21 November 2018

သန့်စင်တဲ့ ရွှေ ဆိုတာ




ကမ္ဘာ့ ရွှေဈေးကွက်မှာ စံသတ်မှတ်ချက်အရ 24-karat gold ၂၄ ကာရက် ရွှေကို သန့်စင်တဲ့ရွှေ
(Pure gold) အဖြစ် သတ်မှတ် လက်ခံထားပါတယ်။


ရာနှုန်းပြည့် (100%) သန့်စင်တဲ့ရွှေ ဆိုတာ မရနိုင်ပါဘူး။ ဒါကြောင့် ကုန်သွယ် ရောင်းဝယ်ရာမှာ ၉၉.၉၅%
သန့်စင်မှု ရှိတဲ့ ရွှေကိုပင်လျင် သန့်စင်တဲ့ရွှေ အဖြစ် ရွေးချယ်သတ်မှတ် ခွင့်ပြုချက် ပေးထားပါတယ်။


အောက်ပါ ကမ္ဘာ့ရွှေသန့်စင်မှု အသိအမှတ်ပြု စံနှုန်းအရ ရွှေသန့်စင်မှု ၉၅.၈၃% ပါဝင်တဲ့ ရွှေကိုပင်လျင်
၂၃ ကာရက် ရွှေ အဖြစ် သတ်မှတ်ထားတာကို တွေ့ရပါတယ်။
95.83–99.95% = 23K (acclaimed 95.83%)
 
ရွှေတိဂုံ စေတီတော်ကြီးမှာ ကပ်လှူပူဇော်ထားခဲ့တဲ့ ရွှေတွေကို ခွာယူ စစ်ဆေးခဲ့ရာမှာ ရွှေပါဝင်မှု ၉၈.၉၁%
ရှိကြောင်းသိရပါတယ်။
 
Gold coating လုပ်တဲ့နေရာမှာ ပြဒါး (Mercury) များ ပါဝင်နေတယ်လို့ ဆိုပေမယ့် ရွှေ ဆိုတာ ပြဒါး နဲ့ မကင်းနိုင်ဘူး ဆိုတာ ရွှေလုပ်ငန်း လုပ်ဖူးသူတိုင်း သိနားလည်ပြီးသား ကိစ္စတစ်ခုပါ။ ထူးဆန်းတဲ့ ကိစ္စရပ် တစ်ခု မဟုတ်ပါဘူး။
 
ဘယ်လိုပဲဖြစ်ဖြစ် စေတီတော်ကြီးက နမူနာရွှေပြားတွေ ကို ပြန်လည်သန့်စင်ရာမှာ ရွှေသန့်စင်မှု ၉၈.၉၁%
ရှိတယ်ဆိုတဲ့အချက်ဟာ" ရွှေတိဂုံစေတီတော်ကြီးမှာ ကပ်လှူပူဇော်ထားခဲ့တဲ့ ရွှေတွေဟာ အစစ်အမှန်တွေ
ဖြစ်တယ်" လို့ အတည်ပြုနိုင်ပါလိမ့်မယ်။
 
ရွှေတိဂုံစေတီတော်ကြီးက " ရွှေတွေဟာ အတုအယောင် အရောအနှောတွေဖြစ်တယ် " လို့ စွပ်စွဲခဲ့ကြ သူတွေဟာ ခေတ်အဆက်ဆက်မှာ တာဝန်ယူခဲ့ကြတဲ့ အုပ်ချုပ်သူ အစိုးရ မင်းတွေနဲ့ ဘုရားဂေါပက လူကြီးမင်း တွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်စော်ကား ခဲ့ကြတာ ဖြစ်ပေမယ့် ဒီကိစ္စဟာ ခေတ်အဆက်ဆက်မှာ စေတီတော်ကြီးကို ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြတဲ့ အလှူရှင်တွေကို စိတ်နှလုံး မသာမယာ ညှိုးနွမ်းစေရုံသာမက ရွှေသင်္ကန်း ကပ်လှူရန် စိတ်ကူး ကြံစည်နေဆဲ အလှူရှင်တို့ရဲ့ စေတနာ သဒ္ဓါတရားကို ဖျက်ဆီးရာ ရောက်တဲ့အတွက် ပစ္စုပ္ပန် သံသရာ အပြစ်ကြီးမားလှပါတယ်။
 
မည်သို့ပင် ကောက်ကျစ် ယုတ်မာသူ လူတစ်စုက ရွှေတိဂုံ စေတီတော်ကြီးမှ ရွှေများသည် ရွှေအတု ဖြစ်သည်ဟု ပြစ်မှားကြစေကာမူ ဂေါတမဘုရားရှင်၏ ဆံတော်ရှစ်ဆူ ကိန်းအောင်းမွေ့လျော်ရာ
ရွှေတိဂုံစေတီတော်ကြီးဟာ ရှေးကစပြီး ယခုတိုင် နှစ်ပရိစ္ဆေဒများစွာ ရွှေစင်ရွှေသား အစစ်အမှန်များနဲ့
ဗုဒ္ဓဘာသာဝင် သူတော်စင် တို့ရဲ့ ပူဇော်ကိုးကွယ် ဆည်းကပ်ရန် အတွက် ဘုရားလေးဆူ တို့၏
ဓာတ်တော် မွေတော်များဖြင့် ကမ္ဘာပေါ်မှာ ပထမဦးဆုံး စေတီတော်ကြီးအဖြစ် ဆက်လက်၍ သပ္ပါယ်ခမ်းနားစွာ တည်ရှိနေဦးမှာ ဖြစ်ကြောင်းပါဗျာ။
 
 
The karat or carat (variant US spelling and standard UK spelling; US symbol K or kt, UK symbol C) is a fractional measure of purity for gold alloys, in parts fine per 24 parts whole. The karat system is a standard adopted by US federal law.
 
Measure
K is the karat rating of the material,
Mg is the mass of pure gold in the alloy, and
Mm is the total mass of the material.


Therefore, 24-karat gold is pure (while 100% purity is unattainable, this designation is permitted in commerce for 99.95% purity), 18-karat gold is 18 parts gold, 6 parts another metal (forming an alloy with 75% gold), 12-karat gold is 12 parts gold (12 parts another metal), and so forth.[14]
In England, the karat was divisible into four grains, and the grain was divisible into four quarts. For example, a gold alloy of ​127⁄128 fineness (that is, 99.2% purity) could have been described as being 23-karat, 3-grain, 1-quart gold.
 
The karat fractional system is increasingly being complemented or superseded by the millesimal system, described above.
 
Conversion between percentage of pure gold and karats:
58.33–62.50% = 14K (acclaimed 58.33%)
75.00–79.16% = 18K (acclaimed 75.00%)
91.66–95.83% = 22K (acclaimed 91.66%)
95.83–99.95% = 23K (acclaimed 95.83%)
99.95–100% = 24K (acclaimed 99.99%)



Credit: Than lwin Oo 


 

 


No comments:

Post a Comment