17 September 2016

အိမ်သာက ထွက်ရင် လက်ကို ဘယ်လောက်ကြာအောင် ဆေးသင့်လဲ



အပေါ့ဘဲ သွားသွား၊ အလေးပဲ သွားသွား အိမ်သာက ထွက်တိုင်း လက်ဆေးသင့်ပါတယ်။ စစ်တမ်းတွေ အရ လူ တစ်ထောင်ကျော်မှာ ၁၀ ရာခိုင်နှုန်းဟာ အပေါ့အပါး သွားပြီး လက်မဆေးပါဘူး။ ၃၃ ရာခိုင်နှုန်း က လက်ဆေးပေမဲ့ ဆပ်ပြာ မသုံးပါဘူး။ ဒီလို သေချာ မဆေးတာဟာ အနာရောဂါ နဲ့ ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။

တစ်ကယ်လို့ လက်ဆေးမယ် ဆိုရင် သေချာဆေးသင့်ပါတယ်။ ကျွမ်းကျင်သူတွေ ရဲ့ ပြောကြားချက် အရ လူတစ်ဦးဟာ အိမ်သာက ထွက်တိုင်း လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးသင့်တာဖြစ်ပါတယ်။
 ဆေးတဲ့ အခါမှာလည်း ဆပ်ပြာကို သုံးသင့်ပြီး သေချာစွာ ပွတ်တိုက်ဆေးသင့်တယ် လို့ ပြောကြားထား ပါတယ်။



၃၃ ရာခိုင်နှုန်း က လက်ဆေးပေမဲ့ ဆပ်ပြာမသုံးပါဘူး။


Photos & Source: Health Digest, www.cdc.gov
http://www.duwun.com.mm/lifestyle/-id4823319.html

No comments:

Post a Comment