22 April 2017

ကြို့ထိုးတာ အမြန်ဆုံး ပျောက်ကင်းဖို့



လူတိုင်း ကြို့ထိုး တာ ခံစားဖူးကြမယ် ထင်ပါတယ်။ နာလိုခံခက် ဖြစ်လွန်းတဲ့ ကြို့ထိုး တာ ပျောက်ကင်းအောင် နည်းလမ်း တစ်ချို့ တင်ပြပေးမှာပါမယ်။ ကိုယ်တိုင်လည်း တစ်အွတ်အွတ်နဲ့ အခံရခက်သလို၊ ဒီအသံကို ကြားရတဲ့ ပတ်ဝန်းကျင်က လူတွေကိုလည်း တစ်စုံ တစ်ရာ အနှောင့်အယှက် ဖြစ်စေတဲ့ ကြိ့ထိုးခြင်း ဘာကြောင့် ဖြစ်တာလဲ ဆိုတဲ့ အကြောင်းက စပြောပါမယ်။
ဘာကြောင့် ကြို့ထိုး တာလဲ
ကြို့ထိုး အောင် ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများအပြား ရှိပါတယ်။ အစား အသောက် အဆ မတန်များပြီး ရင်ပြည့်လွန်တဲ့ အခါမှာ ကြို့ထိုး တတ်သလို အပူအစပ် အစားများရင်လည်း ကြို့ ထိုးတတ်ပါတယ်။ ပြီးတော့ ဆေးလိပ် အလွန် အကျွံသောက်တာတွေ၊ အရက် အလွန် အကျွံသောက်တာတွေ ၊ အပူ သို့မဟုတ် အအေးကို အလွန်အကျွံ သောက်တာတွေကြောင့်လည်း ကြို့ထိုး တတ်ပါတယ်။

အဲဒီလို အလွန်အကျွံ သုံးစွဲ သောက်သုံးတဲ့ အခါ အစာအိမ် အတွင်း / အပြင်၊ ခန္ဓာကိုယ် အတွင်း/အပြင် အပူချိန် ကွာခြားချက် ရုတ်တစ်ရက် များလာပြီး အသက်ရှူ လမ်းကြောင်းနဲ့ အစား အစာ ကြိတ်ချေ ဝါးမျိုရာ လမ်းကြောင်း တစ်လျှောက်မှာ ရှိတဲ့  နာဗ်ကြောတွေရဲ့ တုံ့ပြန်လှုပ်ရှားမှု စနစ်ကို ပျက်ယွင်းစေရာ ကနေ ကြို့ ထိုးရတာ ဖြစ်ပါတယ်။
ပြီးတော့ စိတ်လှုပ်ရှားတာတွေ၊ စိတ် ဖိစီးမှုတွေ၊ ကိုယ်တွင်း ဇီဝကမ္မ ဆိုင်ရာရောဂါတွေ၊ အာရုံကြောမကြီးနဲ့ ဆိုင်တဲ့ ရောဂါတွေ စတာတွေ ခံစားရသူတွေလည်း မကြာခဏ ကြို့ထိုးတတ်ပါတယ်။ တစ်ချို့သော ဆီးချိုသမားများ၊ ကျောက်ကပ် အားနည်းသူတွေဟာလည်း ၄၈ နာရီထက် ကြာအောင် ကြို့ထိုးတတ်ပါတယ်။
ကြို့ထိုး တာ ပျောက်အောင်
ကြို့ထိုး တာဟာ ဘာမှ လုပ်ပေးစရာ မလိုဘဲ သူ့ အလိုလို ပျောက်သွားတတ် ပါတယ်။ အချိန် အရမ်းကြာလို့ သိပ်မောပန်းလာမယ် ဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေ အတိုင်း လုပ်ဆောင်ပါ။ ကြို့ထိုး တာ ပျောက်ကင်းသွားပါ လိမ့်မယ်။

၁။ အသက်အောင့်ပါ
သင့် အဆုတ် အတွင်း အပြည့် နောက်ထပ် လေတစ်စက်မှ ဝင်စရာ မရှိအောင် နှာခေါင်း နဲ့ တစ်ဖြည်ဖြည်းချင်း အသက် ရှူသွင်းပြီး အသက်အောင့်နိုင်သမျှ အသက်အောင့်ပါ။ ပြီးရင် ပါးစပ် ကနေ တစ်ဖြည်းဖြည်း ရှူထုတ်ပါ။ နောက်တစ်ခါ သင့် အဆုတ် အတွင်းမှာ လေတစ်စက်မှ မကျန်အောင် အသက် ရှူထုတ်ပြီး အ သက် အောင့်နိုင်သမျှ အောင့်ပါ။ 

အဲဒီလို ၃ ခါလောက် တစ်ဆက်တည်း လုပ်ပါ။ ကြို့ထိုးတာ မကြာခင် သက်သာပျောက်ကင်း သွားပါလိမ့် မယ်။ တစ်ကယ်တော့ လေထဲမှာ ပါတဲ့ အောက်စီဂျင် က သင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့ အပြင် အဆိပ်အတောက်တွေပါ ဖယ်ရှားပေးပါတယ်။



၂။ ရေ သောက်ပါ။
ရေ က သင့် ခန္ဓာကိုယ် အတွင်း အပြင် သန့်းရှင်းစေတဲ့ အပြင် အပူချိန် ကို ထိန်းညှိပေးတာပေးပါတယ်။ ရေသောက်ခြင်းက ကြို့ ထိုးတာ ပျောက်ကင်းစေပါတယ်။
၃။ သကြား ကို ငုံထားပြီး တစ်ဖြည်းဖြည်း မြိုချပါ။
သင့်ရဲ့ အသည်း က အားနည်းနေတဲ့ အခါ၊ ဒါမှမဟုတ် အစာကြိတ်ချေဖို့ အခါးဓာတ် နည်းပါးနေတဲ့ အခါတွေ မှာလည်း ကြို့ထိုး တတ်ပါတယ်။ 

အသည်း ကို အားပေးဖို့ သကြားရည် ချိုချို သောက်ပါ။ အထူးသဖြင့် ကြို့ထိုး နေချိန်မှာ သကြား ကို ချက် ချင်း မျို မချဘဲ ငုံထားပြီး သကြားရည် ကို တစ်ဖြည်းဖြည်းချင်း မျိုချပါ။ ကြို့ထိုးတာ ပျောက်ကင်း သွားပါလိမ့် မယ်။

Credi : irrawaddy

No comments:

Post a Comment