10 February 2022

ရွင္သန္ေပးပါ ရှင်သန်ပေးပါ


ဆန္ဖရန္စစၥကို တံတားေပၚကေန ခုန္ခ်ေပမယ့္ အသက္မေသဘဲ ကယ္တင္လို့ရခဲ့သူေတြကို အင္တာဗ်ဴး တစ္ခု လုပ္ခဲ့တယ္ ။

ဒီအင္တာဗ်ဴးမွာ အမ်ားဆုံး ေျဖၾကတဲ့  အဓိက အေျဖကေတာ့

တံတားေပၚကေန ခုန္ခ်လိုက္တဲ့ အခ်ိန္နဲ႔

ေရျပင္ေပၚကို မေရာက္ခင္ အခ်ိန္ေလးမွာ သူတို့ေတြ ႐ုတ္တရက္ သိရွိသြားတာက

"ဘဝမွာ ဘယ္အခက္အခဲ မဆို ေျဖရွင္းနိုင္တယ္"

ဆိုတာပါပဲတဲ့။ 


တစ္ကယ္ေတာ့ ေသရမယ့္ အျဖစ္က ေလာကမွာ အခက္ခဲဆုံးနဲ႔ အနာက်င္ရဆုံးပါတဲ့ ။ ဒီလို ေနာင္တမ်ိဳး ရၿပီးေတာ့မွ ေသဆုံးသြားၾကတဲ့သူေတြ ေလာကမွာ ဘယ္ေလာက္မ်ားမ်ား ရွိေနၾကပါလိမ့္ ။


အားတင္းထားပါဦး.....

ဘယ္လို အခက္အခဲေတြ ပဲ ရွိရွိ

ဘယ္လို နာက်င္မွုမ်ိဳးကို ပဲ ခံစားရ ခံစားရ

ႀကိဳးစားၿပီး အားတင္းထားပါ။


ခက္ခဲလာတဲ့ အခါ နာက်င္ပါ။

နာက်င္ပိုင္ခြင့္ ရွိပါတယ္......

နာက်င္လာတဲ့ အခါ ငိုေႂကြးပါ။

ငိုေႂကြးပိုင္ခြင့္ ရွိပါတယ္ ။


ဒါေပမယ့္

မနက္ျဖန္မွာ ေပ်ာ္စရာေတြ ေရာက္လာနိုင္တာမို႔  

ပင္ပန္းေနလည္း ရွင္သန္ေပးပါ။

ခက္ခဲေနလည္း  ရွင္သန္ေပးပါ။

နာက်င္ေနလည္း ရွင္သန္ေပးပါ။


ေနသလို မျဖစ္ဘဲ ျဖစ္သလို ေနေနရတဲ့ဘဝမွာ

ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ပါ။

ကိုယ့္ကိုယ္ကို ခ်စ္ပါ။

ကိုယ့္အတြက္ ကိုယ္ ရွင္သန္ပါ။

မုန္တိုင္းေတြ ၿပီးရင္

ေလေျပေတြ လာတတ္စျမဲမို႔

ေပ်ာ္ရႊင္ရမယ့္ ေနရက္ေလးကို မွန္းဆၿပီး

ဆက္လက္ ရွင္သန္ပါ ။


ကမၻာေပၚမွာ စကၠန္႔ (၄၀)ကို  လူတစ္​ေယာက္ႏွုန္း

ကိုယ့္ကိုယ္ကို suicide လုပ္ၿပီး

သတ္ေသေနၾကပါတယ္ ။


ဒါေပမယ့္ 

ဝမ္းသာစရာ တစ္ခုက ဒီစာဖတ္ေနတဲ့သူဟာ 

‌ေကာင္းမြန္စြာရွင္သန္ေနတယ္ဆိုတာ

သိလိုက္ရလို႔ပါပဲ။


ကၽြန္ေတာ္  ခင္ဗ်ား အတြက္ ဂုဏ္ယူပါတယ္။

နာက်င္ခဲ့သမၽွေတြကို ႀကံ့ႀကံ့ခံၿပီး

ဒီအခ်ိန္ ဒီကာလအထိ ရွင္သန္ေနခဲ့လို႔ပါ။

ေနာက္လည္း ဆက္လက္ရွင္သန္ေနလိမ့္မယ္လို႔

ယုံၾကည္ပါတယ္။ေမၽွာ္လင့္ေနပါတယ္.....

အသက္ရွင္ရတာ ေပ်ာ္ရႊင္ေနေစဖို႔

ဆုမြန္ေကာင္း ေတာင္းရင္း........



ခ်စ္တဲ့

ေသာ္တာမင္း

Crd ... Original Uploader 




ဆန်ဖရန်စစ္စကို တံတားပေါ်ကနေခုန်ချပေမယ့် အသက်မသေဘဲ ကယ်တင်လို့ရခဲ့သူတွေကို အင်တာဗျူး တစ်ခု လုပ်ခဲ့တယ်......

ဒီအင်တာဗျူးမှာ အများဆုံး ဖြေကြတဲ့ အဓိက အဖြေကတော့

တံတားပေါ်ကနေ ခုန်ချလိုက်တဲ့ အချိန်နဲ့

ရေပြင်ပေါ်ကို မရောက်ခင် အချိန်လေးမှာ

သူတို့တွေ ရုတ်တရက် သိရှိသွားတာက

"ဘဝမှာ ဘယ်အခက်အခဲ မဆို ဖြေရှင်းနိုင်တယ်"

ဆိုတာပါပဲတဲ့။


တကယ်တော့ သေရမယ့် အဖြစ်က

လောကမှာ အခက်ခဲဆုံးနဲ့ အနာကျင်ရဆုံးပါတဲ့။

ဒီလို နောင်တမျိုး ရပြီးတော့မှ 

သေဆုံးသွားကြတဲ့သူတွေ လောကမှာ 

ဘယ်လောက်များများ ရှိနေကြပါလိမ့်.....

အားတင်းထားပါဦး.....

ဘယ်လို အခက်အခဲတွေ ပဲ ရှိရှိ

ဘယ်လို နာကျင်မှုမျိုးကို ပဲ ခံစားရ ခံစားရ

ကြိုးစားပြီး အားတင်းထားပါ။

ခက်ခဲလာတဲ့ အခါ နာကျင်ပါ။

နာကျင်ပိုင်ခွင့် ရှိပါတယ်......

နာကျင်လာတဲ့ အခါ ငိုကြွေးပါ။

ငိုကြွေးပိုင်ခွင့် ရှိပါတယ်....


ဒါပေမယ့်

မနက်ဖြန်မှာ ပျော်စရာတွေ 

ရောက်လာနိုင်တာမို့

ပင်ပန်းနေလည်း ရှင်သန်ပေးပါ။

ခက်ခဲနေလည်း  ရှင်သန်ပေးပါ။

နာကျင်နေလည်း ရှင်သန်ပေးပါ။

နေသလို မဖြစ်ဘဲ ဖြစ်သလို နေနေရတဲ့ဘဝမှာ

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

ကိုယ့်ကိုယ်ကို ချစ်ပါ။

ကိုယ့်အတွက် ကိုယ် ရှင်သန်ပါ။

မုန်တိုင်းတွေ ပြီးရင်

လေပြေတွေ လာတတ်စမြဲမို့

ပျော်ရွှင်ရမယ့် နေရက်လေးကို မှန်းဆပြီး

ဆက်လက် ရှင်သန်ပါ ။


ကမ္ဘာပေါ်မှာ စက္ကန့် (၄၀)ကို  လူတစ်ယောက်နှုန်း

ကိုယ့်ကိုယ်ကို suicide လုပ်ပြီး

သတ်သေနေကြပါတယ်......

ဒါပေမယ့် 

ဝမ်းသာစရာ တစ်ခုက ဒီစာဖတ်နေတဲ့သူဟာ 

‌ကောင်းမွန်စွာရှင်သန်နေတယ်ဆိုတာ

သိလိုက်ရလို့ပါပဲ။


ကျွန်တော်  ခင်ဗျား အတွက် ဂုဏ်ယူပါတယ်။

နာကျင်ခဲ့သမျှတွေကို ကြံ့ကြံ့ခံပြီး

ဒီအချိန် ဒီကာလအထိ ရှင်သန်နေခဲ့လို့ပါ။

နောက်လည်း ဆက်လက်ရှင်သန်နေလိမ့်မယ်လို့

ယုံကြည်ပါတယ်။မျှော်လင့်နေပါတယ်.....

အသက်ရှင်ရတာ ပျော်ရွှင်နေစေဖို့

ဆုမွန်ကောင်း တောင်းရင်း........


ချစ်တဲ့

သော်တာမင်း

Crd ... Original Uploader 


No comments:

Post a Comment