29 October 2016

အမိန့်ပြန်တမ်း.မရလို့..မကျွတ်လွတ်နိုင်တဲ့..ရုံးစောင့်





တစ်နေ့သောညနေပိုင်း၌.. ကိုလှ
မျိုး တစ်ယောက် ရာထူးတိုးဖြင့်.အပြောင်းအရွှေ့ ကျသဖြင့် မိတ်ဆွေ အပေါင်း အသင်းများအားနှုတ်ဆက် ပွဲလုပ်ပြီး..ဧည့်ခန်း၌ ထိုင်နေသည်။

ထိုအချိန်.အိမ်ရှေ့မှ.......
"တီ..တီ..တီ" ကားဟွန်းသံကြား
သဖြင့်

" သမီးရေ..ခြံရှေ့မှာ. ဧည့်သည
် လာတယ်.. သွားကြိုလိုက်ပါအုံးကွယ်"ဟု သမီးအငယ်မ ကို သွားကြိုခိုင်း လိုက် သည်။

"ဟေ့ကောင် လှမျိုးး မင်းရာထူး
တိုးပြီ ဆိုကွ"ဟုပြောရင်း လာနေသူက..ကိုလှမျို
အကြီးတန်းစာ ရေး တာဝန်ထမ်းဆောင်စဉ်က..ဆရာဖြစ်သူ ဦးကျော်သူပင်ဖြစ်သည်။

"ဆရာ လာဗျာ ထိုင်အုံးးး ကျွန်ေ
တ်ာလည်း ခဏကမှ မိတ်ဆွေ အပေါင်းအသင်းတွေပြန်သွားလို့ နားနေတာဗျ...သမီးရေ. ဆရာ့အတွက်.. စားစရာလေး ဘာလေး တည်ခင်းပါအုံးကွယ်"

"လှမျိုးရေ..မင်းက ဘယ်နေ့ပြေ
ာင်းမှာလဲကွ"
"ဒီလလယ်ပိုင်းလောက်ပြောင်ြး
ဖစ်မယ် ဆရာ"

"ဘယ်ဘက် လဲကွ"
"မွန်ပြည်နယ်ထဲပါ ဆရာ"

"ကောင်းပါတယ်ကွာ..ဝန်းထမ်း ဆ
ိုတော့..ကျရာနေရာ တာဝန်ထမ်းဆောင်ရသကိုးး"
"ဟုတ်ပ..ဆရာရေ့"

ဆရာ တပည့်နှစ်ယောက် စပ်မိစပ်ရ
ာစကားပြော ကြရင်းးဦးကျော်သူ က
"ဒါနဲ့မင်းကိုပြောရအုံးမယ်ေ
ဟ့..ငါ..မြတုံမြို့ လေးမှာ...တာဝန်ကျတုံးကပေါ့ကွာ..အခု ငါက ပင်စင်တောင်ယူပြီးပြီ ဆိုတော့နှစ်တွေကကြာပါပြီ" ဟုအစပြုရင်းးး.......
ကိုကျော်သူ တစ်ယောက်..အပြောင်း အရွှေ့ဖြင့် တာဝန်ကျရာ မြတုံမြို့လေးသို့ ..မီးရထားဖြင့် လိုက်ပါ လာခဲ့သည်။  လူပျို  လူလွတ်တစ်ယောက် ဖြစ်သဖြင့် တာဝန်ကျရာမြို့လေးသို့ပေါ့ပေါ့ပါး ပြောင်းရွှေ့နေလို့ ရ သည်။ အခက်အခဲမရှိ။

တစ်ချို့သော ပစ္စည်းတွေက တန်ဆာ 
ရိုက်ပြီး ပို့ ထားပြီးပြီ။ အခုတော့လွတ်လွတ် လပ်လပ် အိတ် ကလေးတစ်လုံးဖြင့်သာ လာခဲ့သည်။ ရထားကြီးကလည်း တစ်ဘူတာဝင် တစ်ဘူတာထွက် အရှိန်နှင့်ခုတ်မောင်းလာခဲ့သည်။ ကိုကျော်သူလည်း ရှုခင်းတွေကြည့်ရင်းလိုက်ပါ လာခဲ့ရာညနေစောင်းလာလေပြီ။

မြတုံမြို့လေးသို့နောက် အချိ
န်ကြာကြာ စီးရအုံးမည်။ ည ၈နာရီခန့်မှသာ ရောက်မည်။

"ပူးးးးးးးပေါ်"ဆိုသော ရထားဥြ
သဆွဲသံနှင့် အတူ မြတုံမြို့ဘူတာသို့ ဆိုက်ရောက်ခဲ့လေပြီ။ လူသူ အဆင်း နည်းသောမြတုံ ဘူတာလေးမှာ မီး လေးကလည်း ခပ်မှိန်မှိန်သာ ရှိသည်။ တောမြို့လေး ဆိုတော့လည်း ဟုတ်ပေ မပေါ့။

ကိုကျော်သူ ခရီးဆောင်အိတ်ကလေ 
းဆွဲကာ ဘူတာက ထွက်လာတော့..ဘူတာရှေ့မှာ ဆိုက်ထား တဲ့   ဆိုက်ကားလေး သုံးလေးစီးသာရှိသည်။

"ဆိုက်ကားငှားမယ်ဟေ့" ဆိုတော
့အလှည့်ကျ ဆိုက်ကားသမားလေး က
"ဘယ်သွားမှာလဲ..ဆရာ"

"စီးပွားဘဏ်ကို ပို့ပေးပါကွာ "
"ဟုတ်ကဲ့ဗျ"ဟုပြောရင်း ဆိုက်
ကားသမားလေး က သူ့လက်ထဲက ခရီးဆောင်အိတ်ကို ယူပြီး ဆိုက်ကား
ပေါ်တင်ကာ..  "တက်..ဆရာ" ဟုပြောရင်း ဆိုက်ကားလေး နင်းထွက်ခဲ့လေသည်။


ဆိုက်ကားသမားလေးနဲ့ စကားတပြေ
ာပြောဖြင့် ခဏကြာတော့ ဆိုက်ကားသမားလေး က
"ရောက်ပြီ ဆရာရေ့"
"အေးအေး..ဘယ်လောက်လဲကွ

"ဆယ့်ငါးကျပ်ပါ..ဆရာ"
ကိုကျော်သူ တစ်ယောက် ၁၅ကျပ်တန
် တစ်ရွက် ထုတ်ပေးရင်း နာရီ တစ်ချက်ငုံ့ကြည့်မိသည် ။

ကိုးနာရီတောင် ထိုးသွားပြီ။ ဆ
ိုက်ကား သမားလေး က နှုတ်ဆက်ရင်း ထွက်သွားလေပြီ။ ကိုကျော်သူ တစ်ယောက် အထုတ်လေး မပြီးရုံး ဝင်းတံခါးပေါက်ရှေ့ ရပ်နေမိသည်။

ရုံးကလေးမှာ တစ်ထပ်တိုက် ကလေး
သာဖြစ်ပြီး။ တာဝန်ကျရာ ဝန်ထမ်း အိမ်ကလေး က အိမ်ခြေပုလေး သရက်ပင်တွေကြားထဲမှာ..
"ဆရာ..က ဒီကို တာဝန်ကျတဲ့ ဆရာ အ
သစ်ထင်တယ်" ဟုယောက်ျားသံ သြသြကြီးကြားမှ သူ့ရှေ့တွင်ခြံ
တံခါးဖွင့်ပေးနေသော ရုံးစောင
့်ဟု ထင်ရသော အသက်၄၀ကျော် အရွယ်လူကြီး တစ်ယောက်။ အဲ့ဒီတော့ မှ သူလည်းခြံထဲ ဝင်ဖို့သတိရသည်။

ထိုလူကြီးက. သူ့လက်မှ အိတ်ကို 
ကူသယ်ပေးရင်း
"လာ.လာ   ဆရာ."ဟုခေါ်ပြီး ဝန်ထမ
်းအိမ်လေး ဆီသို့ ခေါ်လာခဲ့သည်။

ထိုစဉ်..
"အူ....ဝူးးးးးးးး"
ဟုချွဲချွဲ ပြစ်ပြစ် အူလိုက်သော
ခွေးသံ ကြီးကြောင့် ကြက်သည်း ထသွားရသည်။ အိမ်ထဲတွင်
လဲ မီးက ခပ်မှိန်မှိန်လေးသာ ထွန်းထားသည်။



"ဆရာ..ဘာစားခဲ့ပြီလဲ..ဘာပြင
်ဆင်ပေးရအုံး မလဲ" ဟုမေးနေကာ.အိပ်ယာခင်းတွေပြင်ပေးနေသည်။
ကိုကျော်သူလည်း
"တော်ပါပီ.ဗျာ. မစားတော့ဘူး"
ဟုပြောရင်း ရေနွေးကြမ်းငှဲ့သောက်နေမိသည်။

နောက်တော့..ထိုလူကြီးက မီးမှ
ိန်မှိန်အောက်တွင် သူရှေ့ လာထိုင်းပြီး ရေနွေး တစ်ခွက်ငှဲ့ကာ
"ဆရာရေ့.. ကျုပ်တို့မြို့ ကတေ
ာမြို့လေး ဆိုတော့ သိပ် မပြည့်စုံဘူးပေါ့ဗျာ...ဟိုဘက်က ဝင်းက ဘောလုံးကွင်း.." ဟု ရှင်းပြနေလေသည်။

"စကားပြောကောင်းနေလိုက်တာ..
ဆရာ. ကျွန်တော်က ဒီရုံးက..ရုံးစောင့်. ဦးအောင်ဘ ပါ. ဒီမြို့ခံပါဘဲ..   ကျွန်တော်က ညစောင့်ပေါ့..

မနက်ဆို အိမ်ပြန်တယ်..ကျန်တဲ
ဲ့ ရုံးဝန်ထမ်းတွေမြို့ ခံလူတွေ ဆိုတော့မနက်မှဘဲ လာ..ကြတယ်"ဟု ပြောရင်းရေနွေး တစ်ခွက် ငှဲ့လိုက်ပြန်သည်။

"ဆရာက လူလွတ် ဆိုတော့..ကျွန်ေ
တ်ာက..ဒီမှာ အိပ်ရုံပေါ့.. မိသားစု ပါရင်.."ဟို အနောက်က တဲလေး
မှာ အိပ်တယ်..မနက်ဆိုပြန်တော
့ ကိစ္စမရှိဘူးပေါ့"

"စကားပြောကောင်းနေလိုက်တာ..
ဆရာ ခရီးပန်း လာတော့ အိပ်တော့လေ" ဟုပြောရင်းရေနွေး အိုးတွေ သိမ်းနေလေသည်။

ကိုကျော်သူလည်း ညည်းစီစီနေသြ
ဖင့်..  "ကျွန်နော် ကိုယ်လက်ဆေးခြင်တာဗျာ"

"ဆရာလေးး..ဟိုနားမှာရေတွင်း 
နဲ့.ကန်.."

"အေးအေး" ဟုပြောပြီးရေတွင်း ရ
ှိရာသို့ လာခဲ့သည်။
ရေတွင်းနားရောက်တော့လေအေးတစ
်ချက် က မျက်နှာကို ရိုက်သွားသည်။ နောက် ပုပ်အဲ့အဲ့ အနံ့တစ်ခု ဝင်လာသည်။

အကောင်ဘလောင် ပုပ်ပြီးသေထားတ
ာနေမှာပါ ဟုတွေးရင်း ကိုယ်လက် သန့်စင်ပြီး သွားမည် အပြု လှည့် လိုက်ရာ..သူ့ အနောက်တွင် ဘယ်အချိန်ကရောက်နေသည် မသိတဲ့. ရုံးစောင့် ကြီး..သူ့ကိုကြည့်နေ သည်။

နောက်မှ..
"ဆရာလေး အတွက်..တဘက် လာပေးတာပ
ါ" ဟုပြောရင်း သူ့ကို ကမ်းပေးနေသည်။
ကိုကျော်သူလည်း ကမ်းပေးသော တဘ
က်ကို ယူပြီး အိမ်ရှိရာသို့.လာခဲ့သည်။

ထို့နောက် ရုံးစောင့်ကြီးပြင
်ပေးထားသော.. အိပ်ယာတွင်.. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့လေသည်။
ရုံးစောင့်ကြီး ကတော့.သူ့နား
ဘေးနား ကပ်ရက် ခြင်ထောင် တစ်လုံးထောင်၍နှစ်ယောက်သား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့ကြလေသည်။

**-------******----------*
*****----

"ဆရာ..ဆရာ " ဟု
အော်နိုးနေသော အသံတစ်ခုကြောင
့် ကိုကျော်သူ အိပ်ယာမှ နိုးခဲ့ရသည်။ ညက သူ့ဘေးနားမှာ အိပ်နေသော ရုံးစောင့် ကြီးမှာ မရှိတော့..  အိပ်ယာခင်းတွေရော ဒီရုံးစောင့် ငါ့လည်း မနိုးသွားပါလား ပြန်သွားပြီထင်ပ ဟုတွေးရင်း အိမ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ အိမ်လေး က ခါးလောက်သာမြင့်သည်

ညက ရုံးစောင့်ကြီးရဲ့ စက်ဘီးလ
ို့ ထင်ရတဲ့ ယောက်ျားစီး စက်ဘီးကြီးလည်း မရှိတော့ ..    ဟုတ်ပြီပြန်သွားပြီနေမှာ..ငါ့ကို ပင်ပန်းလို့ မနိုးသွားတာထင်ပ ဟုတွေးလိုက်သည်။

ရုံးဝန်ထမ်းဟု ထင်ရသောလူက.....................
"ဆရာည.က အဆင်ပြေလားဗျ..ကျွန်
တော်တို့.. စောင့်နေသေးတယ်ဆရာရေ.. မိုးချုပ် လာတော့ ပြန်သွား  ကြတာ.. ညက ဘာမှမဖြစ်ပါဘူးနော်"..ရုံးဝန် ထမ်းလေးက ဘာအတွေးနဲ့မေးသည် မသိ.

"အဆင်ပြေပါတယ်ကွာ.. ငါမျက်နှ
ာသစ် ဘုရားရှိခိုး ပြီးမှ ရုံးထဲ လာခဲ့မယ်"ပြောရင်း သူ ဆပ်ပြာခွက် ကလေး ကိုင်ကာရေတွင်းဆီသို့ သွားခဲ့သည်။

**------*********---------
-******-----

တစ်နေ့လုံး ဝန်ထမ်းတွေနဲ့. .
ရောက်ရောက်ခြင်း နေ့ဖြစ်သဖြင့်.အလုပ်တွေ ရှုပ်နေပြီး ရုံးစောင့်ကြီး အကြောင်းမေ့နေ ခဲ့သည်။ ရုံးဆင်းချိန်ရောက်တော့ ဝန်ထမ်းတွေ အားလုံးပြန်သွားကြပြီ။ ရုံးစောင့်ကြီး ကတော့ ရောက်မလာသေး..   ဒီလိုနဲ့ည နေ နေဝင်သွားပြီ..သူလည်းး အရောင်က ခပ်မှိန်မှိန် ..မီးသီးလေး
ထွန်းရင်းး ..အိမ်ရှေ့. ကပြင်
လေးတွင်ရေနွေးကြမ်း သောက်ရင်းစောင့်နေမိသည်။

ထိုအချိန်

"အူ....ဝူးးးးး..အူ..ဝူးးးး
"
ဆိုသောခွေးတစ်ကောင်ရဲ့ ချွဲခ
ျွဲပြစ်ပြစ်ကြီး အူသံကြားရပြီးနောက် ရုံးရှေ့ သံတခါးဖွင့်သံကြားရပြီးး စက်ဘီးလေး တွန်းပြီး လူတစ်ဦး ဝင်လာနေ သည်။ တဖြည်းဖြည်း  အနားနားရောက်မှ ရုံး စောင့်ကြီးဖြစ်မှန်းသိရသည်။

"ဒီနေ့နောက်ကျတယ်နော်"
" ဟုတ်တယ် ဆရာလေးရေ့.. အိမ်မှာ 
မအားလို့"လေ ဟုပြောရင်း စက်ဘီးလေး ရပ်ကာ အိမ်ပေါ်တက်လာသည်။


နောက်တော့ စကားတပြောပြောနှင်
့ အိပ်ချင်လာသဖြင့်နှစ်ယောက်သား အိပ်ရာ ဝင်လိုက်ကြသည် ။
မနက်ရောက်တော့..ရုံးစောင့်ြ
ကီးက မရှိတော့. .ဒီလိုနက်စောစောပြန်သွားတာနေမှာပါဟု တွေးရင်း အတွေး ပဟေဠိတွေဖြင့်. .တစ်ပတ် ကြာလာခဲ့လေပြီ။

***--------******--------*
**---*---

အလုပ်က ပင်ပန်း တာကြောင့် ကိုေ
ကျာ်သူ တစ်ယောက် ဒီနေ့စောစော အိပ်မယ် ဟုတွေးပြီး
၂၄ ပစ္စည်း .မေတ္တာသုတ်ရွက် .ပုတ
ီးစိပ် စောစောအိပ်ယာဝင်ခဲ့သည်။

ရုံးစောင့်ကြီး လာရင် လွယ်ကူရ
န် တံခါးမကြီးစေ့ရုံမျှ စေ့ထားလိုက်သည်။

"""အီးးး..ဟီးး...ဟီးး....အ
ီးးး" ဆိုသော ချွဲချွပျစ်ပျစ် ငိုသံကြီးကြောင့် ကိုကျော်သူမှာလန့်နိုးခဲ့ရသည်။
ခြင်ထောင်လှန်၍ကြည့်လိုက်ရာ ကျောပေးထိုင်နေသော ရုံးစောင်
့ကြီး

" ဘာလို့..ငိုနေတာလဲဗျ.. ဘာမျ
ား စိတ်ညစ်စရာ ရှိလို့လဲ" ဒီတော့မှ ရုံးစောင့်ကြီးက သူ့ဘက် လှည့်လာပြီး

"ဆရာ. .ကျွန်တော် ရုံးကနေ..ထွ
က်လို့ မရတာ.လွန်ခဲ့တဲ့ (၅)နှစ် ထဲကပါ..ကျွန်တော် အရင် အလုပ်လုပ်တဲ့.. ဆရာက...ကျွန်တော်သေတော့. .အမိန့်ပြန် တမ်းစာ မထုတ်ခဲ့ဘူးးး.. .ဒါကြောင့်ကျွန်တော် ဘဝကူးလို့ မရဘူး...အရင် အဆက်ဆက်က ဆရာတွေကိုပြောပေမဲ့ပြောင်းပြေးကျတာချည်းပါ ဆရာ.... ဆရာကနေပြီး.. ကျွန်တော့်ကိုပြန်တမ်းစာ ရွတ်ပေးပါ...ပြီးတော့ အမျှဝေပေးပါ ဆရာ"ဟုပြောရင်း အိမ်ပေါ်မှဆင်းသွားလေသည်

ကိုကျော်သူလည်း အိပ်မက်မှ လန်
့နိုးလာပြီး ထကြည့်လိုက်ရာ အိမ်တံခါး တစ်ချပ် ပိတ်သွားသည်ကိုတွေ့ ရလေသည်။ တစ်ညလုံး အိပ်မပျော်ဘဲ အတွေးများဖြင့်မနက်မိုး လင်းခဲ့ရလေသည်။

*---******----*******----*
*------****--***


မနက် မိုးလင်းတော့.. အတွေးမျာ
းစွာဖြင့် ရှုပ်ထွေးနေမိသည်။ ရုံးဝန်ထမ်းလေး တစ်ယောက်ရောက်မှ

"ဟေ့.. လာစမ်းပါအုံးးကွ..မေး
စရာရှိလို့ "
"ဘာလဲ ဆရာ..."

ကိုကျော်သူလည်း သူရောက်ခဲ့တဲ
့ ညက စ၍ တစ်ပတ်တိတိ ရုံးစောင့်ကြီးနဲ့တွေ့ခဲ့တဲ့ အဖြစ်အပျက်တွေပြောပြတယ် ဒါနဲ့ ဒီညမှာ ထူးဆန်းတဲ့ အိပ်မက် မက်ကြောင်း ဒါကြောင့် ရုံးစောင့်ကြီး ဘာဖြစ်သလဲဆိုတာ သိချင်ကြောင်းပြောပြတော့မှ ရုံးဝန်ထမ်းလေးက

"ဆရာ..ရုံးစောင့်ကြီးဦးအော
င်ဘ က လွန်ခဲ့တဲ့ (၅)နှစ် က.. ဦးနှောက်သွေးကြောပြတ်ပြီးသေ သွားတာဆရာရဲ့. .ပြီးတော့သူက ရုံးမှာ မကျွတ်မ လွတ်ဘဲ ရှိနေခဲ့တာ. .ဆရာ့ထက် အရင် အရာရှိတွေ ကတော့ပြောင်းပြေးကြတယ်

ကျွန်တော်တို့က ဆရာ့ ကို အံ့သြေ
နကြတာ ရုံးစောင့်ကြီးနဲ့ မတွေ့ဘူး ဆိုပြီး"
" ဒါနဲ့ ဦးအောင်ဘ သေတော့ အမိန်
ု့ပြန်တမ်း မပေး ခဲ့ဘူးလား..သူ့လက်ထက်က ဆရာက "

"ဆရာရဲ့ .. ရုံးစောင့်ကြီး ဆုံ
းတော့သင်္ကြန်တွင်း ရုံးပိတ်ရက်ကြီးလေ.. ဒီတော့ ကျွန်တော်တို့ အရာရှိ က မိသားစုရှိရာပြန်သွားတာ မရှိဘူးလေ..ပြန် ရောက်လာတော့လည်း ..မပေးဖြစ်ဘူး.. ဒီလိုနဲ့... ဆရာကပြောင်း သွားရတာ..နောက်လာတဲ့အရာ ရှိတွေကလည်း သရဲခြောက်တယ် ဆိုပြီးပြောင်း သွားကြတာနဲ့ ဆရာ့ လက်ထက်ထိ မပေးရသေးဘူး ဖြစ်နေတာ"

"ဟုတ်ပြီ..ဦးအောင်ဘက အမှန်တေ
ာ့ခြောက်လှန့် နေတာမဟုတ်ဘူးး.ဘဝ ကူးချင်လို့ အမိန့်ပြန်တမ်း တောင်းနေတာ ..ခဏနေ လက် နှိပ်စက် စာရေးလာရင်..ပြန်တမ်း တစ်စောင်လောက် နှိပ်ခိုင်းပါ" ဟုပြောခိုင်း လိုက် သည်။

****-----**---***----***--
---------------

နေ့လယ်ပိုင်းရောက်တော့ ဦးအေ
ာင်ဘ ကိုခေါ်ဆို အမိန့်ပြန်တမ်း ရွတ်ပေး  ...  .အမျှပေးဝေပြီး နေ့လည်နေ့ခင်း အိပ်ချင်လာသဖြင့် အိမ်လေးရဲ့ ကွက်ပျစ်ပေါ် အိပ်နေလိုက်သည်။

မည်မျှ အိပ်ပျော်သွားသည်မသိ...........
"ဆရာ.ဆရာ "ဟု နိုးလာသော အသံကြာ
းမှ ထကြည့်လိုက်ရာ သစ်လွင်တောက်ပ သောအဝတ်အစား များဖြင့်ကြည်လင်ပြုံးပြ နေသောရုံးစောင့်ကြီး....


"ရုံးစောင့်ကြီးကိုး"

" ဆရာ.. ကျွန်တော် သွားတော့မယ်
..လွတ်လပ်သွား ပြီအနှောင်အဖွဲ့တွေ မရှိတော့ဘူးး ဆရာ့ကို လာနှုတ်
ဆက်တာ ဟုပြောရင်း စက်ဘီးလေး စီ
းကာ ထွက်သွားလေသည်။

"ဆရာ ဒါဆိုလာနှုတ်ဆက်သွားတာပေ
ါ့"
"အေးကွ.. အဲ့ဒီနေ့ည ကစပြီးး ငါ တခြားမြို့ကလေးပြောင်းလာတ
ဲ့အချိန်ထိ အရိပ် အယောင်ကို မမြင်ရတော့တာ လှမျိုးရေ"

"မင်းလည်း အရာရှိ တစ်ယောက်ဖြစ
်တော့မှာ ဆိုတော့မမေ့သင့်တဲ့ အရာဘဲကွ..မင်း မဖတ်ပေးလိုက် တဲ့ စက္ကန့်ပိုင်းသာ ကြာတဲ့ အမိန့်ပြန်တမ်းစာလေး တစ်ခုကြောင့်..သနားစရာ ပရလောကသားတွေကိုး..ဘဝမကုး မကျွတ်မလွတ်ဖြစ်စေနိုင်တယ်...


ကဲကဲ..... စကားပြောလို့လည်းကောင်းလိုက်တာ မိုးချုပ်တော့မယ်..အိမ်က မဟေသီကြီးမျှော်နေလောက်ပြီ" ဟုပြောရင်းး ဦးကျော်သူ တစ်ယောက်..  ကားကြီးမောင်းပြီး အိမ်ဝင်းထဲက ထွက်သွားခဲ့လေပြီ။



#toetoelay#
(ဆက်လက်ကြိုးစားပါအုံးမည်)

No comments:

Post a Comment