21 January 2016

စိတ်ဖိစီးမှု ခံစားနေရသူများ မှန်ကန်သော နည်းလမ်းများဖြင့်သာ ဖြေရှင်းရန် လိုအပ်


စိတ်ဖိစီးမှု ကိုဖြေရှင်းရာတွင် မှားယွင်းသော နည်းလမ်းများဖြင့် ဖြေရှင်း မိပါက နောက်ဆက်တွဲ ဆိုးကျိုး များကို ခံစားရနိုင်သောကြောင့် မှန်ကန်စွာဖြေရှင်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ စိတ်ပညာ အသင်းမှ အလုပ်အမှု ဆောင် တွဲဖက် ပါမောက္ခ(ငြိမ်း) ဒေါ်သက်ထားဝင်း က အကြုံပြုပြောကြားသည်။

စိတ်ဖိစီးမှု ကို မှားယွင်းစွာဖြေရှင်းသော နည်းလမ်း များတွင် အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ ဒေါသဖြင့် တစ်စုံတစ်ရာ ကိုပေါက်ကွဲခြင်း၊ အော်ငေါက်ခြင်း၊ ကလေးကို ရိုက်ခြင်း၊ မိမိကိုယ် ကို မိမိအပြစ် တင်ခြင်း၊ တစ်ယောက်တည်းနေခြင်း တို့ ပါဝင်ကြောင်းသိရသည်။


‘‘စိတ်ဖိစီးမှုကို မှားယွင်းစွာဖြေရှင်း တဲ့ နည်းလမ်းတွေကို သုံးမိရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို ခံစား ရနိုင်ပါ တယ်။ အရက်သောက်ရင် အရက်စွဲမယ်။ မူးယစ်ဆေးသုံးရင် လည်း မူးယစ်ဆေး စွဲမယ်။ ကလေး ကိုရိုက်ရင် ကလေး ခံစားရမယ်။ တစ်ယောက်ယောက်ကိုအော်ရင် အဲဒီသူက ကိုယ့်ကိုပြန်အော်မယ်။ 
 ဒါကြောင့် စိတ်ဖိစီးမှု ကို မှန်ကန်စွာဖြေရှင်းဖို့ လိုပါတယ်။”ဟု ဒေါ်သက်ထားဝင်း ကပြောသည်။


စိတ်ဖိစီးမှု ကိုဖြေရှင်းရန် အချိန်ကို စီမံခန့်ခွဲခြင်း၊ သီချင်း နားထောင်ခြင်း၊ သူငယ်ချင်း အပေါင်းအသင်း များထံ မိမိ ခံစားချက် ကို ရင်ဖွင့် စကားပြောကြားခြင်း၊ ဝတ္ထုဖတ်ခြင်း၊ စာရေးခြင်း၊ ရယ်စရာ ရုပ်ရှင်ကြည့်ခြင်း၊ တရား ထိုင်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။


 
စိတ်ဖိစီးမှု (stress) ကို ဖြစ်ပွားစေသော အကြောင်း တရား(stressor)ကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်နိုင်ပြီး အဆိုပါ အကြောင်းတရား အချို့မှာ ဘဝ တွင် တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်သွားနိုင်သည့် အလုပ်ပြုတ်ခြင်း၊ အလုပ် မရှိ ရာမှ အလုပ်ရခြင်း၊ ရာထူး ထိုးကျခြင်း၊ ရာထူး တက်ခြင်း၊ စီးပွား ပျက်စီးခြင်း၊ အိမ်ထောင်ကျခြင်း၊ အိမ်ထောင်ပျက် ခြင်း စသည့်တို့ အပါအဝင် မည်သည့်ပြောင်းလဲခြင်း တစ်စုံတစ်ရာ မဆို စိတ်ဖိစီးမှု ကိုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

၎င်း အပြင် လိုချင်တာ မရခြင်း၊ ရတာကို မလိုခြင်း၊ လိုချင်သည့် အရာမှာ နှစ်ခုထက် ပိုပြီး ရွေးချယ်ရခက်ခြင်း၊ လို ချင်သည့် အရာများပြားနေခြင်း တို့မှာ စိတ်ဖိစီးမှု ကို ဖြစ်ပေါ်စေနိုင် သကဲ့သို့ အလုပ် များလွန်းခြင်း၊ တသမတ်တည်း အလုပ် တစ်ခုတည်း ကို အချိန်ကြာမြင့်စွာ လုပ်နေရခြင်း၊ စိတ်ဒဏ်ရာ ရခြင်း၊ ပြင်း ထန်သော စိတ်ဒုက္ခ များနှင့် ကြုံတွေ့ ရပါကလည်း စိတ်ဖိစီးမှု ကို ခံစားစေနိုင်ကြောင်း သိရသည်။

‘‘စိတ် ဖိစီးမှုကို ကြုံရတာမှာ  တစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်ပါဘူး။ ကြုံတွေ့ရတဲ့ ပုဂ္ဂိုလ်ရဲ့ ကိုယ် ရည် ကိုယ်သွေးပေါ် မူတည်ပြီး ကွာခြားပါတယ်။ Social Support လို့ခေါ်တဲ့ ဆက်ဆံရေးထောက်ပံ့ ကူညီ မှုဖြစ်တဲ့ အိမ်မှာ ကိုယ့် အိမ်ထောင်ဖက် က ဝိုင်းကူ လုပ်ပေးတာ၊ ဆွေမျိုး အသိုင်းအဝိုင်း၊ သူငယ်ချင်းတွေ ရဲ့ ကူညီ အားပေး မှုတွေ့ ရတာ ကလည်း စိတ်ဖိစီးမှုကိုလျော့စေ ပါတယ်။’’ဟု ဒေါ်သက်ထားဝင်း က ဆက်ပြော သည်။

စိတ် ဖိစီးမှုကြောင့် stress reaction ဖြစ်ပေါ်လာနိုင်ပြီး စိတ်ပိုင်း ဆိုင်ရာ(Psychological)တွင် တုံ့ပြန်မှု၊ ရုပ်ပိုင်း ဆိုင်ရာ (Physical)တုံ့ပြန်မှု၊ အပြုအမူပိုင်း ဆိုင်ရာ (Behavioural) တို့တွင် တုံ့ပြန်မှုများဖြစ်ပေါ် လာစေနိုင်ကြောင်း၊ 

ရုပ်ပိုင်းဆိုင်ရာ အရ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်တောင့်တင်းခြင်း စသည်တို့ဖြစ်နိုင်ပြီး စိတ်ပိုင်း ဆိုင်ရာ အရ စိတ် ပူပန်ခြင်း၊ စိတ်မပျော်ရွှင်ခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ ကြောက်ရွံ့ခြင်း၊ အား ငယ်ခြင်း၊ ဒေါသထွက်ခြင်း စသည် တို့ ဖြစ်ပေါ်နိုင်ကာ အပြု အမူပိုင်း ဆိုင်ရာ အရ နှေးကွေးစွာ လုပ်ဆောင်ခြင်း ၊ အများနှင့် ဆက်ဆံ ရာ တွင် မူလ အ တိုင်း မဟုတ်တော့ဘဲ ရန်လိုခြင်း၊ အကြမ်းဖက်ခြင်းတို့ဖြစ်လာနိုင်ကြောင်း သိရသည်။

မိမိ ကိုယ်တိုင် ၏ ထိန်းချုပ်နိုင်မှု စွမ်းရည်(Control )၊ ဝင်ငွေရသော အလုပ်ကို လုပ်ကိုင် ပါက အိမ်မှုကိစ္စများ တစ် ဖက်၊ အလုပ် တစ်ဖက်နှင့် မနိုင် မနင်းဖြစ်နိုင်ကြောင်း ကြိုတင် ခန့်မှန်းခြင်း(Preditability)နှင့် လက် ရှိဖြစ်ပေါ်နေ သော ပင်ပန်းမှု များသည် ဖြစ်လေ့ဖြစ်ထ ရှိသည်ဟု အဓိပ္ပာယ်ဖော် သိရှိမှု (Interpretation) တို့ကြောင့် လည်း စိတ်ဖိစီးမှု (stress) ကို လျော့ပါးစေနိုင်ကြောင်းသိရသည်။


ရန်ကုန်၊ ဇန်နဝါရီ(၇) ရက်။
နွေဦးလင်း(မြစ်မခ)
 http://myitmakhamediagroup.com/news/health-news/6072/

No comments:

Post a Comment