29 February 2016

ငွေတိုးချေးစားသော သူတော်ကောင်း



 


လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာလောက် က မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ထဲမှာ ငွေတိုးချေးစားတဲ့ သူတော်ကောင်းကြီး တစ်ယောက်ပေါ်ထွက် ခဲ့ဘူးတယ်။ 

သူ့ကို တစ်နယ်လုံးက ကြည်ညိုလေးစားကြတယ်။  အခုအချိန်ထိအောင် တစ်သသပြောကြတုန်း ပါ။ ဆရာတောင်  ပျော်ဘွယ်မြို့ကို တရား တစ်ည သွားဟောတာနဲ့ သိခဲ့ရတာ။ သူက အတိုးကို အနည်းဆုံး ယူတယ်။   ဥပမာ တစ်ရာနှစ်ကျပ်တိုးလောက်ပေါ့ ။

ထူးခြားချက် ကတော့ ယာတစ်ကွက်ကို ငါးသောင်း နဲ့ အပေါင်ခံ ထားတယ် ၊ အဲဒီ လယ်ကို လုပ်စားရင်း နဲ့ အရင်းကြေသွားပြီ ဆိုရင် ပေါင်တဲ့သူကိုခေါ်ပြီး တစ်ခါတည်းပြန်ပေး လိုက်တယ်။ လစဉ် ရတဲ့ အတိုးနဲ့ တင်ကျေနပ် လိုက်တဲ့ သဘောပေါ့ ။ 

သူခြံရှေ့မှာ စာရေးထားတယ် စား ရေး အတွက် အခက်အခဲ ရှိရင် စပါး တစ်တောင်းနှင့် ဆီတစ်ပုလင်း လူတိုင်း လာယူနိုင်သည် တဲ့။ အိမ်ရှေ့မှာ ဆီကို ရာဝင်အိုးကြီးနဲ့ ထည့်ထားပြီး၊ စပါးကိုတော့ အမိုး လုပ်ပြီး ပုံပေးထားတယ်။ 


စပါးတို့ ဆီတို့ လာယူတဲ့ သူကို သူပြောတဲ့ စကားလေးက....
“ကလေးမ ,,,,,, အပေါ်ယံကြည့်ရင် စပါး တစ်တောင်း နဲ့ ဆီ တစ်ပုလင်း ရတဲ့ ကလေးမ က ဦးကိုကျေးဇူး တင် ရမှာ၊ နက်နက် နဲနဲတွေးကြည့်ရင် ဦးက ကလေးမ ကိုကျေးဇူးတင်ရမှာပါ၊



ဘာ့ကြောင့်လဲ ဆိုတော့ ကလေးမ က စပါး တစ်တောင်း ဆီ တစ်ပုလင်းနဲ့ ပြီးသွားပေမယ့် ဦး ကတော့ ဘဝပေါင်း တစ်သိန်း စပါး တင်းပေါင်း များစွာ၊ ဆီ ပုလင်းပေါင်းများစွာပြန်ရမှာမို့ပါ၊ ပညာမဲ့ အမြင် နဲ့ကြည့်ရင် ယူသူက ရသွားတာပါ။

ပညာရှိ အမြင်နဲ့ ကြည့်တော့ပေးသူက ရတာပါ”
“ဒါ့ကြောင့် ပညာမဲ့က ယူရတာကိုပျော် ပေမယ့် ၊ပညာရှိ က လှူရတာ ကိုပျော်တာပါ၊ ဘာသာခြား တစ်ဦးက ဘုရားရှင် ကို  မေးဘူးတယ် ။ 

လူတိုင်း ချမ်းသာချင်တယ်၊ ချမ်းသာအောင်လည်း န ည်းမျိုးစုံနဲ့ ကြိုးစားနေကြတယ်၊ ဒါပေမယ့် တစ်ရာမှာ တစ်ယောက်လောက် သာ ချမ်းသာပြီး ၉၉ ယောက် က ဘာ့ကြောင့် ဆင်းရဲတာလဲ တဲ့၊ 

ဘုရားရှင်ကဖြေတယ် လူတစ်ရာမှာ တစ်ယောက်လောက်ပဲ လှူရတာကိုပျော်ခဲ့ကြလို့ ချမ်းသာပြီး ကျန် ၉၉ ယောက် ကတော့ ယူရတာကိုပျော်ခဲ့ကြလို့ ဆင်းရဲတာပါတဲ့”
 


” ကလေးမက ဦး ချမ်းသာအောင် အကျိုးဆောင်ပြီးပြီ ဦး ကလည်း ကလေးမ ချမ်းသာအောင် အကျိုးဆောင် ပါ့ မယ် ထမင်းကျက် တာနဲ့ ကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်းပါ သံဃာ တစ်ပါးကို ဆွမ်းလှူရင် ဘဝ ကုဋေတစ်သိန်း မကအောင် ချမ်းသာပါတယ်”
 

သူတော်ကောင်း ဆိုတော့ သေမယ့်နေ့ကို ကြိုသိပါတယ်၊ အသက်လည်း ၉၀ ကျော်လောက်နေရတယ် လို့ မှတ်မိနေတယ်၊ သူ့ အမျိုးသမီးကို မှာတယ် “မနက်ဖြန် ညနေ ၄ နာရီ ငါဆုံးမှာ မဆုံးခင် သံဃာတွေနေ့ဆွမ်း ကပ်ပြီး ဓမ္မစကြာ တရား နာချင်တယ် စီစဉ်ပေးပါ”ဆွမ်းကပ် တရားနာပြီး ပြောတဲ့ အတိုင်း ညနေ ၄ နာရီမှာ ဆုံးပါတယ်။

ဒိ့ထက် အကျယ်ကို ဆရာရေး တဲ့ မေတ္တာဖြင့် စီးပွားရှာခြင်း စာအုပ်မှာဖတ်ပါ ။ငွေတိုးချေးစား သူတိုင်း အပြစ်ဖြစ်ပါ သလားလို့မေးလာ လို့ ဒီပို့စ် ကို တင်ပေးတာပါ။
 


ကိုယ် အတိုးရပြီးရော ဆိုပြီး တစ်ရာ ၂၀ တိုး ၃၀ တိုးလောက်ထိ ယူပြီး မဆပ်နိုင်တဲ့ အခါ အိမ်သိမ်း ခြံသိမ်း လုပ်တဲ့ သူတွေကတော့ အပြစ် ရှိပြီး အပယ် ကျနိုင်တာပေါ့ ။ ဦးကျောက်ခဲ လို တစ်ဖက်လူ အဆင်ပြေဘို့ ဦးစားပေးသူတွေ ကတော့ အပြစ် မဖြစ်တဲ့ အပြင် အတိုးငွေသာမက ကုသိုလ်တောင် ရပါတယ်။

ဆရာ့ ရဲ့အခု အဆုံးအမ အတိုင်း လုပ်လို့ အတိုး လုပ်ငန်း လုပ်ရင်း ကြီးပွားသွားတဲ့ သာကေတ က လင်မယားနှစ်ယောက် အကြောင်း ကိုတော့ ဆရာရေးတဲ့ စာရေးဆရာနှင့်ရင်ပေါင်တန်း ၍ စာဖတ်သူများ အကြောင်းစာအုပ်မှာဖတ်ပါ ။


http://www.searchmyanmar.com/link/frame/cid/54917


No comments:

Post a Comment