08 November 2017

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ်




သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီး သနပ်ခါး တုံးသွေးထည့်လိုက်တာပဲ အဲသလိုလုပ်လို့မရပါဘူး ။

ကျောက်သား အစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကို ပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အသုံးမပြု့ခင်မှာ ဝယ်လာတဲ့ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါ ။

နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ+ဆားနဲ့ ကိုသွေးပြီး တစ်နေကုန်နေလှမ်းထားရပါတယ် ။ ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ် ။

ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့ ။

မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခု လုပ်တာနဲ့ အတူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ် ချသွေးရတာမဟုတ်ပဲ မိမိခါးအလည်လောက် အမြင့်ရှိတဲ့နေရာမှာ ထားပြီး သွေးရမယ်တဲ့ သနပ်ခါး ကို အားစိုက်သွေးနေရတော့ လေ့ကျင့်ခန်းလုပ်နေတယ်လို့ မထင်ရပေမဲ့နှစ်နဲ့ ချီပြီးနေ့စဉ်သွေးနေရတော့ လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ် ။

ပျော့ပြီး ရွဲကျခြင်းမျိုး မဖြစ်ဘူးတဲ့ ဘယ်ညာတော့ လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲ အတူတူပဲတဲ့
ခေါင်းလေ့ကျင့်ခန်း ကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ့ အမေ (အဖွား)ပြောပြတာလို့ပြောတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin




No comments:

Post a Comment