22 April 2017

အတိတ်က ပြုခဲ့သော (၃ ဘဝ) ဝဋ်ကြွေး အကြောင်း သိကောင်းစရာများ



အတိတ် ဘဝ က ပြုခဲ့သောကံ ၊ လက်ရှိ ဘဝမှာ ပြုလုပ်ရမယ့် ကုသိုလ် နှင့် အနာဂတ် အတွက် ကုသိုလ်များအကြောင်း ရေးသားထားခြင်းဖြစ်သည်။ ဘာသာပြန်ထားသည့်အတွက် အမှားများ ပါခဲ့သည် ရှိသော်
ကြိုတင် တောင်းပန်ပါရစေ။
** လင် နဲ့ မယား ရယ်လို့ လက်ရှိ ဘဝမှာ ဖြစ်လာခဲ့မယ် ဆိုရင်ဖြင့် အတိတ် ဘဝကပြုခဲ့သော မိမိ ကုသိုလ် ကံ ကြောင့်သော်လည်းကောင်း ၊ အကုသိုလ် ကံ ကြောင့်သော်လည်းကောင်း အတူတူ မပြုမူ ခဲ့လျှင် အိမ် တစ်အိမ်ထဲတွင် မိသားစု အဖြစ်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

သား/သမီး ကြတော့ “ အကြွေး ” ပေါ့။ တစ်နည်းအားဖြင့် ကျေးဇူးဆပ်ခြင်းနှင့် အကြွေးတောင်းခြင်း ဟူ ၍ နှစ်မျိုး ကွဲပြားသွားလိမ့်မယ်။ ဝဋ်ကြွေး မရှိခဲ့လျှင် အဖေ ၊ အမေ နှင့် သား/သမီး ဆိုပြီး ပေါ်လာမှာ မဟုတ်ပါဘူးး။


* ဒါ့ကြောင့်မို့လို့ ကောင်းမှု ကုသိုလ်တွေ အတူတစ်ကွ ပြုလာကြတဲ့ လင်မယားတွေကြတော့ နေနဲ့လ  ရွှေနဲ့မြ လို့ ဆိုသလို သက်ဆုံးတိုင် ရွှေလက်တွဲသွားကြသလို ၊ အကုသိုလ်တွေ အတူတစ်ကွပြုလုပ်လာခဲ့ကြတဲ့ အတွဲတွေ ကျပြန်တော့လည်း အိမ်ပူ ၊ ရန်ဖြစ် ၊ စိတ်ဆင်းရဲပြီး သေကွဲ မကွဲတောင် ရှင်ကွဲ ကွဲနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်တယ်လို့ ပြောထားပါတယ်။


* အကြွေးလာတောင်းတဲ့ သား/သမီး ကြပြန်တော့လည်း ဘယ်နေရာမှ အသုံးမကြဘူး ။ မိဘ စိတ် ဆင်း ရဲအောင် အမြဲ လုပ်နေတဲ့သူတစ်ယောက်ဖြစ်တယ်။


အကြွေး လာဆပ်တဲ့ သား/သမီးကြတော့ မိဘဝတ္တရားကို နားလည်ပြီး မျက်နှာ ပျက်ရမဲ့ အဖြစ်မျိုးတွေကို ရှောင်ကျဉ်လေ့ ရှိတယ်။


လူရယ်လို့ မွေးဖွားလာပြီဆို တွေ့ ဆုံ ၊ လမ်းခွဲ ၊ ပျှော်ရွှင်မှု ၊ ဝေဒနာ ခံစားရမှု ၊ စိတ်ဆင်းရဲခြင်း ၊ ခွင့်လွှတ်ပေးခြင်း ၊ အငြိုတေးထားခြင်း ၊ ချစ်ခြင်း ၊ မုန်းခြင်း စတဲ့ အချက်တွေက ကိုယ်ပြုခဲ့တဲ့ အတိတ်က ကံကြောင့် လက်ရှိ ဘဝမှာ ကိုယ့်ဆီပြန်လာမဲ့ တန်ပြန် ဝဋ်ကြွေး ဆိုရင်လည်း မမှားပေနိုင်ဘူးလေ။
၁. ကျေးဇူး လာဆပ်သော သား/သမီးများ
အတိတ် ဘဝက ကောင်းမှု ကုသိုလ်များဖြင့် အတူတစ်ကွပြုလုပ်လာခဲ့ကြသော သူများသည် လက်ရှိ ဘဝတွင် အဖေ ၊ အမေ နှင့် သား/ သမီးများ အဖြစ်သို့ ရောက်ရှိကြရမည်ဟု ဆိုထားသည်။ တစ်နည်း အားဖြင့် ထိုသူတို့ကို “ ကျေးဇူး သိတတ်သော သူများ ” ဟု ခေါ်ကြသည်။ မိဘ စကားကို အစဉ်အမြဲ နားထောင်ပြီး သိတတ်သောသူ၊ လိမ္မာရေးခြား ရှိပြီး မိဘများ စိတ်သောကရောက်ရမည့် အဖြစ်များမှ ရှောင်ရှားနိုင်သူတစ်ဦးလည်း ဖြစ်သည်။


၂. ကလဲ့စား လာချေသော သား/သမီးများ
အတိတ်ကံ က ပြုခဲ့သော အကုသိုလ် အကျိုးဆက်ကြောင့် လက်ရှိ ဘဝမှာ မိသားစု အဖြစ် ရောက်ကြရ သည် ဟုလည်း ဆိုထားပြန်သည်။ ထိုသူတို့ အရွယ်ရောက်လာကြသောအခါ မိသားစု စည်းစိမ် များ ကို သုံးဖြုန်းခြင်း ၊ စိတ် ဆင်းရဲအောင်ပြုလုပ်ခြင်းများနှင့် အိမ်ထောင်စု တစ်ခုပြိုကွဲသွားသည် အထိ ဖြစ်တတ်သည်ဟု ဖော်ပြထားသည်။ 


အဲ့ဒီလို လူမျိုးကို “ ကျေးဇူးကန်းသော သူ ” ဟု ခေါ်တွင်စေသည်။ သူတို့လေးတွေနဲ့ ဝဋ်ကြွေးတွေ ထပ်မပြုလုပ်မိစေရန် ရှောင်ကျဉ်ကြပါ။ သူစိမ်းလူတွေဖြစ်ခဲ့လျှင် ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်လိမ့်မည်။ ခုဟာက အိမ်က ကိုယ့်သား/သမီးများဖြစ်သောကြောင့် အခက်ရပေမည်။ ထို့ကြောင့် လူတို့သည် မည်သူ မဆို ကိုယ့်ကို ချစ်ကြသည်။ သေရမှာကိုလည်း ကြောက်သောကြောင့် ဘယ်နည်းနဲ့မှ အကုသိုလ်တွေ မလုပ် မိကြ ဖို့နှင့် သူတစ်ပါး အသက်ကို မသတ်မိစေရန် ဆင်ခြင်နိုင်ကြပါစေ။

၃. အကြွေး လာတောင်းသော သား/ သမီးများ
အတိတ်ဘဝတွင် မိဘ များက ပေးရန် ကျန်ခဲ့သောကြောင့် လက်ရှိ ဘဝတွင် သား / သမီး က လာရောက်တောင်းရမ်းခြင်းဖြစ်သည်။ အသက်ကြွေး မဟုတ်ဘဲ ငွေကြေး ဟုလည်း ဆိုထားပြန်သည်။ တစ်နည်းအားဖြင့် ကိုယ် သူ့အပေါ် ပေးဆပ်ရမည့် အကြွေး နှင့် သက်ဆိုင်သွားသည်။  ဥပမာ အားဖြင့် ကိုယ်ပေးရမည့် အကြွေး က နည်းလျှင် ကိုယ့်ဆီမှာ တစ်နှစ် နှစ်နှစ်လောက်သာ နေပြီး သေဆုံးသွားကြသည်။ 




ကိုယ်ဘယ်လောက် ဘဲ သူ့ကို ချစ်သည်သော်ငှားလည်း သူ ကိုယ်နှင့်နေမည် မဟုတ်။ သူ ရ ရန် အကြွေးကုန်လျှင် ကိုယ့်ဆီက ထွက်ခွာသွားလိမ့်မည်။ အကြွေးများ ရင်တော့ ကိုယ့်ဆီမှာ သူ ကြီးပြင်းလာတဲ့ အထိ တက္ကသိုလ်ရောက်သည် အထိ ကျွေးမွေးစောင့်ရှောက်ရလိမ့်မည်။ ပြီးရင် ကိုယ့်ကို ထားပြီး ထွက်ခွာသွား လိမ့်မည်။ ကိုယ့်ကို ပြုစုဖို့ မွေးလာသည် မဟုတ်။ ကိုယ်ပေးရမယ့် အကြွေးတွေ ပြန်လာတောင်းခြင်းဖြစ် သည်။

၎. အကြွေး လာဆပ်သော သား/သမီးများ
တစ်နည်းအားဖြင့် ထိုသူတို့သည် အတိတ်ဘဝက ပြုခဲ့သော ဝဋ်ကြွေး ကြောင့် သား/သမီး အဖြစ်သို့ လာရောက်ကြွေးဆပ် ရခြင်းဖြစ်၏။ ဝဋ်ကြွေး အနည်းအများ ကွာခြားသွားမည်။ ပေးဆပ်ရမည့် အကြွေးများလျှင် မိဘ နှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရမည်။ နည်းလျှင် နည်းသလို သူ့သဘာဝ နည်းလမ်း အတိုင်း မြင်တွေ့ ကြရပေလိမ့်မည်။


ထိုလူစားမျိုးသည် ကျွေးသာ ကျွေးနေရသည်။ စိတ်ရင်းက မပါ။ ဘဝ ဝဋ်ကြွေး ကြောင့်သာ လာဆပ် ရခြင်းဖြစ် သည်။ ကျေးဇူး လာဆပ်သောသူနှင့်လည်း ကွာခြားသွားသည်။ ထိုသူသည် စိတ်ရော ကိုယ်ပါ မိဘ ဝတ္တရား သိတတ်ပြီး ကျေးဇူး လာဆပ်သောသူ ဖြစ်သည်ဟု ဖော်ပြထားသည်။



* အပေါ်က အချက်တွေကို ဖတ်ခြင်းအားဖြင့် တစ်နည်း မဟုတ်တစ်နည်း ဖြင့် သံသရာလည်နေကြသည်။ မိသားစု ဆွေမျိုး အသိုင်းအဝိုင်း များသာမက ပတ်ဝန်းကျင် ဘေးအိမ်များ ကလည်း ရှေးဘဝရေစက်ကြောင့် ပြန်လည် ဆုံကြခြင်း ဖြစ်သည်ဟု ပြောထားသည်။


 ဈေးသွားလို့ လမ်းမှာ တွေ့ ခဲ့တဲ့ လူစိမ်း တစ်ဦးကို ကိုယ်က အစ ပြုံးပြလို့ ထိုသူလည်း ကိုယ့်ကို ပြန်လည်ပြုံးပြနူတ်ဆက် ခဲ့လျှင်ဖြင့် အတိတ်ရေစက်က ကောင်းမှု အကျိုးဆက်ကြောင့် ပြန်လည် ဆုံခြင်းသာ ဖြစ် သည်။ အကယ်လို့ သူစိမ်း တစ်ဦးကို ကြည့်မရခဲ့သည် ရှိသော် ထိုသူနှင့် ကိုယ်သည် အတိတ် ဘဝက မကောင်း မှုပြုခဲ့သောကြောင့်သာ ဖြစ်သည်။ ဤ အကျိုးဆက်တွေရဲ့ အကြောင်းကို သင်တို့ ကျမ တို့ နားလည်သဘောပေါက်ခဲ့လျှင် ရှေ့ဆက်ပြီး ကုသိုလ်များကို အဘယ်သို့ ပြုလုပ် ဖြတ်သန်းကြမည်လို့ ယူဆထားပါသနည်း??

အဖြူထည်ဖြင့် ကောင်းမှုပြုလုပ်ပါမည်လော  ??
သို့မဟုတ် ညစ်ညမ်းသော အကုသိုလ် အလုပ်များ ဆက်လုပ်ပါမည်လော  ??

ချင့်ချိန်ကြည့်ရူနိုင်ပါသည်။


ကိုယ်ပြုခဲ့သော အတိတ် ဘဝ က ဝဋ်ကြွေး ကို မသိခဲ့သော်လည်း လက်ရှိ ဘဝတွင် ပြုပြင်နိုင်သေးသည်။ နည်းလမ်းများလည်း ရှိနေသေးသည်။ ကိုယ်ချစ်သော သား/သမီး ဆွေမျိုး အသိုင်းအဝိုင်း များအား ဘုန်းကြီးကျောင်း သို့ သွားခြင်း၊ တရားဓမ္မအားထုတ်ခြင်း၊ ကောင်းမှု ကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ကိုယ်ပြုခဲ့သော အတိတ် က ကံကို အနည်းအကျဉ်းလျှော့ချပေးနိုင်သည်။ 


တစ်နည်းအားဖြင့်တော့ “ မကောင်းမှုကို ကောင်းမှုနှင့် ချေပခြင်း ” လို့ ပြောလို့ ရသည်။
နောက်တစ်မျိုး ကတော့ အဆိုးထဲမှ အကောင်း လို့ဘဲ ယူဆကြရတော့မှာပေါ့။
ကျေးဇူးတင်ပါသည်။
အမှားပါလျှင် ခွင့်လွှတ်ကြပါရန်…
#ကိကိ ( ဘာသာပြန် )
Credit : ကိကိ

No comments:

Post a Comment