15 July 2016

ဘုန်း ကြီး ကျောင်း တစ္ဆေ


ကျွန်တော် တစ်ကယ် ဖြစ်ပျက် ခဲ့တဲ့အဖြစ် အပျက် တစ်ခု ပါ ။ ကျွန်တော် လေးတန်း ကျောင်းသား ဘဝ က ကိုရင် ဝတ် ခဲ့ တဲ့အချိန် က ပေါ့ ။ နေ ရာ က တော့ ယခု တပ် မတော် ချည်မျှင်နှင့် အထည်စက်ရုံ ရှိတဲ့ အင်း တိုင် ( ရန်ကုန်-ပဲခူး ကားလမ်းပေါ် ) က နေ နောက်ထပ် တစ်နာရီလောက်မြင်းလှည်း စီး ရင် ရောက်တဲ့ နေ ရာ ပါ ။  

အဲဒီ တုန်း ကတော့မြင်းလှည်းပေါ့ဗျာ ။ အလံတစ်ဗိုလ် ရွာ ဆို တာ ရှိတယ် ဗျ ။ အဲဒီ ရွာ က နေ နောက် ထပ် နှစ်ရွာ လောက်ဖြတ်သွားရသေးတယ် ၊ နာမည်တော့မမှတ်မိတော့ဘူး ။ အလံတစ် ဗိုလ်ရွာ ကိုတော့ကောင်းကောင်း မှတ်မိတယ် ။ နာမည် လည်း ဆန်း တာ ကိုး ။ 

ကျွန်တော် ကို ရင် ဝတ် တဲ့ ရွာ က တော့ နောက်ထပ် နှစ်ရွာ မြောက်ရွာ ပါ ၊ ထားပါလေ နာမည် က အရေး မကြီးဘူး မဟုတ်လား ဇာတ်လမ်း က အဓိ က လေ နော် ။ ကဲ ကျွန်တော့်ဇာတ်လမ်း ဆက်ရအောင် ။

 လေးတန်း ဆို တော့ ကျွန်တော်လည်း သင်္ကန်းတော့သိပ် မနိုင်သေးဘူး လူ ကောင် က ညှပ် တာကိုး ဗျ ။ အဲဒီ ရွာမှာ က ဘုန်း တော် ကြီး ကျောင်း က ဆောက်လက်စ တန်း လန်း ကြီး ဗျ ၊ ဒါ့အပြင် က ကျောင်း ခပ်ငယ်ငယ် တစ်ဆောင်ပဲ ရှိတယ် ။ အဲဒီမှာ က တော့ ကျောင်းထိုင် ဘုန်း တော်ကြီး နေ တယ် ။ 

ကျွန်တော်တို့ ကို ရင် တွေ က အပါးနှစ်ဆယ် လောက် ရှိပါတယ် ။ ကျွန်တော် တို့က တော့ဆောက် လက်စ တန်း လန်း ကျောင်းဆောင် မှာ အောက်ဘက် က ပျဉ်တွေ ဘာတွေ ခင်းပြီး ပြီ ဆို တော့အိပ် ရ တာပေါ့။ ကျွန်တော် က ကြောက်လည်းကြောက်တတ်တော့ ကျွန်တော့် အဖေ က လိုက်အိပ်ပေးတယ် ။ ကပ္ပိယ ပေါ့ဗျာ ။

ဒါနဲ့ ည ဘက်ကျရင် ကလေး တွေ ဆို တော့ ဘုန်း ကြီး မသိအောင် က မုန့်ခိုးစားချင် ကြတာလေ ။ နောက် တစ်ခု က ကြားဖူး နားဝ လည်း ရှိတော့ ကိုရင် ဝတ် ရင် ည ဘက် အဖတ် မစား ရဘူး ဆိုရင် အရည် သောက်ကြမယ် ဆိုပြီးတော့ ဘုန်း ကြီးကျောင်း ရှေ့ က မုန့်ဆိုင်မှာ ကြံသကာ ခဲတွေ ဝယ် ပြီးတော့ ရေ ဖျော်သောက်ကြတာပေါ့ ။ 


အရည် သောက် ရင် ငရဲ မကြီး ဘူး ထင် လို့ လေ ။  ဒီလို နဲ့ ကျွန်တော် ကိုရင် ဝတ်လို့ လေး ရက်မြောက်နေ့ မှာ ကျွန်တော့် အလှည့် (ကြံသကာ ဝယ် ဖို့ အတွက်) ရောက်ပါလေ ရော ။ ဒါနဲ့ ညနေ ခြောက်ခွဲလောက်တော့ရှိမယ် ။ ကျွန်တော် ဘုန်းကြီးကျောင်း အပြင် ကို ထွက်ပြီးတော့ ကြံသကာ ဝယ် တယ် ။ 


ဒါနဲ့ ပြန် လည်း ဝင်လာ ရော နောက် က နေ ပြီးတော့ ကိုရင် မင်း တို့ တွေ စည်း ကမ်း မရှိဘူးလား ဆို တာ ကို သေချာ ကြားလိုက်တာဗျ ။ ဒါနဲ့ ဘယ်သူများပြော လည်း ပေါ့ နော်။ အချင်း ချင်း ထဲ က များ နောက် လား ပေါ့ ။ ဒါပေမယ့် အသံ က လည်း လူ ကြီး အသံ ကြီးဗျ ။ ဒါနဲ့ ကြောက်ကြောက် နဲ့ကျောင်း ဆောင် သစ် ကြီး ဘက်ကို ပြေး တော့တာပေါ့ ။ 

 ကျောင်းပေါ် ရောက်သွားတော့လည်း အမော ပြေ သွားတော့သူငယ်ချင်းတွေ နဲ့ ဟိုပြောဒီပြော နဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပေါ့ ။ ဒီလို နဲ့ ည အိပ်ရော ။ ကျွန်တော့်အဖေ က လည်း ပုံမှန် ပဲ ဆို တော့ အိပ်တာပေါ့ ။ အဲဒီ အချိန်မှာ ကျွန်တော့်ခေါင်း ရင်း က ဆောက်လက်စ တံခါးပေါက် ဟင်းလင်း ဆိုတော့လေ တဖြူးဖြူး နဲ့ပေါ့ဗျာ ။ အပြင်က လ လည်း သာနေတာဆိုတော့ လှမ်းငေးမိတာပေါ့ ။

အဲဒီ အချိန်မှာ ပဲ ပိန္နဲပင် ပေါ် က နေလူ ကြီး တစ်ယောက် ဇောက်ထိုး ကြီး ဆင်း လာ တာ အသေအချာ အရှင်း အလင်း ကြီး ကို မြင် ရတာ ဗျာ ။ အဝတ် တွေ ကလည်း သင်္ကန်း လို ကြီး ။ ဒါနဲ့ကျွန်တော် လည်း ကြောက်ကြောက် နဲ့မျက်စိ စုံမှိတ်ထား ပြီး အိပ်ချင်ယောင်ဆောင်နေတာ။ 


မကြာဘူး ကျွန်တော့်ဘေး က တစ်ကောင် ကို စပြီးတော့ သင်္ကန်း ကိုဆွဲပြီး အပြင် ကို ဆွဲထုတ်တာ ။ လူ ပါ ပါသွားတယ် ။ သကောင့်သားက အိပ်ပုပ် ကြီးတော့ မသိဘူး ။ ကျွန်တော် က မြင် နေ ရပြီ ။ အဲဒီကောင် ကျောင်း အပြင် သံမံ တလင်းပေါ် မှာ ရောက်နေပြီ ။ ခဏ နေ တော့ကျွန်တော့်သင်္ကန်း စ ကို လာ ဆွဲရော ။ ဒါနဲ့ ကျွန်တော်လည်း အတင်း ခေါင်း မြီးခြုံပြီးတော့ တင်း နေအောင် ပြန် ဆွဲ အုပ်ထား တာပေါ့။ မရဘူး ဗျ။ လူပါ ပါသွားတာ ၊ ကိုယ် ပါ ကျောင်းပြင် ရောက်သွားတာ ။ 

အဲဒါနဲ့ အသံကုန်အော် တော့တာပဲ ။ အဲဒီ အချိန် မှာ အဖေ ကလည်း နိုးလာ ပြီ ။ ကြည့်လိုက်တော့ ကျွန်တော်တို့ နှစ်ယောက် က ကျောင်းပြင်မှာ ။ ကြံသကာ ရည် ခိုးသောက်တဲ့ နှစ်ယောက်ပေါ့ ။ အဲဒီလို နဲ့ ကျွန်တော် တို့နှစ်ယောက်ကို အဆောင်ထဲပြန်ထည့်ရုံ ရှိသေးတယ် ။ နောက်ထပ် ကိုရင် တွေ ကို ပါ ဘယ်သူက တီးမှန်း မသိဘဲ နဲ့ အဆော်ခံ ရတာ ။ လေး ငါး ယောက်လောက် အတီးခံလိုက်ရတယ် ။ 

အကုန်လုံး နိုး နေတာနော် ။ အဲဒီ အချိန်မှာ ။ ဒါနဲ့ဘုန်း ကြီး ကို သွားနှိုး တော့။ ဘုန်း ကြီး က ဘာ မှ မပြော ဘူး ။ ပြန် အိပ် ခိုင်း တယ် ။ နောက်နေ့ရောက်တော့ ကျွန်တော် ဖျား ရော ။ ဒါနဲ့ပဲ ကြောက်တာနဲ့ ခုနစ် ရက်တောင် မပြည့်ဘူး ကျွန်တော်ခြောက်ရက် နဲ့ပဲ ကိုရင် လူ ထွက် ခဲ့ရတယ် ။ ထွက်တဲ့ နေ့မှာ ဘုန်း ကြီး က ပြော တယ် တဲ့ အဖေ့ကို ။ ဒါ က လည်းနောက်မှ ပြန်သိ ရတာပါ ။ ကိုယ်ကြောက်မှာ စိုးလို့ သူတို့ က မပြော ပြ ဘူး အဲဒီတုန်း က ။

အဲဒီ ည က လာ တာ က အရင် ကျောင်းထိုင် ဘုန်း ကြီး ပါတဲ့ ။ ကျောင်း ဆောင်ဆောက်နေတာ မပြီး ပြတ်သေးခင် ဆုံးသွားတော့ စိတ်စွဲပြီးတော့ မကျွတ် မလွတ် ဖြစ်နေတယ်ဆို ပဲ ။

 


Written by အောင်ဘာလေ @ သရဲ အကြောင်းပြောကြမယ် - Facebook 



No comments:

Post a Comment