23 June 2017

လက်ဝဲ - လက်ယာ နိုင်ငံရေး ဆိုတာ


ဒီအကြောင်းကို အစက မရေးဘူးလို့နေနေတာပါ။ လူတွေလည်း သိမှာပဲလို့ထင်တာ၊ တစ်ကယ်တော့ တစ်ချို့ လူငယ်တွေ မပြောနဲ့လူကြီးတွေကြားထဲမှာတောင် လက်ဝဲစွန်း လက်ယာစွန်း သဘောသဘာဝတွေကိုသေသေချာချာ နားမလည်ဘဲ၊ ရမ်းသမ်းပြောဆိုနေတာတွေ တွေ့လာရတဲ့အတွက် အထောက် အကူဖြစ်စေလိုသော ရည်ရွယ်ချက်နဲ့ ဒီစာလေးကိုရေးပါတယ်။

...လက်ဝဲ-လက်ယာနိုင်ငံရေးအမြင်/အယူအဆ ဆိုတာဟာ နိုင်ငံရေးအဆင့်အတန်း သတ်မှတ်ချက်စနစ် တစ်မျိုး၊ ဒါမှမဟုတ်အတွေးအခေါ် ၀ါဒတစ်မျိုး၊ ပါတီ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်ရပ် ရဲ့ ဆန့်ကျင် ဖက် သဘောဆောင်တဲ့ ရပ်တည်ချက်နှစ်မျိုးလို့အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

...ဒီအခေါ်အဝေါ်တွေဟာပြင်သစ်နိုင်ငံက စတင်ခဲ့ပြီး စတင်ခဲ့တုန်းကတော့ လက်ဝဲရပ်တည်ချက် ဆိုတာပါတီတွေရဲ့ဆောင်ရွက်ချက်လို့ခေါ်ဆိုပြီး၊ လက်ယာရပ်တည်ချက်ဆိုတာ ပါတီရဲ့ အမိန့်အာဏာ လို့ခေါ်ဆို ခဲ့ကြပါတယ်။

...အဲ့ဒီအချိန်တွေတုန်းကနိုင်ငံရေးအမြင်/ အယူအဆ ဆိုတာ၊ လူထုတွေအပေါ် ချမှတ်တဲ့ အမိန့်သြဇာ နဲ့ဒေသတွင်း လက်ရှိ ယဉ်ကျေးမှူတွေအပေါ် အခြေတည်ထားတဲ့ လုပ်ဆောင်ချက်လို့ ရှေးဦးစွာနားလည်ခဲ့ကြပါတယ်။

..အခုလို ဖတ်လိုက်ရင် မရှင်းလင်း နားမလည်နိုင်တဲ့အတွက် လက်ဝဲ-လက်ယာနိုင်ငံရေး အမြင်/အယူအဆစတင်ဖြစ်ပေါ်လာပုံကိုပြန်ပြောပြရမယ်ဆိုရင်တော့။

...၁၇၈၉ ခုနှစ်ပြင်သစ် တော်လှန်ရေးကာလ ကိုပြန်ပြောရမှာဖြစ်ပါတယ်။
...ပြင်သစ်တော်လှန်ရေးမှာဘုရင်စနစ်နဲ့အတူပြည်သူ တင်မြှောက်တဲ့ လွှတ်တော်စနစ်ကို စတင်ခဲ့ပြီး National Assembly ကို စတင် ခဲ့ပါတယ်.။

...ဒီလို စတင်ရာမှာ ဘုရင်နဲ့ သမတကို ထောက်ခံအားပေးသူတွေက လက်ယာဘက်ခြမ်းမှာ ထိုင်ကြရပြီး ၊တော်လှန်ရေးကို ဦးဆောင်တဲ့ပြည်သူ့ကိုယ်စားလှယ်တွေက လက်ဝဲဘက်ခြမ်းမှာ နေရာယူ ထိုင်ကြရပါ တယ်။
....အဲ့ဒီကနေ စပြီး လက်ဝဲစွန်း လက်ယာစွန်း သဘောကို စတင် သတ်မှတ်ကြရာမှာတော့ အဲ့ဒီခေတ် က လက်ယာစွန်း ဆိုတာ ဘာသာတရား နဲ့ယဉ်ကျေးမှူကို ထိမ်းသိမ်း ကာကွယ်သူ ဘုရင်ကို သစ္စာခံသူလို့ဆို လိုပြီး လက်ဝဲစွန်း ဆိုတာပြည်သူ အတွက်တော်လှန်ရေးလုပ်ငန်းတွေဆောင်ရွက်သူလို့အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြပါတယ်။




လက်ဝဲ အယူအဆ.. သဘော သဘာဝ
...လက်ဝဲအယူအဆဟာ လူမှူ လူတန်းစား ညီမျှမှူပေါ် အခြေခံပြီး လူလူချင်းတန်းတူရှိရေး ၀ါဒကို ယုံကြည်ခြင်း ကိုအခြေခံပါတယ်။ (ဘုရင်စနစ်ကိုတော်လှန်ရင်းက ရခဲ့တဲ့ဒဏ်ရာတွေပါ)
...လူလူချင်း အဆင့်အတန်းခွဲခြားခြင်းနှင့် မညီမျှမှူတွေကို ဆန့်ကျင်လေ့ရှိပါတယ်။
...လူလူချင်း တရားမျှတမှူရှိခြင်းကို စီမံဆောင်ရွက်တဲ့ အလုပ်ကို လက်ဝဲနိုင်ငံရေး အယူအဆအဖြစ် ယူ ဆလာခဲ့ကြပါတယ်။

...၁၉ ရာစု အလယ်ပိုင်းလောက်တုန်းက ပြင်သစ်မှာ ခေတ်စားခဲ့တဲ့နိုင်ငံရေး အယူအဆတွေကို လက်ဝဲစွန်းအဖြစ် သတ်မှတ်ခဲ့တာတွေကတော့ ဆိုရှယ်လစ် အခြေခံနိုင်ငံရေးပါတီ အယူအဆ၊ အမျိုးသားရေးဝါဒ၊ ဆို ရှယ်လစ်ဝါဒ၊ ဒီမိုကရေစီဝါဒ၊ ခ၇စ်ယာန်ဘုန်းတော်ကြီး အုပ်ချုပ်မှူကို ဆန့်ကျင်သောဝါဒ တို့ဖြစ်ခဲ့ကြပါ တယ်။

...၁၈၅၁ နောက်ပိုင်းမှာတော့ပြည်သူ့အစိုးရ အာဏာရယူခြင်းနဲ့ ဆိုရှယ်လစ်စနစ်တွေကို လက်ဝဲ အယူ အဆ အဖြစ်သတ်မှတ်ခဲ့ကြပြန်ပါတယ်။

...၁၈၄၈ ခုနှစ်မှာ စပြီးပေါ်ထွက်လာတဲ့ ကားလ်မာစ် နဲ့အိန်ဂျယ် တို့ရဲ့ကွန်မြူနစ်ဝါဒ ကြေငြာစာတမ်းက ခေတ်စား လာပြီးနောက်မှာတော့ ကွန်မြူနစ်စနစ်ဟာ လက်ဝဲ နဲ့လက်ယာနှစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ သတ်မှတ်ခဲ့ကြပြန်ပါတယ်။

....ဆိုလိုချင်တာကတော့ လက်ဝဲ၀ါဒ အတွင်းမှာ စတင်ချိန်တုန်းက အမျိုးသားရေး နဲ့ဆိုရှယ်လစ် ၀ါဒတွေပါပါဝင်ခဲ့တယ်ဆိုတာကို သတိထားမိစေရန်တင်ပြခဲ့တာဖြစ်ပါတယ်။

.ပထမကမ္ဘာစစ်ကြီးနောက်ပိုင်းမှာတော့ လက်ဝဲစွန်း လက်ယာစွန်း အယူအဆတွေဟာနိုင်ငံတွေရဲ့  ရပ်တည်ချက်အပေါ်ပြောင်းလဲ လာခဲ့ကြပါတယ်။ ဒီအချက်တွေကိုနောက်ပိုင်းမှာ တင်ပြပေးပါ့မယ်။

လက်ယာ အယူအဆ သဘောသဘာဝ

...လက်ယာ အယူအဆရဲ့ သဘောသဘာဝဟာ လူမှုစည်းမျဉ်းတွေနဲ့ ရာထူးကြီးစဉ်ငယ်လိုက် အပေါ် ရိုသေလေးစားခြင်းတွေဟာ လောကရဲ့ သာမန်လုပ်ရိုးလုပ်စဉ်တွေ၊ မလွဲမသွေဆောင်ရွက်ရမည့် ကျင့်ဝတ်တွေ၊လို့ ယူဆပြီး သဘာဝဆိုင်ရာ စည်းမျဉ်း ဥပဒေတွေ ၊စီးပွားရေး သို့မဟုတ် ရိုးရာ အယူအဆတွေကို ထိန်း သိမ်းသိမ်း ကာကွယ်ခြင်းအပေါ်မှာ အခြေခံတယ်လို့ဆိုပါတယ်။

....လက်ယာစွန်း အယူအဆဟာ နေရာတစ်ကာပြောင်းလဲလိုခြင်း သဘောတွေကို ဆန့်ကျင်ပြီး 
နိုင်ငံရေး အယူအဆတွေ အပေါ်မှာ အထက်ဖော်ပြပါ သဘောသဘာဝတွေ လွှမ်းမိုးဆောင်ရွက်ခြင်းပဲဖြစ်တယ်လို့ဆိုပါတယ်။

...လက်ယာ အယူအဆတွေပေါ်မှာ လွှမ်းမိုးခဲ့တဲ့ သမိုင်းစဉ် အဆင့် ၅ ခု ရှိပါတယ်။

၁။ မင်းမှူထမ်း အစိုးရ ရာထူးကြီးစဉ်တွေရဲ့ အုပ်ချုပ်မှုနဲ့ ဘာသာတရားကို အလေးပေးကာကွယ်ခြင်း။
၂။ အလယ်အလတ် လက်ယာသမားတွေဟာ ပညာတတ်တွေကို မယုံကြည်ခြင်းနဲ့ အစိုးရကို ကန့်သတ်ထိန်းချုပ်နိုင်မည့် နည်းလမ်းတွေကို ရှာဖွေကြခြင်း။
၃။ လက်ယာစွန်း အခြေခံသမားတွေကတော့ ရှေးရိုးအစဉ်အလာကြီးလွန်းပြီး အမျိုးသားရေးနဲ့ ပတ်သက် ရင် ဆတ်ဆတ်ထိ မခံကြခြင်း။
၎။ လက်ယာအစွန်းရောက်သမားတွေကတော့ လူသား စိမ့်ဝင်ကျူးကျော်မှူတွေကို တားမြစ်ဖို့ တောင်းဆို ကြပြီး၊ လူမျိုးခွဲခြားရေးဝါဒကို မမှိတ်မသုံ ယုံကြည်ကြခြင်း။
၅။ လစ်ဘရယ်ဆန်တဲ့ လက်ယာသမားတွေကတော့ ဈေးကွက်စီးပွားရေးစနစ်ကို တောင်းဆိုကြပြီး၊ စီးပွားရေး ထိန်းချုပ်မှူကို ကင်းလွတ်အောင် ဆောင်ရွက်တတ်ကြတဲ့အပြင် သူတို့ဟာ ရှေးရိုး လက်ယာစွန်းသမားတွေ ပီပီ မျိုးချစ်စိတ်၊ ထူးချွန်သူများမွေးထုတ်စေလိုသည့် မူဝါဒနဲ့ ဥပဒေစည်းကမ်း အမိန့်များအပေါ်မှာ အလေး အနက် ထားတတ်ကြသူများဖြစ်ခြင်း   .  ......     လို့ဖွင့်ဆိုပါတယ်။

အယူအဆများ ရောထွေးခြင်းနှင့် ဒေသအလိုက် ကွဲပြားကြခြင်း

...လက်ဝဲစွန်းနိုင်ငံရေး ရပ်တည်ချက်တွေထဲမှာ ဗဟိုလက်ဝဲ ၀ါဒ၊ လက်ဝဲအစွန်းရောက်ဝါဒ၊ ဆိုပြီးကွဲပြား ပါသေး တယ်။ ဗဟိုလက်ဝဲ၀ါဒ ဟာ နိုင်ငံရေး ရပ်တည်ချက်တွေကို အခြေခံတဲ့ အယူအဆဖြစ်ပြီး၊ လက်ဝဲ အစွန်းရောက်ဝါဒ ကတော့ ပိုမိုပြင်းထန်တဲ့ လက်ဝဲစွန်း အယူအဆနိုင်ငံရေး သဘောထားတွေကို ချမှတ်သူများကိုခေါ်ဆိုပါတယ်။

...ဗဟို လက်ဝဲ၀ါဒထဲမှာ ဆိုရှယ်ဒီမိုကရက်၊ ဆိုရှယ်လစ်ဘရယ်၊ တော်လှန်တိုးတက်ရေး နဲ့တစ်ချို့သော ဒီမိုကရက်တစ် ဆိုရှယ်လစ်တွေ ပါဝင်တယ်လို့ဆိုပါတယ်။

...လက်ဝဲ အစွန်းရောက်ဝါဒကိုတော့ ကွန်မြူနစ်ဝါဒ အမျိုးမျိုး၊ အာဏာရှင်ဆန်ဆန် လူတစ်ဦး တစ်ယောက်ကို ကိုးကွယ်ဆည်းကပ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့် အယူအဆတွေနဲ့ မင်းမဲ့စရိုက်အယူအဆတွေကို ခေါ် တယ် လို့ဆိုပါတယ်။

...လက်ယာစွန်း အယူအဆ ရပ်တည်ချက်မှာ မဖြစ်မနေဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကတော့လူမှု အဖွဲ့ အစည်းတွေရဲ့တောင်းဆိုချက်တွေ၊ သမိုင်းဆိုင်ရာခေတ်တွေ၊ နိုင်ငံရေးစနစ် အမျိုးမျိုးနဲ့ အတွေးအခေါ်အမျိုးမျိုးပဲဖြစ်ပါတယ်။



အောက်စဖို့ဒေရှင်နရီ မှာ ဖွင့်ဆိုချက်အရ ပြောရရင် လက်ယာစွန်း အယူအဆဟာ ဆိုရှယ်လစ် အယူအဆနဲ့ ဆိုရှယ်ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တယ်လို့ဆိုပါတယ်။

...လက်ယာစွန်း ပါတီတွေထဲမှာ ပါဝင်တာကတော့ ကွန်ဆာဗေးတစ်တွေ၊ ခရစ်ယာန်ဒီမိုကရက်တွေ ၊ရှေးရိုးလစ်ဘရယ်တွေ၊ အမျိုးသားရေးဝါဒီတွေဖြစ်ပြီး၊ လက်ယာအစွန်းရောက်သူတွေကတော့ လူမျိုးရေးခွဲခြား တတ် သူတွေနဲ့ ဖက်ဆစ်စနစ် ကျင့်သုံးသူတွေဖြစ်ပါတယ်။

...reactionary right လို့ခေါ်တဲ့ ရှေးရိုးစွဲသမားတွေ ကတော့ ဘုရင်စနစ် ခရစ်ယာန် ဘာသာရေး၊ အစ်စလမ် ဘာသာရေးနိုင်ငံထူထောင်လိုတဲ့ စနစ်တွေကိုခေါ်ပါတယ်။

...moderate right လို့ခေါ်တဲ့ အလယ်အလတ် လက်ယာသမားတွေကတော့ လစ်ဘရယ် အယူအဆ အချို့ ကို လက်ခံကြပြီး တရားဥပဒေ စီရင်ထုံးတွေကို အဓိကထားလေ့ရှိပြီး အရင်းရှင်စနစ်ကို အားပေးကြသူတွေဖြစ်ပါတယ်။ ကွန်ဆာဗေးတစ် အယူအဆဟာ ဒီကနေပေါက်ပွားလာခဲ့တာပဲဖြစ်ပါတယ်။

အယူအဆ အားပြိုင်ပွဲ

...ပထမကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာ့ ပုံစံဟာ အရှေ့ အနောက် ကွဲပြားမှူကြီးထွားလာပြီး အာရှတိုက်မှာ ကွန်မြူနစ်ဝါဒကြီးစိုး လာပါတယ်။ ကွန်မြူနစ်တွေက သူတို့ဟာ လက်ဝဲစွန်းလည်းမဟုတ် လက်ယာစွန်းလည်းမဟုတ်တဲ့ သီးခြားပြည်သူ့ဝါဒ အဖြစ်ဖော်ပြခဲ့ကြပါတယ်။

..အင်္ဂလန် နဲ့အမေရိကန်မှာတော့ သီးခြား အဓိပ္ပါယ်တွေ လိုသလို ဖွင့်ဆိုခဲ့ကြပါတယ်။

..ကွန်မြူနစ်စနစ်ကိုလည်း လက်ယာစွန်း ဖက်ဆစ်စနစ်တွေနဲ့ တန်းတူ ထားပြီးရှုံ့ချခဲ့ကြပါတယ်.။ အရင်းရှင်ကို တိုက်ဖျက်ဖို့ကြိုးစားတဲ့ ကွန်မြူနစ်ဝါဒကို ဖက်ဆစ်စနစ်နဲ့ တန်းတူထားပြီး ရန်သူလို သတ်မှတ်ခဲ့ကြပါတော့တယ်။

...ဒီလိုနဲ့ပဲ ဆိုရှယ်လစ် ကွန်မြူနစ် အယူအဆတွေဟာ အနောက်နိုင်ငံတွေရဲ့ အမြင်မှာ လက်ယာစွန်း အယူအဆဆန်ဆန် ထင်မြင်လာအောင်သွေးထိုးခဲ့တာပဲဖြစ်ပါတယ်။

..တစ်ကယ်တော့ ဆိုရှယ်ကွန်မြူနစ် စနစ်တွေဟာ လက်ဝဲအယူအဆသာဖြစ်ပြီး ဒီမိုကရေစီ အခြေခံတဲ့ ဗဟို လက်ဝဲ၀ါဒနဲ့ ဆက်စပ်နေတယ်ဆိုတာကို သတိထားမိစေရန်တင်ပြလိုခြင်းဖြစ်ပါတယ်။

..ဥပမာတစ်ခုပေးရရင်တော့.. Arab Socialist Ba'ath Party ဆိုတဲ့ ဆီးရီးယားက သမတ အာဆတ်ဦးဆောင်နေတဲ့ ဘာ့သ်ဆိုရှယ်လစ် ပါတီဟာ လက်ဝဲ အယူအဆဖြစ်ကြောင်းပုံမှာ ဖော်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။

..အမေရိကန် အနေနဲ့တော့ သူ့နိုင်ငံရေးစနစ်ကို လက်ဝဲ လက်ယာ ပုံစံ ဖန်တီးပြီး စနစ်တစ်ကျ အကောင်အထည်ဖော်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။

...ဥရောပနဲ့ ကွာခြားချက်က ဒါပါပဲ။ အမေရိကန်ဟာ နိုင်ငံရေးစနစ်ကိုလည်း သေသေချာချာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခဲ့တဲ့အတွက် တည်ငြိမ်တဲ့နိုင်ငံရေးစနစ် ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

..ဥရောပနိုင်ငံ တော်တော်များများမှာတော့ လက်ဝဲလက်ယာနိုင်ငံရေး အယူအဆတွေဟာ ရောထွေးနေဆြဲ ဖစ်ပြီးမြန်မာပြည်လိုပဲ ပါတီပေါင်းများစွာနဲ့ ၀ရုန်းသုန်းကား ရှေ့ဆက်နေကြရဆဲနိုင်ငံတွေရှိနေဆဲဖြစ်ပါ တယ်။ 

...အမေရိကန်နိုင်ငံရေးစနစ်မှာ လက်ဝဲကို လစ်ဘရယ်လို့ခေါ်ပြီး။ လက်ယာကို ကွန်ဆာဗေးတစ်လို့ခေါ်ပါတယ်။ လစ်ဘရယ် နဲ့ ကွန်ဆာဗေးတစ် ခံယူချက် ဆောင်ရွက်ချက်တွေ မတူပုံကိုလေ့လာနိုင်ကြစေရန်ပုံနဲ့ဖော်ပြထားပါတယ်။



..ဥပမာ..စီးပွားရေး မူဝါဒကိုကြည့်ရင်.....

....လစ်ဘရယ်တွေဟာ Income equality; higher tax rates on the wealthy; government spending on social programs and infrastructure; stronger regulations onbusiness.ဆိုတဲ့ အစိုးရငွေသုံးမှု့ဟာ လူမှူရေး တိုးတက်မှူတွေဖြစ်တဲ့ ကျန်းမာရေး ပညာရေးတွေမှာပဲ ပိုသုံးရမယ်။ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေကြီးထွားဖို့ လမ်းတံတားတွေမှာပဲ ရင်းနှီးရမယ်။

..ကွန်ဆာဗေးတစ်တွေကတော့ Lower taxes and less regulation on businesses; reduced government spending; balanced budget; အခွန်ကို လျှော့ပြီး အစိုးရ အသုံးစရိတ်ကို ချွေတာရမယ်။ ဆိုတဲ့ မူဝါဒမျိုးတွေ မတူတာတွေရှိပါတယ်။ စိတ်ဝင်စားစရာက US မှာ လစ်ဘရယ် ၂၃% ရှိပြီး ကွန်ဆာဗေးတစ် ၃၈% ရှိနေတာပြဲဖစ်ပါတယ်။

.........ကျန်တာတွေလေ့လာကြည့်ရင် ကျွန်တော်တို့ အစိုးရလုပ်ပုံတွေက လစ်ဘရယ်လား ကွန်ဆာဗေး တစ် လုပ်ရပ်တွေလားဆိုတာ သိလာပါလိမ့်မယ်။

သိစေချင်တဲ့ အကြောင်းအရာ

..နိုင်ငံရေးသိပ္ပံ ပညာရှင်တွေရဲ့ အယူအဆကတော့ New Era ခေါ်တဲ့ ခေတ်သစ် ကမ္ဘာကြီး မှာနိုင်ငံရေးအတွေးအခေါ်သစ်တွေဟာ ပေါ်ပေါက်လာနေပြီး လက်ဝဲ လက်ယာ နိုင်ငံရေး အယူအဆတွေကိုလည်း လိုသလို ပုံဖော်နေကြတာဖြစ်တဲ့ အတွက် အလွန်ရှုပ်ထွေးတဲ့ မျှခြေတစ်ခုကို ရောက်နေပြီလို့ သုံးသပ်နေကြပါတယ်။ 

...ဒါပေမည့်လည်း အခြေခံနိုင်ငံရေး အယူအဆတွေနဲ့ သီအိုရီတွေ နိုင်ငံရေးသမိုင်းတွေကတော့ ပျက်ပြယ်မသွားဘဲ လူသားတွေရဲ့ ဆောင်ရွက်ချက်တွေအဖြစ် ကျန်ရစ်နေမှာဖြစ်ပါတယ်။

...ပြီးခဲ့တဲ့ ဒေါ်စုကြည်မွေးနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဦးစီးပြီး ဘုရားတစ်ဆူက ဂြိုလ် တိုင်ပေါ်မှာ ဒေါ်စုကြည်ပုံကြီးတင်ပြီး ထိုင်ကန်တော့တာကို ကျွန်တော်က လက်ဝဲ အစွန်းရောက်တွေဖြစ်မှန်းမသိဖြစ်သွားပြီလို့ ဆိုတာကို မိတ်ဆွေတစ်ယောက်က မဟုတ်ပါဘူး လက်ယာစွန်း ပါလို့ပြောတဲ့ အတွက်ဒီဆောင်းပါးလေးကို ရေးသားဖြေဆိုပေးရခြင်းဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံဟာ အရမ်း ကြယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုသာဖြစ်လို့ လိုသလောက်သာ ဆွဲထုတ်ရေးသား ရတာကိုလည်း နားလည်ဖို့တောင်းပန်ပါတယ်။
...အမှန်တစ်ကယ် ဒေါ်စုကြည်နောက်လိုက်တွေဖြစ်နေတာက သူတို့ပါတီရဲ့ မူဝါဒအစစ်အမှန် က ဗဟို လက်ဝဲ၀ါဒလို့ ခေါ်တဲ့ ဒီမိုကရေစီကို အခြေခံသော ပြည်သူ့အကျိုးပြုပြည်သူ့အတွင်းက ပါတီ အဖြစ်နဲ့ သာ တိုင်းပြည်အကျိုးကို ဖော်ဆောင်ရမည့် ဟာကို..သူတို့လုပ်နေတာက လက်ဝဲအစွန်းရောက်ဝါဒ လို့ခေါ်တဲ့ လူကို ကိုးကွယ် ပြောသမျှကို ပြည်သူအတွက်လို့ ယူဆတဲ့ အစွန်းရောက် ကွန်မြူနစ်ဝါဒ ဆန်ဆန် ဖြစ်နေ တာဖြစ်ပါတယ်။ 

..ဒါကြောင့် ကျွန်တော်က လက်ဝဲ အစွန်းရောက်တွေဖြစ်ကုန်ပြီ ..  လို့ပြောဆိုရခြင်းဖြစ်ကြောင်းပါဗျာ။

Moe Kyaw (or) Sit Thwe (21-6-2017) #မြန်မာ့စစ်သွေး


The left–right political spectrum is a system of classifying political positions, ideologies, and parties. Left-wing politics and right-wing politics are often presented as opposed, although a particular individual or group may take a left-wing stance on one matter and a right-wing stance on another, and some stances may overlap and be considered either left or right-wing depending on the ideology.In France, where the terms originated, the Left has been called "the party of movement" and the Right "the party of order".

The spectrum is distinguished by position with regard to a social order current in a particular culture, with the left favoring transformation or dissolution of such structures as part of a general transformation of that culture and the right resisting such transformation, the speed with which it takes place, or advocating rollback of change that has taken place.

The terms "left" and "right" appeared during the French Revolution of 1789 when members of the National Assembly divided into supporters of the king to the president's right and supporters of the revolution to his left. One deputy, the Baron de Gauville, explained,
 "We began to recognize each other: those who were loyal to religion and the king took up positions to the right of the chair so as to avoid the shouts, oaths, and indecencies that enjoyed free rein in the opposing camp." However, the Right opposed the seating arrangement because they believed that deputies should support private or general interests but should not form factions or political parties. The contemporary press occasionally used the terms "left" and "right" to refer to the opposing sides.

Left-wing politics supports social equality and egalitarianism, often in opposition to social hierarchy and social inequality.It typically involves a concern for those in society whom its adherents perceive as disadvantaged relative to others (prioritarianism), as well as a belief that there are unjustified inequalities that need to be reduced or abolished (by advocating for social justice).The term left wing can also refer to "the radical, reforming, or socialist section of a political party or system.
In the mid-19th century, nationalism, socialism, democracy, and anti-clericalism became features of the French Left. After Napoleon III's 1851 coup and the subsequent establishment of the Second Empire, Marxism began to rival radical republicanism and utopian socialism as a force within left-wing politics. The influential Communist Manifesto by Karl Marx and Friedrich Engels, published in 1848, asserted that all human history is the history of class struggle. They predicted that a proletarian revolution would eventually overthrow bourgeois capitalism and create a classless, stateless, post-monetary communist society. It was in this period that the word "wing" was appended to both Left and Right.

Right-wing politics hold that certain social orders and hierarchies are inevitable, natural, normal, or desirable,typically supporting this position on the basis of natural law, economics or tradition.Hierarchy and inequality may be viewed as natural results of traditional social differences or the competition in market economies.The term right-wing can generally refer to "the conservative or reactionary section of a political party or system.
The Right has gone through five distinct historical stages: (i) the reactionary right sought a return to aristocracy and established religion; (ii) the moderate right distrusted intellectuals and sought limited government; (iii) the radical right favored a romantic and aggressive nationalism; (iv) the extreme right proposed anti-immigration policies and implicit racism; and (v) the neo-liberal right sought to combine a market economy and economic deregulation with the traditional Right-wing beliefs in patriotism, élitism, and law and order.

..The spectrum of left-wing politics ranges from center-left to far-left (or ultra-left). The term center-left describes a position within the political mainstream. The terms far-left and ultra-left refer to positions that are more radical. The center-left includes social democrats, social liberals, progressives and also some democratic socialists and greens (including some eco-socialists). Center-left supporters accept market allocation of resources in a mixed economy with a significant public sector and a thriving private sector. Center-left policies tend to favour limited state intervention in matters pertaining to the public interest.In several countries, the terms far-left and radical left have been associated with varieties of communism, autonomism, and anarchism. 

The meaning of right-wing "varies across societies, historical epochs, and political systems and ideologies.According to The Concise Oxford Dictionary of Politics, in liberal democracies, the political Right opposes socialism and social democracy. Right-wing parties include conservatives, Christian democrats, classical liberals, nationalists and, on the far Right, racists and fascists.The 'reactionary right' looks toward the past and is "aristocratic, religious and authoritarian.
The 'moderate right', typified by the writings of Edmund Burke, is tolerant of change, provided it is gradual, and accepts some aspects of liberalism, including the rule of law and capitalism, although it sees radical laissez-faire and individualism as harmful to society. Often the moderate right promotes nationalism and social welfare policies.Radical right' is a term developed after World War II to describe groups and ideologies such as McCarthyism, the John Birch Society, Thatcherism, and the Republikaner Party. Eatwell stresses that this use has "major typological problems" and that the term "has also been applied to clearly democratic developments.
" The radical right includes right-wing populism and various other subtypes.Eatwell argues that the 'extreme right' has four traits: "1) anti-democracy; 2) nationalism; 3) racism; and 4) the strong state".The 'New Right' consists of the liberal conservatives, who stress small government, free markets, and individual initiative.


No comments:

Post a Comment