09 February 2018

အပင်ကြီး ၏ ပုံပြင်



တစ်ခါတုန်းက အသီးပင် ကြီးကြီး တစ်ပင်ရှိတယ်။ ကောင်လေးတစ်ယောက်ဟာ နေ့တိုင်းပဲ သစ်ပင်ကြီးရဲ့ အောက်မှာ ဆော့ကစားပါတယ်။ သူအပင်ပေါ်က အသီးကို ခူးစားတယ်။ သစ်ရိပ် ခိုပြီး အိပ်စက်တယ်။ အပင်ပေါ် တက်ဆော့ကစားပါတယ်။ အပင်ကြီးက သူ့ကို အရမ်းချစ်သလို သူကလည်း အပင်ကြီးကို အရမ်း ချစ်ရှာပါတယ်။

ဒီလိုနဲ့ ကောင်ကလေး တစ်ဖြည်းဖြည်း ကြီးလာပါတယ်။ သူအပင်ကြီးနား သိပ်မကပ်တော့ပါဘူး၊ အပင်ကြီး က တစ်အား ၀မ်းနည်းသွားတယ်။ သူ့နားမှာ လာကစားဖို့ အကြိမ်ကြိမ် ပြောပါတယ်။ ကောင်လေးက ပြန်ပြော လိုက်ပါတယ်။

“ကျနော် နည်းနည်းကြီးလာပြီ ၊ နေ့တိုင်းအဲဒီလို မကစား ချင်တော့ဘူး၊ ကျနော်အရုပ်လိုချင်တယ်။ ” အပင်ကြီးကပြောတယ် “ အဲဒါ လွယ်ပါတယ်။ ငါ့အပေါ်က အသီးတွေကို ခူးလိုက်၊ ပြီးရင်ဈေးထဲမှာ သွားရောင်း ပါ။ ပြီးရင်အရုပ်ကိုသွားဝယ်ချေ ” ကောင်းလေး အရမ်းပျော်သွားပါတယ်။ အသီးကို ခူးလိုက် တယ်။ ပျော်ပျော် ရွှင်ရွှင် ထွက်ခွာသွားပါတယ်။ ရက်တွေ တော်တော် ကြာသွားပါတယ်။ ကောင်လေးပေါ် မလာတော့ပါဘူး၊ အပင်ကြီး တော်တော်စိတ်မကောင်းဖြစ်သွားတယ်။
 
တစ်နေ့ကျတော့ ကောင်ကလေးပြန်လာပါတယ်။ အပင်ကြီး တော်တော်ပျော်သွားတယ်။ သူနဲ့ဆော့ကစား ဖို့ ကောင်လေးကို ခေါ်ပါတယ်။ ကောင်လေးက ပြောပါတယ်။ “ကစားလို့ မရဘူးလေ၊ ကျနော်အိမ်အတွက် အလုပ် လုပ်ရအုန်း မှာ၊ ကျနော်နေဖို့ အိမ်တစ်လုံး ဆောက်စရာရှိတယ်။ ကျနော့ကို ကူညီနိုင်မလား ”

သစ်ပင်ကြီးကပြောပါတယ်။ “ဒီလို လုပ်ပါလား၊ ငါ့အပေါ်က အကိုင်းတွေကို အားလုံး ခုတ်သွားလိုက်၊ အိမ်ဆောက်လို့ ရ ပြီလေ” တဲ့၊ ကောင်လေးဟာ အကိုင်း အားလုံးကို ခုတ်ပြီး သူလိုချင်တဲ့ အိမ်ကို သွားဆောက်ပါတယ်။ ကောင်ကလေး ပျောက်သွားပြန်တယ်။ အပင်ကြီး တော်တော်ဝမ်းနည်းသွားပါတယ်။


 
 


တစ်ခုသော မိုးရွာသီမှာ ကောင်ကလေးပြန်လာပါတယ် အပင်ကြီးတော်တော်ပျော်သွားပြန်တယ်။ “ ဒီ တစ် ခါတော့ မင်းငါ့ဆီကို တစ်ကယ်ပြန်လာပြီပေါ့” ၊ ကောင်ကလေးက ပြန်ဖြေပါတယ်။“ မဟုတ်သေးပါဘူး၊ ငါ အသက်ကြီးလာပြီ လေ၊ ခရီးသွားဖို့ ရွက်လှေ တစ်စင်းလိုတယ်။ အကူအညီလာတောင်းတာ” အပင်ကြီးက “ဘာတတ်နိုင်မလဲ၊ မင်းလိုချင်မှတော့ ငါ့ ပင်စည်ကြီးကို ခုတ်သွားလေ၊ အဲဒါကို သုံးပြီး ရွက်လှေ တစ်စင်း ထွင်းလိုက်၊ ” ကောင်ကလေး အပင်ကြီးရဲ့ ပင်စည်ကို သဘောင်္ံလုပ်ဖို့ ခုတ်ယူသွားပါတယ်။ ဒီတစ်ခါ အကြာကြီး ပျောက်ဆုံးသွားပြန်တယ်။ အပင်ကြီး က ကောင်ကလေးကို မျော်ရင်း မျော်ရင်းနဲ့ တော်တော် ဆွေးမြည့်ရှာပါတယ်။
 
နှစ်ပေါင်းများစွာ ကြာသွားပါတယ်။ ကောင်ကလေး ပေါ်လာ ပြန်တယ်။ အပင်ကြီးက ပြောတယ်။ “ ဒီတစ်ခါ ငါမင်းကို ဘာမှ ပေးစရာ မရှိတော့ဘူး၊ ငါ့ မှာ အသီး မရှိတော့ဘူး ” “ ကျနော့မှာ ၀ါးဖို့သွားလည်း မရှိတော့ ပါဘူး၊ ကျနော် အသက်အရွယ်ရလာပြီလေ၊ ”  “ မင်း အပင်ပေါ် တက်ကစားနိုင်ဖို့ ငါ့မှာ အကိုင်း လည်း မရှိေ တာ့ဘူး၊ ပင်စည်လည်း မရှိတော့ဘူး၊ မင်းကိုပေးစရာ ငါ့မှာဘာဆိုဘာမှ မရှိတော့ဘူး ” သစ်ပင်ကြီးက မျက်ရည်ကျပြီး ပြောရှာပါတယ်။

“ ကျနော်လည်း မောပါပြီ၊ အပင်တက်ဖို့လည်း အားမရှိတော့ပါဘူး၊ အခု ဘာမှ မလိုချင်တော့ဘူး၊ ကောင်းကောင်းပဲ အနားယူချင်တယ်။ ” “ အို သိပ်ကောင်းတာပေါ့၊ သစ်ငုတ်တို ဟာ ထိုင်ပြီး အနားယူဖို့ အကောင်းဆုံးနေရာပဲ၊ လာလာ ငါ့အပေါ်မှာ ထိုင်ပါ။ အတူတစ်ကွ အနားယူလို့ ရပြီပေါ့ ” သစ်ပင်ကြီးက   ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျပါတယ်။
 
ပုံပြင်လေးကတော့ ဒါပါပဲ။ အဲဒါ သင် နဲ့ ကျနော်တို့တွေရဲ့ ပုံပြင်ပါ ။ အပင်ကြီးက ကျနော်တို့ရဲ့ မိဘလေ၊ ငယ်ငယ်တုန်းက သူတို့ အနားမှာရှိတယ်။ နည်းနည်းကြီးလာေ တာ့ သူတို့ကို ခွဲခွာ သွားတယ်။ အခက်အခဲ ရှိတိုင်းသူတို့ ဆီပြန်သွားတယ်။

မိဘက တတ်နိုင်သရွေ့ ကူညီဖြေရှင်းပေး တယ်။ မိဘ ဆိုတာ သားသမီး ပျော်ရွှင်ဖို့ အတွက် သူတို့မှာ ပေးဆပ်ဖို့ အမြဲ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဒီပုံပြင်လေးထဲမှာ ကောင်လေးကို ရက်စက်တယ်လို့ သင် ထင်မြင်ယူဆ ခဲ့ရင် မိဘများ ပျော်ရွှင်အောင် သူတို့ကို များများ အချိန်ပေးပါ။

မိဘ နဲ့ အတူနေရတဲ့ အချိန်ကို တန်ဖိုးထားပါ။ ကျနော်ကိုယ်တိုင်လည်း ကြိုးစားလိုက်ပါ အုန်းမယ်။

 
Credit to: Sayar Aung Ko Latt Admin..KS
 
 

No comments:

Post a Comment