21 February 2016

ဖုန်း ဆိုတာ ပန်းလေးတွေကြွေစေဖို့ မဖြစ်ပါစေနဲ့

Myo Myint Maung's photo.

မိန်းခလေးတိုင်း ဖတ်သင့်ပါတယ်
ဖုန်း ဆိုတာ ပန်းတွေကြွေစေဖို့လား
@@@@@@@@@@@@@@@@@@@


' တောက် '
ညီမငယ် ၏ ဒိုင်ယာရီ စာအုပ်ကို ပိတ်ရင်း ကျွန်မတောက်ခေါက်လိုက်မိသည်။ မိုက်ရိုင်းလိုက်သည့် အကောင် လူမဆန်လိုက်သည့် အကောင်။ ထို အကောင်မျိုးတို့နှင့် ထိတွေ့စေနိုင်သော အဓိကတရားခံ တစ်ဦးအား လည်း စိမ်းစိမ်း ကားကားကြည့်မိသည်။


ခေတ်မှီ Touch ဖုန်းလေး လှပသည်။ အသုံးဝင်သည်။ သို့သော် အန္တရာယ်များသည်။သေစေနိုင်သည်။
ဖုန်းလေးကို ကိုင်လိုက်မိသည်။ တုန်ရီနေသော လက်တို့ကြောင့်အောက်သို့ပြုတ်ကျ သွားသည်။ 

အထိန်းအကွပ်မဲ့ကျဆင်းသွားသော ဖုန်းလေးက ကြမ်းပြင်ထက်မှာငြိမ်ငြိမ်လေး တိတ်ဆိတ်လျက်။ မကြာသေးမီက ခွေခွေလေးလဲကျနေခဲ့သော ညီမငယ်လေး အတိုင်းပင်။ မျက်ရည်တို့က အတိုင်းသား စီးကျလာသည်။ ညီမငယ် ညီမငယ် ကံဆိုးလိုက်တာကွယ်။
 


'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
'အစ်မ အစ်မ သိလား'
'သမီးမှာ ချစ်သူရှိနေပြီ'
'အလဲ့ ဟုတ်လှချည်လား'
'ပြပါဦး ညီမ ရဲ့'
'ဘယ်သူတုန်း ဘယ်ကတုန်း'
 


'ဟောဒီမှာကြည့် '
မတ်တပ်ရပ်လျက် ရိုက်ထားသောယောကျာ်းလေး တစ်ဦး၏ ပုံ
'အမယ် မဆိုးပါဘူး ချောသားဟ '
'အစ်မလိုတော့ အပျိုဟိုင်းကြီး အဖြစ်မခံနိုင်ပေါင်'
'အမလေးလေးတော် ဖြစ်ရလေ'
 


'နာမည်က ဘယ်သူလဲ ဘာလုပ်လဲ ဘယ်မှာနေလဲ'
'အဟီး ဘာမှ မသိဘူး နာမည်လေး တစ်ခုဘဲသိတာ'
'အေ ပြောစမ်းပါဦး'
'ကိုထက်လွင် တဲ့ အစ်မရဲ့'
'ကျန်တာတော့ ဘာမှမသိ'
 


'အင် ဒါနဲ့ညည်းက ဘယ်လို ချစ်သူဖြစ်တာတုန်း'
'အမယ်လေး ငါ့အစ်မ အပျိုကြီးရယ်'
'ဒါကြောင့် အပျိုကြီးဖြစ်နေတာပေါ့'
'ဒီခေတ်က online ခေတ်လေ အစ်မရဲ့'
'online ခေတ် online ပေါ်ကတွေ့တာ အစ်မရေ'
 



'အယ် ညည်းတို့ကလဲ စိတ်ချရပါ့မလား'
'အပြင်မှာတောင် တစ်ခါမှ မဆုံဖူးဘူး အစ်မရေ'
'ဟယ် အဲဒါကို နင်က ချစ်သူထားတယ်'
'အပျော်ပေါ့ အစ်မရယ်'
 

'online ပေါ်က ဘယ်သူက အသားလာထိလို့ ရလို့လဲ။ အပြင်မှာ ရည်းစားထားရင်တောင် ဟိုတို့ ဒီတို့ ခံနေရ ဦးမယ်။ အခုတော့အေးဆေး စကားလေး ဘာလေးပြော။ ပုံလေးဘာလေးပို့ပေးရုံဘဲ။ ဘယ်လောက်မိုက်လဲ။
အပြင်က ချစ်သူတွေထက်တောင် စိတ်ချရသေး'
 


'မသိတော့ပါဘူးအေ။  ညည်းတို့ခေတ်က အဆန်းတွေချည်းဘဲ။  ကျုပ်တို့တော့ အံ့သြပြီးရင်း အံ့သြနေ ရတော့ တာဘဲ။  ဂရုတော့ စိုက်ဦးနော်။ ကိုယ့်ကို ဘာထိခိုက်လာနိုင်မလဲ စဉ်းစားဦး။'
 

'အမလေး အစ်မက မရှိ ရှိတာတွေတွေးပူနေပြန်ပြီ။ ကိုယ့်ကို ကိုယ်ထိခိုက်မယ့် အလုပ်မျိုးတော့ သမီးက လုပ်ပါ့ မလားလို့။ စိတ်ချပါ အစ်မရဲ့။  သတိထားပါ့မယ်နော်။'

'မေနှင်းရေ မေနှင်း'
အမေ့ခေါ်သံကြောင့်သတိပြန်ဝင်လာရင်း
'ဟုတ် ဘာလဲ အမေ'
'ဒီမှာ ရဲတွေရောက်နေတယ်
' နင့်ကိုမေးစရာလေးတွေ ရှိလို့တဲ့ '
 


ရဲတွေမြင်မှ  သည်ရဲရဲဖြာနေသောမြင်ကွင်း တစ်ခုဆီသို့ အတွေးကပြန်ရောက်သွားသည်။
 

အဲဒီနေ့က မိညိုတို့ အိမ်ကပြန်လာပြီးပြီးချင်း အိမ်ပြန်ရောက်တော့ အလုပ် အရေးကြီး ကိစ္စ တစ်ခုဖြင့် ချက်ခြင်း ခရီးထွက်ရသည်။ နောက်နေ့တစ်ရက်လောက်တော့ ကုန်သွားသည်
 

ခရီးကပြန် လာတော့ မနက်စောစောပြန်ရောက်၍ မိညိုတို့အိမ် အရင်ဝင်မိသည်
'မိညိုရေ မိညို'
'အေးအေး သမီး လာလာ'
' မိညို  အိပ်ခန်းထဲမှာနေဖင်ထိုးနေပြီ အခုထိ မထသေးဘူး'
'မေနှင်းဘဲနှိုးပြီး ကြီးမေဆီခေါ်ခဲ့ပေတော့'
'ဟုတ် ကြီးကြီး'
 


'မိညိုရေ မိညို   ထတော့လေ'
အိပ်ခန်းထဲကို ဝင်လာ ကတည်းကခေါ်လာလိုက်တာ
အိပ်ရာထက်မှာလည်း မတွေ့
ရေချိုးခန်းရှေ့ဆီ တဖြည်းဖြည်းလျှောက်လာသည်
လော့ချထားလား မချထားလားကြည့်မိသည် ။
 

 လော့က ချမထား
တဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်
အမလေး မိညို  မိညို  မိညိုရေ
 

လက်ကောက်ဝတ်မှ စီးကျလာသောသွေးများဖြင့်ရေချိုးခန်း တစ်ခန်းလုံး ရဲရဲနီလျက် အဆိုပါသွေးအိုင် ကြား ဝယ်ခွေခွေလေး လဲလျောင်းလျက် ရှိသောကျွန်မ ၏ ညီမလေး မိညို  မိညိုရေ   ......    အားးးးးး မိညိုရဲ့


' ညီမ ညီမ ညီမ ရရဲ့လား '
'အော် အင်း ဟုတ်ကဲ့'
'အစ်ကိုတို့  ဘာမှမေးစရာ မရှိတော့ပါဘူး'
'ဒီသက်သေခံ စာအုပ်လေးပြန်လာပေးတာ'
'ဟုတ်ကဲ့'
 


ဒိုင်ယာရီလေး တစ်အုပ်
စာအုပ်ကို ဖွင့်လိုက်သည်နှင့် ဇာတ်လမ်းလေး တစ်ပုဒ်ကမြင်ကွင်းတွင် စတင်ပေါ်ပေါက်လာသည်


ဒီနေ့ Facebook စသုံးတယ်
Profile picture တင်ပြီးတာနဲ့လူတစ်ယောက်က အရင် စအပ်တယ်
ပထမဆုံး Facebook friend မို့ ဝမ်းသာအားရ လက်ခံလိုက်မိတယ်
အကောင့်နာမည်က ထက်လွင်  တဲ့



တဖြည်းဖြည်း နဲ့ထက်လွင်  ကို  သံဃောဇဉ် တွယ်လာမိတယ်။ကျွန်မ ပုံတင်တိုင်း ဘာပုံဖြစ်ဖြစ် like ပေး တယ်
'လှလားဟင် ' ဆိုရင် 'နတ်သမီးလေးလို လှပါ့ ' တို့ 'ချောလိုက်တာ မွတ်နေတာဘဲတို့'။ 'စားပါဦး ' ဆိုရင် 'တကယ်လာ  စားရမလား 'တို့ 'စားကောင်းမဲ့ပုံဘဲနော် တို့ ' အမြဲတမ်း ကွန်မန့်ပေးတယ်။ 


Facebook စကား နဲ့ပြောရင် ever liker commenter ပေါ့။ အပြင်မှာ မမြင်ဘူးပေမယ့် စိတ်ထဲမှာ တဖြည်းဖြည်း ရင်းနှီးလာမိတယ်။ ကိုထက်လွင် ဆိုတာ ဖြူဖြူချောချော နဲ့စိတ်ထားကောင်းမယ့် အစ်ကို တစ်ယောက်ဖြစ်မှာ ပါလေ။

ဒီနေ့  အိမ်နဲ့ပြဿ        နာတက်တယ်။   Feeling sad ဆိုပြီး ဘာစာမှ မရေးဘဲ တင်ထားလိုက်တယ်။ တင်ပြီးပြီးချင်း မကြာခင် message တစ်ခု ဝင်လာတယ်။  ကိုထက်လွင်  ဆီကပေါ့။
 

'မင်္ဂလာပါ ကလေးမ'
'ဟုတ်ကဲ့ပါ အစ်ကို'
'ဘာတွေ  စိတ်ညစ်နေတာတုန်း'
'ဒီလိုပါဘဲ အစ်ကို ရာ အိမ်နဲ့ကွိုင်တက်နေလို့'
 

' မှန်မှန်ပြောစမ်း လူကြီးတွေက ဆိုးတာလား ငါ့ညီမက ဆိုးတာလား'
'အမယ် ဖြစ်ရလေ ဘယ်သူမှ မဆိုးဘူး'
'ကြားထဲက နားလည်မှု လွဲသွားလို့'
'အေးပါ အေးပါ ငါ့ညီမက ဝမ်းနည်းနေတယ် ဆိုလို့လာမေးကြည့်တာ'
'Bye ညီမ'
'စိတ်ချမ်းသာအောင်နေပါလေရစ်'
'ဟုတ်ကဲ့ပါအစ်ကို ကျေးကျေးပါ'
 


ချက်ခြင်း ဆိုသလို out သွားခဲ့သောကြောင့်  ကိုထက်လွင်  အပေါ်ဆက်၍မေးချင် သိချင် ပြောချင်လာသည့် စိတ်များ ကို အတင်းမြိုချလိုက်ရသည် ။

'မင်္ဂလာပါ ညီမ'
'ဟုတ်ကဲ့ပြောပါ ကိုထက်လွင်'
'ညီမကိုမေးစရာရှိတယ်'
'မေးပါ အစ်ကို'
 


'ညီမမှာ အိမ်တွေခြံတွေရောင်းမယ့် အသိရှိလား'
'ဟင့်အင်း မရှိဘူး အစ်ကို ဘာလို့'
'အစ်ကိုတို့ ပိုက်ဆံတွေ ပိုနေလို့ အဲဒါ  ဝယ်ထားမလားလို့ အိမ်ဈေးတွေ က တက်နေတော့လေ'
'အလဲ့ အလဲ့ သူဌေးပေါ့လေ ကြည့်စမ်း'
'မဟုတ်ပါဘူး သိန်းတစ်ထောင်လောက်ဘဲ ချမ်းသာတာပါ'
 


'အမလေးလေး အဲဒါသူဌေး မဟုတ်ဘူးလား'
'နောက်တာပါ ညီမရာ ဘယ်က ချမ်းသာရမှာလဲ အမေ့ဘက်က အမွေ ရလာလို့ပါ'
'အင်းပါ အစ်ကို တကယ်လို့ညီမ တို့ဝန်းကျင်မှာ ရှိရင် အစ်ကို့ကိုပြောမယ်လေ'
'ဟုတ်ပြီ ဟုတ်ပြီ ညီမ Bye'
အမယ့် ကိုထက်လွင် က သူဌေးဟ


ဒီလိုနှင့်နေ့တိုင်း စကားတွေလာပြောနေသော ကိုထက်လွင် အား သံဃောဇဉ်ကြိုး ကနွယ်ပင် ကလေးလို တွယ်တွယ် လာခဲ့သည် ။
ဟို အေးမို့ ဆိုတဲ့စာရေးဆရာမလေး ရေးသလိုပေါ့ ....



 နွယ်ပင်
÷÷÷÷÷

သံယောဇဉ် ကြိုး
ဘယ်သူပျိုး
တန်ခိုး ရှိန်ဝါ ပြင်းလှတယ်။

မေတ္တာနဲ့ ပေါင်း
ထပ်ခါ လောင်း
အကြောင်းရင်း က ရှာမလွယ်။

နွယ်ကြိုးတွေရယ်
ခိုင်လှတယ်
ရစ်လွယ် ပတ်လွယ် ခက်တယ်ကွယ်။

တစ်ကယ် တစ်ကယ် ကျွန်မ ရဲ့မခုန်ဘူးသေးတဲ့နှလုံးသားလေး စတင်ခုန်လာခဲ့ပြီ


'ကိုထက်လွင်'
'ရှင် အဲ ဗျာ အဲ ညောင် အဲ ဗျောင်'
'အာ ပြောင်စပ်စပ်နဲ့'
'စပ်ရင်ရေသောက်လေ'
အာ သေတော့မယ်'
'မလုပ်ပါနဲ့ သားက လူပျိုလေး ရှိသေးတယ်'
' အင် သေလေ'
'သေနိင်သေးပါဘူး လူပျိုကြီးဘွက ကျွတ်မှ သေချင်သေပလေ့စေ'
'အခုထိ ချစ်သူ မရှိသေးဘူးလား'
'ရည်းစားဆိုလို့ မူးလို့တောင် ရှုစရာမရှိဘူး'
 


'ရုပ်ဆိုးလို့နေမှာပါ'
'အမယ် ဒီမှာ ကိုယ့်ပုံကြည့် ကြည့် ' ဆိုကာ ဓာတ်ပုံ တစ်ပုံ ပို့ပေးသည်
ဟယ် ကိုရီးယား မင်းသားလေးလို တစ်ကယ်ကိုချောလှသည်
 

'အလဲ့ အချောသားဘဲ'
'အဲဒါကို ရည်းစား မရှိဘူးဆိုတော့ မယုံနိုင်စရာဘဲ '
'တကယ်ပါ ညီမရေ'
'အရင်က တစ်ယောက်ရှိခဲ့ ဘူးတယ်'
'အစ်ကို အရမ်းချစ်ခဲ့တာ'
'ဒါပေမယ့်လည်း အစ်ကို့ကို ထားသွားခဲ့တယ်'
'ပြောရင်းတောင် သတိရလာမိတယ်'
'Sorry ညီမရယ်''?
သနားဂရုဏာစိတ်တို့တဖွဖွယိုဖိတ်လာသည်'
 


'ငါ့အစ်ကိုက ဘာပြစ်ချက် ရှိလို့ပစ်သွားရတာတဲ့လည်း'
'မသိပါဘူး ညီမရယ်'
'အစ်ကိုကတော့ ချစ်နေမိဆဲဘဲ'
'အော် သူမှ မချစ်နိုင်ဘဲလေ'
 


'အင်း အစ်ကို အလုပ်လေးပေါ်လာလို့'
'တာ့တာ ညီမရေ'
'ဟုတ်ကဲ့'
အော်သစ္စာမရှိသည့် မိန်းမ တစ်ယောက်ကြောင့် င့ါအစ်ကို ရင်ကွဲခဲ့တာပါလား
စိတ်မကောင်းလိုက်တာ အစ်ကိုရာ



ဒီနေ့ဆို facebook သုံးတာ ခုနှစ်လတောင် ရှိတော့မယ်
ကိုထက်လွင် နဲ့လည်းတော်တော် ရင်းနှီးလာပြီ
နောက်ပိုင်းတော့ ကိုထက်လွင် စကားများက အနှောင့်အသွား မလွတ်တော့
ခက်သည်က ကျွန်မ ကိုယ်တိုင်လဲ
အဲဒီ အနှောင့်အသွား မလွတ်တာလေးကိုဘဲ သဘောကျနေမိတာလေ ။



'ညီမ ဖုန်းနံပတ်လေးပေးနိုင်မလား'
'ဟုတ် ၀၉××××××××'
'အစ်ကို့ ဖုန်းက ဒီမှာ'
' ၀၉××××××××'
 


' ဖုန်းဆက်လို့ရတယ်မလား ဆက်မယ်နော်'
'ဟုတ်ကဲ့ဆက်ပါ အစ်ကို'
ကိုထက်လွင် က ဖုန်းနံပတ်တောင်းသွားပြီးနောက်ပိုင်း ဖုန်းကို တကြည့်ကြည့်ဖြစ်နေခဲ့မိတာ ကျွန်မပါ



'အင်း ညီမ အစ်ကိုပြောစရာရှိတယ်'
'ပြောလေ အစ်ကို'
'အစ်ကို့ကို စိတ်မဆိုးရဘူးနော်'
'အာ စိတ်ဆိုးစရာလား'
'အစ်ကို့ကို မုန်းမသွားရဘူးနော်'
'အာ မမုန်းပါဘူး'
 


' အစ်ကို့ကို ဘယ်လို စိတ်ထားထား အခုလိုမျိုးလေး ဘဝကို မရုတ်သိမ်းသွားရဘူးနော်'
'ဟုတ်ကဲ့ပါ အစ်ကိုရယ်'
'ပြောမှာဖြင့်ပြောပါ'
မျှော်တလင့်လင့်ဖြစ်နေမိခဲ့သည် ။



'ချစ်တယ် ညီမရယ်'
'တကယ်တော့ ညီမကို ချစ်နေမိခဲ့တာကြာပါပြီ Profile picture လေး  စမြင်ကတည်းက  ချစ်မိသွားတာ'
'တကယ်ပါ မလိမ်ပါဘူး ညီမရယ်'
 


'ညီမ မျက်နှာလေးမြင်နေရရင် အစ်ကို အလိုလိုပျော်နေမိတာ'
'ညီမ တင်သမျှပုံတွေ အစ်ကို အကုန် save လုပ်ထားတယ်'
'ဟယ် တကယ်လား'
'ဟုတ်တာပေါ့ ညီမရယ်'
'အစ်ကို က ငယ်ချစ်ဦးကြောင့် အချစ်ကို အရမ်းကြောက်နေမိခဲ့တာ'
'ညီမ နဲ့တွေ့မှသူ့အလိုလို အချစ်က ရှင်သန်နိုးကြားလာခဲ့တယ်'
 


'အစ်ကို့ကို မချစ်နိုင်ဘူးဆိုလဲ ရပါတယ်နော်'
'အဝေးကို ထွက်သွားဖို့ စိမ်းကားဖို့တော့ မကြံလိုက်ပါနဲ့နော်'
'အစ်ကိုတောင်းပန်ပါတယ်'
'အစ်ကို့ကိုပြန်ချစ်ပါနော်'
'အင်း စဉ်းစားရဦးမယ်လေ'
'စဉ်းစားပါ စဉ်းစားပါ ဘဝ တစ်လျှောက်လုံး လက်တွဲသွားရမယ့်ကိစ္စဘဲ'
'သေချာစဉ်းစားပါ'
'ပြီးရင်ချစ်တယ်လို့ပြောပါနော်'
'အင် ပိုင်စိုးပိုင်နင်း'
'ဒီလို စီးပိုးနေရင်တော့ မချစ်နိုင်တော့ပေါင်'
'အာ အာ မလုပ်ပါနဲ့အစ်ကို အဖြေကောင်းကိုစောင့်မျှော်နေမယ်နော်'
'အရမ်းချစ်တယ် ကလေးမရယ်'
'တော်ပါ လျှာ အရိုးမရှိတိုင်း'
'တကယ်ချစ်လို့ပါကွာ'
'တော်ပြီ'
'စပါယ်ရှယ်ကိုချစ်တာ'
'အာ အပိုတွေ တော်ပြီ တော်ပြီ ဒါဘဲ ဒါဘဲ'
Internet ကို ပိတ်လိုက် သလိုနှလုံးသားကိုလည်း ပိတ်လို့ရရင် သိပ်ကောင်းမှာဘဲနော်
ရင်တွေ ခုန်လွန်းလို့လေ



'ချစ်တယ် ကို'
'တကယ်လားဟင်'
'တစ်ကယ် နှစ်ကယ် သုံးကယ် လေးကယ်'
'တကယ်လားလို့'
'အင်းပေါ့လို့'
'ဟ ဟ ဟ ပျော်လိုက်တာ ညီမရာ'
 


ချက်ခြင်း Phone call ဝင်လာသည်
ကိုထက်လွင် ဆီက
'အင် ဘာလည်း online ကလည်းပြောလို့ရတာဘဲကို'
'မရပါဘူး ဒီအသံ ချိုချိုလေးကို ကြားချင်သေးတာပေါ့လို့'
 


'ချစ်လားဟင်'
'ဘယ်နှစ်ခါမေးနေမှာလဲ'
'သေတဲ့အထိ'
'တကယ်ကော တစ်သက်လုံး ချစ်မှာမို့လား'
'အခု ဘဝမှ နောင်သံသရာ အဆက်ဆက်ထိ'
'အပိုတွေ သိပ်ပြောတာဘဲ သိလား'
'တကယ်ချစ်လို့ပါ ကလေးမရယ်'
 


'ကိုယ့်ကို ချစ်လားဟင်'
'အရမ်းချစ်တယ် ကို'
ဖုန်းကို ဆတ်ခနဲ ချပစ်လိုက်သည်
တဆတ်ဆတ် ခုန်နေသော ရင်ကိုတော့ ချပစ်လို့ မရသေးပါလား



ဒီလိုနှင့် ဖုန်းတွေပြော Message တွေပို့နှင့် အပြင်မှာ တစ်ခါမှ မတွေ့ဘူးကြပေမယ့်လေလှိုင်းထဲမှ ကြင်နာ ယုယ မှုလေးတွေကိုပင်လျှင်ကျေနပ်နေမိခဲ့သည်။ ရည်းစားထားတယ် ဆိုတာ ဒီလောက်ပျော်စရာကောင်းရင် အစောကြီး ကတည်းက ထားခဲ့ပါတယ် ဒိုင်ယာရီလေးရယ်
'တောက် အချိန်တွေနှမြောလိုက်တာ '
 

ဟိဟိ ဒီ စကားကြားရင်တော့ မမ ကျွန်မကို ထုတော့မည်
မမ ကို ချစ်သူ သက်တမ်း သုံးလပြည့်မှ ဖွင့်ပြောပြမည်ဟုကြံထားခဲ့သည် ။


ဒီနေ့က ချစ်သူသက်တမ်း သုံးလပြည့် မိတ်ဆွေဖြစ်တာ တစ်နှစ် နဲ့တစ်လပြည့်တဲ့နေ့
မနက်စောစော ထုံးစံ အတိုင်း မမ အိမ်ကိုပေါက်ချလာသည်။



ကိုထက်လွင် ဓာတ်ပုံကိုပြရင်း မိတ်ဆက်ပေးမိတော့
'အချောသားဟ 'ဆိုပြီး အပြင်မှာကောမြင်ဘူးလို့လားမေးသည် ။
ဟင့်အင်း Online ချစ်သူလေ ဆိုတော့တော်တော့်ကို နားမလည်နိုင်သည့် မျက်နှာ အမူအယာဖြစ်သွားသည်
 


'သတိထားနော် 'လို့ပြောတော့
'မမ ကလည်း online မှာချစ်သူဖြစ်တာ သမီးအသားတောင် သူထိလို့မရဘူး 'ဆိုတော့ စိတ်ချ သွားဟန်ဖြင့်
 


'မမ ခရီးသွားရဦးမယ် တစ်ရက်လောက်တော့ကြာမယ် ဂရုစိုက်နော် မမ အလုပ်တွေ ရှုပ်မှာမို့ အဲနေ့ဖုန်းတောင် ဆက်နိုင်မယ် မထင်ဘူး'
'အာ  ပေတူးမ မမ မရှိတဲ့အချိန် ကိုယ့်ကိုကိုယ် ဂရုစိုက်နော်'
'ဟုတ်ကဲ့ မမ စိတ်ချပါ'
 


မမ ထွက်သွားပြီးသည်နှင့် မကြာခင် ကိုထက်လွင် ဆီမှ ဖုန်းဝင်လာသည် ။
'ညီမ အစ်ကို အလုပ်ကိစ္စနဲ့နိုင်ငံခြား သွားရတော့မယ်'
'ညီမ နဲ့အရမ်းတွေ့ချင်မိတယ်ကွာ'
'အစ်ကို နဲ့အပြင်မှာတွေ့နိုင်မလား'
 


'စိတ်ထဲမှာ ရုတ်တရက် ဝမ်းနည်းလာမိသည်'
'အင်းလေ အစ်ကို ဘယ်မှာတွေ့မလဲ'
'လူရှင်းတဲ့နေရာ စကားအေးဆေးပြောလို့ရမယ့်နေရာပေါ့ ညီမရယ်'
'×××××× ဒီနေရာကိုလာခဲ့'
'လာခဲ့ပါနော် အစ်ကိုနိုင်ငံခြား မသွားခင် အရမ်းကိုတွေ့ချင်နေမိလို့ပါ'
'အင်းပါ အစ်ကိုရယ်'
'ဒီနေ့တော့ လုပ်စရာလေးရှိသေးလို့'
'မနက်ဖြန်မနက်မှတွေ့မယ်နော် အစ်ကို'
'စောင့်နေနော်သိလား'
'မျှော်နေမယ်နော် ညီမ'
'အင်း အင်း'



မနက်နိုးလာသည်နှင့် ကမန်းကတမ်းရေမိုးချိုး၍ ချိန်းထားသောနေရာသို့ အသည်းအသန် သွားမိသည်
စိတ် ထဲ မှာလည်း ကို့  ကို အရမ်းတွေ့ချင်နေမိသည် ။နေရာရောက်တော့ တကယ့်ကို လူပြတ်သောနေရာ ပင်။ 


ကျွန်မ ကို  တွေ့သည်နှင့် ကို ထိုင်နေရာက ထလာသည်။  ပြေးလာပြီး ကျွန်မကို တင်းတင်း ဖက်ထားသည်။ ကျွန်မငြင်းဆန်ချင်စိတ် မရှိသလို ရုန်းကန်ချင်စိတ်လဲ မရှိ။ စိတ်ထဲမှာဝေးရတော့မည် ဆိုသာ အသိတစ်ခု ကနောင်လာမည့် အနမ်းများကိုရော အထိအတွေ့ အပွတ်အသပ် အချော့အမြူများကိုပါ လိုက်လျောပေးစေ ခဲ့သည်။ 

တဖြည်းဖြည်းပြင်းရှ လာပြီး ကတုန်ကယင် ပါဖြစ်လာသည့် အတွက်ကြောင့်သာ
'တော်ပြီ ကို ရယ် ' ဟု အသံဖျော့ဖျော့နှင့်တောင်းဆို လိုက်သည် ။




ကိုထက်လွင် က လူခြင်းခွာသည်။  ပခုံးနှစ်ဖက်ကို  ကိုင်ထားရင်း
'ချစ်တယ် ညီမရယ် ။ အရမ်း ချစ်တာဘဲ'
'အစ်ကိုက တစ်နှစ်လောက်ကြာမယ် ထင်တယ်'
 


'အင် တစ်နှစ်တောင်'
'ဟုတ်တယ် ညီမရယ် ။  ဒါကြောင့် ထိန်းချုပ်  မထားနိုင်တော့ဘဲ အကုန်  လွတ်ထွက် ကုန်တာပါဗျာ '''ခွင့်လွှတ်ပါနော် ညီမရယ် ခွင့်လွှတ်ပါနော်'
'အစ်ကို့ကို အထင်အမြင်သေးစိတ် ပျက်သွားပြီလားဟင်'
'စိတ်မဆိုးပါနဲ့နော်'
'မဆိုးပါဘူးလို့'
'အစ်ကို တစ်ခုလောက် ထပ်တောင်းဆိုလို့ ရမလားညီမရယ်'
'တစ်ခုတည်းပါကွာ တစ်ခုတည်းပါနော်'
'ညီမကို အစ်ကို  တစ်နေရာခေါ်သွားပါရစေ'
'လိုက်မယ်  မလားဟင်'
 


အသိစိတ်တို့က ဘာကို ဆိုလို၍ ဘာကို  ရည်ညွှန်းနေမှန်း သိသော်လည်းဘဲ အစောက အထိအတွေ့ အပွတ် အသပ် တို့ကြောင့် ခုန်နေသော နှလုံးသားက မငြင်းဆန်ခဲ့လေတော့ ။


ဤသို့ဖြင့်တည်းခိုခန်း တစ်ခု၏ အခန်း တစ်ခန်းဆီသို့ ကျွန်မတို့နှစ်ဦးသားရောက်လာခဲ့သည် ။
ခုတင်ဘေးမှာခြေစုံ ရပ်ရင်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်းမှ သည်------------------------------



ကိုယ်လက်တို့က တဆစ်ဆစ် ကိုက်ခဲနေသည်။  ဘေးမှာ ကို မရှိတော့။ ကိစ္စဝိစ္စ များပြီးဆုံးတော့နှစ်ယောက် သားမောမောနှင့် အတူ ဖက်လျက် အိပ်ပျော် သွားကြသည်ကို သတိရမိသည်။ အပြုံး အချို့က မျက်နှာတွင် ပွင့်ဖူး လာသည်။

အတွေ့ထူး အငွေ့ထူးမို့ရူးမတတ် ခံစားရသည် ။ကိုယ်တကယ် ချစ်သူအား အပျိုစင် ဘဝကို နှင်းအပ် ရခြင်း သည် စိတ်ထဲတွင် မည်မျှကြည်နူးမိကြောင်း လက်တွေ့ကြုံမှပင် ယုံရပေတော့မည်။ ကို က မနက်ဖြန် စာချုပ်မှာ လက်မှတ်ထိုးမယ်ပြောတာဘဲ။ အခုတော့ ဘယ်ရောက်နေလဲ မသိ။မြန်မြန်ပြန်လာခဲ့ပါတော့ ကို ရယ်။  ဒီမှာညီမ  လွမ်းလှပြီ။ အခန်းဝ  တံခါးက  တဖြည်းဖြည်းပွင့်လာသည်။
 


'ဟင် ကို ရေ ကိုကို လားဟင်'
'ကို ပြန်လာပြီလား'
ဟာ လူစိမ်း တစ်ယောက်
'ရှင် ရှင် ဘယ်ခန်းထဲ ဝင်လာတာလဲ ပြန်ထွက်သွား ပြန်ထွက်သွား'
 


'ဟား ဟား'
'ရှင် ရှင် ကျွန်မ ကိုကိုရောက်လာရင် ရှင့်ကို သတ်မှာနော်'
'ကိုကို ပြန်မရောက်ခင် ထွက်သွား သွား လို့ပြောနေတယ်'
'အေးဆေးပေါ့ကောင်မလေးရယ်'
'ညည်းကိုဈေးကြီးပေး ဝယ်ထားရတာ ဘာလို့နှင်ထုတ်နေတာတုန်း'
'ရှင် ဘာစကားပြောတာလဲ'
'ဟုတ်တယ်လေ မင်း သိပ်ချစ်ရပါတယ် သိပ်မြတ်နိုးရပါတယ် ဆိုတဲ့ မင်း ကိုကိုက မင်းကို ငါ့လက်ထဲရောင်း စား သွားတာလေ'
 


'အမယ်ပြောလိုက်သေး'
'ဒါလေးကို ကြာကြာစောင့်ပြီးမှ ခွင်ဖန်လိုက်နိုင်လို့ အပျို ဖူးလေးတော့ခြွေပါရစေ ဆိုပြီးပိုက်ဆံ ထပ်ပေး တာတောင် မယူ ဘဲ အပျိုရည် ပျက်အောင် လုပ်သွားသေးတယ်'
 


'ဟား ဟား လာပါကွာ'
'မင်း ကိုကိုနဲ့တုန်းက အရမ်းကောင်းတယ် မလား'
'မင်းကိုကိုထက် တို့က ဝါရင့်ပါတယ်'
'မင်း ကိုကိုထက်ကောင်းစေရမယ်'
'လာထား ' ဆိုကာ ကုတင်ပေါ်ရောက်လာသည်
ခွန်အား ရှိသမျှ ရုန်းကန်အော်ဟစ်ပါသော်လည်း-----------------------------------------------------------




 ဘေးတစ်စောင်းလှဲ မျက်ရည် တသွင်သွင် စီးကျနေရင်းခွေခွေလေး လှဲနေမိသည်
လူကြီးက အဝတ်အစားတွေပြန်ဝတ်ရင်း
 


' ဒီမယ် ကလေးမ မင်းကြိုက်တဲ့ဆီ  တိုင်
ပြောချင်တာက အခု ငါတို့ဖြစ်ပျက်ခဲ့သမျှ ကို ဗီဒီယို ရိုက်ထားတယ်
မင်း တိုင်တာနဲ့ online ပေါ်ပြန့်ပြီးသားဘဲ သဘောပေါက်တယ်ဟုတ်'
'လုပ်ရဲရင်တော့ လုပ်ကြည့်ပေါ့ကွာ ဟား ဟား
ဟား ဟား ဟား ဟား ' အားရပါးရရယ်ကာ ထွက်သွားသည်။
 


သွားပြီ သွားပြီ ကျွန်မ ဘဝတစ်ခုလုံးရေစုန်မျောပါသွားသလို ခံစားမိသည် ။
ကို ရယ် ကို့  အပေါ် ညီမ ရဲ့ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ရက်တယ်နော်
ကျွန်မ ကိုရောင်းစားသွားတာဆို။ ခွင်ဖန်  သွားတာဆို။  ဟုတ်လား။ပြန်လာခဲ့ပါ ကိုရယ်။ ကို မရှိတုန်း အဲဒီ လူကြီး လာစော်ကားသွားတာနေမှာပါ။



ကိုပြန်လာရင် ကျွန်မကို လက်ထပ်မှာပါ နော် နော်။
ဖုန်းဆီကို လက်လှမ်းသည်။ ကို့ ဖုန်းကို လှမ်းခေါ်သည်။ စက်ပိတ်ထားသည်။ ထပ်ခါ ထပ်ခါခေါ်သည်။ စက်ပိတ် ထားသည်။ တစ်နှစ်ကျော်ကြာ ရင်းနှီးမှုတွေ ချစ်ခဲ့ မိတဲ့အချစ်တွေက အခုလိုခြွေချ ခံရဖို့ဘဲလား။
' ရက်စက်လိုက်တာ ကို ရယ် ။ ရက်စက်လိုက်တာ။'
 


မျက်ရည်ကို ထိန်း စိတ်ကို သိမ်း၍ ဒယီးဒယိုင် ဖြစ်နေသောခြေလှမ်း တို့ဖြင့် အိမ်ကိုပြန်လာခဲ့မိသည်။ အိပ်ခန်း ထဲရောက်မှ တံခါးကို ပိတ်ရင်းခေါင်းအုံးပေါ် မျက်နှာ အပ်၍ အားရ ပါးရ ငိုမိသည်။  တစ်ကိုယ်လုံး အထိ မခံနိုင်လောက်အောင် ကိုက်ခဲနေသော်လည်းနှလုံးသား ရဲ့နာကျင် ကိုက်ခဲမှုကို မှီနိုင်ပါဦးမလား ။


'မမ ကလည်း ဒီနေ့မှ ခရီးထွက်သွားတယ်
မမ နဲ့တွေ့ချင်လိုက်တာ
ငါ ဘာဆက်လုပ်သင့်လဲ
ငါ့ မမကော ငါ့ကို ဘယ်လို အကြံပေးမှာလဲ မသိဘူးနော်
ငါမှား ခဲ့တယ် အလွန့်အလွန်ကို မှားခဲ့တယ်
ဒါပေမယ့် င့ါဘဝကို ငါ အရှုံးမပေးချင်သေးဘူး
ဘာကြီးဘဲဖြစ်နေဖြစ်နေ ရှင်သန်နေနိုင်ရမှာဘဲ
ဒါ ဘဝဘဲ ဟုတ်တယ်
 


ငါ့ မမလည်း ရှိတယ် ငါ ဘဝခရီးကို ရဲရဲလျှောက်လှမ်းနိုင်ရမယ်
ဟန်ဆောင် အင်မတန်ကောင်းပြီး ကျောရရုံသာ ကြံသော ထို လူယုတ်မာအားလည်း စိတ်ထဲမှ ထုတ်ပစ်နိုင် ဖို့ကြိုးစားရမယ် ။



ကလင် ကလင် ဟော  ဖုန်းတစ်ခု  လာနေတယ်။
ဒိုင်ယာရီလေးရေ ပြီးမှရေးတော့မယ် တာ့တာနော်'



ဒိုင်ယာရီလေးရေ အစောတုန်းက စိတ်ကူး မိခဲ့တာတွေ ရှေ့ခရီးလမ်းကို ရဲရဲ ဆက်လျှောက်မယ် ဆိုတာတွေ မလုပ်နိုင်တော့တာတောင်းပန် ပါတယ် ။


ခုနက ကျွန်မဆီ ဝင်လာတဲ့  ဖုန်းပိုင်ရှင်က.....
'ညီမ တစ်ည ဘယ်လောက်လဲ တဲ့'
'ဘာကိုပြောတာလည်း  မသိဘူးရှင့် ' ဆိုတော့
'ဟို Movie ထဲကကောင်မလေး မလားတဲ့'
 


'တောင့်ဖြောင့်နေလို့ ချစ်စရာလေးမို့ခေါ်မိတာ ပါတဲ့'
'ကြိုက်ဈေးတောင်းပါတဲ့'
ဖုန်းကို ချလိုက်တယ် ရင်တွေ ကတော့ တဆတ်ဆတ် တုန်နေတုန်းဘဲ
ငါ့ဘဝ သွားပြီ ဒိုင်ယာရီလေးရယ်
ငါ့ဘဝ ငါ့ဘဝလေး ကြေမွ ကုန်ပါပြီ ဒိုင်ယာရီလေးရယ်
ငါ ငါ ငါ့ ဘဝလောကဓံကြီးကို ငါအရှုံးပေးလိုက်ပါပြီဟာ
ပေးလိုက်ပါတော့မယ်
ပေးလိုက်ပါတော့မယ်ဟာ

'တောက်'
 



ညီမငယ် ၏ ဒိုင်ယာရီ စာအုပ်ကို ပိတ်ရင်း ကျွန်မတောက်ခေါက်လိုက်မိသည်။ မိုက်ရိုင်းလိုက်သည့် အကောင် လူမဆန်လိုက်သည့် အကောင်။ ထို အကောင်မျိုးတို့နှင့် ထိတွေ့စေနိုင်သော အဓိက တရားခံ တစ်ဦး အား လည်း စိမ်းစိမ်း ကားကားကြည့်မိသည်။


 ခေတ်မှီ Touch ဖုန်းလေး
လှပသည်။ အသုံးဝင်သည်။ သို့သော် အန္တရာယ်များသည်။သေစေနိုင်သည်။

ဖုန်းလေးကို ကိုင်လိုက်မိသည်။ တုန်ရီနေသော လက်တို့ကြောင့်အောက်သို့ပြုတ်ကျ သွားသည်။ အထိန်း အကွပ် မဲ့ကျဆင်း သွားသော ဖုန်းလေးကကြမ်းပြင်ထက် မှာငြိမ်ငြိမ်လေး တိတ်ဆိတ်လျက်။ မကြာသေးမီက ခွေခွေလေးလဲကျနေခဲ့သော ညီမငယ်လေး အတိုင်းပင်။
မျက်ရည်တို့က အတိုင်းသား စီးကျလာသည်။
 


ညီမငယ် ညီမငယ် ကံဆိုးလိုက်တာကွယ်။
ဖုန်းလေးကိုပြန်ကောက်ယူမိသည်
သူကတော့ ဘာမှ မဖြစ်ဘူးရယ်
ကျွန်မ ညီမငယ် ၏ ဘဝလေးကိုလည်း ထိုသို့ပြန်လည်ကောက်ယူချင်မိသည် ။  ကောက်ယူချင်မိသည်
ညီမငယ် ကတော့ ပွင့်ဖတ် ကလေးတွေလို တစ်စဆီကြွေလွင့်သွားလို့ရယ်
 


 အော် ဒီဖုန်း ဒီ  လူယုတ်မာတွေကြောင့် ပန်းလေးတွေ ဘယ်နှစ်ပွင့်ကြွေလွင့်ခဲ့ရပြီလဲကွယ် ။

နှုတ်ဖျားက စကားတစ်ခွန်း ဖွဖွရေရွှတ်မိသည်
 

' ဖုန်း ဆိုတာ ပန်းလေးတွေကြွေစေဖို့ မဖြစ်ပါစေနဲ့လား အရှင်ဘုရားရယ် '



 Myo Myint Maung 19 December 2015 ·
#‎Minctionary‬ ‪#‎ပွင့်ကြေဖတ်ကြွေ‬
photo by- Myo Myint Maung(ဖျာပုံသား)

No comments:

Post a Comment