08 March 2019

လက်နက်၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်းများမှ ငွေအသပြာများ အလျှံပယ်ဖြစ်နေသည့် မြို့




တရုတ်ပြည် သို့ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် မူဆယ်မြို့၏ ညစ်ပတ် ပေရေနေသော လမ်းမများပေါ်တွင် ‘ပန်ဆေး’ ပြည်သူ့စစ် အဖွဲ့မှ တိုက်ခိုက်ရေးသမားများ ဥဒဟို သွားလာနေကြသည်။

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့တွင် လက်နက်များ၊လောင်းကစား ရုံ များ၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်း များ မှ ပေါ်ထွက်လာသည့် ငွေကြေးများ အလျှံပယ်ဖြစ်နေသည်။

တရုတ်ပြည်နှင့် မြန်မာနိုင်ငံ အကြား ၎င်းတို့ နယ်စပ် တစ်လျှောက် တပ်ဖွဲ့များ ဖြန့်ချမှု မပြုရန် သဘောတူညီ ချက် တစ်ရပ်ရှိသည်။ သို့ဖြစ်၍ KIA နှင် TNLA အပါအဝင် ယင်းဒေသ၌ လှုပ်ရှားနေ ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဗဟိုအစိုးရ အကြားနှစ်ရှည် လများပဋိပက တစ်ခုတွင် မြန်မာ့တပ်မတော်သည် ဌာနေပြည်သူ့စစ်အဖွဲ့များကို ကိုယ်စားလှယ်များအဖြစ် အသုံးပြုခဲ့ သည်။

ရှမ်းပြည်နယ်၏ နယ်စပ်မြို့ မူဆယ်ကို လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့က အုပ်စီးထားသည်ဟု ဆိုသည်။ ယင်းတို့ အနက် ‘ပန်ဆေး’ အဖွဲ့ သည် မူဆယ်မြို့၏ အင်အား အကြီးဆုံးပြည်သူ့စစ် အဖွဲ့များအနက် တဖွဲ့ ဖြစ်သည်။

ပန်ဆေး အဖွဲ့တွင် အဖွဲ့ဝင် ရာပေါင်းများစွာ ရှိပြီး အမ်-၁၆ ရိုင်ဖယ် များ၊ ကာလက်ရှ်နီကော့ဗ် ရိုင်ဖယ်များ စသည်ဖြင့် ခေတ်မီ လက်နက် များ ကိုင်ဆောင် ထားကြသည်။

ပန်ဆေးပြည်သူ့စစ် အဖွဲ့တွင် ကိုယ်ပိုင် ကျောက်စိမ်းတွင်းများ၊ စီးကရက် စက်ရုံများ၊ ကာရာအိုကေ ဘားများရှိသည်။ စီနီယာ ပန်ဆေး အဖွဲ့ဝင် တစ်ဦးက ၎င်းတို့ အဖွဲ့သည် မူးယစ်ဆေးဝါးနှင့် အခြားဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ်များတွင် ပါဝင်ပတ် သက်ခြင်း မရှိဟု ပြောကြားသည်။

မူဆယ် ရှိ အခြားပြည်သူ့စစ် အဖွဲ့များနည်းတူ ပန်ဆေး အဖွဲ့သည် တပ်မတော်၏ အုပ်ချုပ်မှုအောက်၌ ရှိသည်။ အပြန်အလှန် အနေနှင့် တစ်စုံ တစ်ခုသော အတိုင်းအတာအထိ လွတ်လပ် စွာလှုပ်ကိုင်ခွင့် ရသည်။ ပြည်သူ့စစ် အဖွဲ့ဝင်များက သူတို့ကိုယ် သူတို့ ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ အဖြစ် ညွှန်းဆိုကြသည်။

၎င်းတို့သည် ပြည်သူလူထု အပေါ် အနိုင်ကျင့် ဗိုလ်ကျ ဥပဒေနှင့် မညီသည့် လုပ်ငန်းများ လုပ်ကိုင်နေကြ သော သူပုန် အုပ်စုများကို တိုက်ခိုက်နေသည် ဟုလည်း ပြောကြသည်။

သို့ရာတွင် နိုင်ငံရေးလေ့လာ စိစစ်သူ ဒေးဗစ် မက်သီဆန် က မူဆယ်မြို့၏ တရားမဝင် စီးပွားရေး လုပ်ငန်း နောက်ကွယ်၌ ပြည်သူ့စစ် အဖွဲ့များရော၊ သူပုန်များပါ ပါဝင် ပတ်သက်နေသည်ဟု ပြောသည်။

” သူတို့ဟာ သေနတ်တွေ ကိုင်ဆောင်ပြီး မြို့ပတ်ကာ ကားမောင်း နေကြတယ်။ လောင်းကစားရုံတွေကို ဖွင့် ထားကြတယ်။ ယာဘ မူးယစ်ဆေးတွေ ရောင်းနေကြတယ်”ဟု ၎င်းက ပြောသည်။

မြန်မာ ကုန်သည်များသည် မူဆယ်မြို့မှ တစ်ဆင့် တရုတ်ပြည်သို့ ဆန်၊ ငါး၊ သစ်သီးများ တင်ပို့သည်။ တရုတ် ပြည်မှ လျှပ်စစ် ပစ္စည်း များ၊ လူသုံးကုန် ပစ္စည်းများ တင်သွင်းသည်။ အောက်တိုဘာနှင့် ဒီဇင်ဘာ အကြား တရားဝင်ကုန် သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ခန့်ရှိသည်။

သို့သော် တရားဝင် ကုန်သွယ်မှုထက် စိတ်ကြွဆေး၊ ဘိန်း၊ တိရစ္ဆာန် အစိတ်အပိုင်းများ၊ ကျောက်စိမ်း စသည့် တရားမဝင် ကုန်သွယ်မှုက မူဆယ်တွင် အဆမတန် ကြီးထွားလျက်ရှိသည်။

မြန်မာနိုင်ငံသည် ယခုအခါ ကမ္ဘာပေါ်တွင် စိတ်ကြွဆေးပြား အများ ဆုံးထုတ်လုပ်သည့် နိုင်ငံများအနက် တနိုင်ငံဖြစ်နေသည်။







မူဆယ်မြို့သို့ဝင်ရောက်လာသော ကုန်ကားကြီးများ၊ မြို့မှ ထွက်ခွာ သွားသော ကုန်ကားကြီးများသည် ပြည်သူ့စစ် အဖွဲ့များ၏ မျက်စိ အောက်မှာပင် မြို့အပြင် ဘက် တရားမဝင် အကောက်ဂိတ်များမှ ဖြတ်ကျော် မောင်းနှင်နေကြသည်။ မြို့အတွင်း၌ သံဆူးကြိုးများ ကာရံ ထားသည့် အုတ်တံတိုင်းများနောက်ကွယ်၌ လောင်းကစား ရုံများ ဖွင့်လှစ်ထားပြီး လက်နက်ကိုင် အစောင့်များဖြန့်ချထားသည်။

ဟိုတယ် အခန်းများတွင် ကွန်ဒုံးများ လိုသလောက်ပေးနေသည်။ တစ်ချိန်တည်း တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် အပေါ စား ပြည့်တန်ဆာ ခန်းများတွင် ပျားပန်းခတ်မျှသွားလာနေကြသည်။
မူဆယ်မြို့သည် နယ်စပ် ကုန်သည်များနှင့် အဝေးပြေး ကားဒရိုင် ဘာ များ စခန်းချရာနေရာဖြစ်ပြီး မကောင်းတာ မှန်သမျှ အကုန် လုပ်နိုင်သောမြို့ အဖြစ် လည်း နာမည်ဆိုးဖြင့်ကျော်ကြားနေသည်။

ငွေကြေး၊ ကုန်သွယ်မှု၊ သယံဇာတများနှင့် တိုင်းရင်းသား ကိုယ်ပိုင် အမှတ်အသား အတွက် ဆယ်စုနှစ် ပေါင်းများစွာကြာ ရုန်းကန် ကြိုးပမ်း မှုကို မူဆယ်မြို့တွင်တွေ့မြင်နိုင်သည်။ တရုတ်ပြည်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်းအရ ရင်းနှီးမြှုပ်နှံမှုများ ပုံအောဝင်လာသောကြောင့် မူဆယ်နှင့် မြန်မာနိုင်ငံ ၏ အနောက်ဘက်ကမ်းခြေ အကြား လမ်းကြောင်းများ တိုးတက်ကောင်းမွန်လာဖို့ ရှိသည်။

ဤအချက်က မြို့၏ ဥပဒေနှင့် ဆန့်ကျင်သော စီးပွားရေးလုပ်ငန်း များ ပိုမို စည်ပင်ဖွံ့ဖြိုးလာဖွယ် ရှိကြောင်း နိုင်ငံတစ်ကာ အကျပ် အတည်း အုပ်စု (ICG) က ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။
မူဆယ်မြို့ကိုဖြတ်၍ ငွေကြေးများ စီးဆင်းနေချိန်တွင် ယင်းငွေကြေး အနည်းငယ်ခန့်သာ မြို့လူထုထံ ရောက်ရှိသွားသည်။ မြို့နေလူထု ကတော့ ပြည်သူ့စစ် အဖွဲ့များ၊ သူပုန်များ၊ မူးယစ်ဆေးစွဲသူများ၊ အသေးစား ရာဇဝတ်ကောင်များအကြား နေ့စဉ်လိုပင် ညှပ်ပူးညှပ် ပိတ်ရန်ပြုတိုက်ခိုက်ခြင်းခံနေကြရသည်။

မူဆယ်မြို့ကိုဖြတ်၍ ငွေကြေးများ စီးဆင်းနေချိန်တွင် ယင်းငွေကြေး အနည်းငယ် ခန့်သာ မြို့လူထုထံ ရောက်ရှိသွားသည်။ မြို့နေလူထု ကတော့ ပြည်သူ့စစ် အဖွဲ့များ၊ သူပုန်များ၊ မူးယစ်ဆေးစွဲသူများ၊ အသေးစား ရာဇဝတ်ကောင်များအကြား နေ့စဉ်လိုပင် ညှပ်ပူးညှပ် ပိတ်ရန်ပြုတိုက်ခိုက်ခြင်းခံနေကြရသည်။

”ကျွန်တော်တို့ ညဘက် အပြင်ထွက်ရမှာကြောက်တယ်”ဟု ကန်ထရိုက် လုပ်ငန်းရှင်၊ ကလေးနှစ် ယောက်ဖခင် ကိုကျော်ဇင်လတ် က ပြောပြသည်။

ပြီး ခဲ့သည့် မေလက နယ်စပ်အနီး တံတားတစင်းပေါ်တွင် ပန်ဆေးပြည်သူ့စစ် အဖွဲ့နှင့် TNLA အကြား ၈ နာရီ ကြာ တိုက်ပွဲဖြစ်ရာ အရပ်သား ၁၅ ဦး အပါအဝင် လူ ၁၉ ဦးသေဆုံးခဲ့ သည်။
” ဒီ အဆောက်အအုံ နံဘေးမှာပဲ ရဲအရာရှိ တစ်ဦး ပစ်သတ် ခံခဲ့ရ တယ်”ဟု NGO တည်ထောင်သူ ဦးသောင်းထွန်း က တံတားကို သတိဖြင့် ကားဖြတ်မောင်းရင်း ပြောကြားခဲ့သည်။

ယခုအခါ မူဆယ်မြို့ကို စစ်တပ်၊ ပြည်သူ့စစ် အဖွဲ့ ၂ ဖွဲ့နှင့် ရဲတပ်ဖွဲ့ တို့က အကာအကွယ်ပေးထားသည်။ သို့ရာတွင် လူအင်အား၊ လက်နက် အင်အားနည်းပါးသောကြောင့် ရဲတပ်ဖွဲ့သည် မြို့၏ တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ တာဝန် ယူနိုင်ခြင်း မရှိပေ။
” ကျွန်တော်တို့ ကိုယ်တိုင် သွားလာဖို့ မဖြစ်တဲ့ အန္တရာယ်များ တဲ့ နေရာတွေ ရှိတယ်”ဟု ရဲအရာရှိ တစ်ဦးက ညည်းညူပြောကြား သည်။



Credit >> SM [ News Watch ]
Daniel Cruz


No comments:

Post a Comment