13 January 2018

သမိုင်း တစ်လျှောက် သမ္မတသက်တမ်း တစ်နှစ်အတွင်း အအောင်မြင်ဆုံးဖြစ်လာတဲ့ ထရမ့်



သူ့ကို အစွန်းရောက်လို့ပြောေ
ပြာ၊ စိတ်မနှံ့တဲ့သူလို့ပဲ ပြောပြော သူကတော့ လုပ်စရာရှိတာ ဆက်လုပ်ခဲ့ တာပဲ။ သူဟာ အကောင်းဆုံးကျောင်းကနေ စီးပွားရေးနဲ့ ဆိုင်တဲ့ဘွဲ့ကို ရခဲ့တယ်၊ ရုပ်သံ အစီအစဉ်တွေမှာ ဆယ်စုနှစ်နဲ့ချီ အောင်မြင်ခဲ့တယ် ။

ဒေါ်လာ ဘီလီယံပေါင်းများစွာ အမြတ်ထွက်တဲ့စီးပွားရေးလုပ်ငန်းကို လုပ်ခဲ့တယ်၊ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို တစ်ခါပဲ ၀င်အရွေးခံပြီး တစ်ခါထဲမှာပဲ သမ္မတ ဖြစ်ခဲ့တယ်၊ သူ့ကိုရတာ အမေရိကန် ပြည်သူတွေကံကောင်းတယ်လို့တောင် ပြောလိုက်သေး။

အခုတော့ အမေရိကန်စီးပွားရေးဟာ သူသမ္မတဖြစ်လာပြီးနောက်ပိုင်
း ပညာရှင်တွေမှန်းထားတာထက် ကျော်လွန်ပြီး တိုးတက်လာခဲ့ပြီ။ အလုပ်လက်မဲ့နှုန်းက အနိမ့်ဆုံးထိ ကျဆင်းခဲ့သလို အလုပ်အကိုင်သစ် သိန်းနဲ့ချီ ဖန်တီးပေးနိုင်ခဲ့ပြီ။ GDP က မျှော်မှန်းထားတာထက်ပိုပြီးတက်လာခဲ့ပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေ ၊ အသေးစား စီးပွားရေး လုပ်ငန်းတွေကလဲ အကုန်အောင်မြင်တော့ ဘာလိုဦးမှာလဲ။

သူသမ္မတဖြစ်လာတော့ ဒီမိုကရက်တွေက နည်းလမ်းမျိုးစုံနဲ့ တိုက်ခိ
ုက်ခဲ့ကြတယ်။ ထရမ့်ကို မကြာခင်ပြုတ်တော့ မယ်လို့ ထင်ရလောက်အောင် ရုရှားနဲ့ ပတ်သက်မှုတွေ၊ လိင်ပိုင်း ဆိုင်ရာ စွပ်စွဲချက်တွေ၊ ထရမ့်ရဲ့မကောင်းသတင်းတွေ မျိုးစုံဖြန့်ခဲ့ကြတယ်။ ခုတော့ အဲဒီစွပ်စွဲချက်တွေ အလကားဖြစ်ကုန်လို့ ဟီလာရီ ကလင်တန် တို့ ဒီမိုကရက်တွေ နောက်ထပ် တိုက်ကွက်သစ် စဉ်းစားနေရပြီ။

သူဘာတွေလုပ်ခဲ့ပြီး ဘာတွေ အောင်မြင်ခဲ့သလဲဆိုရင် .......

သမ္မတ သက်တမ်း ပထမရက် ၁၀၀ အတွင်း အမေရိကန် အတွက် အကျိုးမရှိတဲ့ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှု
 စာချုပ် ကနေ နုတ်ထွက်တယ်။ ပြည်ထောင်စု တရားသူကြီးချုပ်အသစ်ခန့်တယ်။ မွတ်ဆလင် ၆ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်တော့ သူနဲ့ ပြည်နယ် တရားရုံးတွေအကြား တိုက်ပွဲဆင်နွှဲ ခဲ့ရသေးတယ်။ တရားစီရင်ရေး စနစ်မှာ သမ္မတလည်း ဥပဒေ အထက် မရှိဘူးဆိုတာ သက်သေပြခဲ့တယ်။



မက္ကဆီကိုနဲ့ နယ်စပ် တံတိုင်းကာမယ့် ကိစ္စကို နည်းလမ်းစုံနဲ့ အကောင်အထည် ဖော်တယ်။ ခုတော့ သူ့လက်ထက်ဟာ မက္ကဆီကို ကနေ အမေရိကန်ထဲ ကို ခိုးဝင်တဲ့သူ ၁၇ နှစ် အတွင်း အနည်းဆုံးနှစ်ဖြစ် ခဲ့တယ်။ ( ကိုယ့်ဆီမှာ က ဘင်္ဂါလီတွေ အပြေးဆုံးနှစ်)

အမေရိကန်ရဲ့ စစ်အင်အားကို မြှင့်တယ်။ စစ်လက်နက်ပစ္စည်းတွေကို ကိုယ်တိုင် ထွက်ရောင်းတယ်။ သူ သွားတဲ့နေရာတိုင်း ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်တဲ့ စာချုပ်တွေ ချုပ်ခဲ့တယ်။ အမေရိကန် စစ်ဘက် အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့တဲ့အပြင် စစ်ဘက်ကို လုပ်ပိုင်ခွင့်တွေ ပိုပေးခဲ့တယ်။ ပြီးတော့ စစ်ပြန်တွေ၊ စစ်မှုထမ်းဟောင်းတွေအတွက် သူအများကြီး လုပ်ပေးခဲ့ တယ်။ အမေရိကန်စစ်တပ်အသိုက်အ၀န်းက
တော့ ထရမ့်ကို နောက်ပိုင်း ပိုထောက်ခံလာဖို့ပဲ ရှိတော့တာပေါ့။

ပြီးတော့ အိုဘားမား လက်ထက်က အခွန် စနစ်တွေ နဲ့ နှစ်ပေါင်း ၃၀ လောက် အရိုးစွဲနေတဲ့ အခွန်စနစ်တွေ အကုန်ပြင်လိုက်တယ်။ အိုဘားမားနဲ့ အရင် သမ္မတတွေ လက်ထက်တုန်းက ပေးထားတဲ့ အမေရိကန်ရောက်ပြည်ပနိုင်ငံသ
ားတွေ ကိစ္စကို ပြင်းပြင်း ထန်ထန် ကိုင်တွယ်လိုက်တယ်။ အမေရိကန် အတွက်၊ အမေရိကန်နိုင်ငံသားတွေ အတွက် အကျိုးမရှိဘူး ဆိုရင် ဘယ်မျက်နှာကိုမှ မကြည့်တဲ့ ဆုံးဖြတ် ချက်မျိုးကို ချတော့ အမေရိကန်တွေ ထရမ့်ကို ပိုထောက်ခံလာကြတယ်။ ထောက်ခံလို့လဲ သမ္မတဖြစ်ခဲ့ တာကိုး။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီ သဘောတူညီချက်က နုတ်ထွက်တော့ တစ်ကမ္ဘာလုံး အံ့သြသင့် ကုန် တယ်။ သူပြောတာက ရှင်းရှင်းလေး၊ တရုတ်တို့၊ အိန္ဒိယ တို့က တစ်ဖက်ကနေ ကျောက်မီးသွေး ဘယ်လောက် သုံြး
ပီး ဘယ်လိုတွေ လုပ်နေတဲ့အချိန်မှာ သူ့နိုင်ငံက ရပ်ပေးရမယ် ဆိုတာ မဖြစ်နိုင်ဘူး။ ကျောက်မီးသွေး လုပ်ငန်းတွေမှာ ရှိနေတဲ့ အမေရိကန်နိုင်ငံသား ၈၀၀၀၀ အလုပ်လက်မဲ့ အဖြစ်မခံနိုင်ဘူး တဲ့။ အဲဒီတော့ ထွက်တယ်။ America First ပဲပေါ့။

အိုဘားမား လက်ထက်က အအောင်မြင်ဆုံးလို့ပြောခဲ့တ
ဲ့ အီရန် နျူကလီးယား သဘောတူညီချက်ကို သူ အယုံအကြည် မရှိဘူး၊ နုတ်ထွက်မယ်လို့ ပြောတယ်။ အီရန်ကို ခယနေမယ့်အစား သူနုတ်ထွက် မယ်ပြောတော့ ကျန်တဲ့ အင်အားကြီးနိုင်ငံတွေ သူ့ကို ပြန်ဖားရပါလေရော။

နောက်တော့ အစ္စရေး။ သမ္မတ အဆက်ဆက် ခေါင်းရှောင် ခဲ့တဲ့ အမေရိကန်က သဘောတူညီပြီးသား ဂျေရုဆလင်ကို အစ္စရေးမြို့တော် သတ်မှတ်ပြီး
 အမေရိကန် သံရုံးရွေ့မယ့် ကိစ္စကို သူ့လက်ထက်မှ အတည်ပြု လိုက်တယ်။ အမေရိကန်ဟာ မဟာမိတ် မျက်နှာကိုပဲ ကြည့်တယ်ဆိုတဲ့ သက်သေ တစ်ခုဖြစ် သလို လူချမ်းသာ ပညာတတ် ဂျူး လူမျိုးတွေရဲ့ အကြိုက်ပဲ။


သမက်ကလဲ ဂျူးလူမျိုး ဂျူးဘာသာဝင်၊ သမီးကလဲ ဂျူးဘာသာ ပြောင်းပြီးသား၊ အမေရိကန်က ရီပတ်ပလင်ကန်နဲ့ ဒီမိုကရက် ဂျူးမှန်သမျှ ထရမ့်ကို လက်ခုပ်တီးကြတာပဲ။ အာရပ်နိုင်ငံတွေ မကျေနပ်လို့ စစ်ဖြစ်လဲ လက်နက်တွေရောင်းပြီး အမေရိကန် အကျိုးရှိမှာပဲ ။ အမြတ် ထွက်ဆုံး ကတော့ ထရမ့်ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်လို့ ဆိုပြီး ကုလသမဂ္ဂကို ထောက်ပံ့နေတဲ့ ငွေကို ဖြတ်မယ်လို့ ဆုံးဖြတ်ခဲ့တာပဲ။ အကုန်အကျ သက်သာတယ်လေ။

အခုနောက်ဆုံး မြောက်ကိုရီးယား။ ကိုရီးယား ၂ နိုင်ငံကွဲပြီးကတည်းက ဘယ်သူမှ စေ့စပ်ညှိနှိုင်းလို့ မရတဲ့ မြောက်ကိုရီးယားကို သူ့လက်ထက်မှာ နည်းလမ်းစုံသုံးပြီး ကိုင်တယ်။ တစ်ချိန်တုန်းက တစ်ကမ္ဘာလုံး စီးပွားရေး ပိတ်လဲ တရုတ်နဲ့ ရုရှားက ထောက်ပံ့လို့ မြောက်ကိုရီးယားက အိနြေ္ဒ မပျက်ခဲ့ဘူး။ ခုတော့ တရုတ် ရဲ့ ဘာစီးပွား ရေးတွေပိတ်မယ်၊ အခွန်တွေကောက်ပစ်မယ် လုပ်တော
့ တရုတ်လဲမြောက်ကိုရီးယား ကို အရေးယူရတယ်။


 မြောက်ကိုရီးယားနဲ့ ဆက်သွယ်တဲ့နိုင်ငံမှန်သမျှ အရေးယူမယ် ဆိုတော့ ထိုင်းတို့၊ မလေးရှားတို့ ကတောင် မြောက်ကိုရီးယား နဲ့ အဆက်အသွယ်မလုပ်ရဲတော့ဘူး။ ခုဆို မြောက်ကိုရီးယားက ဆွေးနွေးမှုတွေ စနေပြီ။ ထရမ့်ကို ချီးကျူးမှုတွေလဲ ပလူပျံနေပြီ။

သူနဲ့ပတ်သက်တဲ့ အချီးကျူးဆုံ
း အလုပ်ကတော့ နိုင်ငံရေးသမားတိုင်းကြောက်ရတဲ့ မီဒီယာကို သူက လုံးဝ သောက်ဂရု မစိုက်ခဲ့တာပဲ။ ရွေးကောက်ပွဲကာလ သူ့ဝေဖန်တဲ့ မီဒီယာမှန်သမျှ သူက တရားစွဲမယ် ခြိမ်းခြောက် တယ်။ သူနဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှ သူ့ဝေဖန်တဲ့ မီဒီယာတွေ သတင်းမရဘူး။ ပူတင်နဲ့ဖုန်းပြောတဲ့ သတင်းတုန်း ကတောင် ရုရှားသတင်းတွေက တင်မှ အမေရိကန်မီဒီယာတွေ သိရတယ်။ ခုထိလဲ ထရမ့် သတင်းဆို ထရမ့် တွစ်တာမှာ ပြောတာတွေပဲ သတင်းလုပ် တင်နေရတဲ့ဘ၀။

တစ်ခါတစ်လေ ထရမ့်ရဲ့အောင်မြင်မှုအကြောင်
းတွေ ဖတ်ရတိုင်း ကိုယ့်နိုင်ငံအတွက် တစ်ခုစဉ်းစားမိတယ်။

ဘာဆု ညာဆု၊ ဘာပေးဆပ်မှုမှ မလိုဘူး။
မြန်မာနိုင်ငံနဲ့ နိုင်ငံထဲက မြန်မာ လူမျိုးတွေအတွက်ပဲ ဦးစားပေးတဲ့ သမ္မတ တစ်ယောက် ရရင်ကောင်းမယ်လို့လေ။

ဦးတိမ်

ကိုးကား
http://www.foxnews.com/opinion/2017/12/22/rnc-chairwoman-trump-s-first-year-as-president-is-historic-success.html https://burmese.voanews.com/a/4203201.html
နှင့် အခြားသတင်းပေါင်းစုံ


 

 

No comments:

Post a Comment