01 February 2018

လုပ်လိုက်ရင် တစ်လွဲ


 
မြန် မာ နိုင် ငံ မှာ လက် ရှိ စီး ပွား ရေး ကျ ဆင်း နေ တာ က လေး က အ စ သိ ကြ တယ် ။ ဒါ ကို ပြန် ပြီး အ ဖတ် ဆယ် ဖို့ ဘယ် လို လုပ် ရင် ဖြစ် နိုင် မ လဲ လို့ သက် ဆိုင် ရာ လူ ကြီး တွေ ခေါင်း ချင်း ရိုက် ပြီး အ ဖြေ ရှာ နေ ကြ ပါ လိမ့် မယ် ။

နိုင် ငံ တစ် ကာ အ ကြံ ပေး တွေ ကို လည်း အ ကူ အ ညီ တောင်း ကြ မယ် လို့ ထင် ပါ တယ် ။ ဒါ ပေ မဲ့ အ မိန့် အ ပြောင်း အ လည်း တစ် ခု ခု ထွက် လာ ရင် အံ့ အား သင့် စ ရာ အ မိန့် မျိုး တွေ ပဲ ထွက် လာ တတ် တယ် ။

လုပ် ငန်း နား မ လည် တာ လား အား လုံး ကို နိုင် ငံ တစ် ကာ မှာ လို ဆို ပြီး ခေါင်း စဉ် တတ် ချင် တာ လား တော့ မ သိ ဘူး မြန် မာ နိုင် ငံ အ တွက် အ ဓိ ပ္ပါယ် မ ရှိ တဲ့ အ မိန့် မျိုး တွေ ကို ခဏ ခဏ တွေ့ တွေ့ နေ ရ တယ် ။

ရန် ကုန် မြို့ လောက် တောင် မ ရှိ တဲ့ စ င်္ကာ ပူ နိုင် ငံ ကို လက် ညိုး ထိုး ပြီး စ င်္ကာ ပူ မှာ လို ဆို ပြီး စ င်္ကာ ပူ လို အ မိန့် ထုတ် ကြေး တိုက် နေ သ လို ပါ ပဲ ။

အာ ဆီ ယံ နိုင် ငံ တွေ အ ထဲ မှာ ဧ ရိ ယာ စ တု ရန်း မိုင် ၇၃၅၃၅၈ ရှိ တဲ့ အင် ဒို နီး ရှား နိုင် ငံ ပြီး ရင် စ တု ရန်း မိုင် ၂၆၁၂၂၈ မိုင် ရှိ တဲ့ ဒု တိ ယ အ ကျယ် ဆုံး နိုင် ငံ ဖြစ် တဲ့ မြန် မာ နိုင် ငံ မှာ လမ်း တွေ ကျပ် လို့ ဆို ပြီး ကား တင် သွင်း ခွင့် ကို ၂၇၈ စ တု ရန်း မိုင် သာ ရှိ တဲ့ စ င်္ကာ ပူ လို လေ လံ စ နစ် နဲ့ ပြု လုပ် မယ် လို့ တွေး ပြီး လုပ် ဖို့ စီ စဉ် နေ ကြ တယ် ။

စ င်္ကာ ပူ က လီကွမ်ယု က တော့ မြန် မာ နိုင် ငံ မှာ စစ် ဗိုလ် ချုပ် တွေ နဲ့ စ ကား ပြော ရ တာ ဘာ ဖြစ် ပါ တယ် ညာ ဖြစ် ပါ တယ် ပြော ခဲ့ ဖူး တယ် ။ အ ခု အ ရပ် သား တာ ဝန် ရှိ တွေ က ပို ပြီး ပြောင် မြောက် ပါ လား လို့ သြ ချ လိမ့် မယ် ထင် တယ် ။ စ င်္ကာ ပူ နိုင် ငံ နဲ့ မြန် မာ နိုင် ငံ ရဲ့ လူ ဦး ရေ ၊ ဧ ရိ ယာ ၊ ဝင် ငွေ ကို တန်း တူ ထား ပြီး စဉ်း စား လို့ ။

ရန် ကုန် မြို့ ထဲ မှာ လမ်း တွေ ကျပ် နေ တာ ကား တွေ များ လို့ မ ဟုတ် ဘူး ဆို တဲ့ အ ကြောင်း ခဏ ခဏ ရေး ခဲ့ ပြီး ပြီ ။ ဘာ တွေ ကြောင့် ဆို တာ လည်း ရေး ခဲ့ ပြီး ပြီ ။ ဘာ လုပ် သင့် လည်း ဆို တာ လည်း ရေး ခဲ့ ပြီး ပြီ ။ ဒါ လောက် တောင် ရ အောင် မ လုပ် နိုင် ကြ ပဲ စ င်္ကာ ပူ လို ကား တင် သွင်း ခွင့် ပါမစ် ပုံစံ လုပ် ချင် တာ စဉ်း စား ရ ခက် စေ တဲ့ ကိ စ္စ တွေ ထဲ မှာ မှတ် တမ်း တင် ထား ရ မယ့် အ ရာ တစ် ခု ပါ ပဲ ။

ကိုယ် တွေ ဘာ တတ် နိုင် မှာ လဲ ။ အ ကောင် အ ထည် ဖော် ခွင့် ရှိ တဲ့ တာ ဝန် ရှိ တဲ့ သူ က စိတ် ထဲ မှာ ဒီ လို ပဲ တွေး မိ ရင် သူ ဒီ လို ပဲ အ ကောင် အ ထည် ဖော် မှာ ပဲ ။ သူ နောက် တစ် မျိုး တွေး ရင် နောက် တစ် မျိုး ထပ် လုပ် မှာ ပဲ ။ လုပ် သ မျှ လိုက် နာ နေ ကြ ရ မယ့် ပြည် သူ တွေ ဖြစ် လာ တာ ရင် ဆိုင် လိုက် ရုံ ပဲ ပေါ့ ။ တတ် နိုင် တဲ့ သူ ငွေ ထုတ် ပိုက် ထား ကား တွေ အ ရင် ဈေး နဲ့ တော့ မ ရ တော့ ဘူး ။ စစ် အ စိုး ရ လက် ထက် က လို Landcruiser တစ် စီး ပါ မစ် သိန်း ၆၀၀၀ တွေ ဘာ တွေ ကျော် သွား နိုင် တယ် ။ 



ခိုင် မာ တဲ့ အ ကြောင်း ပြ ချက် မ ရှိ ပဲ အ ထပ် မြင့် တွေ ရပ် ခိုင်း လိုက် တဲ့ ကိ စ္စ က စ ပြီး ဆက် တိုက် န လံ မ ထူ နိုင် တော့ တဲ့ ဆောက် လုပ် ရေး လုပ် ငန်း နဲ့ မြန် မာ့ စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ဗ ဟို ဘဏ် က အ ကြွေး တွေ အ ကုန် ပြန် ဆပ် ခိုင်းတဲံ့ နည်း နဲ့ ဒု က္ခ ရောက် ဖို့ စီ စဉ် ပြန် တယ် ။

အ ရင်း ကော အ တိုး ကော ကို ၃ လ တစ် ခါ ပြန် ဆပ် ခိုင်း တယ် ။

ဘာ အ လုပ် မှ မ ရှိ တော့ လို့ ကောင်း လာ နိုး နိုး နဲ့ မှေး ပြီး ဘဏ် ချေး ငွေ နဲ့ အ သက် ဆက် နေ ရ တဲ့ SME လုပ် ငန်း ရှင် တွေ ကို ကြွေး ပြန် ဆပ် ကာ လ ၂ နှစ် က နေ ၃ နှစ် အ ထိ အ ချိန် တိုး ပေး လိုက် ပြီး အဲ့ ဒီ ကာ လ အ တွင်း မှာ ၃ လ တစ် ကြိမ် အ ရင်း ကော အ တိုး ကော ပြန် ပြီး ဘဏ် ကို ပြန် သွင်း ပေး ရ မယ် လို့ အ မိန့် ထုတ် တယ် ။

SME တွေ ဘဏ် က ချေး ငွေ ကို အ ပျော် ချေး ယူ ထား ကြ တယ် များ ထင် နေ ကြ သ လား လို့ ဗ ဟို ဘဏ် တာ ဝန် ယူ ထား တဲ့ ပ ညာ ရှင် တွေ ကို မေး ကြည့် လို တယ် ။ သူ့ ဖာ သာ သူ အ ရှိန် လေး နဲ့ လိမ့် နေ တဲ့ ဆောက် လုပ် ရေး က ဏ္ဏ ကို ရပ် ဆို ပြီး လုပ် ခဲ့ လို့ ရပ် သွား ရ တယ် ။ ပြန် ပြော ရင် အ ဆဲ သာ ခံ ရ လို့ ကိုယ့် ပြ ဿ နာ ကိုယ် အ ဆင် ပြေ အောင် ဘဏ် ကို နေ အိမ် အ ပေါင် ပေး ပြီး အ လုပ် သ မား ခ က အ စ ပြေ လည် အောင် ဖြေ ရှင်း နေ ခဲ့ ကြ ရ တဲ့ SME တွေ က အ စိုး ရ က တစ် ခု ခု ပြန် တော့ လုပ် ပေး မှာ ပါ လို့ အ ထင် ရှိ မျှော် လင့် နေ ခဲ့ ကြ တယ် ။

ဘဏ် ကို တစ် ချို့ လုပ် ငန်း ရှင် တွေ အ တိုး တောင် မ ပေး နိုင် ကြ တော့ ဘူး ။ ဒီ လို အ ခြေ အ နေ တွေ ကို သိ သိ ကြီး နဲ့ လား လုံး ဝ မ သိ လို့ လား မ တွေး တတ် ဘူး ၃ လ တစ် ခါ တိုး ရင်း ပြန် ဆပ် လို့ အ မိန့် ထုတ် တယ် ။ SME တွေ ဆောက် လုပ် ရေး လုပ် ငန်း သ မား တွေ အ တွက် မ ဖြစ် နိုင် ပါ ဘူး ။

လက် ရှိ အ ခြေ အ နေ အ ရ ဘယ် SME မှ ဘဏ် ကို ၃ လ တစ် ခါ အ ရင်း ကော အ တိုး ကော ပြန် မ သွင်း နိုင် ကြ ဘူး ။ ရောင်း မ ရ အောင် အ ခွန် နဲ့ ကော အိမ် ခြံ မြေ ဈေး တွေ ကျ အောင် တ မင် လုပ် ပါ မယ် လို့ ကော ပြော ထား တဲ့ မြန် မာ နိုင် ငံ ရန် ကုန် မြို့ မှာ ပိုက် ဆံ ပြန် ဖော် ဖို့ ခက် နေ ပါ တယ် ။ သ ဘော က အိမ် ခြံ မြေ တိုက် ခန်း တွေ အ ရောင်း အ ဝယ် ခက် နေ တယ် ။

ဒါ ကို သိ သိ နဲ့ လုပ် တာ ဆို လွန် တာ ပေါ့ လို့ ပဲ ပြော ရ မယ် ။ မ သိ ဘူး ဆို ရင် အိမ် မှာ ပဲ မိ သား စု နဲ့ အေး အေး ဆေး ဆေး နေ ပါ တော့ ။ သင် လက် ရှိ နေ ရာ နဲ့ အံ မ ဝင် ပါ ဘူး ။ သင့် ကြောင့် လူ ဦး ရေ သန်း ၅၀ ကျော် နေ တဲ့ မြန် မာ နိုင် ငံ Fail State ဖြစ် သွား နိုင် ပါ လိမ့် မယ် ။ ပို နား လည် နိုင် မယ့် တစ် ယောက် ကို ခိုင်း လိုက် ပါ ။

မြန် မာ နိုင် ငံ လက် ရှိ အ ခြေ အ နေ က အ စိုး ရ က အ များ ကြီး ကျား ကန် ပေး ထား နိုင် မှ ဖြစ် မယ် ။ လို အပ် ရင် ကြွေး တွေ ကို လျှော် ပစ် လိုက် နိုင် ဖို့ လောက် အ ထိ တွေး ထား သင့် ပါ တယ် ။

ဒီ လို ကြွေး တွေ လျှော် ပစ် လို့ အ ထိ အ စိုး ရ ပံ့ ပိုး နိုင် ဖို့ က တန် ဖိုး ကြီး ကြီး တွေး တတ် ဖို့ လို ပါ တယ် ။ သာ မန် လူ ပြိန်း ကြိုက် တွေ လောက် ပဲ ပုံ ဖော် ပြ ပြီး လာ အို က နေ လျှပ် စစ် ဝယ် ယူ တာ မြစ် ဆုံ မှာ ငါး ဖမ်း နေ တဲ့ လူ တွေ ၊ က ဗျာ ရေး တဲ့ လူ တွေ လောက် ပဲ လက် ခုပ် တီး တော့ မယ် ဆို တာ တွေး တတ် ဖို့ လို ပါ တယ် ။

* ( Facebook ပိုင် ရှင် မက် ဇူ ကာ ဘက် က facebook ရဲ့ news feed တွေ ကို ပြောင်း လည်း ပစ် မယ် လို့ ပြော လိုက် တဲ့ နေ့ မ နက် ခင်း မှာ ပဲ သူ့ ပိုင် ဆိုင် မှု အ မေ ရိ ကန် ဒေါ် လာ 3.3 ဘီ လီ ယံ ဆုံး ရှုံး သွား ခဲ့ တယ် ။ စ ကား တစ် ခွန်း က ဘယ် လောက် တန် ဖိုး ကြီး ကြီး ပေး ဆပ် လိုက် ရ သ လဲ ဆို တာ ကို သိ စေ လို ပါ တယ် ။ )

အ ခွန် လို ချင် တယ် ။ အ ခွန် ကောက် ဖို့ အ လုပ် ကို တော့ အား မ ပေး ဘူး ။ အိမ် ရောင်း ဝယ် ရင် ၃၀% အ ခွန် ယူ တယ် ။ အိမ် ရောင်း ဝယ် ကောင်း အောင် တော့ လုပ် မ ပေး ဘူး ။ ၃၀% ကို ယူ တာ လည်း မြန် မာ တွေ က ပဲ အ ခွန် ပေး ဆောင် ရ တာ ။ အ ခု အ သစ် ထွက် တဲ့ Condominium law မှာ နိုင် ငံ ခြား သား ဝယ် ရင် ဘာ အ ခွန် မှ ပေး စ ရာ မ လို ဘူး ။ ဝိုင်း အ ကြံ ပေး ထား ကြ သ လို အ ရောင်း အ ဝယ် ၅% ပဲ ယူ ပါ ဆို တာ ကို တွန့် နေ တယ် ။ တစ် နိုင် ငံ လုံး အ ဆင် ပြေ သွား နိုင် တာ ကို မ မြင် ဘူး ။

နောက် ဆို ကွန် ဒို တိုက် ခန်း ဝယ် ချင် ရင် နိုင် ငံ ခြား သား နံ မည် နဲ့ သာ ဝယ် ဘာ အ ခွန် မှ ပေး စ ရာ မ လို ဘူး ။ ဒါ မှ မ ဟုတ် ၁၀% လောက် နိုင် ငံ ခြား သား ကို ပေး လိုက် ပေါ့ ။ မြန် မာ ပ ညာ ရှိ တွေ က အဲ့ လို တွေး ပြီး အ လုပ် လုပ် ထား ကြ တာ ကိုး ။ အိပ် ယာ ခွန် တောင် ကောက် ချင် ကြ တဲ့ သူ တွေ လေ ။

တစ် ခါ တစ် လေ ထွက် ထွက် လာ တဲ့ အ မိန့် တွေ ကို ကြည့် ပြီး တွေး မိ တယ် ။ အ ရင် အ ဆက် ဆက် က အ လုပ် လုပ် နေ ကြ တဲ့ SME တွေ ကို အ မြစ် ပြတ် အောင် များ ရှင်း ထုတ် နေ တာ လား လို့ ။ ဒါ ဆို လည်း ဘာ တတ် နိုင် မှာ လဲ ကိုယ် တွေ အ ဆင့် က ဘာ မှ လုပ် နိုင် ပြော နိုင် တဲ့ အ ဆင့် မှ မ ရှိ တာ ။

မြန် မာ နိုင် ငံ မှာ သက် ဆိုင် ရာ တစ် ချို့ တွေ က လုပ် စ ရာ ရှိ တာ ကို သာ တာ ဝန် အ ရ လုပ် နေ ကြ တာ တစ် ဖက် ကို ကူ ညီ ချင် လို့ လုပ် နေ ကြ တာ မ ဟုတ် ဘူး ။ မြန် မာ နိုင် ငံ ကြီး ကို ချစ် လွန်း လို့ မ ဟုတ် ဘူး ။ မင်း တို့ ဘာ ဖြစ် ဖြစ် ငါ ဖြစ် တာ မ ဟုတ် ဘူး ဆို တဲ့ စိတ် နဲ့ ရုံး တက် နေ ကြ တာ ။

တစ် ခါ တစ် လေ လည်း ပြန် တွေး မိ ပြန် တယ် ။ နိုင် ငံ ခြား သား က ပေး တဲ့ အ ကြံ ဉာဏ် တွေ က မြန် မာ နိုင် ငံ နဲ့ အ ဆင် မ ပြေ လို့ လား လို့ ။

တစ် ခါ တစ် လေ လည်း တွေး မိ ပြန် တယ် ။ သူ တို့ တစ်ကယ်ကို မ သိ ကြ ဘူး နဲ့ တူ တယ် လို့ ။

ဘယ် လို ပဲ ဖြစ် ဖြစ် ပါ လက် ရှိ အ ကောင် အ ထည် ဖော် ဖို့ စီ စဉ် နေ ကြ တဲ့ ကိ စ္စ တွေ မ မှန် ပါ ဘူး ။ မ မှန် ဘူး ဆို တာ အ ကောင် အ ထည် ဖော် မယ့် သူ တွေ သိ သ လား မ သိ ဘူး လား ဆို တာ တော့ ကိုယ် လည်း မ သိ ပါ ။

စ င်္ကာပူက လီကွမ်ယု တို့ ကျွန် တော် တို့ ကို ကြည့် ပြီး ရီ နေ ကြ မ လား မ သိ ဘူး ။


Crd  ;  မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၃၀ ၊ ၁ ၊ ၂၀၁၈

မိုး တင့် ဆွေ
၃၁ ၊ ၁ ၊ ၂၀၁၈
ဗု ဒ္ဓ ဟူး ။


No comments:

Post a Comment