04 July 2017

မြောက်ကိုရီးယား နှင့် ထိုင်ဝမ် အရေးတို့ကြောင့် အမေရိကန် နှင့် တရုတ် ဆက်ဆံရေး ဆိုးရွားလာ


ထိုင်ဝမ် သို့ အမေရိကန် က လက်နက်များ ရောင်းချခဲ့မှု နှင့် မြောက်ကိုရီးယားနှင့် ဆက်နွှယ်သော တရုတ် ဘဏ် တစ်ခုအား အမေရိကန် က ပိတ်ဆို့ အရေးယူမှုတို့အား ပေကျင်း က ဒေါသ ထွက်ခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဇွန် ၃၀ ရက်တွင် ခပ်တန်းတန်းဖြစ်သွားခဲ့ကြောင်း သိရသည်။
 ပြီးခဲ့သော ဧပြီ တွင် ဖလော်ရီဒါ ရှိ ၎င်း၏ အပန်းဖြေ စခန်း၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သမ္မတရှီကျင်ပင်း အား ဧည့်ခံတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ အကြား ပြေလည်ခဲ့သော ဆက်ဆံရေးသည် အမေရိကန် ၏ ရုတ်တရက် လုပ်ဆောင်မှုနှင့် တရုတ် ၏ ဒေါသတစ်ကြီး တုံ့ပြန်မှုတို့ကြောင့် အက်ကြောင်း ထင်သွားခဲ့ပြီဖြစ်သည်။
အမေရိကန် ၏ လုပ်ရပ်များသည် Mar-a-Lago အပန်းဖြေ စခန်း ၌ တွေ့ဆုံမှုမှ အရေးပါသော စိတ်ဓာတ်အား ဆန့်ကျင်လိုက်ခြင်းဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေး ၏ အထွေထွေ လမ်းကြောင်းနှင့် ရှေ့နောက် မညီ ဖြစ်နေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် လူကန်က ပြောကြားခဲ့သည်။
 မြောက်ကိုရီးယား ၏ ငွေကြေးများအား ခ၀ါ ချခဲ့သည်ဟု စွပ်စွဲချက်ဖြင့် တရုတ် တန်တုံဘဏ် အား အမေရိကန် ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ကိုင်ခြင်း သို့မဟုတ် စာရင်း ဖွင့်ခြင်းများကို ပိတ်ပင်သွားမည်ဟု အမေရိကန် ဘဏ္ဍာရေး ဌာန က ထုတ်ပြန်ခဲ့ပြီးနောက် ၀ါရှင်တန် အနေဖြင့် ၎င်း ၏ မှားယွင်းနေသော လုပ်ရပ်များအား ရပ်တန့်ပစ်ရန် လူ က တိုက်တွန်းခဲ့သည်။
တရုတ်က ပြန်လည် ပေါင်းစည်းရန် စောင့်ဆိုင်းနေသည့် သူပုန်ပြည်နယ် ဟု စဉ်းစားထားသော ထိုင်ဝမ် သို့ အမေရိကန် အစိုးရက ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချရန် အတည် ပြုခဲ့မှု ကို လည်း အပြင်းအထန် ကန့်ကွက်ကြောင်း လူက ပြောကြားခဲ့သည်။
 ဟောင်ကောင်တွင် အခြေခံ အကျဆုံး အခွင့်အရေးများနှင့် ပတ်သက်၍ စိုးရိမ် မိကြောင်း  အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်မှုသည် တာဝန်မဲ့သော မှတ်ချက်များဟု လူက တုံ့ပြန်ခဲ့သည်။ ဗြိတိန်က ကိုလိုနီဟောင်း ဟောင်ကောင် အား တရုတ်ထံ ပြန်လည်လွှဲပြောင်းပေးမှု အနှစ် (၂၀) အခမ်း အနားတက် ရောက်ရန် တရုတ်သမ္မတ ရှီကျင်ပင်း က ဟောင်ကောင်သို့ ပထမဆုံး အ ကြိမ်သွားရောက်စဉ် ယင်းအခြေအနေများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


မြောက်ကိုရီးယားနှင့် ပတ်သက်၍ တစ်စုံ တစ်ရာ ဆောင်ရွက်ပေးမည်ဟု ပေကျင်း က ကတိပြုမှုကြောင့် သာယာခဲ့သော ကာလ သည် လုံးဝ နိဂုံးချုပ်သွားပြီ ဟု ယူဆရကြောင်း Chinese University of Hong Kong မှ နိုင်ငံရေးကျွမ်းကျင်သူ ၀ီလျံလမ် က ပြောကြားခဲ့သည်။
 မြောက်ကိုရီးယား အရေးတွင် ပိုမို လုပ်ဆောင်လာစေရန်နှင့် ကုန်သွယ်ရေး ကဏ္ဍ အတွက်လည်း တရုတ်အား ဖိအားတိုးမြှင့်ပေးရန် ထရန့် က ထိုင်ဝမ် ကို အသုံးချနေသည်ဟု ထင်မြင်ကြောင်း လမ် က ပြောကြားခဲ့သည်။
သို့သော် အမေရိကန် ၏ ပိတ်ဆို့ အရေးယူမှုနှင့် လက်နက်ရောင်းချမှုများကြောင့် တရုတ်သည် မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လုပ်နိုင်ခြေ အလွန်နည်းပါးကြောင်း ဆစ်ဒနီ တက္ကသိုလ်မှ အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေး ဆိုင်ရာ တွဲဖက် ပါမောက္ခ ဂျိမ်းစ်ရေးလီက ပြောကြားခဲ့သည်။
 ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ကုန်သွယ်ရေး မူဝါဒများနှင့် ပတ်သက်၍ တရုတ် အား ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သော ထရန့် သည် မြောက်ကိုရီး ယား က ၎င်း၏ နျူကလီးယားနှင့် ပဲ့ထိန်း ဒုံး စီမံကိန်းများအား စွန့်လွှတ်စေ ရန် အတွက် ဖိအားပေးရန် တရုတ် ၏ အကူအညီ လိုအပ်မှုကြောင့် ပေကျင်းအား ဝေဖန်မှုကို လျှော့ချခဲ့ သည်။ သို့သော် မြောက်ကိုရီးယား အပေါ် တရုတ်၏ ကြိုးပမ်းမှုများ သည် အလုပ် မဖြစ်ခဲ့ကြောင်း ထရန့် က ပြီးခဲ့သော သီတင်းပတ်တွင် Twitter ၌ ရေးသားခဲ့ခြင်းဖြင့် အံ့အားသင့်စေခဲ့သည်။
မြောက်ကိုရီးယား ၏ ဖျက်အားပြင်း လက်နက်များနှင့် ပဲ့ထိန်းဒုံး စီမံကိန်းများတွင် ပါဝင်သော ကုမ္ပဏီများအတွက် ဒေါ်လာသန်းနှင့်ချီ လွှဲပြောင်းပေးမှုတွင် ကူညီခဲ့ပြီး ငွေကြေးခ၀ါချမှု ပြုလုပ်ခဲ့သည်ဟု စိုးရိမ်စရာ ဖြစ်ခဲ့သည့် ပြည်ပ ဘဏ်တစ်ခုအဖြစ် တရုတ်တန်တုံဘဏ်အား ဖော်ထုတ်နိုင်ခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်ခဲ့သည်။ 
ထို့ပြင် မြောက်ကိုရီးယား အတွက် ငွေကြေးလွှဲပြောင်းပေးမှုများ လုပ်ဆောင်နိုင်ရန် ဗန်းပြ ကုမ္ပဏီများ ထူထောင် ခဲ့သော တရုတ်နိုင်ငံသား နှစ်ဦး၊ ပိတ်ပင်ထားသော ဇိမ်ခံ ပစ္စည်းများအား မြောက်ကိုရီးယားနိုင်ငံထဲသို့ မှောင်ခို ကူးမှုတွင် ကူညီခဲ့သည်ဟု စွပ်စွဲ ခံရသော တရုတ်ရေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီ တစ်ခု တို့ကို လည်း အမေရိကန် က ပိတ်ဆို့အရေးယူခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား၏ မဟာမိတ်အဖြစ် ယူဆခံထားရသည့် တရုတ်က ပြုံယမ်း၏ နျူကလီးယားနှင့် ဒုံး စီမံ ကိန်း များအား ရပ်ဆိုင်းရန် အတွက် အကောင်းဆုံး ဆွဲဆောင်နည်းမှာ ညှိနှိုင်းဆွေးနွေးမှုဖြစ်ကြောင်း ပြောကြားထားသည်။ 
ဝါရှင်တန်သို့ သွားရောက်ခဲ့သော တောင်ကိုရီးယား သမ္မတသစ် မွန်းဂျေအင်း ကလည်း တရုတ် ၏ ချဉ်းကပ်မှုလမ်းကြောင်း အတိုင်း မြောက်ကိုရီးယားနှင့် ညှိနှိုင်းရန် လိုလားနေသည်။ 
US, China relations begin to cool as Trump's honeymoon with Xi ends
By Ben Westcott and Zachary Cohen, CNN
Updated June 30, 2017
Trump, Xi had originally been very close after their first meeting in FloridaBut US actions against China in the past week have begun to cool relations
(CNN) In a flurry of announcements likely to antagonize Beijing, US President Donald Trump's administration has seemingly thrown its China policy into reverse, cooling relations between the two super powers.
In less than one week, the US has finalized a $1.4 billion arms sale to Taiwan, labeled China one of the world's worst human traffickers and imposed sanctions on a Chinese bank for doing business with North Korea.



No comments:

Post a Comment