28 January 2018

အသိျဖင္႔လုပ္သူတို႔ သခင္ျဖစ္လာၾကၿပီး၊ အသိမဲ႔သူတို႔ က်ြန္ၿဖစ္သြားၾကသည္ ။




အသိျဖင္႔ လုပ္သူတို႔ သခင္ျဖစ္လာၾကၿပီး၊ အသိမဲ႔သူတို႔ ကြ်န္ျဖစ္သြားၾကသည္။

ကမၻာေက်ာ ္ဘီလီယံနာႀကီးမ်ား၊ လုပ္ငန္း႐ွင္ႀကီးမ်ားကို ေလ႔လာလွ်င္ မိဘ အေမြခံထက္ ကိုယ္႔ဒူး ကိုယ္ခြ်န္ ႀကိဳးစား ရင္း ျဖစ္လာၾကေသာအေရအတြက္က မ်ားေၾကာင္း ေတြ႔ရပါလိမ္႔မည္ ။ 

ကမၻာ႔အေတာ္ဆံုး ရင္းႏွီးျမွုပ္ႏွံမႈ သူေဌးႀကီး ဝါရင္း ဘတ္ဖတ္မွာ (၁၁) ႏွစ္သား အ႐ြယ္တြင္ Jackpot ကို ေဒၚလာဆယ္ဂဏန္း၊ ရာဂဏန္းျဖင္႔ စတင္ဝယ္ယူခဲ႔၏။ ယေန႔ အသက္ (၈ဝ) ေက်ာ္သည္အထိ တက္ၾကြ စြာ အလုပ္ လုပ္တုန္း ႐ွိေသးသည္။

 Microsoft ၏ အ႐ွင္သခင္ျဖစ္ေသာ Bill Gates သည္လည္း ဆယ္ေက်ာ္သက ္ဘဝကပင္ မည္သူ၏ တိုက္တြန္းမႈမွ် မပါဘဲ သူငယ္ခ်င္းႏွင္႔ စုကာ ေဒၚလာရာဂဏန္းျဖင္႔ ကားဂိုေဒါင္ထဲတြင္ ကြန္ပ်ဴတာကို တီထြင္ခဲ႔သူ ျဖစ္သည္ ။

ခ်မ္းသာျခင္း၊ ေက်ာ္ေဇာျခင္း၊ ေအာင္ျမင္ျခင္းတို႔သည္ မုိးေပၚမွက်လာသည္မဟုတ္၊ ပေဒသာပင္မွ ဆြတ္ခူး ရသည္လည္းမဟုတ္၊ ႀကိဳးစားမုွ၊ ႀကိဳးစားတတ္မွ ရ႐ွိၾကျခင္း ျဖစ္သည္။ လမ္းထိပ္တြင္ မုန္႔ေဝေနပါသည္ ဟု ဆိုထားလ်က္ ထိုမုန္႔ေဝ ေသာေနရာသုိ႔မသြားလွ်င္ ထိုမုန္႔က မိမိထံ အလိုအေလ်ာက္ မလာႏိုင္ပါ။ လမ္း ထိပ္ သုိ႔လည္း သြားရပါမည္။ လူလည္း တိုးရပါမည္ ။ သုိ႔မွသာ မုန္႔ရပါလိမ္႔မည္ ။
 ကိုယ္႔လူမ်ိဳး၊ ကိုယ္႔တိုင္းျပည္ကို မခ်စ္သည္႔သူ မ႐ွိ၊ သုိ႔ေသာ္လည္း ခ်စ္တိုင္းလည္း ဘာမွမလုပ္လွ်င္ ဘာမွရမည္မဟုတ္၊ မွန္မွန္ကန္ကန္ ခ်စ္တတ္မွ၊ မွန္မွန္ကန္ကန္ အလုပ္လုပ္တတ္မွ ႏိုင္ငံဖြံ႔ၿဖိဳးေရးကို တစ္စံုတစ္ရာ ေဆာင္႐ြက္ႏိုင္မည္သာ ျဖစ္သည္ ။ ထိုင္ခ်စ္ေန႐ံုျဖင္႔ ဘာမွျဖစ္မလာသည္ကား ေသခ်ာ၏။
အခ်စ္မွား၍ မေျပာရဲ၊ မဆိုရဲ႐ွိလွ်င္လည္း ' ခ်စ္ရာ မေရာက္၊ ႏွစ္-ရာသာေရာက္' မည္ျဖစ္ပါမည္။ ကိုယ္႔လူမ်ိဳး၊ ကိုယ္႔ႏိုင္ငံကို မွန္မွန္ကန္ကန ္ခ်စ္လွ်င္ မွန္မွန္ကန္ကန္ ေထာက္ျပရဲရမည္သာ ျဖစ္သည္ ။ လူမုန္း မည္ကိုေၾကာက္လွ်င္ အဂတိတရား ျဖစ္သည္၊ ႏိုင္ငံကို ခ်စ္ျခင္းထက္ မိမိ အက်ိဳးစီးပြား ကို ေ႐ွ႔တန္းတင ္ျခင္း သာ ျဖစ္သည္၊ သို႔ဆိုလွ်င္ ျမန္မာလူမ်ိဳးတို႔ မွန္မွန္ကန္ကန္ ေတြးေခၚၾကၿပီလား၊ မွန္မွန္ကန္ကန္ လုပ္ကိုင္ ၾကၿပီလား ဟူသည္ကို ေစာေၾကာဖို႔ ျဖစ္လာပါေတာ႔မည္။
မစၦရိယ စိတ္မ်ားေနေသးသည္
ဣႆာမစၦရိယစိတ္ကို ဗုဒၶက အေလးထား ေဟာခဲ႔သည္၊ ဗုဒၶဘာသာ၏ အေျခခံလည္း ျဖစ္သည္ ။ဝမ္းနည္းစရာေကာင္းသည္မွာ ဗုဒၶဘာသာဝင္မ်ားျဖစ္ၾကလ်က္ ဣႆာမစၦရိယစိတ္တြင္ ျမန္မာတို႔ မ်ား လ်က္ ႐ွိေနၾကေသးျခင္း ျဖစ္သည္ ။ 
ေကာင္းျခင္း၊ ဆိုးျခင္းႏွစ္ျဖာကို ႏႈတ္တိုက္ ႐ြတ္ႏိုင္ၾကေသာ္လည္း ႏွလံုးသားထဲကေကာင္းစြာလိုက္ပါႏိုင္ၾက ျခင္း မ႐ွိေသးေပ၊ ကိုယ္မွလြဲ၍ အျခားသူကို ျမန္မာတို႔ မုဒိတာ မပြားႏိုင္ၾက၊ အစြန္း ျဖစ္ေစမည္႔ အေျခခံစိတ ္ျဖစ္ေၾကာင္းကိုလည္း မဆန္းစစ္ႏိုင္၊ အကုသိုလ္စိတ္ျဖစ္သည္ကိုလည္း မသိ၊ ယေန႔တိုင္ လည္း မကုန္ခမ္း မေလ်ာ႔နည္းေသး၊ ဤစိတ္ အေျခခံျဖင္႔ စဥ္းစား၊ ေတြးေခၚ၊ သံုးသပ္ၾကလွ်င္ မည္ေသာအခါမွ် လမ္းမွန္ေပၚ လည္း ေရာက္ရန္မျမင္ ။
ျမန္မာတို႔ သူ႔ကြ်န္ဘဝ ႏွစ္ေပါင္း တစ္ရာေက်ာ္ခဲ႔သည္။ ၁၉၄၈-တြင္ လြတ္လပ္ေရးရ၏။ အစပိုင္း၌ ႏိုင္ငံေရးခံယူခ်က္၊ ဝါဒမတူဟူ၍ အကြဲအၿပဲစခဲ႔ေသာ္လည္း အရင္းစစ္လွ်င္ ဣႆာမစၦရိယက တြန္းအား ေပးထားေၾကာင္း ေတြ႔ရ၏။ လူတိုင္း ဗိုလ္ျဖစ္ခ်င္ၾကသည္၊ ရဲေဘာ္မလုပ္လိုၾက၊ မူလအုပ္စု၌ ဗိုလ္မျဖစ္ႏိုင္၍ အုပ္စုခြဲေသာအခါ ဗိုလ္ျဖစ္လာသည္၊ ထိုအုပ္စု၌ပင္ ထို အေျခခံစိတ္တို႔ျဖင္႔ ထပ္ကြဲ၏။

သို႔ျဖင္႔ ျမန္မာ႔ လြတ္လပ္ေရးသမိုင္းသည္ အမဲကြက္မ်ားစြာျဖင္႔ ရာဇဝင္ တြင္က်န္ေတာ႔သည္၊ အကြဲအၿပဲ မ်ားေသာေၾကာင္႔ တစ္ပါတ ီစနစ္ ၏ အတင္းအဓမၼ စုစည္းျခင္းကို ခံလိုက္ၾကရသည္၊ ဆို႐ွယ္လစ္စနစ ္  ဟူေသာ ႏိုင္ငံေရးဝါဒ ျဖစ္၏။
ဆို႐ွယ္လစ္စနစ္တြင္ အာဏာ အရပ္ရပ္သည္ ဗဟိုမွသာ ထြက္လာ၏။ လုပ္ပိုင္ခြင္႔ ျဖန္႔ခြဲမထား၊ ႐ွိဆဲ ရာထူး၊ စည္းစိမ္တို႔ ဆံုး႐ႈံးမည္ကို စိုးေသာေၾကာင္႔ ထိုစနစ္ အျမစ္ေကာင္းေကာင္း တြယ္လာေသာအခ်ိန ္တြင္ လူတို႔ ကိုယ္႔အသိျဖင္႔ ကိုယ္မလုပ္တတ္ေသာ၊ Initiation ဟူေသာ ေဝါဟာရတြင္ မိမိအသ ိစိတ္ဓာတ္ျဖင္႔ ေကာင္းႏိုးရာရာကို ခ်င္႔ခ်ိန္ၿပီး စတင္ေဆာင္႐ြက္ျခင္း ဟူေသာ sense ႐ွိေနပါသည္၊ ႐ိုး႐ိုး အမွားအမွန္ မခြဲျခားႏိုင္ဘဲ စတင္လုပ္ကိုင္ျခင္းမ်ိဳး မဟုတ္၊ အသိျဖင္႔ စတင္ ေဆာင္႐ြက္ ျခင္းဟု နားလည္ႏိုင္မည္ ျဖစ္သည္။

အမ်ားအတြက္ အက်ိဳးျဖစ္ထြန္းမႈ ႐ွိျခင္း/မ႐ွိျခင္းထက္ လုပ္မွားကိုင္မွားျဖစ္ခဲ႔လွ်င္ မိမိတို႔၏ ႐ွိဆဲရာထူး၊ စည္းစိမ္ ဆံုး႐ႈံးမည္ကိုစိုး၍ လူတိုင္းနီးပါးက Initiative မျဖစ္ၾကေတာ႔၊ သို႔ႏွင္႔ 'မလုပ္၊ မ႐ႈပ္၊ မျပဳတ္' ဟူေသာဆို႐ိုး ျဖစ္ေပၚလာသည္ ။ ဤ အလုပ္ခြင္ ယဥ္ေက်းမႈ ဆယ္စုႏွစ္ကာလသုိ႔ တိုင္ေသာအခါ ျမန္မာ႔လူ႔အဖြဲ႔အစည္းတြင္ အေလ႔အက်င္႔မွ သဘာဝတစ္ခုသို႔ ေျပာင္း လဲလာသည္။
ေနာက္မ်ိဳးဆက္တို႔၌ ခိုင္းမွ လုပ္တတ္ေသာ အေလ႔အက်င္႔ ျဖစ္လာသည္၊ ကိုယ္႔အသိျဖင္႔ အလုပ္မလုပ္ တတ္ေတာ႔၊ လမ္းေတြ႔လွ်င္ပင္ အမႈိက္မေကာက္တတ္ေတာ႔၊ မည္သူမွ် မည္သူ႔ကို အၿမဲတေစ မခိုင္းႏိုင္၊ သို႔ႏွင္႔ ယွဥ္ၿပိဳင္မႈ တျဖည္းျဖည္း ကင္းမဲ႔လာေတာ႔သည္ ။ တိုးတက္မႈမွန္သမွ်တို႔သည္ ယွဥ္ၿပိဳင္မႈမွ အရင္းခံၾက ရသည္ခ်ည္း ျဖစ္၏။ ယွဥ္ၿပိဳင္မႈ မဲ႔ေသာအခါ တိုးတက္မႈကို အိပ္မက္-မမက္ႏိုင္ၾကေတာ႔ေခ်။
အလုပ္အေပၚ မည္သုိ႔အေကာင္းဆံုး လုပ္ရမည္ကို ေတြးေခၚရမည္႔အစား၊ မိမိအား ေစာင္မၾကည္႔႐ႈႏိုင္မည္႔သူကိုသာ ျပဳစုခယၾကေတာ႔၏။ ဤသည္ကိုပင္ အလုပ္ ဟု သေဘာထားလာၾကေတာ႔သည္ ။

တိုးတက္သြားေသာ ႏိုင္ငံမ်ား၊ တိုးတက္သြားၾကေသာ ပုဂၢိဳလ္မ်ားအားလံုး၏ တိုးတက္မႈအေျခခံမွာ
ယွဥ္ၿပိဳင ္မႈ၊ အလုပ ္ကို မိမိအသိျဖင္႔ စတင္ လုပ္ကိုင္ႏိုင္မႈသာ ျဖစ္သည္ ။  မိမိအသိျဖင္႔ အလုပ္ကို မလုပ္တတ္ ၾကေသာ လူမ်ိဳးတို႔ နိမ္႔ပါးလာၾက ရသည္မွာ မဆန္းလွေတာ႔ေခ် ။
အေကာင္းျမင္လြန္း၊ အဆိုးျမင္လြန္း
ျမန္မာ႔ လူ႔အဖြဲ႔အစည္းကို အေမွာင္ကာလ ႏွစ္ (၅ဝ) ျဖတ္သန္းခဲ႔ၾကသည္ဟု တင္စားၾကသည္ ။ မွန္တစ္ ဝက္ မွားတစ္ဝက္ ဟု ဆိုခ်င္သည္ ။ အရာရာကို စနစ္က ဦးေဆာင္ပံုေဖာ္သည္ မွန္ေသာ္လည္း ကိုယ္႔အသိျဖင္႔ကိုယ္ ထိုးေဖာက္လုပ္ကိုင္ခဲ႔ ၾကေသာသူမ်ား ႐ွိခဲ႔ပါ၏ ။ အေရအတြက္ကား နည္းပါး၏။
သူလုပ္ႏိုင္လွ်င္ ကိုယ္ဘာေၾကာင္႔ မလုပ္ႏိုင္ရမည္နည္း ဟူေသာ စိတ္ဓာတ္ နည္းပါးၾကသူတို႔မွာ သူမ်ားကို လက္ညွိဳးထိုးၾကသည္။ ကိုယ္႔အသိျဖင္႔ ကိုယ္ လုပ္ႏိုင္ၾကေသာသူမ်ားက သူမ်ားကို လက္ညွိဳးထိုးမည္႔အခ်ိန္တြင္ ႀကိဳးစားခဲ႔ၾကသည္ ။ လက္ညွိဳး ထိုး႐ံုျဖင္႔ ျပႆနာတို႔ ေျပလည္သြားတတ္သည္ မဟုတ္ေခ်။ ကိုယ္လုပ္မွ ကိုယ္ရျခင္းကို ဗုဒၶ က လြန္ခဲ႔ေသာႏွစ္ (၂၆ဝဝ) နီးပါးကပင ္ဆိုခဲ႔ၿပီး ျဖစ္သည္။
ကိုယ္႔အသိျဖင္႔ ကိုယ္ လုပ္တတ္ ကိုင္တတ္ၾကေသာသူမ်ားက လက္ညွိဳးထိုး အျပစ္ေျပာ (blame game) ကိုမလုပ္၊ သူ႔ ဦးေႏွာက္ အလုပ္ေပးျဖစ္သည္႔ (brain game) ေပၚသာ အာ႐ံုစိုက္သည္၊ သို႔ႏွင္႔ ကာလ တစ္ခု ေက်ာ္ျဖတ္ၿပီးေသာအခါ အ႐ွင္ သခင္မ်ား ျဖစ္လာၾကေတာ႔၏ ။ 
အျပစ္ေျပာ လက္ညွိုးထိုးၾကသူမ်ားမွာ ထိုႏြံထဲမွ ႐ုန္းမထြက္ႏိုင္ခဲ႔၊ ေနာက္တစ္ခုက ကိုယ္႔အသိ ျဖင္႔ကိုယ္ မလုပ္ႏိုင္ခဲ႔ၾကေသာသူတို႔မွာ စဥ္းစား၊ သံုးသပ္၊ ဆံုးျဖတ္ႏိုင္စြမ္းေလ်ာ႔နည္း (deficiency) လာကာ ပုဂၢိဳလ္ အေျချပဳ ျဖစ္မွန္းမသိ ျဖစ္လာၾကေတာ႔သည္ ။ တစ္ဦး တစ္ေယာက္ကို အေကာင္းျမင္လွ်င္ အဆိုးကိုဖယ္ ကာ အေကာင္းခ်ည္းသာ ျမင္လာၾကေတာ႔သည္ ။
 တစ္ဦး တစ္ေယာက္ကို အဆိုးျမင္လာလွ်င္လည္း အေကာင္းမ်ားကို လ်စ္လ်ဴ႐ႈကာ အဆိုးမ်ားခ်ည္းကိုသာ ေ႐ြးထုတ္ ျမင္လာၾကရင္း ... ျမန္မာတို႔ အစြန္းတစ္ပါးပါး ဆီသို႔ ေ႐ြ႔မွန္းမသိ ေ႐ြ႔လာၾကေတာ႔သည္ ။ Analytical thinking, Critical thinking ႏွင္႔ ေဝးသထက္ ေဝးကြာၾကေတာ႔သည္ ။ အမွန္က အေကာင္း မ်ားသူ၊ အဆိုးမ်ားသ ူသာ ျဖစ္သင္႔သည္၊ မည္သူမွ် လံုးဝ-မေကာင္းႏိုင္သလို၊ မည္သူမွ်လည္း လံုးဝ-မဆိုးႏိုင္ၾကသည္ မွာ သဘာဝျဖစ္သည္။
မိမိတို႔ ယံုၾကည္ကိုးစားသူ၏ စကားကို ေဝဖန္ ဆန္းစစ္မႈ မ႐ွိႏိုင္ေတာ႔ဘဲ မ်က္လံုးမွိတ္ ယံုၾကည္ျခင္း သည္ ထိုသူ၏ ဆံုးျဖတ္ခ်က္ မွန္ကန္ပါက အေၾကာင္းမဟုတ္ေသာ္လည္း၊ ထိုသူ၏ ဆံုးျဖတ္ခ်က္မွားယြင္းခဲ႔ပါက တစ္အံု တစ္မ ဒုကၡေရာက္ႏိုင္သည္႔ အေျခအေနမ်ိဳး ျဖစ္ပါ၏။ တစ္ခ်ိန္က သခင္သန္းထြန္း၊ သခင္စိုး တို႔၏ စကားကို ဘုရားတစ္ဆ ူဂူတစ္လံုး မွတ္ခဲ႔ၾကသူတို႔၏ ျဖတ္သန္းခဲ႔ရေသာ ဘဝ၊ နိဂံုးခ်ဳပ္ခဲ႔ရေသာ ဘဝမ်ား ကို ဆင္ျခင္ ႏိုင္မိၾကပါလိမ္႔မည္။
တစ္ဦး တစ္ေယာက္ကို ဥႆံု ယံုမွား၊ ပံုအပ္မိေသာအခါ မိမိ၏ ကိုယ္ရည္ ကိုယ္ေသြးလည္း က်ဆင္း တတ္ ပါ၏။ လူတိုင္း ေ႐ွ႔ေဆာင္စိတ္ဓာတ္ ႐ွိသင္႔ၾကသည္ ။ ေနာက္လိုက္စိတ္သည္ ကြ်န္စိတ္သာျဖစ္၍ ေခါင္းညိတ္႐ံုမွ တစ္ပါး ဘာမွ လုပ္ႏိုင္၊ လုပ္တတ္ၾကသူမ်ားမဟုတ္၊ ဤသည္ကို ဣႆာမစၦရိယျဖင္႔ ေပါင္းေသာ အခါ ေခ်ာက္ႏႈတ္ခမ္း အစြန္းတိုင္ ေရာက္ရေတာ႔သည္ ။
 ေ႐ွ႔ေဆာင္စိတ္သည္သာ သခင္စိတ္ျဖစ္၍ မိမိ အသိျဖင္႔ လည္း လုပ္ကိုင္တတ္ၾကသူမ်ား ျဖစ္သည္ ။ အခိုင္း ခံၾကသူမ်ားလည္း မဟုတ္၊ ကိုယ္႔အသိျဖင္႔ကိုယ္ သံုးသပ္ လုပ္ကိုင္ႏိုင္ၾကသူမ်ား ျဖစ္သည္၊ ထိုသူမ်ား ႀကီးပြားႏိုင္ၾကသည္။
ျမန္မာတို႔အ ေနျဖင္႔ ယခုအခါ အစစ အရာရာ ျပဳျပင္ေျပာင္းလဲေရး ေဆာင္႐ြက္ေနၾကခ်ိန္ ျဖစ္သည္၊ ' အစစ အရာရာ' ဟ ုဆိုထားသျဖင္႔ ကိုယ္တတ္ထားသည္႔ ဘက္မွ ဝိုင္းဝန္း ကူညီၾကရန္ ျဖစ္သည္၊ ။ ေနာက္လိုက္ စိတ္ျဖင္႔ ဘဝကို တည္ေဆာက္ခဲ႔ၾကရသည္႔ ကာလ ႐ွည္ၾကာခဲ႔သည္႔ အေလ်ာက္ ႐ုတ္တစ္ရက္ ျပဳျပင္ေျပာင္းလဲမႈ တြင္ ကြ်န္စိတ္မွ သခင္စိတ္သို႔ ေျပာင္းရန္ လြယ္ကူမည္ မဟုတ္သည ္ကေတာ႔ အမွန္၊ သို႔ေသာ္လည္း ထိုစိတ္ တို႔ကို မျဖစ္မေနေျပာင္းရမည္ကေတာ႔ ဧကန္ျဖစ္သည္ ။
 ႏိုင္ငံသား အမ်ားစုက ေနာက္လိုက္စိတ္ထားလွ်င္ ထိုႏိုင္ငံသည္ ေနာက္လိုက္ႏိုင္ငံ ဘဝမွ ႐ုန္းထြက္ႏိုင္ မည္မဟုတ္၊ ကိုယ္႔ ေနာက္မ်ိဳးဆက္မ်ားကို တင္႔ေတာင္႔ တင္႔တယ္ ႐ွိေစခ်င္ လွ်င္ ကိုယ္႔အခ်ိန္ ကိုယ္႔အခါ ထဲမွာပင္ သခင္စိတ္ကို ေမြးႏိုင္ရန္ လိုသည္ ။ ထို႔ေၾကာင္႔ အလံုးစံုကို မ်က္စိစံုမွိတ္ ရန္မလို၊ အေကာင္းျမင္ လွ်င္ အေကာင္းေျပာႏိုင္ရမည္ျဖစ္ၿပီး၊ အဆိုးျမင္လွ်င္ အဆိုးေျပာရဲရမည္သာ ျဖစ္သည္ ။
၂ဝ၁၄-သည္ ျမန္မာတို႔ ခရီးၾကမ္း တစ္ခုကို ျဖတ္သန္းရမည္႔ ႏွစ္တစ္ႏွစ္ျဖစ္ႏိုင္သည္ဟု ခန္႔မွန္း မိသည္ ။
 ေ႐ြးခ်ယ္စရာမ်ား၊ ဆံုးျဖတ္စရာမ်ား ႐ွိလာႏိုင္ပါသည္ ။ မွန္ကန္ေသာ ေ႐ြးခ်ယ္မႈ၊ မွန္ကန္ေသာ ဆံုးျဖတ္ မႈတို႔ကို ခ်မွတ္ႏိုင္ရန္ ကိုယ ္ကိုယ္တိုင္က ေ႐ွ႔ေဆာင္စိတ္ ႐ွိေနသင္႔ပါသည္ ။ အမွား၊ အမွန္ကို ေဝဖန္ ပိုင္းျခားႏိုင္စြမ္း ႐ွိေနရပါမည္ ။ တစ္ဦး တစ္ေယာက္ တစ္စံု တစ္ခုအေပၚ မ်က္လံုးမွိတ္ ပံုအပ္ၾကရန္မသင္႔ဟု ယူဆပါသည္။
ပံုအပ္ျခင္းသည္ မိမိ ၏ အနာဂတ္ႏွင္႔ ကံၾကမၼာကို အေလာင္းအစား လုပ္ျခင္းမွ်သာ ျဖစ္ပါ၏။ ပံုအပ္ခံသူ အေနျဖင္႔ မွန္ေသာ လမ္းေၾကာင္းကို ေလွ်ာက္လွမ္းႏိုင္လွ်င္ ေကာင္းက်ိဳးကို ခံစားႏိုင္မည္ ျဖစ္ေသာ္လည္း၊ မွားယြင္းေသာ လမ္းေၾကာင္းကို ေ႐ြးခ်ယ္မိပါက အဖတ္ဆယ္မရ ျဖစ္္တတ္ပါ၏။ ဂ်ာမနီ၊ အီတလီ တို႔ကို ဥပမာ တင္ၾကည္႔ႏိုင္ပါလိမ္႔မည္။
အေရးႀကီးေသာ အခ်ိန္တစ္ခုကို ျဖတ္သန္းၾကရေတာ႔မည္ျဖစ္၍ အားလံုးက ပကတိတရား၊ အ႐ွိတရားတို႔ကို မွန္မွန္ကန္ကန္ ျမင္ႏိုင္ၾကရန္ လိုအပ္ၿပီး၊ အေကာင္းျမင္လြန္းျခင္း၊ အဆိုးျမင္လြန္းျခင္း တို႔ကို ေဘး ဖယ္ႏိုင္ရပါလိမ္႔မည္၊ ။လူတိုင္းသည္ ကုိယ္႔ၾကမၼာ ကိုယ္ဖန္တီးခြင္႔ ႐ွိၾကပါ၏။ ကိုယ္႔အနာဂတ ္ကိုယ္ တည္ေဆာက္ႏိုင္ၾကရန္ ကိုယ္ ကိုယ္တိုင္က ေ႐ွ႔ေဆာင္စိတ္၊ သခင္စိတ္ကို ေမြးျမဴႏိုင္ၾကရပါလိမ္႔မည္။
၂ဝ၁၄- ကို ျမန္မာတို႔ ကြ်န္စိတ္ျဖင္႔ ျဖတ္သန္း၍ ရမည္ မဟုတ္ပါ၊ အမွန္တစ္ကယ္ တိုးတက္လိုပါလွ်င္ သခင္စိတ္ျဖင္႔သာ ျဖတ္သန္းႏိုင္ရန္ ျဖစ္သည္။ ဤအတြက္ ကိုယ္ ကိုယ္တိုင္ အမွန္ႏွင္႔ အမွားကို ေဝဖန္ သံုးသပ္ ႏိုင္ၾကရပါလိမ္႔မည္၊ ျမန္မာတို႔ မညံ႔ၾကပါ၊ တစ္ခါတစ္ရံ အေတြးေခ်ာ္တတ္၍သာ သတိေပးရျခင္း ျဖစ္ပါသည္။ အားလံုး သခင္စိတ္ထားႏိုင္ၾကရန္ ျဖစ္ပါ၏။
( '၂၀၁၃ ' က ေရးခဲ့ေသာ စာျဖစ္ပါသည္ )
ေနဇင္လတ္
Nay Zin Latt

Unicode Version  ၿဖင္႔ Blog ကိုအဆင္သင္႔ ၿမင္နိုင္ရန္ ၿပင္ဆင္ေပးထားပါသည္ ။  ေတာင္းဆိုမွုအရ ေအာက္တြင္လည္း Uni ၿဖင္႔ ထပ္မံ ေဖၚၿပေပးလိုက္ပါသည္

အသိဖြင့် လုပ်သူတို့ သခင်ဖြစ်လာကြပြီး၊ အသိမဲ့သူတို့ ကျွန်ဖြစ်သွားကြသည်။

ကမ္ဘာကျော ်ဘီလီယံနာကြီးများ၊ လုပ်ငန်းရှင်ကြီးများကို လေ့လာလျှင် မိဘ အမွေခံထက် ကိုယ့်ဒူး ကိုယ်ချွန် ကြိုးစား ရင်း ဖြစ်လာကြသောအရေအတွက်က များကြောင်း တွေ့ရပါလိမ့်မည် ။ 

ကမ္ဘာ့အတော်ဆုံး ရင်းနှီးမြှုပ်နှံမှု သူဌေးကြီး ဝါရင်း ဘတ်ဖတ်မှာ (၁၁) နှစ်သား အရွယ်တွင် Jackpot ကို ဒေါ်လာဆယ်ဂဏန်း၊ ရာဂဏန်းဖြင့် စတင်ဝယ်ယူခဲ့၏။ ယနေ့ အသက် (၈ဝ) ကျော်သည်အထိ တက်ကြွ စွာ အလုပ် လုပ်တုန်း ရှိသေးသည်။

 Microsoft ၏ အရှင်သခင်ဖြစ်သော Bill Gates သည်လည်း ဆယ်ကျော်သက ်ဘဝကပင် မည်သူ၏ တိုက်တွန်းမှုမျှ မပါဘဲ သူငယ်ချင်းနှင့် စုကာ ဒေါ်လာရာဂဏန်းဖြင့် ကားဂိုဒေါင်ထဲတွင် ကွန်ပျူတာကို တီထွင်ခဲ့သူ ဖြစ်သည် ။

ချမ်းသာခြင်း၊ ကျော်ဇောခြင်း၊ အောင်မြင်ခြင်းတို့သည် မိုးပေါ်မှကျလာသည်မဟုတ်၊ ပဒေသာပင်မှ ဆွတ်ခူး ရသည်လည်းမဟုတ်၊ ကြိုးစားမုှ၊ ကြိုးစားတတ်မှ ရရှိကြခြင်း ဖြစ်သည်။ လမ်းထိပ်တွင် မုန့်ဝေနေပါသည် ဟု ဆိုထားလျက် ထိုမုန့်ဝေ သောနေရာသို့မသွားလျှင် ထိုမုန့်က မိမိထံ အလိုအလျောက် မလာနိုင်ပါ။ လမ်း ထိပ် သို့လည်း သွားရပါမည်။ လူလည်း တိုးရပါမည် ။ သို့မှသာ မုန့်ရပါလိမ့်မည် ။

 ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ကို မချစ်သည့်သူ မရှိ၊ သို့သော်လည်း ချစ်တိုင်းလည်း ဘာမှမလုပ်လျှင် ဘာမှရမည်မဟုတ်၊ မှန်မှန်ကန်ကန် ချစ်တတ်မှ၊ မှန်မှန်ကန်ကန် အလုပ်လုပ်တတ်မှ နိုင်ငံဖွံ့ဖြိုးရေးကို တစ်စုံတစ်ရာ ဆောင်ရွက်နိုင်မည်သာ ဖြစ်သည် ။ ထိုင်ချစ်နေရုံဖြင့် ဘာမှဖြစ်မလာသည်ကား သေချာ၏။

အချစ်မှား၍ မပြောရဲ၊ မဆိုရဲရှိလျှင်လည်း ' ချစ်ရာ မရောက်၊ နှစ်-ရာသာရောက်' မည်ဖြစ်ပါမည်။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကို မှန်မှန်ကန်ကန ်ချစ်လျှင် မှန်မှန်ကန်ကန် ထောက်ပြရဲရမည်သာ ဖြစ်သည် ။ လူမုန်း မည်ကိုကြောက်လျှင် အဂတိတရား ဖြစ်သည်၊ နိုင်ငံကို ချစ်ခြင်းထက် မိမိ အကျိုးစီးပွား ကို ရှေ့တန်းတင ်ခြင်း သာ ဖြစ်သည်၊ သို့ဆိုလျှင် မြန်မာလူမျိုးတို့ မှန်မှန်ကန်ကန် တွေးခေါ်ကြပြီလား၊ မှန်မှန်ကန်ကန် လုပ်ကိုင် ကြပြီလား ဟူသည်ကို စောကြောဖို့ ဖြစ်လာပါတော့မည်။

မစ္ဆရိယ စိတ်များနေသေးသည်
ဣဿာမစ္ဆရိယစိတ်ကို ဗုဒ္ဓက အလေးထား ဟောခဲ့သည်၊ ဗုဒ္ဓဘာသာ၏ အခြေခံလည်း ဖြစ်သည် ။ဝမ်းနည်းစရာကောင်းသည်မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြလျက် ဣဿာမစ္ဆရိယစိတ်တွင် မြန်မာတို့ များ လျက် ရှိနေကြသေးခြင်း ဖြစ်သည် ။ 

ကောင်းခြင်း၊ ဆိုးခြင်းနှစ်ဖြာကို နှုတ်တိုက် ရွတ်နိုင်ကြသော်လည်း နှလုံးသားထဲကကောင်းစွာလိုက်ပါနိုင်ကြ ခြင်း မရှိသေးပေ၊ ကိုယ်မှလွဲ၍ အခြားသူကို မြန်မာတို့ မုဒိတာ မပွားနိုင်ကြ၊ အစွန်း ဖြစ်စေမည့် အခြေခံစိတ ်ဖြစ်ကြောင်းကိုလည်း မဆန်းစစ်နိုင်၊ အကုသိုလ်စိတ်ဖြစ်သည်ကိုလည်း မသိ၊ ယနေ့တိုင် လည်း မကုန်ခမ်း မလျော့နည်းသေး၊ ဤစိတ် အခြေခံဖြင့် စဉ်းစား၊ တွေးခေါ်၊ သုံးသပ်ကြလျှင် မည်သောအခါမျှ လမ်းမှန်ပေါ် လည်း ရောက်ရန်မမြင် ။

မြန်မာတို့ သူ့ကျွန်ဘဝ နှစ်ပေါင်း တစ်ရာကျော်ခဲ့သည်။ ၁၉၄၈-တွင် လွတ်လပ်ရေးရ၏။ အစပိုင်း၌ နိုင်ငံရေးခံယူချက်၊ ဝါဒမတူဟူ၍ အကွဲအပြဲစခဲ့သော်လည်း အရင်းစစ်လျှင် ဣဿာမစ္ဆရိယက တွန်းအား ပေးထားကြောင်း တွေ့ရ၏။ လူတိုင်း ဗိုလ်ဖြစ်ချင်ကြသည်၊ ရဲဘော်မလုပ်လိုကြ၊ မူလအုပ်စု၌ ဗိုလ်မဖြစ်နိုင်၍ အုပ်စုခွဲသောအခါ ဗိုလ်ဖြစ်လာသည်၊ ထိုအုပ်စု၌ပင် ထို အခြေခံစိတ်တို့ဖြင့် ထပ်ကွဲ၏။


သို့ဖြင့် မြန်မာ့ လွတ်လပ်ရေးသမိုင်းသည် အမဲကွက်များစွာဖြင့် ရာဇဝင် တွင်ကျန်တော့သည်၊ အကွဲအပြဲ များသောကြောင့် တစ်ပါတ ီစနစ် ၏ အတင်းအဓမ္မ စုစည်းခြင်းကို ခံလိုက်ကြရသည်၊ ဆိုရှယ်လစ်စနစ ်  ဟူသော နိုင်ငံရေးဝါဒ ဖြစ်၏။

ဆိုရှယ်လစ်စနစ်တွင် အာဏာ အရပ်ရပ်သည် ဗဟိုမှသာ ထွက်လာ၏။ လုပ်ပိုင်ခွင့် ဖြန့်ခွဲမထား၊ ရှိဆဲ ရာထူး၊ စည်းစိမ်တို့ ဆုံးရှုံးမည်ကို စိုးသောကြောင့် ထိုစနစ် အမြစ်ကောင်းကောင်း တွယ်လာသောအချိန ်တွင် လူတို့ ကိုယ့်အသိဖြင့် ကိုယ်မလုပ်တတ်သော၊ Initiation ဟူသော ဝေါဟာရတွင် မိမိအသ ိစိတ်ဓာတ်ဖြင့် ကောင်းနိုးရာရာကို ချင့်ချိန်ပြီး စတင်ဆောင်ရွက်ခြင်း ဟူသော sense ရှိနေပါသည်၊ ရိုးရိုး အမှားအမှန် မခွဲခြားနိုင်ဘဲ စတင်လုပ်ကိုင်ခြင်းမျိုး မဟုတ်၊ အသိဖြင့် စတင် ဆောင်ရွက် ခြင်းဟု နားလည်နိုင်မည် ဖြစ်သည်။

အများအတွက် အကျိုးဖြစ်ထွန်းမှု ရှိခြင်း/မရှိခြင်းထက် လုပ်မှားကိုင်မှားဖြစ်ခဲ့လျှင် မိမိတို့၏ ရှိဆဲရာထူး၊ စည်းစိမ် ဆုံးရှုံးမည်ကိုစိုး၍ လူတိုင်းနီးပါးက Initiative မဖြစ်ကြတော့၊ သို့နှင့် 'မလုပ်၊ မရှုပ်၊ မပြုတ်' ဟူသောဆိုရိုး ဖြစ်ပေါ်လာသည် ။ ဤ အလုပ်ခွင် ယဉ်ကျေးမှု ဆယ်စုနှစ်ကာလသို့ တိုင်သောအခါ မြန်မာ့လူ့အဖွဲ့အစည်းတွင် အလေ့အကျင့်မှ သဘာဝတစ်ခုသို့ ပြောင်း လဲလာသည်။

နောက်မျိုးဆက်တို့၌ ခိုင်းမှ လုပ်တတ်သော အလေ့အကျင့် ဖြစ်လာသည်၊ ကိုယ့်အသိဖြင့် အလုပ်မလုပ် တတ်တော့၊ လမ်းတွေ့လျှင်ပင် အမှိုက်မကောက်တတ်တော့၊ မည်သူမျှ မည်သူ့ကို အမြဲတစေ မခိုင်းနိုင်၊ သို့နှင့် ယှဉ်ပြိုင်မှု တဖြည်းဖြည်း ကင်းမဲ့လာတော့သည် ။ တိုးတက်မှုမှန်သမျှတို့သည် ယှဉ်ပြိုင်မှုမှ အရင်းခံကြ ရသည်ချည်း ဖြစ်၏။ ယှဉ်ပြိုင်မှု မဲ့သောအခါ တိုးတက်မှုကို အိပ်မက်-မမက်နိုင်ကြတော့ချေ။

အလုပ်အပေါ် မည်သို့အကောင်းဆုံး လုပ်ရမည်ကို တွေးခေါ်ရမည့်အစား၊ မိမိအား စောင်မကြည့်ရှုနိုင်မည့်သူကိုသာ ပြုစုခယကြတော့၏။ ဤသည်ကိုပင် အလုပ် ဟု သဘောထားလာကြတော့သည် ။

တိုးတက်သွားသော နိုင်ငံများ၊ တိုးတက်သွားကြသော ပုဂ္ဂိုလ်များအားလုံး၏ တိုးတက်မှုအခြေခံမှာ
ယှဉ်ပြိုင ်မှု၊ အလုပ ်ကို မိမိအသိဖြင့် စတင် လုပ်ကိုင်နိုင်မှုသာ ဖြစ်သည် ။  မိမိအသိဖြင့် အလုပ်ကို မလုပ်တတ် ကြသော လူမျိုးတို့ နိမ့်ပါးလာကြ ရသည်မှာ မဆန်းလှတော့ချေ ။

အကောင်းမြင်လွန်း၊ အဆိုးမြင်လွန်း
မြန်မာ့ လူ့အဖွဲ့အစည်းကို အမှောင်ကာလ နှစ် (၅ဝ) ဖြတ်သန်းခဲ့ကြသည်ဟု တင်စားကြသည် ။ မှန်တစ် ဝက် မှားတစ်ဝက် ဟု ဆိုချင်သည် ။ အရာရာကို စနစ်က ဦးဆောင်ပုံဖော်သည် မှန်သော်လည်း ကိုယ့်အသိဖြင့်ကိုယ် ထိုးဖောက်လုပ်ကိုင်ခဲ့ ကြသောသူများ ရှိခဲ့ပါ၏ ။ အရေအတွက်ကား နည်းပါး၏။

သူလုပ်နိုင်လျှင် ကိုယ်ဘာကြောင့် မလုပ်နိုင်ရမည်နည်း ဟူသော စိတ်ဓာတ် နည်းပါးကြသူတို့မှာ သူများကို လက်ညှိုးထိုးကြသည်။ ကိုယ့်အသိဖြင့် ကိုယ် လုပ်နိုင်ကြသောသူများက သူများကို လက်ညှိုးထိုးမည့်အချိန်တွင် ကြိုးစားခဲ့ကြသည် ။ လက်ညှိုး ထိုးရုံဖြင့် ပြဿနာတို့ ပြေလည်သွားတတ်သည် မဟုတ်ချေ။ ကိုယ်လုပ်မှ ကိုယ်ရခြင်းကို ဗုဒ္ဓ က လွန်ခဲ့သောနှစ် (၂၆ဝဝ) နီးပါးကပင ်ဆိုခဲ့ပြီး ဖြစ်သည်။

ကိုယ့်အသိဖြင့် ကိုယ် လုပ်တတ် ကိုင်တတ်ကြသောသူများက လက်ညှိုးထိုး အပြစ်ပြော (blame game) ကိုမလုပ်၊ သူ့ ဦးနှောက် အလုပ်ပေးဖြစ်သည့် (brain game) ပေါ်သာ အာရုံစိုက်သည်၊ သို့နှင့် ကာလ တစ်ခု ကျော်ဖြတ်ပြီးသောအခါ အရှင် သခင်များ ဖြစ်လာကြတော့၏ ။ 

အပြစ်ပြော လက်ညှိုးထိုးကြသူများမှာ ထိုနွံထဲမှ ရုန်းမထွက်နိုင်ခဲ့၊ နောက်တစ်ခုက ကိုယ့်အသိ ဖြင့်ကိုယ် မလုပ်နိုင်ခဲ့ကြသောသူတို့မှာ စဉ်းစား၊ သုံးသပ်၊ ဆုံးဖြတ်နိုင်စွမ်းလျော့နည်း (deficiency) လာကာ ပုဂ္ဂိုလ် အခြေပြု ဖြစ်မှန်းမသိ ဖြစ်လာကြတော့သည် ။ တစ်ဦး တစ်ယောက်ကို အကောင်းမြင်လျှင် အဆိုးကိုဖယ် ကာ အကောင်းချည်းသာ မြင်လာကြတော့သည် ။

 တစ်ဦး တစ်ယောက်ကို အဆိုးမြင်လာလျှင်လည်း အကောင်းများကို လျစ်လျူရှုကာ အဆိုးများချည်းကိုသာ ရွေးထုတ် မြင်လာကြရင်း ... မြန်မာတို့ အစွန်းတစ်ပါးပါး ဆီသို့ ရွေ့မှန်းမသိ ရွေ့လာကြတော့သည် ။ Analytical thinking, Critical thinking နှင့် ဝေးသထက် ဝေးကွာကြတော့သည် ။ အမှန်က အကောင်း များသူ၊ အဆိုးများသ ူသာ ဖြစ်သင့်သည်၊ မည်သူမျှ လုံးဝ-မကောင်းနိုင်သလို၊ မည်သူမျှလည်း လုံးဝ-မဆိုးနိုင်ကြသည် မှာ သဘာဝဖြစ်သည်။

မိမိတို့ ယုံကြည်ကိုးစားသူ၏ စကားကို ဝေဖန် ဆန်းစစ်မှု မရှိနိုင်တော့ဘဲ မျက်လုံးမှိတ် ယုံကြည်ခြင်း သည် ထိုသူ၏ ဆုံးဖြတ်ချက် မှန်ကန်ပါက အကြောင်းမဟုတ်သော်လည်း၊ ထိုသူ၏ ဆုံးဖြတ်ချက်မှားယွင်းခဲ့ပါက တစ်အုံ တစ်မ ဒုက္ခရောက်နိုင်သည့် အခြေအနေမျိုး ဖြစ်ပါ၏။ တစ်ချိန်က သခင်သန်းထွန်း၊ သခင်စိုး တို့၏ စကားကို ဘုရားတစ်ဆ ူဂူတစ်လုံး မှတ်ခဲ့ကြသူတို့၏ ဖြတ်သန်းခဲ့ရသော ဘဝ၊ နိဂုံးချုပ်ခဲ့ရသော ဘဝများ ကို ဆင်ခြင် နိုင်မိကြပါလိမ့်မည်။

တစ်ဦး တစ်ယောက်ကို ဥဿုံ ယုံမှား၊ ပုံအပ်မိသောအခါ မိမိ၏ ကိုယ်ရည် ကိုယ်သွေးလည်း ကျဆင်း တတ် ပါ၏။ လူတိုင်း ရှေ့ဆောင်စိတ်ဓာတ် ရှိသင့်ကြသည် ။ နောက်လိုက်စိတ်သည် ကျွန်စိတ်သာဖြစ်၍ ခေါင်းညိတ်ရုံမှ တစ်ပါး ဘာမှ လုပ်နိုင်၊ လုပ်တတ်ကြသူများမဟုတ်၊ ဤသည်ကို ဣဿာမစ္ဆရိယဖြင့် ပေါင်းသော အခါ ချောက်နှုတ်ခမ်း အစွန်းတိုင် ရောက်ရတော့သည် ။

 ရှေ့ဆောင်စိတ်သည်သာ သခင်စိတ်ဖြစ်၍ မိမိ အသိဖြင့် လည်း လုပ်ကိုင်တတ်ကြသူများ ဖြစ်သည် ။ အခိုင်း ခံကြသူများလည်း မဟုတ်၊ ကိုယ့်အသိဖြင့်ကိုယ် သုံးသပ် လုပ်ကိုင်နိုင်ကြသူများ ဖြစ်သည်၊ ထိုသူများ ကြီးပွားနိုင်ကြသည်။

မြန်မာတို့အ နေဖြင့် ယခုအခါ အစစ အရာရာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေကြချိန် ဖြစ်သည်၊ ' အစစ အရာရာ' ဟ ုဆိုထားသဖြင့် ကိုယ်တတ်ထားသည့် ဘက်မှ ဝိုင်းဝန်း ကူညီကြရန် ဖြစ်သည်၊ ။ နောက်လိုက် စိတ်ဖြင့် ဘဝကို တည်ဆောက်ခဲ့ကြရသည့် ကာလ ရှည်ကြာခဲ့သည့် အလျောက် ရုတ်တစ်ရက် ပြုပြင်ပြောင်းလဲမှု တွင် ကျွန်စိတ်မှ သခင်စိတ်သို့ ပြောင်းရန် လွယ်ကူမည် မဟုတ်သည ်ကတော့ အမှန်၊ သို့သော်လည်း ထိုစိတ် တို့ကို မဖြစ်မနေပြောင်းရမည်ကတော့ ဧကန်ဖြစ်သည် ။

 နိုင်ငံသား အများစုက နောက်လိုက်စိတ်ထားလျှင် ထိုနိုင်ငံသည် နောက်လိုက်နိုင်ငံ ဘဝမှ ရုန်းထွက်နိုင် မည်မဟုတ်၊ ကိုယ့် နောက်မျိုးဆက်များကို တင့်တောင့် တင့်တယ် ရှိစေချင် လျှင် ကိုယ့်အချိန် ကိုယ့်အခါ ထဲမှာပင် သခင်စိတ်ကို မွေးနိုင်ရန် လိုသည် ။ ထို့ကြောင့် အလုံးစုံကို မျက်စိစုံမှိတ် ရန်မလို၊ အကောင်းမြင် လျှင် အကောင်းပြောနိုင်ရမည်ဖြစ်ပြီး၊ အဆိုးမြင်လျှင် အဆိုးပြောရဲရမည်သာ ဖြစ်သည် ။

၂ဝ၁၄-သည် မြန်မာတို့ ခရီးကြမ်း တစ်ခုကို ဖြတ်သန်းရမည့် နှစ်တစ်နှစ်ဖြစ်နိုင်သည်ဟု ခန့်မှန်း မိသည် ။
 ရွေးချယ်စရာများ၊ ဆုံးဖြတ်စရာများ ရှိလာနိုင်ပါသည် ။ မှန်ကန်သော ရွေးချယ်မှု၊ မှန်ကန်သော ဆုံးဖြတ် မှုတို့ကို ချမှတ်နိုင်ရန် ကိုယ ်ကိုယ်တိုင်က ရှေ့ဆောင်စိတ် ရှိနေသင့်ပါသည် ။ အမှား၊ အမှန်ကို ဝေဖန် ပိုင်းခြားနိုင်စွမ်း ရှိနေရပါမည် ။ တစ်ဦး တစ်ယောက် တစ်စုံ တစ်ခုအပေါ် မျက်လုံးမှိတ် ပုံအပ်ကြရန်မသင့်ဟု ယူဆပါသည်။

ပုံအပ်ခြင်းသည် မိမိ ၏ အနာဂတ်နှင့် ကံကြမ္မာကို အလောင်းအစား လုပ်ခြင်းမျှသာ ဖြစ်ပါ၏။ ပုံအပ်ခံသူ အနေဖြင့် မှန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်လျှင် ကောင်းကျိုးကို ခံစားနိုင်မည် ဖြစ်သော်လည်း၊ မှားယွင်းသော လမ်းကြောင်းကို ရွေးချယ်မိပါက အဖတ်ဆယ်မရ ဖြစ်တတ်ပါ၏။ ဂျာမနီ၊ အီတလီ တို့ကို ဥပမာ တင်ကြည့်နိုင်ပါလိမ့်မည်။

အရေးကြီးသော အချိန်တစ်ခုကို ဖြတ်သန်းကြရတော့မည်ဖြစ်၍ အားလုံးက ပကတိတရား၊ အရှိတရားတို့ကို မှန်မှန်ကန်ကန် မြင်နိုင်ကြရန် လိုအပ်ပြီး၊ အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင်လွန်းခြင်း တို့ကို ဘေး ဖယ်နိုင်ရပါလိမ့်မည်၊ ။လူတိုင်းသည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိကြပါ၏။ ကိုယ့်အနာဂတ ်ကိုယ် တည်ဆောက်နိုင်ကြရန် ကိုယ် ကိုယ်တိုင်က ရှေ့ဆောင်စိတ်၊ သခင်စိတ်ကို မွေးမြူနိုင်ကြရပါလိမ့်မည်။

၂ဝ၁၄- ကို မြန်မာတို့ ကျွန်စိတ်ဖြင့် ဖြတ်သန်း၍ ရမည် မဟုတ်ပါ၊ အမှန်တစ်ကယ် တိုးတက်လိုပါလျှင် သခင်စိတ်ဖြင့်သာ ဖြတ်သန်းနိုင်ရန် ဖြစ်သည်။ ဤအတွက် ကိုယ် ကိုယ်တိုင် အမှန်နှင့် အမှားကို ဝေဖန် သုံးသပ် နိုင်ကြရပါလိမ့်မည်၊ မြန်မာတို့ မညံ့ကြပါ၊ တစ်ခါတစ်ရံ အတွေးချော်တတ်၍သာ သတိပေးရခြင်း ဖြစ်ပါသည်။ အားလုံး သခင်စိတ်ထားနိုင်ကြရန် ဖြစ်ပါ၏။

( '၂၀၁၃ ' က ရေးခဲ့သော စာဖြစ်ပါသည် )
နေဇင်လတ်
Nay Zin Latt


1 comment:

  1. Uni code ေရးေစခ်င္တယ္

    ReplyDelete