28 February 2018

သင့်ရဲ့ ဖုန်း ဘက်ထရီကို အမြန်ဆုံး အားကုန်စေမယ့် App များ



တစ်ကယ်တော့ ဖုန်းကို အားကုန်စေတဲ့ အချက်က ဖုန်းကို ဖွင့်ထားလို့၊ အလင်းဖြာနေရလို့၊ မီးဖွင့်ထားလို့၊ အင်တာနက် သုံးလို့၊ ကင်မရာ ရိုက်လို့ ဆိုတာတွေထက် ဖုန်းပိတ်ထားသည့်တိုင်အောင် လည်ပတ်နေတဲ့ Appတွေ၊ အင်တာနက် ဖွင့်သုံးမှ ရတဲ့ App တွေကြောင့် ဘက်ထရီ ကုန်မှု ပိုများပါတယ်။

အခု ပြောမယ့် App တွေက ဘက်ထရီ အားကုန် အမြန်စေဆုံးပါ၊ သင့်ဖုန်းမှာ ဒီ App တွေ သုံးနေရင်တော့ ဖြစ်နိုင်ရင် သုံးချိန်လျော့ပါ၊ မသုံးဖြစ်ရင် Uninstall လုပ်လိုက်ပါတော့။

(၁) Snapchat – ဒီ App သုံးသူတွေ အနေနဲ့ တစ်ခြား ဖုန်းသုံးသူတွေထက် ဘက်ထရီ အားကုန်မြန်ပါ လိမ့် မယ်။ လက်ရှိ နိုင်ငံတစ်ကာသုံး App တွေထဲမှာ ကမ္ဘာ့ လူသုံး အများဆုံး App တစ်ခု အဖြစ် ရပ် တည်နေတဲ့ Snapchatက ဘက်ထရီစား များလွန်းနေပါတယ်။

ဘယ်လို အကောင်းဆုံး သုံးမလဲ – Snapchat ရဲ့ စနစ်သစ် Travel Mode ချသုံးပါ။ သူက ပုံတွေ ဗီဒီယို တွေကို အလိုအလျောက် ရယူ ဖော်ပြနေခြင်း ကနေ ကာကွယ်ပေးနိုင်လို့ ဘက်ထရီစား သက်သာပါ လိမ့်မယ်။

(၂) BBC News – သတင်းတွေကို Update ဖြစ်အောင် ဖန်တီးထားတဲ့ အတွက် အခု App က ဘက်ထရီ အရမ်းစားပါတယ်။ သူနဲ့ အတူ NYTimes, NDTV, CNN နဲ့ အခြား သတင်း ဌာန App တွေကလည်း ဘက်ထရီ စားတာပါပဲ။

ဘယ်လို အကောင်းဆုံး သုံးမလဲ – အကောင်းဆုံး ကတော့ အခုလို သတင်းဌာနက App တွေ မသုံးပါနဲ့။ တစ်ကယ်လို့ သုံးမယ် ဆိုရင်တော့ App အနေနဲ့ မသုံးပဲ Chrome ကနေ တစ်ဆင့် BBC ကို ၀င်ကြည့်ပါ။ အတူတူပါပဲ။



(၃) Facebook and Messenger – လက်ရှိ ကမ္ဘာမှာ လူသုံး အများဆုံး လူမှုကွန်ယက် စနစ် ဖြစ်ပြီး ဘက်ထရီ စားလည်း အများဆုံးပါပဲ။

 ဘယ်လိုအကောင်းဆုံး သုံးမလဲ – Facebook Lite နဲ့ Messenger Lite ဆိုတဲ့ စွမ်းအင်စားနဲတဲ့  App တွေ ရှိပါတယ်။ လက်ရှိ App တွေကို ဖြုတ်ချပြီး အစားထိုး သုံးလိုက်ပါ။

(၄) Samsung’s Default Apps – Android ဖုန်း အများစုမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီက ဖန်တီးထားတဲ့ App တွေ အလိုအလျောက်ပါရှိကြပါတယ်။ အထူးသဖြင့် Samsung ရဲ့ ဖုန်းတွေမှာ App တွေ အများဆုံး ပါတတ်ပါတယ်။ ဒါပေမယ့် အဲဒီ Appတွေကို သင် မသုံးပါဘူး။ ဒါပေမယ့် အဆိုပါ App တွေက မသုံးသည့် တိုင်အောင် အလုပ်လုပ်နေကြပါတယ်။ ဒီ့အတွက် ဘက်ထရီ ပိုကုန်ပါတယ်။

 ဘယ်လို အကောင်းဆုံး သုံးမလဲ – Root မဖောက်ပဲ အဆိုပါ နဂို ထည့်ထားတဲ့ App တွေကို ဖယ်ထုတ် မရပါဘူး။ ဒါဆို အလွယ် အနေနဲ့ သင့်ဖုန်းရဲ့ Setting ကနေ Applications၊ ပြီးတော့ Application Manager ထဲက All ကို ၀င်ပြီး Samsung Link App ကို ရွေးပါ ။ Shwo Noti ခလုတ်ကို ပိတ်လိုက်ပါ။ ပြီးရင် Clear Data ချပါ၊ နောက်ဆုံး Disable ကို နှိပ်လိုက်ပါ။ ရပါပြီ။

(၅) YouTubem Netflix နဲ့ အခြား ရုပ်သံ App များ – ဗီဒီယို ဖိုင်တွေ တင်ထားသလို ကြည့်ရှုကြတာ ဖြစ် လို့ လိုင်းဆွဲအားလည်း ပိုသုံးရပြီး ဘက်ထရီစား များပါတယ်။ တစ်ချို့က Wi-Fi တွေ ကနေ တစ်ဆင့်ကြည့်ပါတယ်။ ဒါဆို ဘက်ထရီ အားကုန် ပိုမြန်ပါလိမ့်မယ်။

 ဘယ်လို အကောင်းဆုံး သုံးမလဲ – ဒီ့အတွက်ကတော့ အခု App တွေကို မသုံးရင် မသုံး၊ ဒါမှမဟုတ် ရုပ်သံ ကြည့်ချိန် အလင်းဖြာနှုန်း (Resolution) ကို အနိမ့်ဆုံး ထားပြီး ကြည့်၊ Bluetooth နားကြပ်ထက် ကြိုးနဲ့ နားကြပ်မျိုး တပ်ဆင် အသုံးပြုပါ။


By – KKS
Ref: makeuseof.com

http//www.myanmarupdatenews.com

No comments:

Post a Comment