25 November 2018

မြန်မာ မှန်ရင် မဖြစ်မနေသိရမယ့် အချက်လေးတွေ



မြန်မာ မှန်ရင် မဖြစ်မနေသိရမယ့် အချက်လေးတွေ ကို ရေးထားပါတယ်။ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။သူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ပါ။

ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း) ပုဒ်မ(၇) ဘာသာရေးကို အခြေမခံသောနိုင်ငံ ..

(က) ဖက်ဒရယ် ပြည်ထောင်စုသည် နိုင်ငံရေးနှင့်ဘာသာရေး ရောစပ်ခြင်း မရှိ စေပဲ ဘာသာရေးကို အခြေမခံသော နိုင်ငံ ဖြစ်စေရမည်။


( ခ ) မည်သည့် ဘာသာ အယူဝါဒကိုမျှ နိုင်ငံ တော်ဘာသာ အဖြစ် ပြဌာန်းခြင်း မရှိစေရ။

ဒီပုဒ်မနဲ့ ပတ်သက်လို့ ပြောလိုရင်းပါ။
ဥပဒေ ဆိုတာ ရေးဆွဲချင်တိုင်း ရေးဆွဲလို့ ရပေမယ့် သမိုင်းကိုတော့ ဖျောက်ဖျက်လို့ မရပါ။

တတိယ သမ္မတ ဦးဝင်းမောင် လက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အတည်ပြု လက်မှတ် ရေးထိုး ပြဋ္ဌာန်းခဲ့တာကို ခေတ်အခြေအနေရ ပယ်ချချင်တယ် ဆိုရင်လည်း သမိုင်းကိုတော့ အားနာဖို့ ကောင်းပါတယ်။

မြန်မာပြည် အာဏာကို ရယူပြီး မြန်မာသမိုင်း ကို ဖျောက်ဖျက်ချင်သူများ သတိထားရမယ့် အချက် ကလေးတွေပါ။ ကလေးက အစ နားလည် သဘောပေါက်နိုင်အောင် လိုရင်းတိုရှင်းပဲ ထောက်ပြမှာပါ။

မြန်မာ့ သမိုင်းမှာ ဗုဒ္ဓဘာသာ ဟာ နိုင်ငံ့ ဂုဏ်ဆောင် ဘာသာ ဆိုတာ ငြင်းပယ်မရတဲ့ သမိုင်းသက်သေ
တွေပါ။

 ၁။ မြန်မာ သက္ကရာဇ်


မြန်မာ သက္ကရာဇ်ကို သာသနာ သက္ကရာဇ်နှင့် စတင်သတ်မှတ် ရေတွက်ခဲ့ပါတယ်။
တစ်ကယ်ဆိုရင် မြန်မာ သက္ကရာဇ်ဟာ သာသနာ သက္ကရာဇ် အရေအတွက်နှင့် တန်းတူပါပဲ။


ဒါပေမယ့် သရေခေတ္တရာခေတ် သုမုန္ဒြီမင်း လက်ထက် ၆၂၂-နှစ်မှာ တစ်ကြိမ်၊

ပုဂံခေတ် ပုဗ္ဗစောရဟန်းမင်း လက်ထက် ၅၆၀ ခုနှစ်မှာ တစ်ကြိမ်နဲ့
နှစ်ကြိမ်ပေါင်း သက္ကရာဇ် ၁၁၈၂ နှစ်ကို ဖြိုခွင်း ခဲ့လို့ မြန်မာသက္ကရာဇ်ဟာ ၁၃၇၈ ခုပဲဖြစ်နေတာပါ။



ဒါကြောင့် သာသနာ သက္ကရာဇ်ကို သိချင်ရင် မြန်မာ့ရောက်ဆဲ သက္ကရာဇ်ထဲကို မင်းနှစ်ပါး ဖြိုခဲ့တဲ့ သက္ကရာဇ် ၁၁၈၂ ကို ပေါင်းထည့်ပါက သာသနာသက္ကရာဇ် ဘယ်လောက်ရှိပြီ ဆိုတာကိုသိနိုင် ပါလိမ့်မယ်။ ၁၁၈၂ ကိုတော့ မူသေမှတ်ထားရမှာပါ။

( ၁၁၈၂+၁၃၇၈=၂၅၆၀)။
မင်းနှစ်ပါး မဖြိုခဲ့ရင် မြန်မာသက္ကရာဇ်လည်း ၂၅၆၀ ခုနှစ်ရှိပါပြီ။



၂။ ရွှေတိဂုံစေတီတော်


သာသနာ သက္ကရာဇ် မပေါ်မီ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်ထဲက တပုဿ ဘလ္လိက ကုန်သည် ညီနောင်

နှစ်ပါးကို မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် ချီးမြှင့်ပေးသနာတော်မူတဲ့ ဆံတော်ရှစ်ဆူကို ဌာပနာ သွင်းပြီး မြန်မာ မင်းအဆက်ဆက် ကိုးကွယ်လာတဲ့ စေတီတော်ပါ။

ကမ္ဘာ့ ပထမ ဦးဆုံးစေတီ ဆိုတာ သမိုင်းသက်သေ အထောက် အထားခိုင်လုံစွာနဲ့ ကမ္ဘာက လက်ခံထား တာပါ။ ဒါတောင် သမိုင်းဝင်စေတီတွေ အများကြီးကျန်သေးတယ်။

၃။ မြန်မာ ဘာသာစကား


မြန်မာ ဘာသာစကားထဲမှာ မြတ်ဗုဒ္ဓရဲ့ ဓမ္မဒေသနာ မူရင်းဖြစ်တဲ့ ပါဠိနဲ့ ပါဠိသက် ဝေါဟာရတွေဟာ ထုတ်နှုတ်ကြည့်မယ်ဆို ကျမ်းတစ်စောင် ပေတစ်ဖွဲ့ပါ။ လုံးဝကို အစားထိုး မရအောင် နေရာယူထားတဲ့
ဝေါဟာရ စကားလုံးတွေတောင်ရှိပ
ါတယ်။

ဥပမာ။ ။ သမ္မတ နာယက ဥက္ကဋ္ဌ သမဂ္ဂ ဝီရိယ ဆန္ဒ ရောဂါ ဝေဒနာ စတဲ့ ဝေါဟာရတွေသေချာ လေ့လာ ရင် အများကြီး ။ စာပေနဲ့ ကြည့်မယ်ဆိုလည်း မြန်မာ စာပေဟာ ပါဠိသဒ္ဒါ နဲ့ အခြေခံထားတာပါ။


ပြောချင်တာက ....
မြတ်ဗုဒ္ဓရဲ့ ဓမ္မဒေသနာဖြစ်တဲ့ ပါဠိစာပေနဲ့ ပါဠိဝေါဟာရတွေကို မြန်မာစာ မြန်မာစကားမှာ
သမိုင်း ဖျောက်မရဘူး ဆိုတာကိုပါ။

၎။ မြန်မာတို့ရဲ့ ၁၂-လရာသီ အခေါ်အဝေါ်


မြတ်ဗုဒ္ဓသာသနာတော်နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ မြန်မာလရဲ့ အမည်နာမတွေ။ ဝါဆိုလ
သီတင်းကျွတ်လ တန်ဆောင်မုန်း ခေါ်တဲ့ တန်ဆောင်တိုင်လ။ ဒါကတော့ ပြောစရာတောင်
အထူးမလိုဘူး ကလေးတောင်သိတယ်။


တာဝတိံသာမှာ ဗုဒ္ဓဘုရားရှင် ဝါဆို ဝါကပ် တာန
ဲ့ ဗုဒ္ဓသားတော် ရဟန်းသံဃာတွေ ဝါဆိုဝါကပ် တာ ကို စွဲပြီး မှည့်ထားတဲ့ လအမည်က ဝါဆို။

ဝါဆို သီတင်သုံးခြင်းမှ ကျွတ်လွတ် တာကို စွဲပြီးမှည့်ထားတဲ့ လ အမည်က သီတင်းကျွတ်။


အဇာတသတ်မင်း သာမညဖလသုတ် နာကြားဖို့ မီးရှူးတန်ဆောင်တွေ ကိုင်ပြီး ဗုဒ္ဓထံ သွားတာကို
စွဲပြီး မှည့်ထားတဲ့ လအမည်က တန်ဆောင်မုန်း။


ဒါက မြန်မာ့ လ ရာသီမှာ ဗုဒ္ဓဘာသာ တို့ရဲ့သက်သေ သမိုင်းဝင် အမည်လေးတွေပေါ့။

ဒါက သိသာထင်ရှား လူတိုင်းနားလည်တဲ့ သမိုင်းသက်သေတွေပေါ့။ စေ့စေ့ပေါက်ပေါက် နှိုက်နှိုက် ချွတ်ချွတ် ပြောရရင် ကုန်နိုင်မယ် မထင်ပါ။

ကဲ…ခေတ်နဲ့အညီ နိုင်ငံပိုင် သတင်းစာမှာ ဗုဒ္ဓတရားတော် ပယ်ချင်တဲ့ ဝန်မင်းတို့ မဘသ မလိုဘူးပြောတဲ့ ဝန်မင်းတို့ဇာတိမာန် သီချင်းက ခေတ်နဲ့ မလျှော်ညီလို့ မဆိုသင့်ဘူးပြောတဲ့ ဝန်မင်းတို့ရေ…။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် ခေတ်နဲ့ မလျော်ညီဘူးချည်း ပြောနေမယ်၊ တစ်ခြား ဘာသာတွေနဲ
့ တန်းတူဖြစ်အောင် လုပ်ချင်နေတယ် ဆိုရင်တော့ ရွှေတိဂုံ ဘုရားကြီးကို ဖျောက်ကြပါ။

မြန်မာ ဝေါဟာရထဲမှာ ရှိနေတဲ့ ဗုဒ္ဓရဲ့ ပါဠိစကားလုံးတွေအစား မြန်မာ စကားလုံး အသစ်တွေ
ဖန်တီး ပေးကြပါ။ သာသနာ သက္ကရာဇ်နဲ့ သတ်မှတ်ခဲ့တဲ့ မြန်မာသက္ကရာဇ်တွေကို ဖြိုပစ်ကြပါ။
ဗုဒ္ဓဘာသာနဲ့ စပ်ဆိုင်တဲ့ မြန်မာရာသီ လ-အမည်တွေကို ပြောင်းလဲပေးကြပါ။

မင်္ဂလာပါ   ဆိုတဲ့ ဗုဒ္ဓဘာသာ က လာတဲ့ မြန်မာ့ နှုတ်ခွန်းဆက် စကားလေး အစား ခေတ်နဲ့ ညီတဲ့ စကားအသစ်ကလေး တစ်ခွန်းလောက် ဆန်းသစ်ကြည့်ကြပါ။ ကိုယ့်လုပ
်ရပ် ဟုတ်ပြီထင်နေရင်ပေါ့။

ပြောလိုက်လို့ နိုင်ရာ ကိုင်မယ်ဆိုပြီး ဦးဝိစာရလမ်း တို့ ဦးဥတ္တမ ပန်းခြံ တို့ကို ရှက်ရမ်း ရမ်းပြီး နာမည်လျှောက် မပြောင်းနေနဲ့ဦ
း။ ကလေးကွက်တွေကို ပြည်သူက သိပြီးသား။

နှစ်ပေါင်း နှစ်ထောင့်ငါးရာ့
ခြောက်ဆယ်တိုင်တိုင် ဗုဒ္ဓသာသနာ အရောင်နဲ့ ထွန်းပြောင်လာတဲ့ မြန်မာ့ သမိုင်းကို ခြောက်လလောက် အာဏာရှင် စနစ်နဲ့ ဖျောက်ပစ်ချင်နေမှတော့  စွမ်းမယ်ထင်ရင် လုပ်ကြည့့််ကြပါလို့ပဲ ပြောချင်ပါတယ်။

စကားလက်ဆောင် တစ်ခုကိုတော့ နောင်လာနောက်သားများ အတွက် ပြောလိုက်ချင်ပါရဲ့………

သမိုင်း ဆိုတာကို ဥပဒေ နဲ့ ဖျောက်ဖျက်ရင်
ဖျောက်ဖျက်သူရဲ့ သမိုင်းပဲ ရိုင်းလိမ့်မယ်…
သမိုင်းဆိုတာ ဘယ်တော့မှ ပျောက်မသွားဘူး။



Crd ... နန်းနတ်နေနွယ်နိုင်
( 31- 8- 2016 )

စောခွန်ရွှေ


No comments:

Post a Comment