03 October 2016

ရေခဲသေတ္တာထဲ ၆ ပိုင်း လူသေအလောင်း အမှု ဦးဆောင်ကျူးးလွန်သူဟာ စီအိုင်အေတွင် တာဝန်ထမ်းဆောင်ခဲ့ဟု ထွက်ဆို



ဘန်ကောက် က ၆ ပိုင်း ပိုင်းထားတဲ့ လူသေအလောင်းကို ရေခဲသေတ္တာထဲ ထည့်တဲ့ အမှု ပတ်စပို့အတုနဲ့ မူးယစ်ဆေးဝါးဂိုဏ်း စတာတွေကို ဦးဆောင်သူ ဟားဘတ်ကရစ်ဂ်လာဖွန် ဟာ ဟာ လက်ဝှေ့သမား၊ဓာတုဗေဒ ပညာရှင်၊ စီအိုင်အေ မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတယ် လို့ ထွက်ဆိုပါတယ်။

ယ္ခု အချိန်မှာတော့ သူနဲ့ သူရဲ့ မိတ်ဆွေ အမေရိကန် ၂ ဦး တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က အကျဉ်းထောင်တစ်ခုမှာ ဖမ်းဆီးခံထားရပြီး အမှု ၅ မှုလောက်နဲ့ ရင်ဆိုင်နေရတာပါ။
ရဲအရာရှိတစ်ဦးဖြစ်သူ နစ်သီသွန်း ပြောတာက မစ္စတာဟားဘတ်လာဖွန် ဟာ စစ်ကြောရေး ဝင်တုန်းမှာ ရဲတွေကို သူဟာ စစ်ပြန် တစ်ယောက်ဖြစ်တယ် ဓာတုဗေဒပညာရပ်ကို ဆည်းပူးခဲ့တာ ဖြစ်ပြီး စစ်တပ် အတွက်လည်း လက်နက်တွေ ထုတ်လုပ်ပေးခဲ့ရတယ်ဆိုတာတွေ ပါပါတယ်။ 
သူက အမေရိကန်နိုင်ငံကို မပြောင်းရွှေ့ခင် ကလေးဘဝတုန်းက ယူကေ မှာ နေထိုင်ခဲ့တယ်လို့ လည်း ပြော ခဲ့ပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့လောက်ကတော့ မစ္စတာ လာဖွန်ဟာ ဒီ လူသေအလောင်းကို သူ ၆ ပိုင်း ပိုင်းခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒီလူကို သူ သတ်တာမဟုတ်ဘူး လို့တော့ ငြင်းနေတုန်း ပါပဲ။
ရဲတွေက ဒီလူတွေ သွားနေကျ ဘားဆိုင်တွေကို သွားစုံစမ်းတဲ့ အခါမှာ ဘားဆိုင် မှာ မစ္စတာလာဖွန် နဲ့ သောက်နေကျ လူတွေက သူတို့လည်း ဒီလို ဇာတ်လမ်းမျိုးတွေ မစ္စတာလာဖွန်ပြောတာကို ကြားဖူးကြောင်း ဒါပေမဲ့လည်း သူပြောခဲ့တာတွေကို သံသယရှိတယ် လို့ ဆိုပါတယ် ။ 
ဘားဆိုင်မှာ သောက်နေကျ ဖောက်သည်တစ်ဦးရဲ့ အဆို အရ မစ္စတာလာဖွန် ဟာ အမေရိကန်နိုင်ငံ ကို မပြန် တာ နှစ် ၂၀ ရှိနေပြီဖြစ်ကြောင်း သူက အမေရိကန်နိုင်ငံကိုလည်း မုန်းကြောင်းပြောခဲ့တယ်လို့ သိရပါ တယ် ။ ဒီဘားဆိုင်ရဲ့ ဖောက်သည်ကိုလည်း မစ္စတာလာဖွန် က သူက စီအိုင်အေ နဲ့ ဆက်စပ်ကြောင်းပြောပေမဲ့ မယုံခဲ့ဘူးလို့ဆိုပါတယ်။


၂၀၀၁ ခုနှစ် အက်ဖ်ဘီအိုင် ရဲ့ အလိုရှိသည် ဆိုတဲ့ ပိုစတာ အရ အမေရိကန်နိုင်ငံ မေရီလန်း ပြည်နယ်၊ ဘယ်လ်တီမိုး မြို့မှာ ၁၉၇၉ ခုနှစ်၊ ဇွန်လတုန်းက အကြွေးဝယ်ကဒ် အတုကိစ္စ နဲ့ ပတ်သက်ပြီး မစ္စတာလာဖွန်ကို ဖမ်းဝရမ်း ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။ 
အက်ဖ်ဘီအိုင် ရဲ့ သတင်း အချက်အလက်တွေအရ မစ္စတာလာဖွန် က အမည်အတု ၁၆ မျိုး သုံးခဲ့တယ် လက်ဝှေ့သမား တစ်ယောက်ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အက်ဖ်ဘီအိုင် ပိုစတာအရ သူက မက္ကဆီကို မှာ ကုန်ခြောက် ပစ္စည်းရောင်းတဲ့ဆိုင်လည်း ပိုင်ခဲ့တယ် စပိန်ဘာသာစကားလည်း ပြောတတ်တယ် “လက်နက်ကိုင်ဆောင်တဲ့ အန္တရာယ်ရှိ တဲ့လူ”လို့ဆိုပါတယ်။

http://burmese.dvb.no/archives/170556


No comments:

Post a Comment