15 May 2018

A နောက်ပိတ်တို့ရဲ့အထာ



မြန်မာပြည်မှာ ဘယ်အစိုးရ တက်တက် China (A နောက်ပိတ်) က သူ့ကို မလှန်နိုင်အောင်၊ အနည်းဆုံး သူ့ရဲ့မိတ်ဆွေအဖြစ် ရှိနေအောင် လုပ်နေမှာပဲ ။

ကြိုက်ကြိုက် မကြိုက်ကြိုက် မီးစ တစ်ဘက် ရေမှုတ် တစ်ဘက် ပေါ်လစီနဲ့ သွားနေမှာပဲ၊ ဒီအတွက် အရှေ့ခြမ်းမှာ (ဟိုတုန်းက) ဗကပ အပါအဝင်၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို အမျိုးစုံအောင် ဖွဲ့ပေး ထောက်ပံ့ပေး အကာအကွယ်ပေးနေခဲ့တာပါ ။

ကွန်မြူနစ်ဝါဒကိုexport မလုပ်တော့ဘဲ သူ့တိုင်းပြည် တိုးတက်ချမ်းသာဘို့ ဆုံးဖြတ်ခဲ့တာရယ်၊
အနောက်ဘက်ကို တွန်းပို့သလို ဖြစ်မှာစိုးတာရယ်ကြောင့်၊ နောက်ပိုင်းမှာ ဗကပ တပ်တွေ ချုပ်ငြိမ်းသွား ခြဲ့ပီး၊ ကွန်မြူနစ်စစ်သားအိုကြီးတွေ တရုတ်ပြည်ထဲမှာပဲ ခေါင်းချသွားခဲ့ကြရတယ် ။

ပြည်တွင်းမှာတော့ UG အိုတွေက ကိုယ်ရှိန်သတ်သူသတ်၊ ဆိုရှယ် အရေခြုံသူ ခြုံ၊ နိုင်ငံရေးကျောခိုင်း
သူခိုင်း၊ ကျောခိုင်းသယောင်ဆောင်သူဆောင်ပေါ့ ။

ဒါပေမဲ့ကွန်မြူနစ်ဆိုတဲ့ အမျိုးက ပေါင်းမြက်တွေလိုပဲ၊ မိုးခေါင် ရေငတ် အာဟာရပြတ်ရင် ညှိုးနွမ်း ချောက်သွေ့  ပျောက်ကွယ် မျိုးတုန်းသွားသလား ထင်ရပေမဲ့ မိုးကလေး ရွာတာနဲ့ ခေါင်းထောင် စိမ်းလန်း လာတော့တာ ။

ဒီတော့ တရုတ်ကျောထောက်နောက်ခံ မရတော့တဲ့ကာလမှာ မရှိတော့ဘူးလို့ ထင်ရလောက်အောင်
ကိုယ်ရောင်ဖျောက်ထားခဲ့ကြပြီး ရရာနေရာမှာ စိမ့်ဝင် ထိုးဖောက်လို့ အားမွေးနေခဲ့ကြတာပါ ။

ထားပါတော့ ၊ပြောချင်တာက တရုတ်အကြောင်းပါ ။
တရုတ်ဟာ ဗကပကို အားပေးအားမြှောက် မလုပ်တော့ဘူးလို့ မူဝါဒပြောင်းလိုက်တာနဲ့၊ ဗကပ ရဲ့စစ်ရေး တည်ရှိမှု ပပျောက်အောင် တပ်မတော်က အမြစ်ပြတ်ချေမှုန်းလို့ ရသွားခဲ့တာကိုပြောချင်တာပါ ။

ဒါပေမဲ့မြန်မာ အစိုးရကိုနိုင်ဖဲ ကိုင်ထားနိုင်ဘို့  သူပုန် အမယ်သစ်တွေ မွေးထုတ်၊ သူပုန် အဟောင်းတွေကို မြေတောင်မြှောက် ထိန်းချုပ်ထားပြီး လိုအပ်တဲ့ အချိန်တိုင်းမှာ ကန့်သတ် တိုက်ပွဲတွေဖန်တီး၊ အစိုးရကို စစ်ရေးအရ ဖိအားပေး ထိန်းချုပ်ထားကာ၊ သူပုန်တွေကိုတော့ ငွေ လက်နက် နယ်မြေ ခိုလှုံခွင့်တွေပေးလို့
လက်ကိုင်တုတ်အဖြစ်အသုံးချနေတာပါ ။




ပြောချင်တာက ....
အရှေ့ခြမ်းက သူပုန် မှန်သမျှ တရုတ်ဩဇာခံတွေချည်းပါပဲ ။ ဒီအတွက် နှစ် ၆၀ ပြည်တွင်းစစ်တို့၊ တပ်က သူပုန်တွေကို နိုင်တာလည်း ဟုတ်ဘဲနဲ့တို့၊ တစ်ကယ် မတိုက်ဘဲ သူပုန်ကိုပဲ တပ်ကမွေးပြီး လုပ်စားနေတာ တို့ စတဲ့ အမနာပစကားတွေ ပြောလာကြတော့တာပါပဲ။

ဒီဘက်က တိုက်လိုက် ဟိုဘက်ပြေးဝင်လိုက်၊ ဟိုဘက်ကိုဗုံးတစ်လုံး ကျည်တစ်တောင့်ကျရင် ကန့်ကွက်လိုက်၊ ဆေးဝါး ရိက္ခာ လူ လက်နက် ငွေ ထောက်ပံ့ပေးလိုက်နဲ့၊ ကိုယ့်ထက်အင်အားကြီးတဲ့ ကပ်လျက် အိမ်နီးချင်းနိုင်ငံက တစ်မင်မွေးထားတဲ့ သူပုန်တွေကိုအပြတ်တိုက်ဘို့ရာ ဘယ်ဖြစ်နိုင်ပါ့မလဲ။

ဒီသူပုန်တွေကလည်း တစ်ကယ် တော်လှန်ရေးလုပ်ပြီး ပြည်သိမ်းတိုက်ပွဲကြီးတွေ တိုက်၊ အစိုးရကို ဖြုတ်ချဘို့ထိ ရည်ရွယ်ချက်လည်း မရှိ၊  မိသားဆွေမျိုးစု ချမ်းသာဘို့သာ လက်နက်ကိုင် စီးပွားရေး လုပ်နေကြသူတွေမို့၊ တရုတ်ခွင့်ပြုသလောက်သာ အကန့်အသတ်နဲ့ကြီးထွားရှင်သန်ကြရတဲ့
စက္ကူကျားတွေပါ၊

လက်ရှိ အရှေ့ခြမ်းမှာ ဝ အပါအဝင် တရုတ် မွေးထားတဲ့ သူပုန်မျိုးစုံ ရှိနေတာမှာ တရုတ်ထီးရိပ် အောက် ကနေ USA ထီးရိပ်အောက်ကို ပြောင်းခိုဘို့ KIA က လုပ်လာသလို၊ USA ကလည်း ခရစ်ယန်ဖြစ်တဲ့ KIA ကို မွေးစား ခိုင်းစားဘို့ ရွေးချယ်လိုက်တယ် ။

သူ့ အဆွယ်အပွားတွေဖြစ်တဲ့ AA,MNDAA,TNLA တွေ အပြင် ARSA တို့ကိုပါ ဆွဲစိ ပံ့ပိုးပြီး၊
China containment plan အတွက် Proxy war တွေ မပြတ် ဖန်တီးလာတော့မှာကို တရုတ်ကြီးက သဘောပေါက်တယ် ။

ဒီအတွက် သူ့ပြန်ခြောက်မဲ့ သူ့မျောက်ကို သတ်ဘို့ တပ်မတော် ဘက်က ရပ်ပြလိုက်တယ် ။ ဒီတော့ KIA ကိုဆော်စေသတည်းပေါ့ ။ ဆော်ရာမှာလည်း အရှေ့နဲ့မြောက်က အခိုင်အမာ စခန်းတွေ အကုန်ကြိတ်တဲ့ အပြင်၊ အနောက်နဲ့ အနောက်မြောက် ခွင်မှာပါ အခြေမချနိုင်အောင် လက်ဦးမှုယူပြီး ရှင်းနေတာပါ။

ဒါ့ကြောင့် CIA (US) နှာနုဖြတ်အရိုက် ခံရသလိုဖြစ်လေတော့ ဆိုရော့စ်ခွေးတွေ အူကြ ဟောင်ကြတာပါ။
အူချင်အူ ဟောင်ချင်ဟောင်၊ တပ်မတော်ကတော့ အမြစ်မပြတ်တောင် နာလန်မထူအောင်ဆော်မှာပါပဲ။

A နောက်ပိတ် မျောက်တစ်ပိုင်းအာပလာ မိတ်တွေ ပထွေး အရွေးမှားတော့ ခံကြပေါ့လေ။
ဒီအခြေ အနေမှာ လင်သေလို့မှ ပေါ်တင် ငိုမရရှာတဲ့ မယားငယ် တုံးပိက ဘယ်သူတွေလဲဆိုတာ တော့ မပြောတော့ပါဘူး၊ တွေးကြည့်ရင်သိနိုင်ပါတယ်လေ။

China, USA (CIA), KIA, AA, TNLA, MNDAA, ARSA စတဲ့ A နောက်ပိတ်တွေရဲ့ အထာနဲ့ လားရာကို
အားလို့ လျှောက်တွေးမိသမျှ ရေးလိုက်တာပါ။

Tempo ကတော့ နည်းနည်းမြင့်လာပြီ ထင်တာပါပဲ ။
နောက်ဆုံး ၁၈ ကျင်း မပြည့်ခင် ချက်ရေပြတ်အောင်ရိုက်ထားနိုင်ရင် (Sudden Death) ကျင်းပို ကို
ရင်တမမ ရိုက်စရာ မလိုတော့ဘူးပေါ့။

Fighting! Myanmar Army.
HlawinHlawin
14.5.2018

Hlawin Hlawin
 
 

No comments:

Post a Comment