25 March 2017

လူကြီးပိုင်း အရွယ် ဦးနှောက် သွေးကြော မပြတ်စေရန် သတိထားသင့်တဲ့ အချက် (၂) ချက်

stroke



လူကြီးတော်တော် များများ နာရေး သတင်း ကြားလိုက်ရင် နေ့လည်နေ့ခင်း မှာတုန်းက အကောင်း အတိုင်း ကြီး ကနေ ညကျတော့မှ ရုတ်တရက် ဆုံးပြီ ဆိုတာမျိုး တွေ့နေရတာ များပါတယ်။ သွေးလေ မညီညွှတ်မှုတွေကြောင့် အသက် ဆုံးရှုံးရတဲ့ အဖြစ်တွေကနေ ကာကွယ်ပေး၊ ကယ်တင်ပေးနိုင်တဲ့ ဒီ နည်းလမ်း က အသက် (၅၀) နဲ့ အထက် အရွယ်က စပြီး သိထားသင့်၊ ကျင့်သုံးသင့်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ လည်း မကုန်ဘူး။

သုတေတနပြုချက် အရ နှလုံး ခုန်နှုန်းတွေကို တိုင်းတာပြီး မှတ်တမ်းပြုစက် (ECG) နဲ့ ဂရုတစ်စိုက်လေ့လာရာက တွေ့ရှိမှု တစ်ခုက နေ့လည်နေ့ခင်းတွေမှာ လူတွေရဲ့ နှလုံး ခုန်နှုန်းက ပုံမှန် ရှိပြီး ညပိုင်း ကျတော့ နှလုံးခုန်နှုန်းက နှေးသွားလေ့ရှိပါတယ်။ အိပ်နေစဉ်မှာ နှလုံးက အတော် အတန်နှေးနေပြီး လူတော်တော်များများမှာ ရုတ်တရက် နှလုံးသွေးအား လျော့နည်း သွားတာတွေ့ရတယ်။


ဒီလို နှေးနေချိန်မှာ ရုတ်တရက် ငုတ်တုတ်ထိုင်ပြီး ကုတင်ပေါ်ကနေ ဆတ်ခနဲ ထသွားတယ် ဆိုပါတော့။ ဒီအချိန်မှာ နှလုံးက ပုံမှန် ခုန်ဖို့ အားယူနေရတယ်။ ရုတ်တရက် ထလိုက်တာကြောင့် သွေးကောင်းကောင်းမညှစ်နိုင်တာတွေဖြစ်လာပါတယ်။ သွေးဖိအား ကျဆင်းသွားမယ်။ ဦးနှောက်ဆီကို သွေးပို့ဆောင်တဲ့ အခါမှာ အလျင် မမီဘူး။

 သွေးရောက်တာ လျော့နည်းသွားပြီး သွေးကြောပြတ်တယ်။ အတင်း ညှစ်ရတဲ့အခါမှာ အသက်ကြီးသူတွေရဲ့ နှလုံးကြွက်သားက လူငယ်တွေလို အားမကောင်းလို့ မညှစ်နိုင်ဘဲ နှလုံးခုန် ရပ်သွားမယ်။ ကိုယ်တွေတောင် တစ်ခါ တစ်လေ အိပ်ယာက ငေါက်ခနဲ ထထိုင်ရင် မူးဝေ တတ်ကြသေးတာပဲ မဟုတ်လား။
ဒီတော့ သိပ္ပံ ပညာရှင်တွေက မိနစ်ဝက် (၃) မျိုး၊ နာရီဝက် (၃) မျိုးကို သတိပြုပါလို့ မှာထားကြပါတယ်။ မိနစ်ဝက် (၃) မျိုး၊ နာရီဝက် (၃) မျိုး ဆိုတာ ဘာလဲ။ ဘယ်လို သတိထားရမှာလဲ။

မိနစ်ဝက် (၃) မျိုး ဆိုတာက
နိုးနိုးချင်း ကုတင်ပေါ်ကနေ မထဘဲနဲ့ မိနစ်ဝက် ဆက်လှဲနေပါ။ မိနစ်ဝက်ပြည့်မှ ထ ထိုင်ပါ။ ပြည့်ပြီ ဆို ခြေထောက်ကို တွဲလောင်းချ (သို့) ခြေဆင်းလျက် နဲ့ မိနစ်ဝက် ထပ်နေပါ။ မိနစ်ဝက် ပြည့်မှ မတ်တတ်ရပ် ထပြီး သွားလိုရာ သွားပါ။

သိပ် အကြမ်း မခံတော့တဲ့ ကားတစ်စီးကို တစ်ညလုံး ရပ်ထားပြီး မနက်ရောက်တော့ နှိုး မရတာမျိုးလိုပေါ့။ တစ်ခါ တစ်လေ ဘက်ထရီဒေါင်းနေတာ၊ စက်ကပ်နေတာတို့နဲ့ ကြုံရင် စက်နှိုးပြီး ချက်ချင်း တန်းမောင်းသွားလို့ မရတတ်ဘူး။ နှိုးတဲ့ အခါ ဖြည်းဖြည်းချင်း အင်ဂျင် ပူအောင် နွှေးပြီးမှ နှိုးရပါတယ်။ 

ဒီလိုပဲ လူကြီးတွေ ကလည်း နိုးနိုးချင်း ထ မသွားဘဲ အရင် သွေးစီးဆင်းအောင် စောင့်ရပါတယ်။ တစ်မှ သုံးဆယ် အထိ ရေတွက် လိုက်တာကလည်း မိနစ်ဝက် နဲ့ အတူတူပါပဲ။ ဒီနည်း ကိုသာ အမြဲတမ်း ကျင့်သုံးမယ်ဆိုရင် ဘာ နှလုံးမှလည်း မဖောက်တော့ဘူး။ ဦးနှောက်တွင်း သွေးယုတ်လျော့ဆင်းတာလည်း မဖြစ်တော့ဘူး။ ဦးနှောက်သွေးကြောပြတ်တာ၊ အမောဖောက်တာ၊ ရုတ်တရက် သွေးကြောပိတ်တာ၊ လေဖြတ်တာတို့ မဖြစ်တော့ဘူး။



နာရီဝက် (၃) မျိုး ဆိုတာကတော့
(၁) မနက် အိပ်ရာ ထပြီးတဲ့နောက် နာရီဝက် ကိုယ်လက် လှုပ်ရှား အားကစားလုပ်ပါ။ အနည်းဆုံး (၃) ကီလိုမီတာ (၂) မိုင် နီးပါး လောက် လမ်းလျှောက်ပေးပါ။


(၂) နေ့လည်ပိုင်းမှာ နာရီဝက်လောက် တစ်ရေး အိပ်ပေးပါ။ ဒါကတော့ ခန္ဓာကိုယ် ရဲ့ ဇီဝ အချိန်ဇယား အရ လိုအပ်ချက် ဖြစ်ပါတယ်။ နေ့လည် နာရီဝက် အိပ်ခြင်းဖြင့် တစ်ညနေလုံး လန်းဆန်းနေပါလိမ့်မယ်။ သက် ကြီး ရွယ်အိုတွေက ညဘက်မှာ စောစော အိပ်တတ်ကြတယ်။ မနက် ဆိုလည်း အစောကြီး ထတော့ အအိပ် အနေနည်းတယ်။ ဒါကြောင့် နေ့လည်ပိုင်းမှာ ဖြည့်စွက် အိပ်စက် အနားယူသင့်တယ်။


(၃) ညနေခင်း (၆) နာရီ (၇) နာရီလောက်မှာ နာရီဝက်လောက် ဖြည်းဖြည်း လမ်းလျှောက်ပေးခြင်း အားဖြင့် ညဆို ပိုအိပ်ပျော်စေမယ်။ ဒီလို နာရီဝက် (၃) မျိုးကို ကျင့်သုံးမယ် ဆိုရင်တော့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ သွေးတိုးရောဂါဖြစ်ပွားနှုန်းကို သိသိသာသာ လျော့နည်းစေပါမယ်။


Source : Livestrong
Credit: Duwun


No comments:

Post a Comment