။ ထိုသို႔ျဖစ္ျခင္းမွာ သူတို႔တြင္ရွိေသာ တရားသေဘာမ်ား၏ ဓမၼတာ အစြမ္းသတၱိေၾကာင့္ ျဖစ္သည္။


အျမင့္ ယူဇနာ တစ္ရာရွိေသာ ပေဒသာပင္မ်ားသည္ ေနရာတိုင္းလိုလို ရွိေနၾကသည္။ ပေဒသာပင္၌ သစ္သီး သီးသကဲ့သို႔ မ်ိဳးစုံေသာ အဝတ္တန္ဆာမ်ားႏွင့္ တူရိယာမ်ား ရွိၾကသည္။ လိုခ်င္ေသာ ပစၥည္းကို အပင္ရင္းက ျဖစ္ေစ၊ အကိုင္းၾကားက ျဖစ္ေစ လက္ျဖန႔္ထားလွ်င္ အလိုအေလ်ာက္ရသည္။ အသီးသီးေသာ သစ္ပင္မ်ားတြင္ ေရအိုးမွ် အ႐ြယ္ရွိ ခ်ိဳၿမိန္ ေကာင္းမြန္ ေသာ အသီးမ်ား သီးသည္။ ထိုအသီးမ်ားကို စားလွ်င္ (၇)ရက္ အဆာေျပသည္။


 ျမစ္မ်ားတြင္ အလြန္ၾကည္လင္ ေသာ ေရမ်ားရွိသည္။ ႐ြံ႕ၫႊံ သဲ လုံးဝမရွိ။ ရနံ႔ေမႊးႀကိဳင္ေသာ ပန္းမ်ားသည္ အၿမဲ တင့္တယ္လွပ ေနသည္။ ဆူးရွိေသာျမက္၊ ၾကမ္းတမ္းေသာ ခ်ဳံပင္မ်ား လုံးဝမရွိေပ။ ေျမာက္ကြၽန္းတြင္ စႏၵကူး၊ ကံ့ေကာ္ပင္မ်ားသည္ အလိုလို နံ႔သာရည္မ်ား ယိုထြက္ ေနၾကသည္။


ေျမာက္ကြၽန္းသူ/သားမ်ားသည္ ကိုယ့္ဟာ၊ သူ႔ဟာ ခြဲျခားမႈ မရွိၾက။ ထို႔ေၾကာင့္ ျငင္းခုံ၊ ခိုက္ရန္ျဖစ္ျခင္း လုံးဝမရွိေပ။ ေျမာက္ကြၽန္းသူ/သားမ်ားသည္ လူေသကို ေတြ႕လွ်င္ မငိုၾက၊ ေသာက မျဖစ္ၾက။ လူေသေကာင္ကို အဝတ္တန္ဆာ ဆင္ယင္ၿပီး စြန႔္ပစ္လိုက္ၾကသည္။ ငွက္မ်ားက လူေသေကာင္ကို တစ္ျခားကြၽန္းသို႔ ယူေဆာင္သြားၾကသည္။ ထို႔ေၾကာင့္ ေျမာက္ကြၽန္းတြင္ သခ်ႋဳင္း မရွိေပ။ ေျမာက္ကြၽန္းသူ/သားမ်ားသည္ ေသေသာအခါ အပါယ္ေလးဘုံသို႔ မေရာက္၊ ငါးပါးသီလ ၿမဲေသာေၾကာင့္ နတ္ျပည္၌သာ စံရသည္။ အၿမဲတမ္း အသက္ ၁၀၀၀ ျပည့္ေအာင္ ေနၾကရသည္။


ေျမာက္ကြၽန္းသူ/သားမ်ားသည္ ဇမၺဳဒီပ ေတာင္ကြၽန္းသားမ်ားထက္ ပိုလြန္ေသာ ဂုဏ္သုံးပါးရွိသည္။

ေျမာက္ကြၽန္းသူ/သားမ်ားသည္ ငါ့ေ႐ႊ၊ ငါ့ေငြရယ္ဟု ျမတ္ႏိုးမေနေပ။

ေျမာက္ကြၽန္းသူ/သားမ်ားသည္ ငါ့လင္၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ္းဆည္းမေနေပ။

ေျမာက္ကြၽန္းသူ/သားမ်ားသည္ အသက္ တစ္ေထာင္ အၿမဲေနၾကရသည္။



ကိုးကား

 ပါထိက၊ ႏွာ ၁၉၄၊ ပိုဒ္ ၂၉၁။

 မူလပဏၰာသ၊ ႏွာ ၂၉၃၊ ပိုဒ္ ၅၁၃။

 ပါရာဇိကဏ္၊ ႏွာ ၁၀၊ ပိုဒ္ ၁၇။

 ပါထိက၊ ႏွာ ၁၈၇၊ ပိုဒ္ ၂၈၁။

 မဟာဝါ၊ ႏွာ ၄၀၊ ပိုဒ္ ၄၃။

 ေထရာပဒါန္၊ ႏွာ ၁၇၊ ပိုဒ္ ၁၈၆၊ ႏွာ ၄၄၅၊ ပိုဒ္ ၁၃၆။

 ေထရီပဒါန္၊ ႏွာ ၇၆၊ ပိုဒ္ ၃၃၆။

 မိလိႏၵပဉႇာ၊ ဥတၱရကု႐ုကာဒိဂမနပဉႇာ၊ ႏွာ ၁၁၀၊ ပိုဒ္ ၉။

 နဝအဂၤုတၱရအဌကထာ


ေျမျပန႔္ခ်င္းေလး

Google Crd ... 


Crd ... Original uploader 



မြောက်ကျွန်းသည် ဘုရားဟော ကျမ်းဂန်လာ မြင်းမိုရ်တောင်၏ ပတ်လည်ရှိ ကျွန်းကြီးလေးကျွန်းအနက် မြောက်ဘက်၌ တည်ရှိသော ဥတ္တရကုရု အမည်ရသည့် ကျွန်း ဖြစ်သည်။ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း ဝါ ဇမ္ဗူဒိပ်ကျွန်း၏ ဆန့်ကျင်ဘက် အခြားတဘက်၌ တည်ရှိသည်။


 ရွှေရောင်တောက်နေသော မြောက်ကျွန်း၌ ဖြစ်လာသော လူတို့သည် ငါ၏ ဥစ္စာဟု စွဲလမ်းခြင်း၊ ငါ၏ မယားဟု သိမ်းဆည်း သိမ်းပိုက်ခြင်းတို့ မရှိလေ။ မြောက်ကျွန်းတွင် ကုတင် မရှိ၊ ကျွန်းသားတို့သည် အနောက်ကျွန်းသားတို့ကဲ့သို့ မြေ၌ အိပ်ကြသည်။


ဘုရားရှင်လက်ထက် ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ကပ်သော် နေရာတိုင်း အရိုးများ ဖွေးဖွေးဖြူနေသောအခါ၊ အရှင်မဟာမောဂ္ဂလန်က အရှင်ဘုရား၊ အားလုံးသော ရဟန်းသံဃာကို မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစေဟု လျှောက်၏။ မြတ်စွာဘုရားက ထိုသို့ ဆွမ်းခံ ကြွခြင်းသည် မသင့်လျော် မလျောက်ပတ်သော အရာဟု ပယ်တော်မူ၏။ဇောတိကသူဌေး၏ ကြင်ယာတော်သည် နတ်တို့ ပင့်လာသော မြောက်ကျွန်းသူ ဖြစ်သည်။


မြောက်ကျွန်းသူတို့သည် မျိုးစေ့ချ စိုက်ခြင်း၊ လယ်ယာထွန်ယက်စိုက်ပျိုးရခြင်း စသော အလုပ်များကို လုပ်စရာ မလိုအပ်ချေ။ အလိုလို ပေါက်သော သလေးဆန်ကို ထမင်းအိုးထဲ ထည့်ချက် စားရသောကြောင့် ထွန်တုံးကို လယ်သို့ သယ်ရခြင်း မရှိချေ။


ဥရုဝေလကဿပရသေ့ကို ချေချွတ်ရန် အလို့ငှာ လေးခုမြောက်သော တန်ခိုးပြာဋိဟာ ပြသည့်အခါ၊ ပူဇော်ပွဲကြောင့် ဆွမ်းမဖိတ်လိုသော ရသေ့၏ စိတ်အကြံကို သိ၍ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူသည်။ မြောက်ကျွန်းသူတို့ လှူအပ်သော သလေးဆွမ်းကို ဆောင်ယူ၍ အနဝတတ်ရေအိုင်၌ ဘုဉ်းပေးတော်မူ၏။ ရသေ့က ရဟန်းကြီး မမြင်ပါလားဟု လျှောက်သော်၊ ငါ မြောက်ကျွန်းမှ ဆွမ်းကို ဘုဉ်းပေးပြီးပြီဟု မိန့်တော်မူ၏။ 


မရေမတွက်နိုင်သော ကပ်ကမ္ဘာတွင် ဈာန်ပျံနိုင်သော ရသေ့တို့သည် မိမိတို့ ကျောင်းသင်္ခမ်းရှိရာ တောင်ကျွန်းမှ နေ၍ မြောက်ကျွန်းသို့လည်းကောင်း၊ အရှေ့ကျွန်းနှင့် အနောက်ကျွန်းသို့လည်းကောင်း ဆွမ်းခံကြွလေ့ ရှိသည်။

နန်းအိမ်တော်၌ မိန်းမ ကိုးသန်းခြောက်သိန်း၏ အကြီးအမှူး ဖြစ်ခဲ့သော မိန်းမမြတ် ယသောဓရာမိဖုရား တဖြစ်လဲ ယသော်ဓရာထေရီ ပရိနိဗ္ဗာန် စံတော်မူခါနီးတွင် ဘုရားရှင်ရှေ့မှောက် ကြီးမားသည့် တန်ခိုး ပြရာ၊ ကိုယ်ခန္ဓာသည် စကြာဝဠာလောက် ရှိကာ၊ ဦးခေါင်းသည် မြောက်ကျွန်းမျှလောက် ကြီးသည်။


မြောက်ကျွန်းသို့ သွားနိုင်မည့် လူ


အရှင်နာဂသေနကို မိလိန္ဒမင်းက အရှင်ဘုရားနာဂသေန၊ ဤကိုယ်ဖြင့် မြောက်ကျွန်းသို့ဖြစ်စေ၊ ဗြဟ္မာ့ပြည်သို့ဖြစ်စေ၊ အခြားကျွန်းသို့ ဖြစ်စေ သွားနိုင်သူ တစုံတယောက် ရှိပါသလောဟု မေးလျှောက်ဖူးသည်။ မဟာဘုတ်လေးပါး[မှတ်စု ၁]ရှိသော ဤကိုယ်ဖြင့် သွားနိုင်သူရှိသည်ဟု မိန့်ဖြေသော်၊ အရှင်ဘုရား၊ အဘယ်သို့ သွားနိုင်ရာသနည်းဟု ပြန်မေးသည်။ ရှစ်တောင်အမြင့် ခုန်သည့် ဥပမာ ပေး၍၊ တန်ခိုးနှင့် ပြည့်စုံသော၊ စိတ်၌ လေ့လာပြီးသော ရဟန်းသည် ကိုယ်ကို စိတ်၌ ကောင်းစွာတင်၍ စိတ်တန်ခိုးဖြင့် ကောင်းကင်ပျံကြွ သွားလာနိုင်သည်ဟု ဖြေလေသည်။


ရှင်သန်ပုံ


မြောက်ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၈)ထောင် ရှိသည်။ မြောက်ကျွန်း၏ ပုံသဏ္ဌာန်သည် အင်းပျဉ်မှန်နှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ အင်းပျဉ်မှန်နှင့် တူသည်။ မြောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် အမြင့် ယူဇနာတစ်ရာ ရှိသော ပဒေသာပင်ရှိသည်။ မြောက်ကျွန်းသူ/သားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူစားသောက်ပြီး ချမ်းချမ်းသာသာ နေထိုင်ကြရသည်။ အသက် ၁၀၀၀ ရှည်ကြသည်။


 မြောက်ကျွန်းသူ/သားများသည် ဥပစ္ဆေဒကကံ နှင့် သေခြင်းမျိုးမရှိပေ။ အခက်အလက်စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသော သစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။ ကျွန်းသူ/သားများသည် ထိုသစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု နေထိုင်ကြသည်။ အိပ်လိုသည့်အခါ အိပ်ယာများသည် အဆင်သင့် ဖြစ်နေ၏။ ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်။


မြောက်ကျွန်းသူ/သားများသည် အရပ်မမြင့်လွန်း၊ မပုလွန်း ကြည့်ကောင်းရုံမျှ အချိုးအစားရှိသည်။ အိုမင်းခြင်း၊ ဆံဖြူခြင်း၊ ပါးရေတွန့်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း မရှိ၊ အမြဲတင့်တယ်နေသည်။ မြောက်ကျွန်းတွင် အေးခြင်း၊ ပူခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ ကင်း၊ သန်း၊ သားရဲတိရစ္ဆာန် စသော အနှောက်အယှက် ဘေးရန်လုံးဝမရှိပေ။ အမြဲတမ်း ရာသီဥတု မျှတ နေသည်။


 မြောက်ကျွန်းသူ/သားများသည် လယ်ယာလုပ်ကိုင်ရခြင်း မရှိပေ။ မြေမှ အလို လို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေးဆန်ကို အိုးတွင်ထည့်၍ မီးကျီးအခိုးမထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည်။ (ဇောတိပါသာဏ မီးကျောက် သုံးခုကို ဖိုခနောက်လုပ်၍ သလေးဆန်ထည့်ထားသော ရွှေခွက်ကို တည်သည်။ မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထတောက်နေသည်။ သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည်။) တခြားဟင်းလျာများကို မစားကြပေ။ မိမိလိုလား တောင့်တသည့်အတိုင်း အရသာ ဖြစ်လာကြသည်။ ထိုဘောဇဉ်ကို စားသုံးကြသည့် အတွက် အနာရောဂါ လုံးဝကင်းရှင်းသည်။


မြောက်ကျွန်းသူ/သားများသည် ခါးကုန်းခြင်း၊ ခြေလက်ကောက်ခြင်း၊ ခွင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သည်များ လုံးဝမရှိပေ။ မြောက်ကျွန်းသူများသည် တင့်တယ်လျောက်ပတ်သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်။ မြောက်ကျွန်းသူ မိန်းမများသည် လက်ချောင်းသွယ်သည်။ လက်သည်း နီသည်။ ရင်သားရှည်ပြီး ခါးသေးသည်။ လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်။ မျက်လုံးကျယ်သည်။ နူးညံ့သည့် အသားအရေ ရှိသည်။ ပေါင်တံသွယ်သည်။ ဖြူစင်သော သွားများရှိသည်။ ချက်ကျ စောက်နက်သည်။ ဒူးဆစ် သေးသွယ်သည်။ ဆံပင်နက်သည်။ တင်ပါး ကျယ်သည်။ အမွှေးအမျှင် မထူမပါးရှိသည်။ စကားပြောလျှင် သိမ်သိမ်မွေ့မွေ့ ပြောဆို၏။ လက်ဝတ်တန်းဆာ အမျိုးမျိုး ဝတ်ဆင်တတ်သည်။ အသက် ၁၆ နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။ ယောက်ျားများသည် အသက် ၂၅ နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။


ယောက်ျားများသည် သားမယားအပေါ် စွဲစွဲလမ်းလမ်း ချစ်ချစ်ခင်ခင် မရှိကြ။ မြောက်ကျွန်းသူယောက်ျား၊ မိန်းမများသည် ၇ ရက် တစ်ကြိမ် ကာမဂုဏ် မွေ့လျော်ကြသည်။ ကျန်ရက်များတွင် ရာဂကင်းစွာ နေထိုင်ကြသည်။ မြောက်ကျွန်းတွင် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း စသော ဒုက္ခများမရှိကြပေ။ သင်တိုင်းနီအတွင်းက ရွှေရုပ်ကလေးလို မိခင်၏ ဝမ်းပိုက်မှ ကလေးငယ်သည် အညစ်အကြေးမရှိ ထွက်လာကြသည်။ အမျိုးသမီးများ မွေးဖွားချိန်ကျသည့်အခါ ရောက်သည့်နေရာ၌ မွေးဖွားတတ်သည်။ မွေးဖွားသည့်အခါ ထိုင်၍မွေးဖွားသည်၊ အိပ်၍လဲ မွေးဖွား တတ်သည်။ မိခင်များသည် ဖွားမြင်ပြီး သားသမီးများကို အငဲ့မကွက်မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့သွားလိုရာကို သွားကြသည်။ ထိုကလေးငယ်များကို တွေ့သည့် ယောက်ျား၊ မိန်းမများက မိမိတို့၏ လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက် လျှင် နို့ထွက်လာသည်။ လက်ညှိုးက ထွက်လာသည့် နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည်။ မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ၊ ယောက်ျားကလေး ဖြစ်လျှင် ယောက်ျားကြီးများဆီ သွားရောက်နေထိုင်ကြရသည်။


 မြောက်ကျွန်းတွင် သားက အမိကို မသိ၊ အမိက သားကို မသိ `သားနှင့် အမိ'သည် ယောက်ျားမိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြ။ ထိုသို့ဖြစ်ခြင်းမှာ သူတို့တွင်ရှိသော တရားသဘောများ၏ ဓမ္မတာ အစွမ်းသတ္တိကြောင့် ဖြစ်သည်။


အမြင့် ယူဇနာ တစ်ရာရှိသော ပဒေသာပင်များသည် နေရာတိုင်းလိုလို ရှိနေကြသည်။ ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အဝတ်တန်ဆာများနှင့် တူရိယာများ ရှိကြသည်။ လိုချင်သော ပစ္စည်းကို အပင်ရင်းက ဖြစ်စေ၊ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင် အလိုအလျောက်ရသည်။ အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန် ကောင်းမွန် သော အသီးများ သီးသည်။ ထိုအသီးများကို စားလျှင် (၇)ရက် အဆာပြေသည်။


 မြစ်များတွင် အလွန်ကြည်လင် သော ရေများရှိသည်။ ရွံ့ညွှံ သဲ လုံးဝမရှိ။ ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲ တင့်တယ်လှပ နေသည်။ ဆူးရှိသောမြက်၊ ကြမ်းတမ်းသော ချုံပင်များ လုံးဝမရှိပေ။ မြောက်ကျွန်းတွင် စန္ဒကူး၊ ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။


မြောက်ကျွန်းသူ/သားများသည် ကိုယ့်ဟာ၊ သူ့ဟာ ခွဲခြားမှု မရှိကြ။ ထို့ကြောင့် ငြင်းခုံ၊ ခိုက်ရန်ဖြစ်ခြင်း လုံးဝမရှိပေ။ မြောက်ကျွန်းသူ/သားများသည် လူသေကို တွေ့လျှင် မငိုကြ၊ သောက မဖြစ်ကြ။ လူသေကောင်ကို အဝတ်တန်ဆာ ဆင်ယင်ပြီး စွန့်ပစ်လိုက်ကြသည်။ ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင်သွားကြသည်။ ထို့ကြောင့် မြောက်ကျွန်းတွင် သင်္ချိုင်း မရှိပေ။ မြောက်ကျွန်းသူ/သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်၊ ငါးပါးသီလ မြဲသောကြောင့် နတ်ပြည်၌သာ စံရသည်။ အမြဲတမ်း အသက် ၁၀၀၀ ပြည့်အောင် နေကြရသည်။


မြောက်ကျွန်းသူ/သားများသည် ဇမ္ဗုဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ်သုံးပါးရှိသည်။

မြောက်ကျွန်းသူ/သားများသည် ငါ့ရွှေ၊ ငါ့ငွေရယ်ဟု မြတ်နိုးမနေပေ။

မြောက်ကျွန်းသူ/သားများသည် ငါ့လင်၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ်းဆည်းမနေပေ။

မြောက်ကျွန်းသူ/သားများသည် အသက် တစ်ထောင် အမြဲနေကြရသည်။



ကိုးကား

 ပါထိက၊ နှာ ၁၉၄၊ ပိုဒ် ၂၉၁။

 မူလပဏ္ဏာသ၊ နှာ ၂၉၃၊ ပိုဒ် ၅၁၃။

 ပါရာဇိကဏ်၊ နှာ ၁၀၊ ပိုဒ် ၁၇။

 ပါထိက၊ နှာ ၁၈၇၊ ပိုဒ် ၂၈၁။

 မဟာဝါ၊ နှာ ၄၀၊ ပိုဒ် ၄၃။

 ထေရာပဒါန်၊ နှာ ၁၇၊ ပိုဒ် ၁၈၆၊ နှာ ၄၄၅၊ ပိုဒ် ၁၃၆။

 ထေရီပဒါန်၊ နှာ ၇၆၊ ပိုဒ် ၃၃၆။

 မိလိန္ဒပဉှာ၊ ဥတ္တရကုရုကာဒိဂမနပဉှာ၊ နှာ ၁၁၀၊ ပိုဒ် ၉။

 နဝအင်္ဂုတ္တရအဌကထာ


မြေပြန့်ချင်းလေး

Google Crd ... 


Crd ... Original uploader 



No comments:

Post a Comment