16 November 2017

တရုပ်ကြီး ၏ အင်အားကြီးထွားလာမှု့ကို နှောက်ယှက်ရန် မြန်မာနိုင်ငံ ၏ တည် ငြိမ်အေးချမ်းမှု့ကို ဖျက်ဆီးမည့် ဂျော့ဆိုရော့စ်၊ NED နှင့် USAID တို့၏ အစီအစဉ်။



( နိုဝင်ဘာ - ၁၄ ၊ ၂၀၁၇ ) 

တရုပ်ကြီး၏ အင်အားကြီးထွားလာမှု့ကို နှောက်ယှက်ရန် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု့ကို ဖျက်ဆီး မည့် ဂျော့ဆိုရော့စ်၊ NED နှင့် USAID တို့၏ အစီအစဉ်။
မြန်မာနိုင်ငံ အာဆီယံအဖွဲ့မ၀င်နိုင် အောင် ဆိုရော့စ်အားထုတ်ခဲ့။ 
နိုင်ငံရေး အထီးကျန်မှု၊ စီးပွားရေး ပိတ်ဆို့မှု ၊ မီဒီယာ လှုပ်ရှားမှုများနှင့် လျှို့ဝှက် အဖျက်သမား အသုံးချခြင်း တို့ဖြင့် မြန်မာနိုင်ငံအား ချွတ်ခြုံကျစေလို ( ပထမပိုင်း )

******************************************

တရုတ်နိုင်ငံ အင်အားကြီးထွားလျှက်ရှိသော ဒေသတွင်း၌ ၀င်ဆန့်နိုင်ရန် ယိုလိမ်ညာ အကြပ်အတည်းအား ယိုးမယ် ဖွဲ့လျှင် အမေရိကန်၏ နိုင်ငံရေးနှင့် စစ်ရေးအရ တည်ရှိနေခြင်းကို အားဖြည့်ရာ ရောက်လိမ့်မည်ဟု အကြံပြုရင်း ဘီလျံနာ သူဌေးကြီး ဂျော့ဆိုးရော့စ် သည် အမေရိကန် ၏ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အတူမြန်မာနိုင်ငံ အပေါ် ဆက်လက်ကြိုးဆွဲလျှက် ရှိသည် ဟု ပထဝီနိုင်ငံရေး သုတေသီနှင့်စာရေးဆရာ အန်တိုနီ ကာတက်လူစီ က စပွတ်နစ် အား ပြောကြားသည်။

တရုတ်နိုင်ငံ အင်အားကြီးထွားလာမှု့ကို ဟန့်တားရန် အမေရိကန်နိုင်ငံခြားရေးဌာန၊ အမျိုးသား ဒီမိုကရေစီအရေး ပံ့ပိုးမှု့အဖွဲ့ (NED), နိုင်ငံတစ်ကာ ဖွံ့ဖြိုးမှု့ဆိုင်ရာ အမေရိကန်အေဂျင်စီ ( USAID ) ၊ အခြား အဖွဲ့အစည်းများနှင့် အတူ ဂျော့ဆိုရော့စ် ၏ ဆိုရော့စ် ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှတစ်လွှားတွင် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေရန် ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြပြီး၊ ကြာသထက် ကြာအောင် ဆက်လက်၍လည်း အတတ်နိုင်ဆုံး ကြိုးဆွဲလျှက် ရှိသည်ဟု ဘန်ကောက် အခြေစိုက် ပထဝီနိုင်ငံရေး သုတေသီနှင့် စာရေး ဆရာ အန်တိုနီ ကာတက်လူစီ က ဆိုပါသည်။


မြန်မာနိုင်ငံ အား ၁၉၈၇-ခုနှစ်သို့ ပြန်သွားစေမည့် ဆိုရော့စ် ၏ ရင်းနှီးမြှုပ်နှံမှု့


ဟန်ဂေရီနွယ်ဖွား အမေရိကန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူနှင့် သြဇာကြီးမားသော စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး ဂျော့ဆိုးရော့စ်တွင် မြန်မာနိုင်ငံ အရေးနှင့် အရှေ့တောင်အာရှ အာဆီယံဒေသတွင်း၌ ယေဘုယျအားဖြင့် စံချိန်တင် ဝင်ရောက် စွက်ဖက်မှု မှတ်တမ်းရှည်ကြီး ရှိနေသည်။


၂၀၀၇ ခုနှစ် တွင် ဖော်ဘီး မဂ္ဂဇင်းက ရေးသားရာ၌ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လမ်းခင်းသည့် အနေဖြင့် ဆိုရော့စ် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မောင်းနှင်သော ဘားမားပရောဂျက်မှ တစ်ဆင့် ၁၉၉၄- ခုနှစ်တွင် စတင်ရင်းနှီး မြှုပ်နှံခဲ့ရာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂-သန်း သုံးစွဲကြောင်း ဖော်ပြထားသည်။


မီဒီယာများတွင် ဖော်ပြချက်များ အရ ဆိုရော့စ် ၏ မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှုမှာ ၁၉၈၇ ခုနှစ်မြန်မာအစိုးရ၏ ငွေကြေး ပြုပြင်ပြောင်းလဲမှုအား ပြည်သူ လူထု၏ အုံကြွ ဆန့်ကျင်ဆန္ဒပြမှု့များဖြင့် အစိုးရ ပြုတ်ကျခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ 


၁၉၈၈-တွင် လူကြိုက်များသော နိုင်ငံအ၀ှမ်း ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြပွဲများ နှင့် အတူ မြို့ပြ မငြိမ်သက်မှုများက တစ်တိုင်းပြည်လုံး ပြန့်နှံ့သွားခဲ့သည်။ ဤတွင် တိုတောင်းသော အချိန်အတွင်း၌ ယခုနိုင်ငံတော်၏ အကြံပေး ပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် (NLD) ဒေါ်အောင်ဆန်း စုကြည် သည် အမျိုးသားပုံရိပ် အဖြစ်ထွန်းပေါ်လာခဲ့သည်။




ဆိုရော့စ် နှင့် ၁၉၉၇-ခုနှစ် အာရှဘဏ္ဍာရေး အကျပ်အတည်း

၁၉၉၇ - ခုနှစ် ဇူလိုင်လ အလယ်ပိုင်းတွင် အမေရိကန် ဘီလျှံနာ သူဌေးတစ်ဦးက နိုင်ငံများ၏ ငွေကြေးခိုင်မာမှု အပေါ် ဈေးကစားသည့် အတွက် လူသိများသည့် အာရှဘဏ္ဍာရေး အကျပ်အတည်း ကပ်ဆိုက်ကာ အရှေ့တောင်အာရှနိုင်ငံများ၏ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းခံရသည်။


စက်တင်ဘာလ ၂၉၊ ၁၉၉၇-ခုနှစ် ကွာလာလန်ပူ တွင် ဖော်ကျွန်း မဂ္ဂဇင်းမှ နီးလ် ချောင်ဒရီနှင့် တွေ့ဆုံခဲ့သော မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် က ပြောကြားရာ၌ ဘဏ္ဍာရေး အကျပ်အတည်း တွင် ဆိုရော့စ် ပါဝင်ပတ်သက်ခဲ့သည့် တိကျခိုင်မာသော သတင်း အချက်အလက်နှင့် သက်သေ အ ထောက်အထားများစွာရှိကြောင်း၊ မီးလောင်ရာ လေပင့်ကြရာတွင် ဆိုရော့စ်ကဲ့သို့ အမေရိကန် ရင်းနှီးမြှုပ်နှံသူတစ်ဦး တည်းသာ မဟုတ် ခဲ့ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်ဆို၏။


သို့သော် အဆိုပါ အကြပ်အတည်းတွင် အနည်းနှင့်အများ ဆိုသလို ပါဝင် ပတ်သက်ခဲ့သည်ဟု နောင်တွင် ဆိုရော့စ် ကိုယ်တိုင် ဝန်ခံခဲ့ကြောင်း မဟာသီယာ ကပြောပြသည်။ ထိုစဉ်က ဆိုရော့စ် အနေဖြင့် ထိုင်းနှင့်မလေးရှား အပေါ် ဖိအားပေးထားခြင်း အားဖြင့် မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ “ အာဆီယံ “ အတွင်းသို့ မ၀င်နိုင်အောင် တားဆီးနိုင်လိမ့်မည်ဟု စိတ်ကူး ရှိခဲ့ပုံရသည်ဆို၏။


မီဒီယာများက ရေးသားဖော်ပြခဲ့သည့် အတိုင်း ဇူလိုင်လနှောင်းပိုင်း၌ မဟာသီယာနှင့် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင် အခြားခေါင်းဆောင်များက မြန်မာနိုင်ငံအား အာဆီယံ အဖွဲ့ဝင်နိုင်ငံ အဖြစ် တရားဝင်သွတ်သွင်းခဲ့ ရာ ဆိုရော့စ် အား ယမ်းပုံ မီးကျဖြစ်စေခဲ့သည်။



မြန်မာနိုင်ငံ အား အာဆီယံ အဖွဲ့သို့ဝင်ရောက်ခြင်းကို ဟန့်တားရန် မည်သည့် အတွက် ဆိုရော့စ်နည်းလမ်းရှာရသနည်း

၁၉၉၇ -ခုနှစ်တွင် မြန်မာနိုင်ငံ က အာဆီယံ အဖွဲ့ဝင်ဖြစ်လာသည့်အခါ ဆိုရော့စ် အပါအဝင် အမေရိကန်နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအား ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ လှည့်ဖျား ကစားခြင်းနည်းလမ်းမျိုးစုံသုံးလျှက် အနောက်နိုင်ငံများ၏ ကိုလိုနီဝါဒ ကို ဆယ်စုနှစ်ပေါင်းများစွာ နက်နက် ရှိုင်းရှိုင်း ပြုလုပ်ခဲ့သည်ဟု အန်တိုနီ ကာတက်လူစီ က သုံးသပ်သည်။


မြန်မာအား အာဆီယံ ဝင်ရောက်ခွင့် လက်ခံခြင်းဖြင့် ဆီးရီးယား၊ မြောက်ကိုရီးယား သို့မဟုတ် အီရန်ကဲ့သို့ နိုင်ငံများ အပေါ် အမေရိကန်က ယခုအချိန်ထိ ပြုလုပ်နေသည့် အတိုင်း နိုင်ငံရေး အထီးကျန်မှု၊ စီးပွားရေး ပိတ် ဆို့မှု၊ မီဒီယာ လှုပ်ရှားမှုများနှင့် လျှို့ဝှက် အဖျက်သမား အသုံးချခြင်း စသည်တို့ဖြင့် နိုင်ငံ ချွတ်ခြုံကျအောင် ပြုလုပ်နိုင်မည့် ပြင်ပဖိအားများ လျှော့ပါးစေမည့် အပြင် ရွေးချယ်စရာများ၊ တရားဝင်မှု့ အားသာချက်များ ရရှိသွားနိုင်ကြောင်း ပထဝီနိုင်ငံရေး သုတေသီက ရှင်းပြပါသည်။


( နိုဝင်ဘာ - ၁၅၊ ၂၀၁၇ ) 


တရုပ်၏ အင်အားကြီးထွားလာမှု့၊ ဂျော့ဆိုရော့စ်၊ NED , USAID တို့၏ နိုင်ငံရေး ကစားကွက် များနှင့် 

ယိုလိမ်ညာ အကြပ်အတည်း ( ဒုတိယပိုင်း )

***********************************************
မြန်မာအား အာဆီယံ ဝင်ရောက်ခွင့် ရရှိသွားခဲ့လျှင် ဆီးရီးယား၊ မြောက်ကိုရီးယား သို့မဟုတ် အီရန်ကဲ့သို့ နိုင်ငံ များအပေါ် အမေရိကန်က ယခုအချိန်ထိ ပြုလုပ်နေသည့်အတိုင်း နိုင်ငံရေးအထီးကျန်မှု၊ စီးပွားရေးပိတ်ဆို့မှု၊ မီဒီယာလှုပ်ရှားမှုများနှင့် လျှို့ဝှက်အဖျက်သမားအသုံးချခြင်းစသည်တို့ဖြင့် နိုင်ငံချွတ်ခြုံကျအောင် ပြုလုပ်နိုင်မည့် ပြင်ပဖိအားများ လျှော့ပါးစေမည့်အပြင်( မြန်မာနိုင်ငံအနေဖြင့်) ရွေးချယ်စရာများ၊ တရားဝင်မှု့အားသာချက်များ ရရှိသွားနိုင်သည်။


“ .. အဲဒီတုန်းက မြန်မာနိုင်ငံကို အာဆီယံ ၀င်ခွင့်မရအောင် တားဆီးရေးအားထုတ်ဖို့ဆိုတာ ငြင်းပယ်ရမဲ့ အသက်သွေးကြောတစ်ခုလို သူတို့ရည်ရွယ်ခဲ့ကြတယ် .. “ ဟု ဘန်ကောက်အခြေစိုက်ပထဝီနိုင်ငံရေးသုတေသီ အန်တိုနီ ကာတက်လူစီက မှတ်ချက်ပြုသည်။


အထူးအဖွဲ့ ၏ အမေရိကန် မပါပဲ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရှင်သန်နိုင်မည်မဟုတ်

၂၀၀၃ ခုနှစ်တွင် အမေရိကန်သြဇာခံ တွေးခေါ်ပညာရှင် အဖွဲ့ တစ်ခုဖြစ်သော အမေရိကန် နိုင်ငံခြားဆက်ဆံရေး ဆိုင်ရာကောင်စီက ဂျော့ဆိုရောစ့်၊ အမေရိကန် အထက်လွှတ်တော်အမတ် ၀စ်မစ်မက်ကောနဲလ် ၊ နေရှင်နယ် ဒီမိုကရက်တစ်ညွှန်ကြားရေးမှူးဖြစ်သူ ကဲနက်ဝူးလခ်၊ အခြားနိုင်ငံရေးနှင့် စာနယ်ဇင်းလောက ထင်ရှားသူများ ပါဝင်ဖွဲ့စည်းထားသည့် “ မြန်မာနိုင်ငံဆိုင်ရာ အထူးအဖွဲ့ “ က “ .. ဘားမား၊ ပြောင်းလဲချိန်တန်ပြီ ..” အမည်ရှိ စာတမ်းတစောင် ထုတ်ဝေခဲ့သည်။


စာတမ်း ၏ နိဒါန်းတွင် " အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတစ်ကာ အသိုင်းအဝိုင်း တို့၏ အကူအညီမပါပဲ ဒီမိုကရေစီရေးနှင့် (ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ သည် မြန်မာပြည်တွင် ရှင်သန်နိုင်မည် မဟုတ်ပါ။ ယခုအစီရင်ခံစာသည် ပြောင်းလဲမှု အတွက် ဖိတ်ခေါ်သံတစ်ရပ်ဖြစ်သည်ဟု ဖော်ပြထားသည်။


ဆိုရော့စ် အထောက်အပံ့ပေးထားသည့် မီဒီယာ စောင့်ကြည့်ရေး အဖွဲ့၏ သိသာသော အဆိုအရ ဘီလျံနာသူဌေးကြီးနှင့် ဆက်စပ် အဖွဲ့များက နိုင်ငံတော် အစိုးရအား ဆန့်ကျင် ဖီဆန်ရေး သတင်း အချက်အလက်   ဖြန့်ဖြူးသူ မီဒီယာအဖွဲ့အစည်း တို့အား နှစ်ပေါင်း များစွာများပင် အကူအညီပေးခဲ့သည်။ သာဓက အားဖြင့်, ရံပုံငွေ ထောက်ပံ့ပေးထားသည့် Burma News International (BNI), " တိုင်းရင်းသား မီဒီယာအုပ်စုများ ၁၁ ဖွဲ့ ကွန်ယက် " စသည်တို့ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအား လွှမ်းမိုးရေးလုပ်ဆောင်သွားရန် ရံပုံငွေ ကျခံပေးထားခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။


ဆိုရော့စ် မစ်ရှင်ပြီးမြောက်ခြင်း

၂၀၁၅ ခုနှစ်တွင် အမေရိကန် သူဌေးကြီး၏ မျှော်လင့်ချက်ပြည့်ဝ အကောင်အထည်ပေါ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ နိုဝင်ဘာ ရွေးကောက်ပွဲများ ပြုလုပ်စဉ် အတွင်းတွင် အမေရိကန် ကျောထောက်နောက်ခံပေးထား သည်ဆိုသော NLD ပါတီသည် အမျိုးသားလွှတ်တော်နှစ်ခုလုံးတွင် လွှမ်းမိုးနိုင်လောက်သည့် အထိ မဲဆန္ဒ နယ် အများစုတွင် အနိုင်ရရှိခဲ့သည်။


NLD ပါတီအောင်ပွဲ မတိုင်မှီ နှစ်ဝက် နီးပါးကပင် မြန်မာနိုင်ငံတွင် သူ၏ ကြိုးစား အားထုတ်မှုမှာ ကာလရှည်ပုံအော ထားသည့် ရင်းနှီးမြှုပ်နံမှု့ တစ်ခုဖြစ်ကြောင်း ဂျော့ဆိုရော့စ် က ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
".. ဂျော့ဆိုရော့စ် ဟာ သူတို့ဖောက်သည် တစ်ဦးဦးကို မြန်မာပြည်မှာ အုပ်ချုပ်နိုင်အောင် ဖန်တီးတည်ဆောက်ရေး အတွက် ငွေကြေး-နိုင်ငံရေး အရ အမေရိကန် အခြေစိုက် ကြိုးစားနေသူ အများအပြားထဲက တစ်ဦးသာဖြစ်ပါ တယ်.. “ ဟု ကာတက်လူစီ က ဆိုသည်။


ဂျော့ဆိုရော့စ် ၏ မြန်မာ့ အရေးတော်ပုံနှင့်ပတ်သက်၍ ကာတက်လူစီ က မှတ်ချက်ပေးရာတွင် ".. သူဟာ သူလုပ်နေတဲ့ အလုပ်ရဲ့ အကျိုးစီးပွားဖြစ်ထွန်းမှု့နဲ့ အတူ သူ့ရဲ့ အာဏာ၊ ချမ်းသာကြွယ်ဝမှုနဲ့ သြဇာ လွှမ်းမိုးနိုင် စွမ်းတွေ တိုးမြှင့်လာစေရေး ရှာကြံနေသူတစ်ဦးဖြစ်ပါတယ်။ 


ဒီ ၃ မျိုး ကို ရဖို့ နိုင်ငံ အစိုးရတွေရဲ့ အခြေခံ အဖွဲ့အစည်းများ၊ သဘာဝ သယံဇာတများ၊ စက်မု့ လုပ်ငန်းများ၊ လူအများအပြား အပေါ်သြဇာ လွှမ်းမိုးစေခြင်းနဲ့ လိုအပ်သလို အားလုံး ကို ကိုင်တွယ် အသုံးပြုနိုင်ပါတယ် .. “ ဟု ပြောဆိုသည် ။

“ မြန်မာနိုင်ငံမှာ ဆိုရော့စ် လုပ်ကိုင်နေတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖောင်ဒေးရှင်း Open Society Foundation ဆိုတာ ကျယ်ပြန့် လှတဲ့ လုပ်ငန်း အသေးအမွှား ကွန်ယက်တွေ အများကြီးထဲက အမေရိ 

ကန်နိုင်ငံခြားရေးဌာန ရဲ့ NED နဲ့ အတူ ချွင်းချက် မရှိ အာမခံပေးပြီး သူဦးဆောင် လုပ်ကိုင်နေတာ ဖြစ် တယ် .. “ ဟု ပထဝီနိုင်ငံရေး သုတေသီက ဖွင့်ချလိုက်သည်။


မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် မူဝါဒ အရင်းအမြစ် ဆိုသည်မှာ

အန်တိုနီ ကာတက်လူစီ ၏ အဆိုအရ အမေရိကန် ၏ ရေရှည် စီမံကိန်း အကြောင်းရင်းမှာ တရုတ်နိုင်ငံ ၏ ရုတ်တရက် ပေါ်ထွက်လာသော ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးရေး ကစားကွက်တွင် ယှဉ်ပြိုင်ပါဝင်ရန် ဖြစ်သည်။


ပင်တာဂွန် ၏ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက စာတမ်းများမှ မကြာသေးမှီက ဆန်းစစ် ခဲ့သည့် စာတမ်းများအထိ အမေရိကန် မူဝါဒဆိုင်ရာ ထုတ်ပြန်ချက်များတွင် အမေရိကန် အစိုးရ အနေဖြင့် အာရှ ကို မဏ္ဍိုင်ပြု 

ရန်နှင့် တရုတ်နိုင်ငံ၏ စည်းဝိုင်း ကျယ်ပြန့်ထွန်းပေါ်လာခြင်း၌ အာရုံစိုက်ရန် မီးမောင်း ထိုးပြထားသည်ဟုဆိုပါသည်။

“ အစိုးရ၊ အခြေခံပင်မ အဖွဲ့အစည်းများနဲ့ မြန်မာ့ စီးပွားရေးကို ထိန်းချုပ်ထားနိုင်ပြီ ဆိုရင် အမေရိကန် အနေဖြင့် တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေး အလားအလာနဲ့ အာရှပစိဖိတ် ဒေသအတွင်း အမေရိကန် ရဲ့ ဦးဆောင်လွှမ်းမိုးခြင်း အနေအထားကို ခြိမ်းခြောက် လာနိုင်တဲ့ မည်သည့်နိုင်ငံရေး ယှဉ်ပြိုင်ဖက် မဆို ဖယ် ရှားနိုင်မှာ ဖြစ်ပါတယ် " ဟု ကာတက်လူစီ က ရှင်းပြသည်။


ယခုဖြစ်ပွားနေသော ယိုလိမ်ညာ အကြပ်အတည်းအား ရည်ညွှန်းလျှက် "အခြေခံ အားဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ တရုတ် မဟာဗျူဟာမြောက် ဆိပ်ကမ်းကနေပြီး တရုပ်ရေနံပိုက်လိုင်းများ အပါအဝင် အခြေခံ အဆောက် အအုံစီမံကိန်းများ အထိ ဆန့်ထုတ်သွားနိုင်သည့် ထူးခြားချက် အပေါ် စာရေးသူက အလေးအနက်ထောက်ပြထားသည်။





မြန်မာနိုင်ငံတွင် အမေရိကန် တည်ရှိနေခြင်းကို ပိုမိုမြှင့်တင်ရန် အတွက် ယိုလိမ်ညာ ပဋိပက္ခ


ယိုလိမ်ညာ မွတ်စလင် လူနည်းစုတို့အပေါ် ဖိနှိပ်မှုအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်အား အနောက်တိုင်းမှ မကြေမနပ်မှု အသံဗလံများ ထွက်ပေါ်နေခြင်း အတွက်မူ " ဒီလို ဝေဖန်မှု အများစုဟာ ရုံသွင်း ပြဇာတ် ကနေကြတာပါ .." လို့ သုတေသီ အန်တိုနီ ကာတက်လူစီ က ယုံကြည်သည်။




Credit: Htay Oung & ချောထက် မြတ်

( နိုဝင်ဘာ ၁၁၊ ၂၀၁၇ Sputnik မီဒီယာတွင် ဖော်ပြထားသော ပထ၀ီနိုင်ငံရေး လေ့လာသူ Ekaterina Blinova ၏ Soros, NED, USAID Ruining Myanmar's Stability to Hinder China's Rise သတင်းစာ ခေါင်းကြီးပိုင်းကို Htay Oung နှင့် ချောထက်မြတ် တို့က ဆီလျှော်အောင် မြန်မာဘာသာပြန်ဆိုပါသည်။
 ဖော်ပြချက် အားလုံးမှာ မူရင်း စာရေးသူ၏ အာဘော် အတိုင်းသာဖြစ်သည် ။ )


https://l.facebook.com/l.php?u=https%3A%2F%2Fsputniknews.com%2Fanalysis%2F201711111059013479-soros-myanmar-china-rohingya%2F&h=ATNAiAcDH4ZpIpVMbr4SvwmvEYPAUnx7jezoctaTnsQ3X-Luc_GoWcftSmM9mWDsgJnyqm5MTt-jWsiOCD0TJhREoFHI895KZPWxchmYtEe1E5IxYPvdxMRmQqIC8S7v8G5zRXxEWozpHiG8UTbLt5gBVcVIz1JIIHaR6VU3ck3SC5TAMN5MGE8gOBpeHWmcFfebXNrEMo-CDgS_g_6ghUF-v-34ndqWzOEss9NaZc2mCCJpSUVSloxq_oo6mDFw_AlDe-fVldCOWQ4aD7Jo6PXFujuFA2CxwpogtsE5q4u-FFU


Source



No comments:

Post a Comment