14 December 2018

အားပြိုင်မှု တစ်ခုရဲ့သိသာတဲ့ အဖြေ



Defensive offense ဆိုတာ...ခံစစ်ကို အခြေခံတဲ့ တိုက်စစ်၊
အခု... ထရမ့် သုံးနေတဲ့ ဗျူဟာ မြန်မာ့ လက်ရှိအစိုးရမှာလည်းတွေ့ရတယ် ။
( သူတို့ကိုယ်တိုင်က သိချင်မှ သိမှာ )

တရုတ်က... Offensive defense ဘမောင်တို့ခေတ် စစ်တုရင် စကားနဲ့ ဆိုရင် စစ်စီလီယမ် ခံစစ်၊ ချက်ခြင်းတိုက်စစ်ကိုပြောင်းနိုင်တယ်၊ ခေတ်သစ်မှာ... ဘလစ်ဇ်ဖြစ်လာတယ်။

ကုန်သွယ်စစ်ကို အားလုံး တားနေတဲ့ကြားက ထရမ့် က စတင်ခဲ့တယ် ။ နှစ်ဖက်နာကြတယ်၊ နောက်ဆုံးမှာ
နိုင်ငံရေး စနစ်က တရုတ်ကို ပံ့ပိုးပေးသွားမယ်လို့ ကြိုတင်သုံးသပ်ပေးခဲ့ပါတယ်၊ အခု စပြီး အဖြေက
တစ်ဖြည်းဖြည်းပေါ်လာပါပြီ၊

ရက် (၉၀) ကုန်သွယ်စစ်ကို ခဏရပ်ဆိုင်းကြတယ် ။ ဟွာဝေ CFO ကို ဖမ်းပြတာနဲ့ စမ်းသပ်မှု တစ်ခုကို

လုပ်ကြတယ်၊ Huawei ကို ဈေးကွက်ပိတ်လိုက်တယ် ။ တရုတ်ဖက်ကလည်း ကနေဒါ လူမျိုး သံတမန်ဟောင်းကို ချက်ခြင်းဖမ်းပြပြီး iPhone ရဲ့တရုတ်ဈေးကွက်ကို ပိတ်ပစ်လိုက်တယ် ။

တရုတ်ရဲ့ တုန့်ပြန်မှုက (၂၄) နာရီအတွင်း ဖြစ်တာဆိုတော့ Offensive defense လက္ခဏာ အပြည့်တွေ့

ရပြီး အမေရိကန်ဖက်က တန်ပြန်မှုမတွေ့ရသေးဘူး။

ဒီနေရာမှာ ထရမ့် ရဲ့အကြပ်အတည်းက အတော်ကြီးတယ် ။ သူ့ရှေ့က သမ္မတတွေလို စားကောင်းသောက် ကောင်း နေသွားရင်... နောက်ဆယ်စုနှစ်မှာ တရုတ်က သာသာလေး ကျော်သွားတော့မယ် ။


တရုတ် နဲ့  ရွယ်မတူခင်မှာ စွန့်စားမှ သမ္မတရဲ့တာဝန်ကြေပြီး အမျိုးသား အကျိုးစီးပွားအရေးကို ထမ်းဆောင်နှိုင်မှာ။

တရုတ်နဲ့ ထိပ်တိုက်တွေ့မှုကို ရှောင်ရင် နောင် (၁၀) နှစ်မှာ အမေရိကန်နေရာဖယ်ပေးရမယ်၊
တရုတ်နဲ့ ထိပ်တိုက်တွေ့ရင်... နိုင်ခြေရှိတယ် ။ ဗျူဟာမှန်ဖို့တော့လိုတာပေါ့လေ။
Reverse theory အရ တရုတ်က အမေရိကန်နဲ့ ထိပ်တိုက်မတွေ့ပဲ နောင် (၁၀) နှစ်ကိုစောင့်မှာပေါ့။


အမေရိကန်က အခွင့်အလမ်းရှိမဲ့ ဒုတ်ယ ဗျူဟာကို ရွေးခဲ့တယ်၊ ဒါပေမဲ့ မဟာဗျူဟာက လွဲနေတယ်၊
ဖြစ်သင့်တဲ့ မဟာဗျူဟာက... အခု ရက် (၉၀) ဆိုင်းငံ့ကြဖို့ ဆွေးနွေးရာမှာ သဘောတူတဲ့ အချက်မျိုးကို 

စကတည်းက အခြေခံရမှာ။

ထားပါတော့....
တရုတ်က ဘာကြောင့် မဆိုင်းမတွ တုန့်ပြန်ရဲ ရပါသလဲ ?  ပြန်တိုက်နိုင်တဲ့ အင်အား ရှိလို့ဆိုတြာ
ငင်းမရတော့ဘူး ။ဒါကြောင့် Offensive Defense Strategy လို့ ကောက်ချက်ချရဲတာ။

မြန်မာ့ ပြည်တွင်း နိုင်ငံရေး၊ နိုင်ငံတကာ နိုင်ငံရေးမှာရော ဘာ မဟာဗျူဟာများ သုံးနေပါသလဲ ?
ဘမောင်တို့  ဉာဏ်မမှီ၊ မလိုက်နိုင်တဲ့ အမေရိကန်-တရုတ် မဟာဗျူဟာထက် မြင့်တာ သုံးနေလို့ ဖြစ်မယ်လို့ ယူဆရတာပဲ။

( လောလောဆယ် အနောက်အုပ်စုရဲ့မြန်မာအပေါ် ဖိအားမှာ ထရမ့်သိပ်မပါလာလို့ ကျေးဇူးတင်နေရတယ်၊)
တရုတ် အနေနဲ့ အမေရိကန်နေရာရောက်သွားခဲ့ရင် မြန်မာအတွက် အခုထက် ပိုပြီး အန္တရာယ်ကြီးတယ်။
ထမင်းစား ရေသောက် စဉ်းစားပုံနဲ့တော့ မြန်မာနိုင်ငံကို ကာကွယ်နိုင်မယ်မထင်ဘူး။ 


Crd ;  Nay Zin Latt


No comments:

Post a Comment