07 January 2018

မြန်မာ ဟာ စပိန်လို ဖြစ်သွားမလား



အစိုးရကို တော်လှန်တဲ့ စစ်တပ် ကမ္ဘာ့သမိုင်းမှာ ရှိခဲ့ဖူးပါတယ် ။
လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကျော်က စပိန်နိုင်ငံမှာ အစိုးရဟာ__စင်ပြိုင် လက်နက်ကိုင်အဖွဲ့ #တွေကို အားပေးပြီး_တပ်မတော်ကိုစော်ကားလာတဲ့အခါ  သည်းမခံနိုင်တော့ပဲ တပ်မတော် တစ်ရပ်လုံး  တောခိုပြီး အစိုးရကို ပုန်ကန်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ကမ္ဘာ့ သမိုင်းမှာ ရှိခဲ့ဖူး ပါတယ်။

အဲ့ဒါကတော့ ၁၉၃၄ မေလ ကနေ ၁၉၃၇ အောက်တိုဘာလ ထိ အသေအကျေ တိုက်ခဲ့ကြတဲ့ စပိန်ပြည်
တွင်းစစ်ပါပဲ။

၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သား ရိုဒီမာယို ဦးဆောင်တဲ့ ပြည်သူ့ ဒီမိုကရက်တစ်တပ်ဦး ပါတီ ဟာ စပိန်နိုင်ငံရဲ့ နိုင်ငံတော် အာဏာကိုရရှိခဲ့ပါတယ်။

လက်ဝဲ ဝါဒီတွေဖြစ်တဲ့ အတွက် အခြေခံလူတန်းစားကို သွေးထိုးမြှောက်ပင့်ပြီး လူလတ်တန်းစားနဲ့
အထက်တန်းလွှာတွေကို ဖိနှိပ်ခဲ့ပါတယ်။ ပေါ်ပင် လူကြိုက်ရုံ လုပ်နေတဲ့ စီမံကိန်းတွေကြောင့် စီးပွားရေး ကျဆင်းလာပါတယ်။

ကျေးလက် အခြေပြု မြို့က ဝိုင်းရံ ဆို တဲ့ မူဝါဒ အလွဲတွေအောက်မှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာပါ
တယ်။ ဒီအခြေအနေမှာ အရပ်သားအစိုးရ က သူတို့ရဲ့ မူဝါဒ အမှားတွေကို ပြင်ဖို့ မကြိုးစားပဲ ယခင် ဘုရင့်အစိုးရ ကို လက်ညှိုးထိုး ဝေဖန် အပြစ်ပုံချခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ ဘုရင့် အစိုးရ ရဲ့ သစ္စာတော်ခံ စပိန်ဘုရင့် တပ်မတော် နဲ့ စပြီး ထိပ်တိုက်ရင်ဆိုင်ရပါတယ်။
ဗိုလ်ချုပ်ကြီး ဖရန်ကို ဟာ အစိုးရ ကို တိုင်းပြည်မှာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အတွက်အကြံပြုပါတယ်။

ဒါပေမယ့် ...
အစိုးရက လက်မခံတဲ့ အပြင် ထောက်ခံတဲ့သူတွေ အားကိုးပြီး တပ်မတော်ကို ချုပ်ကိုင်ဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။

ပထမဆုံး.....
တပ်မတော်ကို သွေးခွဲဖို့ ကြံစည်ပါတယ်။ ဇာရာဂိုဇာ ဘုရင့် စစ်တက္ကသိုလ်ဆင်း အရာရှိကြီး / ငယ်များ နဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ကို ဘယ်လိုမှ သွေးခွဲလို့မရခဲ့ပါ ဘူး။






ဒါနဲ့ပဲ .......
အာဏာရ အစိုးရက ဒေသခံ လက်နက်ကိုင် အဖွဲ့တွေ ကို တရားဝင်ဖြစ်အောင် လုပ်ပေးပြီး အစိုးရက ထောက်ပံ့ ပေးခဲ့တယ်။ တစ်ဖြည်းဖြည်းနဲ့  တပ်မတော်နဲ့ အစိုးရကြားအကွဲအပြဲ က ပိုပြီးကြီးမားလာပါတယ်။
အစိုးရက ထောက်ပံ့ပေးနေတဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေကလဲ တပ်မတော် ကို လာပြီး ပုခုံးချင်းယှဉ်ချိန်မှာ တပ်မတော်ဖက်က စိတ် ခံစားချက်တွေ ပိုပြီး ဆိုးလာပါတယ်။

အဆိုးဆုံး အခြေအနေကို ဖြစ်ပေါ်လာစေတဲ့  ၁၉၃၄ မေလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ 
အလုပ်သမားအောင်ပွဲနေ့ မှာ #အာဏာရပါတီတာဝန်ရှိသူတွေက #အများပြည်သူအရှေ့မှာ #တပ်မတော်ကိုဆိုးဝါးစွာပုတ်ခတ်ပြောဆို ခဲ့ပါတယ်။

ဒါကို တပ်မတော်က ကန့်ကွက်ချိန်မှာ အစိုးရ က ဗိုလ်ချုပ်ကြီး ဖရန်ကို နဲ့ ထိပ်တန်း အရာရှိကြီးများ ကို ရာထူးက ထုတ်ပယ်ကြောင်းကြေငြာပါတယ်။

ဗိုလ်ချုပ်ကြီး ဖရန်ကို ဟာ ကင်နေရီ ကျွန်းကို ထွက်ခွာသွားပြီး ၁၉၃၄ မေလ ၁၄ ရက်နေ့ မှာ
တပ်မတော် တစ်ရပ်လုံး အစိုးရ ကို စတင် ပုန်ကန်ဖို့ အမိန့်ထုတ်ခဲ့ချိန် မှ စတင်ပြီး သွေးချောင်းစီးသော
စပိန်ပြည်တွင်းစစ် စတင် ခဲ့ ပါတယ်။

အာဏာရ ပါတီ ကို ပြင်သစ် ရုရှား စတဲ့နိုင်ငံတွေ က စစ်ပစ္စည်း ငွေ လူ တွေ ထောက်ပံ့ပေးပြီး
ဗိုလ်ချုပ်ကြီး ဖရန်ကို ဖက်ကို အီတလီ ဂျာမနီ အစရှိတဲ့နိုင်ငံတွေက ကူညီ ခဲ့ပါတယ်။

၁၉၃၇ စက်တင်ဘာ ၂၉ မှာ မက်ဒရစ်မြို့တော် အသိမ်းခံရ ပြီး အစိုးရရဲ့သစ္စာခံ တပ်ဖွဲ့တွေ လက်နက်ချချိန်မှာ စပိန်ပြည်တွင်းစစ် တရားဝင်ပြီးဆုံးပါတယ်။ ပြည်သူ ၃ သိန်းကျော် သေဆုံးပြီး ၅ သန်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ နှစ်ဖက် စစ်သည်တော် ၁၈၀၀၀၀ ခန့်ကျဆုံးခဲ့ရပါတယ်။

သမိုင်း ဆိုတာ... " မအ "...အောင် သင်ရတာပါ ။

Credit: နေမြတ်လင်း


**********************************************

ဒီ တစ်ကယ့်ဖြစ်ရပ်ထဲမှာ  နောက်ဆုံးမှာဖော်ပြသွားတဲ့  သေဆုံး စာရင်းတွေကို  အထူး သတိပြုစေလိုပါ
တယ်။ ဒီအစိုးရ လုပ်ပုံနဲ့  ကိုယ့်ထမင်း ကိုယ်စားနေတဲ့ ပြည်သူအားလုံး  စစ်ဘေး ဒုက္ခသည်ဖြစ်သွားနိုင်ပါတယ် ။

NLD အစိုးရဟာ ကုလား သတ် ခံရတဲ့  ရဲတပ်ဖွဲ့ဝင်တွေ အတွက် စိတ်မကောင်းကြောင်း တစ်ခွန်းမဟ ခဲ့ပဲ
ကုလားကို ရိုက်တဲ့ မူဗီထဲက ရဲတပ်ဖွဲ့ဝင်တွေကို..အရေးယူခဲ့ပါတယ် ။

သူပုန်တွေ သတ်လို့ သေဆုံးရတဲ့ တပ်မတော်သားတွေနဲ့  ပြည်သူတွေကို တစ်ချက်လေးမှ လှည့်မကြည့် 
သူပုန်က ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်တဲ့ မူဗီတွေ  လိုင်းပေါ်မှာ ပလူပျံနေတာကိုတော့
မသိချင်ယောင်ဆောင်နေပြီး တပ်မတော်သားလို့ ယူဆရတဲ့ သူတွေ သူပုန်ကို ရိုက်နှက်တဲ့ မူဗီ ကိုတော့
စုံစမ်းစစ်ဆေးမယ်လို့ ကြေညာတယ် ။

တပ်မတော်သားတွေရဲ့  နာကျည်း မုန်းတီးမှုဟာ  မျက်ဝန်းတွေမှာပေါ်နေပြီ ။ စကားနည်းနည်းပြောပြီး
ခံစားချက်ကို မြိုသိပ်ထားတတ်သူတွေရဲ့ ဒေါသမီးဟာ...လောင်ပြီ ဆိုရင်...လွယ်လွယ်နဲ့ ပြန်ငြိမ်းမှာ
မဟုတ်ပါဘူး ။

NLD အစိုးရဟာ သမိုင်း ထဲက....စပိန် အရပ်သား အစိုးရလို ဇာတ်သိမ်းချင်မယ်လို့တော့ မထင်ပါဘူး ။
ဒါပေမယ့်  တပ်မတော်သား တော်တော်များများ ကိုမေးကြည့်ရင် လွန်ခဲ့တဲ့နှစ် ၈၀ က စပိန် တပ်မတော်လို
 ကြုံနေရပြီလို့ပြောကြမှာပါ ။

ဒါဆို...  NLD အစိုးရ ဟာ တပ်မတော်သားတွေ စိတ်နာအောင် ဘာလို့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်နေတာလဲလို့ မေးစရာရှိပါတယ် ။

အကြောင်းကတော့ ပညာရေး အားနည်းတဲ့  ဒီပါတီက လူတွေဟာ  စပိန် သမိုင်းကို မသိလို့ဖြစ်ပါ လိမ့်မယ် ။ တပ်မတော်မှာ ဗိုလ်လောင်း ဘဝမှာ ကတည်းက စစ်သမိုင်းကို သင်ပေးတာ ဆိုတော့ တပ်မတော်သားတွေက နားလည်တယ် ။ ဘာပြီးရင်....ဘာဖြစ်တော့မယ် ဆိုတာ ခန့်မှန်းထားပြီးသား ။

သမိုင်း မသိတဲ့ သူတွေသာ  မိုက်တွင်းနက်နေကြတာ ။ အတိတ် သမိုင်းတွေကို သင်ခန်းစာ ယူကြစေချင်ပါတယ် ။ ကိုယ့်ထမင်း ကိုယ်စားနေရင်း စစ်ဘေးဒုက္ခသည် မဖြစ်ချင်ရင် NLD အစိုးရလူကြီးမင်းများအား စပိန်သမိုင်း ကိုပြောပြပေးကြပါ ။


ခရက်ဒစ် ... လင်းစိုးထွေး
Nay Lin


No comments:

Post a Comment