27 December 2018

နားလည်ရ ခက်ခဲလှသည်လား ( သို့မဟုတ် ) လိုက်မမှီသော ဗျုဟာလွန်လား ...




(၁၄. ၁၂. ၁၈) နေ့တွင်သမ္မတ ထရမ့်က တူရကီသမ္မတ အာဒိုဂန်ကို ဖုန်းခေါ်ဆိုပြီး ...
" It’s all yours, we are done " ...
ကျွန်တော်တို့ကိစ္စတော့ပြီးပြီ၊ ကျန်တာတွေတော့ ခင်ဗျားတာဝန်ပဲ ... ဟု ပြောကြားခဲ့၏။ ထိုသို့ပြောဆိုမှု မတိုင် မီကပင် ... ဆီးရီးယားမှ အမေရိကန်စစ်တပ်ကို အလုံးစုံ ရုပ်သိမ်းတော့မည်ဟု ထရမ့်က ကမ္ဘာကြီး ကိုကြေငြာလိုက် ပါ၏။

အရှေ့အလယ်ပိုင်း၏ အခင်းအကျင်းမှတစ်ဆင့် ကမ္ဘာကြီး၏ New World Order ဟူသော ကမ္ဘာ့ အခင်း အကျင်းအသစ်ကိုရေးဆွဲရန် နှစ်များစွာက ကြိုးစားခဲ့သော ကြိုးစားနေသော အမေရိကန် အနေဖြင့် ထိုသို့ ရုတ်တစ်ရက် စကားကို ဆိုလိုက်သောအခါ သက်ရောက်မှုကြီးကြီးမားမားဖြင့် အံ့သြခဲ့ကြရတော့သည်။
.
ပြောင်းပြန် တစ်ဆစ်ချိုး မူဝါဒ မအံ့သြစရာမရှိ

အမေရိကန်၏ မူဝါဒတိုင်းသည် ပစ်မှတ်တစ်ခုတည်းသို့ ဦးတည်လေ့ မရှိပဲ ပစ်မှတ်စုံကို ထည့်သွင်းစဉ်းစား တတ်ကာ ရှုပ်ထွေးသိမ်မွေ့ လှ၏။ ကမ္ဘာ့ အခင်းအကျင်းသစ်ကို ပုံဖော်ရန်ကြိုးစားရာတွင် အစ္စလာမ် ကမ္ဘာ ချေမှုန်း ရေးနှင့် အတူ အရှေ့အလယ်ပိုင်းတွင် ရုရှားသြဇာ ဖယ်ရှားရေးလည်း ပါဝင်နေပါ၏။ အရှေ့ အလယ်ပိုင်း တွင် ရင်းနှီးမြှုပ်နှံထားသော တရုတ်အရင်းအနှီး များကိုလည်း ဆုံးရှုံးမှုကြီးမားစွာ ပျက်စီးစေရန် ပါဝင်ပြန်သည်။

၉/၁၁ ဟူသော ကမ္ဘာ့ ကုန်သွယ်ရေးညီနောင် အတိုက်ခံရမှု မှမြစ်ဖျားခံခဲ့သော အမေရိကန်၏ မဟာစီမံ ကိန်းသည် အာဖဂန်နစ္စတန်မှ စတင်ကာ အီရတ်၊ လစ်ဗျား၊ အီဂျစ်စသည့်နိုင်ငံ များသို့စစ်မီးကိုဖြန့်ကျက်လျက် ထိုမှ တစ်ဖန် ဆီးရီးယားသို့ ကူးစက်စေ ခဲ့သည်။

ဆွန်နီ - ရှီအိုက် အခြေခံ မကျေနပ်မှုများရှိနေသော အစ္စလာမ် ကမ္ဘာတွင် အုပ်ချုပ်သူကိုဖြုတ်ချလိုက်သည်နှင့် ပြည်တွင်းစစ်က အသစ်ဖြစ်ရန် အဆင်သင့်ရှိနေပြီးဖြစ်သည်။

ရုရှားနှင့် ဆက်ဆံရေး လွန်စွာကောင်းမွန်ပြီး၊ ရုရှား၏ရေတပ် စခန်း ရှိသော ဆီးရီးယားကိုသာ ခြေမှုန်းပြီး ပါက ... နောက်တစ် ဆင့် သည် အရှေ့အလယ်ပိုင်းဒေသကြီး တစ်ခုလုံး မီးဟုန်းဟုန်းတောက်စေမည့် အီရန်က ပစ်မှတ်ဖြစ်လာပေတော့ မည်။


အီရန်ပြိုလဲပါက ... ရှည်လျားသောပြည်တွင်းအိမ်နီးချင်း စစ်များ၊ ဒေသတွင်း စစ်မီးကြောင့် အစ္စလာမ် အများ စုရှိရာ အရှေ့ အလယ်ပိုင်း သည် ဘတပြန် ကျားတပြန် တိုက်ခိုက်ကြရင်း ... နောက်ဆုံးလာရာလမ်းဖြစ်သည့် ကု လားအုပ်စီး၊ စွန်ပလွန် ကိုက်သည့် ဘဝသို့ ပြန်ပို့ပေးနိုင်ပေမည်။
.
ဆီးရီးယားပြည်တွင်းစစ်ကလည်း အခြေအနေအတော်ဆိုးလှပါ၏။ အစိုးရတပ်များ တစ်စစ ဆုတ်ခွာလာခဲ့ ရပြီးနောက်ဆုံး ဒုတိယ မြို့တော်ပါ ကျဆုံးခံရသည့် အခြေအနေအထိ ဆိုးဝါးလာသည်။

မြို့တော်ကျဆုံးလုနီး၊ အ ဆက်ပြေးရလုနီးပါးဖြစ်လာပါ၏။ ဤတွင်ပူတင်မနေနိုင်တော့၊ ဆီးရီးယားစစ်ထဲသို့ မဖြစ်မနေ ပါဝင်ခဲ့ရတော့ သည်။

ဆီးရီးယား တနိုင်ငံလုံး မကျဆုံးမီအထိ ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့ကြီးဖြစ်သော" IS " သည် ဘုန်းမီးနေလ အတောက်ပဆုံး အချိန်ဖြစ်ခဲ့ကာ၊ ကမ္ဘာ့သမိုင်း တစ်လျောက် တိုက်စွမ်းရည် အမြင့် ဆုံးသော၊ ငွေကြေး အတောင့်တင်း ဆုံးသော၊ လက်နက် အင်အား အတောင့်တင်း ဆုံးသော၊ အရက်စက်ဆုံးသော စသည့် ဂုဏ်ပုဒ်များ ကို ပိုင်ဆိုင် ခဲ့သည်။ အကြီးမားဆုံးသော အကြမ်းဖက် သရဖူဘွဲ့ကို ပိုင်ဆိုင် ခဲ့သည်။

နိုင်ငံ အချို့၏ အစိုးရများပင်ကြောက်ရွံ့ခဲ့ရသော အဆင့်ကို ပိုင်ဆိုင် ထားသည့် အကြမ်းဖက်လည်းဖြစ်၏။ အမေရိကန်၊ ဆော်ဒီ တို့ကနောက်ကွယ်မှ ပံ့ပိုးထားသည့် အဖွဲ့ကြီးလည်းဖြစ်သည်။
.
မွန်းမတည့်မီ နေဝင်စေခဲ့သော ရုရှား
ဆီးရီးယားမြို့တော် ကျလုဆဲ၊ အာဆက်ပြေးလုပြေးဆဲ မှာပင် ဆီးရီးယား စစ်ထဲသို့ ရုရှားက ရုတ်တစ်ရက်ဝင် လာခဲ့ပါ၏။ မြေထဲပင်လယ်ထဲမှ ပစ်လွှတ်လိုက်သော ခရုစ်ဗုံး (၃) လုံးက ... အိုင်အက်စ်ပင်မ အရေး ပါသော နေ ရာ (၃) နေရာကို ကွက်တိ ထိမှန်စေခဲ့သည်။

များမကြာမီ ရုရှား၏ S – 300 ကို စတင်အသုံးပြုလိုက်သည်။ လေထဲ သို့ ထပျံသော မည်သည့်လေယာဉ်ကို မဆို ပစ်မှတ် မှတ်ပုံတင်မည်ဟု ရုရှားဘက်မှကြေငြာလိုက်ရာ ... အမေရိ ကန်စစ်စခန်းမှလေယာဉ်များပင် ပျံသန်းမှုကို လုံးဝ ရပ်ဆိုင်း ပစ်လိုက် ရသည် အထိ၊ ဆီးရီးယားစစ်ကပြောင်းပြန် ဖြစ် သွားတော့၏။
.
အမေရိကန်လေယာဉ် တစ်ချို့က ဆီးရီးယားရှိ " IS " တို့ကို တိုက်ခိုက် ဟန်ပြုပြီး၊ အစားအသောက်နှင့် လက်နက်များ ချပေး သည့် ပုံများကိုပါ ရုရှားက ကမ္ဘာသို့ချပြလေတော့ရာ ... " IS " ကို အမေရိကန် ကထောက်ပံ့ နေကြောင်း မဖုံးနိုင်လောက်အောင် ဘူးပေါ်သလိုပေါ်ရတော့သည်။

အာဆက်၏ စစ်တပ်က အနိမ့်စီးမှတစ်ဆင့် ရုရှား၏ အကူအညီဖြင့် အမြင့်စီးသို့ပြောင်းလဲသွားကာ ... တဖြည်းဖြည်း ဆုံးရှုံးသွားသော နယ်မြေများကိုပြန်လည် သိမ်းပိုက်ခဲ့ရင်း ... နောက်ဆုံး အာဆက် အစိုးရအတွက် စိတ်ချရသော အခြေအနေ သို့ပြန်လည်ရောက်ရှိ သွားခဲ့ တော့သည်။

အတော်အသင့် အင်အားရှိသောနိုင်ငံတစ်ခု ကပင် ကြောက်ရွံ့ ခဲ့ရသော " IS " အကြမ်းဖက်တို့၏ မွန်း တည့်နေကို ရုရှား ၏ စစ်ရေး နည်းပညာက တစ်မဟုတ်ချင်းနေဝင်စေခဲ့ပါ၏။

ယခုဆိုလျှင်မူ ... " IS " သည် အကွဲ ကွဲအပြားပြားဖြစ်သွားကာ ... အာဖဂန်နစ္စတန်သို့ပြန်လည် စုစည်းကြ သူနှင့် အခြားနိုင်ငံများ သို့ပြန့်နှံ့သွားကြသူ များ အဖြစ် အကွဲကွဲ အပြားပြားဖြစ်ကာ ... အင်အား လွန်စွာ နည်းပါးခဲ့ကြရလေပြီ။


Bullet is better than ballot.

" ကျည်ဆံက မဲပြားထက် အလုပ်ဖြစ်သည် " ... ဟူသော အယူအဆဖြင့် အကြမ်းဖက် အဖွဲ့အစည်း အင် အားတောင့်တင်း လာခဲ့ ရခြင်းဖြစ်၏။ အင်အားကြီးနိုင်ငံတို့၏ အလိုကျ အစိုးရများ တက်လာ ရန်ရွေးကောက် ပွဲများ ကိုစောင့်ကြရ၏။ ကုလသမဂ္ဂ ရှိလာပြီဖြစ်၍ ကျုးကျော်စစ်ကို ဆင်နွှဲချင်တိုင်း ဆင်နွှဲ၍ မကောင်းသော အချိန်လည်း ဖြစ်ပြန်ရာ ... အကြမ်းဖက် အဖွဲ့ကိုမွေးမြူခြင်းဖြင့် ကျုးကျော်စစ်ကို ဆင်နွှဲနေကြသည့် မဟာ ဗျုဟာဖြစ်ပါ၏။ လက်တွေ့တွင် အမှန်တစ်ကယ်လည်း " ကျည်ဆံက မဲပြားထက် ပို၍အလုပ်ဖြစ်နေကြောင်း " တွေ့နေရ ပါ၏။

အကြမ်းဖက်သည့် နိုင်ငံကြီးတို့၏ တရားမဝင် စစ်တပ်ကြီးဖြစ်ပါ၏။ နိုင်ငံတစ်ခု၏ တရားဝင် စစ်တပ်က ဥပ ဒေ၏ အထိန်းအသိမ်းကို ခံရပါ၏။ အကြမ်းဖက် အမည်ခံသောတရားမဝင် စစ်တပ်ကမူ ဥပဒေ၏ အထိန်း အသိမ်းကို ခံစရာမလို၊ အချိန်အခါမရွေးလည်း အသုံးပြု၍ရသည်။

တရားဝင် စစ်တပ်က ' သုံ့ပန်း ' ကို သုံ့ပန်းလို ဆက်ဆံရ၍ ဝန်ထုတ် ဝန်ပိုးဖြစ်ကောင်းသော်လည်း၊ အကြမ်းဖက်ဖြစ်သော တရားမဝင် စစ်တပ်က သုံ့ပန်းမထားပဲ သတ်ပစ်နိုင် သည်။

အစုလိုက် အပြုံလိုက် မုဒိန်းကျင့်မှုလည်း လုပ်နိုင်သည်။ ဥစ္စာ ပစ္စည်းလည်း ယူနိုင်ခွင့်ရှိသည်။ ထို့ကြောင့်တ ရားဝင် စစ်တပ်ထက် အကြမ်းဖက်ဟူသော တရားမဝင် စစ်တပ်က လက်တွေ့တွင်ပို၍ အလုပ်ဖြစ်သည်။ ရလဒ် ကို ချက်ချင်းအကောင် အထည်ဖော်နိုင် သည်။

ဤသို့ဖြင့် " IS " တို့နေ့ချင်းညချင်း အင်အားကြီးလာသည်။ အကြမ်းဖက် အဖွဲ့အရေးပါလာသည်။ နိုင်ငံ အတော်များများ၏ အစိုးရများကိုပင် ခြိမ်းခြောက်လာနိုင်သည့် အဆင့်အထိ အောင်မြင် လာသည်။

ဆိုရလျှင် ... အကြမ်းဖက်အဖွဲ့ ဆိုသည်မှာ ... ငွေကြေးထောက်ပံ့နိုင်သောနိုင်ငံတို့၏ လက်ကိုင်တုတ်၊ တရားမဝင် စစ်တပ်ဖြစ်ပြီး၊ ဥပဒေဘောင်ကျော်၍ လုပ်ချင်ရာ လုပ်နိုင်သော ကြေးစား တပ် ဟု ဆိုနိုင်ပါလိမ့်မည်။

အမှန်တစ်ကယ်လည်း " ကျည်ဆံက မဲပြားထက်ပို၍အလုပ်ဖြစ်သည် " ဟူသော အချိန်တစ်ခုကို ကမ္ဘာကြီး ဖြတ်သန်းခဲ့ဖူးပါ၏။

အဘယ်ကြောင့် အမေရိကန်လုံးဝ တပ်ဆုတ်ရပါသနည်း

ဆီးရီးယားမှ အမေရိကန်တပ်ကို လုံးဝ ဆုတ်လိုက်ခြင်းအတွက် ကြီးမားသော ဂယက်ဖြစ်ခဲ့သည်။ ထရမ့် ကိုယ်တိုင်ကြိုက်၍ ခန့်ထား ခဲ့သော ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမက်တစ် (Mattis) နှင့် အမြင်ခြင်း ကြီးမားစွာ ခြားနားခဲ့သောကြောင့် ကာကွယ်ရေး ဝန်ကြီးနှုတ်ထွက်ခဲ့ရသည်အထိ ဖြစ်လာခဲ့၏။

ဆီးရီးယားအရေးတွင် အမေရိကန်ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့ များရှိနေပါ၏။ အမေရိကန်ကနှုတ် ထွက်လိုက်ပြီ ဆိုသော အခါ မဟာမိတ်များ အဘယ်သို့ ခရီးဆက်ရပါတော့မည်နည်း ....?

အမှန်တစ်ကယ်တွင် အမေရိကန် အားကိုးဖြင့် မဟာမိတ်များရှိခဲ့ ရပြီးဖြစ်၍၊ အမေရိကန်နှုတ်ထွက် သွားသော အခါ မဟာမိတ်များနှင့် ရုရှား ထိပ်တိုက်တွေ့ရတော့မည့် အခြေအနေဖြစ်သွား၏။
ကာကွယ်ရေးဝန်ကြီး မက်တစ်(ခ)က ထရမ့်ကို လုံးဝ တပ်မဆုတ်စေလို၊ နောက်ချန် ထားခဲ့စေလိုသည်။ မဟာမိတ်တို့နှင့် ဆက်ဆံရေးကြီးမားစွာ ထိခိုက်စေနိုင် ၏။ ထိုဆုံးဖြတ်ချက်ကို ထရမ့်မည်သို့ စဉ်းစား၍ ဆုံးဖြတ်ခဲ့ပါသနည်း?

ဗိုလ်ချုပ်ကြီး မက်တစ် (ခ) ၏ စဉ်းစားပုံက ယေဘုယျ အားဖြင့် မှန်ကန်နေ ပါ၏။ သို့ဆိုလျှင် အဘယ် ကြောင့် ထရမ့်၏ ဆုံးဖြတ် ချက် ကယေဘုယျ မှန်ကန်သောလမ်းကြောင်းမှသွေဖီခဲ့ရပါသနည်း ? ၊ မဟာစွန့်စားမှု လား. ? သို့မဟုတ် သာမန် စွန့်စားမှုလွန် အဆုံး အဖြတ်လား. ? အချိန်တစ်ခုကျော်လွန်သည့်အခါ အဖြေတစ်ခုကို တော့တွေလာရပါလိမ့်မည်။

ထရမ့်သည်ရှေးရှေးက သမ္မတများထက် လုပ်ရဲကိုင်ရဲ၊ ထူးခြားမှု ရှိသည်ကတော့ မငြင်းနိုင်ပါချေ။ တရုတ် လိုအင်အားကြီးနိုင်ငံမျိုးနှင့် ကုန်သွယ်ရေး စစ်ဆင်နွဲရဲသည့် သတ္တိကမနည်းချေ။

ကုန်ဈေးနှုန်းကြီးမြှင့်ခြင်းဖြင့် ပြည်သူတို့၏ ဆန့်ကျင်မှုကိုပင် ခံရနိုင် ၏။ နေတိုးနှင့်လည်း ထိပ်တိုက်တွေ့ ခဲ့သည်။ ကုလသမဂ္ဂနှင့် လည်း ထိပ် တိုက်တွေ့ခဲ့သူဖြစ်သည်။

ထိုသို့တင်မဟုတ် အိမ်ဖြူတော်အတွင်း ထိပ်တန်းအရာရှိကြီးများ၊ ၀န်ကြီးများကို လည်း တာဝန်မှ ရပ်စဲခြင်းကို လုပ်ကိုင်ခဲ့ရာ အမေရိကန် သမ္မတများအနက် အရေအတွက်အများဆုံးကို “ဖြတ်”ခဲ့ သူဟု ဆိုနိုင်လောက် သည်။

ထိပ်တိုက်တွေ့ရန် အန္တရာယ်ကြီးလွန်း၍ သမ္မတ အဆက်ဆက် ရှောင် ရှား ခဲ့သော Deep State လိုမျိုး ကိုလည်း ထရမ့်က စိန်ခေါ် ခဲ့သူဖြစ်ပြန်ရာ ထရမ့်သည် ယုံကြည်မှု လွန်ကဲ့သူလော၊ သို့မဟုတ် သာမန် စဉ်းစားမှုထက် လွန်ကဲသူလောဟုမေးရန်ဖြစ်လာပါ၏။
.
ယခုလည်း ဆယ်စုနှစ်ဖြင့် ချီ၍ အမေရိကန်တို့ကြိုးစားခဲ့သော အရှေ့ အလယ်ပိုင်းမြင်ကွင်းသစ်တွင် တစ်ဝက် တစ်ပျက်နှင့် အမေရိကန် တပ်ကို ဆီးရီးယားမှ ဆုတ်ခွာလိုက်သော ဆုံးဖြတ်ချက် သည် သာမန် မဟုတ် သောဆုံးဖြတ်ချက်ဖြစ်သည် ကတော့သေ ချာနေပါ၏။

လက်တွေ့ဆန်ခြင်းလား (သို့) နောက်ကွယ် လျှိုဝှက်ချက်လား?

သမ္မတ အိုဘားမားလက်ထက်တွင် GDP သည် ( ၃.၁)% အမြင့်ဆုံး သာ ရှိခဲ့၏။ ထရမ့်၏ပြီးခဲ့သောနှစ် ရလဒ်က (၄.၁)%ဖြစ်ခဲ့ရာ သူ၏ကြီးမားသောအောင်မြင်မှုဖြစ်လာပါ၏။ ဤရလဒ်က ထရမ့် သည် လက်တွေ့ ကျကျရလဒ်ပေါ်အောင်ဆောင်ရွက်နိုင်သော ခေါင်းဆောင်တယောက်ဖြစ်သည်ကိုမငြင်းနိုင်ခဲ့၊ နေတိုး စစ်စရိတ် က ကြီးမားလွန်းလှသည်။ စရိတ်မျှ၍ ထည့်ဝင်ရန် ထရမ့်ကတောင်း ဆို ခဲ့သည်။ ဤသည်ကလည်းလက် တွေ့ဆန် သည်။
.
အမေရိကန်သည် ကုန်ထုတ်မှုမြင်မား၍၊ နည်းပညာမြင့်မား၍၊ လက်နက်ရောင်း၍ ချမ်းသာသည်ဟု အများ ကအမြင် ရှိသည်မှာ မှန်ကန်သော်လည်း၊ နေရာတစ်ကာ ပါဝင်နေ၍ အသုံးစရိတ်မြင့် မားကာ အကြွေးနွံ နစ်နေ သည်ကလည်း လက်တွေ့ဖြစ်နေပြန် သည်။

အမေရိကန်သည် (၂.၃) ထရီလီယံ အကြွေးပမာဏ ရှိနေသော ကမ္ဘာ့ အဆင့်(၁)နိုင်ငံဖြစ်၏။ လက်နက်ရောင်း၍ ၀င်ငွေရနေ ပါသော် လည်း၊ ရေနံမှ အကျိုးအမြတ်ကြီးမားစွာ ရနေသည် မှန်သော် လည်း၊ အရှေ့အလယ်ပိုင်းမှ စစ်သုံးစရိတ်ကလည်း မနည်းလှချေ။

ပြည်ပ အမေရိကန် (၂.၃) ထရီလီယံ အကြွေးကြောင့် အီ၇န်ကို စစ်ခင်းနိုင်ပါ ဦးမည်လားဟုမေးရန်ဖြစ်လာ ပြန်သည်။ အီရတ် စစ်တွင် အမေရိကန်၏ စစ်အသုံးစရိတ်သည်နေ့စဉ် (ဘီလီယံ) ဂဏန်းနှင့်ဖြစ်သည်။
အီရန် နှင့်စစ်ဖြစ်ခဲ့လျှင် အသုံးစရိတ်ထက် များစွာ ပိုလာဦးမည် ဟုမျှော်လင့်နိုင်၏။ ထို့ပြင် ရုရှားသည် အီရက်၊ လစ်ဗျားတို့ ထက် အီရန်ကို ပို၍အလေးထား ကူညီလိမ့်မည်ကိုလည်း ထည့်တွက်ရ လိမ့်ဦးမည်။

လောလောဆယ် အမေရိကန်စတော့ဈေးကွက်ပြိုလဲနေသည်။ Dow၊ S&P စသော ကမ္ဘာ့အထက်က ရအညွှန်းကိန်းများသည် အလဲလဲ အပြိုပြိုဖြစ်နေသည်။

၂၀၀၈ စီးပွားရေးပျက်ကပ်နောက်ပိုင်းဆယ်စုနှစ် တစ်ခု အတွင်း အဆိုးဆုံးဈေးကျမှုဖြစ်ရာ … များစွာ သတိထားရမည့်အချိန်ဟု ယူဆပါ၏။

Fed ဥက္ကဌဟောင်းက လည်း သတိပေးထားပြန်သည်။ ၂၀၁၉ သည် အမေရိကန် ဘဏ္ဍရေးဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင် ရမည့်နှစ် ဖြစ်ပြီး၊စီးပွားရေးပျက်ကပ် တစ်ခုကိုကျော်လွှားရလိမ့် မည်ဟု ဆိုထားသည်ကိုလည်းတွေ့ရသည်။ သူတို့ စကားကို ပယ်ရှား၍ မရချေ။

ကမ္ဘာ့ အဆင့်(၁)ဖြစ်ပါသော်လည်း အကြွေးလည်ပင်းနစ်နေသော အမေရိကန် အနေဖြင့်အမေရိကန်၏ အကျိုး စီးပွားရေး ဘယ်ကိုမျှော်မှန်းကာ ဆီးရီးယားမှ စစ်ဆုတ်သည်ဟုလော တွက်ရာနိုင်ကောင်းပါလိမ့်မည်။

၂၀၁၉ တွင်ဖြစ်လာနိုင်ဖွယ်ရာရှိသော စီးပွားကပ်ကိုရင်ဆိုင်နိုင်ရန် တစ်ခုသောပြင်ဆင်မှု တစ်ခုဟု စဉ်းစားနိုင်သလို ထို့ထက်ပို သော ကန့်လန့်ကာနောက်ကွယ်က ပူတင်နှင့် သဘောတူညီမှု တစ်ခု ဟု လည်း အတွေးကိုဖြန့်ကျက်နိုင်ပါ လိမ့်မည်ဟု…


Crd .... နေဇင်လတ်


No comments:

Post a Comment