27 November 2013
ယုံကြည်မှု မဏ္ဍိုင်
ယုံကြည်မှုသည် ယုံကြည်ချက်နှင့် မတူပါ။ ယုံကြည်ချက်မှာ အကြောင်းအရာ တစ်ခု (သို့မဟုတ်) သဘော တရား တစ်ခုကို ယုံကြည်သည့်ဖြစ်စဉ် ဖြစ်သည်။ ယုံကြည်ချက်မှာ ခံယူချက်နှင့် ခပ်ဆင် ဆင် ဖြစ်သည်။ သဘောတရားနှင့် လုပ်ဆောင်ချက် တစ်ခုကို မိမိလက်ခံသည့်အတွက် ယင်းသဘော တရားသည် မိမိ ယုံကြည် ချက် ဖြစ်သွားလေသည်။
ယုံကြည်မှု (Trust)သည် လူ့အဖွဲ့အစည်း၌ အထူးလိုအပ်သော အရာတစ်ခု ဖြစ်သည်။ ဘာကြောင့် လိုအပ် သနည်းဆိုလျှင် နေ့စဉ်ထိတွေ့ ဆက်စပ်နေကြသည့် အတွေ့အကြုံမှ ပေါက်ဖွားသော စိတ်ဓာတ်ရင့်ကျက် ခိုင်မာမှုနှင့် နောက်ထပ်ဖြစ်လာနိုင်ခြေ အသစ်အသစ်များအကြား ချောက်ကမ်းပါးစောင်းတွင် "ယုံကြည်မှု" တည်ရှိနေသောကြောင့် ဖြစ်၏။
တော်ရုံတန်ရုံနှင့် လူတစ်ဦး (သို့မဟုတ်) အဖွဲ့အစည်း တစ်ရပ်က နောက်လူတစ်ဦး (သို့မဟုတ်) နောက်အဖွဲ့ အစည်း တစ်ရပ်အား ယုံကြည်မှု ထားရှိရန် ဆိုသည်မှာ မလွယ်ကူပေ။ ယုံကြည်မှုကို တစ်ခဏတာအတွင်း တည်ဆောက် ရန် ဖြစ်နိုင်ခြေ အလွန်နည်းသည်။ နှစ်ရှည်လများ အမြဲမပြတ် ခိုင်ခိုင်မာမာ တည်ဆောက်လာ မှ နှစ်ဦးကြား မလွဲမသွေ ယုံကြည်မှု ရှိလာနိုင်မည်။
စိတ္တဗေဒ နည်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ယုံကြည်မှု ဆိုသည်မှာ ယုံကြည်သူက ယုံကြည်ခံရသူ ထံ မှ မျှော်လင့်ထားသလို လုပ်ဆောင်လိမ့်မည်ဟု လက်ခံမျှော်ကိုးထားသော အရာတစ်ခု ဖြစ်၏။
ယုံကြည်မှု ကိစ္စသည် မိသားစု အ၀န်းအ၀ိုင်းမှစပြီး ရပ်ရွာတိုင်းနိုင်ငံရှိ လူ့အဖွဲ့အစည်းများသို့ ကျယ်ပြန့်စွာ ထိုးဖောက်ဝင်ရောက်လေ့ ရှိသည်။ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုလျှင် အခြေခံကျကျ ယုံကြည်မှု၏ တိုးတက်ဖွံ့ဖြိုးမှုသည် စိတ်ပိုင်းဆိုင်ရာ လူမှုရေး တိုးတက်မှု၏ ပထမ လှေကား ထစ် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယုံကြည်မှုပိုင်း အောင်မြင်လာပါက လုံခြုံမှု၊ လက်ခံမှု၊ အပေါင်း လက္ခဏာဆောင်သော အကောင်းမြင်ခြင်း စသည့်ခံစားမှုတို့ကို ဖြစ်ထွန်းလာစေသည်။ ယုံကြည်မှုပိုင်း ကျရှုံးခြင်း ဖြစ်ပါကလည်း မလုံခြုံမှုနှင့် သံသယဖြစ်မှုတို့ ဖြစ်တည်လာပေမည်။
ယုံကြည်မှုသည် ပုဂ္ဂလ ဓိဋ္ဌာန်ကျစွာ တိုးတက်ဖြစ်ပေါ် စေရေးကို ဖြစ်စေနိုင်သောကြောင့် အချင်းချင်း ဆက်ဆံရေးနှင့် ပတ်သက်လာလျှင် အရည်အသွေး ပိုမိုမြင့်မား ကြီးထွားလာစေသည်။ ထို့ပြင် ယုံကြည် စရာကောင်းသော သူတစ်ယောက်အား ပို၍လွယ်ကူစွာ အောင်အောင်မြင်မြင် တိုက်တွန်းဆွေးနွေး ပြော ဆိုနိုင်သည်။ ပို၍သြဇာ သက်ရောက်နိုင်သည်။ သို့ရာတွင် အောင်မြင်စွာ တိုက်တွန်းပြော ဆို နိုင်ရန်မှာ ဖြူစင် ရိုးသားခြင်း၊ တည်ကြည်ခြင်း၊ အစွမ်းအစရှိခြင်း၊ စေတနာ အရင်းခံ ရှိခြင်းတို့ လိုအပ်နေသေးသည်။
ကြီးမားနက်ရှိုင်းသော အခက်အခဲများအား ကျော်လွှားရင်ဆိုင် ဖြေရှင်းသည့် ကိစ္စတွင် ယုံကြည်မှု ကင်းမဲ့နေ ပါက ထိုကင်းမဲ့ခြင်း အကြောင်းရင်းနှင့် ပတ်သက်သော အရင်းအမြစ်နှင့် အထောက်အထားအား ရှာဖွေမရ မချင်း အောင်မြင်မှု မရနိုင်ချေ။
မြန်မာနိုင်ငံသို့ မကြာသေးမီက အမေရိ ကန်သမ္မတဟောင်း ဘီလ်ကလင်တန် လာ ရောက် စဉ်က ပြော ကြားသွားသည့်စကား - "ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် စာချုပ် စာတမ်းများ အပေါ်၌ လက်မှတ်ရေးထိုးခြင်းထက် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးက ပိုအရေးကြီးသည်"
"မြန်မာနိုင်ငံ၌ တိုင်းရင်းသား လူမျိုးကွဲ အများအပြားရှိပြီး ယုံကြည်ကိုးကွယ်မှုလည်း မတူညီ သဖြင့် ရေရှည်အတူတကွ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရန် နှစ်ဖက်အဖွဲ့အစည်းများကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေပါသည်။ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် လူတစ်ဦး တစ်ယောက်သည် အမြဲ တမ်း မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည် မဟုတ်သည်ကိုလည်း နားလည်ရမည်ဖြစ်ကြောင်း"
"တကယ်လေးနက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို သွားမယ်ဆိုရင် ယုံကြည်မှု မရှိဘဲ ဘာမှဆက်လုပ်လို့ မရဘူး"
သဘောတူညီချက် စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်းသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုနည်း ၍ ပြုလုပ်ရသော ကိစ္စသာ ဖြစ်၏။ ဥပမာအားဖြင့် စီးပွားရေး ကိစ္စ၌ အရောင်းအ၀ယ်၊ အပေးအယူ လုပ်ရာတွင် သဘောတူ စာချုပ်စာတမ်းများ ချုပ်ဆိုလေ့ ရှိကြသည်။ ကတိက၀တ် လက်မှတ်ရေးထိုးလေ့ ရှိကြသည်။ ယင်းသည်ပင် နှစ်ဖက်ကြား ယုံကြည်မှု အားနည်းခြင်း၊ သံသယစိတ် ကြီး မားခြင်း တို့ ကို ဖော်ပြနေပေသည်။ မှန်ပါသည်။ လူ့ကျင့်ဝတ်နှင့်အညီ မကျင့်ကြံ၊ မနေထိုင်သူတွေ များနေသော လော က၌ စာချုပ်စာတမ်းနှင့် မထိန်းချုပ်လျှင် မရဟု ဆိုနိုင်ပါသည်။
ယုံကြည်မှုနှင့် ပတ်သက်၍ ပြောရလျှင် ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့ပြီး ဖြစ်သည်။ ယုံကြည်မှုမဏ္ဍိုင် ပြိုလဲကြေမွ ပျက်စီးခဲ့သည်မှာလည်း ကြာလှပြီ။ အပိုင်းအစများစွာ ကွဲထွက်သွားသော ယုံကြည်မှု မဏ္ဍိုင်ကို မည်သို့ပြန်လည် တည့်မတ်တည်ဆောက် ကြမည်နည်း။
စာရေးသူတို့ နိုင်ငံတွင်လည်း သမ္မတကြီး ဦးဆောင်၍ အပိုင်းအစများအား တစ်စစီကောက်၍ ယုံကြည်မှု မဏ္ဍိုင်ကို တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ ယုံကြည်မှု မဏ္ဍိုင်ကို မတည်ဆောက်မီ ပထမဦးဆုံး နိုင်ငံတော်၏ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်တို့ကို သူ့နေရာနှင့်သူ၊ အထက်နှင့်အောက်၊ နေရာအထား မမှားစေရန် အလျင်ဦးဆုံး ပြုပြင်တည်ဆောက် ရဦးမည်။ 
မဏ္ဍိုင်များကတော့ မားမားမတ်မတ် ရှိနေ၏။ သို့သော် အထက်နှင့်အောက်၊ အောက်နှင့်အထက် အနေအထား လွဲချော်လျှင်လည်း မဖြစ်သေး။ အနေအထား လွဲချော်နေသေးသည်ဟု အများက ထင်မြင်ယူဆ ပါကလည်း ပြုသမျှ လုပ်ရပ်အပေါ် ယုံကြည်မှု ကင်းမဲ့သွားမည် ဖြစ်သည်။ ယုံကြည်မှုမဏ္ဍိုင် မတည်ဆောက်နိုင်သရွေ့ လူ့အဖွဲ့အစည်းသည်လည်း အောက်ကျနောက်ကျ အခြေအနေမှာပဲ ရှိနေဦးမည်သာ ဖြစ်သည်။ ယုံကြည်မှု မဏ္ဍိုင်အား တည်ဆောက်ရန် ကျန်မဏ္ဍိုင်ကြီးများအား တည့်မတ်၊ မှန်ကန်၊ သူ့နေရာနှင့်သူ ရှိနေစေရန် ဦးစွာကြိုးပမ်း ရဦးမည်။
ဤနေရာတွင် စာရေးသူတို့ နိုင်ငံ၌ အမြစ်တွယ်နေခဲ့သည့် အဂတိ လိုက်စားမှု ကိစ္စနှင့် ဆက်စပ်သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်းပြီး အသက်ဝင်နေပြီဖြစ်ကြောင်း သိရပါသည်။ ယင်းဥပဒေ၌ လက်ရှိအစိုးရ လက်ထက်တွင် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရသစ်က ဤဥပဒေဖြင့် အရေးယူနိုင်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားချက်များ ရှိနေပေသည်။
အဆိုပါ ဥပဒေနှင့် စပ်လျဉ်း၍ တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း) က အောက်ပါအတိုင်း သုံးသပ်ပြောကြားသည်။
"အဂတိတရား လိုက်စားမှု ဆိုတာက သက်သေသက္ကာယက၊ ဆိုလိုတာက ပေးတဲ့သူက တိုင်မှ ပဲ ပေါ် မှာလေ။ လာဘ်ပေးလာဘ်ယူဆိုတာ ပေးတဲ့သူက တိုင်မှပေါ်မှာပေါ့။ လူမသိအောင် တိတ်တိတ် ကလေး ကျိတ်ပြီးလုပ်တဲ့ ကိစ္စကိုး"
"ဒီဥပဒေ ပေါ်တာကြာပြီ။ ဒီဥပဒေနဲ့ အရေးယူတာ ဘယ်နှမှုကြားဖူးလဲ။ ဟိုတုန်းက ရှိခဲ့တဲ့ ဥပဒေကိုလည်း ဒီအစိုးရ မတိုင်ခင်က ဘယ်သူ့မှ အရေးမယူခဲ့တာ။ ဘာကြောင့် အရေးမယူလဲဆိုတော့ မယူရဲလို့။ အရေးယူလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားတစ်ခု ရှိတယ်။ ရန်ကုန်မြို့ကို အုတ်တံတိုင်း ခတ်ပြီး ထောင်လုပ်လိုက်ရမှာ။ သူတို့ဝန်ထမ်းတွေ အကုန်လုံးမှာ အောက်ကအငယ်လေးတွေက မလောက် လို့ စားတာ။ အပေါ်က ကြီးတဲ့သူတွေက ချမ်းသာချင်လို့စား တာ၊ သူ့ထက်ကြီးတဲ့သူတွေကျတော့ ပိုချမ်းသာ ချင်လို့ စားတာ။ ဒါပဲ။ ဒီသဘောပဲ။
(Weekly Eleven News ၁၈-၁၁-၂၀၁၃ မှ ထုတ်နုတ်သည်)
"တရားလွှတ်တော် ရှေ့နေကြီး ပြောသကဲ့သို့ အရေးယူမှု ဘယ်နှမှု ကြားဖူးလို့လဲ ဆိုသည့်အတိုင်း ပြည်သူ ထဲက ပြည်သူတစ်ဦး အနေနှင့်လည်း မကြားဖူးပါ"
သို့ဖြစ်၍ နဂိုကတည်းက ပြည်သူများကြားတွင် ယုံကြည်မှုမဏ္ဍိုင် ချည့်နဲ့ယိုင်လဲ နေသည့်ကြားထဲ ပိုပြီး ယုတ်လျော့ အားနည်းသွားအောင် ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ပေ။
ယုံကြည်မှု ကင်းမဲ့သော လောကသား ဘ၀မှ ပြည်သူအများစု ရုန်းထွက်လွတ်မြောက် လိုလှပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အတိုင်းအတာ အနေဖြင့် မဆိုထားနှင့်။ စင်ကာပူနိုင်ငံရှိ တည်ထောင်နှစ်ရှည် ကြာလှပြီဖြစ်သော နာမည်ကြီး ရွှေဆိုင်တစ်ဆိုင်၏ ဆောင်ပုဒ်ကိုသာ ကြည့်ပါ။
"ဘ၀မှာ ယုံကြည်မှုထက် အဖိုးထိုက်တန်သော အရာသည် မရှိ"
"Nothing is more precious in life than TRUST"
(ဆောင်းပါးရှင် - တက္ကသိုလ် မိုးဝါ) 
From...Myanmar Forward
26 November 2013
အားကိုးပါရစေ...
ပုံကို Google မှ
ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ဗြုန်းခနဲဆို အလင်းရောင် ပျောက်ကွယ်သွားသည်။ အခန်းကျဉ်းလေးထဲမှာ အလင်းရောင်ပေးနိုင်မည့် လက်နှိပ်ဓာတ်မီး ရှိနိုင်မည့်နေရာကို ဟိုစမ်းသည်စမ်းခြင်းဖြင့် ရှာဖွေကြည့် သည်။ မီးပျက်ခဲလှသော ဒီတိုင်းပြည်မှာ အခုလို မီးပျက်သွားတော့ ရွှေပြည်ကြီးကို တန်းအမှတ် ရမိသည်။ ရွှေပြည်ကြီးမှာတော့ နေ့စဉ်လိုလို ကြုံတွေ့နေရသည်မို့ မီးပြတ်တာ မထူးဆန်းတော့။ ဖြစ် ရိုးဖြစ်စဉ် တစ်ခုမျှသာ။ နောက်တစ်ခု စဉ်းစားမိသည်က “မျက်မမြင်တဲ့ ပုဂ္ဂိုလ်တွေလည်း ဒီလို ပဲ နေမှာပဲနော်”ဆိုပြီး တွေးမိသည်။ အင့် ပြောသာ ပြောရသည်။ စာရေးသူရဲ့ မျက်မှန်လည်း ပါဝါက မသေးလှ။ တစ်ဘက်စီမှာ ၆-ရာကျော် ရှိသည်။ (လန့်သွားကြပြီလား မသိ)။ သို့သော် မျက်မှန်အကူ အညီနဲ့ မြင်နိုင်ပါသေးသည်။ လုံးလုံး မမြင်ရတဲ့ပုဂ္ဂိုလ်နဲ့စာရင်တော့ ကံကောင်းပါသေးသည်ဟု ယူဆမိ သည်။ 
မီးပြတ်သွားတာကြောင့် လည်နေတဲ့ပန်ကာကြီးလည်း ရပ်တန့်သွားတော့သည်။ အအေးဓာတ်ကို ဆက် မပေးနိုင်တော့။ အခန်းထဲ ဆက်နေမည်လျှင် ချွေးထုတ်သလို ဖြစ်နေမည်။ သို့နှင့် “အပြင်ဘက်ကို လမ်းလျှောက်ထွက်ပြီး လေညှင်းလေးခံရင် ကောင်းမှာပဲ”ဟု တွေးနေစဉ်မှာပဲ အပြင်သွားဖို့ ဟန်ပြင် လိုက်သည်။ Bus Stand တစ်ခုနားရောက်တော့ ယာစက(တောင်းစားတဲ့ပုဂ္ဂိုလ်များ) စုဝေးနေထိုင်ကြတဲ့ လမ်းဘေးက ဆိုင်ပျက်ကြီးတစ်ခုထဲကို တမင်တကာ မရည်ရွယ်ဘဲ အလိုလို ကြည့်လိုက်မိသည်။ ယာစ ကတွေက မျောက်တစ်ကောင်ကို မွေးထားကြသည်။ စေတနာရှင်အချို့(တစ်ယောက်တစ်လေ)က မျောက်ကို မုန့်တွေ၊ ငှက်ပျောသီးတွေ လာလာကျွေးကြသည်။ မျောက်ပြပြီး ဆန်တောင်းသည်။ မျောက်က မစားနိုင်တော့လျှင် မျောက်ရှင်က သိမ်းသိမ်းသွားသည်။
မျောက်ကို လာလာကျွေးကြတဲ့ စေတနာရှင်တွေထဲမှာ အသက်လေးဆယ့်ကျော်အရွယ် ဒကာကြီးတစ်ဦး လည်း ပါဝင်သည်။ ပထမတော့ သူ ကိတ်မုန့်တွေ ကျွေးသည်။ အဲဒါနဲ့တင် အားမရသေး။ ငှက်ပျောသီးပါ ထပ်ဝယ်ပြီး ထပ်ကျွေးသည်။ ဘေးကနေကြည့်တော့ “အော် ဒီဒကာကြီး စေတနာကောင်းလှချည် လား”ဆိုပြီး ချီးမွမ်းနေမိသည်။ ချီးမွမ်းလို့တောင် မဆုံးသေး။ ဒကာကြီးက ငှက်ပျောသီးကျွေးပြီးတော့ ပိုက်ဆံနှစ်ဆယ်ပါ ထပ်လှူလိုက်သေးသည်။ ပိုက်ဆံလှူတာလည်း မထူးဆန်းသေးပါ။ ထူးဆန်းတာက ပိုက်ဆံလှူပြီးတော့ မျောက်လက်ကို ကိုင်ပြီး သူ့ခေါင်းကို ပုတ်ခိုင်းသည်။ ကောင်းချီးပေးခိုင်းဟန် တူ သည်။ အဲဒါတင် အားမရသေးဘဲ ဖိနပ်ချွတ်ပြီး သုံးကြိမ်တိုင်တိုင် ကျကျနန ရှိခိုးသည်။
စာရေးသူက “အော် ဒါကြောင့် စာထဲမှာ ပါတာကိုး။ ကိုးကွယ်ရာအစစ်အမှန် မပေါ်ပေါက်ခင်တုန်းက လူတွေဟာ မျှော်လင့်ချက်ကိုယ်စီ၊ ယုံကြည်ချက်ကိုယ်စီ၊ အတွေးကိုယ်စီ၊ အကြောက်တရားကိုယ်စီနှင့် သစ်ပင်တွေ၊ တောတောင်တွေ၊ ချောင်းမြောင်းတွေ၊ အင်းအိုင်တွေ၊ ကောင်းကင်တွေ၊ နေတွေ၊ လတွေ၊ မီးတွေစတဲ့ သဘာဝတရားတွေကို ကိုးကွယ်ခဲ့ကြတာကိုး”ဟု စဉ်းစားမိသည်။ သင့်၏၊ မသင့်၏ကို မစဉ်းစားဘဲ ဒေ၀ဒတ်ကိုမှ ဆရာတစ်ဆူအဖြစ် နှစ်နှစ်ကာကာ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်ခဲ့မိသော အဇာတသတ်ဘုရင်ကြီးလည်း အမှောင်တွင်းသို့ ကျရောက်ခဲ့ဖူးလေပြီ။ 
စစ်မှန်သော အသိဉာဏ်၊ မှန်ကန်သော အတွေးအခေါ်၊ ဆီလျော်သော အကျင့်တရား၊ မမှားသော ကိုးကွယ်ရာဖြင့် ကိုးကွယ်နိုင်ကြပါစေ...
From...လမင်းကြယ်စင်
25 November 2013
လေမုန်တိုင်းထဲ လွင့်မျောသွားသော...(ဖြစ်ရပ်မှန်ကို အခြေခံသည်)
ပုံကို Google မှ ယူသုံးသည်
ည သန်းခေါင်ကျော် ၁-နာရီထိုးလုနီးပါး အချိန်ဖြစ်သည်။ နံရံပေါ်က နာရီလက်တံရဲ့ တဖျပ်ဖျပ်ခုန်သံကလွဲပြီး မြို့တော်ကြီးရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုထဲက ပျဉ်ထောင်အိမ်တစ်လုံးမှာ တိတ်ဆိတ်ငြိမ်သက် လို့ နေသည် ။  ကြယ်ကလေးတွေလည်း လူသားတို့အတွက် အလင်းပေးရမယ့် တာဝန်အလုပ်ကို တိမ်တိုက်တို့ ရဲ့အနောက် အယှက် ကင်းစွာနှင့် ထမ်းဆောင်နေကြ၏။ မှိတ်တုတ် မှိတ်တုတ် ပုန်းစုန်းကြူးတို့ရဲ့ အလင်းရောင်နှင့်အတူ ညမွှေးပန်းရဲ့ရနံ့များလည်း လေယူရာ ပါသွားပြီး ဟိုယိမ်းသည်ယိမ်း ဖြစ်နေကြသည်။ 
“အမ် ဒီအတိုင်း သမားရိုးကျ ရှာဖွေစားသောက်နေရင်တော့ ချမ်းသာဖို့နေနေသာသာ စားဝတ်နေရေး အတွက် ချောင်လည်ဖို့တောင် မလွယ်ကူတဲ့ ငါ့ဘ၀။ ချမ်းသာဖို့ ငါဘာလုပ်ရင် ဘယ်လိုလုပ်ရင် ဘယ်လိုကြံ ဖန် ရရင် ကောင်းမှာလဲ။ မဟုတ်တာတွေ လုပ်နေရင်ကော ကျနော့်မိန်းမက သဘောတူပါ့မလား။ တူမှာ ပါလေ ငါသာ အကြံပိုင်လို့ကတော့ မတူပဲ မနေပါဘူး။ အင့် ဟုတ်ပြီ သူနဲ့ သေသေချာချာ တိုင်ပင်ပြီး အကွက်စေ့အောင် လုပ်ရင် ပိုအောင်မြင်နိုင်တယ်။ ဟာ…. ငါ့အကြံ ဖြစ်ပါ့မလား။ အကုသိုလ်အလုပ်ကြီး။ ငရဲကြီးနေမှာပေါ့။ အို ငရဲကို နောက်မှခံမယ်။ လောလောဆယ် ချမ်းသာဖို့ အရေးကြီးတယ်။ ပဌာန်းထဲမှာ ပါပါတယ်။ အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်တယ်။ အကုသိုလ်လုပ်လို့ အောင်မြင်သွားပြီဆိုရင် ကုသိုလ်ပြန် လုပ်လဲ ရတာပါပဲလေ။ အခုလောလောဆယ်တော့ အိပ်ပျော်အောင် လုပ်ရတော့မယ်။ နို့မို့ရင် မနက်ဖန် ကျရင် အလုပ်လုပ်နေရင်း အိပ်ငိုက်နေလို့မဖြစ်။ အန္တရာယ် သိပ်များလွန်းတယ်”
ရှစ်နှစ်အရွယ် သားလေးတစ်ယောက်နဲ့ မိန်းမဖြစ်သူ မဥမ္မာဆွေတို့က တခေါခေါအိပ်ပျော်နေစဉ် အသက် ၃၅-နှစ်အရွယ် ကိုသန်းဦးဆိုသူက အိပ်မပျော်နိုင်သေးဘဲ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဝင်နေသည်။ ကိုသန်းဦးရဲ့အလုပ်က နေ့စဉ် ဆိုက္ကားနင်းပြီး သားမယားကို ရှာဖွေကျွေးမွေးရသည်။ အိပ်ပျော်အောင် ကြိုး စားသော်လည်း စဉ်းစားကြံစည်ရတာ အားမရသေးသဖြင့်…
“သည်အလုပ်လုပ်ဖို့ ဆိုက္ကားနင်းတဲ့ဝတ်စုံနဲ့တော့ မဖြစ်ချေဘူး။ သူများယုံကြည်ပြီး အထင်ကြီးလေး စားလောက်တဲ့ အရာတစ်ခုခုတော့ ရှိမှဖြစ်မယ်။ အဲဒီအရာတွေကထဲက ကိုယ်ပိုင်ကား၊ သို့မဟုတ် ဟဲန်းဖုံး၊ သို့မဟုတ် စကားကို ရေရေလည်လည်နဲ့ လိမ့်ပတ်လည်အောင် ပြောတတ်မှဖြစ်မယ်။ အဲဒီအတွက် ငါ့ဦးလေးဆီ အကူအညီတောင်းမှဖြစ်မယ်။ ကဲ ကဲ ခုတော့ အိပ်လိုက်ပါဦးမယ်”
ကိုသန်းဦးရဲ့ဦးလေး ဦးဖိုးကျော်ဆိုသူက အတော်အသင့် ချမ်းသာသည်။ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်ဟဲန်း ဖုံးရှိသည်။ ထိုခေတ်သည် ဟဲန်းဖုံးတစ်လုံးကို သိန်းသုံးဆယ်ပေးရသည့်ခေတ်ဖြစ်သည်။ အခုခေတ် လူတွေ အတွက်တော့ ရယ်စရာဖြစ်ကောင်းဖြစ်နေလိမ့်မည်။ အကြံအောင်မြင်ဖို့အတွက် ပထမဦးဆုံးတော့ ရင်းရပေ ဦးမည်။ ကားမငှားချင်ဘဲ အထင်ကြီးအောင် ကားငှားပြီး သွားရမည်။ စကားပြောနေတဲ့အချိန်မှာ ဖုံးလာနေ တဲ့ပုံစံကိုလည်း ပြရဦးမည်။
…………………………………………………………………………..
နေ့လည်ခင်းတစ်ခု ၁၁-နာရီခွဲ အချိန်ဖြစ်သည်။ သံဃာ ၂၃-ပါးသာ သီတင်းသုံးတဲ့ ကျောင်းတိုက်တစ်တိုက် မှာ နေ့ဆွမ်း စားချိန်ပြီးစီးသည် မို့ မိမိသပိတ်၊ မိမိဆွမ်းဟင်းခွက်များကို ရေကန်ဘေးနားမှာ အသီး သီး ဆေးကြောနေကြ စဉ် ကျောင်းထဲသို့ တက္ကစီတစ်စီး ၀င်လာသည်။ ဆေးကြောရင်း ကားသံလာရာသို့ အလိုလို ငေးလျက်မိသား ဖြစ်သွားကြသည်။ သန့်သန့်ပျံ့ပျံ့ ၀တ်ဆင်ထားပြီး အတော်အသင့် ချမ်းသာ ပုံပေါက်တဲ့ ဒကာတစ်ဦး ဆရာတော်ကန်တော့ဖို့ ကျွတ်ကျွတ်အိတ်နှင့် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို လက်ကကိုင်လျက် ကားပေါ်မှ ဆင်းလာသည်။ ကျောင်းရှိ ဟောင်သာဟောင်ပြီး မည်သူ့ကိုမှ မကိုက် တတ်သော ခွေးနှစ်ကောင်သုံးကောင်က ၀ိုင်းဟောင်သည်။ ကိုရင်ကြီးတစ်ပါးက မဟောင်ဖို့ တားထားသည်။ ဒကာက…
“ကျောင်းထိုင်ဆရာတော်ကြီး ရှိလားဘုရား”
“ကျောင်းပေါ်မှာ ရှိပါတယ်။ အခုလေးတင် ဆွမ်းစားပြီးတာ။ အမြန်တက်သွားလိုက်။ တော်ကြာ ဆရာတော် အနားယူကျိန်းစက်တော့မှာ”
ကိုရင်ကြီးတစ်ပါးက ပြောလိုက်သည်။
“တင်ပါ့ဘုရား”
ကိုသန်းဦး လက်အုပ်ချီကာ ဆရာတော့်နား ချဉ်းကပ်ပြီး ထိခြင်းငါးပါးနှင့်အညီ ကျကျနနရှိခိုးကာ ပါလာတဲ့ လှူဖွယ်ပစ္စည်းကို ကပ်လိုက်ပြီး...
“ဆရာတော် ကျန်းမာရေးကောင်းတယ်မလားဘုရား”
“အေး ကောင်းပါတယ်။ ဒါနဲ့ ဘာကိစ္စရှိလို့ပါလိမ့်”
လာရင်းကိစ္စကို မလျှောက်သေးဘဲ…
“ဆရာတော် တပည့်တော်ကို မှတ်မိသေးလားဘုရား။ ပြီးခဲ့တဲ့ သုံးနှစ်လောက်တုန်းက တပည့်တော် သည်ကျောင်းမှာ ဆန်တွေ၊ ဆီပုံးတွေ လာလှူဖူးသေးတယ်လေဘုရား”
ဆရာတော်က နဖူးပေါ်က မျက်မှန်ဂိုဏ်းကို မ-တင်လိုက်ပြီး ကြည့်လိုက်သည်။ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း ကို မှတ်မိအောင် ကြိုးစားကြည့်သော်လည်း ဘယ်လိုမှ မမှတ်မိတော့သဖြင့်…
“အမ် ဘုန်းဘုန်းက အသက်ကလေးရလာတော့ မှတ်ဥာဏ်က သိပ်မကောင်းတော့ဘူး ဖြစ်နေတယ်”
“တင်ပါ့ဘုရား။ ရပါတယ်ဘုရား။ ဆရာတော်က အများနှင့်ဆက်ဆံရတော့ ရောကုန်တာ ဖြစ်မှာပါဘုရား”
“ဒါနဲ့ ဒကာကြီးနာမည်က”
“ထွန်းဝေလို့ ခေါ်ပါတယ်ဘုရား”
နာမည်ကို အမှန်အတိုင်း မလျှောက်ဘဲ တခြားနာမည်ဖြင့် လျှောက်လိုက်သည်။
“ဘယ်မှာ နေတာလဲ”
“တပည့်တော် ဟိုဘက်က ၅-ရပ်ကွက်ထဲမှာ နေပါတယ်ဘုရား။ သည်ကျောင်းက ကိုရင်လေးတစ်ပါးတောင် တပည်တော်တို့အိမ်ကို ဆွမ်းခံကြွသေးတယ်ဘုရား”
“အော် ဟုတ်လား”
စကားပြတ်သွားကာ အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ဒကာက ဆက်ပြီး….
“တပည့်တော် ကိုးရီးယားကနေ ပြန်လာတာ မကြာသေးဘူးဘုရား”
“အပြီးပြန်လာတာလား”
“တင်ပါ့ဘုရား။ စုမိဆောင်းမိထားတဲ့ ငွေလေးနဲ့ မြန်မာပြည်မှာပဲ စီးပွားရေးတစ်ခုခုထောင်မယ်။ ကြီးကြီးမားမားအလှူလည်း မလှူဖူးသေးတော့ လှူဖူးသည်ရှိအောင်၊ တစ်ဘ၀စာအတွက် အမှတ်တရလေးဖြစ်အောင် လှူဦးမယ်ဆိုပြီး ပြန်လာတာဘုရား ဟိ”
ကလင် ကလင် ကလင် ကလင်…
ပြောနေရင်းတန်းလန်းနဲ့ ဖုံးတကော ၀င်လာသည်။ ဘယ်သူဆက် သလဲဆိုတာကို သိလိုသည့်ပုံစံနှင့် ဖုံးနံ ပါတ်ကို ကြည့်လိုက်ပြီး…
…..ဟယ်လို နောက်မှ ပြန်ဆက်မယ်။ အခု ဆရာတော်ကြီးနဲ့ စကားပြောနေလို့…..အိုကေ….ဘိုင်….
ဟဲန်းဖုံးအစစ်အမှန် ကိုင်ထားလျှင် ချမ်းသာသည်ဟု မှတ်ယူကြသည့်ခေတ် ဖြစ်သည်။ ကိုသန်းဦးသည် ဟဲန်းဖုံးကို သူ့ဦးလေးဆီက တခြားအကြောင်းပြချက်နှင့် ငှားရမ်းသုံးစွဲခဲ့သည်။ ဖုံးကို အိပ်ကပ်ထဲ ပြန် ထည့်ထားလိုက်ပြီး…
“စောစောကစကား ပြန်ဆက်ပါဦးမယ်ဘုရား။ အလှူကြီးတစ်ခု လှူချင်တယ်။ အမှတ်တရအနေနဲ့လည်း ကျန်ရစ်ခဲ့စေချင်တယ် ဘာလှူရင်ကောင်းမလဲလို့ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေဆီ အကြံဉာဏ်တောင်းတော့ ကျောင်းလှူလိုက်ခိုင်းကြတယ်ဘုရား။ အဲဒါကြောင့် တပည့်တော်လည်း ဘယ်ကျောင်း ကို လှူရင်ကောင်းမလဲဆိုပြီး စဉ်းစားကြည့်လိုက်တော့ ဆရာတော့်ကျောင်းပဲ တပည့်တော် မျက်စိထဲ ပေါ်လာတယ်ဘုရား။ တခြားကျောင်းတွေက တိုက်ကျောင်းတွေ ဖြစ်ကုန်ပြီကိုးဘုရား။ အဟယ်”
“ဒါနဲ့ ဒကာကြီးက ကျောင်းလှူချင်တယ်ဆိုပါတော့”
“တင်ပါ့ဘုရား။ ဆရာတော် ခွင့်ပြုမယ်ဆိုရင် သည်ပျဉ်ထောင်ကျောင်းကို ဖျက်ပြီးတော့ တိုက်ကျောင်းလေး တစ်လုံးတော့ လှူချင်တယ်ဘုရား။ အကြီးကြီးတော့ မဟုတ်ဘူးပေါ့ဘုရား။ တပည့်တော် တတ်နိုင် သလောက်လေး တစ်ထပ်ကျောင်းလေးပေါ့ဘုရား”
“ကောင်းတာပေါ့ ဒကာကြီးရယ်။ ကောင်းတာပေါ့”
ဆရာတော်ကြီး သည်ပျဉ်ကျောင်းအိုလေးကို တိုက်ကျောင်းဆောက်ချင်နေတာ လတွေ လည်းဟောင်း၊ နှစ်တွေလည်း အခါခါ နွှမ်းခဲ့ရပေါ့။ လှူမယ်လို့ လျှောက်ထားတဲ့ ဒကာကလည်း မလှူဖြစ်တော့ လို့ အလှူရှင်သစ် ပေါ်လာတော့လည်း ဆရာတော်ကြီး ရင်ထဲမှာ ကြိတ်ဝမ်းသာနေမယ် ဆိုတာ ဆရာတော့်ကိုယ်စောင့်နတ်က အသိဆုံး ဖြစ်သည်။ ကိုသန်းဦးက နာရီကို ကြည့်လိုက်ပြီး…
“ဆရာတော် လက်ခံမယ်ဆိုရင် တပည့်တော်အမျိုးသမီးနဲ့ တိုင်ပင်ပြီး နေ့တွေ၊ ရက်တွေ ရွေးလိုက်တော့မယ် ဘုရား။ မနက်ဖန် တပည့်တော် နေ့ဆွမ်းလာပို့ပါဦးမယ်ဘုရား။ မနက်ဖန်ကျမှ ရွေးထားတဲ့ရက်ကို ထပ်မံလျှောက် ကြားပါမယ်ဘုရား။ အခုတော့ ပြန်လိုက်ပါဦးမယ်။ ခွင့်ပြုပါဦးဘုရား”
“အေး ကောင်းပါပြီ”
ဆရာတော်အနားမှာ အနီးကပ်ပြုစုနေသော ကျောင်းသား မောင်ကောင်းကျော်ကို…
“ဟေ့ မောင်ကောင်းကျော်ရေ ခွေးကို ကြည့်ပေးထားပါဦး”
“တင်ပါ့ဘုရား”
……………………………………………………………………………….
နှစ်ပတ်ခန့်ကြာသော်….
ပျဉ်ထောင်ကျောင်းလေးကို ဖျက်လိုက်ပြီး ပျဉ်ဟောင်းတွေ၊ သွပ်ပြားဟောင်းတွေကို တစ်နေရာမှာ ပုံထား လိုက်သည်။ တိုက်ကျောင်းဆောက်ဖို့ ဘိလပ်မြေတွေ၊ အုဌ်တွေ၊ သဲတွေ၊ ကျောက်စရစ်တွေလည်း အစုလိုက် အပုံလိုက် ထားထားသည်။ တနင်္ဂနွေနေ့ နေ့ခင်း ၂-နာရီလောက်အချိန်မှာ ကိုသန်းဦး ဆရာတော့် ထံ ရောက် လာပြန်သည်။ တစ်ခုခု အဆင်မပြေလို့ စိတ်မကောင်းဖြစ်သည့်ပုံစံနှင့် ဆရာတော့်ကို…
“ဆရာတော်ဘုရား။ ဘယ်လိုမှ မအောက်မေ့ပါနဲ့ဘုရား။ တပည့်တော်လည်း…”
စကားမဆုံးသေးဘဲ ဖုံးတကော ၀င်လာသည်။
“ဟယ်လို…”
“………………………………………….”
ဖုံးကို ဆရာတော့်ကို ကပ်လိုက်ပြီး…
“တပည့်တော် အမျိုးသမီးပါဘုရား။ ဆရာတော်နဲ့ စကားပြောချင်လို့တဲ့ဘုရား”
“ဟယ်လို ပြောပါ”
“တင်ပါ့ဘုရား။ တပည့်တော် ကိုသန်းဦးရဲ့ အမျိုးသမီး မဥမ္မာဆွေပါဘုရား။ ဒကာကြီးက သူမှာထားတဲ့ ဘိလပ်မြေတွေ၊ ကျောက်တွေ၊ အုဌ်တွေကို ဒီနေ့ ငွေအပြည့်ချေဖို့ ချိန်းထားတယ်ဘုရား။ သည်နေ့ တနင်္ဂနွေနေ့လေဘုရား။ ဘယ်ဘဏ်မှလည်း မဖွင့်ဘူး။ အင်္ဂါနေ့ကျရင်လည်း ပြည်ထောင်စုနေ့နဲ့ တိုက်နေပြန်ရော။ ဆိုင်ရှင်ကလည်း ငွေ အရေးတကြီး လိုအပ်နေပြီ။ လာချေပေးပါဆိုပြီး တဖွဖွပြောနေ တယ်ဘုရား။ သူ့ဦးလေးဆီ ခဏချေးရအောင်လည်း သူ့ဦးလေးက နယ်ဘက်ကို ခရီးလွန်နေတယ်ဘုရား။ ဆိုတော့ကာ ဆရာတော့်ဆီမှာ ၂၅-သိန်းအဆင်ပြေရင် ခဏလှည့်ပေးစေချင်တယ်ဘုရား။ တပည့်တော် အမျိုးသားက ဇွတ်တရွတ်နိုင်တယ်ဘုရား။ သူ တစ်ခုခုလုပ်ချင်ပြီးဆိုရင် ဘယ်လိုပဲတားတား မရဘူးဘုရား။ ဆရာတော့်ကို လျှောက်သာလျှောက်ရတာ အားတော့နာပါတယ်ဘုရား”
…………………………………………………………………..
သုံးရက်လွန်သွားသည်။ ငါးရက် ကုန်သွားပြန်သည်။ တစ်ပတ်တောင် ကြာသွားပြီ။ ၂၅-သိန်း ပြန်မလာတဲ့အပြင် မှာထားတဲ့ ဘိလပ်မြေတွေ၊ အုဌ်တွေ၊ ကျောက်စရစ်တွေရဲ့ တန်ဖိုးတစ်ဝက်ကို ဆိုင်ရှင်က လာတောင်းလို့ တောင်းတောင်းပန်ပန်နှင့် ပေးလိုက်ရသေးသည်။
………………………………………………………………………
ပြီး…
From...တောက်ပကြယ်စင်
24 November 2013
သမထနှင့် ၀ိပဿနာ
                                                                                                   Online Photo's
ဓမ္မဖိုရမ်တွင် ဓမ္မမိတ်ဆွေတို့နှင့် သမထ၊ ၀ိပဿနာ အကြောင်း ဆွေးနွေးရာမှ ဖတ်ရှုလေ့လာမိသမျှကို မျှဝေပါဦးမည်။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်စာအုပ်တွင် သမထဆိုသည်မှာ တစ်ခုတည်းသော အာရုံကို စွဲမြဲစွာ ယူထားသည့် စိတ်အလုပ်ဟု ဖော်ပြထားပါသည်။ 
သမထတွင် ပရိကမ္မနမိတ်၊ ဥဂ္ဂဟနမိတ်၊ ပဋိဘာဂနမိတ် ၃ မျိုး ရှိတဲ့အနက် ပဋိဘာဂနမိတ်ကို ရသည့်အခါ ဥပစာရသမာဓိဟု ခေါ်ဆိုပါသည်။ ပဋိဘာဂနမိတ်ဆိုသည်မှာ မူလယူထားသော ကသိုင်းနမိတ် မဟုတ်တော့ ပဲ ကသိုင်းနမိတ်နှင့် ပုံစံတူ အာရုံအတု၊ အာရုံအနုဟု ဆိုပါသည်။ 
စရှုစဉ်က ကသိုင်းဝန်းနမိတ်ကို ပကတိမျက်စိနဲ့ စိုက်ကြည့်ရပါသည်။ ပဋိဘာဂနမိတ်ရသည့်အခါ မျက်စိဖွင့် ထားထား၊ ပိတ်ထားထား မည်သည့်နေရာကြည့်ကြည့် ကသိုင်းနိမိတ်သာ ထင်နေပါသည်။ 
နီဝရဏတရားတွေ မရှိတော့ပါ။ သို့သော် မခိုင်ခံ့သေး။ ဈာန်အင်္ဂါများ ဈာန်စိတ်များ ပေါ်နေသော်လည်း ရံဖန်ရံခါဘ၀င်စိတ် ကြားဝင်တတ်သည်ဟု ဖားအောက်တောရဆရာတော်ကြီး၏ကျမ်းတွင် ဖတ်ရှုရပါသည်။ 
23 November 2013
သွားတိုက်ဆေးနဲ့ပတ်သတ်ပြီး သင်မသိသေးသော အချက်များ
သွားတိုက်ဆေးနဲ့ပတ်သတ်ပြီး သင်မသိသေးသော အချက်များ အိမ်၊ ခြံ၊ မြေ ဂျာနယ်  သွားတိုက်ဆေး ၀ယ်ပြီဆို ဒီတိုင်း သုံးလို့ရရင် ပြီးရောဆိုပြီး ၀ယ်တာထက်   သူ့မှာ ပါတဲ့ ပစ္စည်း အညွှန်းလေးကို ကိုယ်နဲ့ကိုက်မကိုက် ကြည့်ပြီးဝယ်တာက ပိုပြီးကောင်းမယ်ထင်ပါတယ် သွားတိုင်ဆေးရဲ့ အောက်ဖက်နားမှာ လေးထောင့်ကွက်လေးနဲ့အရောင်လေးတွေပါပါတယ်... အလှထည့်ထားတာမဟုတ်ပါဝူး.. အရောင်လေးတွေမှာ အဓိပ္ပာယ်ကိုယ်စီရှိပါတယ်...အဲ့ဒါတွေကတော့  အစိမ်းရောင်။ ။ သဘာဝ  အပြာရောင်။ ။ သဘာဝ + ဆေးပါး  အနီရောင် ။ ။သဘာဝ+ ဓာတုဆေးပါး  အနက်ရောင်။ ၊ ဓာတုဆေးဝါးသီးသန့်  credit to Electrical Technology
သွားတိုက်ဆေး ၀ယ်ပြီဆို ဒီတိုင်း သုံးလို့ရရင် ပြီးရောဆိုပြီး ၀ယ်တာထက်
သူ့မှာ ပါတဲ့ ပစ္စည်း အညွှန်းလေးကို ကိုယ်နဲ့ကိုက်မကိုက် ကြည့်ပြီးဝယ်တာက ပိုပြီးကောင်းမယ် ထင်ပါ တယ် ။ သွားတိုက်ဆေး ရဲ့ အောက်ဖက်နား မှာ လေးထောင့် ကွက်လေးနဲ့အရောင်လေးတွေ ပါပါတယ်... အလှထည့်ထားတာမဟုတ်ပါဝူး.. အရောင်လေးတွေမှာ အဓိပ္ပာယ်ကိုယ်စီရှိပါတယ်...အဲ့ဒါတွေကတော့...........
အစိမ်းရောင်။ ။  သဘာဝ
အပြာရောင်။ ။  သဘာဝ + ဆေးပါး
အနီရောင် ။ ။  သဘာဝ+ ဓာတုဆေးပါး
အနက်ရောင်။ ။  ဓာတုဆေးဝါးသီးသန့်
 အိမ်၊ ခြံ၊ မြေ ဂျာနယ်
credit to Electrical Technology
လွမ်း { ခင်မောင်တိုး }
မောင့်လပြည့်ဝန်း { စိုင်းထီးဆိုင် }
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ { လွှမ်းမိုး }
လူချွန်လူကောင်း { သုမောင် }
နတ်၇ှင်နောင် { မျိုးမြင့်လေး }
တိမ်တမန် { စန္တ၇ားချစ်ဆွေ }
အင်းယားလမ်းက ပန်းဆိုင် { ဟန်ထူးလွင် }
သစ္စာလေးပါး အား လျှာဖျား နှင့် လျှက်ကြည့်ခြင်း
ညတွေနဲ့ မနက် အသေတွေဆီမှ
ဇာတ်အသေတွေနဲ့ ဝေနေတဲ့ မုသာဝါဒ တစ်ခင်းက
ညှီရော်နံ့သင်းပြီး...
ဝေခွဲမရတဲ. စာမျက်နှာတွေ
တစ်ခါ တစ်ခါ ငါ့ဆီမှာ ရောက်လာတတ်တယ်။
ပကာသန တစ်ဖက်ခြမ်းက
မွဲတေခြင်းရဲ့ ဝင်သက် ထွက်သက်
ငါဆီမှာ လာကပ်နေတယ်။
နိမိတ်ပုံ ရဲ့ အရောင်က တဆောင် တယောင်နဲ.
အိမ်ဦးခန်းမှာ လာပြီး "ပြောင်ရောင် " ပြီး
သုည အရောင်နဲ့ ခပ်မှောင်မှောင် ဘဝရဲ့ ရသက
ကျုပ်သွေးကနေ မွေးလာသလား အောက်မေ့ရတယ်။
ကနေဒီ လုပ်ကြံခံရမှု နှစ်ပတ်လည် ကျင်းပ
ကနေဒီလုပ်ကြံခံခဲ့ရတဲ့ တက္ကဆတ်ပြည်နယ် ဒါးလတ်စ်မြို့က နှစ်ငါးဆယ်ပြည့်အောက်မေ့ဖွယ်အခမ်းအနား။ (နိုဝင်ဘာ ၂၂၊ ၂၀၁၃)
အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတဲ့ နှစ်ငါးဆယ်မြောက်နေ့ အခမ်း အနားတွေကို နိုင်ငံတဝှမ်းမှာ ဝမ်းနည်း ပူဆွေးတမ်းတမှုတွေ အပြည့်နဲ့ ကျင်းပခဲ့ကြပါတယ်။
သမ္မတကနေဒီ အုတ်ဂူရှိရာ ဝါရှင်တန်မြို့တော် တဖက်ကမ်းက အာလင်တန် စစ်သင်္ချိုင်းကနေ၊ သူ သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ တက္ကဆပ်ပြည်နယ် ဒါးလပ်စ်မြို့အထိ ယူကြုံးမရ တမ်းတမှုတွေ မနေ့က ပဲ့တင်ထပ်သွားခဲ့ပါတယ်။
အာလင်တန် စစ်င်္သချိုင်းတွင်း ကနေဒီအောက်မေ့ဖွယ်အာလင်တန် စစ်င်္သချိုင်းတွင်း ကနေဒီအောက်မေ့ဖွယ်
အာလင်တန် စစ်သင်္ချိုင်းရဲ့ အမြင့်ဆုံးက အထူးနေရာမှာ သီးသန့်ရှိတဲ့ သမ္မတ ကနေဒီရဲ့ အုတ်ဂူကြီးမှာ မိသားစုအဖွဲ့ဝင်တွေနဲ့ အစိုးရအရာရှိတွေက ဝမ်းနည်း အမှတ်ရမှုတွေ ထုတ်ဖော်ပြခဲ့ကြပြီး၊ ဆုတောင်း ပွဲတွေလည်းလုပ်ပေးခဲ့ပါတယ်။
ကျန်ရစ်သူ ကနေဒီမိသားစုဝင်များကို နှစ်ငါးဆယ်ပြည့်အောက်မေ့ဖွယ်နေ့တွင် တွေ့ရစဉ်။ကျန်ရစ်သူ ကနေဒီမိသားစုဝင်များကို နှစ်ငါးဆယ်ပြည့်အောက်မေ့ဖွယ်နေ့တွင် တွေ့ရစဉ်။
၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တုံးက သမ္မတ ကနေဒီ သူစီးလာတဲ့ အမိုးဖွင့်ကားထဲ မှာ သေနတ်နဲ့ ပစ်ခံခဲ့ရတဲ့  နိုင်ငံအနောက်တောင်ပိုင်းက ဒါးလပ်စ်မြို့က ဘုရားကျောင်းတွေမှာဆိုရင် ခေါင်းလောင်းသံတွေ လှိုင်သွားခဲ့ပါတယ်။
အခုလို ဒါးလပ်စ် မြို့ထဲမှာ ခေါင်းလောင်းသံတွေ ပဲ့တင်ထပ်နေချိန်မှာ သမ္မတကနေဒီ အပစ်ခံခဲ့ရတဲ့ အတိ အကျနေရာမှာ အချိန်အတိအကျကိုက်ပြီး ပူဆွေးအောက်မေ့ဖွယ် အခမ်းအနားလုပ်ခဲ့ရာမှာ လူထောင်ပေါင်း များစွာ တက်ရောက်ခဲ့ကြပါတယ်။
သမ္မတကနေဒီလုပ်ကြံခံခဲ့ရတာကြောင့် သူ့ရဲ့ဒါးလပ်စ်မြို့ခရီးစဉ် ထဲမှာ မပြောဖြစ်ခဲ့တဲ့ သူ့မိန့်ခွန်းထဲက စကားရပ်တွေဖြစ်တဲ့ “ အမေရိကန်ဟာ ကမ္ဘာ့လွတ်လပ်ရေး တံတိုင်းပေါ်က စောင့်ကြည့် ကူညီပေး မှာဖြစ် တယ်” ဆိုတာနဲ့ အမေရိကန်ရဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံဖြစ်နေတဲ့ အဆင့်ဟာ ငြိမ်းချမ်းရေး အတွက် ဖြစ် တယ်ဆိုတာကို ထိုက်ထိုက် တန်တန် ပြနိုင်ရမယ် ဆိုတာတွေကိုလည်း ဒီမြို့မှာ အမှတ်တရဖော်ပြခဲ့ပါတယ်။
ကနေဒီအောက်မေ့ဖွယ်ကနေဒီအောက်မေ့ဖွယ်
သမ္မတဟောင်းကို လွမ်းဆွတ်ဂုဏ်ပြုတဲ့အနေနဲ တနိုင်ငံလုံး ငြိမ်သက်စွာနဲ့ အောက်မေ့တဲ့ အခမ်းအနားတွေပြုလုပ်ခဲ့ချိန်မှာ သမ္မတ ဘားရက်အိုဘားမား ကလည်း နိုင်ငံနဲ့ တ၀ှမ်းမှာ အလံတ၀က်ချ လွှင့်ထူကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ကနေဒီအောက်မေ့ဖွယ်ကနေဒီအောက်မေ့ဖွယ်
စီဘီအက်စ် ရုပ်သံသတင်းဌာနကလည်း သမ္မတ လုပ်ကြံခံခဲ့ရစဉ်က အဖြစ်ပျက်မှန်ထုတ်လွှင့်ခဲ့တာ ကို ပြန် လည်ပြီးတော့ ပြသခဲ့ပါတယ်။
အသက်အရွယ်ကြီးရင့်တဲ့ အမေရိကန် တွေအတွက်တော့ သမ္မတကနေဒီ လုပ်ကြံခံခဲ့ရချိန်က သူတို့ဘယ်နေ ရာမှာ ရှိနေခဲ့ပြီး၊ ဘယ်လို ခံစားခဲ့ရတယ်ဆိုတာတွေကို ပြန်ပြောင်းသတိရနေချိန်ဖြစ်သလို၊ အဲ့ဒီအချိန်ကို မှီခဲ့တဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းက လူကြီးတွေအနေနဲ့လည်း အလားတူ ခံစားမိကြမှာဖြစ်ပါတယ်။
From...VOA မြန်မာ
ဟက်ကာ တစ်ယောက် ဖြစ်ရန် နည်းလမ်း
၁။ Networking
TCP/IP, Basic Information gathering, Proxies, Socks, SSL, VPN,...
VPS, RDP, FTP, POP3, SMTP, Telnet, SSH အစရှိတဲ့ Networking ပညာရပ်များ တတ်မြောက်ထားဖို့ လိုပါတယ်။ 
၂။ Operating System
Linux, Unix, Windows တို့ကို သေချာ ပိုင်နိုင်ပြီး VM ware တို့လို virtual desktop utility များကို ကောင်းကောင်း အသုံးပြု နိုင်ရပါမယ်။ 
သီတဂူ ဆရာတော် ထေရုပ္ပတ္တိ
သီတဂူဆရာတော် ဦးဥာဏိဿရ (၁၉၃၆-) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ 
အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြား ခဲ့။ အသက် (၁၅)နှစ်အရွယ် တွင် ရှင်သာမဏေပြုခဲ့။
သက္ကရာဇ်-၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ်အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြု။ ရှင်သာမဏေပြုချိန်မှစ၍ ပိဋကတ် အခြေခံကျမ်းစာများကို သဲကုန်းမြို့တပ် အလယ် တန်း ကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။
၁၃၂၂ - ဓမ္မာစရိယတန်းအောင်။ ရန်ကုန်မြို့၊ တာမွေသိမ်ကုန်းတိုက် မန္တလေးမြို့အနောက်ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက် များတွင် အဆင့်မြင့် ပိဋကတ်ကျမ်းစာများကို သင်ကြားခဲ့။
၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များသင်ကြားခဲ့။
၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ဘီအမ်အေကောလိပ် (မြန်မာဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့။
22 November 2013
စိတ်ကို ဘယ်လိုကူးရပါ့
စိတ်ကို ဘယ်လိုကူးရပါ့
(တစ်) အာဏာရှင်တွေရဲ့ အုပ်ချုပ်မှု ယန္တရားကြီးကြောင့် ပျက်စီး သွားရတဲ့ နယ်ပယ် အသီးသီးထဲမှာ လူတွေရဲ့ စိတ်ကူး စိတ်သန်းနယ်ပယ် လည်းပါမယ်လို့ ကျွန်တော် ထင်တယ်ဗျာ။
မြန်မာ့ စီးပွားရေး လောက ချုံးချုံးကျသွား ရကြောင်းကိုတော့ ၀န်ခံထားကြပြီး သားပါ။ မြန်မာ့ပညာရေးလော က သုံးစား မရတော့ကြောင်းလည်းဆွေးနွေး ခဲ့ကြပြီး သားပါ။ မြန်မာ့ အားကစားလောက ဖုတ်လှိုက်ဖုတ် လှိုက်ဖြစ်နေကြောင်းလည်း သုံးသပ် ခဲ့ကြပြီးသားပါ။ 
 မြန်မာ့ အနုပညာလောက စံချိန်စံညွှန်းတွေ လျော့ကျသွားကြောင်းလည်း ဝေဖန်ခဲ့ကြပြီးသားပါ။ 
ဘယ်ခေါင်းစဉ်ခွဲ ကိုပဲ ကောက်လှန်လှန် သိပ်မဟန်တာတွေ ချည်းသာလို့ ၀န်ခံရမယ့် အနေအထားပါ။ အဲသည့်လိုမြန်မာတို့ပျက်သွား ရပုံနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့ အခါ စိတ်ကူးပုံစိတ်ကူးနည်းတွေ အထိ ကမ္ဘာက သြချရလောက်အောင် ပျက်စီးယိုယွင်းသွားကြရတဲ့ အကြောင်းတွေ ကဖြင့်မကြားချင်မှ အဆုံးပါပဲ။
(နှစ်) ဂျပန်ကနေပြန်လာသူ လေးငါးယောက်လောက်က သူတို့အတွေ့အကြုံတွေနဲ့ပတ်သက်လို့ စာရေးသူ ကျွန်တော့်ကို မကြာခဏမျှဝေပေး တတ်ကြပါတယ်။ တစ်ခါမှာတော့ တစ်ယောက်က ဂျပန်မီးရထား စီး သူတွေနဲ့ ဂျပန်ဘူတာရုံတွေ အကြောင်းကို ဖောက်သည်ချလာခဲ့ ပါလေရော။ စာဖတ်သူ ကျွန်တော့် မိတ်ဆွေ တို့ တိရိစာန်ဥယျာဉ် အ၀င်အ၀က လူဝင်ပေါက်မှာ တပ်ထားတဲ့ ဒလက်ကြီးတွေကို မြင်ဖူးကြမယ်ထင် ပါ တယ်။ လူဝင်တဲ့အခါ ဒလက်ကလည် သွားပြီး လူကဒလက်နဲ့အ တူ ပါသွားရတဲ့၊ လူဝင်လူ ထွက်ကို စနစ် တကျဖြစ်အောင် လုပ်ပေးထားတဲ့ ကိရိယာလို့ ဆိုပါတော့။
ဂျပန်က မီးရထား ဘူတာရုံတွေမှာ အဲသည့်လို ဒလက်တွေ တပ်ထားပေး ပါတယ်။ ဒလက်ထဲ ကို လူဝင်ပြီး လှည့်တဲ့အခါလက်မှတ်တစ်စောင်ပေးလိုက်တာနဲ့ဒလက်က အလိုလိုလည်သွားပြီးသားဆိုပါတော့။ လက်မှတ်တစ်စောင်တည်းပေးပြီး ဒလက်ထဲမှာ လူနှစ်ယောက် ၀င်ရပ်ရင် ဒလက်က မလည်ပါဘူး။ ထစ်နေပါတယ် ဒါဆိုလူက မလည်တဲ့ဒလက်ထဲမှာတစ်နေပြီး အထဲကိုဝင်လို့မရတော့ပါဘူး။ သိပ်ကောင်းတဲ့ ဂျပန်စနစ်ပေါ့။
ဒါပေမဲ့အဲသည့်လို သိပ်ကောင်းတဲ့ ဂျပန်စနစ်ကို ခေါင်းခြောက်သွားအောင် လုပ်ဖို့ ပေါ်ပေါက်လာ တာ က မြန်မာ့စိတ်ကူးပါ။ မြန်မာနိုင်ငံသားက ဂျပန်ကို မေးပါတယ်။ လူနှစ်ယောက်က လူတစ်ယောက်တည်း နီးနီးလောက်ဖြစ်အောင်ဖက်ပြီးတော့ ကပ်ထားမယ်။ ပြီးတော့ လက်မှတ်တစ်စောင်တည်းပြပြီးဝင်မယ်ပေါ့။ ဂျပန်အမျိုးသားက ရယ်ပါတယ်။ မရပါဘူးဗျာပေါ့။ လူနှစ်ယောက် ဘယ်လောက်ပဲကပ်ပြီး ၀င်ဝင်စက် ကနှစ်ယောက်မှန်းသိပါတယ်ပေါ့။ လက်မှတ်နှစ်စောင်မပေးရင် မလည်ပါဘူးပေါ့။
မြန်မာက လက်မလျှော့ပါဘူး။ ဒါဆို ကလေးတွေကုန်းပိုးသ လိုပိုးပြီးဝင်မယ်ဆိုရင်ရောပေါ့။ သည်တစ်ခါ မှာတော့ ဂျပန်ငိုင်ကျသွားပါတယ်။ Cross Question အမေးခံလိုက်ရတဲ့လူလို ဘာပြန် ဖြေရမှန်း မသိ ဖြစ် သွားပုံရပါတယ်။အေးဗျာ ကျွန်တော်တို့ ဂျပန်တွေ ဘယ်သူမှ အဲသည်လို မတွေးမိကြ ဘူးတဲ့။ စိတ်မကူး မိကြဘူးတဲ့။ ၀မ်းသာ ရမှာလား မသိ။ ၀မ်းနည်း ရမှာလား မသိ။ မြန်မာ့ စိတ်ကူးရဲ့ 
သူမတူအောင် ထောင့်စေ့ပုံ။ လူတစ်ယောက် အတွက် လက်မှတ် တစ်စောင်ခသက်သာ အောင်ကုန်းပိုးပြီး ၀င်ရင် ရနိုင်တယ်လို့ စိတ်ကူးပုံ။ ဂျပန်တွေ စိတ်မကူးမိကြ။
(သုံး) နောက်တစ်ခါ အခွေကိစ္စလေး ပြောချင်သေး တယ်ဗျ။ အမျိုးမျိုးအ ထွေထွေသော အခွေတွေပေါ့။ စီဒီတွေ၊ ဗီစီဒီတွေ၊ ဒီဗီဒီတွေ။ ရုပ်ရှင်တွေရော၊ သီချင်းတွေရော အစုံ။
 ကျွန်တော်တို့ ဆီမှာ အဲသည့် အခွေမျိုးစုံကို လမ်းဘေးမှာ ပေါပေါလောလောနဲ့ ၀ယ်လို့ရနိုင် တယ်ဆိုတာကို အားလုံးသိပြီးသားပါ။ တစ်ထောင်၊ တစ်ထောင့် ငါးရာပေးမှ ရနိုင်မယ့်မူရင်း အခွေတွေကို ငွေနှစ်ရာ နဲ့လည်း ရနိုင်၊ ငွေသုံးရာနဲ့လည်းရနိုင်တဲ့အခွေ တွေဆိုပါတော့။ လူထုပါးစပ်ထဲ မှာကတော့လွယ်လွယ်ခေါ်နေ တဲ့ ဝေါဟာရတစ်လုံး ရှိပါတယ်။
 ခိုးကူးတဲ့။ ခိုးကူးခွေတွေကြောင့် အ ရင်းအနှီးကြီးကြီးနဲ့ လုပ်ထားကြရ တဲ့ တေးဂီတထုတ်လုပ်သူတွေ၊ ရုပ်ရှင်ဗီဒီယိုထုတ်လုပ် သူတွေဟာ စီးပွားပျက်မတတ် ထိခိုက်ကြ ရတာ ကိုလည်း အားလုံးသိပြီးသားပါ။ ဒါ့ကြောင့် ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ တာဝန်ရှိသူတွေနဲ့၊ ရဲတွေနဲ့ပူးပေါင်းပြီး ဖော်ထုတ် အရေးယူဖို့ ဆောင် ရွက်နေကြ တာတွေကလည်းမကြာမကြာပါ။ ထား။ ဒါက ဖြစ်ပေါ်နေတဲ့အခြေအနေ။
 တစ်ရက် အနောက်ကမ္ဘာ မှာ အနေကြာခဲ့ အနေကြာခဲ့သူ တစ်ယောက်နဲ့ စကားဝိုင်းဖွဲ့မိကြ တဲ့အခါ ခိုးကူးခွေတွေဘက်ဆီကို စကားဝိုင်းရောက်သွားတော့ အိုင်တီနည်းပညာ သိပ်ကိုရှေ့တန်း ရောက်တဲ့နိုင်ငံမှာ အခွေတွေကို ကူးမရောင်းဘူးလားလို့ ကျွန်တော်က မေးမိပါတယ်။ ဆိုကြပါစို့ လေဒီဂါဂါရဲ့အခွေ၊ တေလာ ဆွစ်ရဲ့အခွေ၊ ဂျပ်စတင်ဘီဘာရဲ့ အခွေ။
အမေးခံရတဲ့လူ ကြောင်တက်တက် ဖြစ်သွားသဗျ။ သူတို့ဆီမှာ တစ်ခါမှ စိတ်ကူးလေ့ ကူးထမရှိတဲ့ စိတ်ကူး မျိုးကို သိလိုက်ရလို့ အံ့သြသွားပုံလည်း ရပါတယ်။ အေးဗျာ.. တဲ့။ ကူးရောင်းရင်တော့ ဈေး သက်သာမှာ သေ ချာပေါက်ပေါ့တဲ့။ ဒါပေမဲ့ အဲသည့်ကမ္ဘာကလူတွေက အဲသည်လိုမျိုးလုပ်ပြီး ပိုက်ဆံရှာဖို့ စိတ်ကူး လေ့ရှိကြပုံ မရဘူးတဲ့။ မအံ့သြဘူးလား။
(လေး) သွေးဆေးထဲမှာ အုတ်နီခဲမှုန့်ရောပြီး ရောင်းရင်ဖြစ်မယ်လို့ စိတ်ကူး သူတွေ ရှိပါတယ်။ နှမ်းထဲ မှာ ကျောက်စရစ်ခဲ ကလေးတွေ ရောပြီးရောင်းရင်ဖြစ်မယ်လို့ စိတ် ကူးသူတွေရှိပါတယ်။ သူတစ် ပါး ပြုစုထားတဲ့ အဘိဓာန်စာအုပ်ကြီးထဲကနေ ကိုယ့်စိတ်ကြိုက်စကားလုံးတချို့ ရွေးထုတ်ကာ ကိုယ့်ကိုယ်ကိုယ် အိတ်ဆောင်အဘိ ဓာန်ပြုစုသူ လုပ်ရင်ဖြစ်မယ်လို့ စိတ်ကူးသူတွေရှိပါတယ်။ အနောက်တိုင်းဆေးပညာကနေလာတဲ့ သောက်ဆေးတွေကို အမှုန့်လုပ်၊ ပုလင်းထဲထည့်၊ ရွာစဉ်လှည့် ကာ မိမိကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးအဖြစ် ပုံဖမ်းပြီး တိုင်းရင်းဆေး ဆရာကြီးအဖြစ်ကုသဖို့ စိတ်ကူးသူတွေ ရှိပါတယ်။
စိတ်ဆိုတာ ကူးလို့ရတဲ့ အရာဖြစ်လို့ ဘယ်သူမဆို စိတ်ကူးနိုင်ခွင့်ရှိကြသူတွေ ချည်းပါပဲ။ ဒါပေမဲ့ ဘယ်လို စိတ်ကူး မျိုးကို ကူးနေသလဲ၊ ဂုဏ်သိက္ခာရှိတဲ့လူတွေ ကူးတဲ့ စိတ်ကူးမျိုးမှဟုတ်ရဲ့လားဆိုတာက ဘ၀ရဲ့ပြဿနာပါ။
ကြီးမြတ် တဲ့လူမျိုးဟာ ပေါက်တတ် ကရတွေကို စိတ်ကူးလေ့ကူးထ မရှိပါဘူး။ အခုကျွန်တော်တို့ စိတ် ကူးနေကြတာတွေက လက်မှတ်တစ်စောင်တည်းနဲ့ လူနှစ်ယောက်ဝင်လို့ရအောင် ကုန်းပိုးပြီးဝင်မယ်ဆိုတဲ့ စိတ်ကူးမျိုး။ သူများတကာ နှလုံးသားနဲ့၊ ဉာဏ်ပညာနဲ့ ရင်းနှီးထုတ်လုပ် ထားတဲ့ အခွေကို ခိုးကူးမယ်ဆို တဲ့စိတ်ကူးမျိုး။
လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို ခန့်မှန်းတဲ့ အခါ သူတို့မှာဘယ်လို စိတ်ကူးမျိုးတွေ ရှိနေကြ သလဲဆိုတာ ကလည်း ထည့်သွင်း တိုင်းတာရတဲ့ ပေတံတစ်ချောင်းပါ။ အခု...ကျွန်တော်တို့ စိတ်ကူးနေကြပုံတွေ...။
ရှက်ပါတယ်။ ။ 
မောင်သာချို
၇ိုး၇ာလေး
From...Search Myanmar